← Chapters

အခန်း (၁၅၉-၁၆၀)

Vol. 16 Ch. 159-160

အခန်း (၁၅၉-၁၆၀)

Vol. 16 Ch. 159-160

အခန်း ၁၅၉- လေနှင့်မိုးကို စေခိုင်းခြင်း

လင်ချွမ်သည် နတ်ဘုရားဝိညာဉ် ဆင့်ခေါ်ခြင်းအတတ်ဖြင့် စိတ်အာရုံထဲမှ နိုးထလာပြီး မိမိခန္ဓာကိုယ်ထဲသို့ ပြန်လည်ရောက်ရှိလာသည်။

သူသည် မျက်စိကိုမှိတ်ထားဆဲဖြစ်ပြီး အသစ်ရရှိထားသော တိမ်နှင့်မိုးကို ထိန်းချုပ်နိုင်သည့် စွမ်းရည်ကို စုစည်းလေ့ကျင့်နေ၏။

မြေဆိုး ဝိညာဉ်နတ်ဆိုးအတတ် ၇၂ ပါး ထဲတွင် တိမ်နှင့်မိုးကို ခေါ်ယူသည့်အတတ်ဟူ၍ တိုက်ရိုက်မရှိပေ။

ယင်းအစား ၎င်းကို 'လေခဏငှားခြင်း' နှင့် 'မိုးရွာရန် ဆုတောင်းခြင်း' ဟူ၍ အစိတ်အပိုင်းနှစ်ခု ခွဲခြားထားသည်။

ဤနှစ်ခုပေါင်းစပ်လိုက်မှသာ တိမ်နှင့်မိုးကို စေခိုင်းသည့်အတတ် ဖြစ်လာသည်။

ဟုတ်ပါသည်၊ မိုးရွာရန် ဆုတောင်းရုံသက်သက်လည်း သုံးနိုင်သော်လည်း ရလဒ်ကတော့ အလွန်အားနည်းပေလိမ့်မည်။

ခေတ္တမျှ စွမ်းအင်များကို ချေဖျက်ပြီးနောက် လင်ချွမ်သည် မျက်လုံးဖွင့်ကာ ရွာလူကြီးကို ကြည့်လိုက်သည်။

"ခင်ဗျားတို့ရဲ့ လယ်ကွင်းတွေက ဘယ်နားမှာလဲ"

ထိုစကားကို ကြားသော် ရွာလူကြီးသည် ခေတ္တမျှ ကြောင်အသွားပြီးမှ ဝမ်းသာအားရ ဖြစ်သွားလေ၏။

လင်ချွမ်၏ စကားသည် သူတကယ်ပင် မိုးလေဝသကို ထိန်းချုပ်နိုင်ကြောင်း သက်သေပြနေခြင်း။

သူတို့၏ လယ်ကွင်းများတော့ အသက်ဆက်နိုင်ပြီ။

လင်ယန်ရွှယ်နှင့် ကျန်နှစ်ယောက်လည်း မှင်တက်မိသွားသည်။

လင်ချွမ်နှင့် အတူရှိနေခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း သူ၌ ဤကဲ့သို့သော စွမ်းရည်မျိုး ရှိသည်ကို ယခုမှ ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်၏။

သို့သော် သူတို့သုံးယောက်စလုံး လင်ချွမ်ကို သံသယမဖြစ်ကြချေ။

လင်ချွမ်သည် သူတို့တစ်ခါမှမမြင်ဖူးသော သိုင်းဧကရာဇ် တစ်ဦး ဖြစ်နေသည်မဟုတ်ပါလား။

ရွာလူကြီးသည် သူတို့လေးဦးကို ရွာနောက်ဘက်ရှိ လယ်ကွင်းများဆီသို့ ခေါ်ဆောင်သွားသည်။

ဟွမ်ရှီရွာတွင် လူငယ်လုပ်သား ရှားပါးမှုနှင့် နှစ်ရှည်လများ ဆင်းရဲနွမ်းပါးမှုတို့ကြောင့် လယ်ကွင်းများမှာ ပျက်စီးယိုယွင်းနေလေ၏။

မိုးရွာရုံဖြင့် ဤနေရာကို တကယ်ကယ်တင်နိုင်ပါ့မလားဟု လင်ချွမ်ပင် သံသယဖြစ်မိသည်။

သို့သော် သူကတိပေးထားပြီးဖြစ်၍ မဖောက်ဖျက်လိုပေ။

လယ်ကွင်းအနားတွင် ရပ်လျက် လင်ချွမ်သည် ဂါထာမန္တန်ကို စတင်ရွတ်ဖတ်သည်။

သူသည် လက်ကိုမြှောက်ကာ လေးနက်သောလေသံဖြင့် "လေ... လာစေ" ဟု အမိန့်ပေးလိုက်ရာ ချက်ချင်းဆိုသလိုပင် ကောင်းကင်ယံ၌ ပြင်းထန်သောလေတိုက်ခတ်မှုများ ဖြစ်ပေါ်လာသည်။

ကြည်လင်နေသော ကောင်းကင်တွင် တိမ်တိုက်များ ရုတ်တရက် အုံ့မှိုင်းလာသည်။

မည်းမှောင်နေသော တိမ်တိုက်များသည် မိုးခြိမ်းသံများနှင့်အတူ သူတို့အထက်တွင် ဖုံးလွှမ်းသွားလေ၏။

အဝေးမှ စုရုံးကြည့်ရှုနေသော ဟွမ်ရှီရွာသားများသည် ထိုမြင်ကွင်းကိုကြည့်ကာ အတိုင်းထက်အလွန် ဝမ်းသာသွားကြသည်။

အချို့ဆိုလျှင် အိမ်သို့အပြေးပြန်ကာ ရှားပါးလှသော မိုးရေကို ခံယူရန် အိုးခွက်ပန်းကန် အမျိုးမျိုးကို သွားရောက်ယူဆောင်လာကြ၏။

သိုင်းပညာရှင်တစ်ယောက်အနေဖြင့် လင်ချွမ်သည် ရာသီဥတုအပြောင်းအလဲကို ဂရုမစိုက်သည်မှာ ကြာခဲ့ပြီပင်။

လေတိုက်သည်ဖြစ်စေ၊ မိုးရွာသည်ဖြစ်စေ၊ နေသာသည်ဖြစ်စေ သူ့အတွက် ဘာမှမထူးခြားချေ။

သို့သော် ဟွမ်ရှီရွာမှ သာမန်လူများအတွက်မူ ရာသီဥတုသည် သူတို့၏ အနာဂတ်အတွက် အလွန်အရေးကြီးသည်။

ရာသီဥတုဆိုးရွားသောနှစ်မျိုးနှင့် ကြုံရလျှင် သူတို့ အသက်ရှင်ရန်ပင် ခက်ခဲသွားနိုင်သည်။

ပတ်ဝန်းကျင်မှ လူထု၏ ဝမ်းသာအားရ အော်ဟစ်သံများကို ကြားရသောအခါ လင်ချွမ်သည် လက်ကို ညင်သာစွာဝေ့ယမ်းကာ "မိုး... ရွာစေ" ဟု တိုးတိုးလေး ပြောလိုက်သည်။

မိုးခြိမ်းသံများအပြီးတွင် လေပြင်းများ တဖြည်းဖြည်း ငြိမ်သက်သွားကာ ကောင်းကင်မှ မိုးစက်မိုးပေါက်လေးများ စတင်ကျလာတော့၏။

မိုးဖွဲဖွဲလေးမှသည် မကြာခင်မှာပင် သည်းထန်စွာ ရွာသွန်းသော မိုးကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။

ရွာလူကြီးသည် တစ်ကိုယ်လုံး ရွှဲရွှဲစိုနေသော်လည်း မျက်နှာတွင် စိတ်လှုပ်ရှားစွာ ပြုံးနေဆဲ။

သူသည် လင်ချွမ်ရှေ့တွင် ဒူးထောက်ကာ ရိုသေစွာဖြင့် ဦးချလေသည်။

"ကျေးဇူးတော်ပါပဲ နတ်ဘုရား အရှင်"

"ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်လှပါတယ်ခင်ဗျာ"

လင်ချွမ်နှင့် သူ၏အဖော်များသည်လည်း မိုးထဲတွင် ရှိနေကြသော်လည်း သူတို့၏ အတွင်းအား က အလိုအလျောက် ကာကွယ်ပေးထားသဖြင့် မိုးရေစိုခြင်း မရှိကြပေ။

သူတို့၏ ပတ်ပတ်လည်တွင် မိုးသည်းထန်စွာ ရွာနေသော်လည်း သူတို့မှာမူ နတ်ဘုရားများကဲ့သို့ ခန့်ညားလျက်ရှိသည်။

သို့သော် ကျန်သုံးယောက်ကတော့ သူတို့အထဲတွင် အစစ်အမှန် နတ်ဘုရားနှင့်တူသူမှာ လင်ချွမ်တစ်ယောက်တည်းသာ ဖြစ်ကြောင်း ကောင်းကောင်းသိကြ၏။

သူတို့မှာမူ သာမန်ထက် အနည်းငယ်ပိုသန်မာသော လူသားများသာ။

မိုးသည် တစ်နေ့လုံးနီးပါး သည်းသည်းမည်းမည်း ရွာသွန်းခဲ့သည်။

လင်ချွမ်နှင့် အဖွဲ့မှာမူ ဟွမ်ရှီရွာမှ ထွက်ခွာသွားသည်မှာ ကြာခဲ့ပြီ။

အကြောင်းမှာ သူတို့၏ ရည်ရွယ်ချက်မှာ ပြီးမြောက်သွားပြီ ဖြစ်သောကြောင့်။

ဟွမ်ရှီရွာတွင် နတ်ဘုရားများ၏ အစအန မရှိချေ။

ကျန်းစန်းဖုန်းမှာ တစ်ချိန်က တိုက်ဆိုင်စွာ ကူညီပေးခဲ့ဖူးခြင်းကြောင့်သာ ရွာသားများက သူ့ကို နတ်ဘုရားအဖြစ် သတ်မှတ်ခဲ့ကြခြင်းပင်။

သူတို့ ဆက်လက်သွားရောက်မည့် နတ်ဘုရား အကြွင်းအကျန်များသည်လည်း ဤကဲ့သို့ပင် ဖြစ်ကောင်းဖြစ်နေပေလိမ့်မည်။

သို့သော် လင်ချွမ်သည် ၎င်းကို ပျင်းစရာကောင်းသည်ဟု မယူဆချေ။

အခြားသူများအမြင်တွင် ယခုခရီးစဉ်မှာ ဘာမှမရခဲ့သလို ရှိသော်လည်း အမှန်တကယ်တွင်မူ သူ အများကြီး ရရှိခဲ့သည်။

မြေဆိုး ဝိညာဉ်နတ်ဆိုးအတတ် ၇၂ ပါးထဲမှ 'လေခဏငှားခြင်း' နှင့် 'မိုးရွာရန် ဆုတောင်းခြင်း' အတတ်နှစ်ခုစလုံးကို တစ်ပြိုင်တည်း ရရှိခဲ့၏။

ထိုစွမ်းရည်နှစ်ခုလုံးသည် သူ၏ ကျွမ်းကျင်မှုစာရင်းတွင် ပေါ်လာခဲ့သည်။

လင်ချွမ်သည် ထိုအတတ်များကို စနစ် ဝင်လုပ်ရုံဖြင့်သာ ရနိုင်မည်ဟု အစက ထင်ထားခဲ့သော်လည်း ယခုအခါ အခြားနည်းလမ်းဖြင့် ရနိုင်ကြောင်း မမျှော်လင့်ဘဲ သိရှိသွားခဲ့သည်။

သို့သော် ဤနည်းလမ်းကို နောက်တစ်ကြိမ် ထပ်မံပြုလုပ်ရန်မှာ ခက်ခဲပေလိမ့်မည်။

ယခုတစ်ကြိမ်တွင် မိုးရွာရန်ဆုတောင်းခြင်းကို အကြောင်းပြကာ ဟင်းလင်းပြင်ထဲသို့ စိတ်အာရုံဖြင့်ဝင်ရောက်ပြီး ထိုထူးဆန်းသော လူတစ်စုထံမှ လမ်းညွှန်ချက် ရယူနိုင်ခဲ့သည်။

နောက်တစ်ကြိမ်မှာရော....

အလုပ်မရှိတိုင်း ထိုဟင်းလင်းပြင်ထဲသို့ ဝင်ရောက်ကာ မည်သူမည်ဝါမှန်းမသိသော "လူများ" နှင့် ဆက်သွယ်သင်ယူနေဖို့ရာ လင်ချွမ်တွင် ထိုမျှ လောဘမရှိချေ။

ထိုသူများသည် မည်သူနည်း၊ သူတို့၏ ရည်ရွယ်ချက်က ဘာနည်း ဆိုသည်ကို မည်သူမှမသိပေ။

သူတို့သည် လူသားများ ဟုတ်၊ မဟုတ်ကိုပင် လင်ချွမ် မသေချာပါ။

ဤတစ်ကြိမ်တွင် သူတို့ထံမှ ကြီးမားသော စွမ်းအားများ ရရှိခဲ့သော်လည်း နောက်တစ်ကြိမ်တွင် သူတို့က တစ်ခုခု ပြန်လည်တောင်းဆိုလာနိုင်သည်။

တစ်ဖက်လူ၏ မည်သူမည်ဝါဖြစ်ကြောင်း မသိရဘဲ သူတို့နှင့် ပတ်သက်မိရန် လင်ချွမ် ဆန္ဒမရှိချေ။

ထို့အပြင် သူတို့ပြောစကားအရ ထိုနေရာသည် ပြန်လမ်းမရှိသော နေရာတစ်ခုဖြစ်သည်။

ယခုတစ်ခေါက် ဘေးကင်းကင်း ပြန်လာနိုင်သော်လည်း နောက်တစ်ကြိမ်မှာတော့ မသေချာပေ။

ထိုသူများ ပြသခဲ့သော စွမ်းရည်များကို ကြည့်လျှင် သူတို့သာ လင်ချွမ်အပေါ် မကောင်းကြံလာလျှင် အလွန်အန္တရာယ်ရှိနိုင်သည်။

ထို့ကြောင့် လင်ချွမ်သည် အနည်းငယ်မျှပင် ပေါ့ဆမည်မဟုတ်ပေ။

ပထမဆုံးနေရာသည် အနည်းငယ် တန်ဖိုးရှိခဲ့သော်လည်း နောက်ဆက်တွဲ သွားရောက်သည့် နေရာများမှာမူ ဘာမှအရာမထင်ခဲ့ချေ။

ထိုနေရာများသည် နတ်ဘုရားပုံပြင်များကြောင့်သာ ကျော်ကြားသော်လည်း လက်တွေ့တွင်မူ နတ်ဘုရား အကြွင်းအကျန်များမှာ အစအနပင် မရှိဘဲ ပုံပြင်များမှာလည်း အပေါက်အပြဲများဖြင့်သာ ပြည့်နေသည်။

လပေါင်းများစွာကြာအောင် သူတို့လေးဦးသည် အပန်းဖြေခရီးထွက်သကဲ့သို့ တဖြည်းဖြည်းချင်း ခရီးဆက်ခဲ့ကြ၏။

သို့သော် အကြိမ်ကြိမ် အချည်းနှီးဖြစ်ခဲ့ရသဖြင့် လင်ယန်ရွှယ်မှာ မျက်နှာပျက်နေရသည်။

နောက်ဆုံးတွင် ယွဲ့ချင်းရိုက မနေနိုင်ဘဲ ညည်းတွားတော့သည်။

"ရှင့်ရဲ့ နတ်ဆိုးဂိုဏ်းက တကယ်ကို အားကိုးမရတာပဲ"

"ဒါ ဘယ်လို သတင်းအချက်အလက်တွေလဲ"

ယွဲ့ချင်းရို ညည်းတွားသည်မှာလည်း မဆန်းပေ။

လင်ယန်ရွှယ်၏ ဂိုဏ်းသည် နတ်ဘုရားများအကြောင်း သတင်းများစွာ စုဆောင်းထားသော်လည်း အများစုမှာ ရယ်စရာကောင်းလောက်အောင် မှားယွင်းနေခဲ့၏။

အဓိကပြဿနာမှာ သတင်းစုဆောင်းသော တပည့်များသည် လင်ယန်ရွှယ် တကယ်လိုအပ်သည့်အရာကို မသိဘဲ ရသမျှကို အကုန်ပုံပေးလိုက်ခြင်းကြောင့်ပင်။

ဤသည်ကပင် သူတို့ကို လမ်းတွင် အချိန်အကြာကြီး နှောင့်နှေးစေခဲ့ခြင်း ဖြစ်သည်။

လင်ချွမ်ကတော့ လုံးဝမလောပေ။

ဝူတန်တောင်ပေါ်တွင် အမြဲအောင်းနေပြီးမှ တစ်ခါတစ်ရံမှသာ တောင်အောက်ဆင်းလာသော ပျင်းရိသူတစ်ဦးအတွက် ဤလောကရှိ အရာအားလုံးက ဆန်းသစ်နေသည်။

သို့သော် ထိုဆန်းသစ်မှုက ကြာရှည်မခံခဲ့ချေ။

တစ်ဖက်တွင်လည်း လင်ချွမ်ကိုယ်တိုင်က လူထူထပ်သည်ကို မကြိုက်သောသူဖြစ်သည်။

ဒုတိယအချက်မှာ မင်မင်းဆက်ခေတ်ကာလသည် ခေတ်မီလူသားဖြစ်သော လင်ချွမ်၏ အမြင်တွင် နောက်ကျကျန်နေပြီး ထူးထူးခြားခြား ကြည့်စရာ သိပ်မရှိခြင်းကြောင့်ပင်။

အစောပိုင်း စိတ်လှုပ်ရှားမှုများ ကုန်ဆုံးသွားပြီးနောက် လင်ချွမ်သည် အပျင်းထူလာကာ လင်ယန်ရွှယ်ကို မြင်းရထားတစ်စီး ငှားခိုင်းလိုက်သည်။

သူသည် "လဲလျောင်းလို့ရရင် မထိုင်နဲ့၊ ထိုင်လို့ရရင် မရပ်နဲ့" ဆိုသည့် ပျင်းရိသူတို့၏ ဝါဒကို လက်ကိုင်ထားသူဖြစ်သည်။

ဘာပဲဖြစ်ဖြစ် သူ့လက်ထဲမှာ ခရမ်းရောင်ကျောက်စိမ်းဆေးလုံး တွေအများကြီးရှိနေသေးသည်။

တကယ်လို့ ပိုက်ဆံကုန်သွားရင် နောက်တစ်လုံး ထပ်ရောင်းလိုက်ရုံပင်။

သူတို့လေးယောက်ထဲတွင် ထိုအကြံကိုကြားပြီး သက်ပြင်းချမိသူမှာ ဓားနတ်ဘုရားသာ။

သူသည် အသက်ကြီးပြီဖြစ်၍ ခရီးရှည်သွားရသည်ကို မနှစ်သက်ပေ။

ထို့အပြင် ဤလောကကြီးကို နှစ်ပေါင်းများစွာ မြင်တွေ့ခဲ့ပြီးဖြစ်၍ စိတ်ဝင်စားစရာလည်း မကျန်တော့ပေ။

လင်ချွမ်ကို ကျေးဇူးဆပ်ရန်နှင့် မိမိတပည့်ကို ကာကွယ်ရန်သာ မဟုတ်လျှင် သူသည် လမ်းပေါ်တွင် ဤကဲ့သို့ အချိန်ဖြုန်းနေမည် မဟုတ်ပေ။

အခန်း ၁၆၀ - ခရီးဝေးမှ ထူးဆန်းသောပုံပြင်များ

နောက်ရက်အနည်းငယ်အတွင်း ထိုကဲ့သို့သော ဆူညံသံများမှာ မရေမတွက်နိုင်အောင် ဖြစ်ပွားခဲ့သဖြင့် နောက်ဆုံးတွင် လင်ချွမ်ပင် ဂရုမစိုက်နိုင်တော့ဘဲ ပျင်းရိငြီးငွေ့လာခဲ့၏။

ထိုအမျိုးသမီးနှစ်ဦး အငြင်းပွားသည့်အခါတိုင်း လင်ချွမ်သည် ဓားနတ်ဘုရားကို အဖော်စပ်ကာ လက်ရည်စမ်းရန် သို့မဟုတ် အခြားမပြောပလောက်သော ကိစ္စရပ်များကို အကြောင်းပြ၍ ထိုဆူညံသံများမှ လွတ်မြောက်ရန် ရှောင်ထွက်သွားလေ့ရှိသည်။

လင်ယန်ရွှယ် သည် ဤအခြေအနေကို ကောင်းစွာသိသော်လည်း သူမကိုယ်တိုင်လည်း အခက်တွေ့နေရ၏။

အမျိုးသမီးတစ်ဦးအနေဖြင့် သူမလုပ်သင့်သည်မှာ ယွဲ့ချင်းရို နှင့် အငြင်းပွားနေခြင်း မပြုပဲလင်ချွမ်၏ ရှေ့တွင် သူမသည် သဘောထားကြီးပြီး အမြော်အမြင်ရှိကြောင်း ပြသရန်ဖြစ်သည်။

သို့သော် မဟာမိတ်အဖွဲ့၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် လင်ယန်ရွှယ်သည် အမိန့်ပေးစေခိုင်းရသည်ကို ကျင့်သားရနေပြီး လုပ်ရပ်တိုင်းတွင် ချွမ်ရွှယ်ဂိုဏ်း မဟာမိတ်အဖွဲ့ ၏ ဂုဏ်သိက္ခာကို ထည့်သွင်းစဉ်းစားရသည်။

ထို့ကြောင့် သူမကိုယ်တိုင်နှင့် မဟာမိတ်အဖွဲ့၏ ဂုဏ်သိက္ခာကို ကာကွယ်ရန် မသိစိတ်မှ ပြန်လည်တုံ့ပြန် ငြင်းခုံမိခြင်းပင်။

ထိုနေ့ အရုဏ်တက်ချိန်တွင်။

ဓားနတ်ဘုရားက မြင်းလှည်းကို မောင်းနှင်နေပြီး အတွင်းရှိ ကျန်လူသုံးဦးမှာ ကိုယ့်ကိစ္စနှင့်ကိုယ် အလုပ်ရှုပ်နေကြသည်။

ရုတ်တရက် မြင်းလှည်းသည် အရှိန်ပြင်းပြင်းဖြင့် ရပ်တန့်သွားပြီး တည်ငြိမ်နေသော မြင်းလှည်းသည် အကြိမ်အနည်းငယ် လှုပ်ခါသွားပြီးမှ ပြန်ငြိမ်သွားသည်။

ဝါရင့်ပြီး သတိကြီးသော ဓားသမားတစ်ဦး ရုတ်တရက် ရပ်တန့်လိုက်ခြင်းဖြစ်သောကြောင့် ရှေ့တွင် ထူးခြားသော အဖြစ်အပျက်တစ်ခုခု ဖြစ်ပျက်နေသည်မှာ ထင်ရှားလှ၏။

"ဘာဖြစ်တာလဲ"

လင်ချွမ်က ပြတင်းမှ ခေါင်းပြူ၍ ဓားနတ်ဘုရားကို မေးလိုက်သည်။

ဓားနတ်ဘုရားက စကားမပြောဘဲ လက်ကိုမြှောက်ကာ ရှေ့သို့ ညွှန်ပြလိုက်၏။

လင်ချွမ်သည် ဓားနတ်ဘုရား ညွှန်ပြရာသို့ လှမ်းကြည့်လိုက်ရာ သူပါ မှင်တက်သွားရသည်။

မြင်းလှည်း၏ရှေ့တွင် အလောင်းပေါင်းများစွာမှာ တောင်ငယ်လေးတစ်ခုပမာ ပုံနေပြီး စုတ်ပြတ်နေသော အဝတ်အစားများ ဝတ်ဆင်ထားသည့် ကလေးနှစ်ယောက်မှာ မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက် တစ်ခုခုကို အလုပ်ရှုပ်နေကြပုံ။

"ငါသွားကြည့်လိုက်မယ်"

ဤသို့ပြောပြီး ဓားနတ်ဘုရားက မြင်းလှည်းပေါ်မှ ဆင်းရန်ပြင်စဉ် လင်ချွမ်က သူ၏လက်မောင်းကို လှမ်းဖမ်းလိုက်သည်။

"ငါပဲ သွားလိုက်ပါ့မယ်"

လင်ချွမ် ပြောလိုက်ပြီးနောက် ဓားနတ်ဘုရား တုံ့ပြန်ချိန်ပင်မရမီ သူသည် လေထဲတွင် လွင့်မျောသွားကာ ထိုကလေးနှစ်ဦး၏ နောက်သို့ ရောက်ရှိသွားသည်။

"မင်းတို့ ဘာလုပ်နေကြတာလဲ"

ကလေးတစ်ဦးက ခေါင်းလှည့်ကြည့်ရာ လင်ချွမ်ကို မြင်သောအခါ အလွန်အမင်း ထိတ်လန့်သွားပြီး မြေပြင်ပေါ်သို့ ဒူးထောက်လုနီးပါး ဖြစ်သွား၏။

အခြား အသက်ကြီးသော ကလေးမှာမူ ပို၍ တည်ငြိမ်သည်။

သူက လင်ချွမ်ကို စိုက်ကြည့်ရင်း တုန်တုန်ရင်ရင်ဖြင့်

"အမေက ပြောတယ်... ဒီမှာရှိတဲ့ ဦးလေးတွေနဲ့ လူကြီးတွေရဲ့ အလောင်းတွေကို မီးရှို့ရမယ်တဲ့၊ ဒါမှ လူတွေက ကျွန်တော်တို့ကို သတိထားမိမှာတဲ့"

ကလေး၏ အဝတ်အစားများကို ကြည့်ခြင်းဖြင့် ဤနေရာတွင် ကြီးမားသော ဘေးအန္တရာယ်တစ်ခုခု ကျရောက်ခဲ့သည်ကို လင်ချွမ် ခန့်မှန်းမိသည်။

သို့သော် ပတ်ဝန်းကျင်တွင် ရွာ သို့မဟုတ် ဆိုင် တစ်ဆိုင်မျှ မရှိဘဲ လူကြီးများက အဘယ်ကြောင့် ဤကဲ့သို့သော ကိစ္စရပ်ကို ကလေးနှစ်ယောက်တည်းအား ခိုင်းစေထားရသနည်းဆိုသည်ကို လင်းချွမ်း နားမလည်နိုင်ပေ။

ထို့ပြင် အခြားသူများ သတိပြုမိရန် လိုအပ်ရသည့် အကြောင်းရင်းကိုလည်း သူ စဉ်းစားမရပေ။

လင်ချွမ် အတွေးများနေစဉ် ထိုကလေးနှစ်ဦးမှာ နောက်သို့ အနည်းငယ် ဆုတ်သွားကြသည်။

ဓားနတ်ဘုရားသည် ကလေးနှစ်ဦးမှာ အချိန်အတော်ကြာအောင် လှုပ်ရှားမှုမရှိဘဲ ရပ်နေသည်ကို မြင်သောအခါ တစ်ခုခု ဖြစ်ပျက်နေသည်ဟု မှားယွင်းထင်မှတ်ကာ သူပါ လျှောက်လာခြင်း ဖြစ်၏။

ဓားနတ်ဘုရား လွယ်ထားသော ဓားကို ကလေးများ မြင်သောအခါ သူတို့နှစ်ဦးကို လူဆိုးများဟု ထင်မှတ်ကာ ကြောက်လန့်သွားကြသည်။

"မကြောက်ကြပါနဲ့၊ ငါတို့မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး"

ကလေးနှစ်ယောက် စိုးရိမ်ထိတ်လန့်သွားမည်ကို စိုးရိမ်သောကြောင့် လင်ချွမ်က သူ၏လက်တွင် လက်နက်မပါကြောင်း လက်မြှောက်ပြကာ ကျယ်လောင်စွာ ရှင်းပြလိုက်သည်။

ကလေးနှစ်ဦးသည် လင်ချွမ်ကို စိုက်ကြည့်နေသော်လည်း ဗီဇအရ နောက်သို့ တွန့်ဆုတ်နေကြလေ၏။

၎င်းမှာ အမြဲတစေ အရိုက်အနှက် ခံနေရသူများ၌သာ တွေ့ရတတ်သော တုံ့ပြန်မှုမျိုး။

ဒါကိုမြင်တော့ လင်ချွမ်က ပိုလို့တောင် သနားမိပြီး အားနာသလို ခံစားလိုက်ရသည်။

"ဓားနတ်ဘုရား၊ မလှုပ်နဲ့"

သူက လက်ဝှေ့ယမ်းပြီး ဓားနတ်ဘုရားကို ရပ်ရန် အချက်ပြလိုက်သည်။

လင်ချွမ် ဘာကိုဆိုလိုမှန်း နားမလည်သော်လည်း ယုံကြည်မှုကြောင့် ဓားနတ်ဘုရားမှာ ရပ်တန့်သွားပြီး ရှေ့သို့ ဆက်မတက်တော့ပေ။

ဓားသမား ရပ်တန့်သွားသည်ကို မြင်သောအခါ ကလေးနှစ်ဦးမှာ သိသိသာသာ စိတ်အေးသွားကြသည်။

လင်ချွမ်က အခွင့်ကောင်းယူကာ ဆောင့်ကြောင့်ထိုင်လိုက်ပြီး သူ၏အိတ်ထဲမှ အထုပ်ကြီးနှစ်ထုပ်ကို ထုတ်ပေးလိုက်သည်။

"တစ်ခုခုစားလိုက်ဦး၊ ပြီးမှ ဘာဖြစ်တာလဲဆိုတာ သေချာပြောပြ"

အစားအစာကို မြင်သောအခါ ကလေးနှစ်ဦး၏မျက်လုံးများတွင် ဆာလောင်မွတ်သိပ်မှုများ တွေ့ရသော်လည်း အကြောင်းရင်းတစ်ခုခုကြောင့် အနားမကပ်ရဲကြပေ။

အကူအညီမဲ့စွာဖြင့် လင်ချွမ်သည် အစားအစာများကို တစ်ယောက်စီ၏ လက်ထဲသို့ ထည့်ပေးလိုက်ရသည်။

"စားလိုက်ကြပါ၊ မဟုတ်ရင် ငါ တကယ် စိတ်ဆိုးမှာနော်"

ထိုစကားကို ကြားသောအခါ ဆာလောင်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ ကလေးနှစ်ဦးမှာ လင်ချွမ်၏ စကားကို နားထောင်ပြီး အငမ်းမရ စားသောက်ကြတော့၏။

ကလေးနှစ်ဦး၏ အခြေအနေကို ကြည့်ပြီး လင်ချွမ်သည် စိတ်တည်ငြိမ်မှု အထွတ်အထိပ်သို့ ရောက်ရှိနေသူဖြစ်သော်လည်း ရင်ထဲတွင် သနားဂရုဏာ သက်မိနေသည်။

ကလေးများ စားသောက်ပြီးနောက် လင်ချွမ်က သူတို့ကို ရေတိုက်ကာ ဘာဖြစ်ခဲ့သလဲဟု မေးလိုက်သည်။

"ပြောပါဦး၊ တကယ်တမ်း ဘာတွေဖြစ်ခဲ့တာလဲ"

အသက်ကြီးသောကလေးက အတော်ကြာ စဉ်းစားပြီးမှ ဖြေသည်။

"ရွာကို စစ်သားတွေ ရောက်လာတယ်၊ သူတို့က ကျွန်တော်တို့ကို လုယက်ကြတယ်၊ လူတွေအများကြီးကို သတ်သွားတယ်၊ ပြီးတော့ ရွာထဲမှာ လူတွေ ဖျားနာကုန်ကြတယ်"

"အမေက ပြောတယ်၊ ကူညီမယ့်သူ ပေါ်လာအောင် ဦးလေးတွေနဲ့ လူကြီးတွေရဲ့ အလောင်းတွေကို မီးရှို့ပြီး အကူအညီတောင်းရမယ်တဲ့"

ထိုစကားများကို ကြားရပြီးနောက် လင်ချွမ်သည် အချက်အလက်အချို့ကို ခန့်မှန်းမိသော်လည်း ဇဝေဇဝါ ဖြစ်နေဆဲပင်။

အခြားရွေးချယ်စရာ မရှိသဖြင့် လင်ချွမ်က

"မင်းတို့အမေဆီကို ငါ့ကို လိုက်ပို့ပေးလို့ ရမလား" ဟု မေးလိုက်သည်။

ကလေးနှစ်ဦးမှာ ဆင်းရဲဒုက္ခများစွာကို ဖြတ်ကျော်လာခဲ့ရသူများဖြစ်၍ လင်ချွမ်အပေါ် ကျေးဇူးတင်စိတ်ရှိသော်လည်း ထိုစကားကို ကြားသောအခါ သတိကြီးစွာ ထားလာကြပြန်၏။

အသက်ကြီးသောကလေးက သူ၏အဖော်ကို ဆွဲဖမ်းလိုက်ပြီး လင်ချွမ်ကို လန့်နေသော သစ်ကျားသစ်လေးပမာ သတိကြီးစွာ စိုက်ကြည့်နေသည်။

ဤကဲ့သို့သော အခြေအနေမျိုးတွင် ကလေးများ၏ ယုံကြည်မှုကို ရယူရန် ခက်ခဲမည်ကို လင်ချွမ် သိသည်။

ထို့ကြောင့် သူက နောက်လှည့်၍ ဓားနတ်ဘုရားကို အချက်ပြလိုက်ရာ ဓားနတ်ဘုရားက ချက်ချင်းနားလည်ပြီး လင်ယန်ရွှယ်နှင့် ယွဲ့ချင်းရိုတို့ကို သွားခေါ်လိုက်သည်။

သူတို့နှစ်ဦးစလုံးမှာ အမျိုးသမီးများ ဖြစ်ကြသောကြောင့် သူတို့၏ ဖျောင်းဖျမှုမှာ အောင်မြင်ခဲ့ပြီး စကားအနည်းငယ် ပြောရုံဖြင့် ကလေးကို သဘောတူအောင် လုပ်နိုင်ခဲ့၏။

ထို့ကြောင့် အဖွဲ့သားများသည် အလောင်းများကို ယာယီဖုံးအုပ်ထားရန် နေရာတစ်ခု ရှာဖွေပြီးနောက် ကလေးနှစ်ဦးနောက်သို့ လိုက်ကာ ရွာဆီသို့ ဦးတည်ခဲ့ကြသည်။

သူတို့လေးဦးစလုံးမှာ ထူးခြားသော စွမ်းရည်များရှိပြီး အလွန်လျင်မြန်စွာ လျှောက်လှမ်းနိုင်သော်လည်း ကလေးနှစ်ဦးနှင့်အတူ သွားရသည့်လမ်းမှာ မလွယ်ကူလှပေ။

ထို့ကြောင့် ရွာသို့ ရောက်ရှိချိန်တွင် လင်ချွမ် ပို၍ အံ့သြသွားရသည်။

အဘယ်ကြောင့်ဆိုသော် လမ်းမှာ နှစ်မိုင်ခန့် ရှည်လျားပြီး ကလေးနှစ်ယောက်တည်းနှင့် အလောင်းများစွာကို ဆွဲလာခဲ့ရခြင်းဖြစ်သောကြောင့် သူတို့၏ ပင်ပန်းဆင်းရဲမှုကို ခန့်မှန်းကြည့်နိုင်သည်။

"ဘယ်သူလဲ"

သူတို့လေးဦးသည် ကလေးများနောက်မှ ရွာထဲသို့ ဝင်ရန်ပြင်စဉ် စူးရှသောအမျိုးသမီး အသံတစ်သံ ထွက်ပေါ်လာသည်။

လင်ချွမ်၏ သိုင်းဧကရာဇ် ကျင့်စဉ်အဆင့်ဖြင့် သူ၏ အာရုံခံနယ်ပယ်ကို ဖြန့်လိုက်ရာ ရွာအတွင်းရှိ အခြေအနေကို အလွယ်တကူ သိရှိလိုက်ရ၏။

အသံလာရာသို့ ရှာဖွေကြည့်သောအခါ လင်ချွမ်အနည်းငယ် အံ့သြသွားသည်။

အဘယ်ကြောင့်ဆိုသော် ထိုအမျိုးသမီးသည် အဆင့် (၆) ကျင့်စဉ်အဆင့် ရှိသော်လည်း မသန်မစွမ်း ဖြစ်နေပြီး သူမ၏ ဒဏ်ရာများမှာ လတ်တလောမှ ရထားခြင်းဖြစ်၏။

ယုတ္တိဗေဒအရ ထိုကဲ့သို့သော သူမျိုးသည် အချိန်တိုအတွင်း ပြန်လည် မလှုပ်ရှားနိုင်သင့်ပေ။

ထိုအချိန်တွင် လင်ချွမ်သည် ဓားနတ်ဘုရားကို ကြည့်ကာ သွားရောက်စကားပြောရန် အချက်ပြလိုက်သည်။

"ငါက ဓားနတ်ဘုရားပါ၊ လူဆိုးမဟုတ်ဘူး"

"မင်းက ဒီရွာကဆိုရင် လူကိုယ်တိုင်ထွက်လာပြီး စကားပြောကြရအောင်"

ဓားနတ်ဘုရား၏ အရှိန်အဝါမှာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီဖြစ်သဖြင့် ဓားနတ်ဘုရားက တစ်စုံတစ်ယောက်ကို ရှာလိုလျှင် အားစိုက်ထုတ်ရန်ပင် မလိုကြောင်း တစ်ဖက်လူကလည်း ကောင်းစွာနားလည်သည်။

"ဒါဆို ဓားနတ်ဘုရား အကြီးအကဲကိုး၊ ကျွန်မက သံဓားဂိုဏ်းက ရှန်ယွီ ပါ"

ထိုသို့နှုတ်ဆက်ပြီးနောက် လှပသော အမျိုးသမီးတစ်ဦးသည် ကျော့ရှင်းစွာ ဆင်းသက်လာသည်။

လင်ချွမ်က အသံလာရာသို့ ကြည့်လိုက်သောအခါ တစ်ဖက်လူသည် ကျင့်စဉ်များ ဆုံးရှုံးနေပြီး မကောင်းသော ရည်ရွယ်ချက်ရှိသူများကို ခြောက်လှန့်ရန်အတွက် ဆေးလုံးတစ်မျိုးကို အသုံးပြုကာ ယခင်က ရှိခဲ့သော အရှိန်အဝါကိုသာ ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း သိလိုက်ရသည်။

All Chapters