← Chapters

စစ်ပွဲအကျိုးအမြတ်များအား ရေတွက်ခြင်း

Vol. 19 Ch. 263

စစ်ပွဲအကျိုးအမြတ်များအား ရေတွက်ခြင်း

Vol. 19 Ch. 263

အန်လင်း၊ တပိုင် နှင့် ရှောင်ချိုးတို့သည် သူတို့၏လက်ထဲရှိ သိုလှောင်လက်စွပ်များအား စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်ကြသည်။

သူတို့မှာ ဆုသေချာသည့် ထီလက်မှတ်အချို့ ရရှိထားသကဲ့သို့ ဖြစ်နေကြသော်လည်း မည်သူက မည်သည့်ဆု ဆွတ်ခူးမည်ကို မသိကြသကဲ့သို့ပင်။

“ဘယ်သူအရင်စမလဲ။” အန်လင်းသည် ရှောင်ချိုးနှင့် တပိုင်တို့အား ကြည့်လိုက်သည်။

သူတို့နှစ်ဦးစလုံးသည်လည်း အန်လင်းအား ကြည့်လာကြသည်။

အန်လင်း ပုခုံးတွန့်လိုက်ပြီးနောက် “ကောင်းပါပြီ။ ငါပဲ အရင်စလိုက်တော့မယ်။”

သိုလှောင်လက်စွပ် ၁၀ ကွင်းအား လေထဲတွင် ရပ်တံ့စေပြီး တစ်ခုပြီးတစ်ခု သန့်စင်လိုက်သည်။ ထို့နောက်တွင် ဒုစရိုက်ခုနစ်ပါးခန်းမ၏ ဂိုဏ်းသားရှစ်ဦးထံမှ ရရှိလာသည့် သိုလှောင်လက်စွပ်များအား အရင်ဆုံးရေတွက်ရန် ဆုံးဖြတ်လိုက်သည်။ အကောင်းဆုံး သိုလှောင်လက်စွပ် ၂ ကွင်းအား နောက်ဆုံးမှ ရေတွက်မည်။

ပထမဆုံး သိုလှောင်လက်စွပ်အတွင်းမှ ပစ္စည်းများအား ထုတ်ယူလိုက်သည်။

ချွင် ချွမ် ဂလုံ ဂလွမ်

သူ၏ရှေ့တွင် တောင်ပို့လေးတစ်ခု ဖြစ်တည်လာပြီး လူတိုင်း၏မျက်လုံးများ အရောင်လက်လာလေသည်။

စုစုပေါင်း စိတ်ဝိညာဉ်ကျောက်တုံး ၃၅၀၀၀၊ အလယ်အဆင့် မှော်လက်နက် ၃ ခု၊ အဆင့်မြင့် မှော်လက်နက် ၁ ခု၊ စိတ်ဝိညာဉ်ဆေးမြစ် ၅ ခု၊ စိတ်ဝိညာဉ်ဆေးလုံးများနှင့် လက်နက်ထုလုပ်သည့် သတ္တုအချို့တို့ဖြစ်သည်။

သိုလှောင်လက်စွပ်တစ်ကွင်းမှာပင် ထိုမျှလောက်များပြားသည့် ရတနာများ ရှိနေခြင်းဖြစ်သည်။

ဒုစရိုက်ခုနစ်ပါးခန်းမ၏ ကျင့်ကြံသူများမှာ ချမ်းသာလွန်းလှသည်။

ထို့နောက်တွင် အန်လင်းသည် ကျန်ရှိသည့် သိုလှောင်လက်စွပ် ၇ ကွင်းအား စစ်ဆေးကြည့်လိုက်ရာ ပထမဆုံးသော သိုလှောင်လက်စွပ်နှင့် အတော်လေး ဆင်တူပေသည်။ သိုလှောင်လက်စွပ်တစ်ကွင်းထံတွင် အခြေခံအဆင့် စိတ်ဝိညာဉ်လက်နက်တစ်ခု ပါဝင်နေသည်ကြောင့် အတော်လေး အံ့အားသင့်စရာပင် ဖြစ်သည်။

သိုလှောင်လက်စွပ် ၈ ကွင်းအား ရေတွက်ပြီးသည့်နောက်တွင် ရှုယုံနန်နှင့် ရှုထုံတို့၏ သိုလှောင်လက်စွပ်များအား ရေတွက်ရမည့်အလှည့် ဖြစ်သည်။

အန်လင်းသည် ရှုယုံနန်၏ သိုလှောင်လက်စွပ်အား ဦးစွာကောက်ယူ သန့်စင်လိုက်သည်။

ချွင် ချွမ် ဂလုံ ဂလွမ်

လူတိုင်းသည် တောင်တစ်လုံးတစ်မျှ များပြားသည့်ရတနာများအား ပါးစပ်အဟောင်းသားဖြင့် ကြည့်နေမိကြသည်။

အန်လင်း ရယ်မောလိုက်သည်။ “အရင်းရှင်ဝါဒက တကယ်ကို မိစ္ဆာဆန်လွန်းတယ်။ ခေါင်းဆောင်နဲ့ ဂိုဏ်းသားတွေရဲ့ ပိုင်ဆိုင်မှု ကွာခြားချက်ကို ကြည့်လိုက်စမ်းပါဦး။”

စိတ်ဝိညာဉ်ကျောက်တုံး သုံးသိန်းတစ်သောင်း၊ အခြေခံအဆင့် စိတ်ဝိညာဉ်လက်နက် ၂ ခု၊ အလယ်အဆင့် စိတ်ဝိညာဉ်လက်နက် ၁ ခု၊ စိတ်ဝိညာဉ်ဆေးလုံး ဒါဇင်ခန့်၊ ရှားပါးအပင်နှင့် သတ္ထုအများအပြားတို့ပါဝင်သည်။

သိုလှောင်လက်စွပ် တစ်ကွင်း၌ ပါဝင်သည့် ရတနာများမှာ ယခင် သိုလှောင်လက်စွပ် ၈ ကွင်းနှင့် နှိုင်းယှဉ်နိုင်ပေသည်။

ရှောင်ချိုးနှင့် တပိုင်တို့သည် မနာလိုမှုများဖြင့်သာ ကြည့်နေမိကြသည်။ ဖာ့ခ် ထိုမျှလောက် ကွာခြားနေသည်မှာ အရမ်းကို စိတ်တိုဖွယ်ရာ ကောင်းလွန်းလှသည်။

ထို့နောက် ရှုထုံ၏ သိုလှောင်လက်စွပ်အား ရေတွက်ရာတွင် လွန်စွာ တုန်လှုပ်ဖွယ်ရာ ဖြစ်သည်။

စိတ်ဝိညာဉ်ကျောက်တုံး သုံးသိန်းခွဲ၊ အလယ်အဆင့် စိတ်ဝိညာဉ်လက်နက် ၂ ခု၊ စိတ်ဝိညာဉ်ဆေးလုံး အများအပြား၊ ရှားပါးသစ်ပင်များ၊ သတ္တုများနှင့် အဆင့် ၉ အင်မော်တယ်ဆေးလုံးဖြစ်သည့် အဇူရာယန် ဆေးလုံးတို့ပါဝင်သည်။ အန်လင်းသည် နတ်ဘုရားစစ်ဆေးခြင်းနည်းစနစ်ဖြင့် စစ်ဆေးကြည့်ရှုသည့်အခါမှ သိရှိလာရခြင်း ဖြစ်သည်။ ထိုဆေးလုံးသည် အမှန်တကယ် မသေဆုံးသေးသမျှ မည်သည့်ဒဏ်ရာ ရရှိထားသူကိုမဆို ပြန်လည်သက်သာလာစေနိုင်စွမ်း ရှိသည်။

ထိုတိုက်ပွဲတွင် အန်လင်းသည် စိတ်ဝိညာဉ်ကျောက်တုံး ကိုးသိန်း ငါးသောင်း၊ အခြေခံအဆင့် စိတ်ဝိညာဉ်လက်နက် ၃ ခု၊ အလယ်အဆင့် စိတ်ဝိညာဉ်လက်နက် ၃ ခု၊ စိတ်ဝိညာည်ဆေးလုံး ဒါဇင်အနည်းငယ်၊ ရှားပါးဆေးပင်နှင့်သတ္တု အများအပြား၊ လက်နက်သွန်းလုပ်သည့် သတ္တုအများအပြား၊ အဆင့် ၉ အင်မော်တယ်ဆေးလုံး တစ်လုံးတို့ ရရှိလိုက်သည်။

အန်လင်းသည် အလွန်အမင်း အကျိုးအမြတ် ရရှိလိုက်သည်ကြောင့် တပိုင်အား မြေအင်ပါယာဆေးလုံးများ လက်ဆောင်ပေးလိုက်သည်။

တပိုင်သည် ထိုဆေးလုံးများကို စိတ်ရှုပ်ထွေးစွာဖြင့် လက်ခံလိုက်သည်။ ယင်းတို့သည် သူ့အတွက် အသုံးမဝင်သော်လည်း ပြန်လည်ရောင်းချမည်ဆိုလျှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်း/နှစ်သောင်း ခန့် ရရှိနိုင်သည်။

ထို့နောက်တွင် ရှောင်ချိုးသည် သူရရှိထားသည့် သိုလှောင်လက်စွပ် ၇ ကွင်းအား ရေတွက်ရာ စိတ်ဝိညာဉ်ကျောက်တုံး နှစ်သိန်းကျော်၊ ရှားပါးဆေးပင်နှင့် သတ္တု အများအပြားတို့အပြင် စိတ်ဝိညာဉ်ဆေးမြစ်များလည်း ရရှိလိုက်သည်။

တပိုင်သည်လည်း သူ၏ သိုလှောင်လက်စွပ်များအား စစ်ဆေးရေတွက်လိုက်သည့်အခါ စိတ်ဝိညာဉ်ကျောက်တုံး နှစ်သိန်းခန့်၊ အဖိုးတန်ရှားပါးဆေးပင်နှင့် သတ္တုအများအပြား၊ မြွေအင်ပါယာဆေးလုံး အများအပြားကို တွေ့ရှိလိုက်ရသည်ကြောင့် ချိုမြိန်ခါးသက်မှုတို့ကို တပြိုင်နက်တည်း ခံစားလိုက်ရသည်။

"ငါတို့ရဲ့ စစ်ပွဲအကျိုးအမြတ်က နာကျင်နေတဲ့ နှလုံးသားလေးကို ကုစားပေးလိုက်နိုင်ပြီ။" အန်လင်းသည် ကောင်းကင်သို့ မော့ကြည့်ကာဖြင့် ကျေနပ်စွာပြုံးလိုက်သည်။

တပိုင်နှင့် ရှောင်ချိုးတို့သည်လည်း သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။ သူတို့ရရှိလိုက်သည့် အရာများကြောင့် လွန်စွာပျော်ရွှင်နေကြခြင်းဖြစ်သည်။

"အာ.. ခဏလေး ငါ့မှာလည်း သိုလှောင်လက်စွပ်တစ်ကွင်း ရှိနေသေးတယ်။"

"မမကြီးရှန့်ယင် ပေးလိုက်တဲ့ သိုလှောင်လက်စွပ်ကို အခုထိ ကြည့်ဖို့အခွင့်အရေး မရသေးတာ။"

စုရှောင်လန်သည်လည်း အခြားသူများ ပျော်ရွှင်နေကြခြင်းကို ကြည့်ကာဖြင့် သူမ၏ သိုလှောင်လက်စွပ်အား ထုတ်ယူလိုက်သည်။

အန်လင်းတို့မှာ ချက်ချင်းဆိုသလို လက်များမြှောက်ကာ ဆန့်ကျင်ကြသည်။ "မလုပ်ရဘူးးးးးးး"

သို့သော်လည်း လွန်စွာနောက်ကျသွားလေပြီ။

သိုလှောင်လက်စွပ်မှ အလင်းရောင်ထွက်ပေါ်လာပြီး ထိုအထဲတွင် ပါဝင်သည့်ပစ္စည်းများအားလုံး မြေပြင်ပေါ်သို့ ထွက်ကျလာည်။

ထို့နောက်တွင် ငလျင်တစ်ခု လှုပ်ခါသွားသည်။

ဝုန်း

သူတို့အားလုံးမှာ ပါးစပ်အဟောင်းသားဖြစ်ကာဖြင့် တောင်တန်းတစ်ခုစာမျှရှိသည့် ရတနာပုံကြီးအား ကြည့်နေမိကာ တုန်လှုပ်ခြောက်ခြားနေကြလေသည်။

"ဟိုလီဖာ့ခ် များလိုက်တာဟ"

အန်လင်းမှာ ကြက်သေ သေနေမိသည်။ သူတို့အရှေ့တွင်ရှိသည့် ရတနာပုံကြီးမှာ အလွှာအထပ်ထပ်ရှိသည့် ကိတ်မုန့်တစ်ခုသဖွယ်ပင် ဖြစ်နေလေသည်။

တောင်ခြေတွင် စိတ်ဝိညာဉ်ကျောက်တုံးများ ရှိနေပြီး သန်းအနည်းငယ်ခန့်မျှ ရှိပေလိမ့်မည်။ အလယ်တွင် လက်နက်သွန်းလုပ်သည့် ပစ္စည်းအမျိုးမျိုးရှိပြီး ယင်းတို့မှ စွမ်းအင်များ ထုတ်လွှတ်လျက်ရှိကာ ထိုသတ္တုများသည် အလွန်သန့်စင်ရှားပါးသည့် အမျိုးအစားဖြစ်မည်မှာ သေချာပေသည်။ တောင်ထိပ်ဝန်းကျင်တွင် ရှားပါးဆေးမြစ်များ၊ စိတ်ဝိညာဉ်သစ်သီးများနှင့် အင်မော်တယ်သစ်သီးများ ရှိလေသည်။ တောင်ထိပ်တွင်မု စိတ်ဝိညာဉ်ဆေးလုံးအများအပြားနှင့် အင်မော်တယ်ဆေးလုံးများ ရှိနေပြီး လက်နက်မျိုးစုံလည်း ရှိနေလေသည်။ ကိတ်မုန့် တစ်ခုလုံးမှာ နေရောင်အောက်တွင် တလက်လက်တောက်ပနေပြီး လွန်စွာအံ့ဩဖွယ်ရာ ဖြစ်သည်။

စုရှောင်လန်သည် လျှာထုတ်ကာဖြင့် "ငါမှန်းထားတာထက်တောင် ပိုနေသေးတယ်။ ငါ့ကိုကူပြီး ရေပေးပါလား။"

အန်လင်းမှာ နှလုံးသားနာကျင်မှုကြောင့် နှုတ်ခမ်းများမဲ့သွားသည်။ အခြားသူများ၏ ပိုင်ဆိုင်မှုအား ရေတွက်ရခြင်းမှာ ကောင်းမွန်သည့်ခံစားချက် မဟုတ်ချေ။ လွန်စွာပင်ပန်းဝမ်းနည်းရသည့် အလုပ်တစ်ခု ဖြစ်သည်။

စိတ်ထိခိုက်နာကျင်ရမှုအား ဖော်ပြ၍ပင် မရနိုင်ချ။ တပိုင်နှင့် ရှောင်ချိုးတို့သည်လည်း ယခုလေးတွင်မှ ပြန်လည်အဖက်ဆယ်နိုင်ခဲ့သည့် ဂုဏ်သိက္ခာနှင့် စိတ်အားငယ်ခြင်းတို့ ပြန်လည်အက်ကွဲသွားရလေပြီ။ သို့သော်လည်း ရတနာတောင်ကြီးအားကြည့်ကာဖြင့် စိတ်ရှုပ်ထွေးလာမိကြသည်။

စုရှော်လန်မှာ အကြီးမားဆုံး အောင်မြင်သူ ဖြစ်ပေသည်။

စိတ်ဝိညာဉ်ကျောက်တုံးများအား ရေတွက်ရသည်မှာ လွယ်ကူပေသည်။ နတ်ဘုရားအာရုံအား အသုံးပြုကာဖြင့် အရေအတွက်ကို အကြမ်းဖျဉ်းခန့်မှန်းနိုင်သည်။

စိတ်ဝိညာဉ်ကျောက်တုံး ၅.၇ သန်း ရှိနေခြင်းဖြစ်သည်။

အန်လင်းသည် လက်နက်သွန်းလုပ်သည့် သတ္တုများနှင့် ရှားပါးဆေးမြစ်များအား မည်သို့ရေတွက်ရမည်ကို မသိချေ။ နတ်ဘုရားစစ်ဆေးခြင်းနည်းစနစ်အား အသုံးပြုရန် ကြိုးစားသည့်အခါတွင်လည်း ရရှိလာသည့် အချက်အလက်များမှာ အသုံးမဝင်ချေ။ ထိုအရာအားလုံးတို့သည် အလယ်အလတ်တန်ဖိုးရှိသည့် ရှေးဟောင်းရတနာများ ဖြစ်ကြသည်။ အဆုံးတွင် ယင်းတို့အား အလေးချိန်ဖြင့် တွက်ချက်ရန် ဆုံးဖြတ်လိုက်သည်။ စုစုပေါင်း ကီလိုဂရမ် နှစ်သိန်းရှစ်သောင်းကျော် ရှိလေသည်။

စိတ်ဝိညာဉ်သစ်သီး ၃၈ လုံး၊ အင်မော်တယ်သစ်သီး ၁၀ လုံး၊ စိတ်ဝိညာဉ်ဆေးလုံး ၂၂၀၊ အင်မော်တယ်ဆေးလုံး ၇ လုံး၊ စိတ်ဝိညာဉ်လက်နက် ၃၉ ခုနှင့် အင်မော်တယ်လက်နက် ၁ ခု တို့ ဖြစ်ကြသည်။

အင်မော်တယ်လက်နက်မှာ အတော်လေး အဖိုးတန်ပြီး နတ်ဘုရားမီးတောက်ပုတီးစေ့ ဟု ခေါ်ကာ တုန်ဖန်မင်ချန်ထားရှိသည့် လက်နက်တစ်ခု ဖြစ်ဟန်ရှိသည်။

ထိုရတနာများအား ရေတွက်ပြီးသည့်အခါတွင် အန်လင်းမှာ နှလုံးသားတစ်ခုလုံး အက်ကွဲသွားသလို ခံစာနေရသည်။

သူ၏ပိုင်ဆိင်မှုများမှာ စုရှောင်လန်၏ ပိုင်ဆိုင်မှုနှင့် နှိုင်းယှဉ်ပါက ရှက်ရွံ့ဖွယ်ပင်ဖြစ်သည်။

အန်လင်းမှာ စုရှောင်လန်အား ကြည့်လိုက်သည့်အခါ သူမသည် လွန်စွာပျော်ရွှင်နေပုံရသည်။ သူမ၏ မျက်နှာပေါ်တွင် ညှို့ငင်ဖမ်းစားနိုင်သည့် အပြုံးတစ်ခု ဖြစ်တည်နေပြီး အလွန်အမင်း လှပလေသည်။ သူမသည်လည်း အလွန်ချမ်းသာနေပြီဖြစ်ကြောင်း သိရှိသွားပုံပင်။

သူမအား လက်ထပ်မည့်သူသည် သူမ၏ ပိုင်ဆိုင်မှုများနှင့်ပင် ဘဝပေါင်းများစွာ ချမ်းသာကြွယ်ဝစွာ နေထိုင်သွားနိုင်သည်။

စုရှောင်လန်သည် သူမရှေ့ရှိ ရတနာတောင်ကြီးအားကြည့်ကာဖြင့် လက်ခုပ်တီးကာ ပျော်ရွှင်နေလေသည်။ "ကောင်းပြီ။ အခု ဒါတွေကို ခွဲဝေယူကြတာပေါ့။"

အန်လင်း၊ တပိုင်နှင့် ရှောင်ချိုးတို့သည် သူမအား နားမလည်နိုင်စွာဖြင့် ကြည့်လိုက်ကြသည်။ "ဘာာာာာ"

"နင်တို့သာ မကူညီဘူးဆိုရင် ငါက အမွေအနှစ်တွေကိုကော ဒီရတနာတွေကိုကော ရလာမှာ မဟုတ်ဘူးလေ။"

"အဲဒါကြောင့် နင်တို့ကို တစ်ခုခု ပြန်ပေးရမှာပေါ့။" စုရှောင်လန်သည် သူမ၏မျက်နှာတွင် စစ်မှန်သည့်အပြုံးတစ်ခု ချိတ်ဆွဲထားပြီး သူမ၏ မျက်နှာတွင်မူ ယခင်ကတည်းက ဆုံးဖြတ်ချက် ချထားသည့်ဟန်ပင်။

အန်လင်း၊ တပိုင်နှင့် ရှောင်ချိုးတို့သည် သူမ၏ စကားများကြောင့် စိတ်လှုပ်ရှားလာကြသည်။ စုရှောင်လန်၏ ကြင်နာမှုအား သူတို့မျှော်လင့်ထားခြင်း မရှိကြချေ။

သူမသည် စိတ်ဝိညာဉ်ကျောက်တုံးပုံအား ကြည့်ကာဖြင့် သူမ၏မေးအားပွတ်ကာ စဉ်းစားလိုက်သည်။ "အင်း... ငါက စိတ်ဝိညာဉ်ကျောက်တုံးတွေကို သိပ်မလိုအပ်ဘူး။ အန်လင်း နင် ချန်အယ်ကို အကြွေးပေးဖို့ ရှိနေတုန်းပဲ မဟုတ်လား။ အဲဒီတော့ ဒီစိတ်ဝိညာဉ်ကျောက်တုံးတွေကို နင်ယူလိုက်။"

စုရှောင်လန်၏စကားများကြောင့် အန်လင်းတို့မှာ နေရာတွင်ပင် ကြက်သေသေနေမိကြသည်။

"နင်.. နင်က ငါ့ကို ဒါတွေအားလုံး ပေးတာလား။ နောက်နေတာ မဟုတ်လား။ ဟုတ်တယ်မလား။" အန်လင်းမှာ မည်မျှပင် အရေခွံထူသူ ဖြစ်စေကာမူ ထိုမျှလောက်များပြားသည့် လက်ဆောင်များအား လက်ခံရန် မဝံ့ရဲချေ။

သောင်းနှင့် သိန်းနှင့်ချီသည့် ပမာဏအနည်းငယ် မဟုတ်ချေ။ စိတ်ဝိညာဉ်ကျောက်တုံး ၅.၇ သန်း ဖြစ်သည်။ ယင်းမှာ အင်မော်တယ်ဂိုဏ်းကြီးတစ်ခု၏ ချမ်းသာကြွယ်ဝမှုနှင့် နှိုင်းယှဉ်နိုင်သည့် ပမာဏဖြစ်ပြီး စုရှောင်လန်သည် သူ့အား ယခုလို ပေးနိုင်သည်တဲ့လား။

"မရဘူး။ အရမ်းများတယ်။ ငါမယူနိုင်ဘူး။" အန်လင်းခေါင်းခါလိုက်ပြီး စုရှောင်လန်အား တုံ့ပြန်ခွင့်ပင် ပေးချေ။ ထိုရတနာများသည် ရှန့်ယင်မှ စုရှောင်လန်အတွက် ချန်ထားရစ်ခဲ့ခြင်းဖြစ်သည်။ မည်မျှပင် အရှက်မဲ့သူဖြစ်နေပါစေ ထိုမျှလောက်များပြားသည့် စိတ်ဝိညာဉ်ကျောက်တုံးများအား လက်မခံနိုင်ချေ။

စုရှောင်လန်မှာ အနည်းငယ် မျက်နှာပျက်ကာဖြင့် "ယူလိုက်ပါ။ နင် ချန်အယ်ဆီမှာ အချိန်အကြာကြီး အကြွေးတင်နေတာ ငါမလိုချင်ဘူး။ စိတ်ဝိညာဉ်ကျောက်တုံးတွေက ငါ့အတွက်လည်း မလိုအပ်ဘူးလေ။ ဒါတွေကိုယူလိုမယ်ဆိုရင် နင်လည်း အကြွေးပြန်ဆပ်နိုင်မှာပေါ့။ နင်တကယ်လို့ လက်မခံဘူးဆိုရင် ငါတို့က သူငယ်ချင်းမဟုတ်တော့ဘူးလို့ သတ်မှတ်လိုက်မှာနော်။"

အန်လင်းမှာ သူမ၏ စကားများကြောင့် အနည်းငယ် တွေဝေသွားပြီး ချက်ချင်းသဘောတူလိုက်သည်။ "ကောင်းပြီ။ လက်ခံမယ်။"

စိတ်ဝိညာဉ်ကျောက်တုံး ၅.၇ သန်းအား သူ၏ သိုလှောင်လက်စွပ်အတွင်းသို့ ထည့်လိုက်ပြီး စီးကျလာသည့် မျက်ရည်စများအား သုတ်ဖယ်လိုက်သည်။ ဤကဲ့သို့ ကောင်းမွန်သည့် သူငယ်ချင်းမျိုး ရှိနေခြင်းမှာ ကံကောင်းလှပေသည်။

စုရှောင်လန်၏ စိတ်ဝိညာဉ်ကျောက်တုံးများနှင့်ဆိုလျှင် သူ့ထံတွင် စိတ်ဝိညာဉ်ကျောက်တုံး ၁၄ သန်းခန့် ရှိလာပြီ ဖြစ်သည်ကြောင့် ချန်အယ်၏အကြွေးအား ပြန်ဆပ်ရန် လုံလောက်သင့်နေပြီ ဖြစ်သည်။

စုရှောင်လန်၏ အမူအရာသည်လည်း အနည်းငယ် ပေါ့ပါးသွာသည်။ ထို့နောက်တွင် တပိုင်အား ကြည့်လိုက်သည်။

"တပိုင် နင့်မှာ ကောင်းကင်ဝံပုလွေသွေးမျိုးဆက်ရှိပြီး လေတာအိုကို အဓိကကျင့်ကြံတာဆိုတော့ ဒီလေမျက်ဆံ အင်မော်တယ်သစ်သီးနှစ်လုံးကို ယူလိုက်။ ပြီးရင် ဒီအံ့ဖွယ်ချီသိပ်သည်း အင်မော်တယ်ဆေးလုံးက နင့်ရဲ့ ချီစွမ်းအင်ပင်လယ်ကို ကျယ်ပြန့်လာစေရုံသာမကဘူး စိတ်ဝိညာဉ်ပျိုးထောင်ခြင်းနောက်ဆုံးအဆင့်ကို ချိုးဖြတ်ဖို့ကိုလည်း ကူညီပေးလိမ့်မယ်။ ဒါလည်း နင့်ကိုပေးမယ်။" စုရှောင်လန်သည် အဖိုးအတန်ဆုံးသော စိတ်ဝိညာဉ်သစ်သီးများနှင့် အင်မော်တယ်ဆေးလုံးများအား တုံ့ဆိုင်းခြင်းမရှိဘဲနှင့်  တပိုင်အားပေးလေသည်။

တပိုင်မှာ သူမ၏ ကြင်နာမှုကြောင့် မျက်ရည်များစီးကျလာပြီး စုရှောင်လန်နှင့် အတူနေလို့သည်ဆန္ဒများ ဖြစ်ပေါ်လာသည်။ တနည်းဆိုရသော် အန်လင်းအား သစ္စာဖောက်ကာဖြင့် စုရှောင်လန်၏သားရဲ ဖြစ်ချင်မိသည်။ အန်လင်းသည် မြေအင်ပါယာဆေးလုံးများသာ ပေးလာခြင်းဖြစ်ပြီး စုရှောင်လန်မှာမူ အကောင်းဆုံးများကို ပေးလေသည်။

သို့သော်လည်း နှစ်ဦးနှစ်ဖက် သဘောတူညီမှုမရှိဘဲ ပြတ်သားကြရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် တပိုင်သည် အန်လင်းထံမှ နားရင်းအုပ်ခြင်းကိုသာ ရရှိလိုက်လေသည်။

အဆုံးတွင် ရှောင်ချိုး၏အလှည့်သို့ ရောက်လာလေပြီ။

စုရှောင်လန်သည် ရှောင်ချိုးအားကြည့်ကာဖြင့် သေချာစဉ်းစားနေမိသည်။ ရှောင်ချိုးအား မည်သည့်အရာပေးရမည်ကို မသိတော့ချေ။

ရှောင်ချိုးသည် ဝိညာဉ်ဖွဲ့စည်းခြင်းတစ်ပိုင်းအဆင့်သို့ရောက်နေသူဖြစ်ပြီး မီးတာအိုကို လျှောက်လှမ်းသူဖြစ်သည်။ ထို့ကြောင့် သူနှင့်သင့်တော်သည့် အင်မော်တယ်ဆေးလုံးနှင့် အင်မော်တယ်သစ်သီးများ ရှိမနေချေ။ နတ်ဘုရားမီးတောက်ပုတီးစေ့အား ပေးလိုက်သင့်သလား။

စုရှောင်လန်သည် နတ်ဘုရားမီးတောက်ပုတီးစေ့အား ထုတ်ယူကာပေးလိုက်သော်လည်း အံ့ဩဖို့ကောင်းစွာပင် ရှောင်ချိုးသည် မည်သည့်နည်းနှင့်မျှ လက်ခံခြင်းမပြုချေ။

နတ်ဘုရားမီးတောက်ပုတီးစေ့သည် ရှန့်ယင်၏ သိုလှောင်လက်စွပ်အတွင်းရှိ တန်ဖိုးအကြီးဆုံးပစ္စည်းဖြစ်သည်။ ထို့ကြောင့် ရှောင်ချိုးအနေဖြင့် လက်မခံနိုင်ချေ။

စုရှောင်လန်သည် နတ်ဘုရားမီးတောက်ပုတီးစေ့အား သူမ၏ သိုလှောင်လက်စွပ်အတွင်း ပြန်ထည့်လိုက်ပြီး အတွေးများနှင့် သတ်ပုတ်နေလေသည်။

***

All Chapters