မုဆိုးနှင့်သားကောင်
Vol. 19 Ch. 262
ဒုစရိုက်ခုနစ်ပါးခန်းမမှ ကျင့်ကြံသူအားလုံးတို့မှာ ကြက်သေသေနေမိကြသည်။
လာနောက်နေတာလား။ အဲဒါက ဒုစရိုက်ခုနစ်ပါးခန်းမရဲ့ အစွမ်းအထက်ဆုံး အစီအရင်လေ။ ဒါပေမဲ့လည်း လက်ချောင်းတစ်ချောင်းတည်းနဲ့ ပျက်စီးသွားရတဘ်တဲ့လား။
အန်လင်းသည် အစီအရင်အား ချိုးဖြတ်ပြီးသည်နှင့် ရှုထုံနှင့် ရှုယုံနန်တို့အား လိုက်လံဖမ်းဆီးလေသည်။ ထိုနှစ်ယောက်မှာ အပြစ်အများဆုံးဖြစ်သည်။
သူတို့သုံးဦးသည် အနိုင်ယူဗိုလ်ကျသည့် စွမ်းအားများဖြင့် ပြေးဝင်သွားလေသည်။ ဒုစရိုက်ခုနစ်ပါးခန်းမမှ ကျင့်ကြံသူများသည် ထိုအခါမှသာ အသိပြန်လည်လာကြပြီး အကာအကွယ်အစီအရင်များ အသုံးပြုကြလေသည်။
“ဟွန့် စိတ်ဝိညာဉ်ပျိုးထောင်ခြင်းကနဦးအဆင့် အမှိုက်လေးက ငါ့ကို စိန်ခေါ်ရဲတယ်ပေါ့။”
ရှုထုံသည် အထင်သေးစွာ ဆက်ဆံခံလိုက်ရသည့်အတွက် အမှန်တကယ်ကို နာကျင်ခံစားနေရသည်။ ရှေ့သို့ ခြေတစ်လှမ်းတက်လိုက်ပြီး မြူခိုးနက်နယ်ပယ်အား ဖြန့်ထုတ်ကာဖြင့် ဝိညာဉ်ဖွဲ့စည်းခြင်းကနဦးအဆင့် ကျင့်ကြံသူတစ်ဦး၏ စွမ်းအားကြီး အော်ရာများအား ထုတ်ဖော်လိုက်သည်။
“ဂမ်ဒမ် တစ်၊ ဂမ်ဒမ် နှစ် အဲဒီ ဝဖြီးဖြီး သိုးနှစ်ကောင်က မင်းတို့အတွက်ပဲ။”
အန်လင်း၏သိုလှောင်လက်စွပ် အရောင်လက်လာပြီး ရှုထုံနှင့် ရှုယုံနန်တို့၏ရှေ့တွင် ဂမ်ဒမ်နှစ်ကောင်ပေါ်လာသည်။
“မင်းရဲ့သောက်ရမ်းယုံကြည်ချက်တွေ ပြည့်ဝနေမှုက ကျဆုံးဖို့အတွက် ကျိန်စာပဲ” ရှုထုံ မျက်နှာပျက်ကာဖြင့် သူ့ထံသို့ ရောက်ရှိလာသည့် ဂမ်ဒမ်အား လက်ဝါးချက်ဖြင့် ကာလိုက်သည်။
ထိုလက်ဖဝါးမှ ကြီးမားသည့် မီးလုံးအသွင်သို့ ပြောင်းလဲသွားကာ ဂမ်ဒမ်ထံသို့ ရောက်ရှိသွားလေသည်။ ထိုမီးလျှံလက်ဖဝါးတွင် မြူခိုးနက်များသည့် ပင့်ကူအိမ်သဖွယ် ရောယှက်ပါဝင်နေပြီး အလွန်အစွမ်းထက်သည့် တိုက်စားမှုများလည်း ပါဝင်လေသည်။ သံနှင့် သံမဏိတို့သည်ပင်လျှင် ထိုမီးလျှံနှင့် တိုက်စားမှုစွမ်းရည်တို့၏ ပေါင်းစပ်မှုအောက်တွင် အရည်ပျော်သွားပေလိမ့်မည်။
ဂမ်ဒမ်တစ်ကောင်သည် လေထုအား ဖမ်းဆုပ်လိုက်ပြီး သူ၏လက်ဖဝါးတွင် အပြာရောင်အလင်းဓားတစ်လက် ဖြစ်ပေါ်လာကာ တလက်လက်တောက်ပနေသည့် ဓားခုတ်ချက်တစ်ခု ထုတ်ဖော်လိုက်သည်။ ထိုဓားခုတ်ချက်သည် မီးလျှံလက်ဖဝါးကြီးအား လွယ်ကူစွာပင် ပြိုကွဲသွားစေပြီး အဟုန်လျော့ကျခြင်းမရှိဘဲနှင့် ရှုထုံထံသို့ ကြောက်မက်ဖွယ်ရာ အရှိန်နှုန်းနှင့်အတူ ဆက်သွားလေသည်။
“ဘာဖြစ်တယ်” ရှုထုံ၏နှလုံးခုန်နှုန်းများ သိသိသာသာ မြန်လာလေသည်။ သူ၏အရှေ့ရှိ ထိုငွေရောင်စက်ရုပ်သည် သူ၏တိုက်ခိုက်မှုအား လွယ်လွယ်ကူကူ ချိုးဖြတ်နိုင်လိမ့်မည်ဟု မျှော်လင့်မထားသည်မှာ သိသာလှသည်။
အားကုန်သုံး ဆုတ်ခွာလိုက်သော်လည်း အပြာရောင်ဓားခုချက်သည် သူဆုတ်ခွာရာသို့ ထပ်ကြပ်မကွာ လိုက်ပါလာလေသည်။ များမကြာမီတွင် ထိုခုတ်ချက်သည် မြေပြင်အား ပေတစ်ရာကျော်ရှည်သည့် အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်စေပြီး ဓားဦးချွန်သည် သူ၏ခန္ဓာကိုယ်အား အနည်းငယ် ပြတ်ရှသွားကာ သွေးချင်းချင်းနီသည့် ဒဏ်ရာတစ်ခု ဖြစ်ပေါ်လာစေသည်။
ရှုထုံသည် ရင်ဘတ်အား ဆုပ်ကိုင်လိုက်ပြီး ငွေရောက်စက်ရုပ်အား တုန်လှုပ်စွာဖြင့် ကြည့်လိုက်သည်။ အန်လင်း၏ ကောက်ကျစ်သည့် အပြုံးနောက်ကွယ်ရှိ အကြောင်းပြချက်အား စတင်နားလည်လာပြီ ဖြစ်သည်။
ဝုန်း
အနီးအနားမှ နားကွဲလုတမျှ ပေါက်ကွဲသံ ထွက်ပေါ်လာသည်။
ရှုထုံသည် ပေါက်ကွဲမှုဖြစ်ရာသို့ လှည့်ကြည့်လိုက်သည့်အခါ ရှုယုံအန်၏ လေဧကရာဇ်သံချက်ကာမှာ အခြားဂမ်ဒမ်တစ်ကောင်၏ လက်သီးချက်ကြောင့် အစိတ်စိတ်အမြွှာမြွှာ ကွဲကြေနေပြီးဖြစ်သည်။ ထိုလက်သီးချက်တွင်ပါဝင်သည့် ကြောက်မက်ဖွယ်ရာ ခွန်အားသည် မြေပြင်အား အလွှာအထပ်ထပ် ကွာကျစေသည်။
ဝိညာဉ်ဖွဲ့စည်းခြင်း ကနဦးအဆင့် ကျင့်ကြံသူဖြစ်သော ရှုယုံနန်သည် လေထဲသို့ စွန်တစ်ကောင်သဖွယ် လွင့်ပျံသွားကာ သူလွင့်ထွက်သွားသည့် လမ်းကြောင်းတစ်လျှောက်တွင် ပါးစပ်မှသွေးများ စီးကျကျန်ရစ်ခဲ့သည်။
ဒုစရိုက်ခုနစ်ပါးခန်းမ၏ အစွမ်းထက်ဂိုဏ်းသား ၂၀ မှာလည်း ထိုနည်းအတိုင်းပင်။ အန်လင်း၊ တပိုင် နှင့် ရှောင်ချိုးဟူသည့် ဆာလောင်နေသော ဝံပုလွေသုံးကောင်၏ ရှေ့မှောက်တွင် သိုးပေါက်ကလေးများသဖွယ် ဖြစ်နေကြလေပြီ။
အန်လင်းသည် သူ၏လေအတောင်ပံများ ဖြန့်ကားလိုက်ပြီး ကြောက်မက်ဖွယ်ရာ အရှိန်နှုန်းဖြင့် ခြေတစ်လှမ်းလျှင် လူတစ်ဦးကျ သတ်ဖြတ်လိုက်လေသည်။
ပထမခြေလှမ်း။
အန်လင်း၏ တောင်ခွင်းလက်သီးသည် ဒုစရိုက်ခုနစ်ပါးခန်းမမှ တာအိုခန္ဓာ အဆင့် ၇ ဂိုဏ်းသားအား နေရာတွင်ပင် သတ်ဖြတ်ပစ်လိုက်သည်။
ဒုတိယခြေလှမ်း။
အန်လင်းသည် ရဲရဲတောက်နေသည့် မီးတောင်ပံများမှ မြှားတစ်စင်းဖန်တီး ပစ်လွှတ်လိုက်ပြီး စိတ်ဝိညာဉ်ပျိုးထောင်ခြင်း အလယ်အဆင့်ရှိ အကြီးအကဲတစ်ဦး၏ ခန္ဓာကိုယ်အား ထုတ်ချင်းဖောက်သွားကာ သူ၏ခန္ဓာကိုယ်မှာ မည်သည့်အကြွင်းအကျန်မျှ မကျန်ရှိတော့လောက်အောင် အရည်ပျော်ကျသွားလေသည်။
တတိယခြေလှမ်း။
အန်လင်းသည် မိစ္ဆာရှင်းဓားအား ထုတ်ယူလိုက်ပြီး ပိန်းပိတ်အောင်နက်မှောင်နေသည့် ဓားခုတ်ချက်တစ်ခု ထုတ်ဖော်လိုက်ကာ စိတ်ဝိညာဉ်ပျိုးထောင်ခြင်း ကနဦးအဆင့်ရှိ အကြီးအကဲအား ခုတ်ပိုင်းလိုက်သည်။ ထိုအကြီးအကဲ၏ မှော်လက်နက်ဖြစ်သည့် ဓားရှည်သည်ပင်လျှင် နှစ်ပိုင်းကျိုးပြတ်သွားလေသည်။
စတုတ္ထခြေလှမ်း။
အန်လင်းသည် ခြေတစ်လှမ်းလျှင် အသက်တစ်သက်ကျစီ ယူဆောင်သည်ဖြစ်ရာ ဒုစရိုက်ခုနစ်ပါးခန်းမ၏ ကျင့်ကြံသူများမှ နှလုံးသားထဲ၌ ကြောက်ရွံ့မှုတို့ ကြီးစိုးလာကြလေသည်။
ရှောင်ချိုးသည် အန်လင်းထက်ပင် ပိုမိုကြမ်းတမ်းစွာ တိုက်ခိုက်သေးသည်။ ဝိညာဉ်ဖွဲ့စည်းခြင်းတစ်ပိုင်းအဆင့် ကျင့်ကြံခြင်းစွမ်းအားကို ထုတ်ဖော်ကာဖြင့် သူ၏ ငွေတုတ်အား လွှဲယမ်းနေလေသည်။ ထို့ကြောင့် သူ့အား ခုခံတိုက်ခိုက်သူမှန်သမျှမှာ တစ်ကွက်ထက်ပိုကာ မတိုက်ခိုက်နိုင်ကြချေ။
တပိုင်သည်လည်း အကောင်းဆုံး လုပ်ဆောင်နေလေသည်။ သို့သော်လည်း သူ၏ ဦးတည်ချက်မှာ တာအိုခန္ဓာအဆင့်ရှိ ကျင့်ကြံသူများသာ ဖြစ်သည်။ ထိုသို့ဖြင့် အချိန်တိုလေးအတွင်းမှာပင် အရေအတွက်များများ သတ်ဖြတ်လိုက်နိုင်ပြီး အကောင်းဆုံး လုပ်ဆောင်နိုင်နေလေသည်။
ကျင့်ကြံသူတစ်ဦးစီကို သတ်ဖြတ်ပြီးတိုင်းတွင် ဆာလောင်နေသည့် ဝံပုလွေများသဖွယ် ထိုသူများ၏ သိုလှောင်လက်စွပ်များအား ယူဆောင်ကြလေသည်။
အန္တရာယ်များသည့် တိုက်ပွဲပြင်တွင် ရောက်ရှိနေကြခြင်း ဖြစ်သော်လည်း သူတို့အားလုံးတို့သည် ရန်သူများထံမှ သိုလှောင်လက်စွပ်များ ကောက်ယူရန် ဦးစားပေးနေဆဲပင်။
ရှုထုံရှိနေသည့် နေရာမှဆိုလျှင် ရှောင်ချိုးသည် ကျင့်ကြံသူများအား မြန်မြန်ဆန်ဆန် အနိုင်ယူကာဖြင့် သိုလှောင်လက်စွပ်များအား အလျင်အမြန် ယူဆောင်နေသည်ကို မြင်နေရသည်။ သေဆုံးသွားသော ကျင့်ကြံသူ၏ လက်နက်ကိုပါ ယူဆောင်သွားခြင်းဖြစ်သည်။ ထိုစစ်ပွဲအကျိုးအမြတ်များကို ယူဆောင်နေသည့် မြင်ကွင်းမှာ ထိုမျှလောက် ကြောက်မက်ဖွယ်ကောင်းမှန်း တစ်ခါမျှပင် မတွေးမိခဲ့ဖူးချေ။
“နောက်ဆုတ်ကြ”
ရှုထုံသည် မုဆိုးမှ သားကောင်ဖြစ်သွားသည့် အခြေအနေအား သတိပြုမိလိုက်သည်ကြောင့် ချက်ချင်းဆိုသလို နောက်ဆုတ်ဖို့ အမိန့်ပေးလိုက်သည်။
ဒုစရိုက်ခုနစ်ပါးခန်းမမှ ကျင့်ကြံသူများသည် ချက်ချင်းဆိုသလို ဆုတ်ခွာကြလေသည်။ အတိတ်ကာလတွင် သူတို့သည် အမြဲတမ်းဆိုသလို လူသတ်လုယက်မှုများ ကျူးလွန်ခဲ့ကြသည်။ သူတို့၏ ရန်သူ သုံးဦးမှာ သူတို့၏ အလုပ်အကိုင်အား လုယူသွားမည်ဟု မည်သူထင်မည်နည်း။ သူတို့၏ လုပ်ဆောင်ချက်များမှာ သားကောင်အား ဦးစွာသတ်သည်။ ထို့နောက်တွင် စစ်ပွဲအကျိုးအမြတ်များအား ရှာဖွေခွဲဝေကြသည်။ သို့သော်လည်း အန်လင်း၏ အဖွဲ့မှာမူ လုယက်ရန်သာ ဦးစားပေးကြသည်။ အခွင့်အရေးရမည်ဆိုလျှင် သေဆုံးသွားသူများ၏ အဝတ်အစားများကိုပင် တစ်လွှာချင်း ချွတ်ပစ်ကြပေလိမ့်မည်။
“နောက်ဆုတ်ဖို့လား။ အရမ်းနောက်ကျသွားပြီ။”
အန်လင်းသည် လေတောင်ပံများကို ဖြန့်ကားလိုက်ပြီး သူ၏ မိစ္ဆာရှင်းဓားပတ်လည်တွင် အဖြူရောင်လေမြူခိုးများ ရစ်သိုင်းလာကာ ဝါယောဓားနည်းစနစ်ကို အသုံးပြုလိုက်သည်။ လေတောင်ပံများနှင့် ဆက်သွယ်မှုကြောင့် ဝါယောဓားသည် ရုတ်ချင်းဆိုသလို အသံ၏ အမြန်နှုန်းထက် သုံးဆခန့် ပိုမိုမြန်ဆန်လာလေသည်။ ဝါယောဓားခုတ်ချက်သည် အဖြူရောင်လျှပ်စီးကြောင်းဖြင့် ပစ်ခတ်သကဲ့သို့ဖြစ်ကာ နောက်ဆုတ်ထွက်ပြေးနေသည့် ကျင့်ကြံသူသုံးဦးအား တစ်ချက်တည်းနှင့် ခေါင်းဖြတ်လိုက်လေသည်။
အန်လင်း၏ ကြောက်မက်ဖွယ်ရာစွမ်းအားကြောင့် ကျန်ရှိနေသည့် ကျင့်ကြံသူများမှာ ကြောက်ရွံထိတ်လန့်လာပြီး ပို၍မြန်ဆန်စွာ ဆုတ်ခွာကြလေသည်။
“လူစုခွဲ”
ကျန်ရှိနေသည့် ကျင့်ကြံသူလေးဦးသည် အဘက်ဘက်သို့ ခွာကာ ထွက်ပြေးသွားကြသည်။ အန်လင်းသည် ယခုလေးတွင်မှ ဝါယောဓားနည်းစနစ်အား အသုံးပြုထားခြင်း ဖြစ်သဖြင့် ထပ်မံအသုံးပြုရန် စောင့်ဆိုင်းရဦးမည် ဖြစ်သည်ကြောင့် လိုက်ဖမ်းရန် မဖြစ်နိုင်ချေ။
ကျင့်ကြံသူတစ်ဦးသည် ရှောင်ချိုး၏ ဖမ်းဆီးခြင်း ခံလိုက်ရပြီး အခြားတစ်ဦးအား တပိုင်မှ ဖမ်းဆီးလိုက်သည်။
ကျန်ရှိနေသည့် ကျင့်ကြံသူ နှစ်ဦးမှာမူ ကံကောင်းသည်ဟု ဆိုနိုင်ပြီး အတော်ဝေးဝေးသို့ပင် ရောက်ရှိနှင့်ပြီး ဖြစ်လေသည်။
သိ့သော်လည်း ကျင့်ကြံသူတစ်ဦးသည် ရုတ်တရက်ဆိုသလို ကောင်းကင်အား ပိုင်းဖြတ်နိုင်စွမ်းရှိသည့် မီးလျှံဓားချက်နှင့် ရင်ဆိုင်လိုက်ရသည်။
သူ၏မျက်ဆံများ ကျဉ်းမြောင်းသွားသည်။ သို့သော်လည်း စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအလယ်အဆင့်ရှိ အကြီးအကဲဟူသည့် ဂုဏ်ပုဒ်အား ထိုက်တန်ကြောင်း သက်သေပြသည့်အနေဖြင့် ထိုအခိုက်အတံ့မှာပင် သူ၏ရှေ့၌ ရေခဲနံရံသုံးခု ဖန်တီးလိုက်သည်။
သို့သော်လည်း ထိုဓားခုတ်ချက်တွင် အလွန်မြင့်မားသည့် အပူရှိန်များ ပြည့်ဝနေသည်ကြောင့် ပတ်ပတ်လည်ရှိ လေထုသည်ပင်လျင် ပုံစံပျက်လာသည်။ ဓားခုတ်ချက်သည် အကာအကွယ်နံရံများနှင့် မထိတွေ့ခင်မှာပင် ရေခဲများ အငွေ့အဖြစ်သို့ ပြောင်းလဲသွားကြပြီး ဖြစ်သည်။
“မဖြစ်နိုင်ဘူးးးးးးးး” ကျင့်ကြံသူသည် မျက်လုံးများပြူးကျယ်ကာဖြင့် သူ၏နောက်ဆုံးစကားအား ရေရွတ်လိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးအား မီးတောက်များ ဝါးမျိုသွားလေတော့သည်။
ကျောက်စိမ်းဝတ်စုံနှင့် အမျိုးသမီးတစ်ဦးသည် သူမ၏မီးလျှံတောင်ပံများအား ဖြန့်ကားကာဖြင့် ထွက်ပေါ်လာမှုသည် လေဟုန်ပျံသန်းနေသည့် ဇာမဏီငှက်တစ်ကောင်သဖယ်ဖြစ်ပြီး သူမ၏ လမ်းတစ်လျှောက်တွင် မီးတောက်မီးပွားများ ချန်ထားရစ်ခဲ့သည်။
သူမ၏ ကြွေရုပ်သဖွယ် သွယ်လျလျ လက်များအား ဖမ်းဆုပ်လိုက်သည့်အခါ သိုလှောင်လက်စွပ်တစ်ခု သူမထံသို့ ရောက်ရှိလာပြီး နောက်ဆုံးသောကျန်နေသည့် ကျင့်ကြံသူထံ တုံ့ဆိုင်းခြင်းမရှိ ပြေးဝင်သွားလေသည်။
စုရှောင်လန် လှုပ်ရှားမှုပြုလာလေပြီ။ သူမ၏ စိတ်ဝိညာဉ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံခြင်း အခြေခံနှင့်အတူ အစွမ်းထက် သွေးမျိုးဆက်နှစ်ခုတို့ ပေါင်းစပ်လိုက်သည့်အခါ သူမ၏ တိုက်ခိုက်စွမ်းရည်သည် ရူးလောက်အောင် မြင့်တက်သွားပြီး စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူများအား လွယ်ကူစွာ အနိုင်ယူနိုင်စွမ်း ရှိလာသည်။
နောက်ဆုံးကျန်ရစ်သည့် ကျင့်ကြံသူ၏မျက်နှာတွင် မျှော်လင့်ချက်မဲ့မှုတို့ ထင်ဟပ်နေပြီး စုရှောင်လန်သည် အသံ၏သွားနှုန်းထက် မြန်ဆန်သည့်အလျင်ဖြင့် သူ့ထံ ပြေးဝင်သွားခြင်း ဖြစ်သည်။
သူတို့၏ ချုံခိုတိုက်ခိုက်မှုသည် သူတို့၏ သတ်ကွင်းဖြစ်သွားလိမ့်မည်ဟု မည်သည့်အခါကမျှ ထင်မှတ်မထားခဲ့ကြချေ။
ဤသို့ကြောက်မက်ဖွယ်ရာ ရန်သူများနှင့် ရင်ဆိုင်ရသည့်အခါတွင် သူတို့ထံ၌ လွတ်မြောက်ရန်လမ်းစ မရှိတော့ချေ။
ရှုယုံနန်သည် မဟူရာခရမ်းနဂါးမီးတောက်နှင့် ထိတွေ့မိသည့်အတွက် လောင်ကျွမ်းသေဆုံးသွားလေသည်။ ရှုထုံမှာမူ ထွက်ပြေးနေစဉ်မှာပင် စိတ်ဝိညာဉ်မြွေ အမြှောက်ဆန်များ၏ လက်လံဖမ်းဆီးခြင်းခံရသဖြင့် ပေါက်ကွဲသေဆုံးသွားလေသည်။
တိုက်ပွဲမှာ အလွန်မြန်ဆန်စွာ ပြီးဆုံးသွားပြီး ဒုစရိုက်ခုနစ်ပါးခန်းမမှ ရောက်ရှိလာသည့် ကျင့်ကြံသူအားလုံး သေဆုံးသွားကြရသည်။
သို့သော်လည်း ယင်းမှာ အန်လင်းတို့အတွက် အရေးမကြီးချေ။ သူတို့အတွက် အရေးအကြီးဆုံးမှာ ထိုအကောင်များ၏ သိုလှောင်လက်စွပ်များ ဖြစ်ကြသည်။
အန်လင်းသည် ရှုထုံနှင့် ရှုယုံနန်တို့၏ သိုလှောင်လက်စွပ်များကိုပါ ရရှိလိုက်သည်ကြောင့် စုစုပေါင်း သိုလှောင်လက်စွပ် ၁၀ ကွင်း ရရှိကာ အချီကြီးရရှိလိုက်လေသည်။
ရှောင်ချိုးသည် သိုလှောင်လက်စွပ် ၇ ကွင်း၊ တပိုင် ၃ ကွင်း နှင့် စုရှောင်လန် ၂ ကွင်း ရရှိလိုက်ကြသည်။
စုရှောင်လန်မှာ တိုက်ပွဲအား ကြည့်ရှုရန်သာ ကြံရွယ်ထားခြင်းဖြစ်သော်လည်း ကျန်ရှိနေသည့် ကျင့်ကြံသူနှစ်ဦး လွတ်မြောက်တော့မည်ကို မြင်လိုက်ရသည်ကြောင့် လှုပ်ရှားလိုက်ရခြင်းဖြစ်သည်။
တပိုင်မှာ အနည်းဆုံး ရရှိသူဖြစ်ပြီး သူမအား အရည်လဲ့နေသည့် သနားစဖွယ်မျက်လုံးကြီးများဖြင့် ကြည့်လာသည်ကြောင့် သူမရရှိထားသည့် သိုလှောင်လက်စွပ် ၂ ကွင်းအား လှူဒါန်းရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် နောက်ဆုံးရလဒ်အဖြစ် အန်လင်း ၁၀ ကွင်း၊ ရှောင်ချိုး ၇ ကွင်း နှင့် တပိုင် ၅ ကွင်းတို့ ဖြစ်ကြသည်။
ထိုသို့ဖြင့် သူတို့ကြားမှ ကွာခြားချက် ကျဉ်းမြောင်းသွားပြီး တပိုင်သည်လည်း ကျေနပ်မှုရှိလာလေသည်။
ထို့နောက်တွင် စစ်ပွဲ၏ အကျိုးအမြတ်များအား ရေတွက်ရမည့်အချိန် ဖြစ်သည်။
***