← Chapters

အခန်း (၁၅၁-၁၅၂)

Vol. 16 Ch. 151-152

အခန်း (၁၅၁-၁၅၂)

Vol. 16 Ch. 151-152

အခန်း ၁၅၁ - နတ်ဆိုးဂိုဏ်းအတွင်း အားပြိုင်မှု

နောက်ပြောင်နေခြင်းလား။

ခွန်အားနဲ့ပတ်သက်လာလျှင် မည်သူက လင်ချွမ်ကို ယှဉ်နိုင်မည်နည်း။

ရှေးဟောင်းအကြွင်းအကျန်နေရာ တိုက်ပွဲအတွက် ပါဝင်သူများ အများကြီးရှိနေသည်မှာ အမှန်ပင်။

သို့သော် ဤလူအများကြီးထဲမှာမှ အဆင့်မြင့် အဆင့်သို့ တက်လှမ်းနိုင်သူ မည်မျှရှိမည်နည်း။

သတင်းတွေအရဆိုရလျှင် ဤနေရာသည် ပထမအဆင့်တစ်ယောက်ရဲ့ အကြွင်းအကျန်နေရာလေးပဲ မဟုတ်ပေဘူးလား။

ပထမအဆင့် တစ်ယောက်အတွက်တောင် ဒါက သိပ်ပြီးဆွဲဆောင်မှု မရှိလှချေ။

ထိပ်သီး ကျင့်ကြံသူများ ဆိုလျှင် ပိုလို့တောင် မမက်မောပေ။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် လင်ချွမ်သည် သိုင်းလောကထဲရှိ ထိပ်သီးပညာရှင်အားလုံးကို သိပါသည်။

ထိပ်သီး ကျင့်ကြွသူများ အနေဖြင့် ဤနေရာသို့ လာရန် မည်သည့် အကြောင်းပြချက်မှ မရှိချေ။

သည်လို ပတ်ဝန်းကျင်မျိုးတွင် သူကဲ့သို့ သိုင်းဧကရာဇ်တစ်ယောက် နှင့် လင်ယန်ရွှယ် လို ပြိုင်ဘက်ကင်းပညာရှင်တစ်ယောက် ရှိနေခြင်းသည် တခြားသူတွေကို ရှုံးနိမ့်စရာ မည်သည့်အကြောင်းမှ မရှိပေ။

လင်ယန်ရွှယ် သက်ပြင်းချရုံရှိသေး၊ အောက်ဘက်မှ ရုတ်တရက် အံ့ဩတုန်လှုပ်သံများကို ကြားလိုက်ရသည်။

"ကြားပြီးပြီလား"

"အကြွင်းအကျန်နေရာက ပွင့်သွားပြီတဲ့၊ အတွင်းထဲမှာ ဘာမှမကျန်တော့ဘူး"

"ဘာ...ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"

"တကယ်ပြောတာ...အကြွင်းအကျန်နေရာတစ်ဝိုက်မှာ တပ်စွဲထားတဲ့ နတ်ဆိုးဂိုဏ်းဝင်တွေဆိုရင် ရူးမတတ်ဖြစ်နေကြပြီး လူတိုင်းကို လိုက်ဖမ်းပြီး စစ်ဆေးမေးမြန်းနေကြတယ်"

"ဒါဆို ငါတို့ လာရတာ အလကားဖြစ်သွားပြီပေါ့ ဟုတ်လား"

...

ကျန် စကားဝိုင်းများကို ဆက်နားထောင်နေဖို့ မလိုအပ်တော့ပေ။

လင်ယန်ရွှယ်က လင်ချွမ်ကို ကြည့်လိုက်ရင်း သူမ လုံးဝ ဆွံ့အသွားမိနေ၏။

သတင်းအချက်အလက် အချိန်မီမရတာကပင် သူမကို ဒေါသထွက်စေနေပါပြီ။

ယခုတော့ အကြွင်းအကျန်နေရာကပါ လုံးဝ ဖျက်ဆီးခံလိုက်ရပြီပင်။

ဒါက တကယ့်ကို နားမလည်နိုင်စရာကိစ္စဖြစ်သည်။

လင်ချွမ် ဘာမှထပ်မပြောခင်မှာပဲ လင်ယန်ရွှယ်က ပြတင်းပေါက်ကိုဖွင့်၍ အပြင်ကို ပျံထွက်သွားလိုက်သည်။

ဘာတွေဖြစ်နေလဲဆိုတာကို သူမ သွားရောက် စုံစမ်းရမည်။

သူမဟာ ဟယ်ဟွမ်းဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဖြစ်နေသော်လည်း၊ သူမရတဲ့ သတင်းမှာ မှားယွင်းနေသည်။

တကယ်တော့ လင်ချွမ်က အကြွင်းအကျန်နေရာ မရှိတော့လည်း ဘာမှမဖြစ်ပါဘူးလို့ ပြောချင်နေ၏။

သူသည် အပျော်ထွက်လာရင်း နှင့် လမ်းကြုံဝင်ကြည့်ရုံပင်။

အဲ့ဒီနေရာအပေါ် ဘာမျှော်လင့်ချက်မှ မထားချေ။

သို့သော် လင်ယန်ရွှယ် ဒီလောက်အလေးအနက်ထားနေတာ မြင်တော့ သူမရဲ့ စိတ်အားထက်သန်မှုကို မဖျက်ဆီးချင်တော့ပေ။

လင်ယန်ရွှယ် သတင်းသွားမေးနေတုန်း လင်ချွမ်က အခန်းထဲမှာပဲ ထိုင်နေပြီး အောက်ထပ်က စကားသံများကို ဆက်နားထောင်နေပါတော့သည်။

တည်းခိုခန်း နဲ့ စားသောက်ဆိုင်တွေဟာ သတင်းစုံတဲ့ နေရာကောင်းတွေ မဟုတ်ပါလား။

သတင်းအချက်အလက် အများအပြားမှာ သည်လိုနေရာမျိုးကနေ ပျံ့နှံ့တတ်ခြင်းပင်။

ဤသတင်းတွေက အမှန်လား၊ အမှားလားဆိုတာ ခွဲခြားဖို့ ခက်တာကြောင့် အပျော်သဘောပဲ နားထောင်ထားတာ အကောင်းဆုံးပင်။

ညနေစောင်းရောက်သော် လင်ယန်ရွှယ်သည် အေးစက်သော မျက်နှာပေးဖြင့် ပြန်ရောက်လာခဲ့၏။

လင်ချွမ်ကို မြင်သောအခါ သူမက အားနာတဲ့ လေသံနဲ့ ပြောလာခဲ့သည်။

"ကျွန်မတို့ ဟယ်ဟွမ်းဂိုဏ်းက သတင်းမှား လက်ခံရရှိခဲ့တာပါ"

"တခြားနတ်ဆိုးဂိုဏ်းတွေထက် ရက်အနည်းငယ် နောက်ကျသွားခဲ့တယ်"

ဟယ်ဟွမ်းဂိုဏ်းဟာ သိသိသာသာကို ပစ်မှတ်ထား ခံနေရခြင်းပင်။

လင်ယန်ရွှယ် ဒါကို ကောင်းကောင်း နားလည်ထားသလို ဤအရာက ရှောင်လွှဲ၍မရသော ကိစ္စလည်း ဖြစ်နေသည်။

လင်ယန်ရွှယ်ရဲ့ ကိုယ်ပိုင်ပါရမီကို ထည့်မတွက်လျှင်တောင် သူမ နှင့် လင်ချွမ်ကြားက မရေရာသော ပတ်သက်မှုတစ်ခုကြောင့်ပင်။

ဒါတွေအားလုံးက ဟယ်ဟွမ်းဂိုဏ်း နှင့် တခြားနတ်ဆိုးဂိုဏ်းကြီးတွေကြားမှာ ရှင်းလင်းတဲ့ စည်းတစ်ခု ဖြစ်သွားစေခဲ့လေ၏။

ဒီစည်းက အချိန်ကြာလာတာသည်နှင့်အမျှ နှစ်ဖက်ကြား ကွာဟချက်ကို ပိုကျယ်လာစေမည်။

ယခုဆိုလျှင် လင်ယန်ရွှယ်ဟာ သူမကျင့်စဉ်၏အထွတ်အထိပ်ကို ရောက်နေပါပြီ။

သူမ တစ်ယောက်တည်းနှင့်တောင် တခြားနတ်ဆိုးဂိုဏ်းတွေကို ဖျက်ဆီးပစ်နိုင်သည်။

တခြားနတ်ဆိုးဂိုဏ်းတွေက လင်ယန်ရွှယ်အပေါ် ဘယ်လိုလုပ်ပြီး ယုံကြည်ချက်တွေ ထားနိုင်တော့မည်နည်း။

လင်ယန်ရွှယ်က အကြောင်းရင်းကို ရှင်းပြပြီးနောက် ဝမ်းနည်းတဲ့မျက်နှာလေး နှင့် ဆက်ပြောလာသည်မှာ

"ကျွန်မဂိုဏ်းက လူတွေ နောက်ကျမှရောက်လာတော့ ဘာမှမရခဲ့ကြဘူး၊ ပြီးတော့ အစွန်အဖျားမှာတောင် အပယ်ခံခဲ့ရသေးတယ်"

လင်ချွမ်က နားလည်ကြောင်း ခေါင်းညိတ်ပြပြီး သူ့မျက်နှာက တည်ငြိမ်နေဆဲပင်။

"အခု အကြွင်းအကျန်နေရာက ပွင့်သွားပြီဆိုတော့ အဲ့ဒီကို သွားကြည့်ကြတာပေါ့"

လင်ချွမ် ပိုပြီးတည်ငြိမ်နေလေလေ၊ လင်ယန်ရွှယ် ပိုပြီးနေရခက်လေလေပင်။

သူမက ခေါင်းညိတ်ပြီး ဒေါသတကြီး ပြောလိုက်သည်။

"စိတ်မပူပါနဲ့၊ ကျွန်မပြန်ရောက်ရင် သူတို့ကို ရှင်းလင်းချက်ပေးခိုင်းရမယ်"

ရဟန်းကို မကြည်ညိုရင်တောင် ဘုရားကိုတော့ ငဲ့ရမယ်လို့ ဆိုရိုးရှိသည် မဟုတ်ပါလား။

လင်ယန်ရွှယ်ရဲ့ ခံစားချက်ကို ထည့်မတွက်ရင်တောင် ဒီလူတွေက လင်ချွမ်ကိုတောင် မျက်နှာမထောက်ကြဘူးလား။

သူတို့တွေ တကယ့်ကို ဘောင်ကျော်နေကြပြီ။

ဒီလူတွေကို သင်ခန်းစာပေးဖို့ လိုအပ်နေပုံပင်။

လင်ချွမ်ကတော့ မည်သည့် မှတ်ချက်မျှ မပေးချေ။

သူ့အပေါ် အခုလိုဖြစ်သွားတာကို သူကိုယ်တိုင်လည်း နည်းနည်းတော့ စိတ်အနှောင့်အယှက် ဖြစ်မိသည်။

သူလာတာကို မလိုချင်လျှင် ဘာမှမပြောဘဲ နေလိုက်လို့ ရသည်။

သူ့ရဲ့ လက်ရှိကျင့်စဉ်အဆင့်အတန်းအရ ပထမအဆင့်၊ ဒုတိယအဆင့် ကျင့်ကြံသူတွေနဲ့ သယံဇာတ လုယူနေဖို့ မလိုအပ်ချေ။

ဒါပေမဲ့ အားလုံးကို လုယူပြီးမှ ဒီမှာ အကြွင်းအကျန်နေရာ ရှိတယ်လို့ လာပြောတာ၊ ပြီးတော့ အဲ့ဒီနေရာက လူအများရှေ့ မဖွင့်သေးဘူးလို့ ပြောတာတွေက ဘယ်သူမဆို စိတ်ပျက်သွားစေနိုင်သည်။

ဒါ့အပြင် လင်ချွမ်ဟာ လက်ရှိကမ္ဘာမှာ အင်အားအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်နေခြင်း။

အဲ့ဒီကိစ္စကို ခဏထားပြီး လင်ချွမ်က မေးလိုက်သည်။

"အကြွင်းအကျန်နေရာထဲမှာ ဘာတွေ ကျန်သေးလဲ"

လင်ယန်ရွှယ်က ညှိုးငယ်တဲ့မျက်နှာနဲ့ ခေါင်းခါပြသည်။

"ဘာမှမကျန်တော့ဘူး"

"နတ်ဆိုးဂိုဏ်းကြီးတွေက အကုန်လုံးကို သယ်သွားကြပြီ၊ သူတို့ ယူသွားလို့မရတဲ့ အုတ်ဂူပဲ ကျန်တော့တယ်"

ပြောနေရင်း သူမ တကယ့်ကို စိတ်ဓာတ်ကျနေ၏။

နတ်ဆိုးဂိုဏ်းကြီးတွေ အားလုံး တစ်ခုခု ရသွားကြပေမဲ့ သူမရဲ့ ဟယ်ဟွမ်းဂိုဏ်းကတော့ သူမကြောင့် ဘာမှမရလိုက်ချေ။

အားထုတ်ခဲ့သမျှ အလကား ဖြစ်သွားပုံရသည်။

သည်လုပ်ရပ်က ဟယ်ဟွမ်းဂိုဏ်းကို အထီးကျန်သွားစေသည်။

ဒီတစ်ကြိမ်တင်မကဘဲ နောက်နောင် လုပ်ငန်းစဉ်တွေမှာလည်း သူတို့ ပါဝင်ခွင့်ရမှာ မဟုတ်တော့ချေ။

အလယ်ပိုင်းဒေသကိုတောင် မသိမ်းပိုက်ရသေးခင်မှာ နတ်ဆိုးဂိုဏ်း အတွင်းက ပဋိပက္ခတွေ စနေပြီ။

ဒါက လင်ယန်ရွှယ်ကို စိတ်အနှောင့်အယှက် ဖြစ်စေသည်။

လင်ယန်ရွှယ် စိတ်ထဲကနေ ကျိန်ဆိုလိုက်၏။

ဒီတစ်ခါ ပြန်ရောက်ရင် နတ်ဆိုးဂိုဏ်းကို အကြီးစား ပြုပြင်ပြောင်းလဲမှု လုပ်ရမည်။

နတ်ဆိုးဂိုဏ်းအတွက် တကယ့်ခေါင်းဆောင်ကောင်းတစ်ယောက် ရှိဖို့ အချိန်တန်ပြီပင်။

နတ်ဆိုးဂိုဏ်းက အမြဲတမ်း စည်းကမ်းမရှိ ပြန့်ကျဲနေတာဟာ လင်ယန်ရွှယ် လုံးဝ အလိုမရှိတဲ့ အရာဖြစ်သည်။

လင်ချွမ်ကတော့ အကြွင်းအကျန်နေရာရဲ့ အခြေအနေကို အံ့ဩမနေတော့ချေ။

အနောက်ဘက်ဒေသ နတ်ဆိုးဂိုဏ်းတွေရဲ့ ဆင်းရဲနွမ်းပါးတဲ့ အခြေအနေအရ သူတို့သွားလေရာမှာ ဘာမှမကျန်ခဲ့တာ ပုံမှန်လိုပင်။

အကယ်၍ သတင်းတွေ ပျံ့နေတာ ရက်အတော်ကြာနေပြီဖြစ်ပြီး အကြွင်းအကျန်နေရာက မပျက်စီးသေးဘူးဆိုရင်တော့...

ဖြစ်နိုင်ခြေ နှစ်ခုပဲ ရှိသည်။

တစ်ခုက အကြွင်းအကျန်နေရာထဲမှာ ပေါက်ကွဲမှုဖြစ်သွားတာ၊ ဒါမှမဟုတ် ဘယ်သူမှ အဲ့ဒီနေရာကို မဖွင့်နိုင်တာပဲ ဖြစ်ရမည်။

အခုတော့ အကြွင်းအကျန်နေရာက လုံးဝ ရှင်းလင်းခံလိုက်ရပြီဆိုတော့ လင်ချွမ်လည်း စိတ်အေးသွားရသည်။

ဘာပဲဖြစ်ဖြစ် သူက ကျင့်ကြံဖို့ အင်အားမရှိတာ မဟုတ်ဘူး၊ နေ့စဉ် စနစ်ဝင်ရာကရတဲ့ ကျင့်စဉ်တွေနဲ့ ဆေးလုံးတွေက သူ့အတွက် လုံလောက်နေပြီပင်။

အကြွင်းအကျန်နေရာထဲမှာ ဘာရှိလဲဆိုတာ သူ ဂရုမစိုက်ချေ။

ပြီးတော့ ဒီလိုနေရာမျိုးမှာ နတ်ဘုရားအဆင့်မြင့်ကျင့်စဉ်မျိုး ရှိလိမ့်မယ်လို့လည်း သူ မယုံပေ။

စနစ်ဝင်ရမှာကိုပဲ သူ စိတ်လှုပ်ရှားနေလေ၏။

"အကြွင်းအကျန်နေရာကို သွားကြည့်ကြတာပေါ့၊ တခြားတစ်ခုခုများ တွေ့ဦးမလား"

လင်ချွမ်ရဲ့ အကောင်းမြင်စိတ်အပေါ် လင်ယန်ရွှယ်ကတော့ သံသယတွေနဲ့ ပြည့်နေတော့သည်။

နတ်ဆိုးဂိုဏ်းကြီးတွေက အကြွင်းအကျန်နေရာကို အထက်အောက်၊ အပြင်အထဲ အကုန်လုံးကို သေသေချာချာ ရှာဖွေပြီးပြီ။

မြေကြီးကို သုံးပေလောက်အထိ တူးဆွပြီး အုတ်ဂူကိုတောင် ပြန်သယ်သွားသော ဒီလိုနေရာမျိုးကို သွားကြည့်ဖို့ တန်ပါဦးမလား။

ဒါပေမဲ့ လင်ချွမ်က ပြောလာပြီဆိုတော့ လင်ယန်ရွှယ်ကလည်း သဘောတူလိုက်ရတော့သည်။

သူတို့နှစ်ယောက် ပြတင်းပေါက်ကနေတစ်ဆင့် အပြင်ထွက်ပြီး အကြွင်းအကျန်နေရာဆီကို ပျံသန်းသွားကြ၏။

မျှော်လင့်ထားတဲ့အတိုင်းပဲ၊ အကြွင်းအကျန်နေရာက တောနက်တောင်နက်ထဲမှာ တည်ရှိနေသည်။

လင်ယန်ရွှယ် လမ်းမပြလျှင် လင်ချွမ် ဒီလောက်ဝေးလံတဲ့နေရာကို ဘယ်တော့မှ ရှာတွေ့မည် မဟုတ်ပေ။

အကြွင်းအကျန်နေရာရဲ့ ဝင်ပေါက်က ပွင့်နေပြီဖြစ်ပြီး လူတွေ အဝင်အထွက် ရှုပ်နေကြလေ၏။

တိတ်ဆိတ်တဲ့ တောတောင်ဟာ အခုတော့ အတော်လေး သက်ဝင်လှုပ်ရှားနေပြီပင်။

ကောင်းကင်ယံမှာ ပျံသန်းလာတဲ့ သူတို့နှစ်ယောက်ကို လူတွေက ချက်ချင်း သတိထားမိလေသည်။

လင်ချွမ်နဲ့ လင်ယန်ရွှယ်ကို တိတ်တဆိတ် အကဲခတ်ပြီးနောက်မှာတော့ မည်သူမျှ လာပြီး မနှောင့်ယှက်ရဲကြချေ။

လူတိုင်းက အကြွင်းအကျန်နေရာကနေ အစအနလေးပဲဖြစ်ဖြစ် ရမလားဆိုပြီး လာကြတာပေမဲ့ ဘယ်သူ့ကို ရန်စသင့်တယ်၊ မစသင့်ဘူးဆိုတာကိုတော့ ကောင်းကောင်း သိကြလေသည်။

လင်ချွမ် နှင့် လင်ယန်ရွှယ်လို ခမ်းနားတဲ့ ဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ လူငယ်ပါရမီရှင်တွေဟာ အနည်းဆုံးတော့ ပထမအဆင့် ကျွမ်းကျင်သူတွေ ဖြစ်မှာမို့ လုံးဝ မထိရဲကြချေ။

ဟယ်ဟွမ်းဂိုဏ်းက တပည့်အချို့လည်း ဒီမှာ ရှိနေဆဲ ဖြစ်၏။

ကောင်းကင်ကနေ ဆင်းသက်လာတဲ့ သူတို့နှစ်ယောက်ကို မြင်တော့ တပည့်ဖြစ်သူက ညှိုးငယ်တဲ့မျက်နှာနဲ့ အပြေးအလွှား လာရောက် နှုတ်ဆက်ပါတော့သည်။

အခန်း ၁၅၂ - ဆက်တိုက်ထွက်ပေါ်သော လျှပ်စီးကြာပွတ် ငါးချက်

ဟယ်ဟွမ်းဂိုဏ်း တပည့်တွေက ဘာမှရှာမတွေ့ဘူးလို့ ပြောတာဟာ တကယ်ကို ဘာမှမရှိတာကို ဆိုလိုခြင်းဖြစ်၏။

အမှိုက်တောင် တစ်စမကျန်ပေ။

လင်ချွမ်က ဂူသင်္ချိုင်းအတွင်း လှည့်ပတ်ကြည့်ရင်း အလွန်အမင်း သန့်ရှင်းနေတာကို မြင်ပြီး အံ့အားသင့်သွားရသည်။

အကယ်၍ နတ်ဆိုးဂိုဏ်းဝင်တွေသာ ဒီလောက်အထိ စေ့စေ့စပ်စပ်နဲ့ စိတ်နှစ်ပြီး သန့်ရှင်းရေးလုပ်မယ်ဆိုရင် နောက်မျိုးဆက်တွေမှာ ကမ္ဘာ့အကောင်းဆုံး သန့်ရှင်းရေးကုမ္ပဏီ ဖြစ်လာမှာ အသေအချာပင်။

ဒီနတ်ဆိုးဂိုဏ်းဝင်တွေက ဂူသင်္ချိုင်းထဲက ရတနာတွေကို ဘယ်လိုတောင် အကုန်အစင် လုယက်သွားကြသလဲဆိုတာ လင်ချွမ် စဉ်းစားလို့တောင် မရနိုင်ပေ။

ဒါကြောင့်လည်း ကြမ်းပြင်က ဖုန်တစ်စတောင်မရှိဘဲ ပြောင်လက်နေခြင်း။

ဂူသင်္ချိုင်းတစ်ခုလုံးမှာ အခုဆိုရင် အလွတ်ဖြစ်နေတဲ့ အခန်း သုံးခန်းပဲ ကျန်တော့သည်။

အခြား ဘာမှမရှိတော့ချေ။

ဂူသင်္ချိုင်းရဲ့ အဓိကတံခါးကြီးကိုတောင် ဖြုတ်ပြီး ယူသွားကြလေ၏။

ဒီနေရာမှာ လူတွေအမြဲမပြတ် သွားလာနေတာမျိုး မရှိခဲ့ရင် ဒါမှမဟုတ် လင်ယန်ရွှယ် ပေးတဲ့ အချက်အလက်တွေသာ မရှိခဲ့လျှင်...

ဒီနေရာဟာ သမိုင်းဝင်နေရာတစ်ခု ဖြစ်လိမ့်မည်ဟု လင်ချွမ် တစ်ခါမှ စိတ်ကူးမိမှာ မဟုတ်ချေ။

ဗလာကျင်းနေတဲ့ အပျက်အစီးတွေကို ကြည့်ပြီး လင်ယန်ရွှယ်ရဲ့ စိတ်အခြေအနေက ပြန်ပြီး ညှိုးငယ်သွား၏။

"လင်ချွမ်၊ အပျက်အစီးတွေကို ကြည့်လို့ပြီးပြီဆိုတော့ သွားကြရအောင်"

ဒီလို ဘာမှမရှိတော့တဲ့ အပျက်အစီးတွေကို ကြည့်ရတာ အကြိမ်တိုင်း စိတ်မကောင်းဖြစ်ရသည်။

လင်ယန်ရွှယ် ဒီနေရာမှာ ထပ်ပြီး မနေချင်တော့ပေ။

လင်ချွမ်က ခေါင်းညိတ်လိုက်ပြီး သူ့စိတ်ထဲကနေ "စနစ်၊ ငါ ဒီနေရာမှာ ဝင်ရောက်လို့ရမလား" ဟု မေးလိုက်ရာ...

စနစ်က လင်ချွမ်ရဲ့မေးခွန်းကို ပြန်မဖြေဘဲ လင်ချွမ်က ဝင်ရောက်ရန် ရွေးချယ်လိုက်ပြီလို့ အလိုအလျောက် သတ်မှတ်လိုက်လေသည်။

"စနစ် ဝင်ရောက်ခြင်း အောင်မြင်ပါသည်၊ 'လျှပ်စီးငါးချက်ကြိမ်လုံး' ကို ရရှိပါသည်"

ဆက်တိုက်လျှပ်စီးငါးချက်ကြိမ်လုံးလား။

လင်ချွမ်က ဒါဟာ ကျင့်စဉ်အမည်ကို ထပ်ခါတလဲလဲ ပြောနေတာလို့ပဲ ထင်ခဲ့တာဖြစ်၏။

ဒါပေမဲ့ သူက အဲဒီ 'လျှပ်စီးငါးချက်ကြိမ်လုံး' ကို တိုက်ရိုက် လက်ခံရလိုက်သောအခါမှာတော့ သူ့ရဲ့ မျက်နှာအမူအရာက ထူးဆန်းသွားတော့သည်။

ထွက်ခွာတော့မယ့် လင်ချွမ်က ခေတ္တရပ်တန့်သွားပြီး ထူးဆန်းတဲ့ အမူအရာနဲ့ ဂူသင်္ချိုင်းဘက်ကို ပြန်လှည့်ကြည့်လိုက်လေသည်။

စနစ် ဝင်ရောက်ခြင်းကနေ ရရှိတဲ့ ဆုလာဘ်တွေဟာ အဲဒီနေရာရဲ့ 'တာအိုစွမ်းအင်' နဲ့ တိုက်ရိုက်သက်ဆိုင်နေ၏။

ဝူတန်ဂိုဏ်း မှာ စနစ်ဝင်ရောက်သော် 'ခရမ်းရောင်ကျောက်စိမ်းဆေးလုံး' တို့ကိုသာ အမြဲလိုလို ရတတ်သည်။

သူဟာ နတ်ဘုရားအဆင့် ကျင့်စဉ်တွေအားလုံးကို အကုန်နီးပါး အသုံးချပြီးပြီ ဖြစ်သည်။

တခြားနေရာတွေမှာ စနစ် မဝင်ဖြစ်တာလည်း ကြာပြီပင်။

ခရမ်းရောင်ကျောက်စိမ်းဆေးလုံးက သူ့အတွက် အနည်းငယ်တော့ အသုံးဝင်သေးသည်။

နည်းနည်းချင်းစီ စုဆောင်းရင်းကနေ နောက်ဆုံးမှာ ကြီးမားတဲ့ ပြောင်းလဲမှုကို ဖြစ်ပေါ်စေနိုင်ခြင်း။

သူ့ရဲ့ အဆင့်အတန်းအရဆိုရင် နတ်ဘုရားအဆင့် ကျင့်စဉ်တွေတောင် သူ့အပေါ် သက်ရောက်မှု မရှိသလောက်ပင်။

သို့သော် 'လျှပ်စီးငါးချက်ကြိမ်လုံး' လို အရာမျိုးက စနစ်၏ ဆုလာဘ်အနေနဲ့ တစ်နေ့မှာ ထွက်လာလိမ့်မည်ဟု သူ တကယ်ကို မမျှော်လင့်ထားခဲ့ချေ။

ကျင့်ကြံမှု လုံးဝမရှိသေးတဲ့ အစောပိုင်းကာလတွေမှာတောင် စနစ်ဝင်ရင်းရခဲ့သည့် ဆုလာဘ်တွေက ဒီ 'လျှပ်စီးငါးချက်ကြိမ်လုံး' ထက် အများကြီး သာလွန်ခဲ့ပါသည်။

ဒီ 'လျှပ်စီးငါးချက်ကြိမ်လုံး' ဆိုတာက တကယ်တော့ သာမန်လူတစ်ယောက် ရေးသားထားတဲ့ အစွမ်းပြကွက်တစ်ခုမျှသာ။

အဆင့် (၉) ရှိတဲ့ အခြေခံ သိုင်းပညာရှင်တစ်ယောက်တောင်မှ ဒီထက်ပိုပြီး ခိုင်မာတဲ့အရာကို ရေးသားနိုင်လေသည်။

ထိပ်တန်းပညာရှင်တစ်ယောက်ရဲ့ ဂူသင်္ချိုင်းလို့ ယူဆရတဲ့နေရာမှာ စနစ်ဝင်ရောက်ပြီး ဒီလိုမျိုး မျှော်လင့်မထားတဲ့ (နိမ့်ကျတဲ့) ဆုလာဘ်ကို ရရှိတာဟာ လင်ချွမ်ရဲ့ ထင်မြင်ချက်ကို ဆန့်ကျင်နေသလိုပင်။

ဒီထိပ်တန်းပညာရှင်ဆိုတာဟာ နာမည်ပဲရှိပြီး လက်တွေ့မှာ ဘာမှမဟုတ်တဲ့သူ ဖြစ်နိုင်သည် မဟုတ်လား။

လင်ချွမ်က ခေါင်းခါလိုက်ပြီး အပြုံးတစ်ခုကို မထိန်းနိုင်ဖြစ်ရသည်။

လင်ယန်ရွှယ်က လုံးဝဇဝေဇဝါဖြစ်သွားပြီး "ဘာကို ရယ်နေတာလဲ" လို့ မေးလိုက်ရာ

လင်ချွမ်က ခဏစဉ်းစားပြီး "ငါရယ်တာက... ဒီထိပ်တန်းပညာရှင်ဆိုတဲ့လူဟာ အဆင့် (၉) သိုင်းပညာရှင်တစ်ယောက်ကိုတောင် နိုင်မှာမဟုတ်ဘူးလို့ ငါစိုးရိမ်လို့ပါ" ဟု ပြောလိုက်လေသည်။

လင်ယန်ရွှယ်က မယုံကြည်နိုင်တဲ့အမူအရာနဲ့

"ဘယ်လိုလုပ်ပြီး အဆင့် (၉) ပညာရှင်ကို မနိုင်ဘဲ နေမှာလဲ"

"သာမန်လူတစ်ယောက်တောင် စစ်ပွဲအတွေ့အကြုံရှိရင် အဆင့် (၉) ကို နိုင်နိုင်တာပဲလေ"

လင်ချွမ်က ဆက်ပြီး ရှင်းမပြတော့ဘဲ

"မင်းပြန်သွားပြီး နတ်ဆိုးဂိုဏ်းကို ပြန်စုစည်းတဲ့အခါ သိလာပါလိမ့်မယ်" လို့ပဲ ပြောလိုက်တော့သည်။

သူ့ရဲ့ ဆုံးဖြတ်ချက်ကို သူ မသံသယမဖြစ်ပေ။

ဒါမှမဟုတ် အချိန်တွေ အများကြီး ကုန်ဆုံးသွားလို့ ဒီနေရာက တာအိုစွမ်းအင်တွေ ပျောက်ပျက်သွားတာလည်း ဖြစ်နိုင်လေ၏။

လင်ချွမ်ဟာ ဒီအပျက်အစီးတွေအပေါ်မှာ ဘာမျှော်လင့်ချက်မှ မရှိတော့ပေ။

စနစ် ဝင်ရောက်လို့ရတဲ့ ဆုလာဘ်က တကယ်ကို နောက်ပြောင်နေသလို။

အကယ်၍ တခြားဆုလာဘ်သာ ဖြစ်မယ်ဆိုရင် ဒါဟာ တကယ်ပဲ အစွမ်းထက်တဲ့သူရဲ့ ဂူသင်္ချိုင်းလို့ လင်းချွမ်း ယုံကြည်မိလောက်မှာ အမှန်ပင်။

ဒါပေမဲ့ အခုရတဲ့ ဆုလာဘ်ကတော့...

လင်ယန်ရွှယ်ကတော့ လင်ချွမ် တစ်ခုခုကို ဖုံးကွယ်ထားတယ်လို့ ခံစားနေရဆဲ။

နှစ်ယောက်သား ဂူသင်္ချိုင်းထဲက ထွက်လာတဲ့အခါ လင်ယန်ရွှယ်ရဲ့ မျက်နှာမှာ စိတ်ပျက်မှုတွေ ပြည့်နေပြီး လင်ချွမ်ကတော့ ဘာမှမဖြစ်သလိုပင်။

သူက အစကတည်းက အများကြီး မျှော်လင့်မထားသူ မဟုတ်ပေ။

တကယ်တော့ စနစ် ဝင်ရောက်ခြင်းက သူ့ကို အံ့အားသင့်စရာ အသေးစားလေးတစ်ခု ပေးခဲ့ရုံတင်။

ဒါဟာ ငြိမ်းချမ်းတဲ့ ဘဝအတွက် ဟင်းခတ်အမွှေးအကြိုင်တစ်ခုလို့ မှတ်ယူထား၍ ရသည်။

"ကဲ၊ အပျက်အစီးတွေကို ကြည့်လို့ပြီးပြီ၊ ငါ ပြန်တော့မယ်"

လင်ချွမ်က ပြောပြီး ထွက်ခွာဖို့ ပြင်လိုက်ရာ

လင်ယန်ရွှယ်က အနည်းငယ် မကျေမနပ် ဖြစ်သွားရသည်။

လင်ချွမ်က တိုက်ရိုက်ထုတ်မပြောပေမဲ့ အဓိပ္ပာယ်ကတော့ ရှင်းနေသည်။

သူက လင်ယန်ရွှယ်ကို နတ်ဆိုးဂိုဏ်းကို ပြန်သွားပြီး ပြန်လည်စုစည်းဖို့နဲ့ ညီညွတ်အောင်လုပ်ဖို့ ရည်ရွယ်ခြင်းပင်။

လက်ရှိမှာ တော်ဝင်မိသားစုက သူတို့ဘာသာ ပြဿနာတွေနဲ့ လုံးပန်းနေရလို့ နတ်ဆိုးဂိုဏ်းကို ကိုင်တွယ်ဖို့ အချိန်မရှိတော့ချေ။

အလယ်ပိုင်းဒေသ က နာမည်ကြီး သူတော်စင်ဂိုဏ်းတွေလည်း ထိုနည်းတူစွာပင်။

သူတို့ကတော့ နတ်ဆိုးဂိုဏ်းအတွင်းမှာ သင်းကွဲနေကြတာကိုပဲ လိုလားကြသည်။

ဒါမှ သူတို့ရဲ့ အင်အားကို တည်ဆောက်ဖို့နဲ့ နားနားနေနေ နေဖို့ အချိန်ရမှာ မဟုတ်ပါလား။

ထို့အပြင် အလယ်ပိုင်းဒေသက မည်သည့်ဂိုဏ်းမဆို သို့မဟုတ် ဘယ်အဖွဲ့အစည်းမဆို နတ်ဆိုးဂိုဏ်းကို တိုက်ခိုက်ချင်လျှင် လင်ချွမ်၏ သဘောထားကို အရင်မေးရမှာ ဖြစ်သည်။

ဂိုဏ်းအားလုံးရဲ့ ဘုရင်မင်းမြတ်သဖွယ်ဖြစ်နေတဲ့ ဝူတန်ဂိုဏ်းရဲ့ ထောက်ခံချက်မပါဘဲ အလယ်ပိုင်းဒေသက ဂိုဏ်းကြီးတွေဟာ နတ်ဆိုးဂိုဏ်းကို အမြစ်ပြတ်ချေမှုန်းဖို့ သတ္တိရှိမှာ မဟုတ်ပေ။

သို့သော် လင်ယန်ရွှယ်က နတ်ဆိုးဂိုဏ်းကို စုစည်းချင်သလား၊ မစုစည်းချင်ဘူးလားဆိုတာကတော့ သူမရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ပေါ် မူတည်သည်။

လင်ချွမ်ကတော့ ပေါ့ပေါ့ပါးပါးပဲ ပြောခဲ့ခြင်းပင်။

နတ်ဆိုးဂိုဏ်း ညီညွတ်သည်ဖြစ်စေ၊ မညီညွတ်သည်ဖြစ်စေ လင်ချွမ်အပေါ် မည်သည့် သက်ရောက်မှုမှ မရှိချေ။

လင်ယန်ရွှယ်ဟာ မကျေနပ်ချင်ပေမဲ့လည်း ပြန်သွားဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ပေ။

နတ်ဆိုးဂိုဏ်းကို ပြန်လည်စုစည်းဖို့ဆိုရင် သူမကိုယ်တိုင် ပါဝင်ဆောင်ရွက်ရမည်။

သူမကိုယ်တိုင်လည်း နတ်ဆိုးဂိုဏ်းထဲမှာ တစ်ဦးတည်းသော ထိပ်တန်းပညာရှင် ဖြစ်နေသည် မဟုတ်ပါလား။

နတ်ဆိုးဂိုဏ်းရဲ့ အရေးကိစ္စတွေမှာ လုံးဝမပါဝင်တဲ့ ပညာရှင်အဆင့်ရှိသူ ယဲ့ဝူရှဲ့လည်း ရှိပါသေးသည်။

အကယ်၍ သူသာ ပါဝင်လာမည် ဆိုလျှင်တောင် လင်ယန်ရွှယ်ဘက်ကပဲ ရပ်တည်မှာ သေချာသည်။

လင်ချွမ်က လင်းယန်ရွှယ်ကို မကြိုက်ဘူးလို့ ပြောခဲ့ပေမဲ့...

သူလုပ်သမျှ ကိစ္စတိုင်းမှာ လင်ယန်ရွှယ်ကို ခေါ်သွားတတ်တာကို ကြည့်ရင် လင်ချွမ်၏ နှလုံးသားထဲတွင် လင်ယန်ရွှယ်အတွက် နေရာမရှိဘူးလို့ မည်သူမျှ တကယ် မထင်ကြပေ။

လင်ချွမ်ကိုယ်တိုင်က ငြင်းဆိုထားတဲ့အတွက်ကြောင့်သာ တခြား မည်သူမျှလည်း ဘာမှ ထပ်မပြောရဲရုံသာ။

နောက်ဆုံးတော့ သူက ပြိုင်ဘက်ကင်း လင်

ချွမ် ပင် မဟုတ်ပါလား။

လင်ချွမ်သည် လင်ယန်ရွှယ် ဘာတွေးနေလဲဆိုတာကို ဂရုမစိုက်ဘဲ ကောင်းကင်ပေါ် ပျံတက်ပြီး ထွက်ခွာသွားတော့၏။

လင်ယန်ရွှယ်က ထွက်ခွာသွားတဲ့ လင်ချွမ်၏ ကျောပြင်ကို ကြည့်ပြီး ဝမ်းနည်းသော အမူအရာ ဖြစ်နေခဲ့၏။

လင်ချွမ် နှင့် အတူနေဖို့ နှစ်ရက်လောက် အချိန်ကို မနည်းလုယူထားရတာကို သူက သူမကို အိမ်ပြန်လွှတ်လိုက်ပြန်ပြီပင်။

အနားမှာ ရပ်နေတဲ့ ဟယ်ဟွမ်းဂိုဏ်းက တပည့်မလေးတစ်ယောက်ကတော့ အချိန်အခါမဟုတ်ဘဲ "သခင်လေးက အရမ်းချောတာပဲ" လို့ ပြောလိုက်ရာ...

လင်ယန်ရွှယ်ရဲ့ စိတ်အခြေအနေက ချက်ချင်းဆိုသလို ဆိုးရွားသွားခဲ့သည်။

"ပြန်ကြမယ်၊ နတ်ဆိုးဂိုဏ်းကို ပြန်စုစည်းမယ်"

လင်ယန်ရွှယ်က ရုတ်တရက် လက်လှမ်းပြီး အဲဒီတပည့်မလေးရဲ့ ခေါင်းကို ပုတ်လိုက်ကာ စိတ်ဆိုးမာန်ဆိုးနဲ့ ကောင်းကင်ပေါ် ပျံထွက်သွားတော့သည်။

တပည့်မလေးကတော့ ဘာဖြစ်သွားမှန်း မသိဘဲ ကြောင်အမ်းအမ်းနဲ့ ကျန်ရစ်ခဲ့လေ၏။

ဝူတန်ကို ပြန်ရောက်ပြီးနောက် လင်ချွမ်သည် ရှောင်းယောက် တောင်ထိပ် ကို ပြန်သွားပြီး ဆက်လက်ကျင့်ကြံနေခဲ့သည်။

ယခုဆိုလျှင် သူ့မှာ ဘာလိုအင်ဆန္ဒမှ မရှိတော့ဘူးဟုပင် ပြောနိုင်သည်။

စိုးရိမ်စရာလည်း ဘာမှမရှိချေ။

ကောင်းကင်ဘုံ ဘေးဒုက္ခကို ထည့်မတွက်ဘူးဆိုရင်တောင်မှပေါ့။

ထိုဘေးဒုက္ခ သူ့ဆီရောက်ရန် နှစ်ပေါင်းရာချီ လိုသေးသည်။

သူဟာ နောင်လာမယ့် ဘေးအန္တရာယ်တွေအတွက် ကြိုတင်စိတ်ညစ်နေတတ်သူ မဟုတ်ပေ။

သူ့ရဲ့ တိုးတက်မှုနှုန်းအရဆိုရင် အဲဒီကောင်းကင်ဘုံ ဘေးဒုက္ခ ရောက်လာတဲ့အချိန်မှာ သူဟာ အဲဒါကို လျစ်လျူရှုနိုင်လောက်အောင် အစွမ်းထက်နေနိုင်သည်။

အများကြီးတွေးနေခြင်းသည် အဓိပ္ပာယ်မရှိချေ။

အချိန်မှာ တစ်လနီးပါး ငြိမ်းငြိမ်းချမ်းချမ်း ကုန်ဆုံးသွားခဲ့သည်။

နေ့စဉ် ရှောင်းယောက် တောင်ထိပ်မှာ ကျင့်ကြံနေသည့်အပြင် လင်ချွမ်မှာ နေ့စဉ် စနစ် ဝင်ရောက်ခြင်းကိုလည်း ဆက်လက် လုပ်ဆောင်နေခဲ့သည်။

စနစ် ဝင်ရောက်လို့ရတဲ့ ဆုလာဘ်တွေက သူ့အတွက် အရေးမပါတော့ဘူးဆိုသော်လည်း...

ပစ္စည်းကောင်းတွေ အများကြီးရှိနေတာကိုတော့ ဘယ်သူမှ ငြင်းမှာ မဟုတ်ပေ။

ဒါ့အပြင် ခရမ်းရောင်ကျောက်စိမ်းဆေးလုံးတွေကို နည်းနည်းချင်းစီ စုဆောင်းထားခြင်းက သူ့အတွက် အပြောင်းအလဲအချို့ ယူဆောင်လာပေးနိုင်သည်။

ဘာမှမထူးခြားရင်တောင် ဒီဆေးလုံးတွေကို နောက်ပိုင်းမှာ သူ့သူငယ်ချင်းတွေကို ကူညီဖို့ သုံးလို့ရသေးသည် မဟုတ်ပါလား။

'အသွင်ပြောင်းခြင်း ၇၂ မျိုး' ကို နားလည်သဘောပေါက်ဖို့ လင်ချွမ်၏ ကြိုးစားမှုမှာတော့ သိပ်ပြီး မမြန်ဆန်လှချေ။

တစ်လကျော် ကြာသွားပေမဲ့ ပထမဆုံး အသွင်ပြောင်းခြင်းကိုတောင် မအောင်မြင်သေးချေ။

All Chapters