← Chapters

အခန်း (၃၅-၃၆)

Vol. 4 Ch. 35-36

အခန်း (၃၅-၃၆)

Vol. 4 Ch. 35-36

အခန်း။ ၃၅

“ဘယ်လိုလဲ”

ဆရာကြီးလင်းက ခပ်ဖွဖွရယ်ရင်း မေးမြန်းလိုက်သည်။

“တကယ်ကို အံ့ဩစရာကောင်းလှပါတယ်။ အရေးကြုံတဲ့အခါ အခြေအနေကို ပြောင်းလဲပစ်

နိုင်မှာ အသေအချာပဲ”

လုံယီက ဝမ်းသာအားရ ပြန်လည်ဖြေကြားခဲ့သည်။

သို့သော် နောက်တစ်ခဏ၌ပင် သူ၏ မျက်စိရှေ့တွင် ရုတ်တရက် မှောင်အတိကျသွားပြီး ခန္ဓာကိုယ်မှာ ယိုင်နဲ့သွားရသည်။ တစ်ချိန်တည်းမှာပင် အာခေါင်နှင့် လျှာတို့မှာ အလွန်အမင်း ခြောက်ကပ်လာပြီး ရေငတ်လှသဖြင့် ခံရခက်သွားရလေသည်။

“နှမြောစရာကောင်းတာက နဂါးဖောက်ထွင်းခြင်း ကျင့်စဉ် မှာ ကြီးမားတဲ့ အားနည်းချက် ရှိနေတာပဲ။ တစ်ကြိမ် အသုံးပြုတိုင်း ခန္ဓာကိုယ်အပေါ်မှာ သိသိသာသာ ဝန်ထုပ်ဝန်ပိုး ဖြစ်စေတယ်”

ဆရာကြီးလင်းက သက်ပြင်းချရင်း ပြောလိုက်သည်။

“ဒါကတော့ ပေးဆပ်ရမယ့် တန်ဖိုးပေါ့”

အောင်းနေသော စွမ်းပကားကို ထုတ်ဖော်ခြင်းသည် ၎င်းစွမ်းပကားကို လျော့ပါးစေပြီး ခန္ဓာကိုယ်ကို ထိခိုက်စေသည်မှာ သဘာဝကျလှပေသည်။

“ဒါပေမဲ့ တကယ်တမ်း တိုက်ခိုက်နေချိန်မှာ ဖယောင်းတိုင်နဂါး သွေးကြောမှတ်ကို လာပြီး လှုံ့ဆော်ပေးမယ့်သူ ရှိမှာမဟုတ်ဘူးလေ ဆရာကြီး”

လုံယီက မေးမြန်းလိုက်သည်။

ဆရာကြီးလင်းတွင် တစ်စုံတစ်ရာသော အဖြေရှိလိမ့်မည်ဟု သူ ယုံကြည်ထားသည်။ မဟုတ်ပါက ဤကျင့်စဉ်မှာ အသုံးမဝင်သော ပညာရပ်သာ ဖြစ်ပေလိမ့်မည်။

“အစပိုင်းမှာတော့ ငွေအပ်ကို အသုံးပြုနိုင်ပါတယ်။ ပိုပြီး ကျွမ်းကျင်လာတဲ့အခါမှာတော့ ကိုယ့်လက်ချောင်းကိုပဲ အသုံးပြုရမယ်။ ဘယ်ဘက်လက်က ရင်ဘတ်က သွေးကြောမှတ်ကို ထိုးပြီး ညာဘက်လက်က လက်သီးထိုးတာမျိုးပေါ့”

ဆရာကြီးလင်းက ရှင်းပြသည်။

“ဒါပေမဲ့ သိုင်းပညာရှင်အချင်းချင်း ယှဉ်ပြိုင်တဲ့အခါမှာတော့ အဲဒီလို လုပ်ဖို့ အခွင့်အရေး ရချင်မှ ရပါလိမ့်မယ်”

ဆရာကြီးသည် သူ၏ အင်္ကျီကို ဖွင့်ပြလိုက်ရာ ကြေးနီရောင် ကြွက်သားများမှာ အထင်းသား ပေါ်ထွက်လာသည်။ ၎င်းမှာ အိုမင်းသော အဘိုးအိုတစ်ဦး၏ ခန္ဓာကိုယ်ဟု ထင်မှတ်ရက်စရာပင် မရှိချေ။ သူသည် ဝမ်းဗိုက်ကြွက်သားများကို ညှစ်ထုတ်လိုက်ရာ ဒေါင်လိုက်မျဉ်းကြောင်းတစ်ခု ဖြစ်ပေါ်လာပြီး ရေကူးနေသော နဂါးတစ်ကောင်ကဲ့သို့ ဝမ်းဗိုက်မှ ရင်ဘတ်ဆီသို့ ချောမွေ့စွာ တက်လှမ်းသွားလေသည်။

“တကယ့် တိုက်ပွဲတွေမှာ အသုံးချနိုင်ဖို့ဆိုရင် ဝမ်းဗိုက်အတွင်းပိုင်းက ခွန်အားနဲ့ သွေးကြောမှတ်တွေကို လှုံ့ဆော်တဲ့ နည်းလမ်းကို သင်ယူရမယ်”

“ငါ ဒီသိုင်းကွက်ကို သင်ယူခဲ့စဉ်က ငါးနှစ်တိတိ အချိန်ပေးခဲ့ရတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ငါ့ရဲ့ အသက်ရှူနည်းစနစ် တိုးတက်လာတဲ့အခါမှ ငါ့ရဲ့ အရင်က ကြိုးစားအားထုတ်မှုတွေဟာ အချည်းနှီး ဖြစ်ခဲ့မှန်း သိလိုက်ရတယ်...”

ဆရာကြီးလင်းက စကားကို လမ်းတစ်ဝက်တွင် ရပ်တန့်လိုက်သဖြင့် လုံယီမှာ ပို၍ပင် သိလိုစိတ် ပြင်းပြသွားတော့သည်။

“အခု မင်းလုပ်ရမှာက ဖယောင်းတိုင်နဂါး သွေးကြောမှတ်ရဲ့ တည်နေရာကို အလွတ်မှတ်ထားဖို့ပဲ။ ငွေအပ်တစ်ချောင်းနဲ့ အဲဒီနေရာကို အောင်အောင်မြင်မြင် လှုံ့ဆော်နိုင်ပြီဆိုရင် မင်း အောင်မြင်ပြီလို့ ပြောလို့ရတယ်”

ဆရာကြီးလင်းက ပြောလိုက်သည်။

လုံယီသည် ၎င်း၏ စွမ်းရည်ပြမျက်နှာပြင်ကို ကြည့်လိုက်ရာ ကျွမ်းကျင်မှုစာရင်း၌ အသစ်

တစ်ခု ထပ်မံတိုးလာသည်ကို တွေ့ရှိရသည်။

[အမည် - လုံယီ]

[အသက် - ၁၉/၅၅]

[အဆင့် - မရှိ]

[ကျွမ်းကျင်မှုများ - လုံမိသားစု ပုဆိန်သိုင်း (ကျွမ်းကျင် ၀/၃၀)၊ခဲပေါက်ပညာ (နှံ့စပ် ၀/၃၀)၊ အခြေခံလက်သီးသိုင်း (အခြေတည် ၀/၃)၊ အခြေခံလှံသိုင်း (အခြေတည် ၀/၆)၊ လျှို့ဝှက်

ကျင့်စဉ်- နဂါးဖောက်ထွင်းခြင်း ကျင့်စဉ် - အစိတ်အပိုင်း (အခြေမတည်သေး ၀/၂၀)]

[စွမ်းအင် - ၀]

ဆရာကြီးလင်း၏ ကိုယ်တိုင်ကိုယ်ကျ ကူညီမှုကြောင့် လုံယီသည် နဂါးဖောက်ထွင်းခြင်း ကျင့်စဉ်ကို နှစ်ကြိမ်တိုင်တိုင် အောင်မြင်စွာ စမ်းသပ်မောင်းနှင်နိုင်ခဲ့သဖြင့် သင်ယူမှုအတွက် စိုက်ထုတ်ရမည့် အားအင်များကို များစွာ သက်သာစေခဲ့သည်။ ၎င်းပညာရပ်မှာ စွမ်းရည်ပြမျက်နှာပြင်ပေါ်သို့ ရောက်ရှိသွားပြီ ဖြစ်ရာ နောင်တွင် စွမ်းအင်အသုံးပြု၍ အဆင့်မြှင့်တင်နိုင်မည် ဖြစ်သည်။

လုံယီသည် စိတ်သက်သာရာ ရသွားသကဲ့သို့ပင် ဤလျှို့ဝှက်ကျင့်စဉ်အပေါ် များစွာ မျှော်လင့်မိလေသည်။

“ငါ့ဆီမှာရှိတဲ့ နဂါးဖောက်ထွင်းခြင်း ကျင့်စဉ်က အစိပ်အပိုင်းပဲ ဖြစ်လို့ ဖယောင်းတိုင်နဂါး သွေးကြောမှတ်ရဲ့ တည်နေရာလောက်ကိုပဲ ပြနိုင်တာ”

ဆရာကြီးလင်း၏ မျက်ဝန်းတွင် နှမြောတသဟန်များ ပေါ်လာကာ “တကယ်တော့ နောက်ပိုင်းမှာ ပတ်ခွေနဂါးနဲ့ ပုန်းအောင်းနဂါးဆိုတဲ့ သွေးကြောမှတ်တွေ ရှိသေးတယ်။ ဒါပေမဲ့ ငါ့ဆီမှာရှိတဲ့ မပြည့်စုံတဲ့ကျမ်းထဲမှာ အသေးစိတ် မပါလာဘူး။ မင်းအနေနဲ့ နောင်တစ်ချိန်မှာ အခွင့်ကြုံခဲ့ရင် အဲဒါတွေကို ရှာဖွေစုဆောင်းဖို့ ဂရုပြုပါ” ဟု မှာကြားသည်။

“အကယ်၍ ကျွန်တော် ရှာဖွေစုဆောင်းမိခဲ့ရင် ဆရာကြီးဆီကို ကိုယ်တိုင်ကိုယ်ကျ လာရောက်တင်ပြပါ့မယ်”

လုံယီက ကတိပေးလိုက်သည်။

“ဟားဟား... ငါ စောင့်နေပါ့မယ်”

ဆရာကြီးလင်းက အားရပါးရ ရယ်မောရင်း “မှတ်ထားပါ ဒီကျင့်စဉ်ကို တစ်ကြိမ်သုံးတိုင်း ခန္ဓာကိုယ်အပေါ်မှာ ဝန်ထုပ်ဝန်ပိုး ကြီးမားစေတာမို့ သတိထားပြီး သုံးစွဲပါ” ဟု ထပ်မံသတိပေးသည်။

“ကဲ... ငါ့ရဲ့ အကြွေးဟောင်းကို ဆပ်ပြီးပြီ။ ကျားရုန်ကိုလည်း ပြောလိုက်ပါဦး... ရေစက်ရှိရင် ပြန်ဆုံကြတာပေါ့”

ထိုသို့ပြောဆိုပြီးနောက် ဆရာကြီးလင်းသည် လေပွေတစ်ခုကဲ့သို့ လျင်မြန်စွာ ပျောက်

ကွယ်သွားရာ လုံယီမှာ သူ၏ လှုပ်ရှားမှုကိုပင် လိုက်မကြည့်နိုင်ဘဲ အံ့အားသင့်ကာ ကျန်ရစ်ခဲ့တော့သည်။

ဒါက တကယ့်သိုင်းပညာရှင် တစ်ယောက်ရဲ့ အစွမ်းလား။

လုံယီသည် စိတ်လှုပ်ရှားမှုကို မနည်းထိန်းထားရသည်။ သူ၏ စွမ်းရည်ပြမျက်နှာပြင်သာ ရှိနေပါက တစ်နေ့တွင် ဤအဆင့်သို့ မလွဲမသွေ ရောက်ရှိနိုင်မည်ဟု သူ ယုံကြည်ချက် အပြည့်ရှိနေသည်။

ကျားမိသားစု စံအိမ်တော် မြေရှင်ကျား၏ စာကြည့်ခန်း၌ လုံယီသည် ဆရာကြီးလင်းနှင့် တွေ့ဆုံခဲ့သမျှ အကြောင်းအရာအလုံးစုံကို မြေရှင်ကျားအား အသေးစိတ် တင်ပြလိုက်သည်။ မြေရှင်ကျားသည် အနက်ရောင်ဝတ်စုံ ဆင်မြန်းထားသော အိမ်တော်ထိန်းဝူမှအပ ကျန်လူအားလုံးကို အခန်းပြင်သို့ ထွက်ခွာစေခဲ့သည်။

“ဆရာကြီးကတော့ လာချင်သလိုလာ သွားချင်သလိုသွားပဲ။ အခုလို နှုတ်ဆက်သွားပြီဆိုတော့ နောက်တစ်ကြိမ် ဘယ်တော့မှ ပြန်ဆုံဦးမလဲ မသိနိုင်တော့ဘူး”

လောကအတွေ့အကြုံ ကြွယ်ဝလှသော မြေရှင်ကျားပင်လျှင် ဆရာကြီးလင်း၏ နှုတ်ဆက်စကားကို ကြားရသောအခါ အတန်ငယ် ဝမ်းနည်းသွားပုံရသည်။ သို့သော် ခဏမျှသာဖြစ်ပြီး သူသည် လုံယီအား စူးစိုက်ကြည့်ကာ “ဒီလျှို့ဝှက်ကျင့်စဉ်ရဲ့ တန်ဖိုးကို ငါသိပါတယ်။ ဒါကြောင့် မင်းကို ရွှေဒင်္ဂါးတစ်ရာ ပေးချင်တယ်” ဟု ကမ်းလှမ်းလိုက်သည်။

“အို... ကျားမိသားစုက ဆရာကြီးလင်းအပေါ် ထားရှိခဲ့တဲ့ ကျေးဇူးတရားနဲ့ ဇီးသီးစိမ်းအရက် ကြောင့်သာ ကျွန်တော် ဒီပညာကို ရခဲ့တာပါ”

လုံယီက ပွင့်လင်းစွာ ပြောလိုက်သည်။ ငွေစင်တန်ချိန် တစ်ထောင်နှင့် ညီမျှသော ကမ်းလှမ်းမှုကြောင့် စိတ်လှုပ်ရှားမိသော်လည်း သူ၏ မူဝါဒကိုမူ ခိုင်မာစွာ ဆုပ်ကိုင်ထားသည်။

“ကျေးဇူးပြုပြီး စက္ကူနဲ့ စုတ်တံကိုသာ ယူဆောင်ပေးပါ”

“အာယီ... မင်းဟာ တကယ့်ကို သစ္စာတရားရှိတဲ့သူပဲ”

မြေရှင်ကျားက ဝမ်းသာအားရ ချီးကျူးလိုက်သည်။

ထိုစဉ် အိမ်တော်ထိန်းဝူမှာမူ အခန်းအတွင်းမှ တိတ်တဆိတ် ထွက်ခွာသွားလေသည်။

မြေရှင်ကျားသည် အတွင်းခန်းမှ ပိုးသားလိပ်အဖြူတစ်လိပ်ကို ယူဆောင်လာခဲ့ပြီး လုံယီက စုတ်တံကို အသုံးပြု၍ နဂါးဖောက်ထွင်းခြင်း ကျင့်စဉ် ကို ရေးသားဖော်ပြပေးခဲ့သည်။ လုံယီ၏ လက်ရေးလက်သားမှာ ညံ့ဖျင်းလှသော်လည်း မြေရှင်ကျားမှာမူ ထိုပိုးသားလိပ်ကို တယုတယ ကိုင်တွယ်လျက် အသေအချာ ဖတ်ရှုနေတော့သည်။

ခဏအကြာတွင် သူက သက်ပြင်းတစ်ချက်ချရင်း “တကယ့်ကို ခက်ခဲနက်နဲလွန်းတဲ့ ပညာရပ်ပါပဲလား။ ကျားမိသားစုက လူတွေဟာ များသောအားဖြင့် ပါရမီအသင့်အတင့်ပဲ ရှိကြတာဆိုတော့ ဆရာကြီးလင်းက ငါ့ကို ဘာလို့ ဒီပညာ မပေးခဲ့တာလဲဆိုတာ အခုမှ သဘောပေါက်တော့တယ်”

မြေရှင်ကျားသည် ကိုယ်တိုင် သိုင်းကျင့်သူ မဟုတ်သော်လည်း သိုင်းပညာ၏ သဘောတရားနှင့် အခက်အခဲများကိုမူ အထာနပ်လှသူ ဖြစ်သည်။

“အာယီ... ဒီနေ့ကစပြီး မင်းရဲ့ လစာကို ဝမ်အင်းနဲ့ ဆွေယွမ်တို့လို ဝါရင့်ဆရာတွေရဲ့ အဆင့်အတန်းအတိုင်း တိုးမြှင့်ပေးမယ်”

မြေရှင်ကျားက အကျိုးခံစားခွင့်များ ကမ်းလှမ်းရင်း ရှေ့ရေးအတွက်လည်း မျှော်လင့်ချက်များ ပေးလာသည်။

“ကျားမိသားစုကို သစ္စာရှိရှိ အလုပ်အကျွေးပြုပါ ငါ့ဘက်ကလည်း မင်းကို အစွမ်းကုန် မြေတောင်မြှောက်ပေးမယ်။ လိုအပ်ရင် ထိုင်မြို့ကိုလွှတ်ပြီး သိုင်းပညာ သင်ယူခွင့်ရအောင်လည်း စီစဉ်ပေးဖို့ ရှိတယ်”

မြေရှင်ကျားက သူ၏ အဆက်အသွယ်အချို့ကိုလည်း အရိပ်အမြွက် ပြောပြခဲ့သည်။

“မြို့တော်မှာရှိတဲ့ လင်းယုန်လက်သည်းဂိုဏ်းနဲ့ လင်းကန်တို့မှာ ငါသိတဲ့သူတွေ ရှိပါတယ်”

“ကျေးဇူးတင်ပါတယ် ခင်ဗျာ”

လုံယီက ဝမ်းသာအားရဟန်ဖြင့် တုံ့ပြန်လိုက်သည်။

မြေရှင်ကျား၏ နက်ရှိုင်းလှသော အဆက်အသွယ်များနှင့် မြို့တော်ရှိ အင်အားစုကြီးများနှင့် ပတ်သက်မှုရှိနေခြင်းအပေါ် လုံယီ စိတ်ထဲမှ အံ့ဩမိလေသည်။ စာကြည့်ခန်းအတွင်းမှ ထွက်လာပြီး မကြာမီမှာပင် လုံယီသည် ခြေလှမ်းများကို ရပ်တန့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

ကျောက်ပေါက်ရာများဖြင့် ရုပ်ဆိုးလှသော အမျိုးသားတစ်ဦးက ရှေ့မှ ကြိုဆိုလျက် ပြုံးပြနေသည်။

“အာယီ... မင်း အားလား။ ဒီနေ့ အစ်ကိုက ဘိုင်ရှန့် စားသောက်ဆိုင်မှာ ထမင်းသွားကျွေးမလို့”

ထိုသူမှာ ဝမ်အင်းမှတစ်ပါး အခြားသူ မဟုတ်ချေ။ ဘိုင်ရှန့်စားသောက်ဆိုင်မှာ ဆင်ရှန်းရှိ အကြီးဆုံးနှင့် ဈေးအကြီးဆုံး ဆိုင်ဖြစ်ပြီး သူဌေးမိသားစုများသာ သွားရောက်နိုင်သည့် နေရာဖြစ်သည်။

ဝမ်အင်း၏ မျက်ဝန်းထဲမှ မျှော်လင့်ချက်အရိပ်အယောင်များကို မြင်ရသောအခါ လုံယီက အတွင်းစိတ်မှ နှာခေါင်းရှုံ့လိုက်သည်။ သု၏ မရိုးသားသော ရည်ရွယ်ချက်ကို သူ ကောင်းကောင်း သိရှိနေသည်။

“မအားဘူး”

လုံယီက ဟန်ဆောင်မနေတော့ဘဲ စကားနှစ်လုံးတည်းဖြင့် ငြင်းပယ်ကာ ထွက်ခွာသွားတော့သည်။

ဝမ်အင်းမှာမူ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားပြီး ထိုနေရာတွင် ငေးတိုင်တိုင် ကျန်ရစ်ခဲ့လေသည်။

နောက်ရက်များတွင် လုံယီ၏ ဘဝမှာ ပိုမိုစနစ်ကျလာခဲ့သည်။ နေ့ဘက်တွင် စံအိမ်တော်၌ လက်သီးသိုင်းနှင့် ခြေခံကျင့်စဉ်များကို လေ့ကျင့်ပြီး ညဘက်တွင်မူ သင်္ချိုင်းဂူများဆီသို့ သွားရောက်ကာ စွမ်းအင်စုဆောင်းလေ့ရှိသည်။

ဝူပြောင်းနှင့် ယန်အာတို့ကဲ့သို့သော လူမိုက်များကလည်း သေဆုံးသူများ၏ သတင်းကို မကြာခဏ လာရောက်ပေးပို့သဖြင့် လုံယီအတွက် စွမ်းအင်စုဆောင်းရာတွင် များစွာ အထောက်အကူ ဖြစ်စေသည်။ ထိုအတောအတွင်း လမ်း၌ ကျားသစ်တစ်ကောင်နှင့် တိုးခဲ့သော်လည်း သူ၏ လောက်လေးခွတစ်ချက်ဖြင့်ပင် အပြတ်အသတ် သတ်နိုင်ခဲ့သည်။ ကျွမ်းကျင်မှု မြင့်မားနေသော လုံယီအတွက် သာမန်သားရဲတိရစ္ဆာန်များမှာ ပြိုင်ဘက် မဟုတ်တော့ချေ။

တစ်နေ့တွင် ကျားစံအိမ်နှင့် နှစ်မိုင်ခန့်အကွာရှိ တောအုပ်ငယ်အတွင်းသို့ ဝင်ရန် ပြင်ဆင်နေစဉ် လုံယီသည် နားကိုစွင့်ကာ ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ ထိုတောအုပ်ဝင်ပေါက်မှာ ယခင်ကထက် ထူးဆန်းနေပြီး သားရဲတစ်ကောင်၏ ပါးစပ်ဟထားသကဲ့သို့ မှောင်မည်းကာ အန္တရာယ်နံ့ ရနေသည်။

လုံယီသည် ပြတ်သားစွာပင် လှည့်ပြန်ခဲ့ပြီး အခြားလမ်းမှ ပတ်သွားရန် ဆုံးဖြတ်လိုက်သည်။

မကြာမီမှာပင် တောအုပ်အတွင်းမှ စိတ်ပျက်အားလျော့နေသော အသံများ ထွက်ပေါ်လာသည်။

“ဒီကောင်က ဘာလို့ ဒီလောက်တောင် သတိကြီးနေရတာလဲ”

“တောက် သူ့နှာခေါင်းက ခွေးနှာခေါင်းများ ဖြစ်နေတာလား။ ဒါနဲ့ဆို အကြိမ်ပေါင်း မနည်းတော့ဘူး”

ထိပ်ချွန်ဦးထုပ်ဆောင်းကာ လက်ပြတ်အင်္ကျီများ ဝတ်ထားသော ကျောတွင် လေးများ လွယ်ထားသည့် ထွားကျိုင်းသော အမျိုးသား ငါးခြောက်ယောက်ခန့် တောအုပ်ထဲမှ ထွက်လာကြသည်။ သုတို့၏ မျက်နှာများမှာ ရက်စက်ကြမ်းကြုတ်သည့် အသွင်ရှိလှသည်။

သူတို့ မသိလိုက်သည်မှာ... အနီးအနားရှိ မြက်တောထဲတွင် လုံယီမှာ မှောက်လျက် ပုန်းအောင်းနေပြီး အေးစက်လှသော အကြည့်များဖြင့် သူတို့ကို စောင့်ကြည့်နေခြင်းပင်။

ဟူမိသားစုရွာက မုဆိုးတွေပါလား...

အခန်း။ ၃၆

ဟူမိသားစုရွာသည် ပတ်ဝန်းကျင်ရှိ ရွာဆယ်ရွာအနက် အမဲလိုက်ခြင်းကို အဓိကအသက်မွေးဝမ်းကျောင်းအဖြစ် ပြုလုပ်ကြသော ရွာအနည်းငယ်ထဲမှ တစ်ရွာဖြစ်သည်။

သမိုင်းကြောင်းအရ ထိုရွာသားများထဲတွင် တရားဝင်အမဲလိုက်ခွင့်လက်မှတ် ကိုင်ဆောင်ထားသူ အချိုးအစားမှာ အတော်ပင်များပြားလှသည်။ သူတို့သည် ဒေါသကြီးပြီး တစ်သီးပုဂ္ဂလနေထိုင်တတ်ကြကာ အခြားရွာမှလူများနှင့် ဆက်ဆံရေးသိပ်မရှိကြချေ။

မမျှော်လင့်ဘဲ ချီမိသားစုမှ ချီဟုက သူတို့အားလုံးကို ဖိတ်ခေါ်နိုင်ခဲ့ခြင်းမှာ လုံယီကို အပြတ်ရှင်းရန် ဆုံးဖြတ်ထားကြောင်း ထင်ရှားလှသည်။ ထိုတောအုပ်ထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် လုံယီသည် မြားပေါင်းများစွာ၏ ပစ်မှတ်ဖြစ်လာမည်မှာ မြေကြီးလက်ခတ်မလွဲပေ။

လုံယီ၏ လက်ရှိခွန်အားနှင့် ကြံ့ခိုင်မှုမှာ သာမန်လူတို့ထက် များစွာသာလွန်နေပြီဖြစ်သော်လည်း သူသည် သွေးနှင့်သားနှင့် တည်ဆောက်ထားသော လူသားတစ်ဦးသာ ဖြစ်နေသေးရာ ထောင်ချောက်အတွင်းသို့ ခြေစုံပစ်ဝင်မိပါက အကျိုးဆက်မှာ အလွန်ပင် ဆိုးရွားနိုင်ပေသည်။

ဤသို့တွေးမိသောအခါ လုံယီသည် တောထဲမှထွက်၍ ထိုလူများအားလုံးကို ချက်ချင်းလက်ငင်း ရှင်းပစ်ချင်စိတ်များ တဖွဖွ ဖြစ်ပေါ်လာသည်။ သို့သော် အဓိက တရားခံကို မရှင်းနိုင်ဘဲနဲ့ သူတို့ကို ဖမ်းဆီးလိုက်ရင် ရန်သူကို သတိပေးလိုက်သလို ဖြစ်သွားလိမ့်မယ်။

အခုလောလောဆယ်တော့ သည်းခံတာ အကောင်းဆုံးပဲ။

လုံယီက လျင်မြန်စွာ ဆုံးဖြတ်လိုက်ပြီး ဆက်လက်ပုန်းအောင်းနေခဲ့သည်။

သူသည် ဟူမိသားစုရွာမှ မုဆိုးအဖွဲ့ကို နောက်တစ်ကြိမ် စူးစမ်းကြည့်ရှုပြီးနောက် ထိုနေရာမှ တိတ်တဆိတ် ပြန်လည်ဆုတ်ခွာခဲ့သည်။

နောက်ရက်များတွင် လုံယီသည် ယခင်ကထက် ပိုမိုသတိထားကာ လှုပ်ရှားတော့သည်။ စွမ်းအင်ရှာဖွေရန် အပြင်ထွက်သည့်အခါတွင်ပင် ခက်ခဲပြီး လူသူအရောက်အပေါက်နည်းသော လမ်းများကိုသာ ရွေးချယ်သွားလာခဲ့သည်။ သာမန်လူတို့ထက် သာလွန်သော အာရုံခံစားမှုများကြောင့် နောက်ထပ် အန္တရာယ်များနှင့် မတိုးတော့ဘဲ အဆင်ပြေခဲ့သည်။

တစ်နေ့တွင် မိုးသောက်ယံ အချိန်၌ အိမ်တော်ထိန်းဝူက တာဝန်တစ်ခု ပေးအပ်လာသည်။ အရည်အသွေးမြင့် ပိုးထည်အချို့ကို ယုံအန်းရွာသို့ ပို့ဆောင်ရန်ဖြစ်ပြီး ဆွေယွမ်က အဖွဲ့ခေါင်းဆောင်အဖြစ် ဝမ်အင်းက ဒုတိယခေါင်းဆောင်အဖြစ် တာဝန်ယူရမည် ဖြစ်သည်။

ထိုအဖွဲ့ထဲတွင် လုံယီ၊ ရှီကျန့်၊ ယောင်ခန်နှင့် အခြားသော လက်ရွေးစင် အစောင့်အရှောက်များ ပါဝင်ကြသည်။ ယခင်က ဒါဖုန်းမြို့သို့ သွားခဲ့စဉ်ကထက် အင်အား ပိုမိုများပြားလှပြီး ရထားလုံး ၁၀ စီးကျော် ပါဝင်သဖြင့် မြေရှင်ကျားသည် ဤကုန်စည်အပေါ် မည်မျှတန်ဖိုးထားကြောင်း သိသာလှသည်။

"ကုန်ပစ္စည်းတွေ ဘေးကင်းသရွေ့ ကျွန်တော်တို့လည်း ဘေးကင်းရပါမယ်။ အကယ်လို့ ကုန်ပစ္စည်းတွေ ဆုံးရှုံးသွားရင်တော့ ကျွန်တော်တို့လည်း အသက်နဲ့လဲပြီး တာဝန်ယူပါ့မယ်"

ဝမ်အင်းက အိမ်တော်ထိန်းဝူရှေ့တွင် သူ၏သစ္စာရှိမှုကို ချက်ချင်းပင် ထုတ်ဖော်ပြသလိုက်ရာ ကျန်လူများက မလိုလားသော အကြည့်များဖြင့် ကြည့်ကြလေသည်။

" သိုးတစ္ဆေကုန်းစောင်းကိုတော့ ဝေးဝေးက ရှောင်သွားကြဖို့ မမေ့နဲ့"

အိမ်တော်ထိန်းဝူက ခက်ထန်သော မျက်နှာပေးဖြင့် အေးစက်စွာ မှာကြားလိုက်သည်။

"နားလည်ပါပြီ ခင်ဗျာ"

ဝမ်အင်းက အကျယ်ကြီး ပြန်လည်ဖြေကြားခဲ့လေသည်။

“သိုးတစ္ဆေကုန်းစောင်း က ဘာတွေများ ထူးခြားလို့လဲ”

ဤနေရာအကြောင်း တစ်ခါမျှ မကြားဖူးသော လုံယီက ဘေးရှိရှီကျန့်အား မေးမြန်းလိုက်သည်။

“အဲဒီနေရာက တကယ့်ကို ကျောက်စရာကောင်းတဲ့ နေရာဟ။ ညဘက်ဆိုရင် သိုးတွေ အော်ဟစ်နေတဲ့ အသံဆန်းတွေကို ခဏခဏ ကြားရတတ်တယ်။ အဲဒီအသံကို ကြားရတဲ့သူ ၁၀ ယောက်မှာ ၉ ယောက်က စုန်းပူးသလို ဖြစ်သွားပြီး နောက်ဆုံးမှာ ရူးသွပ်ပြီး သေဆုံးသွားကြတာပဲ”

အမြဲတမ်း ပေါ့ပေါ့ပါးပါး နေတတ်သော ရှီကျန့်ပင်လျှင် ယခုအခါ မျက်နှာတွင် ကြောက်ရွံ့မှုအရိပ်အယောင်များ ပေါ်လွင်နေပြီး “အဲဒီမှာ မကျွတ်မလွတ်တဲ့ သရဲတစ္ဆေတွေ ရှိတယ်လို့ ပြောကြတယ်ဗျ” ဟု ပြောလိုက်သည်။

လုံယီသည် ငြိမ်သက်စွာ နားထောင်ရင်း သိုးတစ္ဆေကုန်းစောင်း ဟူသော အမည်ကို မှတ်သားထားလိုက်သည်။ အကယ်၍ သူသည် ဤကမ္ဘာသို့ အသစ်စက်စက် ရောက်ရှိလာခြင်းသာ ဖြစ်ပါက ဤကဲ့သို့သော ပုံပြင်များကို ယုံကြည်မည် မဟုတ်ပေ။ သို့သော် သူသည် ကျားနတ်ဆိုးများနှင့် အလောင်းကောင်များအား ကိုယ်တိုင်ကိုယ်ကျ ရင်ဆိုင်ခဲ့ဖူးပြီဖြစ်ရာ နောက်ထပ် ထူးဆန်းသော သတ္တဝါတစ်ကောင်နှင့် တွေ့ရမည်ဆိုလျှင်လည်း အလွန်အမင်း အံ့ဩနေတော့မည် မဟုတ်ပေ။

ဤသို့သော ထူးဆန်းထွေလာ အန္တရာယ်များ ရှိနေသည့်ကြားမှ လူသားတို့သည် အခြေခိုင်စွာ ရပ်တည်နိုင်ကြသည်မှာ သိုင်းပညာရှင်တို့၏ အစွမ်းနှင့် အခြေခံအုတ်မြစ်မှာ စိတ်ကူးထားသည်ထက် များစွာ ပိုမိုနက်ရှိုင်းကြောင်း သက်သေပြနေခြင်းပင်။

ငါ အမြန်ဆုံး ထိုင်မြို့ကိုသွားပြီး သိုင်းပညာ သင်ယူမှ ဖြစ်တော့မယ်။

လုံယီက စိတ်ထဲမှ ဆုံးဖြတ်လိုက်သည်။

ဆင်ရှန်းမှ ယုံအန်းရွာသို့ သွားရာလမ်းတစ်လျှောက်တွင် တောင်တန်းနှင့် မြစ်ချောင်းများစွာ ရှိသည်။ ရေတိမ်သော စမ်းချောင်းများကို မြင်းများဖြင့် တိုက်ရိုက်ဖြတ်ကူးနိုင်သော်လည်း ရေအောက်ခြေကို မမြင်ရလောက်အောင် နက်သော မြစ်ကြီးများကိုမူ ကူးတို့လှေဖြင့်သာ ဖြတ်သန်းရသည်။ အဖွဲ့သားတို့၏ ခရီးသွားနှုန်းမှာ အလွန်နှေးကွေးပြီး ဆွေယွမ်၏လက်ထဲရှိ မြေပုံကို အားကိုးလျက် ကွေ့ကောက်ကာ သွားလာနေကြရသည်။

“ဒီတောအုပ်ထဲမှာ ကျားတွေရှိတယ် ငါတို့ ပတ်သွားမှ ဖြစ်မယ်”

“ဒါက ဝံပုလွေဘုရင်တောင်ပဲ။ နာမည်ကြားရုံနဲ့တင် မလာသင့်တဲ့နေရာမှန်း သိသာတယ်။ အဲဒီတောင်ပေါ်မှာ ဝံပုလွေတွေ ဘယ်လောက်တောင်များလဲ သိလား။ ဝံပုလွေဘုရင်ကတောင် နတ်ဝင်နေပြီလို့ ငါကြားဖူးတယ်”

“ရှေ့မှာ သိုးတစ္ဆေကုန်းစောင်း ရှိတယ်။ ငါတို့ အဝေးကနေ ကွေ့သွားရမယ်”

ဤတစ်ကြိမ်တွင်မူ ဆွေယွမ်၏ လေသံထဲတွင်ပင် ကြောက်ရွံ့မှုများ စိမ့်ဝင်နေသည်။ လုံယီက မော့ကြည့်လိုက်သောအခါ အမြင့် မီတာ ၁၀၀ ခန့်ရှိသော ကုန်းမြင့်ငယ်တစ်ခုသည် အဝေးတွင် ငြိမ်သက်စွာ ရှိနေသည်ကို မြင်တွေ့ရသည်။ ကုန်းမြင့်ပေါ်ရှိ သစ်ပင်များမှာ ကျဲပါးလှပြီး ထိပ်ပြောင်နေသော လူလတ်ပိုင်းတစ်ဦး၏ ဦးခေါင်းနှင့်တူကာ ဖြူဖျော့ဖျော့ မြေပြင်များကို ဟိုတစ်ကွက် ဒီတစ်ကွက် တွေ့မြင်နေရသည်။

လုံယီအနေဖြင့် ဤကုန်းမြင့်တွင် ထူးခြားချက်တစ်စုံတစ်ရာကို မတွေ့မြင်ရသော်လည်း အခြားသူများ၏ တည်ကြည်လေးနက်နေသော မျက်နှာများကို ကြည့်ကာ မိမိကိုယ်ကိုယ်လည်း သတိထားရန် ပြင်ဆင်လိုက်တော့သည်။

ဝမ်အင်းနှင့် ဆွေယွမ်တို့ တိုးတိုးတိတ်တိတ် တိုင်ပင်ပြီးနောက် ဆွေယွမ်က ဆုံးဖြတ်ချက်ကို ကြေညာလိုက်သည်။

“ညာဘက်ခြမ်းကနေ သွားကြမယ်။ ဘယ်ဘက်မှာက မြစ်ကြီးရှိနေတာ တကယ်လို့ ငါတို့ ကြန့်ကြာသွားရင် ဒီည အပြင်မှာပဲ စခန်းချရလိမ့်မယ်။ ယောင်ခန်... မင်း ရှေ့ကနေ ဦးဆောင်”

“ဟုတ်ကဲ့”

ယောင်ခန်က တက်ကြွစွာ ပြန်ထူးပြီးနောက် သူ၏မြင်းကို ကျူတောထဲသို့ ဦးစွာနှင်သွင်းလိုက်သည်။

ရှဲ... ရှဲ...

လေတိုးသံကြောင့် ကျူပင်များ ယိမ်းထိုးနေပြီး တစ်ခါတစ်ရံ ငှက်အော်သံများလည်း ထွက်ပေါ်နေသည်။ လုံယီနှင့် အခြားသူများမှာမူ လှည်းဘီးများ မြက်ပင်နှင့် သစ်ရွက်များကို နင်းခြေသွားသည့် အသံများကို နားထောင်ရင်း လှည်းပေါ်တွင် လိုက်ပါလာကြသည်။

“အား...”

ရုတ်တရက် ထွက်ပေါ်လာသော အော်ဟစ်သံကြောင့် ငြိမ်သက်ခြင်းများ ပျက်စီးသွားပြီး လူတိုင်း တင်းမာသွားကြသည်။

“မကောင်းတော့ဘူး အကာအကွယ်ယူကြ”

အဖွဲ့၏ ရှေ့ဆုံးနားတွင်ရှိနေသော လုံယီ၏ စူးရှသောမျက်လုံးများသည် ကျူပင်များကြားမှ အရှိန်အဟုန်ဖြင့် ပျံသန်းလာသော မြားများကို မြင်တွေ့လိုက်ရသည်။ သူသည် ဘေးရှိ ရှီကျန့်ကို ချက်ချင်းဆွဲချကာ မြေပြင်ပေါ်သို့ ခုန်ဆင်းလိုက်သည်။ တစ်ပြိုင်နက်တည်းမှာပင် လှည်းဘေးကာပျဉ်ပြားကို အကာအကွယ်အဖြစ် အသုံးပြု၍ ကပ်နေလိုက်သည်။

“အား... အား...”

လှည်းများ ရပ်တန့်သွားသည်နှင့်အမျှ နောက်ထပ် အော်ဟစ်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။ ထိုစဉ် မြင်းတစ်ကောင်မှာ ထိတ်လန့်သွားပြီး ကုန်ပစ္စည်းများကို တင်ဆောင်လျက် ကျူတောထဲသို့ ရမ်းသန်းပြေးဝင်သွားတော့သည်။

ကျူတော၏ အရပ်မျက်နှာအနှံ့မှ ကောက်ရိုးဦးထုပ်များဆောင်းကာ လောက်လေးခွများ ကိုင်ဆောင်ထားသော အရွယ်ရောက်ပြီး မုဆိုးတစ်စု ထွက်ပေါ်လာကြသည်။ သူတို့၏ မျက်ဝန်းများမှာ အေးစက်လှသည်။

“ဟူမိသားစုရွာက လူတွေပဲ မင်းတို့က မြေရှင်ကျားကို ရန်စဝံ့တာလား”

ဆွေယွမ်က ဒေါသတကြီးနှင့် အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။

“ငါတို့ ဒီနေ့ လူတစ်ယောက်တည်းကိုပဲ လိုချင်တာ... အဲဒါ လုံယီပဲ”

ခေါင်းပေါင်းအမည်းပေါင်းကာ အဝတ်အစားအမည်းများ ဝတ်ဆင်ထားသော မျက်နှာဖြူဖြူနှင့် အရပ်ရှည်ရှည် အမျိုးသားတစ်ဦးသည် မုဆိုးအုပ်စုထဲမှ ထွက်လာသည်။ သူ၏မျက်လုံးများသည် အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့ လုံယီထံတွင် တန်းခနဲ ကျရောက်သွားတော့သည်။

တကယ့်ကို ချီဟုပင်။ သူ၏ဘေးတွင် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော လုပ်ဖော်ကိုင်ဖက် အစောင့်အရှောက် အချို့လည်း ရှိနေကြသည်။

“ဒီကိစ္စနဲ့ မပတ်သက်တဲ့သူတွေ အဝေးကို လစ်လိုက်ကြ မဟုတ်ရင်တော့ ဒီကောင်နဲ့အတူ အသေခံရလိမ့်မယ်”

ကျားမိသားစု စံအိမ်တော်မှ အစောင့်အရှောက်များမှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ သို့သော် လုံယီကို အံ့အားသင့်စေသည်မှာ မည်သူတစ်ဦးတစ်ယောက်မျှ ထွက်မပြေးဘဲ အချင်းချင်း စုစည်းလိုက်ကြခြင်းပင်။

“ငါတို့ ကျားမိသားစု စံအိမ်တော်ကလူတွေက ရဲဘော်ရဲဘက်တွေကို ဘယ်တော့မှ ပစ်မထားဘူး”

ဆွေယွမ်က မထီမဲ့မြင် ဆိုလိုက်သည်။

သဋသည် ဘယ်ဘက်လက်ဖြင့် လှည်းပေါ်ရှိ သစ်သားဒိုင်းတစ်ခုကို လျင်မြန်စွာ ဆွဲထုတ်လိုက်ပြီး ညာဘက်လက်ဖြင့် လှံရှည်တစ်စင်းကို မြှောက်လိုက်သည်။ လှံထိပ်ရှိ သံလှံစွပ်မှာ ငွေရောင်အလင်းတန်းများ ဖြာထွက်လျက် အေးစက်စူးရှနေတော့သည်။ ကျန်အစောင့်အရှောက်များကလည်း ထိုနည်းတူပင် တစ်ဖက်မှ ဒိုင်းများကိုင်ကာ တစ်ဖက်မှ လှံများကို အသင့်ပြင်လိုက်ကြရာ ချီဟု၏ မျက်နှာမှာ ပို၍ပင် မှောင်မှိန်သွားတော့သည်။

“မိုက်မဲမနေကြနဲ့ လုံယီနဲ့ သူနဲ့က ကိုယ်ရေးကိုယ်တာ ရန်ငြိုးရှိတာ ငါတို့နဲ့ ဘာဆိုင်လို့လဲ”

ဝမ်အင်းက အော်ဟစ်လိုက်သဖြင့် အစောင့်အရှောက်အချို့မှာ တုံ့ဆိုင်းသွားကြသည်။

“အော်... မင်းပဲကိုး ငါတို့ရဲ့ ခရီးစဉ်လမ်းကြောင်းကို သတင်းပေးလိုက်တဲ့သူက”

ဆွေယွမ်က ဝမ်အင်းကို အစိမ်းလိုက်ဝါးစားမတတ် ဒေါသတကြီး ကြည့်ကာ အော်ဟစ်လိုက်သည်။

“မ... မင်း ငါ့ကို အလကားသက်သက် စွပ်စွဲလို့မရဘူးနော်”

ဝမ်အင်းက ပြန်အော်သော်လည်း သူ၏ အကြည့်များမှာ ပျာယာခတ်နေပြီး လက်ချောင်းများကလည်း လှံကို မသိမသာ ပို၍ တင်းကျပ်စွာ ဆုပ်ကိုင်ထားမိသည်။

သူသည် ချီဟုဘက်သို့ လှမ်းကြည့်လိုက်ပြီးနောက် စိတ်ကို တည်ငြိမ်အောင်ထားကာ လှောင်ပြုံးပြုံးလိုက်သည်။

“ဒီလို မျက်နှာသစ်တစ်ယောက်အတွက်နဲ့ ငါတို့ အသက်နဲ့ရင်းရမှာ မတန်ပါဘူး။ လူတိုင်းမှာ အားကိုးနေရတဲ့ မိသားစုတွေ ရှိတယ် အဲဒီလောက်အထိ အရင်းအနှီးလုပ်ဖို့ လိုလို့လား”

ဝမ်အင်း၏ စကားများက အစောင့်အရှောက်များ၏ စိုးရိမ်မှုကို ထိမှန်သွားပုံရသည်။ သူတို့သည် တစ်ဦးကိုတစ်ဦး ကြည့်ကာ မျက်နှာများမှာ ဝေခွဲမရ ဖြစ်လာကြသည်။

“ကျွန်တော့်ကိစ္စအတွက် ကျွန်တော်ပဲ တာဝန်ယူပါ့မယ်”

လုံယီက ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။

“အားလုံး နောက်မဆုတ်ကြနဲ့။ ကျားမိသားစု စံအိမ်တော်ရဲ့ စည်းကမ်းတွေကို သတိရကြစမ်း။ သူတို့က မုဆိုးတစ်စုပဲ ရှိတာ လေးနဲ့မြား ရှိပေမဲ့ ငါတို့မှာ လှံနဲ့ ဒိုင်းရှိတယ်။ ငါတို့ အနားကပ်သွားနိုင်တာနဲ့ သူတို့တွေဟာ ငါတို့အတွက် အစာပဲ”

ဆွေယွမ်က ပြတ်သားစွာ အမိန့်ပေးလိုက်သည်။

“စစ်ကြောင်းပြင်”

အစောင့်အရှောက် တစ်ဒါဇင်ခန့်သည် ချက်ချင်းပင် စုစည်းကာ သစ်သားဒိုင်းများကို မြှောက်လိုက်ကြသည်။ ဒိုင်းများ၏ ကြားအဟိုက်များမှနေ၍ အန္တရာယ်ရှိသော လှံဖျားများက ပြူးထွက်နေတော့သည်။ လုံယီသည် ခေတ္တမျှ စဉ်းစားပြီးနောက် ထိုအုပ်စုအတွင်းသို့ လျင်မြန်စွာ ဝင်ရောက်ပူးပေါင်းလိုက်သည်။ ဝမ်အင်းတစ်ယောက်သာလျှင် အပြင်ဘက်တွင် စိတ်ပျက်ဒေါသထွက်လျက် ကျန်ရစ်ခဲ့တော့သည်။

“တိုက်စစ်ဖွင့်”

ဆွေယွမ်သည် ရှေ့ဆုံးမှနေ၍ လှံကို ရှေ့သို့ လွှဲလျက် အစောင့်အရှောက်များကို ချီဟုရှိရာသို့ ဦးဆောင်ခေါ်သွားသည်။ ချီဟု၏ မျက်နှာမှာ ပျက်သွားပြီး “မြားလွှတ်ကြ” ဟု ဟစ်အော်လိုက်တော့သည်။

ဝူး... ဝူး... ဝူး...

ဟူမိသားစုရွာမှ မုဆိုးများသည် လေးများကို တစ်ပြိုင်နက်တည်း ဆွဲကာ ပစ်ခတ်လိုက်ရာ မြားများသည် ကျားမိသားစု စံအိမ်တော် အစောင့်အရှောက်များအပေါ်သို့ မိုးရွာသကဲ့သို့ ကျဆင်းလာတော့သည်။

All Chapters