တပ်မှူး
Vol. 18 Ch. 251
အနီရောင်ဆံပင်နှင့်လူသည် အန်လင်း၏ အရှက်မဲ့သောစကားကို ကြားသောအခါ အံ့အားသင့်သွားသည်။
“ မင်းက သောက်ကြောက်ကောင်ပဲ "
ဆံပင်နီနှင့်လူသည် အန်လင်းအား အမှန်တကယ် ရိုက်နှက်ချင်စိတ်များ ပေါ်လာသည်။
“ဂမ်ဒမ် ၁ နဲ့ ၂ ... တိုက်...” အန်လင်းအမိန့်ပေးလိုက်သည်။
အမိန့်သံကိုကြားလျှင် ဂမ်ဒမ် ၁ နှင့် ၂သည် အနီရောင်ဆံပင်နှင့်လူထံ ခုန်ဝင်သွားသည်။ အနီရောင်ဆံပင်နှင့် လူသည် ခြေကန်ချက်ထုတ်လိုက်ပြီးရာပေါင်းများစွာသောမီးနဂါးများကိုလေထဲ ဖြစ်ပေါ်လာသည်။ ရူးသွပ်ဖွယ် ကောင်းအောင် ပူပြင်းသော မီးတောက်များ ဂမ်ဒမ် ၁ နှင့် ၂ ထံ ကျရောက်လာခဲ့သည်။
ဂမ်ဒမ် ၁ နှင့် ၂ သည် ငွေရောင်အလန်းတန်းများသဖွယ် အလွန်မြန်ဆန်စွာဖြင့် မီးတောက်နဂါးများ၏ တိုက်ခိုက်မှုများကို ရှောင်ရှားလိုက်သည်။
ဂမ်ဒမ် တစ်ကောင်သည် ဆံပင်နီနှင့်လူနားရောက်ရှိသွားပြီး ခရမ်းရောင်အလင်းလုံးဖြင့်ထိုလူ၏ ခန္ဓာကိုယ် အား ပစ်လိုက်သည်။ ထိုအလင်းလုံးအတွင်းမှ အားကောင်းသောဆွဲငင်အားများကို ထုတ်လွှင့်လိုက်သည်။
ဘုန်း!
မြေပြင်သည် ချက်ချင်းပိန့်ရှုံ့သွားခဲ့သည်။ ဆံပင်အနီနှင့်လူထံသို့ လွှမ်းမိုးနိုင်သောစွမ်းအားတစ်ခု ကျဆင်းသွားပြီး ဧရာမတောင်တစ်လုံး၏ တိုက်ခိုက်ဖိနှိပ်ခြင်းကို ခံနေရသကဲ့သို့ခံစားလိုက်ရသည်။
"ဒါက ... မြေဆွဲအားစက်ကွင်း.." ထိုလူ၏ခံစားချက်များ ရုတ်တရက်ပြောင်းလဲသွားသည်။
သူ့စိတ်များ အနည်းငယ် ရှုပ်ထွေးသွားချိန်တွင် ကျန်နေသော ဂမ်ဒမ် တစ်ကောင်မှ သူ၏မျက်နှာသို့ ၎င်း၏ အလင်းဓားဖြင့် ခုတ်ချလိုက်သည်။
ဆံပင်အနီရောင်နှင့်လူသည် ဒေါသတကြီးအော်ဟစ်လိုက်ပြီးနောက် သူ့ပတ်ဝန်းကျင်မှ စွမ်းအားများသည် ပိုမို ကျယ်ပြန့်လာသည်။ သူ့ပတ်၀န်းကျင်ရှိ အနီရောင်မီးတောက်များသည် ပြင်းထန်သောလှိုင်းများကဲ့သို့ ရိုက်ခတ်နေပြီး သူ၏ ကိုယ်ခန္ဓာ၀န်းကျင်တွင် ဝန်းရံနေကြပြီး မီးလျှံအကာအကွယ်သံချပ်ကာနှင့် ဘီလူးကြီး တစ်ကောင် ပုံစံဖြစ်ပေါ်လာသည်။
ထိုမီးလျှံအကာကွယ်သံချပ်ကာသည် အလွန်အမင်းသိပ်သည်းလှပြီး တကယ့်အရာဝတ္တု သံချပ်ကာကဲ့သို့ ဖြစ်နေ သည်။ ထိုဘီလူးကြီးသည် ဂမ်ဒမ်၏ အလင်းဓားကို မရှောင်တိမ်းဘဲ လက်သီးဖြင့် ပြန်လည်ထိုးလိုက်သည်။
ဘုန်း...
လက်သီးနှင့် အလင်းရဓား ထိပ်တိုက်တွေ့ဆုံသောအခါ မီးလျှံများပေါက်ကွဲထွက်လာသည်။ မီးလျှံသံချပ်ကာ ဘီလူးကြီး၏ လက်သီးကြောင်း ဂမ်ဒမ် ၏ဓါးချက်သည် အမှုန်အမွှားများအသွင်ပြိုပျက်သွားခဲ့သော်လည်း ပြင်းထန်သော မီးတောက်များပေါက်ကွဲခြင်းကြောင့် ဘီလူးကြီးလည်း ဖရိုဖရဲဖြင့် နောက်သို့ဆုတ်သွားရသည်။
“အဲဒီဓါးကို ဘာနဲ့များလုပ်ထားတာလဲ အဲဒါက ငါ့ရဲ့စွမ်းအားနဲ့ ဖွဲ့စည်းထားတဲ့သံချပ်ကာကိုတောင် ဖြတ်တောက် နိုင်စွမ်း ရှိတယ်လား”
ဆံပင်အနီနှင့်လူသည် ထိုငွေရောင်စက်ရုပ်နှစ်ရုပ်၏ စွမ်းအားများကြောင့်အလွန်အံ့အားသင့်သွားသည်။ ရှောင်ချိုးသည် ဆံပင်အနီရောင်နှင့်လူ ဂမ်ဒမ်ကြောင့် နောက်ဆုတ်သွားရသည်ကို အခွင့်ကောင်းယူလိုက်ပြီး လျင်မြန်စွာဖြင့် ထိုလူ၏ဘေးသို့ ကပ်သွားလိုက်သည်။
“အချိန်ကျပြီ” အန်လင်းကျယ်လောင်စွာအော်လိုက်သည်။
“သူ့ရဲ့ဒူးနေရာကိုတိုက်” အန်လင်းသည် နတ်ဘုရားစစ်ဆေးခြင်းနည်းစနစ်ကိုစတင်အသက်သွင်းလိုက်သည်။
ရှောင်ချိုးသည် သူ့ရဲ့အစွမ်းကို အားကုန်ထုတ်သုံးပြီး မီးတောက်သံချပ်ကာဘီလူး၏ ဒူးခေါင်းကို ငွေတုတ်တံဖြင့် အသားကုန်လွဲရိုက်လိုက်သည်။ ငွေတုတ်၏ ဖိနှိပ်နိုင်သောစွမ်းအားများသည် မီးတောက်သံချပ်ကာဘီလူးထံသို့ ကြမ်းတမ်းပြင်းထန်စွာကျရောက်သွားပြီး ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာကာ ပတ်ဝန်းကျင်၏လေထုများတွင် လှိုင်းထန်သွားစေခဲ့သည်။
ခရက်...
မီးတောက်သံချပ်ကာဘီလူး၏ ဒူးခေါင်းကိုဖုံးအုပ်ထားသော သံချပ်ကာ ပျက်စီးသွားပြီး ဘီလူးကြီးသည် ဟန်ချက်ပျက်သွားကာ ဘေးသို့ လဲကျသွားသည်။
ထိုအရာကိုမြင်သောအခါ အနီရောင်ဆံပင်လူ၏ နှလုံးသားသည် အေးစက်တုန်လှုပ်သွားသည်။ သူသည် ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့်တောင်မရောက်ရှိသေးသော ရှောင်ချိုးနှင့် တပိုင်တို့အား အာရုံများစွာမရှိခဲ့ပေ။ ထို့ကြောင့်ပင် ရှောင်ချိုး တိုက်ခိုက်ရန်အခွင့်အရေးရသွားခြင်းဖြစ်သည်။
သို့သော်သူသည် ရှောင်ချိုး၏ တိုက်ခိုက်မှုသည် အံ့အားသင့်ဖွယ်ကောင်းစွာဖြင့် မီးတောက်သံချပ်ကာဘီလူး၏ အရေးပါသောနေရာတွင် ဒဏ်ရာ ရသွားစေလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ချေ။
မဖြစ်နိုင်ဘူး...မီးတောက်သံချပ်ကာဘီလူးရဲ့ အားနည်းချက်တွေကို သူဘယ်လိုလုပ်ပြီးသိနိုင်မှာလဲ... တိုက်ဆိုင် သွားတာနေမှာပါ....
သူ့စိတ်ထဲတွင် တီးတိုးရေရွတ်နေချိန်တွင် အဖြူရောင်မြူခိုးများသည် နန်းတော်တစ်ခုလုံးကို ရုတ်တရက် ဖုံးအုပ်သွားသည်။
“ဝံပုလွေပြာတိမ်တိုက်များ...” တပိုင်သည် အမြင်ပိတ်ဆို့ခြင်း အင်မော်တယ်မန္တာန်အားရွတ်ဆိုလိုက်သည်။
ဆံပင်အနီရောင်နှင့်လူ၏ မီးလျှံသံချပ်ကာဘီလူးကြီး ပြိုကျသောအခါ ဆွဲငင်အားစက်ကွင်းသည် ရုတ်တရက် ပို၍ ဖိအားများလာသည်။
ယခင်က ထိုဆွဲငင်အားစက်ကွင်းသည် သူ၏တိုက်ခိုက်နိုင်စွမ်းကိုသာ အဆီးအတားဖြစ်စေခဲ့သော်လည်း ယခုမူကား သူ့ခန္ဓာကိုယ်ပေါ်တွင် ကျောက်သားအင်္ကျီဝတ်ဆင်ထားရသလိုလေးလံလှပြီး မလှုပ်ရှားနိုင်တော့ဘဲ ကိုယ်ခန္ဓာအလေးချိန်အား မထိန်းသိမ်းနိုင်ဖြစ်သွားသည်။
“မဖြစ်နိုင်ဘူး” အနီရောင်ဆံပင်နှင့်လူသည်ထိတ်လန့်တုန်လှုပ်စွာအော်ငိုမိမတတ်ဖြစ်သွားသည်။
“ဘာလို့ စွမ်းအင်တွေ အဲလောက်အများကြီး ကျန်နေသေးတာလဲ”
ထိုစက်ရုပ်များ၏ စွမ်းအားသည် သူမျှော်လင့်ထားသည်ထက် များစွာသာလွန်နေသောကြောင့် သံချပ်ကာ ဘီလူးကြီး၏ လက်တစ်ဖက်ကို ပြတ်ပြတ်သားသား ဖြတ်ပစ်လိုက်ပြီး ဧရာမမီးလျှံဓါးကြီးအဖြစ် ပြောင်းလဲပစ် လိုက်သည်။ ဆံပင်နီနှင့်လူသည်ရယ်မောလိုက်ပြီး ထိုဓားကို မြေဆွဲအားစက်ကွင်းကို ထိန်းချုပ်သော ဂမ်ဒမ် ဆီသို့ ဦးတည်တိုက်ခိုက်လိုက်သည်။
သူ၏အမြင်အာရုံများ တားဆီးခံထားရသော်လည်း သူ၏ နတ်ဘုရားအာရုံကို အသုံးပြုပြီး ရန်သူတည်နေရာကို ရှာတွေ့နိုင်ဆဲဖြစ်သည်။
သူ၏ဧရာမမီးတောက်ဓားသည် မယုံနိုင်လောက်သောအမြန်နှုန်းဖြင့် လေထဲတွင်ပျံသန်းသွားပြီး မြေဆွဲအား စက်ကွင်းကို ထိန်းချုပ်နေသော ဂမ်ဒမ် ဆီသို့ လွှဲချော်ခြင်းမရှိဘဲ ထိုးဖေါက်သွားသည်။ ထိုမမျှော်လင့်သော တိုက်ခိုက်မှုကြောင့် ဂမ်ဒမ် အား ပေပေါင်းထောင်ချီ နောက်သို့လွှင့်ထွက်သွားစေပြီး အဝါရောင်နန်းတော် အနီးသို့ပင် ရောက်ရှိသွားစေသည်။
ထိုသို့ ပျံထွက်သွားအောင် တိုက်ခိုက်လိုက်သည့်အချိန်မှာပင် အလင်းဓါးကိုင်ထားသော ဂမ်ဒမ် သည် ထိခိုက်ထားခြင်း မရှိသော သံချပ်ကာဘီလူး၏ ဒူးအကောင်းအား ထိုးနှက်တိုက်ခိုက်လိုက်သည်။
ဘုန်း!
နားကွဲမတတ်ဆူညံသော ပေါက်ကွဲမှုတစ်ခုဖြစ်သွားပြီး သံချပ်ကာဘီလူး၏ဒူးသည် ပြိုကွဲသွားပြီးနောက် ကြမ်းပြင်ပေါ် ဒူးထောက်လျက်လဲကျသွားသည်။ သံချပ်ကာဘီလူးအတွင်းရှိ ဆံပင်အနီရောင်နှင့်လူသည် သူ၏စွမ်းအားများမှ တန်ပြန်မှုခံလိုက်ရပြီး သူ၏ခန္ဓာကိုယ်သည် အပြင်းအထန်ယိမ်းယိုင်သွားကာ သွေးတစ်လုပ် အန်ထုတ်လိုက်သည်။
ထိုအချိန်တွင် ရှောင်ချိုး၏ ငွေသံတုတ်သည် မီးတောက်သံချပ်ကာဘီလူး၏ ဦးခေါင်းကို ပြင်းထန်စွာရိုက်ချ လိုက်သည်။ ထိုနေရာသည် အန်လင်းမှ သူ၏နတ်ဘုရားစစ်ဆေးခြင်းနည်းစနစ်ကို အသုံးပြု၍ တွေ့ရှိခဲ့သော အားနည်းချက်တစ်ခုဖြစ်သည်။ ငွေသံတုတ်နှင့် သံချပ်ကာဘီလူး၏ ခေါင်းအားရိုက်ချလိုက်သောအခါမှသာ ဆံပင်အနီရောင်နှင့်လူ၏စွမ်းအားဖြင့်ဖွဲ့စည်းထားသော သံချပ်ကာဘီလူးသည် လုံးဝပြိုလဲသွားလိမ့်မည်ဖြစ်သည်။
"ငါဟာ တကယ်ကို မော်ကြွားခဲ့မိတာပဲ ဝိညာဉ်ဖွဲ့စည်းခြင်းတစ်ပိုင်းအဆင့်ပဲရှိသေးတဲ့ မျောက်တစ်ကောင်ရဲ့ အနိုင်ကျင့်ခြင်းစော်ကားတာကိုကိုခံရတာပေါ့”
အနီရောင်ဆံပင်နှင့်လူသူ၏မျက်နှာပေါ်တွင်ပြင်းထန်သောခံစားချက်များဖြစ်ပေါ်နေပြီး သူ၏မျက်လုံးထဲတွင် မီးတောက်များတုန်ခါနေကြသည်။ ထိုအချိန်တွင် သူသည် သူ၏သံချပ်ကာအကာအကွယ်ကို ကိုယ်တိုင် ဖျက်ဆီးရန် ရွေးချယ်လိုက်သည်။
“ဘုန်း”
မီးတောက်သံချပ်ကာများ ပေါက်ကွဲထွက်သွားပြီး မီးတောက်များအဖြစ်ပြောင်းလဲသွားကာ ပတ်ဝန်းကျင်တွင် ပေါက်ကွဲတောက်လောင်သွားသည်။ ထိုအရာသည် ဝိညာဉ်ဖွဲ့စည်းခြင်းနောက်ဆုံးအဆင့် ကျင့်ကြံသူ၏ စွမ်းအားအပြည့်ဖြင့် တိုက်ခိုက်ခြင်းပင် ဖြစ်သည်။ မီးများ တောက်လောင်နေသည့်အတွင်း၌ ပါရှိနေသည့် စွမ်းအားများသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။
ထိုမီးလျှံများသည် မြေပြင်တစ်ခုလုံးနှင့် နန်းတော်ကိုပါဝါးမျိုသွားလေသည်။ ထိုမီးများသည် မျောလွှင့် ကျောက်ဆောင်တစ်ခုလုံးကို မီးလောင်ပြင်အဖြစ်ပြောင်းလဲသွားစေခဲ့သည်။
ရှောင်ချိုးသည် မီးတောက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာအပြင်းအထန်ရသွားခဲ့သည်။ အဝေးမှရပ်နေသော အန်လင်း နှင့် စုရှောင်လန်တို့ပင် ပြင်းထန်သောမီးမုန်တိုင်းကြောင့် လဲကျသွားကြသည်။ သူတို့သည် လေထဲတွင် အတော် ကြာသည်အထိ ဝဲပျံသွားကြပြီးမှ မြေကြီးပေါ်သို့ ပြုတ်ကျလာကြသည်။
ဆံပင်အနီရောင်နှင့်လူသည် မီးပင်လယ်ထဲမှထွက်လာပြီး အန်လင်းဆီသို့ ဖြည်းညင်းစွာလျှောက်လာခဲ့သည်။ သူ၏နှုတ်ခမ်းထောင့်မှ သွေးများစီးဆင်းနေသော်လည်း သူ၏ခြေလှမ်းများသည် အလွန်တည်ငြိမ်နေဆဲဖြစ်သည်။ သူ၏ပြင်းထန်သောဒေါသကြောင့် နတ်ဆိုးဘုရင်တစ်ပါးသဖွယ်ဖြစ်နေပြီး သူ၏မျက်နှာပေါ်တွင် သွေးဆာသည့်ပုံ ပေါ်နေသည်။
"အရမ်းကောင်းတယ် မင်းက ငါ့စွမ်းအားတွေကို အစွမ်းကုန်ထုတ်ပြရအောင်လုပ်နိုင်ခဲ့တယ်”
“ဒါပေမယ့်မင်းရဲ့အစစ်အမှန်စွမ်းအားကအရမ်းအားနည်းလွန်းတယ် မင်းကငါနဲ့ မျက်နှာချင်းဆိုင် မတိုက်ခိုက်ရဲဘဲ သတ္တိနည်းလွန်းတယ် ဒီစက်ရုပ်နှစ်ရုပ်သာ မရှိရင် မင်းကိုအခါတစ်ရာရောက် ရိုက်ပြီးလောက်ပြီ”
အနီရောင်ဆံပင်နှင့် လူသည်အလင်းရှေ့သို့ရောက်လာသည်။ သူ၏ခန္ဓာကိုယ်ပတ်၀န်းကျင်တွင် အနီရောင် မီးတောက် များ ဝန်းရံကခုန်နေပြီး သွေးဆာြခင်းနှင့်ကြမ်းကြုတ်သောအော်ရာများထွက်ပေါ်နေသည်။
“မင်းတိုက်ခိုက်ဖို့ ရွေးချယ်လိုက်ပြီဆိုရင် ရှုံးနိမ့်ခြင်းရဲ့ရလဒ်က မင်းရဲ့အသက်ပဲ ဆိုတာမင်းသိထားသင့်တယ်”
လဲကျနေသောအန်လင်းကိုကြည့်ပြီး ဆံပင်အနီရောင်နှင့်လူ၏ လက်ချောင်းများသည် ဓားပုံစံပြောင်းသွားပြီး သူ၏နှလုံးသားကို ထိုးဖောက်သည်။
"အခုတော့မင်းရဲ့အသက်ကိုယူဖို့အချိန်ကျပြီ"
အဖြူရောင်လေဆာရောင်ခြည်တစ်ခု အဝေးမှ ထွက်ပေါ်လာသည်။
ဘုန်း...
ထိုရောင်ခြည်တန်းသည် ဆံပင်အနီနှင့်လူ၏ ရင်ဘတ်အားထိမှန်သွားပြီး နောက်ပြန်လွင့်ထွက်သွားစေသည်။
ဖူးးး
သူ၏ရင်ဘတ်တွင် လေဆာရောင်ခြည်ကြောင့် ပြင်းထန်စွာဒဏ်ရာရသွားပြီး သွေးတစ်လုပ်အန်ထုတ်လိုက်သည်။
နောက်ထပ် ဂမ်ဒမ် တစ်ရုပ်၏ ခရမ်းရင့်ရောင်နဂါးမီးတောက်သည် သူ၏နောက်မှ တကိုယ်လုံးကို ဖုံးအုပ် ထားလိုက်ပြီး ချက်ချင်းပင် တိုက်ခိုက်လိုက်သည်။ ဆံပင်အနီရောင်နှင့်လူသည် ပြင်းစွာသော ဝေဒနာကြောင့် ညည်းညူလိုက်သည်။ သူသည် ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်ဖြစ်သော်လည်း သူ့ကိုယ်သူ ဖိအားပေးလွန်းခြင်းနှင့် စွမ်းအင်အလွန်အကျွံသုံးစွဲခဲ့ခြင်းတို့ကြောင့် သူ၏ အကာအကွယ်စွမ်းအင်သည် အလွန်အားနည်းနေခြင်းဖြစ်သဖြင့် ခရမ်းရင့်ရောင်နဂါးမီးတောက်များသည် သူ့အားအလွန်အမင်းထိခိုက်စေလေသည်။
အန်လင်းသည် ထိုအခြေအနေအတွက် ပြင်ဆင်ထားပုံရသည်။ သူ့မျက်လုံးများသည် အဖြူရောင်များ ဖြစ်သွားပြီး နောက်ကျောတွင် အတောင်တစ်စုံ ထွက်ပေါ်လာပြီး မျက်လုံးဖြင့်မမြင်နိုင်သောအမြန်နှုန်းဖြင့် အနီရောင် ဆံပင်နှင့်လူ၏ ရှေ့သို့ရောက်သွားသည်။
အရမ်းမြန်တယ်
အနီရောင်ဆံပင်နှင့်လူသည် အံ့ဩစွာမှတ်ချက်ချလိုက်သည်။ သူ၏ခန္ဓာကိုယ်သည် သေလုမျောပါးဖြစ်နေ သော်လည်း သူ၏တုံ့ပြန်မှုသည် အလွန်အမင်းမြန်ဆန်လွန်းလှပြီးနီးကပ်လာနေသော အန်လင်းအား လက်သီးဖြင့် ထိုးလိုက်သည်။
သို့သော်အန်လင်းသည် ပို၍မြန်ဆန်စွာဖြင့် အနီရောင်ဆံပင်နှင့်လူ၏လက်သီးချက်ကို ခေါင်းငဲ့ကာ ရှောင်လိုက် သည်။ လေ၏အလျင်ဖြင့် မိစ္ဆာရှင်းဓါးကို ဆွဲထုတ်လိုက်ပြီး ဆံပင်အနီနှင့်လူအား ထိုးချလိုက်သည်။ ထိုဓါးချက်သည် သူ၏နှလုံးသား ၊ သူ၏ခေါင်းထံသို့ထိုးနှက်ခဲ့ခြင်းမဟုတ်ဘဲ ထိုလူ၏ချက်အောက်သို့ ထိုးသွင်း လိုက်ခြင်း ဖြစ်သည်။
ထိုနောက်ဆုံးအချိန်တွင်မှ အနီရောင်ဆံပင်နှင့်လူသည် မိမိ၏ရန်သူကို လျှော့တွက်ထားမိကြောင်း သိလိုက်ရ သည်။ သူ၏ရှေ့မှရန်သူ ချက်ချင်းထုတ်ပြလိုက်သော စွမ်းရည်သည် သူမျှော်လင့်ထားသည်ထက် များစွာ သာလွန်နေသည်။ ထိုထက်ပို၍ ကြောက်မက်ဖွယ်ကောင်းသောအရာမှာ အန်လင်းသည် သူ၏ အားနည်းချက် များကို ရှင်းရှင်းလင်းလင်းသိနေခြင်းပင်ဖြစ်သည်။
အနက်ရောင်ဓားသည် အနီရောင်ဆံပင်နှင့်လူ၏ ချက်အား ထိုးဖေါက်ဝင်ရောက်သွားသည်။ ဆံပင်အနီရောင်နှင့် လူသည် ခြေချုပ်မိထားသည့်အလား လုံးဝမလှုပ်ရှားနိုင်တော့ဘဲ သူ၏ခန္ဓာကိုယ်မှအဖြူရောင်မီးခိုးများ ထွက်ပေါ် လာပြီး ဖြေးညင်းစွာပြောလိုက်သည်။
“ငါမင်းကို လျှော့တွက်ခဲ့မိတယ်”
အန်လင်းပြုံးလိုက်ပြီး သူ့ဆံပင်များကို သပ်ကာပြောလိုက်သည်။
"မှတ်ထား... မင်းတိုက်နေတဲ့အချိန်မှာ စကားအများကြီးမပြောသင့်ဘူး မင်းကြွားချင်တယ်ဆိုရင် အနိုင်ရမှ ကြွားသင့်တယ်”
အနီရောင်ဆံပင်နှင့်လူ၏မျက်နှာသည်ညှိုးနွမ်းသွားသည်။
ငါတိုက်နေတုန်းက ကြွားတယ်ပဲထား မင်းကမြေကြီးပေါ်မှာဘာလုပ်နေခဲ့တာလဲ...
“မင်းကတကယ်တော့သေသွားတာကြာပြီမလား” အန်လင်းရုတ်တရက်ပြောလိုက်သောစကားကြောင့်
အနီရောင်ဆံပင်နှင့်လူသည် အနည်းငယ်တုန်ခါသွားသည်။ သူသည် သူ့ရှေ့မှလူကိုကြည့်ကာ မည်သည့် စကားမျှမဆိုချေ။
“ငါ့ရဲ့အိတ်ကပ်ထဲက သားရဲက ဒီအကြောင်းကိုပြောတယ်” ဟုအန်လင်းကဆက်ပြောသည်။
“သူပြောတာကမင်းရဲ့ အသက်ဓါတ်အဆီအနှစ်ဟာ ပျောက်ကွယ်သွားခဲ့ပြီ မင်းကအသက်ရှင်ဖို့ မီးစိတ်ဝိညာဉ် ပုတီးစေ့ကို မှီခိုနေရတယ်ဆိုပဲ”
"မင်းရဲ့သားရဲကတော်တော်လေးအထင်ကြီးစရာကောင်းတာပဲ..."
အနီရောင်ဆံပင်နှင့်လူ၏ခန္ဓာကိုယ်သည်တဖြည်းဖြည်းအရည်ပျော်သွားပြီး ချော်ရည်အဖြစ်ပြောင်းလဲသွားကာ ကြမ်းပြင်ပေါ်သို့ ကျလာခဲ့သည်။
သူအရည်ပျော်နေပြီ ဖြစ်ကြောင်းသိရသောအခါအန်လင်း လျင်မြန်စွာ မေးလိုက်သည်။
“နောက်ထပ်သင်္ချိုင်းစောင့်သုံးယောက်လည်းမင်းလိုပဲလား”
"ဟမ့်... မင်းဟာမင်းဘာလို့ မခန့်မှန်းကြည့်တာလဲ"
အနီရောင်ဆံပင်နှင့်လူသည် ပို၍ပင်လျင်လျင်မြန်မြန် အရည်ပျော်သွားသော်လည်း သူ၏မျက်နှာပေါ်တွင် ကယ်တင်လိုက်နိုင်သည့်အပြုံးများ ရှိနေခဲ့သည်။
ခရက်….
သူ့ခန္ဓာကိုယ်တစ်ခုလုံးသည်ချော်ရည်အဖြစ်သို့ပြောင်းလဲသွားပြီးနန်းတော်ကြမ်းပြင်ပေါ်သို့ကျသွားသည်။
အန်လင်း-“…”
ဂမ်ဒမ် ၁ နဲ့ ၂ တို့ ပြန်ရောက်လာကြပြီး သူတို့၏စွမ်းအင်များစွာ ကုန်ဆုံးသွားသောကြောင့် အန်လင်းသည် ဝိညာဉ်ကျောက်တုံးများကို စုပ်ယူနိုင်ရန်သူ၏သိုလှောင်လက်စွပ်ထဲသို့ပြန်ထည့်လိုက်သည်။
တပိုင်နှင့်ရှောင်ချိုးတို့လည်း ပြန်ရောက်လာကြသည်။ သူတို့နှစ်ယောက်စလုံးဒဏ်ရာရနေခဲ့ကြပြီး ရှောင်ချိုး၏ ဒဏ်ရာမှာပိုမိုပြင်းထန်ကာ မီးတောက်များပေါက်ကွဲမှုကြောင့် သူ၏အမွေးလည်း အမည်းရောင်ဖြစ်နေသည်။
အန်လင်းသည် သွေးစိတ်ဝိညာဉ်ဆေးလုံးကို သူတို့နှစ်ယောက်စလုံးကို ပေးလိုက်သည်။ သူသည်လည်း စွမ်းအား များ ကုန်ဆုံးသွားခဲ့သဖြင့် ၀ိညာဉ်ဆေးပြားများဖြင့် ပြန်လည်အားဖြည့်လိုက်သည်။
ထိုပြင်းထန်သောတိုက်ပွဲအပြီးတွင် သူလိုချင်နေခဲ့သော ပစ္စည်းများကိုရရှိခဲ့သည်။ မီးစိတ်ဝိညာဉ်ပုတီးစေ့သည် လေထဲတွင်လည့်ပတ်ပျံသန်းနေပြီး ကတ္တီပါနီရောင်မီးတောက်များဖြင့် တောက်ပနေသည်။ စုရှောင်လန်သည် ပုတီးစေ့နားကပ်သွားလိုက်ပြီး လက်ထဲတွင်ကိုင်ကာ အတွင်းထဲတွင်စီးဆင်းသော အော်ရာကို အသေအချာ စုံစမ်းစစ်ဆေးလိုက်သည်။
"ဒါရဲ့မီးအဆီအနှစ်ကတော်တော်ကြွယ်ဝတာပဲ ငါ့ဂိုဏ်းရဲ့ နတ်ဘုရားပုတီးစေ့ နီးပါးကို စွမ်းအားတွေ ကြွယ်ဝ နေတာပဲ ဝိညာဉ်ဖွဲ့စည်းခြင်းနောက်ဆုံးအဆင့်ကျင့်ကြံသူရဲ့ စွမ်းအားအရင်းအမြစ်ဖြစ်လာတာ အံ့ဩစရာမဟုတ် တော့ဘူး နင်ဒါကို သုံးတဲ့အခါ သတိထား သေချာမထိန်းချုပ်နိုင်ရင် ပေါက်ကွဲလိမ့်မယ်”
"ပေါက်ကွဲမှာလား..."
သူမ မည်သည့်အရာမှမပြောခဲ့လျှင် ပို၍ကောင်းမည်ဖြစ်သည်။ ထိုအကြောင်းကို ကြားပြီးနောက် အန်လင်း ချက်ချင်းထိတ်လန့်သွားသည်။
အန်လင်းသည် မီးစိတ်ဝိညာဉ်ပုတီးစေ့ကိုဆုပ်ကိုင်ထားကာ စိုးရိမ်တကြီးပြောလိုက်သည်။
“ဒါဆို ငါနဲ့ဝေးဝေးနေဦး.. ပြီးတော့ နင် အနာရောဂါငြိမ်းအေးခြင်းဆေးလုံးကိုလဲ တစ်ခါတည်းပြင်ဆင်ထား ... "
“ဘာလုပ်မလို့လဲ” စုရှောင်လန်သည် အနည်းငယ်စိတ်မသက်မသာခံစားရသည်။
“မီးစိတ်ဝိညာဉ်ပုတီးစေ့ထဲက မီးစွမ်းအင်အဆီအနှစ်အားလုံးကိုစုပ်ယူမလို့” ဟုအန်လင်းက လေးနက်စွာ ပြောသည်။
စုရှောင်လန်၏ လှပသော မျက်ဝန်းများ ပြူးကျယ်သွားသည်။ "ဒီလိုကြီး စုပ်ယူမလို့လား"
အန်လင်းခေါင်းညိတ်လိုက်သည်။ "ဘာမှားနေလို့လဲ"
စုရှောင်လန် မျက်မှောင်ကြုတ်ကာပြောလိုက်သည်။ "ငါနင့်ကိုပြောလိုက်မယ် နင်ကမီးနဲ့ကစားချင်နေတာပဲ မင်းသေသွားလိမ့်မယ် နင့်အတွက် အခေါင်းတစ်လုံး လောက် ပြင်ဆင်ပေးထားတာကပိုပြီးလက်တွေ့ကျမယ်လို့ငါထင်တယ်။ "
***