← Chapters

ရေကိုယ်ပွါးနည်းစနစ်

Vol. 18 Ch. 254

ရေကိုယ်ပွါးနည်းစနစ်

Vol. 18 Ch. 254

ရွှေရောင်တောက်နေသည့် ခရမ်းရောင်လျှပ်စီးရောင်တွင်ပါဝင်သော စွမ်းအင်သည် ကြီးမားလှသည်။ မျက်စိ တစ်မှိတ်အတွင်းမှာပင်  ဝေလနဂါးဖြူ၏ ခန္ဓာကိုယ်မှ ထိုးဖေါက်ဖြတ်သန်းသွားပြီး ၎င်း၏ ကိုယ်ခန္ဓာ အတွင်းတွင် အလွန်အမင်းထိခိုက်ပျက်စီးသွားစေပြီး ၎င်း၏ အကြေးခွံတိုင်းကို ကွာကျသွားစေသည်။

“ဝေါင်း....” ဝေလနဂါးဖြူ၏ နာကျည်းစွာအော်ညည်းသံများသည် ကောင်ကင်တစ်ခွင်ပဲ့တင်ထပ်သွားသည်။

၎င်း၏ဧရာမကိုယ်ခန္ဓာသည် မြေပေါ်သို့ ပြုတ်ကျလာပြီး မျောလွင့်ကျောက်ဆောင်ကို လှုပ်ခတ်သွားစေသည်။

သူ၏နှုတ်ခမ်းထောင့်မှသွေးများ စီးကျလာပြီး သူ့မျက်နှာထက်တွင် ကြောက်ရွံ့သော အရိပ်အယောင်များ ပေါ်ထွက်လာကာ သူ့ထံ ဖြည်းဖြည်းချင်း လျှောက်လာနေသော သူထံ ကြည့်လိုက်သည်။ ယခုတိုင်အောင် ဝေလနဂါးဖြူသည် စိတ်ဝိညာဉ်ပျိူးထောင်ခြင်းအဆင့်တစ်ယောက်အား ရှုံးနိမ့်ခဲ့ခြင်းအပေါ် မယုံကြည်နိုင်သေးပါ။

အန်လင်းသည် သူ့တိုက်ကွက်များ၏ အားနည်းချက်များကို ခွဲခြားသိမြင်နိုင်စွမ်းရှိသည်ကို မယုံကြည်နိုင် ဖြစ်နေသည်။ သူသည် စွမ်းအားအမြင့်ဆုံးသော ခရမ်းရောင်လျှပ်စီးကို အမှန်တကယ်အသုံးချနိုင်ခြင်းသည်အား ပို၍ပင် နားမလည်နိုင်ဖြစ်ခဲ့သည်။ သူသည် မည်သို့သော မယုံနိုင်စရာ သွေးအမျိုးအစားကို ပိုင်ဆိုင်သနည်း။ ဝေလနဂါးဖြူသည် ရှုပ်ထွေးကာ မယုံကြည်နိုင်လောက်အောင်ဖြစ်နေသည်။

"မှန်တာပေါ့.... ခင်ဗျားအခုအရမ်းအံ့ဩနေမှာပေါ့... မာနကြီးသည့် ပြိတ္တာဘုရင်ရဲ့ ခံစားချက်လေ ဘယ်လိုလဲ…” အန်လင်းသည် ဝေလနဂါးဖြူထံ လျှောက်သွားလိုက်သည်။ သူထက်အဆများစွာကြီးမားသည့် ၎င်း၏ဦးခေါင်းကို ကြည့်လိုက်ပြီး သူက.... “ပြီးရင်... ခင်ဗျားရဲ့ စွမ်းအင်အဆီအနှစ်တွေကို စုပ်ယူတော့မှာ... ခင်ဗျားမှာ နောက်ဆုံး ပြောစရာစကားရှိလား”

ဝေလနဂါးဖြူ-“…”

“မင်းဘယ်လိုလုပ်ပြီး နတ်ဘုရားလျှပ်စီးတန်းကို ထိန်းချုပ်နိုင်ရတာလဲ”

ယခုချိန်ထိ သူရှုံးနိမ့်ခဲ့သည့်အကြောင်းအရာအား သူနားမလည်နိုင်သေးပါ။ နောက်ဆုံးအချိန်တွင်တော့ သူ့စိတ်ထဲမှ မေးခွန်းအား ထုတ်ဖေါ်မေးမြန်းခဲ့နိုင်ပြီ ဖြစ်သည်။

မှန်သည်...သေရမည်ဆိုလျင်ပင် သူဘယ်လို သေဆုံးခဲ့ရသလဲဆိုတာ သိချင်သည်။

အန်လင်းသည်အေးဆေးတည်ငြိမ်စွာဖြင့်ပြောလိုက်သည်။

"ဘာကြောင့်လဲဆိုတော့ ငါကလျှပ်စီးနတ်ဘုရားလေ... ငါကလျှပ်စီးအားလုံးကို အုပ်ချုပ်တဲ့သူပဲ"

ထိုစကားကြောင့် ဝေလနဂါးဖြူ၏ ရင်ဘတ်တင်းကျပ်သွားကာ နောက်ထပ်သွေးတစ်လုပ် အန်ထုတ် လိုက်ပြန် သည်။

“ခင်ဗျားပြောချင်တာရှိသေးလား” အန်လင်းထပ်မေးသည်။

ဝေလနဂါးဖြူခေါင်းခါလိုက်သည်။

"ဒီလောကကြီးမှာ ငါတွယ်တာစရာ ဘာမှမရှိပါဘူး ငါ့ကိုအနိုင်ယူနိုင်သူတစ်ယောက်ကိုပဲ စောင့်မျှော်နေခဲ့ရတယ် ဒီလူဟာ ဆိုးသွမ်းတဲ့လူမိုက်တစ်ယောက်မဖြစ်ဖို့ပဲ ငါမျှော်လင့်ပါတယ် ... ”

အန်လင်း-“…”

သူဘာကိုမှထပ်မပြောတော့ဘဲ ဝေလနဂါးဖြူ၏ ဧရာမခန္ဓာကိုယ်ပေါ်သို့ သူ၏လက်ကို တင်လိုက်သည်။

အဖြူရောင်အလင်းတန်းများ တောက်ပလာပြီး ဝေလနဂါးဖြူ၏စွမ်းအင်အဆီအနှစ်သည် သူ၏ခန္ဓာကိုယ်ထဲသို့ စတင်ဝင်ရောက်လာသည်။

အန်လင်း ထိုစွမ်းအင်အဆီအနှစ်ကို စုပ်ယူလိုက်ခြင်းကြောင့် စနစ်ထဲတွင် ရေဒြပ်စင်နည်းစနစ်တစ်ခု ပေါ်ပေါက် လာသည်။

အဆင့် ၁ အံ့ဖွယ်အရည်ဖန်တီးခြင်းနည်းစနစ် _ လိုအပ်ချက် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ရှိ နဂါး၏ စွမ်းအင်အဆီအနှစ်အားလုံးကိုစုပ်ယူရမည်။

ထိုမစ်ရှင်ကိုရရှိပြီး တစ်နှစ်အကြာတွင်တော့ မစ်ရှင်ပြီးမြောက်ရန် အခွင့်အလမ်းရရှိခဲ့ပြီ ဖြစ်သည်။ သူ စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်သည်။

စုရှောင်လန်၊ တပိုင်နှင့် ရှောင်ချိုးတို့သည် အန်လင်းက ထူးဆန်းသောအရာများကို ထပ်မံစုပ်ယူနေသည်အား မြင်ရသောအခါ မည်သို့မျှမတတ်နိုင်ဘဲ စိတ်မသက်မသာဖြင့်ကြည့်နေမိကြသည်။ နောက်ဆုံးတစ်ခေါက်ကလို သူ ရူးသွားမှာကို သူတို့စိုးရိမ်နေမိကြသည်။

သိပ်မကြာခင်မှာပင် ဝေလနဂါးဖြူ၏ စွမ်းအင်အဆီအနှစ် အားလုံးကို အန်လင်းစုပ်ယူလိုက်ပြီးဖြစ်သဖြင့် ၎င်း၏ခန္ဓာကိုယ်သည် အပြာရောင်အလင်းတန်းများတောက်ပလာပြီး ဖြည်းဖြည်းချင်း ကွယ်ပျောက်သွားပြီးလျှင် လျှပ်စီးတန်းများ ဝန်းရံနေသော ပုတီးစေ့တစ်စေ့သာကျန်ရှိတော့သည်။ ထိုပုတီးစေ့သည် စွမ်းအင်လှိုင်းများအား လေထုထဲသို့ ထုတ်လွှတ်လျက်ရှိသည်။

အံ့ဖွယ်အရည်ဖန်တီးခြင်းနည်းစနစ်ကို လက်ခံရရှိပြီးနောက် အန်လင်း၏ အော်ရာများ လုံးဝပြောင်းလဲသွားသည်။ သူ၏ခန္ဓာကိုယ်အတွင်း၌ ကြွယ်ဝသောအသက်စွမ်းအားများ ဖြစ်ပေါ်လာသည်။

သူသည်လေဟာပြင်အား လက်ချောင်းဖြင့် ထိတွေ့လိုက်လျင် လေထဲတွင် မရေမတွက်နိုင်သော ရေပုတီးစေ့များ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုရေစက်လေးများ စုစည်းသွားပြီးနောက်တွင် လူသားပုံသဏ္ဍာန် ဖြစ်ပေါ် လာသည်။

တောက်ပသောအပြာရောင်အလင်းတန်းများ ဖြစ်ပေါ်လာပြီး နောက်ထပ် အန်လင်းတစ်ယောက် ဖြစ်ပေါ်လာသည်။ စုရှောင်လန်၊  တပိုင် နှင့် ရှောင်ချိုးတို့အားလုံးသည် သူတို့ရှေ့မှာ အန်လင်း နှစ်ယောက်ကို ကြည့်ကာ အံ့အားသင့်သွားကြသည်။

ထိုအန်လင်းနှစ်ယောက်စလုံးသည် အသွင်အပြင်၊ အပြုအမူနှင့် အော်ရာများအားလုံး လုံးဝတူညီနေကြသည် ...။

စုရှောင်လန်နှင့်အခြားသူများသည် သူတို့ရှေ့တွင်ရပ်နေသော ထိုနှစ်ယောက်တွင် မည်သူကအန်လင်းဖြစ်သည်ကို မပြောနိုင်ကြချေ။

သူတို့၏အူကြောင်ကြောင်အမူအယာများကို တွေ့မြင်ရသည့် အန်လင်းနှစ်ယောက်ထဲမှ တစ်ယောက်သည် ရယ်မောကာ အော်ဟစ်လိုက်သည်။

"ဒါကငါ့ရဲ့နည်းစနစ်အသစ်ဖြစ်တဲ့ ရေကိုယ်ပွါးနည်းစနစ်လေ… ဘယ်လိုလဲ.. မင်းတို့အားလုံးလန့်သွားကြသလား”

စုရှောင်လန်၏လှပသည့် မျက်ဝန်းလေးများသည် တောက်ပနေပြီး  သူမပါးစပ်ကို အံ့အားသင့်စွာဖြင့် ဖုံးအုပ်လိုက် သည်။

“ဘုရားရေ.... နင် ဒီလို ထူးခြားဆန်းပြားတဲ့ အင်မော်တယ်မန္တန်ကိုတောင် ကျွမ်းကျင်ပြီလား ပုံမှန်အတိုင်းဆို ပျက်ပြယ်ခြင်းအဆင့်ရောက်မှ ဒီလို ကိုယ်ပွါးနိုင်တဲ့နည်းစနစ်ကို သင်ယူနိုင်ကြတာ"

အန်လင်းသည် ဂုဏ်ယူဝင့်ကြွားသည့်အမူအယာဖြင့် တပိုင်၏ခန္ဓာကိုယ်အားမှီကာပြောလိုက်သည်။

"ဒါကအနိမ့်ဆုံးနည်းစနစ်လေးတစ်ခုပဲရှိသေးတာ... ငါအနာဂတ်မှာ ဒီလိုနည်းစနစ်ကို အဆင့်မြင့်ကျွမ်းကျင်လာတဲ့ အခါကျရင်  ငါ့ကိုယ်ပွားရဲ့ အပြင်ပိုင်းရုပ်ရည်ပဲ ငါနဲ့တူတာမကတော့ဘူး ငါနဲ့တန်းတူ တိုက်ခိုက်ရေးအစွမ်း ရှိလာ လိမ့်မယ် အခုဟာကအဲလောက်အံ့ဩစရာမကောင်းသေးဘူး"

သူ၏မျက်နှာပေါ်တွင် သူပြောသည့်အတိုင်းဖြစ်လာရန် မျှော်လင့်နေသော အရိပ်အယောင်တစ်ခုဖြစ်ပေါ်သည်။

တပိုင်၊ ရှောင်ချိုး နှင့် စုရှောင်လန်တို့အားလုံးသည် သူ့ကိုမနာလိုမှုများဖြင့် ကြည့်လိုက်ကြသည်။ ထို့နောက်သူသည် ရေအသွင်သို့ ပြန်လည်ပြောင်းလဲသွားပြီး တပိုင်၏ ခန္ဓာကိုယ်ကို စိုစွတ်သွားစေလေသည်။

တပိုင်-“…”

"ဟားဟားဟား... မင်းမထင်ထားဘူးမလား ဟုတ်တယ်မလား... ငါကဒီမှာကွ....”

ထိုအချိန်တစ်လျှောက်လုံး တိတ်ဆိတ်စွာရှိနေခဲ့သည့် အန်လင်းသည် ရုတ်တရက်ရယ်မောလိုက်သည်။ အောင်မြင်စွာ နောက်ပြောင်လိုက်နိုင်သည့်အပေါ် ပျော်ရွှင်နေသည်မှာ ထင်ရှားလှသည်။

"အဲလိုသာဆက်လုပ်နေမယ်ဆိုရင်  ဒီမြင့်မြတ်တဲ့ကောင်က အရှုံးကိုပြပေးလိုက်မှာနော်... ဝုတ်တ်… "

အန်လင်း၏ မနှစ်မြို့ဖွယ်ရယ်မောသံကိုကြားသောအခါ စုရှောင်လန်သည် မျက်လုံးများမှိတ်လိုက်ပြီး သက်ပြင်းတစ်ခုကို လေးပင်စွာချလိုက်သည်။ အဘယ်ကြောင့်ဆိုသော်ထိုအချိန်တွင် အန်လင်းအား ကြည့်ရသည် မှာ ပုံမှန်အတိုင်းပင်ဖြစ်ပြီး မီးစွမ်းအင်အဆီအနှစ်ကို စုပ်ယူပြီးနောက် ဖြစ်သွားသကဲ့သို့ ရုတ်တရက် ရူးသွပ် မသွားသောကြောင့် ဖြစ်သည်။

အန်လင်း၏ အာရုံများသည် လေထုထဲတွင်ပျံဝဲနေသော အနက်ရောင်နဂါးအလင်းလုံးကို ရောက်သွားသည်။ သူ ထိုနဂါးအလင်းလုံးကို ဆုတ်ကိုင်လိုက်သောအခါ အတွင်းထဲမှစီးဆင်းလာသော စွမ်းအင်များကို ခံစားမိခဲ့သည်။ ထိုစွမ်းအင်သည် အလွန်သန့်စင်သည့် လျှပ်စီးစွမ်းအင်အဆီအနှစ်များဖြစ်သည်။

သို့သော်စနစ်သည် ထိုနဂါးအလင်းလုံးနှင့် ပတ်သက်၍ မည်သည့်သတင်းအချက်အလက်မျှမပေးခဲ့ပါ။ သူ အတန်ငယ် စဉ်းစားလိုက်ပြီးနောက် တပိုင်၊ ရှောင်ချိုး နှင့် စုရှောင်လန်တို့ကို ကြည့်ကာမေးလိုက်သည်။

"ဒီနဂါးအလင်းလုံးကို စိတ်ဝင်စားတဲ့သူ ရှိလား"

ထိုအနက်ရောင်နဂါးအလင်းလုံးသည် သမားရိုးကျ လက်နက်များနှင့် ကွဲပြားခြားနားသည်။ ၎င်းသည် စွမ်းအင်သိုလှောင်ထားသည့် အလယ်အလတ်လက်နက် အမျိုးအစားတစ်ခုဖြစ်သည်။ အန်လင်းသည် ထိုလက်နက်၏ အစွမ်းကို မည်သို့ အသုံးပြုရမည်မှန်းမသိချေ။ ထို့ကြောင့်သူသည် ထိုနဂါးအလင်းလုံးကို လိုချင်သည့်လူကို ရှာဖွေလိုက်သည်။

တပိုင်ခေါင်းခါလိုက်သည်။

"ငါရဲ့သဘာဝက လျှပ်စီးစွမ်းအားနဲ့ မကိုက်ညီဘူး ငါအားလုံးလိုက်ပြီး ထိန်းညှိနေရမှာ "

ရှောင်ချိုးသည်လည်း စိတ်မဝင်စားပါ။

"ငါအရင်က တစ်ခါမှ လျှပ်စီးစွမ်းအားမကျင့်ကြံဖူးဘူး ငါ့ကိုပေးမယ်ဆိုရင် အလကားဖြစ်မှာပဲ"

အနီးအနားတွင်ရပ်နေသော စုရှောင်လန်သည် အန်လင်းဆီသွားလိုက်ကာ အနက်ရောင်နဂါးအလင်းလုံးကို စေ့စေ့ကြည့်နေရင်း နက်နက်နဲနဲတွေးနေသည်။

“အခု နင်ဒီနဂါးအလင်းလုံးကို ငါ့ကိုပေးလိုက်မလား”

သူမခနတာတိတ်ဆိတ်သွားပြီးနောက်ရုတ်တရက်ပြောလိုက်သည်။

"ဒီနဂါးအလင်းလုံးက အရမ်းရင်းနှီးနေသလိုခံစားရတယ်"

အန်လင်း အနည်းငယ်အံ့အားသင့်သွားပြီးမေးလိုက်သည်...

"နင်မီးနဲ့ကစားရတာကိုပဲ စိတ်ဝင်စားတာမဟုတ်ဘူးလား ဘာကြောင့် ရုတ်တရက်ကြီး လျှပ်စီးဓါတ်ကို ရင်းနှီး နေသလိုခံစားနေရတာလဲ"

စုရှောင်လန်လည်း ထိုအကြောင်းကို သေချာမသိချေ။ သူမခေါင်းခါလိုက်ပြီး “ဒီနဂါးအလင်းလုံးက ငါနဲ့ တစ်ခုခု ဆက်နွယ်နေတယ်လို့ ခံစားနေရတယ် ပြီးတော့ ဒီနဂါးအလင်းလုံးထဲမှာပါတဲ့ လျှပ်စီးအဆီအနှစ်ကိုလည်း အကျွမ်းတဝင်ရှိပြီး ရင်းနှီးနေသလိုပဲ”

အန်လင်းသည် အနက်ရောင်နဂါးအလင်းလုံးကို စုရှောင်လန်အားပေးလိုက်သည်။ သူသည် သူမပြောနေသည့် ဆန်းပြားသည့် စကားလုံးများကိုနားမလည်ပေ။ စုရှောင်လန်က ထိုနဂါးအလင်းလုံးကို နှစ်သက်သည် ဆိုသောကြောင့် သူမအားပေးလိုက်ခြင်းဖြစ်သည်။

သူတို့သည်မျောလွင့်ကျောက်ဆောင်ပေါ်တွင် ပြန်လည်ကုသမှုများပြုလုပ်ပြီးနောက် နောက်ထပ် နန်းတော် တစ်ခုသို့ ဆက်သွားကြသည်။ အရိုးသားဆုံးပြောရလျှင် မြေကမ္ဘာနန်းတော်ရှေ့တွင် ရပ်လိုက်ကြသည်နှင့် ပြင်းထန်သောဖိအားများကို ခံစားလိုက်ရသည်။

“ကောင်းကင်၊ မြေကြီး၊ မဟူရာ နှင့် နန်းတော်ဝါ” တို့သည် ဆောင်းနဂါးသင်္ချိုင်း၏ နောက်ဆုံးနန်းတော် လေးခုဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဤနန်းတော်လေးခုသည် အနိုင်ယူရန် အခက်ခဲဆုံးများလည်း ဖြစ်သည်။ အနည်းဆုံးတော့ သူတို့သည် နန်းတော်ဝါ နှင့် မဟူရာနန်းတော်တို့မှ အခက်အခဲများကို ရင်ဆိုင် ကျော်ဖြတ်ခဲ့ပြီးဖြစ်သည်။

နန်းတော်ဝါမှ ဆံပင်အနီရောင်နှင့်လူသည် ဝိညာဉ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့်ဖြစ်သည်။ အန်လင်းသည်သူ၏ ဝှက်ဖဲများကိုအသုံးပြုကာ သူ၏ ကိုယ်ပိုင်သားရဲ နှင့်ပူးပေါင်းတိုက်ခိုက်ခဲ့သဖြင့်သာ ကပ်သီးလေး အနိုင်ရရှိခြင်း ဖြစ်သည်။ မဟူရာနန်းတော်ရှိ ဝေလနဂါးဖြူသည်လည်း ဝိညာဉ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့်သာဖြစ်သည်။ သို့သော်၎င်း၏ နဂါးမျိုးဆက်သွေး၏ စွမ်းအားကြောင့် ၎င်း၏စွမ်းအားသည် အနီရောင်ဆံပင်နှင့်လူထက်ပို၍ ကြောက်မက်ဖွယ်ကောင်းသည်။ အထူးသဖြင့် အစစ်အမှန်နဂါးပုံသဏ္ဍာန်သို့  ပြောင်းလဲလိုက်ချိန်တွင်ဖြစ်သည်။ ၎င်း၏ ကြီးမားသောစွမ်းအား နှင့် ခမ်းနားလှသည့်လျှပ်စီးတိုက်ခိုက်မှုများ အားလုံးသည် ၎င်း၏မြင့်မားသော စွမ်းအားများကိုသိသာထင်ရှားစေခဲ့သည်။

အကယ်၍ အန်လင်းတွင် လျှပ်စီအားလိုသလို အသုံးပြုနိုင်သောနည်းစနစ်သာမရှိပါက ထို ခရမ်းရွှေရောင် လျှပ်စီးများကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိနိုင်ပေသည်။

မဟူရာနန်းတော်၏သင်္ချိုင်းစောင့်သည် နန်းတော်ဝါ၏သင်္ချိုင်းစောင့်ထက် ပို၍ စွမ်းအားကြီးသည်။ ထိုအခြင်း အရာကိုကြည့်ခြင်းဖြင့် မြေကမ္ဘာနန်းတော်၏ သင်္ချိုင်းစောင့်သည် မဟူရာနန်းတော်၏  ဝေလနဂါးဖြူ ထက် ပိုမိုအစွမ်းထက်မည်မှာ သေချာပေသည်။ ထိုသို့သော ကြောက်မက်ဖွယ်ရာ စွမ်းအားရှိသည့် ပြိုင်ဘက်အား သူတို့အနိုင်ရရှိရန် မသေချာပေ။

အန်လင်း၏လည်ပင်းများ ခြောက်သွေ့လာကာ အားပြည့်နေပြီဖြစ်သော ဂမ်ဒမ် ၁ နှင့် ၂ တို့ကို ထုတ်လိုက်ပြီး ရှေ့တွင်ဦးဆောင်ခိုင်းလိုက်သည်။

ကလစ်...

တံခါးပွင့်သွားသည်....

***

All Chapters