← Chapters

တန်ဖိုးကြီးရတနာတစ်ခုအား ရရှိခြင်း

Vol. 35 Ch. 348

တန်ဖိုးကြီးရတနာတစ်ခုအား ရရှိခြင်း

Vol. 35 Ch. 348

မိုးမြေအကြားဖြစ်ပေါ်လာသော ထူးဆန်းသည့် ဖြစ်ရပ်ဆန်းကြီးသည် ကျင့်ကြံသူအများအပြား၏ အာရုံကို ဖမ်းစားသွားလေသည်။

နောက်ဆုံးတွင် လိုဏ်ဂူအဝင်ဝသို့ ထွက်ပြေးလွတ်မြောက်လာကြသောသူများသည် ဖျော့တော့သောရွှေရောင်အလင်းတန်းများကြောင့်စိတ်ဝင်စားသွားကြ၏။

"နတ်ဘုရားစိတ်ဝိညာဉ်အဆင့် အစစ်အမှန်ပုဂ္ဂိုလ်တစ်ပါး ကျဆုံးသွားပြီ..."

တကယ်တမ်းအတိအကျပြောရလျှင် ကျန်းရွှမ်ယန် သေဆုံးသွားခြင်းဖြစ်သည်။

ဤအရာသည် ပျော်ရွှင်စရာ ကိစ္စတစ်ခု ဖြစ်သင့်သော်လည်း ကျင့်ကြံသူအနည်းငယ်မှာမူ မပြုံးရွှင်နိုင်ကြပေ။ ကြောက်ရွံ့လွန်းသဖြင့် သူတို့၏ မျက်နှာသွင်ပြင်များပင် ရှုံ့မဲ့နေကြ၏။

"ပြေးကြ"

...

တစ်စုံတစ်ယောက်က စူးရှစွာ အော်ဟစ်လိုက်လေသည်။

နတ်ဘုရားစိတ်ဝိညာဉ်နှောင်းပိုင်းအဆင့် နှင့် ယှဉ်နိုင်သော နတ်ဆိုးဧကရာဇ်တစ်ပါး၏ ရှေ့မှောက်တွင် မိမိအသက်ကို မိမိကိုယ်တိုင်မပိုင်ဆိုင်တော့ပေ။

သူတို့ မျှော်လင့်နိုင်သည်မှာ ကျန်းရွှမ်ယန် မသေဆုံးမီတစ်ဖက်ရန်သူကို အပြင်းအထန်ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ပါစေဟုသာ ဆုတောင်းရမည်။

ထိုရွှေမျက်လုံး ခြင်္သေ့ဧကရာဇ်သည် အသံဗလံမထွက်ဘဲ ဤအဆင့်ထိကြီးထွားလာခဲ့သည်မှာ လူသားပါရမီရှင်များထက်ပင် ကောင်းကင်ဘုံ၏ မျက်နှာသာပေးမှုကို ခံရသူနှင့် တူလှပေသည်။

ထိုလူစုသည် တစ်ခဏမျှပင် နေရန် မဝံ့ရဲဘဲ လိုဏ်ဂူအတွင်းမှ လျင်မြန်စွာ ထွက်ပြေးကြတော့၏။

မိမိတို့၏ တာအိုဝိညာဉ်များကို ဆင့်ခေါ်၍ ကောင်းကင်သို့ပျံတက်ကာ အစွမ်းကုန် ထွက်ပြေးကြလေသည်။ မည်မျှကြာအောင် ပြေးခဲ့မှန်း မသိ၊ နောက်ဆုံးတွင် လုံးဝကုန်ခမ်းနွမ်းနယ်သွားပြီး မုခ်ဦးကြီးအနီးသို့ ပြိုလဲကျသွားကြတော့သည်။

ထိုအချိန်၌...

ရှန်းယီသည် ချင်းချိုဘိုးဆဘးနှင့်အတူ ကျန်းရွှမ်ယန်၏ခန္ဓာကိုယ်မှ တွေ့ရှိခဲ့သော ပစ္စည်းများကို အလေးအနက် စစ်ဆေးနေလေ၏။

"သခင်ကြီးကို တင်ပြပါရစေ... ဒါက လိုဏ်ဂူတစ်ခုလုံးရဲ့မြေပုံပါ"

"မသေမျိုးဂိုဏ်းဆိုတော့လည်း မျှော်လင့်ထားတဲ့အတိုင်း အများကြီးပြင်ဆင်ထားပြီး စနစ်ကျတာပဲ... မျက်စိစုံမှိတ်ပြီး လျှောက်သွားနေတဲ့ လွတ်လပ်ကျင့်ကြံသူ တွေနဲ့ဘာမှမဆိုင်ဘူး"

ထိုစကားကို ကြားသောအခါ ရှန်းယီ မျက်ခုံးပင့်လိုက်မိသည်။ သူ အနည်းငယ် စော်ကားခံလိုက်ရသလို ခံစားလိုက်ရ၏။

သို့သော်လည်း သူသည် မြေပုံပေါ်ရှိအမှတ်အသားများကို အလေးအနက် ကြည့်ရှုလိုက်သည်။

ရွှမ်ကွမ်းဂူဂိုဏ်းသားများသည် ခေါင်းဆောင်၏ နေထိုင်ရာတစ်ခုလုံးကို ပြည့်စုံစွာပုံဖော်ထားပြီး၊ အဆောက်အအုံအားလုံးနီးပါးကို အပြင်မှအတွင်းသို့ စနစ်တကျ ရှာဖွေစူးစမ်းထားကြသည်။

သူတို့ ဤနေရာကို စွန့်ခွာခြင်း မရှိသေးသည့် အကြောင်းရင်းမှာ...

ရှန်းယီ၏အကြည့်သည် ထင်ရှားမှုမရှိသော နေရာတစ်ခုဆီသို့ ရောက်သွား၏။ ဆေးဖော်စပ်ခန်းနှင့် ကပ်လျက်ရှိသော အဆောက်အအုံငယ်လေးတစ်ခုကို တစ်စုံတစ်ယောက်က ဂရုတစိုက်ဖြင့် ဘောပင်နှင့် ဝိုင်းပြထားသည်။

ယင်း၏ဘေးတွင် စမ်းသပ်မှု မှတ်တမ်းအများအပြား ရှိနေ၏။

"ဒါ ဖြစ်နိုင်ပါ့မလား"

ရှန်းယီသည် ချင်းချိုဘိုးဘေးဘက်သို့ လှည့်ကြည့်လိုက်သည်။

"အချိန်နည်းနည်းတော့ ယူရပါလိမ့်မယ်"

ချင်းချိုဘိုးဘေးသည် ကြောက်ရွံ့စွာဖြင့် ဦးညွှတ်လိုက်၏။ အစီအရင်ပညာရပ်နှင့် ပတ်သက်လျှင် သူသည် အားချင်း ခန့်ယုံကြည်မှု မရှိကြောင်း ထင်ရှားလှသည်။

ကံကောင်းထောက်မစွာဖြင့် ရှန်းယီ၌ယခု အချိန်အလုံအလောက် ရှိနေသည်။

အင်အားကြီးသော နတ်ဆိုးဧကရာဇ်တစ်ပါး အနေဖြင့် မိမိ၏လိုဏ်ဂူအတွင်းကဲ့သို့ လမ်းလျှောက်နေရုံသာဖြစ်ရာ အဘယ်ကြောင့်အလျင်လိုနေရမည်နည်း။ လိုဏ်ဂူပိတ်မသွားမီ ပြန်ထွက်သွားရုံသာ လိုအပ်သည်။

ထိုသို့ဖြင့် ရှန်းယီသည် မြေခွေးအိုကြီးကို ဦးဆောင်၍ ထိုအဆောက်အအုံငယ်ဆီသို့ သွားလိုက်၏။

ထို့နောက် သူ ကိုင်ဆောင်ထားသော မြေပုံကို ကမ်းပေးလိုက်သည်။

ချင်းချိုဘိုးဘေးက အစီအရင်ကို မည်သို့ ဖျက်ဆီးရမည်ကို စတင်လေ့လာနေသည်ကို ကြည့်ရင်း...

ရှန်းယီသည် လူသူကင်းဝေးသောနေရာတစ်ခုကို ရှာဖွေပြီး သူရရှိခဲ့သော ပစ္စည်းများကို စတင် စာရင်းပြုစုလေသည်။

အရာအားလုံးအထက်တွင် ရွှမ်မင် တံဆိပ်တော် သည် သံသယဖြစ်ဖွယ်မရှိ ထူးခြားသော အဖိုးတန်ကိရိယာတစ်ခု ဖြစ်ပြီး၊ ၎င်းနောက်တွင် အရည်အသွေးကောင်းမွန်သော ကြာပွတ်ရှည်နှင့် ရတနာဓားတို့ ပါဝင်သည်။

ကံဆိုးသည်မှာ ထိုကြေးခေါင်းလောင်းကြီးပင်။ ရွှမ်မင်တံဆိပ်တော် ထက် မလျော့သော တန်ဖိုးရှိသော်လည်း ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ထိုသူ၏ ဝတ်ရုံမှာလည်း ထို့အတူပင်။

ထိုအပြင် အဖိုးတန်ဆေးပုလင်းများနှင့် မိုးမြေ ရတနာများစွာလည်း ရှိသေးသော်လည်း တစ်ခုမှ မရင်းနှီးသဖြင့် နှမြောစရာပင်။ ၎င်းတို့ကို မြေခွေးအိုကြီးအားတဲ့အခါမှ ဖြည်းဖြည်းချင်းခွဲခြားခိုင်းရပေမည်။

ရှန်းယီသည် ခေါင်းခါလိုက်ပြီး ပစ္စည်းအားလုံးကို သိမ်းဆည်းလိုက်၏။

သူ့မျက်လုံးများထဲတွင် အံ့သြသောအရိပ်အယောင်တစ်ခု ဖြတ်သန်းသွား၏။

ကောင်းကင်ဖျက်စီးခြင်းမိုးကြိုးငါးသွယ် ဓားသိုင်း၏စွမ်းအားသည် သူမျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်နေခဲ့သည်။

အမှန်စင်စစ် ဤအချက်၏တစ်စိတ်တစ်ပိုင်းသည် ပြင်ပအကြောင်းတရားများကြောင့်လည်းပါဝင်၏။

နတ်ဆိုးတစ်ထောင်ဂူသည် ဝိညာဉ်စွမ်းအင် ပေါကြွယ်ဝသောနေရာတစ်ခု ဖြစ်ပြီး၊ လိုဏ်ဂူအတွင်းပိုင်းတွင် အပြင်ဘက်ထက် ပိုမိုကြွယ်ဝနေသည်။

သူ၏လက်ရှိ ကျင့်ကြံခြင်းအဆင့်ဖြင့် မိုင်တစ်ရာ ဝန်းကျင်မှ မိုးမြေစွမ်းအင်ကိုသာ ဆင့်ခေါ်နိုင်သော်လည်း၊စွမ်းအင်အမျိုးအစား စုံလင်မှုကြောင့် ရရှိနိုင်သမျှ အရာအားလုံးကို အသုံးပြုနိုင်ခဲ့သည်။

ထိုအချက်နှစ်ချက် ပေါင်းစပ်လိုက်သောအခါ နတ်ဆိုးတစ်ထောင်ဂူ၏အပြင်ဘက်တွင် မိုင်တစ်ထောင်အချင်းဝက်အတွင်းရှိ ဝိညာဉ်စွမ်းအင်များကို တစ်ပြိုင်နက်တည်း ဆင့်ခေါ်လိုက်သည်နှင့် ညီမျှသွားလေ၏။

"ဒီအဆင့်နဲ့တူတဲ့ နောက်ထပ်နည်းစနစ်တစ်ခု ရှိသေးပုံရတယ်"

ရှန်းယီသည် သူ့ကိုယ်ပိုင် လီမီးတောက်နှလုံးလောင်ကျွမ်းခြင်းလက်ဝါးကို ရုတ်တရက် သတိရသွား၏။

ယခုအခါ သူ့အတွက်ရှေ့ဆက်ရန် လမ်းကြောင်း သိပ်မကျန်တော့ပေ။

နတ်ဘုရားစိတ်ဝိညာဉ်အဆင့်တွင် ကျင့်ကြံခြင်းကို တိုးမြှင့်ရန်အတွက် လိုအပ်သောနည်းစနစ်ကို မည်သည့်နေရာမှရှာရမှန်း မသိသေးဘဲ အစောပိုင်းအဆင့်၌သာ ရပ်တန့်နေသည်။

ခန္ဓာကိုယ်သန့်စင်ခြင်းအပိုင်းတွင် နတ်ဆိုးကိုးကောင်မြင့်တက်ခြင်းက သူ့ကို နတ်ဘုရားစိတ်ဝိညာဉ်နှောင်းပိုင်းအဆင့်သို့ မဆိုစလောက် ထိတွေ့နိုင်စေမည့် ခွန်အားကိုပေးခဲ့သော်လည်း၊ မဟာနတ်ဆိုးကိုးပါးအသွင်ပြောင်းလဲခြင်း နည်းစနစ် ကို ဆက်လက်ပုံဖော်ရန် ကြိုးစားရာတွင် တိတ်ဆိတ်မှုနှင့်သာ ကြုံတွေ့ရ၏။

သို့သော် ရွှေရောင်ခန္ဓာကိုယ်နည်းစနစ်တွင်မူ တိုးတက်ရန် နေရာလွတ်ရှိနေသေးသည်။

"..."

ရွှီမိသားစုသည် အစီအရင်ကိုပြီးစီးအောင် လုပ်လိုက်သည်နှင့် မဟာချန်ပြည်သူများအတွက် စစ်မှန်သော တည်ငြိမ်မှုကိုပေးစွမ်းနိုင်လိမ့်မည်။ ထိုအချိန်တွင် ရလဒ်အနေနှင့် အမွှေးတိုင်ယုံကြည်မှုစွမ်းအားလည်း ပြန်လည်ပြည့်ဖြိုးလာလိမ့်မည်ဟု သူ သေချာပေါက်ပြောနိုင်၏။

သို့သော် ထိုအရာက အချိန်အနည်းငယ် လိုပါသေးသည်။

သေချာသည့်အရာမှာ နတ်ဆိုးများ၏သက်တမ်းကို သုံးစွဲရန်ဆန္ဒရှိသရွေ့ ရှေ့ဆက်ရမည့် လမ်းကြောင်းကို အမြဲတစေပုံဖော်တွက်ချက်၍ ရနိုင်ပါလိမ့်မည်။ ထိုအရာက မှန်ကန်သော လမ်းကြောင်းဟုတ်မဟုတ် ဆိုသည့်အရာတော့ အခြားအရာတစ်ခုပင်။

သို့သော်လည်း အနည်းဆုံးတော့ ကျင့်ကြံစရာ နည်းလမ်းမရှိခြင်း ဖြစ်မနေတော့ပေ။

ရှန်းယီ၏မူဝါဒမှာ တတ်နိုင်သမျှ အရင်ဆုံးသင်ယူထားရန် ဖြစ်သည်။

သူသည် မူလပုံစံကိုပြန်လည်ဖော်ထုတ်လိုက်ပြီး ယခင်လူချန်ထားခဲ့သော မှတ်စုများကို ထုတ်ယူလိုက်၏။

နောက်ဆုံးတွင် စတင်အာရုံစူးစိုက်ကာနှလုံးနှစ်လိုက်လေ၏။

ကျင့်ကြံခြင်းနည်းစနစ် တစ်ခုလုံးသည် မပြည့်စုံရုံသာမက ထိုလိုဏ်ဂူပိုင်ရှင် ကျင့်ကြံသူ၏ ထင်ကြေးများဖြင့် ပြည့်နှက်နေသည်။

အခြားသူများလေ့လာရန် မဝံ့ရဲသော်လည်း ရှန်းယီကမူ ဤအရာနှင့် ယဉ်ပါးနေပြီ ဖြစ်သည်။

နှလုံးလောင်ကျွမ်းလက်ဝါး၏ စွမ်းအားသည် အများဆုံး သာမန်နတ်ဘုရားစိတ်ဝိညာဉ် နည်းစနစ်အဆင့်သာ ရှိသည်။

‌၎င်း၏စစ်မှန်သော စွမ်းအားမှာ လီမီးတောက်ကို ထိန်းချုပ်နိုင်စွမ်းကျွမ်းကျင်သွားပါက ခန္ဓာကိုယ်ကိုတိုက်ခိုက်ခြင်းမပြုဘဲ နတ်ဝိညာဉ်အား သန့်စင်ပေးခြင်းသို့ ဦးတည်လေ၏။

အနည်းဆုံးတော့ ယခုအချိန်အထိ...

ရှန်းယီသည် နတ်ဝိညာဉ် အပေါ် တိုက်ခိုက်မှုများကို ကာကွယ်ရန် အထူးလေ့ကျင့်ထားသော နည်းစနစ်ရှိသည့် ကျင့်ကြံသူတစ်ဦးတစ်ယောက်ကိုမျှ မတွေ့ဖူးသေးပေ။

အကောင်းဆုံးအနေဖြင့် သူ၏ချန်းယွမ်ဆေဘာဓား ကဲ့သို့သော အထောက်အကူပြုအဖိုးတန်ကိရိယာ အချို့သာ ရှိသည်။

သူသည် ရှေးဟောင်းကျမ်းစာအုပ်ကို စေ့စေ့စပ်စပ် လေ့လာလိုက်ပြီး စာသားများနှင့် ရင်းနှီးလာသည်နှင့်အမျှ ယင်း၏နက်ရှိုင်းသော အဓိပ္ပာယ်များကိုပါ နားလည်ရန် ကြိုးစားလာသည်။

နည်းစနစ်များစွာကို ကျင့်ကြံပြီးနောက် သူသည် ယခင်ကကဲ့သို့ လုံးဝ အတွေ့အကြုံမရှိသူ မဟုတ်တော့ပေ။

အချိန်များ ဖြည်းညှင်းစွာ ကုန်ဆုံးသွား၏။

ရှန်းယီသည် အနည်းငယ် ပင်ပန်းနွမ်းနယ်စွာဖြင့် နားထင်ကို နှိပ်နယ်နေစဉ် ချင်းချိုဘိုးဘေးကြီး၏ အံ့သြတကြီး အော်ဟစ်သံသည် သူ့စိတ်ထဲ၌ ပဲ့တင်ထပ်သွားသည်။

"သခင်ကြီးကို တင်ပြပါရစေ... ကျုပ် တွေ့ပါပြီ"

ရှန်းယီ မော့ကြည့်လိုက်၏။ သူသည် မြေခွေးကြီး၏သစ္စာစောင့်သိမှုကိုများစွာ ယုံကြည်သော်လည်း ၎င်း၏စွမ်းရည်များကိုမူ သံသယရှိနေဆဲပင်။

ထို့ကြောင့်လည်း အထဲမဝင်မီ ချင်းဟွာကို သူ့နှင့်အတူ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

သူသည် လက်ဝှေ့ယမ်းကာ ဆင့်ခေါ်လိုက်၏။

"သွားကြည့်လိုက်"

ချင်းဟွာသည် ရိုသေစွာခေါင်းညိတ်ပြီး ချက်ချင်းပင် ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်ကို ဖော်ထုတ်လိုက်သည်။ အနောက်တွင် ဝတ်ရုံအနည်းငယ် လှုပ်ခါသွားပြီး ၎င်း၏ပုံသဏ္ဌာန်သည် ခဏချင်း ပျောက်ကွယ်သွားလေ၏။

လက်ဖက်ရည်တစ်အိုး ကျိုချက်စာမျှ ကြာသောအခါ...

အဝေးမှဟိန်းဟောက်သံများကို ကြားလိုက်ရသဖြင့် ရှန်းယီသည် မနေနိုင်ဘဲ မျက်ခုံးပင့်လိုက်မိသည်။

ထို့နောက် ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်သည် လေထဲတွင် အနည်းငယ်ကိုးရိုးကားရားနိုင်စွာ လွင့်မျှောနေပြီး၊ အောက်ဘက်ရှိ နတ်ဆိုးဝိညာဉ်ကို လျစ်လျူရှုစွာစိုက်ကြည့်ကာ လက်သီးကို ဖြည်းညှင်းစွာဆုပ်လိုက်သည်ကို တွေ့လိုက်ရ၏။

"..."

"ကျုပ်... ကျုပ်..."

ချင်းချိုဘိုးဘေးကြီးသည် ပြောစရာစကား ပျောက်ရှကာ ရှက်ရွံ့စွာဖြင့်ခေါင်းငုံ့ထားလေသည်။

ကံကောင်းထောက်မစွာဖြင့် ချင်းဟွာသည် ငြင်းခုံရန်ဆန္ဒမရှိဘဲ ရှန်းယီကို ရိုသေစွာ ခေါင်းညိတ်ပြလိုက်၏။

"သခင်ကြီး... ပွင့်သွားပါပြီ"

ထိုအခါမှ ရှန်းယီသည် ထရပ်လိုက်ပြီး အဆောက်အအုံငယ်ဆီသို့ လျှောက်သွားလိုက်၏။

သူသည် အပျက်အစီးများကြားသို့ တည့်တည့် ဝင်ရောက်သွားပြီး တစ်ဝက်တစ်ပျက် ပြိုကျနေသော ဒုတိယထပ်သို့ တက်လှမ်းလိုက်သည်။

ဗလာဖြစ်နေသော အခန်းထဲတွင် လူတစ်ပိုင်းခန့် မြင့်သောကျောက်စိမ်းစင်မြင့်တစ်ခုသာ ရှိနေ၏။

နန်ယန်ဂိုဏ်း၏ခေါင်းဆောင်တစ်ဦးသည် ပစ္စည်းတစ်ခုတည်းကို ထားရှိရန်အတွက် အဆောက်အအုံငယ်တစ်ခုကိုအထူးတလည်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ရှန်းယီ၏အသက်ရှူသံ အနည်းငယ် မြန်ဆန်လာ၏။

သူသည် ကျောက်စိမ်းစင်မြင့်နားသို့ ကပ်သွားပြီး ငုံ့ကြည့်လိုက်ရာ သပ်ရပ်စွာခေါက်ထားသော အဝတ်အစားတစ်ထည်ကို တွေ့လိုက်ရသည်။

လက်များကိုစွမ်းအင်ဖြင့် ဖုံးအုပ်လိုက်ပြီး လက်ချောင်းထိပ်များဖြင့် ညင်သာစွာ ထိတွေ့လိုက်သည်။

အဝတ်အစားကိုမထိရသေးမီ ရွှေရောင်ကတ်ပြားတစ်ခု လွင့်ပျံတက်လာ၏။

"ဒီဝတ်ရုံနဲ့အတူ အကြီးအကဲရဲ့ မွေးနေ့ကို ဂုဏ်ပြုလိုက်ပါတယ်"

ရွှေရောင်ကတ်ပြားသည် ရှန်းယီ၏လက်ဝါးပေါ်သို့ ကျရောက်လာပြီး ချက်ချင်းပင် ဝတ်ရုံသည် ၎င်းအလိုအလျောက်လှုပ်ရှားသကဲ့သို့ တဖျပ်ဖျပ် လွင့်ပျံလာသည်။

ပါးလွှာသော ပုစဉ်းရင်ကွဲတောင်ပံကဲ့သို့သော ဝတ်ရုံသည် မှင်နက်အရောင် ရှိနေ၏။

ရွှေရောင်ချည်မျှင်များဖြင့် အစီအရင်များကို ပုံဖော်ထားပြီး၊အနားသတ်များတွင် မင်္ဂလာတိမ်တိုက်များနှင့် နဂါးဖီးနစ် ပုံစံများဖြင့် အလှဆင်ထားရာ၊ ယေဘုယျအားဖြင့် အနည်းငယ်ပွယောင်းပြီး ခန့်ညားထည်ဝါကာ ဂုဏ်ကျက်သရေရှိသော အသွင်ကို ဆောင်လေသည်။

"..."

ရှန်းယီသည် လက်မောင်းများကို ဆန့်တန်းလိုက်ရာ ရွှေရောင်ပုံစံများပါသော မှင်နက်ရောင်ဝတ်ရုံသည် သူ့ဆီသို့ လွင့်မျောလာပြီး၊ မမြင်ရသော လက်များက သူ့အတွက်ဝတ်ရုံနှင့် ခါးပတ်ကို ပြင်ဆင်ပေးနေသကဲ့သို့ပင်။

သူသည် ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်၏။

ချင်းဟွာနှင့် မြေခွေးကြီး တို့နှစ်ကောင်စလုံး အံ့အားသင့်ကာ ငေးမောနေကြသည်ကို တွေ့လိုက်ရသည်။

ယခင်က ရှန်းယီသည် ကြမ်းတမ်းသောစွမ်းအင်များပြည့်နှက်နေသည့် လူပုံစံ နတ်ဆိုးတစ်ကောင်နှင့် တူခဲ့သော်လည်း၊ ဝတ်ရုံကို ဝတ်ဆင်လိုက်သည့် အချိန်၌မူ သူသည် မသေမျိုးဂိုဏ်းမှလေးစားဖွယ် စီနီယာတစ်ဦးကဲ့သို့ ခမ်းနားထည်ဝါပြီး နက်ရှိုင်းသော အရှိန်အဝါကို ထုတ်လွှတ်နေလေ၏။

ထိုအချိန်၌...

ဤလေးစားဖွယ် စီနီယာသည် ရုတ်တရက် လက်သီးကို ဆုပ်လိုက်ပြီး မိမိ၏လက်မောင်းကို ပြင်းထန်စွာ ထိုးနှက်လိုက်သည်။

သို့သော် အစွမ်းကုန်အားဖြင့်ထိုးနှက်လိုက်သော ထိုးချက်သည် လက်မောင်းပေါ်၌ တိတ်တဆိတ် ပျောက်ကွယ်သွားပြီး၊ ဝတ်ရုံပေါ်ရှိအစီအရင်များကိုပင် လုံးဝတုံ့ပြန်မှု မဖြစ်စေခဲ့ပေ။

ဤအရာကိုမြင်တော့ ရှန်းယီ၏မျက်လုံးများထဲတွင် ဝမ်းမြောက်သောအရိပ်အယောင်တစ်ခု နောက်ဆုံး၌ ပေါ်လာ၏။

"တကယ့် ပစ္စည်းကောင်းပဲ"

All Chapters