← Chapters

အခန်း (၁၇၉-၁၈၀)

Vol. 18 Ch. 179-180

အခန်း (၁၇၉-၁၈၀)

Vol. 18 Ch. 179-180

အခန်း ၁၇၉ - “ဂိုဏ်းတူအစ်ကိုကြီးကပဲ မီးရှို့ခိုင်းတာ မဟုတ်လား”

လင်းရန်ယန်သည် သူ၏ စိတ်ကူးကြံစည်မှုများကို ထုတ်ဖော်ပြောကြားလိုက်သည်၊၊

သူ စကားပြောလိုက်သည်နှင့် တစ်ပြိုင်နက် ဦးလေးကိုး၏ နှုတ်ခမ်းများမှာ အနည်းငယ် တွန့်ချိုးသွားရ၏၊၊

ဘုရားရေ၊ လင်းရန်ယန်၏ အပြောအရဆိုလျှင် ဤယေရှုမှာ အနည်းဆုံး လမ်းစဉ်အရှင်သခင် တတိယ သို့မဟုတ် စတုတ္ထအလွှာ အဆင့်တွင် ရှိသည်၊၊ သို့ပါလျက် လင်းရန်ယန်၏ ပါးစပ်ဖျားတွင်မူ ထိုသူမှာ အချိန်မရွေး ဖိခြေဖျက်ဆီးပစ်နိုင်သော ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဖြစ်နေ၏။

“ကောင်းပါပြီ၊ အရင်ဆုံး အဲ့ဒီလင်းနို့အသိုက်ကို အရင်ရှာကြတာပေါ့၊ ငါလည်း သွေးစုပ်ဖုတ်ကောင်အချို့ကို သတိပြုမိထားတယ်၊ သူတို့က ယေရှုရဲ့ အငွေ့အသက်တွေရဲ့ လွှမ်းမိုးမှုကြောင့် အသွင်ပြောင်းသွားကြတာလားတော့ မသေချာဘူး”

လင်းရန်ယန်က ဖြည်းညင်းစွာ ဆိုလိုက်၏၊၊

“သွေးစုပ်ဖုတ်ကောင်တွေ ဟုတ်လား၊ ဒီလောက်များပြားတဲ့ လင်းနို့တွေကို ထိန်းချုပ်နေတာ သူတို့များ ဖြစ်နေမလား”

လင်းရန်ယန်၏ စကားကို ကြားရသောအခါ ကိုးခုမြောက်ဦးလေး၏ မျက်ခုံးများမှာ ပင့်တက်သွားရသည်၊၊

ဒဏ္ဍာရီများအရ သွေးစုပ်ဖုတ်ကောင် မျိုးနွယ်စုများသည် လင်းနို့များကို ထိန်းချုပ်နိုင်စွမ်း ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ ဝိညာဉ်အငွေ့အသက်မှာ တစ်ထပ်တည်း ကျနေသောကြောင့် ဖြစ်သည်။ လင်းနို့များ၏ အမြင်တွင်မူ သွေးစုပ်ဖုတ်ကောင် တစ်ဦးမှာ သူတို့ကြားရှိ အစွမ်းထက်လှသော လင်းနို့ဘုရင်တစ်ပါးကဲ့သို့ပင် ဖြစ်၏။

အချို့သော အစွမ်းထက် သွေးစုပ်ဖုတ်ကောင်များသည် သူတို့၏ အရှိန်အဝါကို အသုံးပြု၍ လင်းနို့များကို အသွင်ပြောင်းလဲစေနိုင်ပြီး ကြောက်မက်ဖွယ် စွမ်းအားရှိသော လင်းနို့စစ်တပ်အဖြစ်သို့ပင် ဖန်တီးနိုင်ကြသည်၊၊

“သူတို့ကို ဖော်ထုတ်လိုက်ရင် သိရမှာပေါ့ ၊ သွားရအောင်၊ လင်းနို့အသိုက်က ဒီနားမှာတင် ရှိတာ”

လင်းရန်ယန်သည် သာယာစွာ ပြုံးလိုက်ပြီးနောက် မလှမ်းမကမ်းရှိ ဘုရားကျောင်းဆီသို့ လျှောက်လှမ်းသွားတော့၏၊ ဦးလေးကိုးသည်လည်း အလျင်အမြန်ပင် နောက်မှ လိုက်ပါသွားလေသည်၊

မကြာမီမှာပင် သူတို့နှစ်ဦးမှာ တောင်ထိပ်ရှိ မြေကွက်လပ်တစ်ခုသို့ ရောက်ရှိလာခဲ့ကြသည်၊၊ ထိုမြေကွက်လပ်၏ အလယ်ဗဟိုတွင်မူ နှစ်ထပ်ဘုရားကျောင်းတစ်ခု မတ်တတ်ရပ်လျက် ရှိနေ၏၊

“ဟင်၊ ဘာလို့ ဒီလို တောထဲတောင်ထဲမှာ နိုင်ငံခြားသားတွေရဲ့ ဘုရားကျောင်း ရှိနေရတာလဲ”

ဦးလေးကိုးမှာ မျက်မှောင်ကြုတ်လိုက်မိသည်၊၊

စင်စစ်သော်ကား ဘာသာရေး တရားဟောလိုလျှင် လူစည်ကားရာ အရပ်ကို ရှာဖွေရမည် ။

“ရှို့စမ်း၊ အကုန်ရှို့ပစ်ကြစမ်း၊ ငါ့ရဲ့ သေနတ်ကို လုရုံတင်မကဘဲ ငါ့ကိုပါ ပစ်ရဲတယ်ဆိုတော့ ဥပဒေကို လုံးဝ ဂရုမစိုက်တာပဲ”

သို့သော်လည်း ထိုခဏ၌ မောက်မာလှသော အော်ဟစ်သံတစ်ခုမှာ ဦးလေးကိုးနှင့် လင်းရန်ယန်တို့၏ နားထဲသို့ ရုတ်တရက် ရောက်ရှိလာခဲ့၏၊

သူတို့နှစ်ဦး လှမ်းကြည့်လိုက်သောအခါ သွေးထွက်နေသော သူ၏ နားရွက်ကို အုပ်ထားသည့် အားကွမ်ကို တွေ့လိုက်ရပေသည်၊ သူသည် သူ၏ အဖွဲ့ဝင်အားလုံးကို ဦးဆောင်၍ ဘုရားကျောင်းဆီသို့ မီးတုတ်များဖြင့် ပစ်ပေါက်နေကြသည်။

မလှမ်းမကမ်းတွင်မူ သီလရှင်ဝတ်စုံ ဝတ်ထားသော ဝဝဖိုင့်ဖိုင့် အမျိုးသမီးကြီးတစ်ဦးမှာ သွေးအိုင်ထဲ၌ လဲလျောင်းနေပြီး အသက်ဝိညာဉ် ကင်းမဲ့နေပြီ ဖြစ်သည်၊၊

ငယ်ရွယ်ချောမောလှသော သီလရှင်ငယ် ငါးဦးမှာ သူမ၏ ဘေးတွင် ဒူးထောက်လျက် ဆုတောင်းရင်း ငိုကြွေးနေကြ၏။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လင်းရန်ယန်၏ နှုတ်ခမ်းများမှာ တွန့်သွားရတော့၏၊

“ကြည့်စမ်း၊ စီနီယာအစ်ကိုကြီးနဲ့ ခဏလောက် စကားပြောနေတာက ဇာတ်လမ်းကို ပြောင်းလဲသွားစေတာပဲ”

ဤအခြေအနေကို မြင်သည်နှင့် လင်းရန်ယန်မှာ ဘာဖြစ်ခဲ့သည်ကို ချက်ချင်း သိလိုက်သည်၊၊ ဦးလေးကိုးမှာ သူနှင့် စကားပြောနေခဲ့သဖြင့် ပဋိပက္ခကို တားဆီးရန် အချိန်မီ ရောက်မလာခဲ့ခြင်း ဖြစ်သည်၊၊

ထို့ကြောင့် ထိုဝဝဖိုင့်ဖိုင့် သီလရှင်ကြီးမှာ အားကွမ်၏ သေနတ်ကို လုယူပြီး သူ၏ နားရွက်ကို မှန်အောင် ပစ်လိုက်ခြင်း ဖြစ်လိမ့်မည်၊၊ လက်အောက်ငယ်သားများမှာ သူတို့၏ အဖွဲ့ခေါင်းဆောင် အပစ်ခံရသည်ကို မြင်သောအခါ ပထမဆုံး တုံ့ပြန်မှုအနေဖြင့် သေနတ်ဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြခြင်းပင် ဖြစ်၏၊၊

“ရပ်လိုက်ကြစမ်း”

ဤသည်ကို မြင်သောအခါ ဦးလေးကိုးမှာ အသံကုန် ဟစ်အော်လိုက်သည်၊၊

သို့သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်၏၊ သီလရှင်ငယ်လေးများ၏ မျှော်လင့်ချက်မဲ့နေသော မျက်ဝန်းများရှေ့မှာပင် မီးတုတ်အားလုံးမှာ ပစ်ပေါက်ခြင်း ခံလိုက်ရ၏။

“ဝုန်း”

ကံကောင်းလှသည်မှာ ထိုခဏ၌ လင်းရန်ယန်သည် ဟင်းလင်းပြင်ထဲသို့ လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်ခြင်းပင် ဖြစ်သည်၊၊

ချက်ချင်းပင် တောက်လောင်နေသော မီးလျှံအားလုံးမှာ ငြိမ်းသတ်သွားခဲ့ရတော့၏၊

“ဒါ... ဒါ ဘာဖြစ်တာလဲ”

“ငါတို့ တစ္ဆေနဲ့ တွေ့နေတာလား၊ မီးတုတ်တွေက ဘယ်လိုဖြစ်ပြီး သူ့အလိုလို ငြိမ်းသွားရတာလဲ”

“နေဦး၊ ဦးလေးကိုးရဲ့ အသံကို ကြားလိုက်သလိုပဲ”

ဤလက်ကွက်ငယ်လေးမှာ လုံခြုံရေးအဖွဲ့ဝင်များနှင့် အားကွမ်တို့ကို အလွန်အမင်း ထိတ်လန့်သွားစေသဖြင့် သူတို့၏ မျက်နှာများမှာ အရောင်အဆင်း ပျက်ယွင်းကုန်ကြသည်၊၊

သူတို့ အလျင်အမြန် လှည့်ကြည့်လိုက်သောအခါ လင်းရန်ယန်နှင့် ဦးလေးကိုးတို့ အမြန်လျှောက်လာသည်ကို မြင်လိုက်ရ၏။

“မင်းတို့ ဘာလို့ လူတွေကို ဒီလောက် နာကျင်အောင် လုပ်နေရတာလဲ”

ဦးလေးကိုး၏ မျက်မှောင်မှာ တင်းကျပ်စွာ တွန့်ချိုးနေ၏၊၊

ဤအဖွဲ့ဝင်များမှာ စစ်တပ်မှ လူမိုက်များနှင့် မခြားနားသဖြင့်၊ သူ၏ ပထမဆုံး ခံစားချက်မှာ သူတို့သည် အပြစ်မဲ့သူများကို နှိပ်စက်နေကြခြင်း ဖြစ်သည်ဟု ယူဆလိုက်ခြင်းပင် ဖြစ်သည်၊၊

“ဦးလေးကိုး၊ အချိန်မီ ရောက်လာတာပဲ၊ ဒီနိုင်ငံခြားသား သီလရှင်တွေက ကျွန်တော့်ရဲ့ လက်နက်ကို လုပြီး ကျွန်တော့်ကို သတ်ဖို့ ကြိုးစားကြတာ၊ ကံကောင်းလို့သာ နားရွက်တစ်ဖက်ပဲ ပြတ်သွားတာ”

အားကွမ်သည် နာကျင်နေသော မျက်နှာဖြင့် ချက်ချင်းပင် ရှင်းပြတော့၏၊

“ဒါ တကယ်ပဲလား”

ဦးလေးကိုးမှာ မျက်မှောင်ကြုတ်လိုက်ပြီးနောက် မြေပြင်ပေါ်ရှိ သီလရှင်ငယ်များဘက်သို့ လှည့်၍ မေးမြန်းလိုက်သည်၊၊

“သူက ရောက်လာတာနဲ့ ငါတို့ ဘုရားကျောင်းကို မီးရှို့မယ်လို့ ဘယ်သူက ပြောခိုင်းလို့လဲ”

“ဟုတ်ပါတယ်၊ ငါတို့က တရားဟောဖို့ အဝေးကြီးကနေ လာခဲ့တာ၊ ကျောင်းအုပ်ဆရာမကြီးက သူတို့ ဘုရားကျောင်းကို မီးရှို့တာကို ဘယ်လိုလုပ်ပြီး သဘောတူနိုင်မှာလဲ”

“ကျောင်းအုပ်ဆရာမကြီးက အရမ်းဒေါသထွက်သွားလို့ပါ၊ သူက တကယ် သတ်ချင်လို့ မဟုတ်ပါဘူး”

အကျိုးအကြောင်း ပြောနိုင်မည့်သူကို တွေ့လိုက်ရသဖြင့် သီလရှင်ငယ်များမှာ အလျင်အမြန်ပင် ငိုယိုလျက် အဖြစ်အပျက် အစဉ်အတိုင်းကို ပြောပြကြတော့၏၊၊

“မင်းက ဘာအကြောင်းပြချက်မှ မရှိဘဲ သူတို့ ဘုရားကျောင်းကို ဘာလို့ ရှို့ချင်ရတာလဲ”

“မင်းကို အသေအလဲ ပြန်မချရင်မှ ထူးဆန်းဦးမယ်”

ထိုစကားကို ကြားရသောအခါ ဦးလေးကိုးသည် အားကွမ်ကို ချက်ချင်းပင် စိုက်ကြည့်လိုက်သည်၊၊

အကယ်၍ တစ်စုံတစ်ယောက်က သူ၏ တာအိုဂေဟာကို မီးရှို့ရန် ကြံစည်ပါက၊ သူသည်လည်း အသက်နှင့်လဲ၍ ပြန်လည် တိုက်ခိုက်မည်မှာ အမှန်ပင် ဖြစ်၏။

“ဦးလေးပဲ လင်းနို့အသိုက်ကို မီးရှို့ဖို့ အမိန့်ပေးခဲ့တာ မဟုတ်လား၊ ဒီနေရာက လင်းနို့အသိုက်ပဲလို့ ကျွန်တော့်ရဲ့ လက်အောက်ငယ်သားတွေက ရှာတွေ့ထားတာလေ”

အားကွမ်သည် အလျင်အမြန်ပင် အပြစ်ပုံချလိုက်တော့၏၊၊

ယခုမူ ဦးလေးကိုးမှာ မှင်သက်သွားရပြီး၊ ဤကိစ္စက ဘယ်လိုဖြစ်ပြီး သူ၏ ပြဿနာ ဖြစ်သွားရသနည်း အားမသိလိုက်ပေ။

“အာ၊ ဒါဆိုရင် ရှင်ကပဲ ကျွန်မတို့ ဘုရားကျောင်းကို မီးရှို့ခိုင်းတဲ့သူပေါ့လေ”

“ရှင်တို့အားလုံးက တကယ်ကို ယုတ်မာကြတာပဲ၊ ကျွန်မတို့ ဒီမှာ လင်းနို့ တစ်ကောင်တောင် မတွေ့ဖူးပါဘူး”

“ဟုတ်တယ်၊ ရှင်တို့အားလုံးက တစ်ဖွဲ့တည်းပဲ၊ ရှင်တို့ ကျွန်မတို့ကို သတ်ချင်ရင် သတ်နိုင်တယ်၊ ဒါပေမဲ့ ဘုရားကျောင်းကိုတော့ ဘယ်တော့မှ အရှို့မခံနိုင်ဘူး”

ငယ်ရွယ်သော သီလရှင်ငယ်လေးများမှာ ရုတ်တရက် လင်းရန်ယန်နှင့် ဦးလေးကိုးတို့ကို စိုက်ကြည့်လာကြပြီး ဘုရားကျောင်း၏ ရှေ့တွင် အသေခံမည့် ဟန်ပန်ဖြင့် ရပ်တန့်လိုက်ကြသည်၊၊

“ဒီနေရာက လင်းနို့အသိုက် ဖြစ်တယ်ဆိုတဲ့ သက်သေ မင်းမှာ ရှိလား၊ မင်း ဒီအတိုင်း လျှောက်ပြောလို့ မရဘူးလေ၊

ဒါ့အပြင် လင်းနို့အသိုက် ရှိနေရင်တောင်မှ ဘုရားကျောင်းကို ရှို့ဖို့ မလိုပါဘူး မဟုတ်လား”

အကူအညီမဲ့စွာဖြင့် ဦးလေးကိုးသည် အားကွမ်နှင့် အခြားသူများကိုသာ မေးမြန်းနိုင်တော့၏၊၊

“သက်သေကတော့ အသေအချာ ရှိတာပေါ့၊ လောင်လျို... ဒီကို လာစမ်း၊ မင်း ခုနက ဘာတွေ့ခဲ့လဲဆိုတာ သူတို့ကို ပြောပြလိုက်စမ်း”

အားကွမ်က အောင်နိုင်သူ အပြုံးဖြင့် ပြုံးလိုက်သည်၊၊

“ဗျာ၊ အဖွဲ့ခေါင်းဆောင်... ကျွန်တော် တကယ်ပဲ ပြောရမှာလား”

အားကွမ်၏ စကားကို ကြားသောအခါ လောင်လျိုမှာ ရုတ်တရက် ထိတ်လန့်သွားရသည်၊၊

ထိုစကားမျိုးကို ဒီအတိုင်း ပြောထွက်ပါ့မလား၊

“ငါက မင်းကို ပြောခိုင်းနေတာလေ၊ ပြောစမ်းပါ၊ ဘာတွေ ရစ်နေတာလဲ”

အားကွမ်သည် ထိုကောင်လေးကို ချက်ချင်းပင် မျက်စောင်းထိုးလိုက်၏။

“ကောင်းပါပြီ၊ ဒါဆိုရင်လည်း ကျွန်တော် ပြောပါ့မယ်၊ ကျွန်တော် ရှာတွေ့တာကတော့ ဒီမှာ မိန်းကလေး ငယ်ငယ်လေး ငါးယောက်ပဲ ရှိတယ်၊ ဒါပေမဲ့ ကျွန်တော်တို့က ခြောက်ယောက် ရှိနေတာ၊ တစ်ယောက် တစ်ခုစီ ခွဲယူဖို့တောင် မလောက်ဘူးလေ”

လောင်လျိုသည် သူ ရှာဖွေတွေ့ရှိခဲ့သော အရာကို တရားမျှတသည့်အလား ပြောကြားလိုက်သည်၊၊

သို့သော်လည်း ထိုစကား ထွက်လာသည်နှင့် တစ်ပြိုင်နက် မြေကွက်လပ်တစ်ခုလုံးမှာ တိတ်ဆိတ်သွားခဲ့ရ၏။

“ဒါဆိုရင်... ဒါက မင်း ရှာတွေ့ခဲ့တဲ့ အရာပေါ့လေ”

ဦးလေးကိုး၏ မျက်နှာမှာ ချက်ချင်းပင် မှောင်ကျသွားခဲ့ရသည်။

“ဦးလေးကိုး... ကျွန်တော့်ရဲ့ ရှင်းပြချက်ကို နားထောင်ပါဦး... မဟုတ်ဘူး၊ ကျွန်တော် မှားတာပါ”

အားကွမ်မှာ ထိတ်လန့်သွားရသည်၊၊ သူ၏ ရှေ့တွင် ရှိနေသော ဦးလေးကိုးမှာ ရွာသူကြီးက အထူးမှာကြားထားသော ဧည့်သည်တော်ကြီး ၏။ အကယ်၍ သူ့ကို စိတ်ဆိုးအောင် လုပ်မိပါက လုံခြုံရေးအဖွဲ့ခေါင်းဆောင် ရာထူးကို ဆုံးရှုံးရလိမ့်မည်၊၊

“ထွက်သွားစမ်း”

ဦးလေးကိုးသည် တိုက်ရိုက်ပင် ဟိန်းဟောက်လိုက်တော့၏၊၊

သူ၏ ဘဝတွင် အမုန်းဆုံးအရာမှာ အခြားသူများကို နှိပ်စက်သော ဤကဲ့သို့သော လူစားများပင် ဖြစ်သည်၊၊ အကယ်၍ သူသာ ရွာမှ ဖိတ်ကြားထားသော ဖုန်းရွှေဆရာ မဟုတ်ပါက၊ ဤလူများ၏ မျိုးဆက်ပြတ်အောင် သူ လုပ်ဆောင်ပြီးသား ဖြစ်လိမ့်မည်၊၊

“သွားမယ်၊ သွားမယ်၊ မြန်မြန် သွားကြရအောင်”

အားကွမ်သည် တစ်ကိုယ်လုံး တုန်ရင်နေပြီး ကြောက်လန့်လွန်းသဖြင့် ဆီးပင် ထွက်ကျသွားခဲ့ရသည်၊၊ ထို့နောက် သူ၏ လက်အောက်ငယ်သားများကို ဦးဆောင်၍ ဝေးရာသို့ အပြေးအလွှား ထွက်ခွာသွားတော့၏၊

“ညီငယ်၊ ဒီလူက ကယ်လို့ ရသေးရဲ့လား”

ဦးလေးကိုးသည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော ဝဝဖိုင့်ဖိုင့် သီလရှင်ကြီးဆီသို့ လှည့်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်၊၊

သူမ၏ ခန္ဓာကိုယ်တွင် သေနတ်ဒဏ်ရာ ခုနစ်ချက်၊ ရှစ်ချက်မျှ ရှိနေသဖြင့် အသက်ရှင်ရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်၏။

“သူ ခုနက မသေသေးပါဘူး၊ ဒါကြောင့် ကျွန်တော်က သစ်သားဝိညာဉ်စွမ်းအား အနည်းငယ်ကို သူမဆီ ထိုးသွင်းထားတာ၊ ဒါကြောင့် သူမကို ကယ်လို့ ရပါသေးတယ်”

ကံကောင်းလှသည်မှာ လင်းရန်ယန်၏ စကားကြောင့် ဦးလေးကိုးမှာ အသာအယာ ခေါင်းညိတ်လိုက်နိုင်သည်၊၊

ဘာပဲဖြစ်ဖြစ် လင်းနို့အသိုက်ကို မီးရှို့ရန် သူ၏ အကြံပြုချက်ကြောင့်ပင် ဤအဖွဲ့ဝင်များမှာ ရဲတင်းသွားကြခြင်း ဖြစ်၏။

“ဘာ၊ ကျောင်းအုပ်ဆရာမကြီးကို ကယ်နိုင်တယ်လို့ ပြောတာလား”

လင်းရန်ယန်နှင့် ဦးလေးကိုးတို့၏ စကားကို ကြားရသောအခါ သီလရှင်ငယ်လေးတစ်ဦးက စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်သည်၊၊

“ဒါ တကယ်ပဲလား၊ အကယ်၍ ရှင်က ကျောင်းအုပ်ဆရာမကြီးကို ကယ်ပေးနိုင်မယ်ဆိုရင်၊ ကျွန်မတို့ ရှင့်ကို တကယ်ပဲ ကျေးဇူးတင်မှာပါ”

“ရှင် ခိုင်းတာမှန်သမျှ ကျွန်မတို့ လုပ်ဖို့ အဆင်သင့်ပါပဲ”

“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်”

ကျန်ရှိသော သီလရှင်များမှာလည်း ရိုးသားဖြူစင်လှသော စိတ်ထားဖြင့် လင်းရန်ယန်နှင့် ဦးလေးကိုးတို့ကို အသနားခံနေကြတော့၏၊၊

သေပြီးသားလူကို ပြန်လည် အသက်သွင်းနိုင်မည်ဟု သူတို့ မယုံကြည်သော်လည်း၊ ယခုအချိန်တွင်မူ အခြားသော ရွေးချယ်စရာ မရှိတော့ချေ၊၊

“မင်းတို့ လမ်းမဖယ်ပေးရင်တော့ သူမ တကယ်ပဲ ကယ်လို့ မရတော့မှာနော်”

လင်းရန်ယန်က ပြုံးလျက် ဆိုလိုက်၏၊၊

သူ စကားပြောလိုက်သည်နှင့် သီလရှင်များမှာ ချက်ချင်းပင် လမ်းဖယ်ပေးကြသည်၊၊

ထို့နောက် လင်းရန်ယန်သည် ဟင်းလင်းပြင်ထဲသို့ လက်ဝါးတစ်ဖက်ကို တိုက်ရိုက်ပင် ရိုက်ထုတ်လိုက်၏။

“ဝုန်း”

မျက်စိတစ်မှိတ်အတွင်းမှာပင်၊ ကြီးမားလှသော သစ်သားဝိညာဉ်စွမ်းအားများသည် သူ၏ လက်ထဲမှ ရေလျှံသကဲ့သို့ စီးထွက်လာခဲ့တော့၏၊၊

ထိုခဏ၌ ထည်ဝါလှသော စွမ်းအားများသည် ကျောင်းအုပ်ဆရာမကြီး၏ ခန္ဓာကိုယ်အတွင်းသို့ အသည်းအသန် စုရုံးဝင်ရောက်သွားကြသည်၊၊

ဤစိမ်းလန်းသော စွမ်းအင်များအောက်တွင် ဝဝဖိုင့်ဖိုင့် သီလရှင်ကြီးမှာ တဖြည်းဖြည်း မြေပြင်မှ လွင့်တက်လာခဲ့၏။

ဤကဲ့သို့သော အံ့ဖွယ်မြင်ကွင်းကြောင့် ရောက်ရှိနေသော သီလရှင်ငယ် ငါးဦးစလုံးမှာ မယုံကြည်နိုင်စွာဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရသည်။

“ဖြောက်၊ ဖြောက်၊ ဖြောက်”

ထို့နောက် ကျည်ဆန်တစ်ခုပြီးတစ်ခုမှာ သီလရှင်ကြီး၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာခဲ့သည်။

ကျည်ဆန်များ ထွက်သွားပြီးနောက် ဒဏ်ရာများမှာ ချက်ချင်းပင် ပြန်လည် အနာကျက်သွားခဲ့ရ၏၊၊

သူတို့ကို ပို၍ အံ့အားသင့်စေသည်မှာမူ၊ သူမ၏ အဝတ်အစားများပေါ်ရှိ ကျည်ဆန်ပေါက်များပင်လျှင် ပြန်လည် ပြုပြင်သွားခဲ့ခြင်း ဖြစ်သည်၊၊

စင်စစ်သော်ကား ဤခေတ်ကာလရှိ အဝတ်အစားများကို အပင်မှရသော အမျှင်များဖြင့် ပြုလုပ်ထားသဖြင့် သစ်သားဓာတ် စွမ်းအင်များက အလွယ်တကူပင် ပြန်လည် ပြုပြင်နိုင်ခြင်း ဖြစ်၏၊၊

“ဒါဟာ ညီငယ်ပဲ ဖြစ်ရမယ်၊ ဒီလောက် အစွမ်းထက်တဲ့ ကုသခြင်း စွမ်းရည်မျိုးကတော့၊ အသက်ရှူရုံလေး ကျန်နေရင်တောင်မှ မသေနိုင်တော့ဘူး၊ တကယ်ကို အစွမ်းထက်လွန်းတယ်”

ကိုးခုမြောက်ဦးလေးမှာ စိတ်လှုပ်ရှားစွာဖြင့် မချီးကျူးဘဲ မနေနိုင်တော့ချေ၊၊

“ဘုန်း”

သို့သော်လည်း ကိုးခုမြောက်ဦးလေးကို ဆွံ့အသွားစေသည်မှာမူ၊ လင်းရန်ယန်သည် သစ်သားဝိညာဉ်စွမ်းအားကို ရုတ်တရက် လွှတ်လိုက်သဖြင့် ဝဝဖိုင့်ဖိုင့် သီလရှင်ကြီးမှာ မြေပြင်ပေါ်သို့ ဒိုင်းခနဲ ပြန်လည် ပြုတ်ကျသွားခဲ့ခြင်း ဖြစ်သည်။

“အား”

စူးရှသော နာကျင်မှုကြောင့် အိပ်ပျော်နေသော သီလရှင်ကြီးမှာ ချက်ချင်းပင် နိုးထလာခဲ့ပြီး၊ သူမသည် သူမ၏ ခါးကို နာကျင်စွာ ဆုပ်ကိုင်လျက် မြေပြင်မှ အတင်း ထထိုင်လိုက်၏။

“ဘာတွေ ဖြစ်နေတာလဲ၊ ငါ ဘာလို့ မြေကြီးပေါ်မှာ လဲနေရတာလဲ”

ယခုမှ ပြန်လည် အသက်ဝင်လာသော သီလရှင်ကြီးမှာ ဇဝေဇဝါဖြင့် သူမ၏ တစ်ကိုယ်လုံးရှိ ဖုန်မှုန့်များကို ခါထုတ်နေတော့၏၊

“ကျောင်းအုပ်ဆရာမကြီး အသက်ရှင်နေပြီ”

“သိပ်ကောင်းတာပဲ၊ ဆရာမကြီး ဘာမှ မဖြစ်တော့ဘူး”

“ဟီး... ဟီး... ဆရာမကြီး ဘာမှ မဖြစ်လို့ တော်ပါသေးရဲ့”

သီလရှင်ကြီး အဆင်ပြေသည်ကို မြင်လိုက်ရသောအခါ သီလရှင်ငယ်လေးများမှာ ငိုယိုလျက် အပြေးအလွှား သွားရောက် ဖက်ထားကြတော့၏၊

“မင်းတို့ ကလေးမတွေ၊ ဘာတွေ လျှောက်ပြောနေတာလဲ၊ ဘာလဲ... ငါ့ကို သေစေချင်နေကြတာလား”

သီလရှင်ကြီးမှာ ဆွံ့အသွားရပေသည်၊ သူမမှာ သိသိသာသာပင် အကောင်းကြီး ရှိနေ၏။

သို့သော်လည်း သူမသည် သူမကိုယ်တိုင် သေနတ်ဖြင့် အကြိမ်ကြိမ် အပစ်ခံခဲ့ရသည်ကို ပြန်လည် သတိရလိုက်သည်၊၊

“နေဦး၊ ငါတို့ ဘုရားကျောင်းကို မီးရှို့ချင်နေတဲ့ လူတွေ ဘယ်ရောက်သွားလဲ”

သီလရှင်ကြီးသည် ပတ်ဝန်းကျင်ကို အလျင်အမြန်ပင် လှည့်ပတ်ကြည့်ရှုလိုက်၏။

သူမသည် တာအိုဝတ်စုံများ ဝတ်ဆင်ထားသော ဦးလေးကိုးနှင့် လင်းရန်ယန်တို့ကို မြင်တွေ့လိုက်ရ၏၊

“တာအိုဆရာကြီး နှစ်ပါး... ရှင်တို့က...”

သီလရှင်ကြီးသည် မျက်မှောင်ကြုတ်လိုက်သည်၊၊

သူမသည် သီလရှင်ငယ်လေးများကို သူမ၏ နောက်ကွယ်သို့ အလျင်အမြန် ကာကွယ်လိုက်၏။ စင်စစ်သော်ကား တရားဟောကြားစဉ်အတွင်း အခြားသော ဘာသာရေး ဂိုဏ်းခွဲများ၏ သတ်ဖြတ်ခြင်းကို ခံရသော ဘုန်းတော်ကြီးများနှင့် သာသနာပြုများအကြောင်း သူမ အမြောက်အမြား ကြားဖူးထားသည်။

“ကျောင်းအုပ်ဆရာမကြီး၊ ဆရာမကြီး ခုနက သေနတ်နဲ့ အပစ်ခံရပြီး သေသွားခဲ့တာပါ၊ ဒီတာအိုဆရာလေးကပဲ ဆရာမကြီးကို ကယ်တင်ပြီး ပြန်လည် အသက်သွင်းပေးခဲ့တာပါ”

“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ သူက ဘုရားသခင်လိုပဲ၊ လက်ကို တစ်ချက် ဝေ့ယမ်းလိုက်တာနဲ့ ဆရာမကြီး ပြန်နိုးလာတာပဲ”

“သူက ဒဏ္ဍာရီထဲက နိုးထလာတော့မယ့် ‘သန့်ရှင်းသော သူတော်စင်’ များ ဖြစ်နေမလား”

သီလရှင်ငယ်လေးများမှာ ယခုအခါ လင်းရန်ယန်ကို ကြည်ညိုလေးစားလှသော မျက်ဝန်းများဖြင့် ကြည့်နေကြတော့၏၊

သူတို့ ဘုရားကျောင်းမှ လာစဉ်အတွင်းက၊ ‘သန့်ရှင်းသော သူတော်စင်’ ဂိုဏ်းခွဲကို ထောက်ခံသော အသင်းသားအချို့ထံမှ ကောလာဟလများကို ကြားဖူးခဲ့ကြသည်၊၊

ဒဏ္ဍာရီများအရ သန့်ရှင်းသော သူတော်စင်သည် မကြာမီ နိုးထလာတော့မည် ဖြစ်သည်၊ သူ နိုးထလာသည်နှင့် တစ်ပြိုင်နက် တစ်လောကလုံးရှိ အလင်းအသင်းတော်နှင့် လူသားအားလုံးကို ကောင်းကင်ဘုံသို့ ပို့ဆောင်ပေးလိမ့်မည် ဖြစ်သည်၊၊

ဒဏ္ဍာရီများထဲတွင် သန့်ရှင်းသော သူတော်စင်သည် ရောဂါဝေဒနာနှင့် နာကျင်မှုများကို ကုသပေးနိုင်စွမ်း ရှိ၏။ သူတို့၏ ရှေ့မှောက်ရှိ လင်းရန်ယန်မှာ ဒဏ္ဍာရီထဲမှ သန့်ရှင်းသော သူတော်စင်နှင့် အတိအကျပင် တူညီနေသည် ။

သို့သော်လည်း သီလရှင်ငယ်လေးများ၏ စကားကို ကြားရသောအခါ သီလရှင်ကြီးမှာလည်း ထိတ်လန့်သွားရ၏ယ

သူမသည် အမှန်တကယ်ပင် လင်းရန်ယန်၏ ကယ်တင်ခြင်းကို ခံခဲ့ရသည် ။

သို့သော်လည်း သူမ၏ မျက်နှာ အမူအရာမှာ မကြာမီ ပြောင်းလဲသွားပြီး သီလရှင်ငယ်များကို အလျင်အမြန်ပင် ဆဲဆိုလိုက်တော့၏၊

“ဘာတွေ လျှောက်ပြောနေတာလဲ၊ ဒဏ္ဍာရီထဲက သန့်ရှင်းသော သူတော်စင်ဟာ ‘အလင်းသန့်ရှင်းသော ခန္ဓာကိုယ်’ ကို ပိုင်ဆိုင်ထားပြီး တစ်လောကလုံးရဲ့ အလင်းတွေကို ထိန်းချုပ်နိုင်စွမ်း ရှိတာ”

အခန်း ၁၈၀ - သာသနာပြုဘုန်းတော်ကြီး

“ဒီလောကဓာတ်တစ်ခုလုံးမှာ အဲ့ဒီအလင်းစွမ်းအားကို သူတစ်ယောက်တည်းသာ ထိန်းချုပ်နိုင်စွမ်းရှိတာ”

ဝဝဖိုင့်ဖိုင့် သီလရှင်ကြီးသည် ငယ်ရွယ်သော သီလရှင်ငယ်လေးများထက် ပိုမို၍ ဗဟုသုတ ကြွယ်ဝလှ၏။ စင်စစ်သော်ကား အလင်းအသင်းတော်ကြီးက သူမအား ဤသို့ ဝေးလံသော အရပ်ဒေသသို့ သီလရှင်ငယ်အချို့နှင့်အတူ စေလွှတ်လိုက်ခြင်းမှာ သူမ၏ ခိုင်မာလှသော ယုံကြည်ခြင်းနှင့် များပြားလှသော အတွေ့အကြုံများကြောင့်ပင် ဖြစ်သည်။

ထို့ပြင် အဓိက အကြောင်းရင်းတစ်ခုမှာ ထိုသီလရှင်ကြီးသည် ကျင့်ကြံခြင်းဆိုင်ရာ ပါရမီထူးရှိသူ ဖြစ်သဖြင့် အသင်းတော်၏ ကျင့်စဉ်များကိုလည်း လေ့ကျင့်ထားခြင်းကြောင့်ပင် ဖြစ်၏။ သူမသည် ‘လူသားဆရာသခင်’ အဆင့်၏ ဒုတိယ သို့မဟုတ် တတိယအလွှာ အစွမ်းမျိုးသာ ရှိသော်လည်း ၎င်းမှာပင် အတော်အတန် ချီးကျူးထိုက်သော အဆင့်၌ ရှိနေပ၏။ သို့ရာတွင် ဤအဆင့်မှာမူ ခေတ်မီသေနတ်များ၏ ရန်ကို ခုခံနိုင်စွမ်း မရှိသေးချေ။

“ကျွန်မရဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ် တာအိုဆရာကြီးတို့ရှင်၊ ရှင်တို့သာ မရှိရင် ကျွန်မကတော့ သေလူ ဖြစ်နေပါပြီ၊ ဘုရားသခင် ကောင်းချီးပေးပါစေ”

လင်းရန်ယန်နှင့် ဦးလေးကိုးတို့သည် တာအိုပညာရပ်တစ်ခုခုကို အသုံးပြု၍ မိမိအား ကယ်တင်ခဲ့ခြင်း ဖြစ်သည်ဟု ယူဆလိုက်ကာ သီလရှင်ကြီးသည် အလျင်အမြန်ပင် ကျေးဇူးတင်စကား ဆိုလိုက်၏။

“ရပါတယ်၊ ဒါက ကျွန်တော့်ညီငယ်အတွက်တော့ ကိစ္စအသေးအမွှားလေးပါ”

ဦးလေးကိုးက လက်တစ်ဖက်ကို ဝေ့ယမ်းလျက် ဆိုလိုက်၏။ သို့သော်လည်း လင်းရန်ယန်၏ စိတ်ထဲ၌မူ ရုတ်တရက် နောက်ပြောင်လိုစိတ်များ ပေါ်ပေါက်လာခဲ့လေပြီ။

“ဒီလောကမှာ အဲ့ဒီ သန့်ရှင်းသောသူတော်စင် တစ်ယောက်တည်းပဲ အလင်းစွမ်းအားကို ထိန်းချုပ်နိုင်တယ်လို့ ပြောလိုက်တာလား”

လင်းရန်ယန်က မေးမြန်းလိုက်၏။ သူ စကားပြောလိုက်သည်နှင့် တစ်ပြိုင်နက် ဦးလေးကိုး၏ နှုတ်ခမ်းများမှာ တွန့်သွားရပြန်၏။ လင်းရန်ယန်သည် ရံဖန်ရံခါတွင် ထူးဆန်းသော စိတ်ဝိညာဉ်ခန္ဓာများကို နိုးထစေတတ်သည်ကို သိထားသဖြင့်၊ ယခုလည်း လင်းရန်ယန်သည် ‘အလင်းခန္ဓာ’ ကို နိုးထစေလိုက်ပြီ ဖြစ်ကြောင်း သူ ချက်ချင်းပင် ရိပ်မိလိုက်သည်။ ထို့ပြင် ဤသီလရှင်များကို တစ်ခုခု နောက်ပြောင်တော့မည် ဖြစ်ကြောင်းလည်း သူ သိလိုက်၏။

“မှန်ပါတယ်၊ သမ္မာကျမ်းစာသစ်ထဲမှာ ဖော်ပြထားတာကတော့ လောကမှာရှိတဲ့ အလင်းအားလုံးကို သူတော်စင် တစ်ယောက်တည်းကသာ အစိုးရပြီး တခြားဘယ်သူမှ မတတ်နိုင်ဘူးလို့ ဆိုထားပါတယ်၊ အာမင်”

သီလရှင်ကြီးက ကြည်ညိုလေးစားလှသော မျက်နှာပေးဖြင့် ဆိုလိုက်၏။

“ဟုတ်ပါပြီ၊ ဒါဆိုရင် ဒါကိုရော ဘယ်လို ပြောမလဲ”

ရုတ်တရက် လင်းရန်ယန်က ပြုံးလိုက်၏။

“ဝုန်း”

မျက်စိတစ်မှိတ်အတွင်းမှာပင်၊ လင်းရန်ယန်၏ တစ်ကိုယ်လုံးမှ စူးရှတောက်ပလှသော အလင်းတန်းများ ဖြာထွက်လာခဲ့တော့၏။ ထိုတောက်ပလှသော အလင်းရောင်များအောက်တွင် လင်းရန်ယန်မှာ နတ်ဘုရားတစ်ပါး ဆင်းသက်လာသည့်အလား ထည်ဝါလွန်းလှသည်။

ဤသည်ကို မြင်လိုက်ရသောအခါ သီလရှင်အားလုံးမှာ မယုံကြည်နိုင်လောက်အောင် မျက်လုံးများ ပြူးသွားကြပြီး သူတို့၏ မျက်ဝန်းများတွင် အံ့သြထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားခဲ့ရလေ၏။

သို့သော် ထိုမျှနှင့်တင် မပြီးသေးချေ။ ထို့နောက် လင်းရန်ယန်သည် သူ၏ ညာလက်ကို ဆန့်ထုတ်ကာ ဟင်းလင်းပြင်ထဲသို့ ဆုပ်ကိုင်လိုက်၏။

“ဝုန်း”

အဆုံးအစမဲ့လှသော အလင်းတန်းများသည် လင်းရန်ယန်၏ ညာလက်ဆီသို့ အသည်းအသန် စုရုံးဝင်ရောက်သွားကြတော့၏။ ထိုခဏ၌ ပတ်ဝန်းကျင်ရှိ နေရောင်ခြည်များပင်လျှင် ဆန်းကြယ်လှသော စွမ်းအားတစ်ခု၏ ဆွဲငင်ခြင်းကို ခံလိုက်ရသည်။

စွမ်းအားများမှာ လင်းရန်ယန်၏ လက်ဖဝါးအတွင်းသို့ လျင်မြန်စွာ စုစည်းသွားခဲ့ရလေပြီ။ ကီလိုမီတာ ဒါဇင်ပေါင်းများစွာအတွင်းရှိ ကမ္ဘာလောကကြီးမှာ တဖြည်းဖြည်း မှောင်အတိ ကျသွားခဲ့ရတော့၏။ နောက်ဆုံးတွင်မူ လုံးဝ ဥဿုံ မှောင်မိုက်သွားခဲ့ရသည်။

ဤကမ္ဘာလောကတွင် အလင်းရောင် ရှိနေသေးသော တစ်ခုတည်းသော နေရာမှာ လင်းရန်ယန်၏ လက်ဖဝါးအတွင်း၌သာ ဖြစ်၏။

“ဖြောက်”

လင်းရန်ယန်က သူ၏ ညာလက်ကို ရုတ်တရက် ဆုပ်လိုက်သောအခါ၊ လက်ထဲရှိ အလင်းလုံးကြီးမှာ ပေါက်ကွဲထွက်သွားခဲ့ပြီး အဆုံးမဲ့သော အလင်းတန်းများသည် အရပ်မျက်နှာ အနှံ့အပြားသို့ ပြန်လည် ပျံ့နှံ့သွားခဲ့ရတော့၏။ ကောင်းကင်ယံမှ နေရောင်ခြည်များသည်လည်း ချက်ချင်းပင် ပြန်လည် ဖြာကျလာခဲ့တော့သည်။

တစ်လောကလုံးမှာ ပြန်လည် လင်းထိန်သွားခဲ့ရတော့၏။ ဤကဲ့သို့သော နတ်ဘုရားတစ်ပါးကဲ့သို့ အံ့ဖွယ်မြင်ကွင်းက ရောက်ရှိနေသော သီလရှင်အားလုံးကို မှင်သက် မိန်းမောသွားစေခဲ့၏။

“ဘုန်း၊ ဘုန်း”

သီလရှင်များမှာ တစ်ဦးပြီးတစ်ဦး လင်းရန်ယန်၏ ရှေ့မှောက်၌ ဒူးထောက်လိုက်ကြတော့၏။

“သန့်ရှင်းသော သူတော်စင် ဆင်းသက်လာပြီ၊ သန့်ရှင်းသော သူတော်စင် တကယ်ပဲ ကြွလာခဲ့ပြီ”

သီလရှင်ကြီးသည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။

သာမန်လူတစ်ယောက်ဆိုလျှင် လင်းရန်ယန်သည် မျက်လှည့်တစ်ခုခုကို အသုံးပြုနေသည်ဟု သံသယဝင်နိုင်သော်လည်း၊ သီလရှင်ကြီးကမူ လင်းရန်ယန်မှာ ‘သန့်ရှင်းသော သူတော်စင်’ ဖြစ်ကြောင်း လုံးဝ ဥဿုံ ယုံကြည်သွားခဲ့လေသည်။ သူမကိုယ်တိုင်လည်း အလင်းအခြေခံ ကျင့်စဉ်များကို လေ့ကျင့်ထားသူ ဖြစ်သဖြင့် ပတ်ဝန်းကျင်ရှိ အလင်းစွမ်းအားများကို ကောင်းစွာ အာရုံခံနိုင်၏။

ထိုခဏ၌ လင်းရန်ယန်ကိုယ်တိုင်မှာပင် အလင်းစွမ်းအားတစ်ခုအဖြစ် အသွင်ပြောင်းသွားသည့်အလား သူမ ခံစားလိုက်ရခြင်း ဖြစ်၏။ ၎င်းမှာ ဒဏ္ဍာရီထဲမှ ‘အလင်းသန့်ရှင်းသော ခန္ဓာကိုယ်’ ပင် ဖြစ်မည်။ ဤလောကတွင် သူတော်စင်မှလွဲ၍ မည်သူက အလင်းကို ဤမျှ ထိန်းချုပ်နိုင်မည်နည်း။

စင်စစ်သော်ကား ကျမ်းစာလာ မှတ်တမ်းများကို သံသယဝင်နိုင်သော်လည်း၊ ကျမ်းစာကို သံသယဝင်ခြင်းမှာ ဘုရားသခင်ကို သံသယဝင်ခြင်းပင် ဖြစ်သည်။ ၎င်းမှာ လင်းရန်ယန်သည် သူတော်စင် ဟုတ်မဟုတ် သံသယဝင်ခြင်းထက်ပင် ပိုမို ကြီးလေးလှသော အပြစ် ဖြစ်၏။

“ညီငယ်၊ မင်းရဲ့ နောက်ပြောင်မှုက နည်းနည်း များသွားပြီလို့ ငါ ထင်တယ်နော်”

ထိုခဏ၌ သီလရှင်ကြီး၏ အရူးအမူး ကြည်ညိုနေသော မျက်နှာပေးကို မြင်ရသောအခါ ဦးလေးကိုးသည် လင်းရန်ယန်ကို တိုးတိုးလေး ကပ်၍ ပြောလိုက်၏။

“ဘာဖြစ်လဲ အစ်ကိုကြီးရဲ့”

လင်းရန်ယန်က လက်ကို ဝေ့ယမ်းလျက် ဆိုလိုက်၏။ သူသည် အလင်းအသင်းတော်၏ ဌာနချုပ်သို့ သွားရောက်ကာ ဤကဲ့သို့ပင် လုပ်ဆောင်ရန် စိတ်ကူးနေသေးသည်။ အသင်းတော်မှ အရာရှိကြီးများက သူသည် အလင်းစွမ်းအားကို ပိုင်ဆိုင်ထားပြီး လူပေါင်းများစွာ၏ သူတော်စင်ဟု သတ်မှတ်ခြင်း ခံရသည်ကို မြင်သောအခါ မည်သို့သော မျက်နှာပေးမျိုး ရှိမည်နည်း။ ယေရှုကိုယ်တိုင်ပင် သူတော်စင် မဟုတ်ကြောင်း သူတို့ သိထားသော်လည်း လင်းရန်ယန်ကိုမူ အံကြိတ်၍ သူတော်စင်အဖြစ် အသိအမှတ်ပြုရလိမ့်မည်။ ဘာပဲဖြစ်ဖြစ် သူတို့သည် ယေရှုကို သူတော်စင်အဖြစ် သတ်မှတ်ကာ အကျိုးအမြတ်များစွာ ရယူခဲ့ကြသည် ။ အကယ်၍ သူတို့က ကန့်ကွက်လာပါက သူတို့၏ ကိုးကွယ်ယုံကြည်သူများကပင် သူတို့ကို အရင်ဆုံး ဖျက်ဆီးပစ်ကြလိမ့်မည်။

“ထကြပါ၊ လောလောဆယ်တော့ ကျွန်တော့်ရဲ့ သူတော်စင် အမှတ်အသားကို ဘယ်သူ့ကိုမှ မပြောပါနဲ့ဦး၊

ခင်ဗျားတို့ရဲ့ ဘုရားကျောင်းထဲမှာ လင်းနို့တွေ ရှိမရှိ ကျွန်တော်တို့ သွားကြည့်ချင်တယ်၊ လမ်းပြပေးပါဦး”

လင်းရန်ယန်က ဖြည်းညင်းစွာ ဆိုလိုက်၏။

“ဟုတ်ကဲ့ပါ အရှင်၊ အရှင်က ကျွန်မတို့ရဲ့ ဘုရားကျောင်းကို ကြွရောက်ပေးတာဟာ ကျွန်မတို့အတွက်တော့ တကယ့်ကို ဂုဏ်ယူစရာပါပဲ”

သီလရှင်ကြီးသည် လင်းရန်ယန်ကို အရူးအမူး ကြည့်လျက် ဘုရားကျောင်းအတွင်းသို့ အသေအချာ ဦးဆောင်ခေါ်သွားတော့၏။ အချိန်မဖြုန်းလိုသဖြင့် လင်းရန်ယန်သည် မြေအောက်ခန်းဆီသို့ တိုက်ရိုက်ပင် သွားလိုက်သည်။

“ညီငယ်၊ လင်းနို့တွေက ဒီမှာ ရှိနေတာလား”

ကိုးခုမြောက်ဦးလေးက မျက်ခုံးပင့်ကာ မေးလိုက်၏။

“အရှင်၊ ဒါက အရင်တုန်းက သာသနာပြု ဘုန်းတော်ကြီးရဲ့ တရားထိုင်တဲ့ အခန်းပါ၊ ကျွန်မဆီမှာတောင် ဒီအခန်းကို ဖွင့်ဖို့ သော့ မရှိပါဘူး၊

ဒီထဲမှာ လင်းနို့တွေ ရှိမှာ မဟုတ်ပါဘူးနော်”

သီလရှင်ကြီးက အလျင်အမြန် ဆိုလိုက်၏။ သို့သော်လည်း နောက်တစ်ခဏ၌ သူမ၏ မျက်နှာမှာ ချက်ချင်း ပျက်ယွင်းသွားခဲ့ရသည်။

“ကျွန်မ တကယ့်ကို ယုတ်မာမိပါပြီ၊ ကျွန်မက အပြစ်ရှိတဲ့သူပါ၊ ကျွန်မက အရှင်ရဲ့ အမြင်ကို သံသယဝင်မိခဲ့တယ်”

သူမသည် မြေပြင်ပေါ်၌ အလျင်အမြန် ဒူးထောက်ကာ နောင်တရကာ ဝန်ခံနေတော့၏။

“ဟွန့်၊ ဒီအနောက်တိုင်း ဘာသာရေးတွေရဲ့ လူတွေကို လှည့်စားတဲ့ နည်းလမ်းတွေကတော့ တကယ့်ကို တစ်မျိုးပဲ”

ဦးလေးကိုးသည် ထိုမြင်ကွင်းကို ကြည့်ကာ မချိပြုံးပြုံးလျက် ရေရွတ်လိုက်၏။ တာအိုဂိုဏ်းများနှင့် အနောက်တိုင်း ဘာသာရေးများ၏ အကြီးမားဆုံး ကွာခြားချက်မှာ ဤသို့ ဖြစ်သည်၊ အနောက်တိုင်း ဘာသာရေးများသည် ယုံကြည်ခြင်းကို ခိုင်မာစေရန် ခြောက်လှန့်သော နည်းလမ်းများကို အသုံးပြုတတ်ကြပြီး၊ တာအိုဘာသာမှာမူ ဘိုးဘေးများနှင့် ရှေးဆရာသခင်များအပေါ် ရိုသေလေးစားမှုကို အခြေခံ၍ စည်းကမ်းများကို လိုက်နာစေခြင်း ဖြစ်သည်။ အမှန်စင်စစ် တာအိုဂိုဏ်းအချို့၏ လမ်းစဉ်မှာ ကောင်းကင်ဘုံကိုပင် ဆန့်ကျင်ရန် ဖြစ်ပေသည်၊ မင်းမှာသာ အစွမ်းရှိလျှင် ကောင်းကင်နှင့်ပင် ယှဉ်၍ တိုက်ခိုက်နိုင်၏။

“ထပါ၊ ရှိမရှိဆိုတာ ဝင်ကြည့်လိုက်ရင် သိရမှာပေါ့”

လင်းရန်ယန်က ပြုံးလျက် ဦးလေးကိုးကို အချက်ပြလိုက်သောအခါ ဦးလေးကိုးသည် တုံ့ဆိုင်းမနေဘဲ တံခါးကို ကန်ဖွင့်လိုက်တော့၏။

“ဘုန်း”

ကျယ်လောင်လှသော ပေါက်ကွဲသံနှင့်အတူ မြေအောက်ခန်း၏ သံတံခါးကြီးမှာ ပွင့်ထွက်သွားခဲ့ရသည်။ ဖုန်မှုန့်များမှာ သူတို့ သုံးဦးထံသို့ လွင့်စင်လာခဲ့၏။

“ဝုန်း”

ထိုခဏ၌ မမြင်ရသော စွမ်းအင်တစ်ခုက သူတို့ သုံးဦးကို ဝန်းရံလိုက်ပြီး ပတ်ဝန်းကျင်ရှိ ဖုန်မှုန့်အားလုံးကို ချက်ချင်းပင် တားဆီးလိုက်တော့၏။

“အံ့ဖွယ်ပါပဲ၊ ဒါဟာ အံ့ဖွယ်ပါပဲ”

သီလရှင်ကြီးမှာ အံ့သြတကြီးဖြင့် အော်ဟစ်လိုက်မိပြန်၏။ လင်းရန်ယန်နှင့် ကိုးခုမြောက်ဦးလေးတို့မှာမူ သူမကို ဂရုမစိုက်ဘဲ အထဲသို့ တိုက်ရိုက် လျှောက်လှမ်းဝင်သွားကြသည်။ ချက်ချင်းပင် ပုပ်စပ်ညှိဟောင်လှသော အနံ့ဆိုးတစ်ခုမှာ သူတို့၏ နှာခေါင်းထဲသို့ ရောက်ရှိလာခဲ့တော့၏။ သို့သော်လည်း အလောင်းများနှင့် ဖုတ်ကောင်များကို နေ့စဉ်နှင့်အမျှ ကိုင်တွယ်နေရသော လင်းရန်ယန်နှင့် ဦးလေးကိုး တို့အတွက်မူ ဤအနံ့မှာ ဘာမှ မဟုတ်ချေ။ သီလရှင်ကြီးမှာမူ အန်ချင်သလိုပင် ဖြစ်နေတော့၏။

“ညီငယ်၊ ဒီမှာလည်း လင်းနို့တွေ မရှိပါဘူး”

ဦးလေးကိုးသည် အခန်းကို ဝေ့ကြည့်လိုက်သော်လည်း လင်းနို့ အရိပ်အယောင်မျှ မတွေ့သဖြင့် အကူအညီမဲ့စွာ ဆိုလိုက်၏။

“လင်းနို့တွေက မျက်နှာကျက်မှာ ဇောက်ထိုးတွဲပြီး နေတတ်တာလေ၊ အပေါ်ကို ကြည့်လိုက်ဦး”

လင်းရန်ယန်က ဆွံ့အစွာဖြင့် မျက်နှာကျက်ဆီသို့ ညွှန်ပြလိုက်၏။ သူတို့နှစ်ဦး အလျင်အမြန်ပင် အပေါ်သို့ မော့ကြည့်လိုက်ကြသည်။ ထင်သည့်အတိုင်းပင်၊ မှောင်မိုက်နေသော ထောင့်တစ်ခု၌ လင်းနို့များမှာ ပြည့်နှက်နေတော့၏။

“အား၊ လင်းနို့တွေ တကယ် ရှိနေတာပဲ”

သီလရှင်ကြီးသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်၏။ သူမ၏ အော်သံကြောင့် လင်းနို့အားလုံးမှာ ချက်ချင်းပင် လန့်နိုးသွားကြတော့၏။

“ကျိကျိ၊ ကျိကျိ”

မျက်စိတစ်မှိတ်အတွင်းမှာပင် လင်းနို့များ၏ စူးရှလှသော အော်သံများက လေထုထဲ၌ ပြည့်နှက်သွားခဲ့ရပြီး ကြောင်ပေါက်စအရွယ်မျှရှိသော လင်းနို့ကြီးများသည် သူတို့ထံသို့ ပျံသန်းလာကြတော့သည်။ လင်းရန်ယန်သည် ထိုလင်းနို့များကို ကြည့်ကာ သူ၏ ညာလက်ကို ဖြည်းညင်းစွာ မြှောက်လိုက်၏။

“ဖြောက်”

ထို့နောက် သူသည် လက်ဖျစ်တစ်ချက် တီးလိုက်သည်။ ချက်ချင်းပင် လင်းနို့အားလုံးမှာ သူတို့၏ အသက်ဓာတ်များ ကုန်ခမ်းသွားခဲ့ရပြီး မြေပြင်ပေါ်သို့ တစ်ကောင်ပြီးတစ်ကောင် ပြုတ်ကျကုန်ကြတော့၏။

“ဘုန်း၊ ဘုန်း၊ ဘုန်း”

ခဏအတွင်းမှာပင် မြေပြင်ပေါ်၌ လင်းနို့အလောင်းပေါင်း ရာကျော်မျှ စုပုံသွားခဲ့၏။

“ကိစ္စပြီးပြီ၊ အားလုံး အဆင်ပြေသွားပြီ”

လင်းရန်ယန်က ပြုံးလျက် ထွက်ခွာရန် ပြင်လိုက်၏။

“နေဦး ညီငယ်၊ ဘာလို့ ဒီမှာ နောက်ထပ် အလောင်းတစ်ခု ရှိနေရတာလဲ”

ရုတ်တရက် ဦးလေးကိုးသည် မလှမ်းမကမ်း၌ ဒူးထောက်လျက် ရှိနေသော အရိုးစုတစ်ခုကို သတိပြုမိလိုက်၏။

“အား၊ ဖားသား”

သီလရှင်ကြီးသည် ထိုအရိုးစုပေါ်ရှိ အဝတ်အစားများကို မြင်လိုက်ရသောအခါ ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်၏။

“ဖားသား ဟုတ်လား”

ဦးလေးကိုးက မျက်မှောင်ကြုတ်လိုက်၏။

“ဟုတ့တယ်၊ ဦးလေးကိုး ကြည့်ပါဦး၊ ဒါက ဖားသား ချီ ရဲ့ ဓာတ်ပုံပါ၊ သူဝတ်ထားတဲ့ အဝတ်အစားတွေက ဒီအရိုးစုပေါ်က အဝတ်အစားတွေနဲ့ အတူတူပဲ၊

လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်က အသင်းတော်ကနေ သာသနာပြု ဘုန်းတော်ကြီး နှစ်ပါးကို ဒီကို စေလွှတ်ခဲ့တာ၊ ဘယ်သူက သိမှာလဲ၊ သူတို့ နှစ်ယောက်စလုံးက ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့ကြတာလေ၊ အသင်းတော်ကတော့ သူတို့ တာဝန်ကနေ ထွက်ပြေးသွားကြပြီလို့ ထင်ခဲ့တာ၊ အခုတော့ သူတို့က ဒီမှာတင် သေဆုံးသွားခဲ့ကြတာပဲ၊

ပတ်ဝန်းကျင်ကို ကြည့်ရတာတော့၊ သူက ဒီမှာ မိစ္ဆာတစ်ကောင်နဲ့ တိုက်ခိုက်ရင်း နောက်ဆုံးမှာ ရှုံးနိမ့်ပြီး အသတ်ခံလိုက်ရတာ ဖြစ်ရမယ်”

သီလရှင်ကြီးက ဝမ်းနည်းပူဆွေးလှသော မျက်နှာဖြင့် ရှင်းပြလိုက်၏။

“မိစ္ဆာနဲ့ တိုက်ခိုက်တာ ဟုတ်လား”

ဦးလေးကိုးက မျက်ခုံးပင့်လိုက်၏။ ဤ ‘မိစ္ဆာ’ ဆိုသည်မှာ ဘာကို ဆိုလိုသနည်း။

“သွေးစုပ်ဖုတ်ကောင်ပါ၊ သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ သွေးစုပ်ဖုတ်ကောင်တွေရဲ့ အငွေ့အသက်နဲ့ ဆင်တူတဲ့ မှောင်မိုက်စွမ်းအားတွေ အမြောက်အမြား ရှိနေတယ်၊ သူ မသေခင်မှာ သွေးစုပ်ဖောင်ကောင်အဖြစ် အသွင်ပြောင်းလဲနေခဲ့တာ ထင်ရှားတယ်၊ ဒါပေမဲ့ အသွင်မပြောင်းခင်မှာပဲ အလင်းစွမ်းအားတွေ ပါဝင်တဲ့ ငွေရောင်လက်ဝါးကပ်တိုင်နဲ့ သူ့ကိုယ်သူ သတ်သေလိုက်တာပဲ၊

ကျန်တဲ့ သာသနာပြု တစ်ယောက်ကတော့ သွေးစုပ်ဖုတ်ကောင် ဖြစ်သွားခဲ့ပြီ၊ ကျွန်တော် စုံစမ်းတုန်းက ဒီအနီးနားက တောင်ကုန်းပေါ်မှာ မြှပ်နှံထားတဲ့ သွေးစုပ်ဖုတ်ကောင် တစ်ကောင်ကို တွေ့ခဲ့တယ်၊

အနောက်တိုင်းသား သွေးစုပ်ဖုတ်ကောင် တစ်ကောင်က ဘယ်ကနေ ရောက်လာတာလဲလို့ ကျွန်တော် စဉ်းစားနေတာ၊ အခုတော့ သိပြီ၊ သူက ဒီကနေ လာတာပဲ၊

ကြည့်ရတာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်က သူတို့ နှစ်ယောက် ဒီကို တရားဟောဖို့ ရောက်လာခဲ့ကြတယ်၊ ကျန်တဲ့ တစ်ယောက်က ဒီမြေအောက်ခန်းထဲကနေ ထွက်ပေါ်လာတဲ့ မှောင်မိုက်အငွေ့အသက်တွေရဲ့ လွှမ်းမိုးမှုကို ခံရပြီး သွေးစုပ်ဖုတ်ကောင် ဖြစ်သွားခဲ့တာ ဖြစ်ရမယ်၊

ဒီ ဖားသား ချီ မှာတော့ တစ်စုံတစ်ရာသော အစွမ်းရှိပုံရတယ်၊ သူက အသွင်ပြောင်းသွားတဲ့ တစ်ယောက်ကို သတ်ပြီး မြှပ်နှံခဲ့ပေမယ့် တိုက်ပွဲအတွင်းမှာ သူကိုယ်တိုင်လည်း ကူးစက်ခံခဲ့ရတာပဲ၊ လောကကြီးကို ဘေးဥပဒ်မပေးမိအောင် သူကိုယ်တိုင် သတ်သေသွားခဲ့တာ ဖြစ်ရမယ်”

လင်းရန်ယန်က အဖြစ်အပျက်ကို ရှင်းပြလိုက်၏။ သူ၏ စကားကို ကြားရသောအခါ ကိုးခုမြောက်ဦးလေးနှင့် သီလရှင်ကြီးတို့မှာ ချက်ချင်းပင် သဘောပေါက်သွားကြတော့၏။

“သတ်သေတာ ဟုတ်လား၊ ဒါပေမဲ့ သူသာ သတ်သေခဲ့မယ်ဆိုရင် ကောင်းကင်ဘုံကို မရောက်နိုင်တော့ဘူးလေ”

သီလရှင်ကြီးမှာ စိုးရိမ်တကြီးဖြင့် ဖားသား ချီ ၏ အနီးသို့ အပြေးအလွှား သွားလိုက်၏။ ထင်သည့်အတိုင်းပင် ဖားသား ချီ ၏ အရိုးစုလက်များမှာ သူ၏ ရင်ဘတ်ထဲသို့ ထိုးစိုက်ထားသော လက်ဝါးကပ်တိုင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထား၏။

“သနားစရာကောင်းလိုက်တဲ့ ဖားသား ချီ ရယ်၊ လောကကြီးကို ဘေးမပြုမိအောင် သူက ကောင်းကင်ဘုံကို သွားနိုင်မယ့် အခွင့်အရေးကိုတောင် စွန့်လွှတ်ခဲ့တာပဲ”

သီလရှင်ကြီးသည် ဝမ်းနည်းပူဆွေးစွာဖြင့် ဆုတောင်းနေတော့၏။ ဦးလေးကိုးသည်လည်း အရိုးစုအနီးသို့ ချဉ်းကပ်သွားပြီး သီလရှင်ကြီး၏ ဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်၏။

“ဘာပဲဖြစ်ဖြစ်၊ ပြည်သူတွေအတွက် ကိုယ့်အသက်ကို စွန့်လွှတ်ခဲ့တဲ့ ကျင့်ကြံသူတစ်ယောက်ဟာ လေးစားထိုက်ပါတယ်၊ သူ့ကို ကောင်းကောင်းမွန်မွန် မြှပ်နှံပေးလိုက်ကြရအောင်”

ဦးလေးကိုးက သက်ပြင်းချလျက် အရိုးစု၏ ရင်ဘတ်ထဲမှ လက်ဝါးကပ်တိုင်ကို လှမ်း၍ ဆွဲယူလိုက်၏။ ထို့နောက် သူက အားဖြင့် ဆွဲလိုက်သည်။ သို့သော်လည်း အရိုးစုကြီးမှာ လက်ဝါးကပ်တိုင်နှင့်အတူ သူတို့ နှစ်ဦးထံသို့ ဝုန်းခနဲ လွင့်ထွက်လာခဲ့တော့၏။

“အား”

အရိုးစုကြီး ရုတ်တရက် လွင့်ထွက်လာခြင်းက သီလရှင်ကြီးကို ထိတ်လန့်သွားစေသဖြင့် သူမသည် အော်ဟစ်လျက် အနောက်သို့ လှည့်လိုက်ရာ၊ သူမ၏ ခေါင်းမှာ ဦးလေးကိုး၏ ခေါင်းနှင့် တည့်တည့် တိုက်မိသွားခဲ့လေ၏။ ဦးလေးကိုးမှာ မမျှော်လင့်ဘဲ တိုက်မိသွားသဖြင့် မြေပြင်ပေါ်သို့ ပက်လက်လန် လဲကျသွားခဲ့ရတော့၏။ ဝဝဖိုင့်ဖိုင့် သီလရှင်ကြီးသည်လည်း သူ၏ အပေါ်သို့ အုံလိုက်ကျင်းလိုက် ပြုတ်ကျသွားခဲ့သာ်။

All Chapters