← Chapters

အခန်း (၉-၁၀)

Vol. 1 Ch. 9-10

အခန်း (၉-၁၀)

Vol. 1 Ch. 9-10

အခန်း။ ၉

“ဒါ ဘာကြီးလဲ ဝံပုလွေလား”

“အမွေးတွေက လှလိုက်တာ။ အညိုရင့်ရောင်က တော်တော်ရှားတယ်။ ဘယ်လောက်လဲ”

“ကြည့်စမ်း... ဒီဝံပုလွေက ပေါင် ခြောက်ဆယ်၊ ခုနစ်ဆယ်လောက် ရှိမယ်။ တော်တော်လေးလည်း ဆူဖြိုးတာပဲ”

လုံယီသည် စည်ကားလှသော ဈေးအဝင်ဝတွင် ဝံပုလွေနှစ်ကောင်နှင့်အတူ ရပ်နေစဉ် ဖြတ်သွားဖြတ်လာသူများ၏ စူးစမ်းသော အကြည့်များကို အောင့်အည်းခံနေရသည်။

ဝမ်းနည်းစရာမှာ လူအများစုသည် လာရောက်ကြည့်ရှုရုံသာဖြစ်ပြီး ဝယ်ယူရန် ရည်ရွယ်ချက်ရှိသူမှာ အနည်းငယ်မျှသာ ရှိသည်။ ဆင်ရှန်းနယ်မြေတွင် ဆင်းရဲသူများကသာ အများစု ဖြစ်နေသောကြောင့်ပင်။

တစ်ချိန်တည်းမှာပင် အချို့သောသူများက ဝံပုလွေများ ဘယ်လို သေဆုံးသွားသလဲဟူသည့်အပေါ် ပို၍ စိတ်ဝင်တစား ရှိနေကြသည်။

“အံ့ဩစရာပဲ ဝံပုလွေတွေက အုပ်စုလိုက် သွားတတ်တာ။ နှစ်ကောင်ကို သတ်နိုင်တယ်ဆိုတာက မင်း ရင်ဆိုင်ခဲ့ရတာ ဒီနှစ်ကောင်တည်း မဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ”

“လူငယ်... ဒီဝံပုလွေ နှစ်ကောင်စလုံးကို မင်းကိုယ်တိုင် သတ်ခဲ့တာလား”

“ကံကောင်းလို့ပါဗျာ ကံတရားကြောင့်ပါ”

“လူအများကြီး မတိုးကြနဲ့ဦး အားလုံး သတိထားကြပါဦး”

လူအုပ်ကြီး၏ တစာစာ မေးမြန်းမှုများကြောင့် လုံယီမှာ ဝံပုလွေနှင့် တိုက်ခိုက်ရသည်ထက်ပင် ပို၍ ပင်ပန်းနွမ်းနယ်နေတော့သည်။

“ဒီတစ်ကောင်ကို ဘယ်လောက်လဲ”

နာရီဝက်ခန့် ကြာပြီးနောက်တွင် အပြာရောင် ပိုးထည်ဝတ်ရုံ ဝတ်ဆင်ထားသော သက်လတ်ပိုင်း အမျိုးသားတစ်ဦးသည် လမ်းလျှောက်လာရင်း ရပ်တန့်ကာ ဝံပုလွေနှစ်ကောင်ကို စိတ်ဝင်တစား လှန်လှောကြည့်ရှုလျက် မေးမြန်းလိုက်သည်။

ထိုသူ၏ ခမ်းနားသော ဝတ်စားဆင်ယင်မှုနှင့် ထူးခြားသော အမူအရာကို မြင်လိုက်ရသဖြင့် လုံယီသည် ရောင်းထွက်ရန် အခွင့်အလမ်းရှိပြီဟု တွေးလိုက်မိသည်။

“ငွေ တစ်ပြားပါ”

သူက ဈေးပြောလိုက်သည်။

ယခင်က မုဆိုးများသည် ဝံပုလွေများကို ဈေးကွက်အတွင်း ဝမ် ခြောက်ရာမှ ရှစ်ရာဝန်းကျင်ဖြင့်သာ ရောင်းချလေ့ရှိသော်လည်း ၎င်းတို့မှာ အများအားဖြင့် မီးခိုးရောင် ဝံပုလွေများသာ ဖြစ်သည်။

ယခု ထိုသူ သဘောကျနေသော ဝံပုလွေမှာ သားရေတစ်ခုလုံး အကောင်းအတိုင်း ရှိသည့်အပြင် အရောင်မှာလည်း တွေ့ရခဲသော အညိုရင့်ရောင် ဖြစ်နေသည်။ ရှားပါးလေ တန်ဖိုးရှိလေဟူသော စကားအတိုင်း လုံယီက ငွေတစ်ပြားမှာ မဈေးကြီးဟု ယူဆထားသည်။

အပြာရောင်ဝတ်စုံနှင့် အမျိုးသားက ခဏမျှ စဉ်းစားပြီးနောက် “ကောင်းပြီ” ဟု ခေါင်းညိတ်လိုက်သည်။

ထို့နောက် သူသည် ငွေစတစ်စကို လုံယီထံသို့ ပေါ့ပေါ့ပါးပါးပင် ပစ်ပေးလိုက်၏။

“ဒါကို လန်အထည်ဆိုင်ကို ပို့ပေးလိုက်ပါ”

“ဟုတ်ကဲ့ အခုချက်ချင်း ပို့ပေးပါ့မယ်”

လုံယီက ဝမ်းသာအားရ သဘောတူလိုက်သည်။

သူသည် ငွေစကို လက်ထဲ၌ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း ပူပြင်းသော နေ့တစ်နေ့တွင် ရေခဲစားလိုက်ရသကဲ့သို့ လန်းဆန်းမှုကို ခံစားနေရတော့သည်။

ငွေတစ်ပြားဆိုသည်မှာ ကြေးဒင်္ဂါး တစ်ထောင်နှင့် ညီမျှရာ လုံယီတစ်ယောက် ဤမျှအထိ ချမ်းသာကြွယ်ဝဖူးခြင်း မရှိခဲ့ချေ။

လန်အထည်ဆိုင်သည် ဈေးနှင့်ကပ်လျက် ကုန်သွယ်ရေးလမ်းမပေါ်တွင် တည်ရှိပြီး ဆင်ရှန်းနယ်မြေ၏ အကြီးဆုံး အထည်ဆိုင်ကြီး ဖြစ်သည်။ ထိုင်မြို့ မြို့မတွင်လည်း ဆိုင်ခွဲရှိသည်ဟု ဆိုကြသည်။

ဝံပုလွေကို ပို့ဆောင်ပြီးနောက် လုံယီသည် ဝမ်းဗိုက်ခွဲထားသော ကျန်ဝံပုလွေတစ်ကောင်ကို ရောင်းရန် ပြန်လာခဲ့သည်။ လမ်းတွင် သစ်ခုတ်ဖော် လျိုဇီနှင့် ဆုံသဖြင့် ကျားမိသားစုမှ တာဝန်ခံ ဖက်တီးရန်ထံတွင် ခွင့်တိုင်ပေးရန် မှာကြားလိုက်သည်။

ကျန်ရှိသော ဝံပုလွေမှာ ရောင်းရခက်ခဲနေသည်။ သားရေမှာ ပျက်စီးနေပြီး သွေးစိုနေသော အသားများ ပေါ်နေသဖြင့် ကြည့်ရသည်မှာ ဆွဲဆောင်မှုမရှိပေ။ ချမ်းသာသူများက သဘောမကျသလို ဆင်းရဲသူများကလည်း မဝယ်နိုင်ကြချေ။

မွန်းတည့်ချိန် ရောက်မှသာ လူတစ်ဦးက သားရေအတွက် ဝမ်လေးရာပေးမည်ဟု ကမ်းလှမ်းလာသည်။ လုံယီသည် စောင့်ရသည်မှာ ပျင်းရိလာသဖြင့် သဘောတူလိုက်ပြီး ထိုနေရာ၌ပင် သားရေကို ခွာပေးလိုက်တော့သည်။

ကျန်ရှိနေသော အသားများမှာ အတော်ပင် များပြားလှရာ သူ အလဟသ အဖြစ်မခံနိုင်ပေ။ အချို့ကို ရောင်းချပြီး ကျန်သောအသားများကို အိမ်သို့ ယူဆောင်လာခဲ့သည်။

...

ဝံပုလွေသားမှာ ပေါင် ၃၀၊ ၄၀ ခန့် ရှိနေသဖြင့် တစ်ယောက်တည်း စားရန်မှာ အလွန်များပြားလှသည်။ ဆားဖြင့် သိမ်းဆည်းရန်မှာလည်း တွက်ခြေမကိုက်ပေ။ ဤခေတ်ကာလတွင် ဆားမှာ အသားထက်ပင် ပို၍ ဈေးကြီးနေသောကြောင့် ဖြစ်သည်။

လုံယီသည် ဝံပုလွေသား ငါးပေါင်ခန့်ကို လှီးဖြတ်ကာ ဂူမိသားစုထံသို့ သွားရောက်ပေးအပ်လိုက်သည်။

“ဒါက များလွန်းပါတယ်ကွယ်။ တကယ့်ကို တန်ဖိုးရှိတဲ့ အသားတွေပဲ”

ဒေါ်လေးဂူမှာ ဝမ်းသာသည်ထက် အံ့ဩသွားပြီး လက်ကာပြကာ ငြင်းဆိုနေရှာသည်။

“အဒေါ်... ယူထားလိုက်ပါ။ နောက်မှ စားစရာကောင်းတာရှိရင် ကျွန်တော့်ကို သတိရပေးရင် ရပါပြီ”

လုံယီက ပြုံးလျက် ပြောဆိုကာ အသားများကို သူမ၏လက်ထဲသို့ အတင်းထည့်ပေးပြီး ထွက်လာခဲ့သည်။

ဒေါ်လေးဂူနှင့် သူမ၏သား ဂူယုံတို့မှာ မျက်လုံးအပြူးသားဖြင့် ကျန်ရစ်ခဲ့ကြတော့သည်။

“ဟယ်... အာယီကတော့ တကယ့်ကို သဒ္ဓါတရား ထက်သန်တာပဲ။ ငါတို့သမီးလေးတောင် ဝံပုလွေသား မစားဖူးသေးဘူး။ ဒီတစ်သက် စားရပါ့မလားတောင် မသိဘူး”

အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် ဒေါ်လေးကောင်းမှာ အပြင်ထွက်၍ ဟင်းရွက်ရွေးနေစဉ် လုံယီက ဂူမိသားစုကို အသားပေးသည်ကို မြင်တွေ့သွားပြီး မနာလိုဟန်ဖြင့် လှမ်းပြောလိုက်သည်။

လုံယီက သူမကို ပြုံးပြလိုက်သော်လည်း ဘာမှပြန်မပြောခဲ့ပေ။

သူ စွမ်းအင်ရှာရန် ပေါက်ပြား အသည်းအသန် လိုအပ်နေစဉ်က အိမ်နီးချင်းများထဲတွင် ဂူမိသားစု တစ်စုတည်းကသာ သူ့ကို ကူညီခဲ့ခြင်း ဖြစ်သည်။ ထိုကျေးဇူးကို လုံယီ အမြဲမှတ်သားထားသည်။ အခြားသူများမှာမူ သူခက်ခဲနေစဉ်က လှည့်ပင်မကြည့်ခဲ့ဘဲ ယခုမှ အကျိုးအမြတ်ကို မြင်သဖြင့် စကားချိုသွေးကာ လာကပ်နေကြခြင်း ဖြစ်ရာ လုံယီမှာ ထိုမျှ အ လိုက်သူ မဟုတ်ပေ။

သူသည် ကျန်ရှိသော ဝံပုလွေသားများကို ခွဲခြားကာ တစ်ဝက်ကို မြက်ခြောက်များ ခံထားသည့် ခြင်းတောင်းထဲ ထည့်ပြီး အိမ်နီးချင်း တိုက်ဟယ်ရွာသို့ ထွက်ခွာခဲ့သည်။

အဝေးမှပင် ချန်မိသားစု အိမ်ရှေ့ရှိ ဟင်းသီးဟင်းရွက် စိုက်ခင်းထဲတွင် ပေါင်းမြက်များကို ကြိုးကြိုးစားစား နုတ်နေသော ကလေးငယ်တစ်ဦးကို မြင်လိုက်ရသည်။

‘ဆင်းရဲသားရဲ့ သားသမီးက အိမ်ထောင်မှုကို စောစောဦးဆောင်ရတယ်’ ဟူသော စကားမှာ လုံယီ၏ စိတ်ထဲတွင် ပေါ်လာတော့သည်။

“ဒိုကီ”

ထိုပုံရိပ်ငယ်လေးမှာ ရုတ်တရက် မော့ကြည့်လာရာ ပေရေနေသော မျက်နှာထက်တွင် ပဲစေ့လေးနှစ်စေ့ကဲ့သို့ တောက်ပနေသည့် နက်မှောင်သော မျက်လုံးအစုံကိုသာ မြင်တွေ့ရတော့သည်။

“ဦးလေးလုံပါလား”

ဒိုကီသည် စိုက်ခင်းထဲမှ ပြေးထွက်လာကာ “အမေ အိမ်မှာမရှိဘူးဗျ။ အပြင်သွားတယ်။ ဦးလေးလုံ ဘာကိစ္စရှိလို့လဲဟင်” ဟု မေးလိုက်သည်။

“မင်းတို့အတွက် အသားလာပေးတာလေ”

လုံယီသည် ခြင်းတောင်းပေါ်မှ အုပ်ထားသော အဝတ်ကို ဖယ်လိုက်ရာ အတွင်းရှိ အသားပုံကြီး ပေါ်လာတော့သည်။

“အသားတွေ အများကြီးပဲ...”

ဒိုကီ၏ မျက်လုံးများမှာ အရောင်တောက်သွားတော့သည်။

သာမန်မိသားစုတစ်ခုအတွက် တစ်လလျှင် တစ်ကြိမ်ခန့် အသားစားရလျှင်ပင် ကံကောင်းသည်ဟု မှတ်ယူရသောကြောင့် ဖြစ်သည်။

လုံယီက ပြုံးလျက် ဒိုကီ၏ ဆံပင်များကို ဖွပေးလိုက်ပြီးနောက် နောက်ကွယ်မှ အနီရောင်အရာတစ်ခုကို ထုတ်ပြလိုက်သည်။

“ကြည့်စမ်း ဒါ ဘာလဲ”

“ဟယ်... သကြားသီးလား”

ဒိုကီသည် ဝမ်းသာအားရဖြင့် သုံးပေခန့်ပင် မြင့်တက်အောင် ခုန်ပေါက်လိုက်ပြီး သွားရည်များပင် ကျလာတော့သည်။

သကြားသီးကို အရသာခံ စားနေသော ဒိုကီကို ကြည့်ရင်း လုံယီ၏ စိတ်ထဲတွင် အေးချမ်းမှုကို ခံစားလိုက်ရသည်။

‘အားလုံး အဆင်ပြေသွားမှာပါ’

သူ တွေးလိုက်မိသည်။

အမှန်တကယ်ပင် လုံယီ၏ အခြေအနေများမှာ တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာခဲ့သည်။

ခွန်အားများ တိုးလာသည်နှင့်အမျှ သူ၏ သစ်ခုတ်နိုင်စွမ်းမှာလည်း ဆက်လက်မြင့်မားလာရာ ယခုအခါ တစ်နေ့လျှင် သစ်ပင် ခုနစ်ပင်၊ ရှစ်ပင်ခန့်မှာ ပုံမှန်ပင် ဖြစ်နေပြီဖြစ်သည်။ ၎င်းမှာ သာမန်သစ်ခုတ်သမားတစ်ဦး၏ လုပ်အားထက် နှစ်ဆကျော် ပိုမိုများပြားနေခြင်း ဖြစ်သည်။

ဤသည်မှာ သူ၏ ခွန်အားကို အကုန်မသုံးဘဲ ထိန်းထားခြင်းပင်။

သူ၏ သစ်ခုတ်နှုန်းမှာ သိသိသာသာ မြန်ဆန်လာခြင်းကြောင့် တစ်စုံတစ်ဦး၏ သတိထားမိခြင်းကို ခံရမည်ဟု သူ ထင်ခဲ့သော်လည်း အမှန်တကယ်တွင်မူ ဤကဲ့သို့ နိမ့်ကျသော အလုပ်ကို မည်သူမျှ စိတ်မဝင်စားကြချေ။

ထိုအစား ဝံပုလွေနှစ်ကောင်ကို သတ်နိုင်ခဲ့သည့် သူ၏ စွမ်းဆောင်ရည်မှာမူ ဟိုးဟိုးကျော် သွားခဲ့သည်။ သူ၏ဖခင် ပညာရှိလုံ၏ ကျန်ရှိခဲ့သော ဂုဏ်သတင်းနှင့် ပေါင်းစပ်လိုက်သောအခါ ဒေသတွင်း၌ လူပြောအများဆုံး ကိစ္စတစ်ခု ဖြစ်လာတော့သည်။

“ကြားပြီးပြီလား။ ပညာရှိလုံရဲ့သားက တော်တော်သန်မာတာတဲ့။ ဝံပုလွေနှစ်ကောင်ကို တစ်ယောက်တည်းနဲ့ သတ်ပစ်လိုက်တာလေ”

“ပညာရှိလုံရဲ့ တစ်ဦးတည်းသောသားက ဝံပုလွေငါးကောင်နဲ့ ရင်ဆိုင်ရတာတောင် နှစ်ကောင်ကို သတ်ပြီး ကျန်တဲ့ကောင်တွေကို မောင်းထုတ်လိုက်တာတဲ့ဟ”

“ပညာရှိလုံရဲ့သားက ပုဆိန်တစ်လက်တည်းနဲ့ ဝံပုလွေတစ်ကျိပ်ကို လိုက်ခုတ်တာတဲ့ဗျို့”

ကျားမိသားစုမှ တာဝန်ခံ ဖက်တီးရန်ပင်လျှင် လုံယီအပေါ် ပိုမိုယဉ်ကျေးလာပြီး ရံဖန်ရံခါ အလုပ်နောက်ကျခြင်း သို့မဟုတ် စောပြန်ခြင်းများကိုပင် မကန့်ကွက်တော့ပေ။

ထို့ပြင် နောက်ထပ် ဝံပုလွေများ ရလာပါက ကျားမိသားစုက အကုန်ဝယ်မည်ဖြစ်သဖြင့် သူ့ထံသို့ လာပို့ရန်ပင် မှာကြားထားသေးသည်။

အယ်ဟယ်ရွာထဲတွင်လည်း အချို့သော အိမ်နီးချင်းများမှာ လုံယီကို ဦးစွာ နှုတ်ဆက်လာကြတော့သည်။

ဒေါ်လေးကောင်း၊ ဒေါ်လေးချန်း၊ ဦးလေးကိန်း၊ လက်သမားရှု၏မိခင်နှင့် အဖွားဒင်... စသည့် ရွာသူရွာသားများမှာ ယခင်က လုံယီကို မြင်လျှင်ပင် မမြင်ချင်ယောင်ဆောင်နေခဲ့ကြသူများ ဖြစ်သည်။

သို့သော် ယခုမူ လုံယီ၏ ကိုယ်ပိုင်ခွန်အားနှင့် သတ္တိကို လူအများက လေးစားလာကြသည့် သဘောပင်။ ဤခေတ်ကာလတွင် မိသားစုတစ်ခုခု၌ သားရဲတိရစ္ဆာန် အန္တရာယ်ဖြစ်စေ၊ အခြားသော အကြမ်းဖက်ဖြေရှင်းရမည့် ပြဿနာဖြစ်စေ ကြုံလာရပါက ခွန်အားရှိသူကိုသာ အားကိုးရမည်မဟုတ်ပါလား။

အခြေအနေများ တဖြည်းဖြည်း ကောင်းမွန်လာသော်လည်း လုံယီ၌ စိုးရိမ်ပူပန်မှုများ ရှိနေဆဲပင်။

ခန္ဓာကိုယ် သန်မာထွားကြိုင်းလာသည်နှင့်အမျှ သူ၏ စားနိုင်စွမ်းမှာလည်း သိသိသာသာ တိုးလာခဲ့ရာ အသားငါး လိုအပ်ချက်မှာ အလွန်မြင့်မားလာခဲ့သည်။ သစ်ခုတ်၍ရသော အပိုဝင်ငွေ အများစုမှာ စားစရိတ်၌ပင် ကုန်ဆုံးနေရ၏။

ထို့ပြင် စွမ်းအင်စုဆောင်းရမှုမှာလည်း စိတ်ပျက်စရာကောင်းလောက်အောင် နှေးကွေးနေပြီး ဆယ်ရက်ခန့် ကြာမှပင် အနည်းငယ်သာ တိုးလာခဲ့သည်။

စွမ်းအင်ရရှိရန် သတ်မှတ်ချက်မှာ အလွန်တင်းကျပ်လှသည်။ ပုံမှန်မဟုတ်သော အကြောင်းရင်းကြောင့် သေဆုံးသူနှင့် အနီးကပ် ထိတွေ့မှုရှိရန် လိုအပ်သောကြောင့်ပင်။

ဆင်ရှန်းနယ်မြေနှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် လူဦးရေ တစ်သောင်းခန့်သာ ရှိသည်။ ဤခေတ်တွင် သေဆုံးနှုန်း မြင့်မားသည်ဟု ဆိုသော်လည်း အများစုမှာ သဘာဝအတိုင်း အသက်ကြီး၍ သေဆုံးကြသူများ ဖြစ်သည်။

အဆိုးဆုံးမှာ သတင်းအချက်အလက် စီးဆင်းမှု နှေးကွေးခြင်းပင်။ ရွာတစ်ရွာ၌ လူတစ်ယောက် သေဆုံးသွားပါက လုံယီအနေဖြင့် အချိန်မီ သိရှိနိုင်ရန်မှာ လွယ်ကူသော ကိစ္စမဟုတ်ပေ။

‘ဒီပြဿနာကို မြန်မြန်ဖြေရှင်းရမယ်’

လုံယီ သဘောပေါက်လိုက်သည်။ စွမ်းအင်သည် သူ၏ ရှင်သန်ရပ်တည်ရေးအတွက် အခြေခံအကျဆုံး အရာဖြစ်နေသောကြောင့်ပင်။

...

ယနေ့တွင်မူ...

နံနက်စောစော လုံယီ အိမ်ပြင်သို့ ထွက်လာစဉ် ချီမိသားစု၏ ဒုတိယသား ချီဟုတစ်ယောက် မြင်းပေါ်သို့ ကျွမ်းကျင်စွာ တက်နေသည်ကို တွေ့လိုက်ရသည်။ သူသည် လေးသည်တော် ဝတ်စုံကို အပြည့်အစုံ ဝတ်ဆင်ထားပြီး မြင်းကုန်းနှီးဘေးတွင် ထုပ်ပိုးထားသော အထုပ်ကြီးတစ်ထုပ်ကို ချိတ်ဆွဲထားသည်။

သူ့နောက်တွင်မူ ဆွေမျိုးသားချင်း တစ်အုပ်တစ်မက ဂရုစိုက်ပါ၊ တာဝန်ကို သတိထားပါနှင့် ဓားရေးလှံရေးကို ဆင်ခြင်ပါ စသည်ဖြင့် လိုက်လံနှုတ်ဆက်နေကြသည်။

‘နောက်ဆုံးတော့ သူ သွားတော့မှာပဲ’

လုံယီ တွေးလိုက်မိသည်။

ချီဟု ပြန်ရောက်လာသည့်နေ့မှစ၍ ချီမိသားစုမှာ ပိုမို၍ မောက်မာလာခဲ့ကြသည်။ လူဝလေး ချီချိုင်ပင်လျှင် သူတို့၏ခွေးကို အပြင်သို့ ပို၍ ခဏခဏ ထုတ်ခေါ်နေတတ်သည်။

ထိုစဉ် ချီဟု၏ အကြည့်မှာ လုံယီထံသို့ ကျရောက်လာပြီး သိမ်းငှက်တစ်ကောင်ကဲ့သို့ အကဲခတ်လိုက်သည်။

“မင်း ဝံပုလွေနှစ်ကောင် သတ်လိုက်တယ်လို့ ကြားတယ် မဆိုးပါဘူး”

ဒုတိယသား ချီဟုအနေဖြင့် လုံယီကို နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် စကားပြောခြင်း ဖြစ်သည်။ သူ၏ လေသံမှာ အေးစက်နေပြီး အထက်စီးဆန်သော အငွေ့အသက်များ ပါဝင်နေသည်။

ချီးမွမ်းစကားဟု ဆိုသော်လည်း အမှန်တကယ်တွင်မူ သူ၏အမြင်၌ ‘ဒီလောက်ကတော့ သာမန်ပါပဲ’ ဟု ပြောလိုက်သကဲ့သို့ပင်။

“ရပါတယ်... ဝံပုလွေသတ်ရတာက လူသတ်ရတာထက် ပိုလွယ်လိမ့်မယ် ထင်လို့ပါ”

လုံယီက အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ချီဟု၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားပြီး လုံယီကို ကြည့်သော အကြည့်မှာ စူးရှသွားတော့သည်။

သူသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးနောက် မြင်းကို ဒုန်းစိုင်းနှင်၍ ထွက်ခွာသွားတော့သည်။

ထိုအချိန်တွင် ဆင်ရှန်းနယ်မြေမှ မိုင် ၃၀ ခန့်ဝေးသော နေဝင်တောင်ခြေ၌ စစ်သည်တော် အတော်များများ စုရုံးကာ စခန်းချလျက် တစ်စုံတစ်ခုကို စတင်လုပ်ဆောင်ရန် ပြင်ဆင်နေကြပေတော့သည်။

အခန်း။ ၁၀

“သတ်ကြ”

“မြန်မြန်ပြေးကြတော့။ လူသတ်သမား နင်ရှုံ ရောက်လာပြီ”

“တောက်... ငါတို့တွေ ဒီအစိုးရစစ်သားတွေ ခင်းထားတဲ့ ထောင်ချောက်ထဲကို ကျသွားပြီဟေ့”

ခေါင်းတွင် အနီရောင်ပတ်တီးများ စည်းထားပြီး အနက်ရောင် ဖျင်ကြမ်းအင်္ကျီများ ဝတ်ဆင်ထားသော လူ ၇၀၊ ၈၀ ခန့်ရှိသော အုပ်စုတစ်စုမှာ ဓားများကို ကိုင်စွဲလျက် ရန်သူများ၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံနေရသည်။ သဋတို့၏ အသားအရေမှာ ညိုမည်းကြမ်းတမ်းပြီး ဆံပင်ဖရိုဖရဲနှင့် ရှိနေကြကာ အသက်ဘေးနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။

သူတို့မှာ တစ်ကိုယ်လုံး သွေးချင်းချင်းနီလျက် ဒေါသတကြီး ကြုံးဝါးကာ ထွက်ပေါက်ရရန် အသည်းအသန် တိုက်ခိုက်နေကြသည်။ သို့သော် ကံဆိုးသည်မှာ တစ်ဖက်ရန်သူများမှာ ကြိုတင်ပြင်ဆင်မှု ကောင်းမွန်လှပြီး ရံဖန်ရံခါ ပစ်ခတ်လိုက်သော မြားချက်များမှာပင် ထိုလူများ၏ လွတ်မြောက်လိုသော မျှော်လင့်ချက်ကို ရိုက်ချိုးရန် လုံလောက်နေခဲ့သည်။

ထို့ပြင် အစိုးရစစ်သားများထဲတွင် သာမန်လူထက် သိုင်းပညာ အဆပေါင်းများစွာ သာလွန်သော ခက်ထန်သည့် စစ်သည်တော် နှစ်ဦး ပါဝင်နေသည်။

တစ်ဦးမှာ ခန္ဓာကိုယ် ထွားကြိုင်းပြီး မုတ်ဆိတ်ဗရပွနှင့် ဖြစ်သည်။ သူသည် အင်္ကျီမဝတ်ဘဲ ဗလာကျင်းထားရာ တစ်ကိုယ်လုံး၌ ဓားဒဏ်ရာ အမာရွတ်များဖြင့် ပြည့်နှက်နေ၏။ သူသည် ဆူးချွန်များပါသော ဝံပုလွေစွယ်တုတ်ကောက်ကြီးကို ‘ဝေါ... ဝေါ’ ဟု မြည်အောင် ဝှေ့ယမ်းကာ တိုက်ခိုက်နေသည်။ ထိုတုတ်နှင့် ရိုက်မိသူတိုင်းမှာ ချက်ချင်းပင် အသက်ပျောက်ရပြီး သူတို့၏ အသားနှင့် သွေးများမှာလည်း မှတ်မိ၍မရအောင် ကြေမွပျက်စီးသွားကြရသည်။

အခြားတစ်ဦးမှာမူ အနည်းငယ် ပိန်သော်လည်း အရပ် ၁.၉ မီတာကျော် မြင့်မားသည်။ မျက်နှာတွင် သံမျက်နှာဖုံးတစ်ဝက်ကို တပ်ဆင်ထားပြီး ညာဘက်လက်ဖျံမှာ ပြတ်နေကာ တောက်ပသော ငွေရောင်ချိတ်တစ်ခုကို တပ်ဆင်ထားသည်။ ဤလူမှာ သတ်ဖြတ်ရာတွင် ပို၍ပင် ရက်စက်လှသည်။ ငွေရောင်ချိတ်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် ရန်သူ၏ လည်ပတ်ကို ဖောက်ထွင်းသွားစေပြီး သူ၏မျက်နှာပေါ်သို့ စင်လာသော သွေးများကို လျှာဖြင့် ရက်ကြည့်နေတတ်သေးသည်။

ခေါင်းတွင် အနီရောင်စည်းထားသော လူအများစုမှာ ဤနှစ်ဦး၏လက်ချက်ဖြင့် သေဆုံးနေကြရခြင်း ဖြစ်သည်။

“နေဝင်တောင်ခြေက ဓားပြတွေကလည်း ပြောသလောက် မဟုတ်ပါလား”

နောက်တန်းမှနေ၍ တိုက်ပွဲကို အေးအေးဆေးဆေး ကြည့်နေသော လူငယ်တစ်ဦးက မှတ်ချက်ပေးလိုက်သည်။

ထို့နောက် “ချီဟု... မင်းလည်း သွားပြီး မင်းရဲ့စွမ်းရည်ကို ထုတ်မပြဘူးလား” ဟု မေးလိုက်၏။

သူအမည်ခေါ်လိုက်သောသူမှာ လုံယီ၏ အိမ်နီးချင်း ချီမိသားစု၏ ဒုတိယသား ချီဟုပင်။ ယခုအခါ သူသည် သူ၏ အနက်ရောင် ဝတ်စုံကို ချွတ်ထားပြီး ရင်ဘတ်နှင့် ကျောဘက်ကိုသာ ကာကွယ်ပေးနိုင်သော အနက်ရောင် သံပြားချပ် ဝတ်စုံကို ဝတ်ဆင်ထားသည်။

ချီဟုက အေးစက်စွာဖြင့် “နင်ရှုံနဲ့ ရှန်းဖန်း ရှိနေသရွှေ့တော့ ဒီဓားပြတွေက အိုးထဲက လိပ်တွေပါပဲ။ ကျွန်တော့်ရဲ့ တာဝန်က စစ်ဆေးရေးမှူးကြီး ဘေးကင်းဖို့ပဲ။ ဒီဓားပြတွေရဲ့ ခေါင်းက ဘယ်လောက်ပဲ တန်ဖိုးရှိရှိ သခင်ကြီးရဲ့ ဆံပင်တစ်ပင်နဲ့တောင် မလဲနိုင်ပါဘူး” ဟု ပြန်ဖြေလိုက်သည်။

သူတို့ဘေးတွင် ရှိနေသော ချီဟုတို့ ကာကွယ်ပေးထားသည့် ဆင်ရှန်းစစ်ဆေးရေးမှူးမှာ အစိမ်းရောင် အရာရှိဝတ်စုံကို ဝတ်ဆင်ထားပြီး ထိုစကားကို ကြားသောအခါ ချီဟုကို ချီးမွမ်းသော မျက်နှာပေးဖြင့် “ချီဟုလေးက တည်ငြိမ်ပြီး စစ်သူကြီးတစ်ဦးရဲ့ အရည်အချင်းမျိုး ရှိတာပဲ” ဟု ပြောလိုက်သည်။

‘ဘာ စစ်သူကြီး အရည်အချင်းလဲ။ ဖားစားပြီး အသားလှနေတဲ့ ကောင်လေးပဲဟာ’

ချီဟုကို အမည်ခေါ်ခဲ့သော လူငယ်က စိတ်ထဲမှ မနာလိုစွာဖြင့် ကြိမ်ဆဲနေမိသည်။ သို့သော် ချီဟု၏ ဖြူဝင်းသော အသားအရေနှင့် ချောမောသော ရုပ်ရည်ကို ကြည့်ကာ မနာလိုစိတ်ကို မထိန်းနိုင်ဖြစ်နေရသည်။

စစ်ဆေးရေးမှူးက ဆက်လက်၍ “ငါတို့ရဲ့ ရည်မှန်းချက်က ဒီဓားပြ အနည်းငယ်ကို သတ်ဖို့တင် မဟုတ်ဘူး။ တောင်ပေါ်မှာရှိတဲ့ ဓားပြ အဓိကအင်အားစုတွေကို အောက်ဆင်းလာအောင် မျှားခေါ်ဖို့ပဲ” ဟု ပြောလိုက်သည်။

“ဒီတစ်ကြိမ်မှာတော့ ငါ့မာန်မာနကို ခေတ္တဘေးဖယ်ထားပြီး အနီးနားက ယုံအန်းရွာက လူအတော်များများကိုပါ အကူအညီတောင်းထားရတာ။ အကယ်၍ ငါတို့သာ ဒီကိစ္စကို မြန်မြန်မဖြေရှင်းနိုင်ရင် ထိုင်မြိုက လူကြီးတွေ ငါတို့ကို တာဝန်ခံခိုင်းကြတော့မှာပဲ”

စစ်ဆေးရေးမှူး၏ ဘေးပတ်ပတ်လည်ရှိ ချုံပုတ်များထဲတွင် မမျှော်လင့်ဘဲ လေးသည်တော် ငါးဆယ်၊ ခြောက်ဆယ်ခန့် ပုန်းအောင်းနေကြပြီး ရှေ့ရှိ နေဝင်တောင်ခြေမှ လှုပ်ရှားမှုများကို စူးစမ်းကြည့်ရှုနေကြသည်။

နေဝင်တောင်ခြေမှာ အမြင့်ပေပေါင်း သုံးထောင်ကျော် မြင့်မားပြီး မတ်စောက်လှသဖြင့် ခုခံရန် လွယ်ကူသော်လည်း တိုက်ခိုက်ရန် အလွန်ခက်ခဲသော မြေပြင်အနေအထား ရှိသည်။

တောင်ပေါ်ရှိ ခံတပ်တံခါးဝတွင်လည်း ဓားပြအုပ်စုတစ်စု ရှိနေပြီး အင်အား တစ်ရာခန့် ရှိမည်

ဖြစ်သည်။ သူတို့သည် အောက်ခြေမှ ပြင်းထန်သော တိုက်ပွဲကိုကြည့်ကာ တင်းမာနေကြပြီး တိုက်ပွဲထဲသို့ ဝင်ရောက်ရန် လက်ယားနေကြသည်။

သူတို့ကို ဦးဆောင်နေသူမှာ အသက် ၃၀ ခန့်ရှိမည့် အမျိုးသားတစ်ဦးဖြစ်ပြီး ဝက်ဝံတစ်ကောင်ကဲ့သို့ ထွားကြိုင်းလှသည်။ ကြွက်သားများမှာလည်း တောင့်တင်းကာ သူ၏ခါးမှာ သာမန်လူထက် နှစ်ဆမျှ ပိုကြီးသည်။

သူ၏ ပြောင်လက်နေသော ကတုံးခေါင်းနှင့် အရုပ်ဆိုးသော မျက်နှာမှာ ထင်ရှားလှပြီး လှပသော အနီရောင် ဝတ်ရုံကို ခြုံထားကာ ခါးတွင် ကိုးကွင်းဓားမကြီးကို ချိတ်ဆွဲထားသည်။ သူ့အနားသို့ ချဉ်းကပ်လိုက်ရုံနှင့် သူ၏ သွေးချီမည်မျှ ပြည့်ဝကြောင်း ဖော်ပြနေသည့် အပူငွေ့လှိုင်းတစ်ခုကို ခံစားရနိုင်သည်။

“ခေါင်းဆောင်ကြီး... ကျွန်တော်တို့ အောက်ဆင်းပြီး တတိယခေါင်းဆောင်နဲ့ တခြားလူတွေကို သွားကယ်ကြမလားဗျာ”

တစ်ဦးက မနေနိုင်ဘဲ အော်ဟစ်မေးမြန်းလိုက်သည်။

“လူသတ်သမားနဲ့ သံလက်သီးတို့ ဘယ်လောက်ပဲ ရက်စက်ပါစေ။ သူတို့နှစ်ယောက်ပေါင်းရင်တောင် ခေါင်းဆောင်ကြီးကို မယှဉ်နိုင်ပါဘူး”

နောက်တစ်ဦးကလည်း ထောက်ခံလိုက်သည်။

“ငတုံးတွေ”

ထိုအရုပ်ဆိုးသော ကတုံးကြီးက နှာခေါင်းရှုံ့လျက် လှောင်ပြောင်လိုက်ပြီး “အစိုးရစစ်သားတွေက မြွေကို တွင်းထဲကထွက်အောင် မျှားဖို့ ထောင်ချောက်ဆင်ထားမှာ မဟုတ်ဘူးလို့ မင်းတို့ ထင်နေတာလား”

“မင်းတို့က အဲဒီ အလိုက်မသိတဲ့ မြွေဖြစ်ချင်ကြတာလား”

“ငါတို့ တောင်ပေါ်မှာ ဘေးကင်းကင်း နေသရွှေ့ သူတို့ တိုက်ခိုက်ဖို့ မဝံ့ရဲသလို တိုက်ခိုက်လို့လည်း မရဘူး။ ထိုင်မြို့က စစ်အင်အားတွေ ဝင်မပါသရွှေ့ပေါ့”

“ခေါင်းဆောင်ကြီးက တကယ့်ကို ပညာရှိတာပဲ”

ညှိုးငယ်သော မျက်နှာထားနှင့် ဆံပင်ကို တာအိုဘုန်းကြီးများကဲ့သို့ ထုံးထားသော အဖိုးကြီးတစ်ဦးက လက်ခုပ်တီးကာ ချီးမွမ်းလိုက်သည်။

“အကယ်၍ ငါတို့သာ ဒီစစ်သားတွေကို သတ်ပစ်လိုက်ရင် ထိုင်မြို့က သေချာပေါက် ကလဲ့စားလာချေလိမ့်မယ်။ အဲဒီအခါ ငါတို့ဆီကို မိုးကြိုးပစ်သလို ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ရောက်လာလိမ့်မယ်”

“ဒီမုန်တိုင်း ပြီးသွားတာနဲ့ ညီအစ်ကိုတို့ တောင်အောက်ဆင်းပြီး ဘဝကို လွတ်လွတ်လပ်လပ် ပျော်ပါးနိုင်ပြီ။ မိန်းမနဲ့ အရက်ဆိုတာ လက်တစ်ကမ်းမှာပဲ ရှိတော့မှာ”

ဒုတိယခေါင်းဆောင်ကပါ ထောက်ခံပြောဆိုသည်ကို မြင်သောအခါ ကျန်ရှိသောသူများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ မည်သူမျှ ဆက်လက် ကန့်ကွက်ခြင်းမပြုတော့ပေ။

တောင်ပေါ်တွင် အစီအစဉ်များ ချမှတ်ပြီး ဘာမှမလုပ်ဘဲ ငြိမ်နေရန် ဆုံးဖြတ်လိုက်ကြသည်။

တစ်ချိန်တည်းမှာပင် တောင်အောက်၌ စစ်ဆေးရေးမှူးမှာ အချိန်အတော်ကြာ စောင့်ဆိုင်းပြီးနောက် သူ၏ အစီအစဉ် မအောင်မြင်ကြောင်း သိလိုက်ရသဖြင့် ဝိုင်းရံထားသော ဓားပြများကို ဖမ်းဆီးရန် သို့မဟုတ် သတ်ဖြတ်ရန် အမိန့်ပေးလိုက်တော့သည်။

“အရှင်လတ်လတ် မိတဲ့သူတွေကို အကျဉ်းထောင်ထဲ ထည့်လိုက်။ ကျန်တဲ့သူတွေကိုတော့ လောလောဆယ် ဒီအတိုင်း ထားလိုက်တော့”

စစ်ဆေးရေးမှူးမှာ မကျေမနပ်ဖြစ်နေသော မျက်နှာဖြင့် မြင်းကိုစီးကာ ထွက်ခွာသွားသည်။

သူ့ဘေးတွင် ချီဟုမှာ မြင်းခေါင်းချင်း ယှဉ်လျက် လိုက်ပါလာရာ သူသည် အတော်ပင် မျက်နှာသာပေးခြင်း ခံရပုံရသည်။

ထိုစဉ်အတောအတွင်း...

အယ်ဟယ်ရွာတွင် နေထိုင်သော လုံယီမှာမူ မိုင်ပေါင်းများစွာ အဝေးတွင် ဤကဲ့သို့ ကြီးမားသော အဖြစ်အပျက်များ ဖြစ်ပျက်နေသည်ကို မသိရှိရှာပေ။

သူ၏ ဘဝမှာ သစ်ခုတ်ခြင်းနှင့် ဂူတူးခြင်းကြား၌သာ ထုံးစံအတိုင်း ငြီးငွေ့ဖွယ်ရာ လည်ပတ်နေပေတော့သည်။

အမှန်စင်စစ် သူသည် မည်သည့်အိမ်တွင် လူနာရေးကိစ္စရှိသည်ကို ကြိုတင်သိရှိပါက ထိုသူကို သိသည်ဖြစ်စေ မသိသည်ဖြစ်စေ သဘာဝအတိုင်း သေဆုံးသည်ဟု ကြားသိရသည်ဖြစ်စေ လူကိုယ်တိုင် သွားရောက်၍ အရိုအသေပြုကာ အခြေအနေကို အတည်ပြုလေ့ရှိသည်။

အကြောင်းမှာ ကျေးလက်ဒေသ၏ နောက်ကွယ်မှ ဇာတ်လမ်းများမှာ များပြားလှသဖြင့် သဘာဝအတိုင်း သေဆုံးသည်ဟု ဆိုသော်လည်း အမှန်တကယ်တွင်မူ ထိုသို့မဟုတ်သည်မျိုး ရှိနိုင်သောကြောင့် ဖြစ်သည်။

ထို့ပြင် နာရေးကူငွေမှာလည်း များသောအားဖြင့် ထိုမျှမများလှပေ။ လုံယီကိုယ်တိုင်မှာလည်း လက်ရှိတွင် အလွန်အမင်း ချမ်းသာကြွယ်ဝနေသူ မဟုတ်သဖြင့် ပြားတိုင်း၊ ဝမ်တိုင်းကို အသေအချာ တွက်ချက်သုံးစွဲရသည်။ ကံကောင်းသည်မှာ ဤကိစ္စနှင့် ပတ်သက်၍ မည်သူမျှ စိတ်ဆိုးခြင်း၊ ကန့်ကွက်ခြင်း မရှိကြချေ။

ထိုညတွင် လုံယီသည် ထင်းခွဲခြင်းကျွမ်းကျင်မှုကို အဆင့်မြှင့်တင်ရန် လုံလောက်သော စွမ်းအင်ကို နောက်ဆုံးတွင် စုဆောင်းမိသွားခဲ့သည်။

“စွမ်းရည်ပြမျက်နှာပြင်... အမှတ်ပေါင်းထည့်မယ်”

လုံယီ၏ ခွန်အားမှာ ထပ်မံတိုးတက်တော့မည်ဖြစ်သဖြင့် သူ၏ရင်ထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

စွမ်းအင် ၃ မှတ် ကုန်ဆုံးသွားသည်နှင့်အမျှ ကျွမ်းကျင်မှုကဏ္ဍတွင် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဍထင်းခွဲခြင်း (အခြေခံအဆင့် ၀/၃) → ထင်းခွဲခြင်း (ကျွမ်းကျင်အဆင့် ၀/၁၀)။

ထို့နောက် စိမ်းသက်သော မှတ်ဉာဏ်များမှာ သူ၏ဦးနှောက်ထဲသို့ တိုးဝင်လာပြန်သည်။

မှတ်ဉာဏ်များထဲတွင် သူသည် ဤအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသော ပရော်ဖက်ရှင်နယ် ထင်းခွဲသမားတစ်ဦး ဖြစ်လာခဲ့သည်။ နေ့စဉ်နေ့တိုင်း မကုန်နိုင်မခမ်းနိုင်သော ထင်းတုံးများကို နံနက်မှ ညအထိ ခွဲနေရသည်။ ကံကောင်းသည်မှာ စားရသောက်ရသည်မှာ မဆိုးလှချေ။

ထမင်း၊ ဝက်သားခေါက်ဆွဲနှင့် ကြက်သွန်မြိတ် ကြက်ဥကြော် စသည်တို့ကို အနပ်တိုင်း အဝစားရသဖြင့် ကျေနပ်စရာ ကောင်းလှသည်။ လုံယီ၏ ထင်းခွဲခြင်းစွမ်းရည်မှာလည်း တစိုက်မတ်မတ် တိုးတက်လာခဲ့ရာ နောက်ဆုံးတွင် မျက်လုံးမှိတ်ထားလျှင်ပင် ထင်းတစ်တုံးကို မျက်နှာပြင် ချောမောညီညာစွာဖြင့် ခြောက်စိတ် သို့မဟုတ် ရှစ်စိတ်အထိ အားစိုက်စရာမလိုဘဲ တိတိကျကျ ခွဲနိုင်လာခဲ့သည်။

ပြင်းထန်သော လေ့ကျင့်ခန်းများနှင့် အာဟာရပြည့်ဝသော အစားအစာများကြောင့် သူ၏ခန္ဓာကိုယ်မှာ တဖြည်းဖြည်း သန်မာလာခဲ့ပြီး ကြွက်သားအဖုအထစ်များမှာလည်း ပိုမိုထင်ရှားလာသည်။

ထိုမှတ်ဉာဏ်များမှ ပြောင်းလဲမှုများသည် လက်တွေ့ဘဝတွင်လည်း ချက်ချင်းပင် ထင်ဟပ်လာခဲ့သည်။

လုံယီ၏ ခန္ဓာကိုယ်အတွင်း၌ အပူလှိုင်းတစ်ခု ပေါ်ပေါက်လာပြီး အရှိန်အဟုန်ဖြင့် လှည့်ပတ်စီးဆင်းကာ သူ၏ သွေးချီကို မြင့်တက်လာစေသည်။ သူ၏ တစ်ကိုယ်လုံးရှိ အသားစများမှာ လှိုင်းတံပိုးများကဲ့သို့ လှုပ်ခတ်နေတော့သည်။

လုံယီ၏ ခန္ဓာကိုယ်ကို ထိုအပူရှိန်စီးကြောင်းက သံရည်ပူဖြင့် ပုံဖော်သကဲ့သို့ ပြုပြင်ပြောင်းလဲပေးလိုက်သည်။ ထိုပြောင်းလဲမှု ပြီးဆုံးသွားသောအခါ သူ၏ အရပ်မှာ အနည်းငယ် ပိုရှည်လာပြီး ၁.၈ မီတာ နီးပါး ရှိလာရာ ဤခေတ်ကာလတွင် အရပ်ရှည်သူဟု သတ်မှတ်နိုင်သည်။ သူ၏ ခန္ဓာကိုယ်ရှိ ကြွက်သားအကောက်အယစ်များမှာလည်း ပိုမိုပြေပြစ်လာပြီး သက်မဲ့ကြွက်သားများ မဟုတ်ကြောင်း သိသာလှပေသည်။

တောင့်တင်းခိုင်မာသော ကြွက်သားအောက်တွင် ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲအား အရှိန်အဟုန်များ ကိန်းအောင်းနေပြီ ဖြစ်သည်။

လုံယီသည် ရေအိုးကြီးအနားသို့ လျှောက်သွားလိုက်သည်။

သူသည် ဘယ်ဘက်လက်သန်းလေးကို အိုးနှုတ်ခမ်းတွင် ချိတ်လိုက်ပြီး အသာအယာပင် ရင်ဘတ်အမြင့်အထိ မလိုက်သည်။ ယခင်က လက်နှစ်ဖက်စလုံးဖြင့် အားစိုက်မမှသာလျှင်ပင် အတော်လေး ပင်ပန်းခဲ့ရသော အရာဖြစ်သည်။

သူ၏ ခွန်အားမှာ သာမန်လူသားတစ်ဦး၏ အကန့်အသတ်နီးပါး ရောက်နေပြီဖြစ်ကာ အနည်းဆုံး သာမန်လူထက် သုံးဆမှ လေးဆခန့် ပိုမိုသန်မာနေပြီဟု လုံယီ ခံစားနေရသည်။

အကယ်၍ နဂိုကမ္ဘာတွင်သာဆိုလျှင် အနည်းငယ်မျှ လေ့ကျင့်လိုက်ရုံဖြင့် အလေးမခြင်း၊ သံဝိုင်းပစ်ခြင်း သို့မဟုတ် လှံတံပစ်ခြင်း ပြိုင်ပွဲများတွင် ကမ္ဘာ့စံချိန်များကို အလွယ်တကူ ချိုးဖျက်နိုင်ပေလိမ့်မည်။

သို့သော် ဤကမ္ဘာတွင်မူ သူသည် အဆင့်နိမ့်လူသားတစ်ဦးသာ ရှိသေးပြီး ကိုယ်ခံပညာရှင်တစ်ဦးနှင့် ယှဉ်လျှင်မူ လုံးဝ နှိုင်းယှဉ်၍ ရနိုင်ဦးမည်မဟုတ်ကြောင်း သူ ခန့်မှန်းထားသည်။

ကောလာဟလများအရ ကျေးရွာအစိုးရရုံးမှ ရဲအရာရှိချုပ် နင်ရှုံသည် ကျားနှင့် သစ်ကုလားအုတ်များကိုပင် လက်ဗလာဖြင့် ဆွဲဖြဲနိုင်သော ကိုယ်ခံပညာရှင်တစ်ဦး ဖြစ်သည်ဟု ဆိုကြသည်။

မြို့မရှိ အချို့သော ကိုယ်ခံပညာရှင်များမှာမူ နတ်ဆိုးများနှင့် မိစ္ဆာများကိုပင် နှိမ်နင်းနိုင်ကြပြီး သုတို့၏ မြင့်မြတ်သောစွမ်းရည်များမှာ သူ စိတ်ကူးကြည့်နိုင်သည်ထက်ပင် သာလွန်နေပေလိမ့်မည်။

လုံယီ၏ အတွေးများမှာ တစ်စထက်တစ်စ နက်ရှိုင်းလာသည်။

ထိုစဉ်မှာပင် သစ်ခုတ်ခြင်းနှင့် ထင်းခွဲခြင်းကျွမ်းကျင်မှု နှစ်ခုစလုံးသည် ကျွမ်းကျင်အဆင့်သို့ ရောက်ရှိသွားပြီးနောက် စွမ်းရည်ပြမျက်နှာပြင်တွင် ထူးခြားသော အပြောင်းအလဲတစ်ခု ထပ်မံဖြစ်ပေါ်လာခဲ့သည်။

ဖောက်ထွင်းမြင်ရသော စာသားတစ်ကြောင်းမှာ မျက်စိရှေ့တွင် လက်ခနဲ ပေါ်လာသည်။

“ကျွမ်းကျင်မှု ပေါင်းစပ်ခြင်းအတွက် အခြေခံလိုအပ်ချက်များ ပြည့်မီပါပြီ။ ပေါင်းစပ်မလား”

‘ဟင်’

လုံယီ၏ မျက်နှာတွင် အံ့ဩတကြီး ဖြစ်သွားရသည်။ စွမ်းရည်ပြမျက်နှာပြင်တွင် ဤကဲ့သို့သော ပြောင်းလဲမှုမျိုး ဖြစ်လာလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။

“ပေါင်းစပ်မယ်”

လုံယီက စိတ်ထဲမှ အမိန့်ပေးလိုက်သည်။

သစ်ခုတ်ခြင်းနှင့် ထင်းခွဲခြင်း ကျွမ်းကျင်မှုနှစ်ခုမှာ တစ်ခုနှင့်တစ်ခု နီးကပ်လာပြီး နောက်ဆုံးတွင် ထပ်တူကျသွားတော့သည်။

ထို့နောက် အလင်းတန်းလေးများ တဖျတ်ဖျတ် လက်သွားပြီးနောက် အချိန်အနည်းငယ် ကြာသောအခါ ကျွမ်းကျင်မှုအသစ်တစ်ခု ပေါ်လာခဲ့သည်။

[အမည် - လုံယီ]

[အသက် - ၁၉/၅၅]

[အဆင့် - မရှိ]

[ကျွမ်းကျင်မှု - လုံမိသားစု၏ ပုဆိန်သိုင်း (အခြေခံအဆင့် မရောက်သေး ၀/၃)]

[စွမ်းအင် - ၀]

‘ဘာ... လုံမိသားစုရဲ့ ပုဆိန်သိုင်း ဟုတ်လား’

All Chapters