အခန်း (၁၅၅-၁၅၆)
Vol. 16 Ch. 155-156
အခန်း (၁၅၅) ရာနှင့်ချီသော နတ်ဘုရားအကြွင်းအကျန်များ
“ရှင် နားနေတာ နှစ်နှစ်တောင် ရှိပြီ၊ အပြင်ထွက်ပြီး နည်းနည်းလောက် လှည့်လည်ကြည့်သင့်ပြီ မဟုတ်လား"
ဒီနေ့မှာတော့ လင်ယန်ရွှယ်က လင်ချွမ်ကို လာရောက်ရှာဖွေခဲ့၏။
နှစ်နှစ်ဆိုသော အချိန်ဟာ သိုင်းလောကတစ်ခုလုံး အရာရာကို မေ့လျော့သွားဖို့ လုံလောက်သော အချိန် ဖြစ်ခဲ့ပုံ ရသည်။
သာမန်လူတစ်ယောက်ရဲ့ ဘဝသက်တမ်းဟာ နှစ်တစ်ရာဆိုလျှင် သိုင်းပညာရှင် အတော်များများကလည်း အသက်တစ်ရာလောက်ပဲ နေကြရသည်။
ထို့အပြင် သိုင်းလောကထဲမှာ နေ့တိုင်း ပါရမီရှင်အသစ်တွေ ပေါ်ထွက်နေတာကြောင့် လင်ချွမ် နှစ်နှစ်တိုင်တိုင် ပျောက်ခြင်းမလှ ပျောက်သွားခြင်းသည် သိုင်းလောကက သူ့ကို မေ့သွားဖို့ လုံလောက်နေပြီပင်။
တစ်ဖက်မှာလည်း လင်ချွမ်ရဲ့ အစွမ်းနဲ့ အသက်အရွယ်ဟာ မယုံကြည်နိုင်စရာ အံ့ဖွယ်တွေနဲ့ ပြည့်နှက်နေခဲ့သည် မဟုတ်ပါလား။
ထိုအချိန်တုန်းက လူတိုင်းက လင်ချွမ်ကို အားကျခဲ့ကြပေမဲ့ သံသယဝင်သူများစွာလည်း ရှိခဲ့သည်။
သိူ့သော် မည်သူကမျှ ဒီသံသယကို ဗြောင်မပြောရဲခဲ့ကြချေ။
အဘယ်ကြောင့်ဆိုသော် လင်ချွမ်၏ ဘေးနားတွင် လင်ယန်ရွှယ်၊ ဓားနတ်ဘုရား နှင့် ယင်ဟွိုက်ယွီ တို့လို အစွမ်းထက်သူတွေ ဝန်းရံနေခဲ့ခြင်းကြောင့် ဖြစ်သည်။
လင်ချွမ်ကိုယ်တိုင်ကတော့ ဒီလိုသံသယတွေကို ဂရုမစိုက်ခဲ့ပါ။
ဒီသံသယတွေက သူ့ရဲ့ တကယ့်စွမ်းရည်ကို ဘာမှထိခိုက်မှာ မဟုတ်သောကြောင့်ပင်။
သံသယရှိတယ်ဆိုပေမဲ့ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ဘာလို့ သူ့ကို မည်သူမှ လာမစိန်ခေါ်ခဲ့ကြသနည်း။
လင်းချွမ်း မသိသလို သိလည်းမသိချင်ပေ။
ဒီလိုကိစ္စတွေကို အများကြီး စဉ်းစားနေတာဟာ ဦးနှောက်စားပြီး အဓိပ္ပာယ်မရှိသော အလုပ်ဟု သူယူဆထား၏။
လင်ယန်ရွှယ်ကတော့ လင်ချွမ်၏ ပျင်းရိပြီး ရည်မှန်းချက်မဲ့တဲ့ ပုံစံကို ကြည့်မနေနိုင်တော့ချေ။
အားအကောင်းဆုံး လူသားတစ်ယောက်က ဝူတန်တောင် ပေါ်မှာ အချိန်ဖြုန်းပြီး နွားကျောင်းနေတာဟာ လင်ချွမ်လို ပုဂ္ဂိုလ်မျိုးအတွက်တော့ လုံးဝကို အလဟဿ ဖြစ်နေသည် မဟုတ်ပါလား။
လင်ချွမ်၏ အစွမ်းနဲ့ဆိုရင် သူဟာ နေရာအနှံ့ လှည့်လည်သွားလာပြီး ထူးဆန်းတဲ့နေရာတွေ၊ အန္တရာယ်ရှိတဲ့ နေရာတွေကို စူးစမ်းလေ့လာကာ စွန့်စားခန်းတွေ ဖွင့်သင့်နေပြီ။
ပြီးတော့ သူ့ရဲ့ အစွမ်းကို ဆက်ပြီး မြှင့်တင်သင့်ပေသည်။
တကယ်တော့ လင်ယန်ရွှယ်ကိုယ်တိုင်လည်း လင်ချွမ်က သူ့အစွမ်းကို ထပ်မြှင့်လို့ ဘာအတွက် သုံးမှာလဲဆိုတာတော့ မသိပေ။
သို့သော် သူမအမြင်မှာတော့ လင်ချွမ်က သူ့ရဲ့ အစွမ်းတွေကို အသုံးမချဘဲ ဒီအတိုင်းနေနေတာဟာ နှမြောစရာကောင်းနေသောကြောင့်ပင်။
ထို့ကြောင့် သူမ အားလပ်ချိန်ရတာနဲ့ လင်ချွမ်ကို ခေါ်ထုတ်သွားဖို့ ဆုံးဖြတ်လိုက်လေ၏။
ဘယ်ကို သွားမှာလဲ ဆိုတာကိုတော့ လင်ယန်ရွှယ်ကိုယ်တိုင်လည်း မသိသေးချေ။
လင်ချွမ်ကတော့ ဤကိစ္စကို အပြင်းအထန် ငြင်းဆန်ပါတော့သည်။
“အပြင်သွားမယ်...ဟုတ်လား၊ မသွားနိုင်ပါဘူး"
လင်ချွမ်ဟာ ဝူတန်တောင်မှာ ငါးဖမ်းလိုက်၊ အေးအေးဆေးဆေး နေလိုက်ရတဲ့ ဘဝကို သဘောကျနေသည်။
သူ့၏ လက်ရှိ အဆင့်အတန်းအရ သူ နွားကျောင်းနေရင်တောင် ဝူတန်တောင်မှာ အမြင့်ဆုံး ဧည့်ဝတ်ကျေမှု နှင့် အလေးပေးမှုကို ရနေ၏။
အစားအသောက် နှင့် နေထိုင်မှုကလည်း အကောင်းဆုံးတွေချည်း။
တစ်ခါတလေ တပည့်အချို့က လင်ချွမ်း
ကို နွားကျောင်းရာမှာ ကူညီပေးဖို့တောင် လာတတ်ကြပါသေးသည်။
ဝူတန်တောင်တစ်ခုလုံးက သူ့ကို မျက်နှာသာရဖို့ ကြိုးစားနေကြခြင်းပင်။
သည်လောက် ဇိမ်ကျနေတာကို လင်ချွမ်း
က ဘာလို့ အပြင်ထွက်ချင်ရမည်နည်း။
လင်ယန်ရွှယ် ပြောစရာ စကားလုံးပင် ပျောက်သွားရသည်။
တကယ်တော့ လင်ချွမ်ကသာ သူမကို မောင်းမထုတ်ဘဲ ကောင်းကောင်းဆက်ဆံမည် ဆိုလျှင် သူမကိုယ်တိုင်လည်း ဝူတန်တောင်မှာပဲ တစ်သက်လုံး နေချင်ပါသည်။
ချွမ်ရွှယ်ဂိုဏ်း ကိုတောင် သူမ ဂရုမစိုက်ချေ။
မူလက သူမ နတ်ဆိုးဂိုဏ်းခေါင်းဆောင် ဖြစ်လာတာဟာ ခဏတာ အသစ်အဆန်းဖြစ်လို့ လုပ်ခဲ့ခြင်း ဖြစ်၏။
နောက်ပိုင်း ချွမ်ရွှယ်ဂိုဏ်း တည်ထောင်တာကလည်း လင်ချွမ်ရဲ့ အမိန့်ကြောင့်သာပင်။
သူမကိုယ်တိုင်က ဂိုဏ်းခေါင်းဆောင် ရာထူးကို တွယ်တာမှု မရှိချေ။
ရာထူးမရခင်ကတော့ ကောင်းမယ် ထင်ခဲ့ပေမဲ့ အခုတော့ ဒီရာထူးဟာ ဖိနပ်အစုတ်တစ်ခုလိုပဲ သူမအတွက် အရေးမပါတော့ပေ။
လင်ယန်ရွှယ် ခေါင်းကို ကုပ်လိုက်ရင်း အားကိုးရာမဲ့စွာ ပြောလိုက်သည်။
"ဒါပေမဲ့ ရှင် ဝူတန်တောင်ပေါ်မှာပဲ ဒီလိုကြီး ထာဝရ နေလို့မရဘူးလေ"
လင်ချွမ်၏ မျက်ခုံးတွေ တွန့်သွားပြီး တစ်ခုခုကို သတိရသွားပုံနဲ့ မေးလိုက်သည်မှာ-
"ဒဏ္ဍာရီလာ နတ်ဘုရားအကြွင်းအကျန်တွေဘယ်လောက် ကျန်သေးလဲ"
လင်ချွမ်ဟာ ဒီကိစ္စကို လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက စိတ်ဝင်စားနေခဲ့ခြင်းပင်။
မဟုတ်လျှင် သူ ကူလွန်တောင်က နတ်ရေကန်အထိ မိုင်ထောင်ချီ ခရီးနှင်မှာ မဟုတ်ခဲ့ပေ။
ယခု လင်ယန်ရွှယ်က အပြင်ထွက်ဖို့ ပြောလာတော့ သူ ဒီကိစ္စကို ပြန်စဉ်းစားမိသွားပုံ ရသည်။
လင်ယန်ရွှယ်ကတော့ အကြောင်းအရာက ရုတ်တရက် ဒီဘက်ကို ရောက်သွားလိမ့်မယ်လို့ မထင်ထားတာကြောင့် ခဏတော့ ကြောင်သွားသည်။
သို့သော် သူမက ဒီကိစ္စကို အလေးအနက် ထားထားလေ၏။
လင်ချွမ်၏ လက်ရှိ အဆင့် နှင့် အစွမ်းအရဆိုလျှင် ဒဏ္ဍာရီလာ နတ်ဘုရားတွေနဲ့ ပတ်သက်တာတွေကသာ သူ့ကို ထပ်ပြီး တိုးတက်စေနိုင်မယ်ဆိုတာ သူမ ကောင်းကောင်း သိသည်။
ဒါကြောင့် လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ သူမဟာ ချွမ်ရွှယ်ဂိုဏ်းရဲ့ အင်အားကို သုံးပြီး နတ်ဘုရား အကြွင်းအကျန်တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အများကြီး စုဆောင်းထားခဲ့လေသည်။
“မှတ်တမ်းတင်ထားတဲ့ နတ်ဘုရားနေရာတွေ အများကြီး ရှိပေမဲ့ တကယ် သွားကြည့်သင့်တာကတော့ ၁၃ နေရာပဲ ရှိတယ်"
လင်ယန်ရွှယ်က သူမတွေ့ထားတဲ့ မှတ်တမ်းတွေကို အကျဉ်းချုပ်ပြီး အတည်အပေါက် ပြန်ဖြေလိုက်၏။
၁၃ နေရာ။
လင်းချွမ်း စဉ်းစားကြည့်တော့ အဲဒီအရေအတွက်က များနေသေးတယ်လို့ ခံစားရလေသည်။
သူ့လို ပျင်းတဲ့သူက တစ်နိုင်ငံလုံး အနှံ့ ၁၃ နေရာကို သွားဖို့ဆိုတာ သူ့စရိုက်နဲ့ မကိုက်ညီနေပေ။
အခြားတစ်ဖက်က ကြည့်ရင်တော့ တစ်နိုင်ငံလုံး အနှံ့ ခရီးထွက်သလိုမျိုးပေါ့...
ဒီခေတ်မှာက အဆင်ပြေတဲ့ သယ်ယူပို့ဆောင်ရေး မရှိပေ။
သွားချင်တဲ့နေရာကို ပျံသန်းသွားရမှာပင်။
ပျံသွားရင်တော့ အဆင်ပြေပေမဲ့ လင်ချွမ်က အဲဒီလောက် အဝေးကြီး မပျံချင်ပေ။
အကယ်၍ မြင်းလှည်း နှင့် သွားမယ်ဆိုလျှင်တောင် ၁၀ နှစ်ထက်မနည်း ကြာနိုင်လေသည်။
ဒါဟာ နောက်ပြောင်နေတာ မဟုတ်ပေ။
မင်မင်းဆက် ရဲ့ နယ်မြေသည် အလွန်ကျယ်ပြောလှခြင်းကြောင့်ပင်။
အဲဒီအပေါ်မှာ နတ်ဘုရား အကြွင်းအကျန်တွေကလည်း တစ်ကမ္ဘာလုံး အနှံ့ ပြန့်ကျဲနေသည်။
မြင်းလှည်းကိုပဲ အားကိုးမယ်ဆိုလျှင် လမ်းမှာတင် အချိန်တွေ အကုန်အလဟဿ ဖြစ်သွားနိုင်သည်။
သို့သော် လင်ချွမ်လည်း ဒီရက်ပိုင်းမှာ တည်ငြိမ်မနေဘဲ စိတ်လှုပ်ရှားချင်နေတာတော့ အမှန်ပင်။
ဝူတန်မှာ အေးအေးချမ်းချမ်း နေလာတာ ကြာခဲ့ပြီ။
နေ့စဉ် လုပ်နေကျ အရာတွေကလည်း ဘာမှ မထူးခြားတော့သောကြောင့် လင်ချွမ်ဟာ အသစ်အဆန်းတစ်ခုခုကို တောင့်တနေမိတော့သည်။
ရှောင်းယောက် တောင်ထိပ် ကို ပြန်ရောက်တော့ လင်ချွမ်က မြေပုံတစ်ခု ထုတ်လိုက်ပြီး လင်ယန်ရွှယ်ကို ပြောလိုက်သည်။
"နေရာအားလုံးကို မှတ်သားလိုက်"
လင်ချွမ်ရဲ့ အကြံမှာ အပြင်ထွက်မှတော့ နေရာစုံအောင် သွားမယ်ဆိုတဲ့ သဘောပင်။
နတ်ဘုရားတွေနဲ့ မပတ်သက်ဘူးလို့ ထင်ရတဲ့ နေရာတွေမှာတောင် တကယ်တော့ ဆက်နွှယ်မှုတွေ ရှိနေနိုင်တယ် မဟုတ်ပါလား။
လင်ယန်ရွှယ် ခဏတာ တုန့်ဆိုင်းသွားပြီး မသေချာသလို ပြန်မေးလိုက်သည်။
"တကယ်ပဲ အကုန်လုံးကို မှတ်ရမှာလား"
လင်ချွမ်မှ ခေါင်းငြိမ့်ပြလိုက်ရာ လင်ယန်ရွှယ် ခဏစဉ်းစားပြီးနောက် သူမရဲ့ အဝတ်အစားထဲက စာရွက်တစ်ရွက် ထုတ်ပြီး စားပွဲပေါ်မှာ ဖြန့်တင်လိုက်တော့သည်။
ထိုအရာမှာ နောက်ထပ် မြေပုံတစ်ခု ဖြစ်ပေမဲ့ ထူးခြားတာကတော့ ဒီမြေပုံပေါ်မှာ အမှတ်အသားတွေ အပြည့် ဖြစ်နေသည်ပင်။
“ဒါက နတ်ဘုရား အကြွင်းအကျန် ဒဏ္ဍာရီတွေ ရှိတဲ့ နေရာအားလုံးပဲ"
လင်ချွမ် ကြည့်လိုက်တော့ ကျောချမ်းသွားရ၏။
မြေပုံပေါ်မှာ မှတ်ထားတဲ့ နေရာပေါင်း ရာနဲ့ချီ ရှိနေခဲ့သည်။
ထို့အပြင် အဲဒီနေရာ အများစုက ရွာငယ်လေးတွေနဲ့ တောင်တန်းတွေထဲမှာ ရှိနေကြခြင်း။
အကြွင်းအကျန်တွေရဲ့ ပြန့်နှံ့ပုံက တစ်နိုင်ငံလုံးကို လွှမ်းခြုံထားတယ်လို့တောင် ပြောလို့ရသည်။
လူရှိတဲ့ နေရာတိုင်းမှာ နတ်ဘုရား ဒဏ္ဍာရီတွေ ရှိနေသလိုပင်။
သို့သော် ဒီဒဏ္ဍာရီတွေရဲ့ မှန်ကန်မှုကတော့ ပြောရခက်သည်။
ထိုသို့ ရိုးရာပုံပြင်တွေဟာ တကယ်ဖြစ်ဖို့ဆိုတာ အပုံတစ်ရာမှာ တစ်ပုံတောင် မသေချာနိုင်။
ဒီနေရာ ရာပေါင်းများစွာထဲကမှ တကယ့် အကြွင်းအကျန် အစစ်အမှန်ကို ရှာဖို့ဆိုတာ အလွန်ခက်ခဲသော အလုပ်ပင်။
အကြီးမားဆုံး ပြဿနာမှာ အချိန်ကုန်ခြင်း။
ထို့အပြင် သာမန်လူတစ်ယောက်အတွက် ဒီလောက် ရှည်လျားတဲ့ ခရီးကို သွားဖို့ဆိုတာ မလွယ်ကူချေ။
ယခုခေတ် ဆေးပညာ နှင့်ဆိုလျှင် သာမန်လူတစ်ယောက်ဟာ လမ်းမှာတင် သေသွားနိုင်သည်။
လင်ချွမ်လို အစွမ်းထက်သူအတွက်တော့ အချိန်ကသာ ပြဿနာ ဖြစ်နေသည်။
သိုင်းဧကရာဇ်တစ်ယောက်က ဖျားနာတယ်လို့ ပြောရင် မည်သူမှ ယုံမည် မဟုတ်ပေ။
ပထမအဆင့် သိုင်းပညာရှင်အများစုမှာ အသက်ကြီးလို့ သို့မဟုတ် တိုက်ပွဲထဲမှာတင် သေဆုံးကြရသည်။
သိုင်းပညာရှင်များ ရောဂါကြောင့် သေတယ်ဆိုသည်မှာ ရှားပါသည်။
အဆိပ်ခတ်ခံရသည် မှလွဲရင်ပေါ့။
သာမန် ပထမအဆင့်တွေတောင် သာမန်လူတွေထက် ခုခံအား ပိုကောင်းကြပြီး တစ်သက်လုံး ဖျားနာခဲသည်။
အရင်က မရှိခဲ့ဖူးသည့် လင်ချွမ်လို သိုင်းဧကရာဇ် တစ်ယောက်အတွက်တော့ ပြောနေစရာတောင် မလိုပေ။
မျက်မှောက်ခေတ် လူသားသမိုင်းများတွင် သိုင်းဧကရာဇ်အကြောင်း မှတ်တမ်းတွေဟာ ဒဏ္ဍာရီတွေအဖြစ်သာ ရှိတော့သည်။
ဂိုဏ်းချုပ် ရီချန်းလို အတွေ့အကြုံရင့်သူတောင် သိုင်းဧကရာဇ်ဟာ ဘယ်လောက်ထိ အစွမ်းထက်ပြီး ကြောက်စရာကောင်းမလဲဆိုတာ စိတ်ကူးတောင် မယဉ်ကြည့်နိုင်ပေ။
လင်ချွမ်သည် မြေပုံပေါ်က အမှတ်အသားတွေကို သေချာကြည့်ပြီးနောက် တော်တော်ကြာမှ ပြောလိုက်သည်။
“သွားကြစို့၊ တစ်ခုချင်းစီ လိုက်ရှာကြတာပေါ့"
အခန်း (၁၅၆) - ချန်အာကော ပျောက်ဆုံးနေခြင်း
နတ်မင်းများ၏ အကြွင်းအကျန် ပစ္စည်းများကို ရှာဖွေရာတွင် လင်ချွမ်အနေဖြင့် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ရန် အမှန်တကယ် လိုအပ်ပေသည်။
ယခင်က ကူလွန်တောင်သို့ သွားခဲ့သည့် ခရီးစဉ်ကဲ့သို့ပင်။
ဓားနတ်ဘုရားသည် ကူလွန်သို့ အကြိမ်ပေါင်းများစွာ ရောက်ဖူးသော်လည်း လင်ချွမ်နှင့်အတူ သွားခဲ့သည့် ထိုခရီးစဉ်မှသာ အခွင့်အလမ်းကို အမှန်တကယ် ဖော်ဆောင်နိုင်ခဲ့ခြင်း ဖြစ်၏။
ဓားနတ်ဘုရားအတွက်မူ ၎င်းသည် ဗဟုသုတအသစ်ရရှိသော အတွေ့အကြုံတစ်ခုသာ ဖြစ်
နိုင်သော်လည်း၊ လင်ချွမ်သာ မသွားခဲ့ပါက မည်သည့်အရာကိုမျှ မြင်တွေ့နိုင်မည် မဟုတ်ပေ။
ရှေးဟောင်းအကြွင်းအကျန်နေရာများထဲသို့ ဝင်ရောက်နိုင်ရန်အတွက် အချို့သော အစွမ်းအစ သို့မဟုတ် အချို့သော သတ်မှတ်ချက်များ လိုအပ်ပုံရ၏။
မည်သို့သော ကန့်သတ်ချက်များရှိစေကာမူ လင်ချွမ်၏ အစွမ်းနှင့် အသက်အရွယ်မှာ ထိုလိုအပ်ချက်များနှင့် အပြည့်အဝ ကိုက်ညီနေလေသည်။
အကယ်၍ လင်ချွမ်ကဲ့သို့သောသူပင် ထိုနတ်ဘုရားအကြွင်းအကျန်များ၏ ကန့်သတ်ချက်ကို မကျော်ဖြတ်နိုင်ပါက၊ ဤကမ္ဘာပေါ်ရှိ မည်သူတစ်ဦးတစ်ယောက်မျှ ထိုနေရာများကို ဖွင့်နိုင်ရန် အလွန်ခက်ခဲပေလိမ့်မည်။
လင်ချွမ်၏ စကားကို ကြားသောအခါ လင်ယန်ရွှယ်က "တစ်ခုချင်းစီ လိုက်ရှာမယ် ဟုတ်လား" ဟု မယုံကြည်နိုင်စွာဖြင့် ထပ်မံမေးမြန်းလိုက်ရာ
လင်ချွမ်က ခေါင်းငြိမ့်ပြလိုက်၏။
သူ့တွင် အလျှံပယ်ရှိသည့်အရာမှာ အချိန်ပင်။
အရေးကြီးကိစ္စ မရှိပါက သူသည် လမ်းခရီးတွင် နှစ်အနည်းငယ် သို့မဟုတ် ဆယ်စုနှစ်တစ်ခုမကပင် အချိန်ဖြုန်းနိုင်စွမ်း ရှိသည်။
လင်ယန်ရွှယ်မှာ သက်ပြင်းချရင်း ခေါင်းခါလိုက်သော်လည်း ဤရလဒ်မှာ သူမ မျှော်လင့်ထားသည့်အတိုင်းပင်။
သူမ ဘာကို လိုချင်သနည်း။
လင်ချွမ်နှင့်အတူ အချိန်ဖြုန်းခွင့် ရရှိရန်သာ မဟုတ်ပါလား။
ယခုမူ အခွင့်အရေးက သူမ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး၊ ထိုအခွင့်အရေးမှာလည်း လင်ချွမ်ကိုယ်တိုင် သူမလက်ထဲသို့ ထည့်
ပေးလိုက်ခြင်းပင်။
အကယ်၍ လင်ယန်ရွှယ်အနေဖြင့် ဤအခွင့်အရေးကိုမှ အသုံးမချနိုင်ပါက သူမကိုယ်သူမ သတ်သေလိုက်သည်က ပိုကောင်းပေလိမ့်မည်။
"ကောင်းပြီ၊ အခုပဲ ထွက်ကြမလား"
ဟု လင်ယန်ရွှယ်က သူမ၏ ပျော်ရွှင်နေသော အပြုံးကို မဖုံးကွယ်နိုင်ဘဲ အလောတကြီး မေးလိုက်သည်။
သို့သော် လင်ချွမ်က ခေါင်းခါပြကာ "တခြားသူတွေကိုလည်း သွားမေးဦးမယ်" ဟု ဆိုလိုက်ရာ လင်ယန်ရွှယ်မှာ ခဏတာ မှင်တက်သွားပြီးမှ
"တခြားလူတွေလည်း ရှိသေးတာလား" ဟု မေးမိသည်။
"ဒါပေါ့၊ မင်းနဲ့ ငါ နှစ်ယောက်တည်း သွားမယ်လို့ ထင်နေတာလား"
လင်ချွမ်၏ စကားမှာ အလွန်ပင် ယုတ္တိရှိ၏။
သူသည် မူလကတည်းက လင်ယန်ရွှယ်တစ်ယောက်တည်းနှင့် သွားရန် စိတ်ကူးမရှိခဲ့ပေ။
ကမ္ဘာအနှံ့ လှည့်လည်မည့် ဤခရီးစဉ်သည် အခြားသူများအတွက်လည်း များစွာ အကျိုးရှိပေလိမ့်မည်။
သူသည် အခြားသူများကို ပစ်ပယ်ထား၍ မရပေ။
ထို့အပြင် သူသည် အခြားသူများ၏ သဘောထားကိုလည်း လေးစားရန် လိုအပ်သည်။
ဓားနတ်ဘုရားနှင့် ယွဲ့ချင်းရိုတို့ မသွားချင်ပါက သူ အတင်းအကျပ် ခေါ်မည်မဟုတ်ပေ။
ဓားနတ်ဘုရားမှာ အတွေ့အကြုံရှိသော လမ်းပြတစ်ဦးကဲ့သို့။
ဓားနတ်ဘုရားသည်လည်း ယခင်က ကမ္ဘာအနှံ့ လှည့်လည်ဖူးပြီး နေရာအနှံ့ ရောက်ဖူးသူ ဖြစ်သည်။
ဓားနတ်ဘုရားကို ခေါ်သွားခြင်းဖြင့် မမျှော်လင့်ထားသော အကျိုးကျေးဇူးများ ရရှိနိုင်လိမ့်မည်။
ယွဲ့ချင်းရိုနှင့် ပတ်သက်၍မူ လင်ချွမ် သိပ်မစဉ်းစားထားသော်လည်း၊ ဓားနတ်ဘုရားကို ခေါ်သွားမည်ဆိုပါက သူမကိုလည်း မလွဲမသွေ ခေါ်သွားရမည်။
လူတစ်ယောက် ပိုလာသည်ကို လင်ချွမ် မကန့်ကွက်ပါ။
ယွဲ့ချင်းရိုမှာ အနည်းဆုံးတော့ ပထမအဆင့် အလယ်အလတ် တစ်ဦး ဖြစ်သဖြင့် ဘေးတွင် ရှိနေခြင်းက အနှောင့်အယှက် မဖြစ်နိုင်ပေ။
အချို့သော နတ်မင်းကံတရားများမှာ ငယ်ရွယ်သော အမျိုးသမီး တပည့်များ လိုအပ်နေပါက လင်ယန်ရွှယ်ရော ယွဲ့ချင်းရိုပါ အခွင့်အရေး ရရှိနိုင်သည် မဟုတ်ပါလား။
လူအများကြီး ခေါ်သွားမည်ဟု ကြားသောအခါ လင်ယန်ရွှယ်မှာ ချက်ချင်းပင် မကျေမနပ် ဖြစ်သွားသော်လည်း သူမ ထုတ်မပြခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် သူမ၏ သဘောထားသည် လင်ချွမ်အပေါ် သြဇာမသက်ရောက်နိုင်သည်ကို သူမ သိသောကြောင့်ပင်။
သူမက မြေပုံကို ပေးထားသူ ဖြစ်သော်လည်း၊ ၎င်းကို အကြောင်းပြ၍ သူမ တစ်ယောက်တည်းကိုသာ ခေါ်သွားရန် လင်ချွမ်ကို ခြိမ်းခြောက်မည်ဆိုပါက၊ လင်ချွမ်မှာ ခရီးစဉ်ကိုပင်
ဖျက်သိမ်းပစ်မည့်သူ ဖြစ်၏။
သူ၏ ပျင်းရိပြီး အေးဆေးနေတတ်သော စရိုက်အရ ထိုသို့ ပြုလုပ်ရန် ဝန်လေးမည် မဟုတ်ပေ။
လင်ချွမ်သည် မည်သူ့၏ ခြိမ်းခြောက်မှုကိုမျှ ခံမည့်သူ မဟုတ်သကဲ့သို့၊ ထိုသို့သော ခြိမ်းခြောက်မှုမျိုးကို လက်ခံရန်လည်း ဆန္ဒမရှိသူ ဖြစ်သည်။
တစ်ချက်လျှော့၍ ပြောရလျှင် လင်ချွမ်က လက်ခံခဲ့လျှင်ပင် သူတို့နှစ်ဦးကြားတွင် အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာပေလိမ့်မည်။
ထို့ကြောင့် ထက်မြက်သော လင်ယန်ရွှယ်မှာ ထိုသို့သော အမှားမျိုးကို ဘယ်သောအခါမှ ပြုလုပ်မည် မဟုတ်ပေ။
ဓားနတ်ဘုရားနှင့် ယွဲ့ချင်းရိုတို့က လင်ချွမ်၏ အကြံပြုချက်ကို မဆိုင်းမတွပင် သဘောတူလိုက်ကြသည်။
ဓားနတ်ဘုရားအကြောင်းကိုမူ ထွေထွေထူးထူး ပြောနေရန် မလိုပေ။
သူ၏ အသက်အရွယ်အရ ဤလောကတွင် ယွဲ့ချင်းရိုမှလွဲ၍ သူ တန်ဖိုးထားစရာ ဘာမျှ မကျန်တော့ပေ။
အကယ်၍ သူ တစ်ယောက်တည်းသာဆိုလျှင် လူသူကင်းဝေးသော နေရာတစ်ခုတွင် အေးအေးဆေးဆေး အိုမင်းသွားရန်သာ ရွေးချယ်ပေလိမ့်မည်။
အထွတ်အထိပ်သို့ ရောက်ရှိခြင်းက သူ၏ သက်တမ်းကို ရှည်စေခဲ့သော်လည်း သူ ပို၍ အလိုရှိသည်မှာ ကျင့်စဉ်အဆင့် တိုးတက်ရန် ဖြစ်သည်။
ဓားနတ်ဘုရားမှာ ကျင့်စဉ်အဆင့် တိုးတက်လိုစိတ်ဖြင့်သာ ပြည့်နှက်နေသည့် စစ်မှန်သော ကိုယ်ခံပညာရှင်တစ်ဦး ဖြစ်သည်။
သူသည် ပိုမိုမြင့်မားသော အဆင့်မှ မြင်ကွင်းများကို မြင်တွေ့လို၏။
သူ အသက်ဆက်လိုရခြင်းမှာလည်း ယွဲ့ချင်းရိုကို ပစ်မသွားနိုင်သောကြောင့်သာ။
ယခုမူ သူသည် လင်ချွမ်ကို သူ၏ ကယ်တင်ရှင်အဖြစ်လည်းကောင်း၊ ယွဲ့ချင်းရို၏ ယုံကြည်ရသူအဖြစ်လည်းကောင်း၊ ကိုယ်ခံပညာလောက၏ စီနီယာတစ်ဦးအဖြစ်လည်းကောင်း မှတ်ယူထားသည်။
ထို့ကြောင့် လင်ချွမ် ပြောသမျှကို သူက လက်ခံသည်။
ယွဲ့ချင်းရိုအတွက်မူ ဤမိန်းကလေးငယ်မှာ ကိုယ်ပိုင်ဆုံးဖြတ်ချက် လုံးဝ မရှိသူ ဖြစ်၏။
ဓားနတ်ဘုရားနှင့် လင်ချွမ်တို့က ကမ္ဘာပတ်မည်ဟု ဆိုလျှင် သူမကလည်း သဘာဝအတိုင်း လိုက်ရုံသာ။
မည်သို့ပင်ဆိုစေ ဓားနတ်ဘုရားနှင့် လင်ချွမ်ကို နားထောင်ခြင်းမှာ မှားယွင်းနိုင်စရာ မရှိပေ။
ခေတ္တမျှ ဆွေးနွေးပြီးနောက် သူတို့ လေးဦးမှာ ခရီးထွက်ရန် ပြင်ဆင်ကြတော့သည်။
ထိုသတင်းကို ကြားသောအခါ ယင်ဟွိုက်ယွီမှာ အပြေးအလွှား ရောက်လာပြီး
"အကြီးအကဲ...ကျွန်တော့်ကိုလည်း ခေါ်သွားလို့ ရမလား" ဟု မေးမြန်းခဲ့သည်။
ယင်ဟွိုက်ယွီသည် လွန်ခဲ့သော နှစ်နှစ်အတွင်း အချို့သော တိုးတက်မှုများ ရှိခဲ့သော်လည်း သူသည် ပထမအဆင့် အထက်တန်းအဆင့်သို့သာ ရောက်ရှိနိုင်ခဲ့သည်။
သူသည် စစ်မှန်သော ပထမအဆင့် ဖြစ်ရန်ပင် အလှမ်းဝေးနေသေးပြီး၊ အထွတ်အထိပ်အဆင့် အကြောင်းကိုမူ ဆိုဖွယ်ရာ မရှိချေ။
လင်ယန်ရွှယ်ကဲ့သို့ ပါရမီရှင် လူငယ်ပင်လျှင် လွန်ခဲ့သော နှစ်နှစ်အတွင်း အထွတ်အထိပ်အဆင့်သို့ အပြည့်အဝ မရောက်နိုင်သေးပေ။
၎င်းမှာ သူမအနေဖြင့် နတ်ဆိုးဂိုဏ်းပြန်လည် စုစည်းရေးနှင့် ပတ်သက်သော ကိစ္စများတွင် အာရုံများနေခြင်းကြောင့်လည်း ဖြစ်နိုင်သည်။
သို့သော် ၎င်းကပင် အထွတ်အထိပ်အဆင့်သို့ တက်လှမ်းရန် မည်မျှ ခက်ခဲသည်ကို သက်သေပြနေသည်။
ဓားနတ်ဘုရားမှာလည်း ထို့အတူပင်။
သူသည် လွန်ခဲ့သော နှစ်အနည်းငယ်က လင်ချွမ်၏ လမ်းညွှန်မှုကို ရရှိခဲ့ပြီး အထွတ်အထိပ်အဆင့် ခြေတစ်လှမ်းအလိုသို့ ရောက်ရှိခဲ့
သည်။
သို့သော် နှစ်နှစ်တိုင်တိုင် လင်ချွမ်ထံမှ အကြံဉာဏ်များ ရယူခဲ့သော်လည်း စစ်မှန်သော အထွတ်အထိပ်အဆင့်သို့ မရောက်နိုင်သေးပေ။
၎င်းမှာ လင်ချွမ်၏ လမ်းညွှန်မှုကြောင့် မဟုတ်ဘဲ သူ၏ ကိုယ်ပိုင်နားလည်နိုင်စွမ်းနှင့် ပါရမီကြောင့်သာ ဖြစ်၏။
အကယ်၍ ဓားနတ်ဘုရားသာ နှစ်တစ်ရာခန့် ပို၍ ငယ်ရွယ်မည်ဆိုပါက သူသည် နောက်တစ်ဆင့်သို့ ရောက်ရှိနေလောက်ပြီ။
သို့သော် အသက်အရွယ်ကြောင့်ပင် ဓားနတ်ဘုရားမှာ ဤနေရာတွင် တစ်ဆို့နေပြီး ရှေ့ဆက်တိုးရန် ခက်ခဲနေခြင်း ဖြစ်သည်။
ဓားနတ်ဘုရားတွင် ပါရမီ မရှိသလော။
အမှန်စင်စစ် မဟုတ်ပါ။
ပါရမီ မရှိပါက သူသည် တစ်လောကလုံး အသိအမှတ်ပြုသော 'ဓားနတ်ဘုရား' ဟူသည့် ဘွဲ့ကို ရရှိမည် မဟုတ်ပေ။
သို့သော် လင်ချွမ် သို့မဟုတ် ယွဲ့ချင်းရို တို့နှင့် ယှဉ်လျှင်မူ ဓားနတ်ဘုရား၏ ပါရမီမှာ အသာစီး မရနိုင်ပေ။
အကယ်၍ ဓားနတ်ဘုရားသာ လင်ချွမ်တို့နှင့် ခေတ်ပြိုင် လူသားတစ်ဦး ဖြစ်ခဲ့ပါက သူသည် ဓားနတ်ဘုရားဟူသော ဘွဲ့ကို ရရှိချင်မှ ရရှိပေလိမ့်မည်။
လင်ချွမ်က ယင်ဟွိုက်ယွီ၏ တောင်းဆိုချက်ကို ငြင်းပယ်လိုက်သည်။
လူလေးယောက်အဖွဲ့မှာပင် တော်တော်လေး လူများနေပြီ ဖြစ်၏။
ငါးယောက်ဆိုလျှင် အဖွဲ့လိုက် ကစားရန် ပြင်နေကြခြင်းပေလား။
ယွဲ့ချင်းရိုကို ဂရုစိုက်ရသည်မှာပင် အလုပ်ရှုပ်လှပြီဖြစ်၍ ယင်ဟွိုက်ယွီကိုပါ ထပ်ပြီး ဂရုမစိုက်ချင်တော့ပေ။
ထို့အပြင် ယင်ဟွိုက်ယွီ၏ ပါရမီအရ ယခုအဆင့်မှာ သူ၏ အကန့်အသတ်ပင်။
အချို့သောသူများသည် အထွတ်အထိပ်အဆင့်သို့ မည်သည့်အခါမျှ မရောက်နိုင်ကြသလို၊ အချို့သူများအတွက် ပထမအဆင့်မှာသာ အမြင့်ဆုံး ဖြစ်တတ်သည်။
ယင်ဟွိုက်ယွီ၏ အကန့်အသတ်မှာလည်း ပထမအဆင့်သာ ဖြစ်သည်။
ယင်ဟွိုက်ယွီမှာ နှမြောသော်လည်း ဇွတ်မတောင်းဆိုခဲ့ပေ။
သူသည် မိမိကိုယ်မိမိ သိသူဖြစ်သည်။
ဤလေးယောက်နှင့် ယှဉ်လျှင် သူသည် ပါရမီအနည်းဆုံးသူပင်။
ထို့အပြင် ဝူတန်တောင်သည်လည်း သူ မရှိ၍ မဖြစ်ပေ။
နတ်ဆိုးဂိုဏ်းမှာ ငြိမ်သက်သွားပြီ ဖြစ်သော်လည်း ကိုယ်ခံပညာလောကရှိ သူတော်စင်ဂိုဏ်းများမှာ မငြိမ်သက်ကြပေ။ လွန်ခဲ့သော နှစ်နှစ်အတွင်း လင်ချွမ် ပျောက်ကွယ်နေသဖြင့် ဂိုဏ်းအသီးသီးမှာ တစ်ကျော့ပြန် လှုပ်ရှားလာကြသည်။
ဘဝ၏ ရည်မှန်းချက်မှာ ကျော်ကြားမှုနှင့် စည်းစိမ်ထက် မပိုပေ။
ကိုယ်ခံပညာရှင်များပင်လျှင် လောကီရေးရာများမှ မလွတ်ကင်းနိုင်ချေ။
လာမည့် နှစ်အနည်းငယ်အတွင်း ကိုယ်ခံပညာ ပြိုင်ပွဲရာသီသစ် စတင်တော့မည် ဖြစ်သည်။
အကယ်၍ လင်ချွမ်က ဝင်ရောက်ယှဉ်ပြိုင်ရန် စိတ်မကူးပါက ယင်ဟွိုက်ယွီမှာ ဝူတန်၏ တစ်ဦးတည်းသော ကိုယ်စားပြုမျက်နှာစာ ဖြစ်လာမည်။
ချန်အာကောသည်လည်း တောင်အောက်တွင် လေ့ကျင့်နေသည်မှာ နှစ်အတော်ကြာပြီ ဖြစ်သည်။
အစပိုင်းတွင် သတင်းများ ရောက်ရှိလာသေးသော်လည်း၊ လွန်ခဲ့သော နှစ်နှစ်အတွင်း သူသည် မြေလျှိုးမိုးပျံ ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေသည်။
သူတို့ထံမှ မည်သည့် သတင်းစကားမျှ မရရှိတော့ပေ။
ကျောင်းထိုင်ဆရာတော်က ချန်အာကော တစ်ခုခု ဖြစ်သွားပြီဟုပင် ယူဆထားသည်။
ထို့ကြောင့် ဆရာတော်သည် လင်ချွမ်ထံသို့ လာရောက်ကာ အကြံဉာဏ်တောင်းပြီး လင်ချွမ်အနေဖြင့် နည်းလမ်းတစ်ခုခု ရှာဖွေပေးနိုင်ရန် မျှော်လင့်နေခြင်းပင်။