← Chapters

တုန်ဖန်မင်နှင့် ချစ်ကျွမ်းဝင်ခြင်း

Vol. 19 Ch. 260

တုန်ဖန်မင်နှင့် ချစ်ကျွမ်းဝင်ခြင်း

Vol. 19 Ch. 260

တုန်ဖန်မင်သည် အဖြူရောင်ဝတ်စုံအား ဝတ်ဆင်ထားသည်။ ကြယ်စင်များကဲ့သို့ တလက်လက်တောက်ပနေသည့် မျက်လုံးများမှတဆင့် တည်ကြည်ခံ့ညားမှုနှင့် ငြိမးချမ်းမှုတို့အား တွေ့ရှိနိုင်သည်။

တုန်ဖန်မင်သည် ဆန္ဒရှိသည့်အတိုင်း မီးလျှံများအား ထိန်းချုပ်နိုင်ပြီး ခြေလှမ်းတစ်လှမ်း အတွင်းမှာပင် ကောင်းကင်နှင့်မြေပြင်သည် သူ၏အမိန့်အောက်တွင် မီးပင်လယ်အဖြစ်သို့ ပြောင်းလဲသွားလေသည်။

ရှန့်ယင်သည် ထိုမျှလောက် အသရေတင့်သည့် အမျိုးသားအား မြင်တွေ့ခဲ့ဖူးခြင်း မရှိချေ။ ထိုလူမှာ မီးလျှံတို့၏ အရှင်သခင်သဖွယ်ဖြစ်ပြီး ကောင်းကင်အား မီးရှို့ကာ သမုဒ္ဒရာအား ဆူပွက်စေမတတ်ပင်။ သူ့အားဆန့်ကျင်သည့် အရာမှန်သမျှအား လောင်ကျွမ်းပစ်တော့မလိုပင်။ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် အကြီးအကဲ ၈ ဦးမှာ အသက် သုံးရှိုက်မျှပင် တောင့်မခံနိုင်ကြဘဲ အဆုံးမဲ့မီးပင်လယ်၏အောက်တွင် ပြာအဖြစ်သို့ ပြောင်းလဲသွားကြသည်။

“ချင်ဟွမ်ဂိုဏ်းနဲ့ ရန်ကြွေးရှိနေလို့လား။ သူတို့က မင်းကို သတ်ဖို့အတွက်နဲ့ ဂိုဏ်းရဲ့ အင်အားတစ်ဝက်ကိုတောင် သုံးခဲ့တာလေ။” ခန်းနားထည်ဝါသည့် အသွင်အပြင်နှင့် ဆန့်ကျင်စွာပင် ထိုလူ၏ အသံမှာ အလွန်နူးညံ့ချိုသာလှသည်။

“ဟုတ်ကဲ့ရှင့်” ရှန့်ယင်၏မျက်နှာမှာ နီမြန်းလာသော်လည်း သူမ၏ တောက်ပသည့် မျက်ဝန်းလေးများသည် သူမအရှေ့တွင် ရှိနေသည့်လူအား စိုက်ကြည့်နေဆဲဖြစ်သည်။ ထိုသူမှာ နေရာတွင်ပင် ပစ်လဲသေဆုံးသွားရလောက်အောင် ခံ့ညားလှသငည်။

“ကျုပ်ရဲ့တာဝန်ကလည်း ချင်ဟွမ်ဂိုဏ်းကို သုတ်သင်ဖို့ပြလေ။ တိုက်ဆိုင်လိုက်တာ။ ကျုပ်နဲ့အတူ လိုက်ခဲ့ချင်လား။” တုန်ဖန်မင် ပြုံးပြလိုက်သည်။

“လိုက်မယ်ရှင့်” ရှန့်ယင် စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

သူတို့နှစ်ဦး ပထမဆုံးအကြိမ် စကားပြောဖူးကြခြင်း ဖြစ်သည်။ ရိုးရှင်းပြီး တည့်တိုးဆန့်သည့် စကားပြောခန်းဖြစ်သော်လည်း သူတို့နှစ်ဦးသည် ကံကြမ္မာ၏ ချည်နှောင်မှုအား ခံထားရပြီဟု မသိခဲ့ကြချေ။

ချင်ဟွမ်ဂိုဏ်း။

တောင်တမျှပုံနေသည့် လူသေအလောင်းများနှင့် သွေးပင်လယ်ကြီးတို့အလယ်တွင် ကောင်းကင်နဂါးမယ်သည် သူမ၏ ခံစားချက်များအား ဖွင့်ဟဝန်ခံခဲ့လေသည်။

“ကျွန်မရဲ့ တာအိုလက်တွဲဖော် ဖြစ်ပေးပါ တုန်ဖန်မင်။”

“ဘာလို့လဲ။” သူမ၏ ရုတ်တရက်ဆန်သည့် ဝန်ခံချက်ကြောင့် တုန်ဖန်မင်မှာ ကြောင်အသွားလေသည်။

“ဘာလို့လဲဆို နင်က ချောတယ်လေ။”

တုန်ဖန်မင် : “…”

“ဘာလို့ဆို… နင်က ငါ့ကို ကယ်ပေးခဲ့တာလေ။”

တုန်ဖန်မင် ခေါင်းယမ်းလိုက်သည်။ “ကယ်ပေးလိုက်တဲ့အတွက် ဘာကိုမှ ပြန်မတောင်းဆိုပါဘူး။ ပြီးတော့ တာအိုလက်တွဲဖော် ရွေးချယ်တယ်ဆိုတာ အရမ်းအရေးကြီးတဲ့ ဆုံးဖြတ်ချက်ပဲ။ အခုလိုမျိုး ပေါ့တန်တန်လုပ်လို့ မရဘူး။ ပြီးတော့ ကျုပ်နဲ့အတူ အနည်းဆုံး နှစ်ရာချီတဲ့အထိ အတူမရှိခဲ့ဖူးတဲ့သူကို တာအိုလက်တွဲဖော်အဖြစ် ရွေးချယ်မှာ မဟုတ်ဘူး။”

“ကောင်းပြီ။ အဲဒါဆို အရင်ဆုံး နင့်ဘေးမှာ နှစ် ၁၀၀ နေမယ်။”

တုန်ဖန်မင် : “…”

သူမ၏ သီချင်းသံမှာ ပိုမိုနူးညံ့သိမ်မွေ့လာပြီး စမ်းချောင်းအား ဖြတ်သန်းတိုက်ခတ်သွားသည့် လေပြည်ညင်းသဖွယ် အေးမြလှသည်။ သို့တည်းမဟုတ် ချစ်ခြင်းမေတ္တာ၏ တမ်းတလွမ်းမောမှုအား ခံစားလာမိသည်။

အချိန်တရွေ့ရွေ့ ကုန်ဆုံးလာလေသည်။

ရှန့်ယင်သည် အဝါရောင်ဒုဓထီပင်လယ်အား ဖြတ်သန်းကာ ခေါ်ဆောင်သွားပြီးနောက် အန်လင်းတို့သည် တုန်ဖန်မင်၏ နူးညံ့သိမ်မွေ့သည့်အကြည့်နှင့် တွေ့ဆုံလိုက်ကြရသည်။

ပင်လယ်ပြင်၏ တစ်ဖက်တွင် နေလုံးဝင်ရောက်နေချိန်၌ ရှန့်ယင်သည် ခြေဗလာဖြင့် လမ်းလျှောက်နေလေသည်။ သူမ၏ ကြွေသားနှင့်တူသည့် ခြေချောင်းလေးများသည် ရွှေရောင်သဲပွင့်များအတွင်း နစ်ဝင်နေပြီး လှပသည့် တေးသွားတစ်ပုဒ်အား ညည်းဆိုနေလေသည်။ တုန်ဖန်မင်သည် ခရုခွံလှလှတစ်ခုအား ကောက်ယူကာ ရှန့်ယင်အား ပေးလိုက်သည်။ ထိုသည်အား အခွင့်ကောင်းယူကာဖြင့် ရှန့်ယင်၏လက်ကလေးအား ဆုပ်ကိုင်လိုက်သေးသည်။ အန်လင်းတို့သည် တုန်ဖန်မင် လက်ဖဝါး၏ နွေးထွေးမှုအား ခံစားမိကြသလို သူ၏ မျက်ဝန်းများအတွင်းမှ ချစ်မြတ်နိုးမှုတို့အားလည်း မြင်တွေ့ကြရသည်။

“တုန်ဖန်မင်ရေ.. ကျွန်မတို့ရဲ့ ကလေးလေး သုံးရအောင် နဂါးနဲ့ ဇာမဏီစွမ်းအားတွေ ပါဝင်တဲ့ အင်မော်တယ်လက်နက် လုပ်မလို့ သိလား။”

“ကိုယ်တို့က တာအိုလက်တွဲဖော်တွေ မဖြစ်ကြသေးဘူးလေ။ ကလေးလေးသုံးဖို့လက်နက်အထိ စဉ်းစားတာ အရမ်းကြီးစောမနေဘူးလားကွဲ့။”

“ကောင်းပါပြီနော်။ ကျွန်မတို့ရဲ့ နှစ် ၁၀၀ သဘောတူချက်က တစ်ဝက်ပြီးသွားပြီဆိုတော့ သိပ်မကြာခင် ဖြစ်လာတော့မှာပါနော်။”

သူတို့နှစ်ဦးသည် ကိုးပြည်ထောင်နိုင်ငံတော်တဝှမ်း လှည့်လည်သွားလာကာဖြင့် လက်နက်ပြုလုပ်ရန် သတ္တုကုန်ကြမ်းများ ရှာဖွေကြလေသည်။

ပြီးပြည့်စုံသည် အင်မော်တယ်လက်နက် သွန်းလုပ်ရန်အတွက် သူတို့နှစ်ဦးသည် ထိုလက်အတွင်းသို့ သူတို့၏ သွေးမျိုးဆက်စွမ်းအားများကိုပါ ထည့်သွင်းခဲ့ကြသည်။

ဤလောကကြီး၌ နဂါးစာကလေးဓား မွေးဖွားလာခဲ့သည့်နေ့တွင် နဂါးနှင့် ဖီးနစ်တို့သည် လေထဲ၌ ဝဲပျံလာကြပြီး ကောင်းကင်နှင့်မြေပြင်အကြားရှိ သဘာဝဖြစ်စဉ်ပြောင်းလဲမှုများအား မြင်တွေ့ကြရသည်။

“တုန်ဖန်မင်နော် ရှင် ဒီဓားကို ကျွန်မတို့ရဲ့ ကလေးလေးလိုမျိုး ပွေ့ပိုက်ထားရမယ်နော်။ ဒီဓားထဲမှာ ကျွန်မတို့ရဲ့ သွေးသားတွေ စီးဆင်းနေတာ။”

“အဲဒီတော့ အနာဂါတ်ကျရင်လည်း ကိုယ်တို့မှာ ကလေးလေးတွေ ရှိလာဦးမှာပေါ့။”

“ဟဟ နောက်ဆုံးတော့လည်း ကျွန်မက ရှင့်ရဲ့ တာအိုလက်တွဲဖော်ပါလို့ ဝန်ခံလိုက်ပြီပေါ့လေ။”

“... အရူးမလေး.. မင်းလေးကို ကျုပ်ရဲ့ တာအိုလက်တွဲဖော်အဖြစ် အသိအမှတ်မပြုဘူးဆိုရင် ဘာလို့များ မင်းလေးဘေးမှာ နှစ်ပေါင်း ၈၀ လောက် အချိန်ဖြုန်းနေမှာလဲကွ။”

ရှန့်ယင် : “…”

“နောက်ထပ် နှစ် ၂၀ ကြာပြီးရင် နဂါးမင်းပိုင်နက်ကိုသွားပြီး မင်းကိုလက်ထပ်ခွင့်သွားတောင်းမယ်နော်။”

“အဲဒါ အတည်နော်။ ကျွန်မ စောင့်နေမယ် သိလား။”

ရုတ်တရက််ဆိုသလို သီချင်းသံ ပြောင်းလဲသွားသည်။ သူမ၏ သီဆိုမှုတွင် ရုတ်တရက်ဆိုသလို အလွန်ကြောက်မက်ဖွယ်ရာ စိတ်ခံစားချက်များ ရောယှက်လာသည်။

ပေါ်ထွက်လာသည့် ပုံရိပ်များအား သူမကြိုးစားဖိနှိပ်နေရပုံပင်။

ခရမ်းကြယ်စင်ပြည်နယ်၏ ကျဆုံးခဲ့သည့် စမ်းသပ်ချက်တည်နေရာအားကို လမ်းစဉ်ခြောက်ခုနတ်ဘုရား ဟု သိရှိကြပြီး သရဲစစ်သား တစ်သိန်းကျော်အား ဦးဆောင်ကာဖြင့် အရှေ့ပင်လယ် နဂါးမင်းပိုင်နက်အား စစ်မက်ကျူးကျော်ခဲ့လေသည်။

စွမ်းအားကြီးသည့် သရဲစစ်သားများသည် ပင်လယ်အား ဖျက်ဆီးကာဖြင့် အရှေ့ပင်လယ်အား သွေးပင်လယ်တစ်ခုအဖြစ်သို့ ပြောင်းသွားစေကာ ထိခိုက်မှုပြင်းစွာ ရရှိစေခဲ့သည်။

ရှန့်ယင်သည် သူမရှေ့တွင် ခန္ဓာကိုယ်အားသုံးကာဖြင့် ဒိုင်းတစ်ခုသဖွယ် ကာရံထားပေးသည့် တုန်ဖန်မင်အား မျှော်လင့်ချက်မဲ့စွာဖြင့် ကြည့်လိုက်သည်။

ထိုလူသည် အသက်ရှူမှားလောက်အောင် ချောမောခံ့ညားနေဆဲဖြစ်ကာ မျက်စိမလွှဲချင်လောက်အောင် ရှိနေဆဲပင်။ ထိုလူသည် နေမင်းကြီးနှင့် သဏ္ဌာန်တူပြီး ရှန့်ယင်၏ ကမ္ဘာအား ပထမဆုံး စတင်တွေ့ဆုံစဉ်ကအတိုင်း အလင်းရောင်ပေးစွမ်းနေဆဲပင်။

သို့သော်လည်း ဤတစ်ကြိမ်မှာပင် အခြေအနေများ ကွဲပြားလေသည်။

အကြောင်းမှာ ထိုနေ့သည် သူတို့နှစ်ဦး ထာဝရကွဲကွာရတော့မည့်နေ့ ဖြစ်သည်ကြောင့်ပင်။

လမ်းစဉ်ခြောက်ခုနတ်ဘုရားမှာ မျှော်မှန်းထားသည်ထက် ပိုမိုကာ စွမ်းအားကြီးသည်။ တုန်ဖန်မင်သည် သူ၏စွမ်းအားများ ကုန်ဆုံးသွားသည်အထိ တိုက်ခိုက်ပြီးနောက်မှသာ အနိုင်ယူနိုင်ခဲ့သည်။

တုန်ဖန်မင်သည် ရှန့်ယင်၏ ပေါင်ပေါ်တွင် လဲလျောင်းကာဖြင့် ရှိနေသည်။ သူ၏အော်ရာမှာ မီးသေတော့မည့် ဖယောင်းတိုင်သဖွယ် ဖြစ်နေသော်လည်း မျက်နှာအမူအရာမှာမူ ယခင်အတိုင်း နူးညံ့နေမြဲပင်။

“ရှန့်ယင်ကလေးရေ.. ကိုယ်မန္တန်တစ်ခု ဖန်တီးထားခဲ့တယ် သိလား။ အဲဒီမန္တန်ကို သုံးမယ်ဆိုရင် သွေးမျိုးဆက်ကို တခြားသူဆီ လွှဲပြောင်းပေးလို့ရတယ်။ ကိုယ့်ရဲ့ စွမ်းအားတွေ ရှန့်ယင်လေးကို လွှဲပေးဖို့ အဲဒီမန္တန်ကို သုံးရတော့မယ်။”

“မရဘူး။ ကျွန်မအတွက် ရှင် အသက်ရှင်ပေးရမယ်။ ရှင် ကတိပေးထားတယ်လေ။ မေ့သွားပြီလား။ နှစ်နှစ်ပဲ။ နှစ်နှစ်ပဲ ကျန်တော့တာလေ။”

အမျိုးသမီးသည် မချိတင်ကြဖြစ်ကာ ပူဆွေးငိုကြွေးနေလေသည်။

သူမ၏ ခန္ဓာကိုယ်အတွင်းသို့ ဇာမဏီသွေးဆက်တစ်ခုသည် ရေနွေးစီးကြောင်းတစ်ခုသဖွယ် စီးဆင်းဝင်ရောက်လာပြီး ရေခဲတမျှအေးစက်နေသည့် ခန္ဓာကိုယ်နှင့် ဝိညာဉ်အား အနွေးပေးလေသည်။

“တောင်းပန်ပါတယ်ကွယ်။ ကိုယ်က ကတိမတည်နိုင်တော့ဘူး ထင်ပါရဲ့။”

သူမ၏ သီချင်းသံတွင် အဆုံးမဲ့သည် ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်နေကာ တုန်ဖန်မင်၏ ဝမ်းနည်းဖွယ်ရာ သေဆုံးမှုသည် ကြည့်ရှုနေကြသူတိုင်းအား မျက်ရည်မဆည်နိုင်အောင် ဖြစ်ရသည်။

အန်လင်းတို့သည်လည်း တုန်ဖန်မင်၏ သေဆုံးခြင်းကြောင့် ငိုကြွေးမိကြလေသည်။ သူတို့ခံစားရသည့် ဝမ်းနည်းမှုမှာ အလွန်တရာပင်။ ဤဇာတ်လမ်းတွင် ချစ်သူသေဆုံးသွားသည့် ဇာတ်လိုက်နေရာတွင် ဖြစ်မည်ဆိုလျှင် သူတို့သည် ဝမ်းနည်းပူဆွေးမှု၏ တိုက်စားခြင်းအား ခုခံနိုင်ကြလိမ့်မည် မဟုတ်ချေ။

စုရှောင်လန်သည် နာကျင်မှုကြောင့် နှလုံးသားအား လက်ဖြင့်ဖိလိုက်ပြီး မျက်ရည်များ စီးကျလာသည်။ “တုန်ဖန်မင်ရေ... ကျွန်မကို ဘာလို့များ ထားခဲ့ရတာလဲရှင်။”

အန်လင်းသည်လည်း မျက်ရည်များအား သုတ်ဖယ်လိုက်သည်။ သို့သော်လည်း တုန်ဖန်မင်၏ အပြုံးပုံရိပ်မှာမူ သူ၏စိတ်ထဲ၌ ထင်ကျန်နေဆဲပင်။

လွှမ်းမိုးနိုင်စွမ်းရှိသည့်ပုံရိပ်၊ ကြင်နာမှု၊ ချစ်မြတ်နိုးရသည့် အမျိုးသမီးအား အဆုံးစွန် ကြိုးစားအားထုတ် ကာကွယ်ပေးမှုတို့နှင့်အတူ အဆုံးမဲ့သည့် ချစ်မေတ္တာနှင့် တွယ်တာခြင်းတို့မှာလည်း သူ၏ မျက်လုံးများတွင် ထင်ဟပ်နေလေသည်။ ထိုခံစားချက်များအားလုံးသည် သူ၏သေဆုံးခြင်းအား အထွတ်အထိပ်သို့ ရောက်ရှိသွားစေပြိး ဝမ်းနည်းပူဆွေးမှုများကြောင့် အန်လင်းမှာ တုန်ဖန်မင်၏နောက်သို့လိုက်ကာ နောက်တစ်ဘဝသို့ ကူးပြောင်းချင်စိတ်ပင် ဖြစ်ပေါ်လာမိသည်။

“ဝါးးးး ဘာလို့များ အခုလို သေဆုံးသွားရတာတုန်း။ ယောကျ်ားရေ.. ဒီလောကကြီးမှာ ကျွန်တော့်အတွက် ရှင်သန်ဖို့အကြောင်းပြချက် မရှိတော့ပါဘူး။ ယောက်ျားနောက် လိုက်ခဲ့မယ်။ ဝုတ်” တပိုင်သည် ထိန်းချုပ်မရနိုင်လောက်အောင် ငိုကြွေးလျက်ရှိပြီး စိတ်ထိခိုက်လွန်းသဖြင့် သတ်သေမိတော့မတတ်ပင်။

ရှောင်ချိုးသည်သာလျှင် ခိုင်ကြည်သည့်အမူအရာဖြင့် မြဲမြဲရပ်နေဆဲ ဖြစ်သည်။

သူ့ကိုယ်သူ အဆက်မပြတ် သတိပေးနေမိသည်မှာ ချစ်မေတ္တာ တွယ်နှောင်မှုတို့သည် မည်သည့်အခါတွင်မျှ အဆုံးသတ်မကောင်းချေ။ သို့သော်လည်း ဒီဝမ်းနည်းပူဆွေးမှုလှိုင်းတွေက ဘာလို့များ ရိုက်ခတ်လာရတာတုန်း။ သူ့မျက်နှာမှာ စီးကျနေသည့် အရည်များက ဘာတွေများပါလိမ့်။

ရှန့်ယင်၏ သီချင်းသံမှာ နောက်တဖန် ပြောင်းလဲသွားပြီး တာအိုရှာဖွေခြင်းလမ်းစဉ်အပေါ် နောက်တစ်ကြိမ် ခြေချဖို့ရန် ယုံကြည်ချက်ခိုင်မာလာစေသည်။

သူမ၏ သေးသွယ်သွယ်ခန္ဓာကိုယ်လေးတွင် ရှေ့ဆက်လျှောက်ဖို့ စွမ်းအားများဖြင့် ပြည့်ဝနေပြီး ရင်ဆိုင်ကြုံတွေ့ရသမျှ မိစ္ဆာများအား မြေလှန်သုတ်သင်ပစ်လေသည်။

ယခင်ကထက် အဆပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့သည်။ စိတ်ရောကိုယ်ပါ အဆပေါင်းများစွာ သန်မာလာခဲ့သည်။

“တုန်ဖန်မင်ရေ.. ရှင်ချန်ထားရစ်ခဲ့တဲ့ စွမ်းအားတွေကို သေချာပေါက် အကောင်းမွန်ဆုံးဖြစ်အောင် အသုံးချပေးမယ်။”

နဂါးမင်းပိုင်နက်အတွင်း၌ နဂါးမင်း၏ ဒေါသတကြီး ဟိန်းဟောက်သံ ထွက်ပေါ်လာသည်။ “ရှန့်ယင်.. နင်ရူးသွားပြီလား။ ဇာမဏီတာအိုနဲ့ နဂါးတာအိုကို ဘယ်လိုဖြစ်ပြီး ပေါင်းစည်းလို့ဖြစ်မှာလဲ။ လုံးဝကို ကွဲပြားနေတဲ့ အရာနှစ်ခုလေ။ အတင်းအကြပ်လုပ်မယ်ဆိုရင် သေဆုံးသွားလိမ့်မယ်။”

“ဒီလောကကြီးမှာ တာအိုတွေ အများကြီးရှိတယ်လေ။ ဘာလို့များ အသစ်တစ်ခု မဖန်တီးနိုင်ရမှာလဲ။” ရှန့်ယင် ပေါ့ပါးစွာ ပြုံးလိုက်သည်။ သို့သော်လည်း သူမ၏ လေသံမှာ အလွန်ခိုင်မာနေလေသည်။ “သူ့ရဲ့စွမ်းအားတွေက ကျွန်မရဲ့စွမ်းအားတွေနဲ့ ပေါင်းစပ်သွားမယ်ဆိုရင် သူက အမြဲတမ်း ကျွန်မနဲ့အတူ ရှိနေနိုင်တော့မှာ။”

ထိုနေ့တွင် သမုဒ္ဒရာအတွင်းရှိ ရေလှိုင်းများ ကြမ်းတမ်းစွာ ရိုက်ခတ်ကြပြီး ကောင်းကင်နှင့်မြေပြင်ပါ တုန်ခါလာလေသည်။

အရှေ့ပင်လယ်၏ကောင်းကင်ထက်တွင် မိုးကြိုးလျှပ်စီးများ ပစ်ခတ်လျက်ရှိပီး ကောင်းကင်မီးလျှံများ လောင်ကျွမ်းကာဖြင့် သမုဒ္ဒရာတစ်ခုလုံးအား ဆူပွက်လာစေသည်။ သို့သော်လည်း အမျိုးသမီးတစ်ဦး၏ နာနာကျင်ကျင် အော်ဟစ်သံကြောင့် ထိုအရာအားလုံး ပျောက်ကွယ်သွားလေသည်။

ရှန့်ယင်သည် တာအိုပေါင်းစည်းခြင်းအဆင့်သို့ ရောက်သည်အထိတိုင်အောင် ကြိုးစားအားထုတ်ခဲ့သော်လည်း ကျဆုံးခဲ့ရသည်။ ကောင်းကင်မှ သူမ၏ သေးသွယ်သွယ်ခန္ဓာကိုယ်လေး ကျဆင်းလာပြီး မျက်နှာတွင် တမ်းတလွမ်းမောသည့် အပြုံးတစ်ခုနှင့် ဖြစ်လေသည်။

ကျဆုံးသွားရပြီ။ ဘာလို့များ ငါ အရမ်းခေါင်းမာခဲ့မိပါလိမ့်။ ငါတကယ်လို့ အစစ်အမှန်နဂါးတာအိုကိုပဲ ပေါင်းစည်းလိုက်မယ်ဆိုရင် အရာအားလုံး အဆင်ပြေသွားခဲ့မှာပဲ။

ရှန့်ယင် အနည်းငယ် စိတ်ဓာတ်ကျမိသည်။ သို့သော်လည်း သူမ၏နှလုံးသားထဲတွင် နောင်တ တရားတို့ ရှိမနေချေ။ သူမ ဝမ်းနည်းစိတ်ထိခိုက်မိသည့် တစ်ခုတည်းသောအရာမှာ တာအိုပေါင်းစည်းခြင်း ကျဆုံးသွားရခြင်းကြောင့်သာ ဖြစ်သည်။ လျှို့ဝှက်စွမ်းအား အသုံးပြုကာဖြင့် အသိစိတ်ကို အားဖြည့်လိုက်ပြီး ရှောင်လွှဲမရနိုင်သည့် သေခြင်းတရားအား ရွေ့ဆိုင်းလိုက်သည်။

သူမသည် တုန်ဖန်မင်နှင့် ပထမဆုံး တွေ့ဆုံခဲ့သည့်နေရာသို့ ရောက်ရှိလာခဲ့သည်။ ထိုနေရာသည် ကောင်းကင်မြစ်ပြည်နယ်နှင့် ကျောက်နဂါးပြည်နယ်တို့အကြားရှိ မြေမြင့်လွင်ပြင်တစ်ခု ဖြစ်သည်။

“ဒီနေရာကို ဘယ်လိုခေါ်ရမလဲ။ ရှင့်ကိုစတွေ့ခဲ့တာ ဆောင်းရာသီမှာ။ ရှင်ထားရစ်ခဲ့တာကလည်း ဆောင်းရာသီမှာပဲ။ အဲဒီတော့ ဆောင်းနဂါးသင်္ချိုင်းလို့ ခေါ်မယ်ဆိုရင်ကော ဘယ်လိုလဲ။”

ရှန့်ယင်သည် သူမအတွင် သင်္ချိုင်းတစ်ခု တည်ဆောက်လိုက်ပြီး သူမခန္ဓာကိုယ်အား နတ်ဘုရားစိတ်ဝိညာဉ်တိုင်လုံးအတွင်း ချိပ်ပိတ်ကာဖြင့် သူမ၏စွမ်းအားအမွေအနှစ်အား လွှဲပြောင်းပေးအပ်နိုင်မည့် ကံကြမ္မာလူသားတစ်ဦးအား စောင့်မျှော်နေလေသည်။

ကံကြမ္မာသည် အလွန်အံ့ဩဖွယ်ကောင်းသည့်အရာများကို လုပ်ဆောင်တတ်သည်ဟု ဆိုရပေမည်။

နဂါးသင်္ချိုင်းသို့ မိန်းမလှတစ်ဦး ရောက်ရှိလာခဲ့သည်။

သူမထံတွင် နဂါးသွေးဆက်နှင့် ဇာမဏီနတ်ဘုရားသွေးဆက်တို့လည်း ရှိနေသည်။ သူမသည် ဓားနတ်ဘုရားနှင့် သွေးမျိုးဆက် ဆက်နွယ်မှုကြောင့် နဂါးစာကလေးဓား၏ အသိအမှတ်ပြုခြင်းကို ရရှိခဲ့ခြင်းဖြစ်သည်။

တုန်ဖန်မင်နှင့် သူမထံတွင် စုရှောင်လန်ဟုခေါ်သည့် ကလေးတစ်ဦးရှိလာပြီဟု ခံစားမိနေသည်။ ဤနှစ်များစွာအတွင်း သူမစောင့်မျှော်နေခဲ့သူသည် သူမအား အံ့အားသင့်စေရုံသာမက သူမ၏ အတွေးရိုင်းရိုင်းများကိုပါ ပြည့်ဝလာစေခဲ့သည်။

သီချင်းဆိုသံ အဝေးသို့ ပျံ့လွင့်သွားပြီး ရှန့်ယင်သည် အလင်းတန်းဆီသို့ ပျံသန်းသွားလေသည်။

သူမ၏ ပါးနှစ်ဖက်တွင် မျက်ရည်စီးကြောင်းနှစ်ခု ရှိနေပြီး သူမ၏ အကြည့်များသည် လေဟာနယ်နှင့် အချိန်အား ထိုးဖောက်နေသယောင်ဖြစ်လေသည်။ သူမအား နောက်တစ်ဖန် တလက်လက် တောက်ပလာစေပြီး သူမ၏ စိတ်ကူးအိပ်မက်များအတိုင်း အကြည့်မလွှဲနိုင်အောင် ဖြစ်လာစေသည်။ သူမ၏ခန္ဓာကိုယ်မှာ ဖျော့တော့လာပြီး အော်ရာမှာလည်း စတင်မှေးမှိန်လာလေသည်။

ကောင်းကင်နန်းတော်၏ နံရံများသည် စတင်တုန်ခါကာ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်။

ဆောင်းနဂါးသင်္ချိုင်းတစ်ခုလုံး စတင်တုန်ခါလာပြီး ပင့်ကူအိမ်များသဖွယ် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်။

အန်လင်းတို့သည် ထိုအခါမှသာ အသိစိတ်ပြန်ဝင်လာကြပြီး ဤနေရာသည် လုံခြုံသည့်နေရာတစ်ခု မဟုတ်တော့ကြောင်း သဘောပေါက်နားလည်လိုက်ကြသည်။

“မမကြီး ရှန့်ယင်....” စုရှောင်လန် အော်ဟစ်ကာဖြင့် ရှန့်ယင်အား လိုက်ဖမ်းလေသည်။ သို့သော်လည်း အန်လင်း၏ ချုပ်နှောင်ထားခြင်း ခံလိုက်ရသည်။

“ဒီနေရာနေ ထွက်သွားရတော့မယ်။”

အန်လင်းသည် စုရှောင်လန်အား လက်မောင်းမှဆွဲယူကာ သူ၏အုတ်ခဲနက်ပေါ်သို့ ခုန်တက်ကာဖြင့် တပိုင်၊ ရှောင်ချိုးတို့နှင့်အတူ ထွက်ပေါက်သို့ ပျံသန်းသွားလေသည်။

အသက်ဓာတ်နန်းတော်၏ ကြမ္မာအဖိုးအိုသည် သက်ပြင်းချကာဖြင့် သင်္ချိုင်း၏ ဟင်းလင်းပြင်တံခါးဝသို့ လျှောက်လှမ်းလာလေသည်။

ကောင်းကင်နန်းတော်သည် တဖြည်းဖြည်းနှင့် တောက်ပမှုများ လွင့်ပြယ်လာကာ နှစ်ပေါင်း ၈၀၀၀ ကျော် တည်တံ့ခဲ့သည့် လျှို့ဝှက်နယ်မြေမှာလည်း ရှန့်ယင်၏ အတိတ်မှတ်ဉာဏ်များနှင့်အတူ မြှုပ်နှံလိုက်ရပြီ ဖြစ်သည်။

“ဒီဘဝမှာ ရှင်နဲ့အတူ နှစ်ပေါင်း ၉၈ နှစ်တိုင်တိုင် ကုန်ဆုံးခွင့်ရခဲ့တာ ကံကောင်းလိုက်တာရှင်ရယ်...”

ရှန့်ယင်၏အသံမှာ နတ်မိမယ်တစ်ဦး အသံကဲ့သို့ဖြစ်ပြီး လျှို့ဝှက်နယ်မြေနှင့်အတူ လွင့်ပါးပျောက်ကွယ်သွားလေပြီ။

(မှတ်ချက် ။ ။ အားရပါးရ ငိုနေကာမှ တပိုင်နဲ့ အန်လင်းကြောင့် ရယ်ရတာ အူပါနာတယ် -,-)

***

All Chapters