← Chapters

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

အခန်း။ ၃၉

လှံသိုင်းလား။

ပထမဆုံး ပယ်ဖျက်ရမည့်အရာ ဖြစ်သည်။ လှံတစ်စင်းကို တကောက်ကောက် သယ်ဆောင်သွားရန်မှာ မဖြစ်နိုင်သလို အလွန်လည်း လူသိသာစေသည်။ ထွက်ပြေးတိမ်းရှောင်နေရချိန်တွင် ဘာမဆို ဖြစ်ပျက်သွားနိုင်ပြီး မိမိ၏ လက်နက် ဆုံးရှုံးသွားနိုင်သည်ကို အမြဲ ကြိုတင်တွက်ဆထားရမည်။ ထို့ကြောင့် လက်သီးသိုင်းသာလျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

လုံယီသည် စွမ်းအင် ၃ မှတ်ကို အသုံးပြု၍ အခြေခံလက်သီးသိုင်းကို အဆင့်မြှင့်တင်လိုက်သည်။ သူ၏ စိတ်အာရုံထဲတွင် ယခင်မှတ်ဉာဏ်နှင့် ဆက်စပ်နေသော မှတ်ဉာဏ်အသစ်တစ်ခု ပေါ်ထွက်လာတော့သည်။

ယုခေတ်၏ နှောင်းပိုင်းကာလ ရန်သူတို့၏ ကျူးကျော်မှုများကြောင့် သေနတ်နှင့် အမြောက်များရှေ့တွင် ပြည်သူတို့၏ ယုံကြည်ချက်များ ပျက်စီးနေသည့် အချိန်...

မာချန်မြို့ရှိ ဟုန်ယန် သိုင်းသင်တန်းကျောင်းတွင် လုံယီသည် ဆံပင်ဖြူဖြူနှင့် သိုင်းဆရာကြီးထံတွင် လက်သီးသိုင်းကို ဆက်လက် သင်ယူနေဆဲပင်။

“မင်းရဲ့ လက်သီးသိုင်းက အခြေခံအဆင့်ကို ရောက်နေပြီ။ နောက်တစ်ဆင့်ကတော့ မနားတမ်း လေ့ကျင့်ပြီး သိုင်းကွက်တစ်ခုချင်းစီကို ရေစီးသဖွယ် ချောမွေ့သွားအောင် ပေါင်းစပ်ဖို့ပဲ။ ဒါကို ရဖို့အတွက် ဖြတ်လမ်းမရှိဘူး။ သာမန်လူတွေထက် ၅ ဆ ကနေ ၁၀ ဆအထိ ပိုပြီး ကြိုးစားအားထုတ်မှ ရလိမ့်မယ်”

“ဟုတ်ကဲ့ပါ ဆရာကြီး”

ဆရာကြီး၏ စကားကို ကြားသောအခါ လုံယီသည် စိတ်ကို ခိုင်ခိုင်မာမာ ဆုံးဖြတ်လိုက်သည်။ သူသည် မိုးမလင်းမီကတည်းက ထ၍ ခြေကုပ်ကျင့်စဉ်နှင့် လက်သီးသိုင်းကို သန်းခေါင်ယံတိုင်အောင် လေ့ကျင့်တော့သည်။ စားသောက်ခြင်း၊ အိပ်စက်ခြင်းနှင့် အပေါ့အလေး သွားခြင်းတို့မှလွဲ၍ ကျန်အချိန်အားလုံးကို လက်သီးသိုင်း လေ့ကျင့်ရင်းသာ ကုန်ဆုံးစေခဲ့သည်။

သူငယ်ချင်းများက ခရီးသွားရန် ခေါ်သည်ဖြစ်စေ မိသားစုက မိန်းကလေးတစ်ဦးနှင့် မိတ်ဆက်ပေးရန် စီစဉ်သည်ဖြစ်စေ သူ အားလုံးကို ငြင်းပယ်ခဲ့သည်။ သူ၏ ဘဝတွင် လက်သီးသိုင်းမှအပ အခြားဘာမျှ မရှိတော့သလို လူမှုဆက်ဆံရေး အားလုံးနှင့်လည်း ကင်းကွာသွားခဲ့သည်။ လုံယီသည် လက်သီးရူးဟူသော နာမည်ပြောင်ကိုပင် ရရှိခဲ့လေသည်။

နှစ်နှစ်ခန့် ကြာပြီးနောက် တစ်ညသော လမ်းမထက်တွင်...

“ဓားပြတိုက်လို့ အမြန်ဖမ်းကြပါဦး”

နောက်ဘက်မှ စူးစူးရှရှ အော်ဟစ်သံကို ကြားလိုက်ရသောအခါ ပန်းခြံထဲသို့ သိုင်းကျင့်ရန် သွားနေသော လုံယီသည် ရုတ်တရက် လှည့်ကြည့်လိုက်သည်။ မျက်နှာဖုံးစွပ်ထားသော အမျိုးသားတစ်ဦးသည် ဓားတစ်စင်းကို ကိုင်ကာ အိတ်တစ်လုံးကို လုယူလျက် သူရှိရာဘက်သို့ သာမန်လူထက် များစွာသာလွန်သော အရှိန်ဖြင့် ပြေးဝင်လာသည်ကို တိုက်တိုက်ဆိုင်ဆိုင် တွေ့လိုက်ရတော့သည်။

လုံယီသည် စကားတစ်လုံးမျှ မဆိုဘဲ ရှေ့သို့တစ်လှမ်းတိုးကာ ထိုသူကို တားဆီးရန် ပြင်လိုက်သည်။

“ဖယ်စမ်း”

အရပ်ရှည်ရှည်နှင့် ထိုအမျိုးသားက ဒေါသတကြီး ဟောက်လိုက်သည်။

သူ၏လက်ထဲရှိ ဝင်းလက်နေသော ဓားသည် လုံယီထံသို့ ကရုဏာမဲ့စွာ ထိုးစိုက်လာတော့သည်။ မည်မျှပင် သိုင်းပညာ ထူးချွန်သည်ဆိုစေဦးတော့ လက်နက်ကိုင်ထားသူကို ရင်ဆိုင်ရသည်မှာ အမြဲတမ်း အန္တရာယ်ရှိလှသည်။ ရှေးခေတ်ကတည်းက သိုင်းဆရာကြီး အမြောက်အမြားမှာ သာမန်လူတို့၏ လက်နက်များအောက်တွင် အသက်ပျောက်ခဲ့ကြရသည်။

သို့သော် ဤခိုက်အတန့်တွင် လုံယီ၏ စိတ်နှလုံးမှာ လှိုင်းလေကင်းစင်သော ရေကန်ပြင်ကဲ့သို့ တည်ငြိမ်နေသည်။ သူသည် လက်သီးကို လက်ဝါးစောင်းအဖြစ် ပြောင်းလဲကာ တိုက်ခိုက်လာသူထံသို့ အားပါပါ ပိုင်းချလိုက်သည်။

“သေချင်နေတာပဲ”

တိုက်ခိုက်သူ၏ မျက်ဝန်းတွင် ရက်စက်မှုများ ဖြတ်ပြေးသွားသည်။ နှစ်ပေခန့်ရှည်သော သူ၏ဓားသည် လုံယီ၏လက်ကို ဖြတ်တောက်တော့မည့်အလား ဖြစ်နေသည်။ မမျှော်လင့်ဘဲ လုံယီသည် သူ၏ဘယ်ခြေကို အခိုင်အမာ ထောက်ကာ ညာခြေကို အပြင်ဘက်သို့ လှည့်လျက် ခန္ဓာကိုယ်ကို အနည်းငယ် ရှောင်တိမ်းလိုက်သည်။

အထက်မှ ပိုင်းချလိုက်သော လက်ဝါးစောင်းမှာ မျက်တောင်တခတ်အတွင်း ဘယ်မှညာသို့ ဝှေ့ယမ်းထိုးနှက်သည့် လက်သီးချက်အဖြစ် ပြောင်းလဲသွားပြီး တိုက်ခိုက်သူ၏ လက်မောင်းကို တည့်တည့်ကြီး ထိမှန်သွားတော့သည်

“အား...”

တိုက်ခိုက်သူမှာ နာကျင်စွာ အော်ဟစ်လိုက်ရပြီး လက်ထဲမှဓားမှာလည်း လွင့်စင်သွားတော့သည်။ ထို့နောက် လုံယီသည် သူ၏လက်သီးကို လက်သည်းကုတ်ချက်အဖြစ် ပြောင်းလဲကာ ရှေ့သို့ အားပါပါ လှမ်းဖမ်းလိုက်သည်။ ရန်သူ၏ ကော်လာကို ဆုပ်ကိုင်မိသည်နှင့် ခါးနှင့် တင်ပါးကို အားယူကာ လျင်မြန်စွာပင် မြေပြင်ပေါ်သို့ ဆောင့်ချပစ်လိုက်သည်။

ဘုန်း….

တိုက်ခိုက်သူမှာ မျက်လုံးများ လန်ထွက်သွားကာ ထိုနေရာမှာတင် မေ့မြောသွားတော့သည်။

“တကယ့်ကို အံ့ဩဖို့ကောင်းလိုက်တာ”

ခဏအကြာတွင် နောက်ဘက်မှ လူအုပ်ကြီး ပြေးလွှားရောက်ရှိလာကြသည်။

လုံယီက တိုက်ခိုက်သူကို အချိန်တိုအတွင်း နှိမ်နင်းလိုက်သည်ကို မြင်သောအခါ လူတိုင်းက ချီးကျူးကြတော့သည်။

“ဒီလူက မီးလျှံဓားလို့ လူသိများတဲ့ နာမည်ကြီး သူခိုးပဲ။ သူက သိုင်းပညာလည်း သင်ထားတဲ့သူ။ ဒါကို မင်းက ကွက်ချက်အနည်းငယ်နဲ့တင် အလဲထိုးနိုင်တာပဲ”

လက်ဝါးစောင်း ဝှေ့ယမ်းလက်သီး ဖမ်းဆုပ်ချက်... ဟူသော သိုင်းကွက်သုံးကွက်တည်းဖြင့် လုံယီသည် ဓားကိုင်ထားသော ရန်သူကို အလွယ်တကူ နှိမ်နင်းနိုင်ခဲ့သည်။ သူ၏ လက်သီးသိုင်းမှာ ယခုအခါ ပုံသေကားကျ အနေအထားမှ လွတ်မြောက်ကာ စိတ်အလိုရှိသလို လွတ်လပ်စွာ အသုံးချနိုင်သည့် အခြေအနေသို့ ရောက်ရှိသွားပြီဖြစ်သည်။

ဤအချိန်တွင် သူ၏ လက်သီးသိုင်းမှာ နယ်ပယ်အသစ်တစ်ခုသို့ တက်လှမ်းသွားပြီဖြစ်ကြောင်း သူ နားလည်လိုက်သည်။

ဘုန်း…..

လက်တွေ့ကမ္ဘာရှိ လုံယီ သတိပြန်ဝင်လာသောအခါ သူသည် အိပ်မက်နယ်ပယ်မှ ဗဟုသုတနှင့် ကျွမ်းကျင်မှုအားလုံးကို အပြည့်အဝ စုပ်ယူပြီးစီးသွားခဲ့ပြီ ဖြစ်သည်။

[ကျွမ်းကျင်မှု အခြေခံလက်သီးသိုင်း (ကျွမ်းကျင် ၀/၁၅)]

[စွမ်းအင် ၈]

လုံယီသည် ခန္ဓာကိုယ်ကို အကြောဆန့်လိုက်ရာ သူ၏အရိုးများမှာ ဝါးတံပိုးကဲ့သို့ တဖြောက်ဖြောက် မြည်ဟည်းသွားသည်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သောအခါ ယခင်ကထက် ပိုမိုအားကောင်းသော ခွန်အားများ စီးဆင်းနေသည်ကို ခံစားရသည်။

တပြိုင်နက်တည်းမှာပင် လုံယီ၏ ခန္ဓာကိုယ်အား ပိုမိုခိုင်မာလာစေရန် နွေးထွေးသော စွမ်းအင်စီးကြောင်းတစ်ခုက ပြုပြင်ပြောင်းလဲပေးနေသည်။ သို့သော် သူ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမှာ သာမန်လူတို့ထက် များစွာ သာလွန်နေပြီ ဖြစ်သဖြင့် ထိုနွေးထွေးမှုမှာ ခဏတာမျှသာ ခံစားရပြီး လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။

တစ်ကြိမ်တည်းနဲ့ အကြီးအကျယ် အဆင့်တက်ဖို့ဆိုတာ မလွယ်ဘူးပဲ။

ဒါပေမဲ့ ငါသာ အခုလို အဆင့်ဆင့် ဆက်ပြီး တက်လှမ်းနေမယ်ဆိုရင် တစ်နေ့မှာတော့ သိသာထင်ရှားတဲ့ ပြောင်းလဲမှုကြီး တစ်ခုက မလွဲမသွေ ဖြစ်လာမှာပဲ။

လုံယီ၏ စိတ်မှာ အနည်းငယ် တည်ငြိမ်သွားသည်။ သူ၏ လက်သီးသိုင်းမှာ ကျွမ်းကျင် အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်ရာ အကယ်၍ လက်နက်မရှိသည့် အခြေအနေမျိုး ကြုံလာရလျှင်ပင် မိမိကိုယ်ကိုယ် ကောင်းစွာ ကာကွယ်နိုင်မည်ဖြစ်သည်။

ယခုလောလောဆယ်တွင် သူ၏ အဓိက ဦးစားပေးမှာ ပြဿနာတက်နိုင်သည့် ထိုင်မြို့နယ်မြေအတွင်းမှ အမြန်ဆုံး ထွက်ခွာရန်ပင်။ သူ ခန့်မှန်းထားသည့်အတိုင်းဆိုလျှင် ထိုင်မြို့ အာဏာပိုင်များသည် မကြာမီမှာပင် သူ့ကို ဖမ်းဆီးရန် ဝရမ်းထုတ်ပြန်တော့မည် ဖြစ်သည်။

နန်းတွင်း၏ ကြီးမားလှသော အာဏာစက်ကို ထိပ်တိုက်ရင်ဆိုင်ရန် သူ ဘယ်သောအခါမှ မတွေးဝံ့ချေ။ အခြားသော မြို့ကြီးများဆီသို့သာ ခိုလှုံရန် ထွက်ပြေးရမည်ဖြစ်သည်။ အဆုံးစွန်ထိတော့ သူသည် နာမည်ကျော် လူသတ်သမား တစ်ဦးမဟုတ်သဖြင့် မြို့တိုင်းက လိုက်လံဖမ်းဆီးနေလိမ့်မည် မဟုတ်ပေ။

အကယ်၍ ကုန်းလမ်းမှ သွားမည်ဆိုပါက မိုင်ပေါင်း ရာနှင့်ချီ ခရီးနှင်ရမည်ဖြစ်ပြီး တရားဝင်လမ်းမကြီးများကို မသုံးစွဲဝံ့သဖြင့် တည်းခိုခန်းများတွင်လည်း မတည်းနိုင်ဘဲ တောတောင်ထဲ၌သာ လူရိုင်းတစ်ဦးကဲ့သို့ နေထိုင်ရပေလိမ့်မည်။

ဒါကတော့ မဖြစ်နိုင်ဘူး။

လုံယီက ခေါင်းခါလိုက်သည်။

စားဝတ်နေရေး အတွက် ဘယ်လိုလုပ်ရမလဲ။

မိုးသက်မုန်တိုင်း သို့မဟုတ် မိုးသီးကြွေခြင်းကဲ့သို့သော ကြမ်းတမ်းသည့် ရာသီဥတုများနှင့် ကြုံလာလျှင်ရော အဆိပ်ရှိသော သတ္တဝါများနှင့် သားရဲမျိုးစုံကို ရင်ဆိုင်ရလျှင်ရော….

ထို့ပြင် ပြည့်စုံသော မြေပုံမရှိဘဲ ခရီးသွားခြင်းမှာ ထူးဆန်းသော အန္တရာယ်များနှင့် ရင်ဆိုင်ရရန် ရာခိုင်နှုန်း များလှသည်။

သတင်းစကားများအရ ကြားဖူးသည့် နတ်ဆိုးများ ဝိညာဉ်များ လမ်းမှားစေသော မြူထုများနှင့် ယခုတွေ့ခဲ့သည့် သိုးတစ္ဆေကုန်းစောင်းကဲ့သို့သော နေရာမျိုးစုံ ရှိနေသည်။ တောတောင်ထဲတွင် တစ်ယောက်တည်း အချိန်အကြာကြီး ခရီးသွားခြင်းမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းနှင့် မခြားပေ။

ထို့ကြောင့် ရေလမ်းကိုသာ ရွေးချယ်ရမည်ဖြစ်ပြီး သင်္ဘောတစ်စီးပေါ်သို့ ခိုးကြောင်ခိုးဝှက် တက်နိုင်ရန် အခွင့်အရေးရှာရမည်။ ၎င်းမှာ စွန့်စားရမည့် ကိစ္စဖြစ်သော်လည်း သူ လုပ်ဆောင်ရပေလိမ့်မည်။

လုံယီသည် ဆွေယွမ်ပေးခဲ့သော မြေပုံကို အားကိုးလျက် လူသူမရိပ်မိစေရန် လမ်းကို ပတ်၍ သွားခဲ့သည်။ မြင်းစီးသွားသော်လည်း လုံခိုမြို့သို့ ရောက်ရန် တစ်ရက်တိတိ အချိန်ယူခဲ့ရသည်။

မြို့သို့ ရောက်သောအခါ မြင်းကို လွှတ်လိုက်ပြီး ခေါင်းဆောင်းဦးထုပ်ကို ငုံ့ဆောင်းကာ ဆိပ်ကမ်းသို့ သွားခဲ့သည်။ အခြားသူများ၏ စကားဝိုင်းများကို အကဲခတ်နားထောင်ရင်း နောက်ထပ် သုံးရက်အကြာတွင် ကျန်းမြို့သို့ ထွက်ခွာမည့် သင်္ဘောကြီးတစ်စီး ရှိကြောင်း သိလိုက်ရသည်။

ဒီသင်္ဘောပေါ်ကို ခိုးတက်ဖို့ နည်းလမ်း ရှာရမယ်။

လုံယီသည် ခြေလှမ်းတိုင်းကို သတိထားရမည်ဖြစ်ကြောင်း နားလည်ထားသည်။ ထိုင်မြို့နယ်နိမိတ်အတွင်းမှသာ သူ လွတ်မြောက်သွားပါက တစ်လောကလုံးသည် သူ၏ ကစားကွင်း ဖြစ်လာတော့မည်ပင်။

ဆင်ရှန်းမြို့ စစ်ဆေးရေးရုံး၌….

“ချီဟု ဖန့်ယွမ်နဲ့ ရှောင်ယန်တို့ ဘယ်ရောက်နေကြတာလဲ။ ဘာလို့ အခုထိ အလုပ်ဆင်းကြောင်း လာမတင်ပြကြသေးတာလဲ”

စစ်ဆေးရေးရုံးအတွင်း၌ အစိမ်းရောင် နန်းတွင်းဝတ်စုံကို ဆင်မြန်းထားသော စစ်ဆေးရေးမှူးချောင်းးသည် လေးထောင့်ကျကျမျက်နှာနှင့် ခန့်ညားထည်ဝါသော အရှိန်အဝါရှိသော်လည်း ယခုအခါ ရှေ့တွင် တုန်တုန်ရင်ရင်ဖြင့် ရပ်နေကြသော မြားသမားတစ်စုကို ကြည့်ကာ မကျေမနပ်ဖြစ်နေသည်။

“အရှင်... သူတို့တွေ ကျားမိသားစုစံအိမ်မှာ ပြဿနာသွားရှာနေကြတယ်လို့ ထင်ရပါတယ် ခင်ဗျာ”

မြားသမားတစ်ဦးမှာ ဖိအားကို မခံနိုင်တော့ဘဲ ဒူးထောက်၍ ဖြေကြားလိုက်သည်။

“ဘာလို့ ငါ့ကို စောစောစီးစီး အကြောင်းမကြားတာလဲ”

စစ်ဆေးရေးမှူးချောင်း၏ မျက်နှာသည် ရုတ်တရက် မှောင်မှိန်သွားသည်။

“မင်းတို့က ငါ့ကို စစ်ဆေးရေးမှူးအဖြစ် အသိအမှတ်မပြုကြတော့ဘူးလား”

ဘုန်း….

ထိုစကားကို ကြားလိုက်ရသည်နှင့် ကျန်ရှိသူများအားလုံး ထိတ်လန့်တကြား ဒူးထောက်လိုက်ကြသည်။

“ခွင့်လွှတ်ပါ အရှင်။ ချီဟုက ဘယ်သူ့ကိုမှ မပြောဖို့ တားမြစ်ထားလို့ပါ”

“သတင်းပို့ပါတယ်”

ရုတ်တရက် အပြင်ဘက်မှ အလျင်စလိုအော်ဟစ်သံ ထွက်ပေါ်လာပြီးနောက် လူတစ်ယောက်သည် ပျာပျာသလဲ ပြေးဝင်လာသည်။

“အရှင်... သတင်းဆိုးပါ ဟူမိသားစုရွာက မုဆိုးတစ်ယောက်က အရှင့်ကို အရေးပေါ် တွေ့ခွင့်တောင်းနေပါတယ်။ သူပြောတာကတော့ ချီဟု မြို့တော်က လူငယ်သူရဲကောင်း ချင်ယွန်းနဲ့ အဖွဲ့သားတွေအားလုံး... အားလုံး...”

“ဘာဖြစ်လဲ အမြန်ပြောစမ်း”

“အဲဒီလူတွေအားလုံး... လုံယီ ဆိုတဲ့သူရဲ့ လက်ချက်နဲ့ အသတ်ခံလိုက်ရပြီလို့ ပြောပါတယ်ခင်ဗျာ”

ရွှမ်း…..

ထိုသတင်းကို ကြားလိုက်ရသည်နှင့် စစ်ဆေးရေးမှူးချောင်းသည် ဒေါသအိုးပေါက်ကွဲကာ ခါးရှိ အဖိုးတန်ဓားကို ဆွဲထုတ်၍ ဘေးနားရှိ စားပွဲကို ခုတ်ပိုင်းလိုက်တော့သည်။ အေးစက်လှသော ဓားအလင်းတန်းနှင့်အတူ အရည်အသွေးမြင့် နန်မုသစ်သားစားပွဲ၏ ထောင့်တစ်ဖက်မှာ ပြတ်တောက်ကာ လျောကျသွားလေသည်။

“နင်ရှုံနဲ့ ရှန်ဖန့်ကို အခုချက်ချင်း ငါ့ဆီ လာခိုင်းလိုက်”

ခဏအကြာတွင် စစ်ဆေးရေးမှူး၏ စာကြည့်ခန်းအတွင်း၌ မုန်တိုင်းမလာမီ ငြိမ်သက်ခြင်းကဲ့သို့ ဖိနှိပ်ချုပ်ချယ်သော လေထုက ဖုံးလွှမ်းနေသည်။ အရာရှိအားလုံးနီးပါးသည် စကားတစ်လုံးမျှ မပြောဝံ့ဘဲ ခေါင်းငုံ့နေကြသည်။

သူတို့အနက် လူနှစ်ယောက်သာလျှင် ဤဖိအားကို ဂရုမစိုက်ဟန် ရှိနေသည်။

တစ်ဦးမှာ ကိုယ်လုံးကိုယ်ထည် ထွားကျိုင်းကာ သားရေရင်ဖုံး ဝတ်ဆင်ထားသည်။ သူ၏ တောင့်တင်းလှသော ကြွက်သားများနှင့် သိပ်သည်းသော အမွှေးအမျှင်များက ပေါ်လွင်နေပြီး လူတစ်ရပ်စာနီးပါး မြင့်သော ဝံပုလွေစွယ်တုတ်ကြီးကို ကျောတွင် လွယ်ထားသည်။ သူကား ဆင်ရှန်းမြို့တွင် တစ်ဦးတည်းသော သိုင်းပညာရှင်အဖြစ် နာမည်ကျော်သည့် လူသတ်သမား နင်ရှုံပင်။

အခြားတစ်ဦးမှာ ခန္ဓာကိုယ် သွယ်လျကာ မျက်နှာတွင် သံမျက်နှာဖုံးတစ်ဝက် စွပ်ထားသည်။ သူ၏ ပြတ်တောက်နေသော ညာဘက်လက်ဖျံနေရာတွင် အေးစက်စူးရှသော ငွေရောင်ချိတ်တစ်ခုကို တပ်ဆင်ထားသည်။ သူသည် နင်ရှုံထက်ပင် ပို၍ အန္တရာယ်ရှိပုံရပြီး နင်ရှုံနှင့်အပြိုင် ကျော်ကြားသော သံလက်သည်း ရှန်ဖန့်ပင်။

“ချီဟု သေပြီ။ ဖန့်ယွမ်လည်း သေပြီ။ ရှောင်ယန်လည်း သေပြီ... ကဲ ပြောကြစမ်း ငါတို့ ဘာလုပ်သင့်သလဲ”

စစ်ဆေးရေးမှူးချောင်း၏ မျက်လုံးများမှာ သွေးတက်နေပြီး တစ်စုံတစ်ဦးကို အစိမ်းလိုက်ဝါးစားတော့မည့်ပုံ ပေါက်နေသည်။

အခန်း။ ၄၀

“ဒီ လုံယီ ဆိုတဲ့ကောင်ကို သတ်ပစ်ရမယ်”

နင်ရှုံက ကျောက်ခဲချင်းပွတ်သံကဲ့သို့ ကြမ်းတမ်းလှသော အသံဖြင့် တောက်ခေါက်လိုက်သည်။

“ပြောရတာတော့ လွယ်တာပေါ့။ မင်း သူ့ကို ငါ့ရှေ့ရောက်အောင် အရင်ခေါ်လာနိုင်လို့လား” စစ်ဆေးရေးမှူးချောင်းက ပြန်လည်အော်ဟစ်လိုက်သည်။

“အရှင်... တကယ့်ပြဿနာက ချင်ယွန်း ငါတို့ဆီမှာ လာသေသွားတာပဲ။ သူက လေးလံသောဓားဂိုဏ်းရဲ့ အတွင်းစည်းတပည့် ဖြစ်ရုံတင်မကဘူး။ ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်နဲ့လည်း နီးစပ်တဲ့ ဆွေမျိုးတော်စပ်တယ်လို့ ကျွန်တော် ကြားထားတယ်။ သူက သိုင်းပညာရှင်အဆင့်ကို ကူးပြောင်းဖို့ လက်တစ်ကမ်းပဲ လိုတော့တာလေ”

သံလက်သည်း ရှန်ဖန့်၏ အက်ကွဲကွဲအသံက အခန်းအတွင်း ပဲ့တင်ထပ်သွားသည်။

လေးလံသောဓားဂိုဏ်းဟူသော အမည်ကို ကြားလိုက်ရသောအခါ စစ်ဆေးရေးမှူးသည် မျက်မှောင်ကြုတ်သွားပြီး ပို၍ပင် စိတ်ရှုပ်ထွေးသွားပုံရသည်။ ဤဂိုဏ်းမှာ ထိုင်မြို့တော်ရှိ သိုင်းသင်တန်းကျောင်း အနည်းငယ်အနက် တစ်ခုဖြစ်ပြီး သိုင်းပညာရှင် အမြောက်အမြားရှိကာ သြဇာအလွန်ကြီးမားလှသည်။ မြို့စားမင်းကိုယ်တိုင်ပင်လျှင် သူတို့ကို ရင်းနှီးအောင် ကြိုးစားစည်းရုံးနေရခြင်း ဖြစ်သည်။

စစ်ဆေးရေးမှူးမှာ သူ့စကားကို နားထောင်နေကြောင်း မြင်ရသောအခါ ရှန်ဖန့်က ဆက်လက်ပြောကြားသည်။

“လောလောဆယ် အစီအစဉ်ကတော့ လုံယီကို အရှင်ဖမ်းပြီး လေးလံသောဓားဂိုဏ်း ဆီကို လွှဲပေးဖို့ပဲ။ ဒါမှသာ သူတို့ရဲ့ ဒေါသကို ပြေလျော့စေနိုင်မှာ။ မြို့တော်ဆီကနေ အကူအညီတောင်းပါ ပြီးရင် လမ်းမကြီးတွေနဲ့ ဆိပ်ကမ်းအားလုံးကို ချက်ချင်းပိတ်ပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးခိုင်းရမယ်။ သူ့ရဲ့ ပုံတူကို ဆွဲပြီး ဝရမ်းထုတ်ပါ။ သတင်းပေးနိုင်သူကိုလည်း ဆုကြေးငွေ အမြောက်အမြား ပေးရမယ်”

“ဒါ့အပြင်... ဒီကောင်က အဆင့်တက်ခါနီးဖြစ်နေတဲ့ ချင်ယွန်းကိုတောင် သတ်နိုင်တယ်ဆိုတော့ သူက သိုင်းပညာ ကျွမ်းကျင်တဲ့သူ ဖြစ်နိုင်သလို ထူးခြားတဲ့ ပါရမီရှင်တစ်ယောက်လည်း ဖြစ်နိုင်တယ်”

“ဒါဆိုရင်... လက်နက်တိုက်ကိုဖွင့်ပြီး အရာရှိအားလုံးကို သံချပ်ကာအင်္ကျီတွေ ထုတ်ပေးလိုက်

စမ်း”

စစ်ဆေးရေးမှူးက အေးစက်စွာ အမိန့်ပေးလိုက်သည်။

စစ်ဆေးရေးမှူး၏ ရက်စက်ပြတ်သားလှသော စကားများကို ကြားသောအခါ ရှန်ဖန့်နှင့် နင်ရှုံတို့သည် တစ်ဦးကိုတစ်ဦး ကြည့်ကာ အံ့ဩသွားကြသည်။ ဤသံချပ်ကာအင်္ကျီများမှာ စစ်ဆေးရေးမှူး၏ အဖိုးတန်ဆုံးသော လက်နက်ပစ္စည်းများဖြစ်ပြီး ယခင်က နေဝင်တောင်မှ ဓားပြများကို နှိမ်နင်းစဉ်ကပင် ထုတ်မသုံးခဲ့သော ပစ္စည်းများဖြစ်သည်။ ၎င်းကိုကြည့်ခြင်းအားဖြင့် စစ်ဆေးရေးမှူးသည် လုံယီကို မည်မျှအထိ နာကျည်းနေကြောင်း သိသာလှသည်။

မကြာမီမှာပင် စစ်ဆေးရေးမှူး၏ အိမ်ရှေ့ဝင်းအတွင်းမှ ခိုတစ်ကောင်သည် တောင်ပံခတ်လျက် ပျံသန်းသွားပြီး ထိုင်မြို့တော်ရှိရာ အရပ်မျက်နှာသို့ ဦးတည်သွားတော့သည်။

ဆင်ရှန်း၏ အကြီးဆုံး ဟင်းသီးဟင်းရွက်ဈေးရှိ လူစည်ကားလှသော ဈေးအတွင်းမှ ဂူယုံသည် ကြက်မအိုကြီးတစ်ကောင်ကို လက်မှဆွဲလျက် ထွက်လာခဲ့သည်။ ကြက်မကြီးမှာလည်း တစ်အာအာနှင့် အော်ဟစ်နေတော့သည်။

ဂူယုံ၏ မိခင်မှာ လွန်ခဲ့သော ရက်အနည်းငယ်ကပင် နေထိုင်မကောင်း ဖြစ်နေခဲ့သည်။ မိဘအပေါ် သိတတ်ရိုသေသော သားတစ်ဦးပီပီ မိခင်ဖြစ်သူ အားရှိစေရန် ဟင်းချိုချက်တိုက်ဖို့ ကြက်တစ်ကောင် လာဝယ်ခြင်း ဖြစ်သည်။

ရုတ်တရက် သူ၏ ခြေလှမ်းများ ရပ်တန့်သွားသည်။

မလှမ်းမကမ်းရှိ လူအုပ်ကြီးမှာ တစ်စုံတစ်ရာကို ဝိုင်းအုံကြည့်ရှုနေကြသည်။ လူ့သဘာဝအရ စပ်စုလိုစိတ်ကြောင့် ဂူယုံသည်လည်း လူအုပ်ကြားထဲသို့ တိုးဝင်ကြည့်လိုက်မိသည်။ မီးခိုးရောင် နံရံပေါ်တွင် အလျားသုံးပေ အနံနှစ်ပေခန့်ရှိသော ဝါကျင့်ကျင့် လျော်တေစက္ကူတစ်ချပ် ကပ်ထားသည်ကို တွေ့ရသည်။

စက္ကူ၏ အထက်ပိုင်းတွင် အသက် ၂၀ မပြည့်သေးသည့် လူငယ်တစ်ဦး၏ မှင်ပုံတူကို ဆွဲထားသည်။ မျက်ခုံးထူထူ စူးရှသော မျက်လုံးများနှင့် ပီပြင်သော မျက်နှာသွင်ပြင်တို့မှာ သူရဲကောင်းဆန်သော အငွေ့အသက်ကို ပေးစွမ်းနေသည်။

ဒီပုံထဲကလူကို ငါ ဘာလို့ ရင်းနှီးနေရတာလဲ။

အောက်ဘက်ရှိ စာသားများကို ဖတ်ကြည့်လိုက်သောအခါ ဂူယုံ၏ ဦးရေပြားတစ်ခုလုံး စိမ့်ခနဲ ဖြစ်သွားတော့သည်။

[ဝရမ်းပြေး လုံယီ၊ကျား၊ အသက်မပြည့်သေး ဆင်ရှန်းမြို့ အယ်ဟယ်ကျေးရွာနေထိုင်သူ အရပ်ရှည်၍ ခွန်အားအလွန်ကြီးမားသည်။

ပြစ်မှုမှာ နန်းတွင်းအရာရှိအား လုပ်ကြံမှု။ အရှင်ဖမ်းဆီးပေးနိုင်ပါက ငွေပြား ၂၀၀ ဆုချမည် သတင်းပေးနိုင်ပါက ပြား ၅၀ ဆုချမည်။ သိလျက်နှင့် ဖုံးကွယ်ထားပါက တရားခံနှင့် ထပ်တူ အပြစ်ပေးခြင်း ခံရမည်။ ဆင်ရှန်း စစ်ဆေးရေးဗျူရိုမှ ထုတ်ပြန်သည်။]

အာယီက တကယ်ပဲ အရာရှိတစ်ယောက်ကို သတ်လိုက်တာလား။

အမြဲတမ်း အေးအေးဆေးဆေး နေတတ်သည့် လုံယီနှင့် ဤလူသတ်သမားဆိုသော စကားလုံးမှာ ဂူယုံအတွက် ဆက်စပ်ကြည့်ရန် ခက်ခဲလှသည်။

အရာရှိဆိုတာ... ချီမိသားစုက ဒုတိယမြောက်သား ချီဟုများလား...

သူ ချက်ချင်းပင် ချီဟုကို ပြေးမြင်မိသည်။

အယ်ဟယ်ကျေးရွာ၌ အနက်ရောင် ဝတ်စုံဝတ် မြားသမား သုံးဦးသည် ရွာအတွင်းသို့ ဘာကိုမျှ ဂရုမစိုက်ဘဲ မြင်းများဖြင့် ဒုန်းစိုင်းစီးဝင်လာကြသည်။ ရွာသားတို့၏ အိမ်ရှေ့ရှိ ဟင်းသီးဟင်းရွက်ခင်းများကို နင်းခြေသွားကြသော်လည်း သူတို့ ဂရုမစိုက်ပေ။

လုံယီ၏ အိမ်သို့ ရောက်သောအခါ သူတို့သည် အိမ်တံခါးကို အကြမ်းပတမ်း ရိုက်ချိုးပြီး အတွင်းရှိ ပစ္စည်းမှန်သမျှကို ရစရာမရှိအောင် မွှေနှောက်ရှာဖွေကြတော့သည်။ ပစ္စည်းများ ကွဲကြေပျက်စီးသံများက အိမ်ပြင်အထိ ကျယ်လောင်စွာ ထွက်ပေါ်နေသည်။ အဆုံးတွင်တော့ သူတို့သည် အိမ်တံခါးဝတွင် အဖြူရောင် စက္ကူအဝိုင်းပိတ်ကို ကပ်၍ အိမ်ကို ချိပ်ပိတ်လိုက်ကြသည်။

“လူသတ်သမား လုံယီဟာ ရက်စက်ကြမ်းကြုတ်တဲ့ ပြစ်မှုတွေကို ကျူးလွန်ထားတဲ့အတွက် စစ်ဆေးရေးဗျူရိုကနေ ဝရမ်းထုတ်ထားတယ်။ သတင်းပေးတဲ့သူကို ဆုကြေးအမြောက်အမြား ပေးမှာဖြစ်သလို တရားခံကို ဖုံးကွယ်ထားတဲ့သူတွေကိုလည်း တရားခံနဲ့အတူ တန်းတူ အပြစ်ပေးမယ်”

ခေါင်းဆောင်ဖြစ်သူ မြားသမားက ခက်ထန်သော အကြည့်များဖြင့် ရွာသားများကို အော်ဟစ်သတိပေးလိုက်သည်။

ရွာသားအားလုံးမှာ သူတို့အိမ်အတွင်း၌သာ ပုန်းအောင်းနေကြပြီး ပြတင်းပေါက်မှတစ်ဆင့် ထိုမြင်ကွင်းကို စိုးရိမ်တကြီးဖြင့် တိတ်တဆိတ် ကြည့်ရှုနေကြသည်။

အာယီက လူသတ်မှု ကျူးလွန်ခဲ့တာလား။

ပညာရှိလုံက အဲဒီလောက် ယဉ်ကျေးသိမ်မွေ့တာ ဘယ်လိုလုပ်ပြီး ဒီလောက် ရက်စက်တဲ့ သားမျိုး ရှိရတာလဲ။

အခုတော့ သွားပြီ။ လုံမိသားစုတော့ ဒုက္ခရောက်ပြီ။

တိုက်ဟယ်ကျေးရွာ၌ မြားသမားများသည် ရွာအတွင်းသို့ ဝင်ရောက်လာကြပြီး သူတို့၏အသံမှာ ခရာမှုတ်သံကဲ့သို့ ကျယ်လောင်နေတော့သည်။

“အိမ်နီးနားချင်း အယ်ဟယ်ရွာက လုံယီဟာ အရာရှိတစ်ဦးကို သတ်ဖြတ်ပြီး အစိုးရကို ပုန်ကန်ခဲ့တဲ့ နာမည်ကျော် လူဆိုးတစ်ယောက်ပဲ”

မြားသမားများ၏ စကားကို ကြားသောအခါ တိုက်ဟယ်ရွာရှိ လူများမှာ အုတ်အော်သောင်းနင်း ဖြစ်သွားကြသည်။ လုံယီ၏ နာမည်မှာ ပတ်ဝန်းကျင်ကျေးရွာများတွင် အတော်အတန် လူသိများသည်မဟုတ်ပါလား။

“မဖြစ်နိုင်တာ ဦးဦးလုံက အဲဒီလိုလူမျိုး မဟုတ်ပါဘူး မင်းတို့ လိမ်နေတာ”

ဆံပင်ကျစ်ဆံမြီးလေးနှင့် ဒိုကီသည် ဒေါသတကြီး ငိုယိုအော်ဟစ်လိုက်သည်။ သူ၏မျက်နှာမှာ နီမြန်းနေပြီး အိမ်ထဲမှ ပြေးထွက်ကာ မြားသမားများရှိရာသို့ ဦးတည်လျက် အော်ဟစ်ဆဲဆိုတော့သည်။

“ဒိုကီ... ဒိုကီ”

ချန်စွန်းရှီသည် ယိုင်တိယိုင်တိုင်ဖြင့် ပြေးလာပြီး ဒိုကီကို သူမ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းကာ ပါးစပ်ကို ပိတ်လိုက်သည်။

သူမသည် မြားသမားကို အထပ်ထပ်အခါခါ တောင်းပန်လိုက်သည်။

“တောင်းပန်ပါတယ် အရာရှိမင်းရယ် သူက ကလေးမို့လို့ ဘာမှမသိလို့ပါ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါရှင်”

“ရပါတယ်”

မြားသမားက ရုန်းကန်နေဆဲဖြစ်သော ဒိုကီကို စိတ်ဝင်တစား ကြည့်လိုက်သည်။

“လာပါဦး ကလေးရဲ့ မင်းက ဘာဖြစ်လို့ လုံယီကို ဦးဦး လို့ ခေါ်ရတာလဲ ပြောပြစမ်း”

“သူ မင်းဆီကို ပြန်လာတွေ့သေးလား”

ထိုစကားကို ကြားလိုက်ရသည့်ခဏတွင် ချန်စွန်းရှီ၏ မျက်နှာမှာ ဖြူလျော့သွားတော့သည်။ သူမသည် ဒိုကီကို တင်းကျပ်စွာ ပွေ့ဖက်ထားရင်း “အရာရှိမင်းရယ်... သူက ကလေးပါ။ ဘာမှ နားမလည်ဘဲ ပြောနေတာပါ...” ဟု တောင်းပန်တိုးလျှိုးနေတော့သည်။

ကျားမိသားစု စံအိမ်တော်၌ အနက်ရောင် သံချပ်ကာအင်္ကျီများကို ဝတ်ဆင်ကာ ဓားများကိုယ်စီ ကိုင်ဆောင်ထားသော အရာရှိ တစ်ဒါဇင်ခန့်သည် စံအိမ်တော်ရှေ့ရှိ ကွင်းပြင်ကျယ်ထဲသို့ ဝင်ရောက်လာကြသည်။ သူတို့ လျှောက်လှမ်းလိုက်တိုင်း ထွက်ပေါ်လာသော ချွမ်း... ချွမ်း... ဆိုသည့် သံချပ်ကာသံများမှာ မြေပြင်ကို တူနှင့်ထုသကဲ့သို့ လေးလံလှသည်။

အပေါ်ပိုင်းဗလာကျင်းထားပြီး ဝံပုလွေစွယ်တုတ်ကြီးကို ကိုင်ဆောင်ထားသော လူသတ်သမား နင်ရှုံသည် သူ၏ရှေ့တွင် စုရုံးနေကြသော စံအိမ်တော် အစောင့်အရှောက်များကို မထီမဲ့မြင် ကြည့်လိုက်သည်။

ထိုအစောင့်အရှောက်များသည် လှံရှည်များကိုယ်စီ ကိုင်ဆောင်ကာ စနစ်တကျ တန်းစီရပ်နေကြသော်လည်း သံချပ်ကာဝတ် အရာရှိများ၏ ရှေ့တွင်မူ ပုစဉ်းရင်ကွဲက ရထားဘီးကို တားဆီးသကဲ့သို့ ရယ်ချင်စရာ ကောင်းလှသည်။

သံချပ်ကာဝတ်ထားသော မြားသမားတစ်ဦးသည် အဆင့်တူ သာမန်လူ ငါးဦးခန့်ကို အေးဆေးစွာ ရင်ဆိုင်နိုင်သည်။ သံချပ်ကာက သာမန်လူတစ်ဦးကို ပေးစွမ်းနိုင်သော ခွန်အားနှင့် ကာကွယ်မှုမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။

“နင်ရှုံ မင်းရဲ့ သံချပ်ကာဝတ် စစ်သည်တွေကို ငါ့စံအိမ်ထဲအထိ ခေါ်လာတာ... ဘာရည်ရွယ်ချက်ရှိလို့လဲ”

ငါးသေတစ်ကောင်ကဲ့သို့ အမြဲတမ်း မျက်နှာသေနှင့် နေတတ်သော အိမ်တော်ထိန်းဝူပင်လျှင် ယခုအခါ ဒေါသနှင့် ထိတ်လန့်မှုများ ရောပြွမ်းနေတော့သည်။

“လူဖမ်းဖို့ပဲ”

လူသတ်သမား နင်ရှုံက အမှတ်မထင် နှာခေါင်းနှိုက်ရင်း ဆက်ပြောသည်။

“ကျားမိသားစု စံအိမ်တော်ထဲမှာ အစိုးရက အလိုရှိနေတဲ့ ဝရမ်းပြေးတစ်ယောက်ကို ဝှက်ထားတယ်လို့ ငါတို့ သံသယရှိတယ်”

“ငါတို့ဆီမှာ ဘယ်အစိုးရ တရားခံမှ မရှိဘူး”

“အော်... လုံယီဆိုတဲ့ကောင်က မင်းတို့ စံအိမ်ရဲ့ အစောင့်တစ်ယောက် မဟုတ်ဘူးလား။ သူက အရာရှိတစ်ယောက်ကို သတ်ခဲ့တယ်။ ပြီးတော့ မြို့တော်က လာတဲ့ တပည့်တွေကိုတောင် သတ်ပစ်လိုက်သေးတယ်။ ဒါက မြေရှင်ကျားကိုယ်တိုင် ခိုင်းစေခဲ့တာများလား”

“မင်း... မင်း လျှောက်ပြောနေတာပဲ”

“အဲဒီလို မဟုတ်ဘူးဆိုရင်တော့ ဘေးကို ဖယ်လိုက်စမ်း။ မြေရှင်ကျားမှာ မြို့တော်နဲ့ အဆက်အသွယ်တွေ ရှိတာ ငါသိတယ် ဒါပေမဲ့ ဒီတစ်ကြိမ်တော့ အလုပ်ဖြစ်မှာ မဟုတ်ဘူး”

နင်ရှုံ၏ နှုတ်ခမ်းဖျားတွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာသည်။

“အားလုံးပဲ... ရှေ့တိုးကြစမ်း တားဆီးတဲ့သူမှန်သမျှကို ပုန်ကန်သူအဖြစ် သတ်မှတ်ပြီး ညှာတာမှုမရှိဘဲ သုတ်သင်ပစ်”

ဘုန်း... ဘုန်း... ဘုန်း...

အနက်ရောင် သံချပ်ကာဝတ် အရာရှိများမှာ တားဆီး၍မရသော အရှိန်အဟုန်ဖြင့် ကျားမိသားစု စံအိမ်တော်အတွင်းသို့ စီးဝင်သွားကြတော့သည်။ အိမ်တော်ထိန်းဝူ ဦးဆောင်သော အစောင့်များမှာ မကျေမနပ်နှင့် အကူအညီမဲ့စွာဖြင့် ဘေးသို့ ဖယ်ပေးလိုက်ကြရုံမှတစ်ပါး အခြားမရှိတော့ချေ။ ဤကိစ္စပြီးနောက်တွင် မြေရှင်ကျား၏ ဂုဏ်သိက္ခာမှာ လုံးဝ ပျက်စီးသွားတော့မည်ကို သူ သိနေသည်။

တစ်ချိန်တည်းမှာပင် စစ်ဆေးရေးမှူးချောင်း လွှတ်လိုက်သော သတင်းပို့ခိုမှာ ခန့်ညားထည်ဝါသော မြို့ကြီးတစ်မြို့အတွင်းသို့ ပျံသန်းရောက်ရှိသွားပြီ ဖြစ်သည်။ ထိုမြို့မှာ ပေပေါင်း ၄၀၀ ၅၀၀ ခန့် မြင့်မားကာ ခိုင်ခံ့လှသော မီးခိုးဖြူရောင် ကျောက်တုံးကြီးများဖြင့် တည်ဆောက်ထားသည်။

မြို့ရိုးပေါ်တွင် ငွေရောင်ငါးကြေးခွံ သံချပ်ကာများ ဝတ်ဆင်ထားသော အရာရှိများက တည်ကြည်လေးနက်စွာ ရပ်နေကြပြီး သံဖုံးထားသော လေးများကို ကိုင်ဆောင်လျက် မြို့ပြင်မှ ဝင်ထွက်သွားလာနေကြသော လှည်းများ လူထုများနှင့် ပညာရှိများကို စူးစိုက်ကြည့်ရှုနေကြသည်။ မြို့အတွင်း၌မူ အပြာရောင် ကျောက်ခင်းလမ်းများ သပ်ရပ်သော အိမ်ရာများနှင့် စည်ကားလှသော ဈေးကွက်များ ရှိနေသည်။

မြို့၏ ဗဟိုချက်ရှိ ရှေးကျသော်လည်း ဇိမ်ခံဆန်သော စံအိမ်ကြီးတစ်ခုအတွင်းမှ ဩဇာညောင်းလှသော အသံတစ်ခု ထွက်ပေါ်လာသည်

“အရာရှိတစ်ဦးကို သတ်ဖြတ်တယ်ဆိုတာ နှစ်ပေါင်းများစွာအတွင်း မကြားဖူးသေးတဲ့ ကိစ္စပဲ။ ဒါက အစိုးရရဲ့ အာဏာစက်ကို အကြီးအကျယ် စိန်ခေါ်လိုက်တာပဲ။ ကျေးရွာအားလုံးက ဆင်ရှန်း စစ်ဆေးရေးဗျူရိုနဲ့ ပူးပေါင်းပြီး ဒီတရားခံကို ဖမ်းဆီးရမယ်”

ထို့နောက်တွင်မူ စံအိမ်ကြီးအတွင်းမှ သတင်းပို့ခို တစ်ဒါဇင်ကျော်သည် အရပ်မျက်နှာအသီးသီးသို့ လျင်မြန်စွာ ပျံသန်းထွက်ခွာသွားကြတော့သည်။

All Chapters