ငါတိုက်ချင်တယ်…
Vol. 18 Ch. 252
"အဲလောက်တောင် ကြောက်စရာကောင်းလား" စုရှောင်လန်ကိုကြည့်နေသော အန်လင်း၏ မျက်လုံးများ ပြူးထွက်လာသည်။
စုရှောင်လန်ကလေးနက်စွာခေါင်းညိတ်လိုက်သည်။ "နင်ဒီတိုင်း စုပ်ယူမယ်ဆိုရင် သေချာပေါက် သေလိမ့်မယ်"
အန်လင်းသည် သူ့လက်ထဲရှိ ကတ္တီပါနီရောင်ပုတီးစေ့ကို ကြည့်ကာ စိတ်ရှုပ်ထွေးသွားသည်။ "ဒါဆိုငါ ဘယ်လိုစုပ်ယူသင့်လဲ"
စုရှောင်လန်သည် စိတ်ရှုတ်စွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
“နင် ဒီပုတီးစေ့ထဲက မီးစွမ်းအင်အဆီအနှစ်တွေအကုန်လုံးကို ဘာကြောင့်စုပ်ယူချင်နေလဲ ငါမသိပေမယ့် ဒီစွမ်းအင်တွေ အားပျော့သွားစေမဲ့ မန္တန်အစီအရင်တစ်ခုနဲ့ထိန်းထားပေးနိုင်တယ် ဒီပေါက်ကွဲမှုဖြစ်နိုင်တဲ့အခါ အချက်ပေးမဲ့ စနစ်ကိုလဲတပ်ဆင်ထားပေးမယ် တကယ်လို့များ ပေါက်ကွဲမှု ဖြစ်တော့မယ်ဆိုပြီး အချက်ပြလာတဲ့ အခါကျရင် မီးစွမ်းအင်အဆီအနှစ်ကို စုပ်ယူတာကို ချက်ချင်းရပ်ပစ်ရမယ်နော်..”
အန်လင်းသည် စုရှောင်လန်ကို ကျေးဇူးတင်စွာဖြင့်ကြည့်လိုက်သည်။ “ကောင်းပါပြီ နင်ငါ့ကိုကူညီတာ ကျေးဇူးတင်ပါတယ်”
"အတည်ပြောနေတာလား... နင်က အမြဲတမ်း တဇွတ်ထိုးလုပ်တယ် နောက်တစ်ခါဆိုရင် ငါနင့်ကို လွင့်ထွက် သွားအောင် ရိုက်ပစ်မယ်”
စုရှောင်လန်သည် သူ၏မဆင်မခြင်အပြုအမူအား စိတ်ပျက်နေပုံပေါ်နေကာ အန်လင်းကိုကြည့်နေသည်။
အန်လင်းသည် မည်သို့မျှအတွန့်မတက်ဝံ့ဘဲ သူ၏ခေါင်းကို ကုတ်လိုက်သည်။
အချိန်ခနကြာသောအခါတွင် စုရှောင်လန် ၏မန္တန်အစီအရင်များကို လက်စသတ်သည်။ အန်လင်းသည် မန္တန်အစီအရင်အလယ်တွင် တမင်ခွေထိုင်လိုက်ပြီး မီးစိတ်ဝိညာဉ်ပုတီးစေ့မှ မီးစွမ်းအင်အဆီအနှစ်များကို စုပ်ယူလိုက်သည်။ သူသည် အလွန်ပူလောင်လာကာ လောင်ကျွမ်းခံနေရသလို ဖြစ်လာပြီး အလွန်သန့်စင်လှသော မီးစွမ်းအင်အဆီအနှစ်များသည် သူ၏ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသည်။
တစ်နာရီခန့်ကြာသောအခါတွင် အန်လင်း၏ ကိုယ်ခန္ဓာတစ်ခုလုံး ကတ္တီပါနီရောင်တောက်လောင်နေပြီး သူ၏မွေးညှင်းပေါက်များမှ အဖြူရောင် အခိုးအငွေ့များ ထွက်လာသည်။
မန္တန်အစီအရင်အပြင်ဘက်တွင် စုရှောင်လန်သည် အန်လင်းကို စိတ်ပူပန်နေပြီး လက်သီးဆုပ်ကာကြည့်နေသည်။
သူမ၏ဦးခေါင်းပေါ်တွင် ရှောင်းဟုန်သည် လေထဲမှယိမ်းနွဲ့ကာရှိသည်။
ထိုအရာသည် ရင်းနှီးလှသော မြင်ကွင်းတစ်ခုဖြစ်သော်လည်း ယခုအချိန်တွင် သူမ၏သဘောထားသည် လုံးဝ ပြောင်းလဲသွားပြီ ဖြစ်သည်။ ရှောင်းဟုန်သည် အေးဆေးစွာဖြင့် ပတ်ဝန်းကျင်ရှိအရာများကို စုဆောင်း နေသည်။ သူမသည်စူးစမ်းလိုစိတ်အပြည့်ဖြင့် မကြာမီပေါက်ကွဲတော့မည့် သူမသခင်အား ကြည့်နေသည်။ သူမ၏ သခင်သည် ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့မည်ဆိုလျှင်ပင် အလင်းစုစည်းခြင်းဖြစ်စဉ်၏ ကျေးဇူးကြောင့် သူမသည် ဆက်လက်ရှင်သန်နေနိုင်မည်ဖြစ်သောကြောင့် ကြောက်ရွံ့ထိတ်လန့်နေစရာမလိုပေ။
ဘုန်း...
မန္တန်အစီအရင်သည်တုန်ခါလာပြီး သတိပေးအချက်ပြမှုများလည်း စတင်လာသည်။
“ အန်လင်း.. ပေါက်ကွဲတော့မယ်... မြန်မြန်ရပ်လိုက်တော့” စုရှောင်လန် အော်ပြောလိုက်သည်။
အန်လင်း၏ ခန္ဓာကိုယ်သည် ကတ္တီပါနီရောင်ဖြစ်နေကာ တောင့်တင်းနေပြီး သူ၏သွေးများသည် ပြင်းထန်စွာ လှုပ်ရှားဆူပွက်နေခဲ့သည်။ သို့သော် သူလုပ်ဆောင်နေသည်များကို လုံးဝမရပ်တံ့နိုင်တော့ပေ။
မှန်ပေသည်၊ သူ၏ခန္ဓာကိုယ်အား သူမထိန်းချုပ်နိုင်တော့ပေ။ ယခုအချိန်တွင် သူလုပ်ဆောင်နိုင်သည့် တစ်ခု တည်းသော အရာသည် မီးစွမ်းအင်အဆီအနှစ်များကို မရပ်မနား စုပ်ယူခြင်းပင်ဖြစ်သည်။
စုရှောင်လန်သည် မန္တန်အစီအရင်အတွင်းသို့ အတင်းဝင်ရောက်ကာ အန်လင်း၏ လုပ်ဆောင်မှုကို အတင်းအကျပ် ရပ်တန့်တော့မည့်အချိန်တွင် မန္တန်အစီအရင်အလယ်တွင် မမျှော်လင့်သော အပြောင်းအလဲတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာသည်။
တောက်ပသော အနီရောင်မီးတောက် အမွေးအတောင်များ ရုတ်တရက် လေထဲတွင်ဖြစ်ပေါ်လာပြီး လှပစွာ လင်းလက်နေကြသည်။ ထိုအမွေးအတောင်များသည် ဇာမဏီငှက်ပုံသဏ္ဍာန်ပုံစံ ဖြစ်တည်သွားသည်ကို အဝေးမှ ကြည့်နေမိကြသည်။
“အရမ်းလှတာပဲ…”
စုရှောင်လန်သည် ပျံသန်းနေသောအတောင်ပံများကိုကြည်နူးစွာ ကြည့်နေရင်းထိတ်လန့်စွာ ရေရွတ်နေမိသည်။
ထိုတောင်ပံများသည် မြေပြင်ပေါ်သို့ ကျသွားရမည့်အစား ကြည်နူးဖွယ်ကောင်းသည့် ဒဏ္ဍာရီလာ မီးတောက်များ သဖွယ် အန်လင်း၏ ပတ်၀န်းကျင်တွင် ကခုန်ရင်း အလင်းတန်းများနှင့်နွေးထွေးမှုကိုထုတ်လွှင့်နေကြသည်။
သူသည် မီးစွမ်းအင်အဆီအနှစ်များကို လျှင်မြန်စွာစုပ်ယူနိုင်ခဲ့သည်။ မန္တန်အစီအရင်၏ သတိပေးသံသည်လည်း ရပ်တံ့သွားပြီဖြစ်သည်။ ထိုသို့ဖြင့် နောက်ထပ်တစ်နာရီ ကုန်လွန်သွားပြန်သည်။
ထိုမီးလျှံအမွေးအတောင်များသည် အန်လင်း၏ ခန္ဓာကိုယ်ထဲသို့ ပျော်ဝင်သွားပြီး မီးစိတ်ဝိညာဉ်ပုတီးစေ့သည် အသုံးမဝင်သော ကျောက်တုံးအပိုင်းအစလို ဖြစ်သွားခဲ့သည်။
“ဒင်းဒေါင်…မစ်ရှင်ပြီးဆုံးသွားပြီ!”
အစစ်အမှန်မီးတောင်ပံနှင့် ပတ်သက်သော သတင်းအချက်အလက်များသည် သူ၏စိတ်ထဲသို့ စတင်ဝင်ရောက် လာသည်။ အချိန်တိုအတွင်းတွင် မီးစွမ်းအင်အဆီအနှစ်တွင် ပါ၀င်သော နည်းစနစ်ကို သူ့ခန္ဓာကိုယ်နှင့် တစ်သားတည်း ပေါင်းစည်းလိုက်သည်။ ထိုနည်းစနစ်သည် သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို သိသိသာသာ တိုးမြှင့် လာစေသည်။
အန်လင်း၏မျက်လုံးများ တောက်ပလာပြီး မတ်တပ်ထရပ်လိုက်သည်။
“ငါ့ခန္ဓာကိုယ်က စွမ်းအားတွေပြည့်နေသလို ခံစားနေရတယ် စီးဆင်းနေတဲ့ပုံက အရမ်းစိတ်လှုပ်ရှားစရာ ကောင်းတာပဲ ငါတိုက်ခိုက်ချင်တယ်”
စုရှောင်လန်သည် ထိုမျှများပြားလှသော မီးစွမ်းအင်အဆီအနှစ်များကို အန်လင်းအမှန်တကယ် စုတ်ယူနိုင် လိမ့်မည်ဟု မထင်မှတ်ခဲ့မိချေ။ သူမ၏ စိတ်အခြေအနေကို ကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း အနည်းငယ် ထိတ်လန့်ကြောက်လန့်မိနေဆဲဖြစ်သည်။
"လာကြဟေ့... မဟူရာနန်းတော်ကို သွားကြစို့... ငါတိုက်ချင်နေပြီ”
အန်လင်း၏မျက်လုံးများစိတ်အားထက်သန်စွာတောက်ပနေပြီး စိတ်လှုပ်ရှားကာပြောလိုက်သည်။
တပိုင်-“…”
“အစ်ကိုကြီးအန်က ဘာလို့ဒီလောက် တိုက်ခိုက်ချင်နေတာလဲ ဒါက သူ့ရဲ့ပုံစံနဲ့ မတူဘူးလားလို့ "
"ဘာကြောင့်လဲတော့ ငါလဲမသိပါဘူး ဒါပေမယ့် အစ်ကိုကြီးအန်ကို ဒီလိုပုံစံနဲ့ တွေ့တော့ငါလည်း တိုက်ချင် လာပြီ.." ရှောင်ချိုးကပြန်ပြောလိုက်သည်။
ရှောင်းဟုန်သည် စုရှောင်လန်၏ဝတ်စုံပေါ်သို့ အေးဆေးစွာပြန်ဆင်းလာခဲ့သည်။
“မမရှောင်လန် ကျွန်မရဲ့သခင်က သေခြင်းတရားကို ထပ်ပြီးရှာဖွေဦးမယ့်ပုံပဲ ကျွန်မ ဒီမှာပဲ ခနလောက် ခိုလှုံပါရစေ"
စုရှောင်လန်_“…”
အန်လင်းသည် ထပ်ပြီးအချိန်မဆွဲတော့ဘဲ မဟူရာနန်းတော်သို့ ဦးဆောင်ကာသွားလိုက်သည်။ သူသည် နန်းတော် တံခါးကို ကန်ဖွင့်ပြီး သတိကြီးစွာဖြင့် အတွင်းသို့ခုန်၀င်လိုက်သည်။
မဟူရာနန်းတော်၏ သင်္ချိုင်းစောင့်သည် ထိတ်လန့်သွားသော်လည်း သူ့ကိုယ်သူ အလျင်အမြန် ထိန်းချုပ်လိုက် သည်။ သူသည် အန်လင်း၏မျက်လုံးများကို စိုက်ကြည့်ကာပြောလိုက်သည်။
“တော်တော်ပြင်းထန်တဲ့ တိုက်ပွဲစိတ်ဆန္ဒပဲ... မင်းက စစ်ပွဲကိုကြေငြာနေတာလား”
အန်လင်းသည် သင်္ချိုင်းစောင့်ကို ကြည့်လိုက်သည်။ ထိုသူသည် အရပ်ရှည်ပြီး ပိန်သွယ်ကာ အသားအရေ ကြည်လင် ချောမောသောလူတစ်ဦးဖြစ်သည်။ ထိုလူ၏ ဦးခေါင်းထက်တွင် ကျော့ရှင်းလှပသောနဂါးဦး ချိုတစ်စုံရှိနေကာ ဂုဏ်ကျက်သရေရှိစွာဖြင့် ခမ်းနားထည်ဝါနေစေခဲ့သည်။
"ဝေလနဂါးဖြူ...." ထိုလူကိုကြည့်ရင်း အန်လင်း၏ မျက်လုံးများသည် စစ်မီးများတောက်လောင်နေသည်။
“ဒီမှာရှိနေတာက ဘယ်လိုရတနာမျိုးလဲ”
လူငယ်လေး၏မျက်လုံးများ ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားကာ သူ့နှလုံးသားနေရာကို ပုတ်ကာပြောလိုက်သည်။
“ ဒီမှာ မဟူရာလျှပ်စီးနဂါးလုံး ရှိတယ် မင်းသေရမှာမကြောက်ရင်လာယူလိုက်”
“ငါ့ခန္ဓာကိုယ်က အရမ်းကို စွမ်းအားတွေပြည့်နေတာ” အန်လင်းကရယ်မောကာပြောလိုက်သည်။ “သေစမ်း”
စုရှောင်လန်-“…”
ရှောင်ချိုး-“…”
တပိုင်-“…”
"သွားပြီ...အစ်ကိုကြီးအန် ရူးသွားပြီ”
အန်လင်း ကျယ်လောင်စွာကြွေးကြော်လိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်သည် ဖြည်းဖြည်းချင်း ကတ္တီပါနီရောင် ပြောင်းသွားခဲ့ပြီး သူ၏ အော်ရာသည် ရုတ်တရက် အလွန်အစွမ်းထက်လာခဲ့သည်။
"ငါ့လက်သီးကိုမြည်းကြည့်"ဟုအော်ဟစ်လိုက်သည်။
သူ၏ခြေထောက်များသည် သေနတ်ပစ်လိုက်သကဲ့သို့ တွန်းကန်လိုက်ပြီး ထိုလူငယ်အနီးသို့ရုတ်ချည်း ချည်းကပ်သွားပြီး ပြင်းထန်စွာထိုးနှက် တိုက်ခိုက်လိုက်သည်။
ထိုလူရွယ်ကလည်း မည်သည့်စကားမျှမဆိုဘဲ သူ၏လက်သီးဖြင့် ပြန်လည်ထိုးနှက်လိုက်သည်။
ဘုန်း...!
သူတို့၏ ထိပ်တိုက် တိုက်ခိုက်မှုကြောင့် ပြင်းထန်သောစွမ်းအားများဖြစ်ပေါ်လာပြီး မြေပြင်ကြီး ပြိုကွဲသွားသည်။ ပြင်းထန်သည့် ထိုးနှက်ခြင်းကို ခံလိုက်ရသည့်အလား အန်လင်းသည် နောက်သို့ လွင့်ပျံထွက်သွားသည်။ သူသည် နန်းတော်နံရံများကို ဖေါက်ထွက်ဖြတ်ကျော်သွားပြီး သူတို့၏မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။
စုရှောင်လန်-“…”
“အစ်ကိုကြီးအန်က ဂမ်ဒမ် ၁နဲ့ ၂ တို့ကိုဘာကြောင့်မလွှတ်ခဲ့တာလဲ " ဟု ရှောင်ချိုးကမေးလိုက်သည်။
တပိုင်သည် သူထင်မြင်ချက်အားပြောပြလိုက်သည်။
"အစ်ကိုကြီးအန်ရဲ့ဦးနှောက်က အဲဒီ မီးစိတ်ဝိညာဉ်ပုတီးစေ့က စွမ်းအင်ကိုစုပ်ယူတုန်းက မီးကျွမ်းသွားတာ ဖြစ်မယ် သူ့အပြုအမူတွေက ဂေါက်ကြောင်တစ်ယောက်လိုဖြစ်နေတာ မင်းသတိမထားမိဘူးလား”
ထိုစကားကိုကြားသောအခါ စုရှောင်လန် ရုတ်တရက်သဘောပေါက်သွားပုံပေါ်ကာ သူမ၏လက်ဝါးနှစ်ဖက်ကို ရိုက်လိုက်ပြီး ပြောလိုက်သည်။
“အံ့ဩစရာမဟုတ်တော့ဘူး…အဲဒါတကယ်ဖြစ်နိုင်တယ်ဟ”
"ငါတို့အရင်ဆုံး ပြန်ဆုတ်လိုက်ကြရအောင် " ဟုသူမကအကြံပြုခဲ့သည်။
"အန်လင်း ပြန်ကောင်းလာမှ ငါတို့ဘာဆက်လုပ်ရမလဲဆိုတာ ဆုံးဖြတ်ကြတာပေါ့"
သူတို့နန်းတော်မှ ထွက်ခွါမည်ဆိုခြင်းအား ရှောင်ချိုးနှင့် တပိုင်တို့လည်း ကန့်ကွက်ခြင်းမရှိဘဲ လက်ခံလိုက်သည်။ ထိုစဉ် အံ့အားသင့်ဖွယ်ကောင်းသော သူတို့ ရင်းနှီးသောအသံတစ်သံ အဝေးမှထွက်ပေါ်လာသည်။
“ဟားဟားဟား… ဘယ်လောက်တောင်အားကောင်းတဲ့ပြိုင်ဘက်လဲ... ငါတို့တိုက်ကြမယ် "
လူငယ်သည်သူ၏ဓါးကိုထုတ်လိုက်ပြီး ပြင်းထန်စွာထိုးနှက်လိုက်သည်။
“ဘုရားရေ... အစ်ကိုကြီးအန်က သူရဲ့ဓားနဲ့ပျံနေတယ်...!” တပိုင် အံ့အားသင့်စွာအော်ဟစ်လိုက်သည်။
အန်လင်း၏ဓါးသည် တောက်ပသည့်အလင်းတန်းတစ်ခုဖြစ်သွားပြီး လူငယ်အပေါ်သို့ခုတ်ချလိုက်သည်။
"တိုက်ပွဲတစ်ခုမှာ မျက်ကန်းတစ်ယောက်လို စိတ်အားထက်သန်တဲ့အပေါ်ပဲ မှီခိုနေလို့မရဘူး... မင်းနဲ့ မင်းရဲ့ ပြိုင်ဘက်အကြားမှာရှိနေတဲ့ ခွန်အားကွာဟမှုကို ရှင်းရှင်းလင်းလင်းမသိဘဲ တိုက်ခိုက်ခြင်းဟာ သေခြင်းကို ရှာဖွေနေခြင်းပဲဖြစ်တယ်”
ထိုလူငယ်၏လက်များသည် နဂါး၏လက်သည်းအဖြစ်သို့ ပြောင်းလဲသွားပြီးအန်လင်း၏ ဓါးချက်ကို အလွယ်တကူ ဖမ်းဆီးလိုက်သည်။
သူ၏ပါးစပ်ကိုဖွင့်၍မှုတ်ထုတ်လိုက်လျှင် အခိုးအငွေ့များသည်လေထဲတွင် ဓားတစ်ချောင်းဖြစ်ပေါ်လာသည်။
ထိုဓားတွင် နဂါးသွေး၏ ကြောက်မက်ဖွယ်စွမ်းအားများ ပါရှိနေကာ လျှပ်တစ်ပြက်အတွင်းတွင် ထိုဓါးသည် အန်လင်းအပေါ်သို့ ကျရောက်သွားပြီး သွေးများအန်ထုတ်ကာ နောက်သို့လွင့်ပျံသွားစေခဲ့သည်။
လူငယ်သည် သူ၏လက်ကိုနောက်သို့ ပစ်လိုက်ပြီး လက်နှစ်ဖက်ကိုဆုတ်ကိုင်ထားလိုက်သည်။ ဝေလဖြူနဂါး၏ အစွမ်းထက်လှသော စွမ်းအားများသည် ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည်။
သူကကျင့်ကြံသူအုပ်စုအားမောက်မာစွာကြည့်ပြီးမေးလိုက်သည်။
“သူကအရမ်းအားနည်းလွန်းတယ်...မင်းတို့အားလုံးအတူပေါင်းတိုက်ရင်ရော"
တပိုင်နှင့် ရှောင်ချိုးတို့သည် အကြည့်ချင်းဆုံးသွားကြသည်။ သူတို့သည် လဲကျနေသောအန်လင်းကို ကောက်ယူ ပြီး ချက်ချင်း ထွက်ပြေးလိုက်ကြသည်။
စုရှောင်လန်သည် ပေ ၃၀မြင့်သော မီးနံရံကို ဖန်တီးလိုက်သည်။ ထိုမီးနံရံသည် တောက်ပလွန်းလှပြီး ထိုလူငယ်၏ အမြင်အာရုံကို ပိတ်ဆို့စေလိုက်သည်။ နန်းတော်အတွင်းမှ ကျင့်ကြံသူများ၏ လေသံများက ပို၍ပို၍ ဆိုးဝါး လာကြသည်။
"သွားပါရစေ.. ငါသူရဲဘောကြောင်တဲ့ကောင် မဖြစ်ချင်ဘူး ငါ့ခန္ဓာကိုယ်ထဲမှာ စွမ်းအားအပြည့်ရှိတယ်... ငါတိုက်နိုင်သေး..."
"မပြောနဲ့တော့... ငလူးပဲ... ငါ့မှာ ဒီလိုကျပ်မပြည့်တဲ့သခင်မျိုးမရှိဘူး ဝုတ်တ်.. "
"အန်လင်း နည်းနည်းလောက်စိတ်လျော့ဦး မင်းရဲ့ဦးနှောက်မီးကျွမ်းသွားသလားလို့ ငါခနလောက်စစ်မလို့”
…
မီးတောက်နံရံ မီးငြိမ်းသွားသည့်အချိန်တွင် သူတို့သည် နန်းတော်မှပျောက်ကွယ်သွားပြီ ဖြစ်သည်။
လူငယ်-“…”
“တကယ်ပျင်းဖို့ကောင်းတယ်..”
***