← Chapters

အခန်း (၁၉၅-၁၉၆)

Vol. 20 Ch. 195-196

အခန်း (၁၉၅-၁၉၆)

Vol. 20 Ch. 195-196

အခန်း ၁၉၅ - ဘွဲ့ထူးအမည်နာမများ

“သက်ပြင်း... စဉ်းစားကြည့်ရင်တော့ အဲ့ဒီပုဂ္ဂိုလ်ရဲ့ သက်တမ်းက ငါးရာ့နှစ်ဆယ်တောင် ရှိနေပြီပဲ၊ သူဟာ သူ့ရဲ့ ကန့်သတ်ချက်ကို ရောက်နေခဲ့တာ ကြာလှပြီ”

“ဟုတ်ပါတယ်... ဒါကို ငါတို့ ကြိုတင်မျှော်လင့်ထားသင့်တာပါ”

“ဒါပေမဲ့ အခု မော်ရှန်းမှာ ကောင်းကင်ဆရာတွေ ဒီလောက်တောင် များနေတာဆိုတော့၊ သူတို့ဟာ ဂိုဏ်းကြီးငါးဂိုဏ်းထဲက တစ်ခုအဖြစ် ရှိနေဖို့ ထိုက်တန်သေးတယ်လို့ ပြောလို့ရမလား”

“ဒါပေမဲ့ စည်းကမ်းဆိုတာ စည်းကမ်းပဲလေ၊ အကယ်၍ မော်ရှန်းကသာ ဂိုဏ်းကြီးငါးဂိုဏ်း စာရင်းထဲမှာ ရှိနေဦးမယ်ဆိုရင်၊ ဟိုးတုန်းက ခုံထုံးဓားဂိုဏ်းက ဆဋ္ဌမမြောက် ဂိုဏ်းကြီး ဖြစ်လာနိုင်မှာ မဟုတ်ဘူးလာ”

မျက်စိတစ်မှိတ်အတွင်းမှာပင် ခန်းမတစ်ခုလုံး၌ သက်ပြင်းချသံများ၊ သံသယအကြည့်များနှင့် တိုးတိုးတိတ်တိတ် ဆွေးနွေးသံများဖြင့် ပြည့်နှက်သွားခဲ့\။ ဤအကြပ်အတည်းကို မော်ရှန်းဂိုဏ်းက မည်သို့ ကိုင်တွယ်ဖြေရှင်းမည်ကို မည်သူမျှ မခန့်မှန်းနိုင်ကြချေ။

“ဟူး... ကျင့်ကြံခြင်းလောကကို နှစ်ပေါင်း ငါးရာကျော် စိုးမိုးခဲ့တဲ့ မိတ်ဆွေ ‘တောက်ယန်ဇီ’ တစ်ယောက် ဒီလိုမျိုး ကွယ်လွန်သွားလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး”

“ဟုတ်ပါတယ်... တကယ့်ကို နှမြောစရာပါပဲ၊ ဒီနှစ်တွေတစ်လျှောက် ကျင့်ကြံခြင်းလောကအပေါ် သူပေးဆပ်ခဲ့တာတွေကို ငါတို့ ဘယ်လိုမှ မယှဉ်နိုင်ပါဘူး”

“အချိန်တန်လို့ ကန့်သတ်ချက်ရောက်လာရင်တော့ ကောင်းကင်ဘုံရဲ့ အလိုကို ဆန့်ကျင်ဖို့ ခက်လှပါတယ်၊ နောက်ထပ် နှစ်ပေါင်းတစ်ရာကြာရင် ငါတို့အလှည့်လည်း ဖြစ်လာနိုင်တာပဲ”

အခြားသော ဂိုဏ်းကြီးလေးဂိုဏ်းမှ ဘိုးဘိုးကြီးများသည်လည်း ထိုခဏ၌ မချိတင်ကဲ သက်ပြင်းချနေမိကြ၏။ သူတို့ထဲတွင် အငယ်ဆုံးဖြစ်သူမှာပင် အသက် လေးရာကျော်နေပြီ ဖြစ်သည်။ အသက်အကြီးဆုံးမှာမူ လေးရာ့ရှစ်ဆယ်၊ ကိုးဆယ်ခန့် ရှိနေပြီဖြစ်ရာ သူတို့၏ ကန့်သတ်ချက်များမှာလည်း နီးကပ်နေပြီ ဖြစ်၏။

သို့သော်လည်း ထိုအချိန်မှာပင် ကုန်းကုန်းကွေးကွေး ဖြစ်နေသော ခုံထုံးဘိုးဘိုးကြီးသည် ခန်းမ၏ အရှေ့ဘက်သို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာခဲ့တော့၏။ အသက် ငါးရာကျော်နေပြီဖြစ်သော သူသည် ယခုအခါ လမ်းလျှောက်ရန်ပင် ခက်ခဲနေပုံရသည်။

သေချာသည်မှာ... အကယ်၍ သူသာ အစွမ်းကုန် ထုတ်ဖော်လိုက်မည်ဆိုပါက တစ်ပိုင်းတစ်စ မဟာအရှင်တစ်ဦး၏ အစွမ်းမှာ အတုအယောင် မဟုတ်ချေ။ သို့သော်လည်း ထိုသို့ ပြုမူပြီးနောက်တွင်မူ သူ စောင့်ကြိုနေမည့်အရာမှာ သေခြင်းတရားသာ ဖြစ်လိမ့်မည်။ ထိုသို့ဆိုစေကာမူ သင်္ချိုင်းထဲသို့ ခြေတစ်ဖက် ရောက်နေသော ထိုလူမျိုးကို မည်သူမျှ မစော်ကားရဲကြချေ။ အကယ်၍ ထိုသူက ရူးသွပ်သွားကာ တစ်ပါတည်း ဆွဲခေါ်သွားရန် ဆုံးဖြတ်လိုက်ပါက၊ တစ်ပိုင်းတစ်စ မဟာအရှင်တစ်ဦးပင်လျှင် အသက်ဆုံးရှုံးသွားနိုင်သည်။

“အဟွတ်... အဟွတ်... အဟွတ်”

ခြေလှမ်းအနည်းငယ် လျှောက်ပြီးသည်နှင့် ခုံထုံးဘိုးဘိုးကြီးမှာ ပြင်းထန်စွာ ချောင်းဆိုးတော့၏။ သူ၏ ပုံစံကို မြင်ရသည်မှာ ပတ်ဝန်းကျင်ရှိ လူတိုင်းအတွက် ချွေးပြန်စရာပင် ဖြစ်သည်။ ဤအဖိုးကြီးမှာ အကြောင်းမရှိဘဲ ဤနေရာ၌ပင် လဲသေသွားတော့မည်လား ဟုတွေး‌ေနမိ၏။

“ဟွန့်... ဟွန့်၊ တောက်ယန်ဇီ သေသွားပြီဆိုမှတော့၊ မင်းတို့ မော်ရှန်းက ဒီနေရာကနေ ဖယ်ပေးပြီး ငါ့ရဲ့ ခုံထုံးဓားဂိုဏ်းကို ပေးသင့်တာ မဟုတ်ဘူးလား၊ မင်းတို့နဲ့ မထိုက်တန်တဲ့ နေရာကို ဆက်ပြီး မယူထားပါနဲ့တော့၊ အခုပဲ ထွက်သွားကြစမ်း”

ခုံထုံးဘိုးဘိုးကြီးက တောက်ရွှမ်းဇီနှင့် အခြားသူများကို မောက်မာသော အမူအရာဖြင့် ကြည့်ကာ ဆိုလိုက်၏။ ထိုနေရာ၌ ရှိနေသူအားလုံးမှာ ချက်ချင်းပင် မျက်မှောင်ကြုတ်သွားကြတော့၏။

အခြားဂိုဏ်းကြီးလေးဂိုဏ်းမှ ပုဂ္ဂိုလ်များ၏ မျက်နှာမှာ ပို၍ပင် ပျက်ယွင်းသွားခဲ့တော့သည်။ မော်ရှန်းဘိုးဘိုးကြီး ကွယ်လွန်ပြီးသည်နှင့် ချက်ချင်းပင် ဖိအားပေးလာခြင်းမှာ အကယ်၍ သူတို့ဂိုဏ်းသာဆိုလျှင်လည်း ဤအဖိုးကြီးမှာ ထိုနည်းတူ ပြုမူမည်။ သို့သော်လည်း ခုံထုံးဘိုးဘိုးကြီး၏ စကားကို ကြားရသောအခါ မော်ရှန်းမှ ကောင်းကင်ဆရာ တစ်ဦးမျှ ဒေါသထွက်ခြင်း မရှိဘဲ၊ သူ့ကို လူပြက်တစ်ဦးအား ကြည့်နေသကဲ့သို့သာ ကြည့်နေကြ၏။

သူတို့သာမက အခြားဂိုဏ်းများ၌ ရောက်ရှိနေသော နှင်းကျေးရွာမှ ပညာရှင်များမှာလည်း ရယ်ချင်စိတ်ကို အောင့်ထားကြရသည်။ ရွာသူကြီးဟောင်းနှင့် ရွာသူကြီးသစ် နှစ်ဦးလုံးမှာ မော်ရှန်း၏ အင်အားစုများပင် ဖြစ်၏။ သေလုမြောပါး ဖြစ်နေသော တစ်ပိုင်းတစ်စ မဟာအရှင်ကို ထားပါဦး၊ စတုတ္ထ သို့မဟုတ် ပဉ္စမအဆင့် မဟာအရှင်တစ်ဦးပင်လျှင် သူတို့ရှေ့၌ ပြာဖြစ်သွားနိုင်သည်။

“ကျွန်တော်တို့ မော်ရှန်းမှာ တစ်ပိုင်းတစ်စ မဟာအရှင် မရှိတော့လို့ ဂိုဏ်းကြီးငါးဂိုဏ်း နေရာကနေ ဖယ်ပေးရမယ်ဆိုရင်တောင်မှ၊ အဲ့ဒီအလှည့်က ခင်ဗျားတို့ ခုံထုံးဓားဂိုဏ်းဆီကို ရောက်လာမှာ မဟုတ်ဘူး ထင်တယ်”

“ဂိုဏ်းကြီးငါးဂိုဏ်း ဖြစ်လာဖို့အတွက် စည်းကမ်းချက်တွေ ရှိတယ်လေ၊ ကောင်းကင်ဆရာ တစ်ဆယ့်ငါးဦး ရှိရမယ်၊ ခင်ဗျားတို့ ခုံထုံးဂိုဏ်းမှာ အဲ့ဒီလောက် ရှိလို့လား”

တောက်ရွှမ်းဇီက အထင်သေးသော အမူအရာဖြင့် ဆိုလိုက်၏။ ထိုစကားကို ကြားသောအခါ ပတ်ဝန်းကျင်ရှိ အခြားဂိုဏ်းများကလည်း ခေါင်းညိတ်လိုက်ကြသည်။ ဤစည်းကမ်းမှာ လုံးဝ လိုအပ်လှ၏။ ဘာပဲဖြစ်ဖြစ် ဂိုဏ်းကြီးငါးဂိုဏ်း ဖြစ်ရန်မှာ တစ်ပိုင်းတစ်စ မဟာအရှင် တစ်ဦးရှိရုံနှင့် မလုံလောက်ချေ။ ကောင်းကင်ဆရာ အလုံအလောက် မရှိပါက ကြယ်ခုနစ်ပွင့်အထက် တာဝန်များကို ပြီးမြောက်အောင် မဆောင်ရွက်နိုင်သဖြင့် ဂုဏ်သိက္ခာကို တည်ဆောက်နိုင်မည် မဟုတ်ချေ။

ဟိုးတုန်းက မော်ရှန်းဂိုဏ်းသည် ကောင်းကင်ဆရာ နှစ်ဆယ်နှင့် တစ်ပိုင်းတစ်စ မဟာအရှင် တစ်ဦး ရှိခဲ့ပြီး၊ တာဝန်အမြောက်အမြားကို ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ပြီးမှသာ ဂိုဏ်းကြီးငါးဂိုဏ်းအဖြစ် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။ သူတို့သည် ထိုနေရာနှင့် ထိုက်တန်ကြောင်း သက်သေပြခဲ့ကြပြီး ဖြစ်သည်။ ယခုအခါ နှစ်ပေါင်း တစ်ထောင်ကျော် ကြာမြင့်လာသောအခါ ‘တပည့်တိုင်း တောင်ပေါ်မှ ဆင်း၍ မိစ္ဆာများကို နှိမ်နင်းရမည်’ ဟူသော မော်ရှန်း၏ ထူးခြားသည့် ခံယူချက်ကြောင့် သာမန်လူထုကြား၌ သူတို့၏ ဂုဏ်သတင်းမှာ အခြားဂိုဏ်းများထက် များစွာ သာလွန်နေခဲ့ပြီ ဖြစ်သည်။

ခုံထုံးဓားဂိုဏ်းမှာမူ သမိုင်းကြောင်း တိုတောင်းရုံသာမက၊ သူတို့၏ ကျင့်စဉ်များကြောင့် အခြားသူများနှင့် အလွယ်တကူ တိုက်ခိုက်၍ မရနိုင်ချေ။ ဘာကြောင့်ဆိုသော် အခြားသူကို တိုက်ခိုက်ပါက မိမိကိုယ်ကိုယ်လည်း ထိခိုက်ဒဏ်ရာ ရနိုင်သောကြောင့် ဖြစ်၏။ ထို့ကြောင့်ပင် တစ်ဂိုဏ်းလုံးမှာ တံခါးပိတ် ကျင့်ကြံနေကြပြီး၊ ဂိုဏ်းကို ထောက်ပံ့ရန်အတွက် ရံဖန်ရံခါမှသာ အဖိုးအခကြီးမားသော တာဝန်များကို လက်ခံဆောင်ရွက်လေ့ ရှိကြသည်။ သူတို့၏ ကျော်ကြားမှုမှာ သာမန် တတိယတန်းစား တာအိုဂိုဏ်းတစ်ခုလောက်ပင် မရှိချေ။ ဤကဲ့သို့သော ဂိုဏ်းမျိုးမှာ ကောင်းကင်ဆရာ အလုံအလောက် ရှိခဲ့လျှင်ပင်၊ လူအများ၏ လေးစားမှုကို ရရှိရန်မှာ ခက်ခဲလှလိမ့်မည်။

“ဟဲဟဲဟဲ... မင်းတို့ ဘာတွေးနေမလဲဆိုတာ ငါ ကြိုသိနေတာပေါ့၊ ဒါကြောင့် ငါ အားလုံး ပြင်ဆင်ပြီးသားပါ”

သို့သော်လည်း ထိုအချိန်၌ ခုံထုံးဘိုးဘိုးကြီးမှာ အေးစက်စွာ ရယ်မောလိုက်၏။ ထို့နောက် သူသည် ဒုတိယတန်းစား ဂိုဏ်းအချို့ကို ဝေ့ကြည့်လိုက်တော့၏။ သူ၏ အကြည့်ကြောင့် ထိုဂိုဏ်းများမှ ကောင်းကင်ဆရာများ၏ မျက်နှာမှာ ချက်ချင်း ပျက်ယွင်းသွားခဲ့ရသည်။ သို့သော်လည်း နောက်ဆုံးတွင် သူတို့သည် တစ်ယောက်ပြီးတစ်ယောက် မတ်တပ်ထရပ်ကြတော့၏။

“ကျွန်တော်တို့ ဖော်ရှန်း တာအိုဂိုဏ်းဟာ၊ ဒီနေ့ကစပြီး ကောင်းကင်ဆရာ ခုနစ်ဦးနဲ့အတူ ခုံထုံးဓားဂိုဏ်းထဲကို ဝင်ရောက် ပူးပေါင်းပါမယ်”

“ကျွန်တော်တို့ ချင်းချန် ဓားဂိုဏ်းဟာလည်း၊ ဒီနေ့ကစပြီး ကောင်းကင်ဆရာ ငါးဦးနဲ့အတူ ခုံထုံးဓားဂိုဏ်းထဲကို ဝင်ရောက် ပူးပေါင်းပါမယ်”

“ကျွန်တော်တို့ ဟွမ်ရှန်း တာအိုဂိုဏ်းကလည်း...”

မျက်စိတစ်မှိတ်အတွင်းမှာပင် ဒုတိယတန်းစား ဂိုဏ်းလေးခုမှ ဘိုးဘိုးကြီးများနှင့် ကောင်းကင်ဆရာများမှာ မတ်တပ်ထရပ်ကာ ခုံထုံးဓားဂိုဏ်းသို့ ပူးပေါင်းကြောင်း ကြေညာလိုက်ကြတော့၏။

“ဝုန်း”

ခန်းမတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ရ၏။ ဂိုဏ်းလေးခု ပေါင်းစည်းလိုက်ပါက ကောင်းကင်ဆရာ စုစုပေါင်း နှစ်ဆယ်ရှိနေမည်ဖြစ်ရာ၊ ခုံထုံးဂိုဏ်းမှ သုံး၊ လေးဦးနှင့် ပေါင်းလိုက်လျှင် တစ်ဆယ့်ငါးဦးဟူသော သတ်မှတ်ချက်ကို ကျော်လွန်သွားခဲ့သည်။

“မိတ်ဆွေ ‘ချင်းချန်’... ခင်ဗျားတို့ ဘာလုပ်နေတာလဲ”

“ခုံထုံးဓားဂိုဏ်းထဲ ဝင်မလို့လား၊ ခင်ဗျားတို့ရဲ့ အခြေခံတွေက ခုံထုံးဂိုဏ်းထက် ပိုတောင် ခိုင်မာနေတာ မဟုတ်ဘူးလား”

“ခင်ဗျားတို့ ခြိမ်းခြောက်ခံထားရတာလား”

ရင်းနှီးသော ဂိုဏ်းများမှ ဘိုးဘိုးကြီးများမှာ အလျင်အမြန်ပင် မေးမြန်းကြတော့၏။ သို့သော်လည်း ထိုဂိုဏ်းလေးခုမှာ ဘာမျှ ပြန်မပြောဘဲ ခုံထုံးဓားဂိုဏ်း၏ အဆင့်အတန်းအတွင်း၌ တိတ်ဆိတ်စွာ ရပ်နေကြသည်။ ဤနေရာ၌ ရှိနေသော အခြားဂိုဏ်းများ အနေဖြင့် သူတို့မှာ သေချာပေါက် ခြိမ်းခြောက်ခံထားရသည်ကို သိလိုက်ကြ၏။ ဤလုပ်ရပ်မှာ မိစ္ဆာဂိုဏ်းများ၏ လုပ်ရပ်နှင့် မခြားနားချေ။

သို့သော်လည်း ထိုဂိုဏ်းလေးခုမှ မည်သူမျှ ဘာမျှ မပြောရဲကြသကဲ့သို့၊ ဂိုဏ်းကြီးငါးဂိုဏ်းမှာလည်း ဝင်ရောက် ပြောဆိုရန် ခက်ခဲနေသည်။ ထိုဂိုဏ်းလေးခု အဘယ်ကြောင့် ဘာမျှ မပြောရဲသနည်းဆိုသည်ကိုလည်း သူတို့ သိထားကြ၏။ ခုံထုံးဘိုးဘိုးကြီးမှာ ရူးသွပ်နေသူဖြစ်ရာ၊ အကယ်၍ သူတို့သာ အမှန်အတိုင်း ပြောလိုက်ပါက သူသည် သေလဲသေ ဂိုဏ်းဖျက်လဲဖျက်ဟူသော စိတ်ဖြင့် ထိုဂိုဏ်းများကို အကုန်ဖျက်ဆီးပစ်လိမ့်မည်။ ထိုအချိန်၌ အခြားဂိုဏ်းမှ ဘိုးဘိုးကြီးများပင်လျှင် သူ့ကို တားဆီးရန် ခက်ခဲလိမ့်မည်။

အကယ်၍ ဘိုးဘိုးကြီး တောက်ယန်သာ ရှိနေမည်ဆိုပါက သူ့ကို အလွယ်တကူ နှိမ်နင်းနိုင်မည်ဖြစ်သော်လည်း၊ ကံမကောင်းစွာဖြင့် သူ ကွယ်လွန်သွားခဲ့ပြီ ဖြစ်၏။ သူ အသက်ရှင်နေလျှင်ပင် အခြားဂိုဏ်းများအတွက်နှင့် သူ၏ အသက်ကို ရင်းလိမ့်မည် မဟုတ်ချေ။ ဘာပဲဖြစ်ဖြစ် တောက်ယန်ကိုယ်တိုင်မှာလည်း ကွယ်လွန်ရန် နီးကပ်နေသူ ဖြစ်သည်။

ထို့ပြင် ဤခုံထုံးဘိုးဘိုးကြီးမှာ အလွန်ဆုံး အသက်ရှင်ရလှ နောက်ထပ် နှစ်အနည်းငယ်သာ ရှိတော့ပေသည်။ ထိုအချိန်ရောက်သောအခါမှ သူတို့သည် ခုံထုံးဓားဂိုဏ်းမှ ထွက်ခွာကာ မိမိတို့ဂိုဏ်းများဆီသို့ ပြန်သွားနိုင်လိမ့်မည်။ အရှက်ရမည် မှန်သော်လည်း ဂိုဏ်းပျက်စီးသွားသည်ထက်စာလျှင် ပိုကောင်းသည်။

“ဟဲဟဲဟဲ... ဘယ်လိုလဲ၊ အခု ငါ့ရဲ့ ခုံထုံးဓားဂိုဏ်းမှာ ကောင်းကင်ဆရာ နှစ်ဆယ်ကျော်နဲ့ တစ်ပိုင်းတစ်စ မဟာအရှင် တစ်ဦး ရှိနေပြီ”

“ဒါဟာ ပဉ္စမမြောက် ဂိုဏ်းကြီးဖြစ်ဖို့ အရည်အချင်း ပြည့်စုံသွားပြီ မဟုတ်လား”

ခုံထုံးဘိုးဘိုးကြီးက မောက်မာစွာ ရယ်မောလိုက်၏။ ထိုအချိန်တွင် ခန်းမအတွင်းရှိ ဂိုဏ်းများအားလုံး တိတ်ဆိတ်သွားခဲ့ရသည်။ ရှူရှန်းဓားဂိုဏ်းမှ ဘိုးဘိုးကြီး ကျန့်ယုံးဇီသည် သူတို့၏ တစ်ပိုင်းတစ်စ မဟာအရှင်အသစ် ‘ကျန့်ရွှယ်’ မှာ ခုံထုံးဘိုးဘိုးကြီးကို ချက်ချင်း သတ်နိုင်သည်ကို သိသော်လည်း၊ သက်သေမရှိဘဲ လှုပ်ရှားရန်မှာ မလွယ်ကူချေ။

“မှန်ပါတယ်... လက်ရှိ ခုံထုံးဓားဂိုဏ်းဟာ ဂိုဏ်းကြီးငါးဂိုဏ်း ရွေးချယ်မှုမှာ ပါဝင်ဖို့ အရည်အချင်း ပြည့်စုံသွားပါပြီ”

သို့သော်လည်း ထိုခဏ၌ တောက်ရွှမ်းဇီက ဖြည်းညင်းစွာ ဆိုလိုက်၏။ သူ၏ စကားကြောင့် ခုံထုံးဘိုးဘိုးကြီးမှာ ပို၍ပင် မောက်မာစွာ ရယ်မောလိုက်တော့၏။ သို့သော် ခုံထုံးဘိုးဘိုးကြီး၏ ရယ်သံမှာ ဆုံးခန်းမတိုင်မီမှာပင် တောက်ရွှမ်းကျီက စကားလမ်းကြောင်းကို ရုတ်တရက် ပြောင်းလဲလိုက်သည်။

“ဒါပေမဲ့ နှမြောစရာပဲ ၊ ဂိုဏ်းချုပ်ရဲ့ စည်းကမ်းအရ ဂိုဏ်းကြီးငါးဂိုဏ်းမှာ ငါးဂိုဏ်းပဲ ရှိရမယ်လို့ သတ်မှတ်ထားတာ၊ အကယ်၍ ဆဋ္ဌမမြောက်ဂိုဏ်း ပေါ်လာမယ်ဆိုရင်တော့၊ တစ်ဂိုဏ်းလုံးရဲ့ စုစုပေါင်း အင်အားကို နှိုင်းယှဉ်ရလိမ့်မယ်၊ အစွမ်းအထက်ဆုံး ငါးဂိုဏ်းကိုသာ ဂိုဏ်းကြီးငါးဂိုဏ်းအဖြစ် အသစ်ပြန်ပြီး ရွေးချယ်မှာ ဖြစ်တယ်၊ ငါတို့ မော်ရှန်းဟာ ဘိုးဘိုးကြီး တောက်ယန်ကို ဆုံးရှုံးခဲ့ရပေမဲ့၊ ငါတို့မှာ တခြား တစ်ပိုင်းတစ်စ မဟာအရှင်တွေ ရှိနေသေးတယ်၊ တစ်ယောက်ယောက်ကို အစားထိုးရမယ်ဆိုရင်တောင်မှ၊ အဲ့ဒါ ငါတို့ မော်ရှန်း ဖြစ်လာမှာ မဟုတ်ဘူး”

တောက်ရွှမ်းဇီက ကျေနပ်သော အမူအရာဖြင့် ဆိုလိုက်တော့၏။

“ဝုန်း”

ထိုစကားကို ကြားလိုက်ရသည်နှင့် ခန်းမတစ်ခုလုံး တုန်လှုပ်သွားခဲ့ရသည်။ နှင်းကျေးရွာမှ လူများမှလွဲ၍ ထိုနေရာ၌ ရှိနေသော ကောင်းကင်ဆရာ တစ်ရာကျော်လုံးမှာ သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်ကြ၏။

အခြား တစ်ပိုင်းတစ်စ မဟာအရှင်တွေ ရှိသေးတယ် ဟုတ်လား၊ ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ၊

“မဖြစ်နိုင်ဘူး... ဒါ လုံးဝ မဖြစ်နိုင်ဘူး၊ မင်းလို ကောင်လေးက ဘယ်လို အဓိပ္ပာယ်မရှိတာတွေကို လာပြောနေတာလဲ”

ခုံထုံးဘိုးဘိုးကြီးက ဒေါသတကြီး အော်ဟစ်လိုက်တော့၏။

“ဖြစ်နိုင်သလား၊ မဖြစ်နိုင်ဘူးလားဆိုတာ... ခင်ဗျား မကြာခင် သိရမှာပါ”

တောက်ရွှမ်းဇီက အထင်သေးစွာ ပြုံးလိုက်၏။ ထို့နောက် သူသည် ဖြည်းညင်းစွာ မတ်တပ်ထရပ်ကာ အဘိုးကျောက်၏ ပဉ္စမမြောက်နှင့် သတ္တမမြောက် သားများဘက်သို့ လှည့်၍ အရိုအသေ ပေးလိုက်သည်။

“ကျွန်တော်မျိုး မော်ရှန်းရဲ့ အထွတ်အထိပ် ဒုတိယအကြီးအကဲနဲ့ တတိယအကြီးအကဲတို့ကို... သူတို့ရဲ့ အရှိန်အဝါကို ထုတ်ဖော်ပြသပေးဖို့ တောင်းဆိုပါတယ်”

တောက်ရွှမ်းဇီက လေးစားစွာဖြင့် အော်ဟစ်လိုက်၏။ ချက်ချင်းပင် လူတိုင်း၏ အကြည့်များမှာ ထိုအဖိုးအို နှစ်ဦးထံသို့ ရောက်ရှိသွားခဲ့သည်။

“ဝုန်း၊ ဝုန်း”

မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့၏ ခန္ဓာကိုယ်များအတွင်းမှနေ၍ ထိတ်လန့်ဖွယ် ကောင်းလှသော တစ်ပိုင်းတစ်စ မဟာအရှင် အရှိန်အဝါ နှစ်ခုမှာ ပေါက်ကွဲထွက်ပေါ်လာခဲ့တော့၏။

“ရှုး... ရှုး... ရှုး...”

ထိုခဏ၌ ကောင်းကင်ဆရာများမှာ ထိတ်လန့်တကြား ထရပ်လိုက်ကြရသကဲ့သို့၊ အခြားဂိုဏ်းကြီးများမှ တစ်ပိုင်းတစ်စ မဟာအရှင်များပင်လျှင် ရုတ်တရက် မတ်တပ်ရပ်ကာ ရုပ်ချင်းဆင်တူသော ထိုအကြီးအကဲ နှစ်ဦးကို မယုံကြည်နိုင်စွာ ကြည့်နေမိကြတော့၏။

“တစ်ပိုင်းတစ်စ မဟာအရှင်တွေ... ပြီးတော့ သူတို့ နှစ်ယောက်လုံးက အဆင့်တက်တော့မယ့် ပုံစံမျိုးပဲ”

“မော်ရှန်းရဲ့ ‘ရှန်းချင်းမှတ်တမ်း’ ကျင့်စဉ်ရဲ့ အရှိန်အဝါပဲ... သူတို့က တကယ်ပဲ မော်ရှန်းရဲ့ တစ်ပိုင်းတစ်စ မဟာအရှင်တွေပဲ”

“မယုံနိုင်စရာပဲ... တကယ့်ကို မယုံနိုင်စရာပဲ”

ထိုအချိန်တွင် ကောင်းကင်ဆရာများနှင့် တစ်ပိုင်းတစ်စ မဟာအရှင်များ အားလုံးမှာ ထိတ်လန့်တုန်လှုပ်နေကြတော့၏။

“မဖြစ်နိုင်ဘူး... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

မိမိထက်ပင် ပိုမို အစွမ်းထက်နေသော ထိုသူတို့၏ အရှိန်အဝါကို ခံစားမိသောအခါ ခုံထုံးဘိုးဘိုးကြီးမှာ ကြောက်လန့်တကြားဖြင့် ခြေချော်ကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ မိမိထက် အစွမ်းထက်သော တစ်ပိုင်းတစ်စ မဟာအရှင် နှစ်ဦးနှင့်၊ ကောင်းကင်ဆရာ အယောက် သုံးဆယ်ကျော်...။ မော်ရှန်းဂိုဏ်းမှာ ဘာတွေ ဖြစ်ပျက်နေသနည်း။

သို့သော်လည်း ထိုအချိန်မှာပင် တစ်စုံတစ်ယောက်က ထူးဆန်းသောအရာကို သတိပြုမိလိုက်၏။

“နေဦး... ဒီအကြီးအကဲ နှစ်ယောက်က ဘာလို့ မော်ရှန်းရဲ့ ဒုတိယနဲ့ တတိယ အကြီးအကဲတွေ ဖြစ်နေရတာလဲ”

ထိုစကားကို ကြားလိုက်ရသည်နှင့် ပတ်ဝန်းကျင်ရှိ ကောင်းကင်ဆရာများ၏ မျက်နှာမှာ ထပ်မံ ပျက်ယွင်းသွားခဲ့ရသည်။ ဒုတိယနှင့် တတိယ အကြီးအကဲများ၏ အထက်တွင်၊ သူတို့ထက် အစွမ်းထက်သော ပထမအကြီးအကဲနှင့် ဘိုးဘိုးကြီး ရှိနေဦးမည်။ ၎င်းမှာ လူတိုင်း သိထားသော အချက်ပင် ဖြစ်သည်။

များသောအားဖြင့် ‘ဘိုးဘိုးကြီး’ ဆိုသည်မှာ ဂိုဏ်းတစ်ခု၏ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ကို ခေါ်ဆိုသော ဘွဲ့အမည်ပင် ဖြစ်သည်။ အကယ်၍ တစ်ပိုင်းတစ်စ မဟာအရှင် သုံးဦး ရှိနေပါက ထိုသုံးဦးလုံးကို ဘိုးဘိုးကြီးဟုသာ ခေါ်ဆိုရမည်။ ယခုမူ မော်ရှန်း၌ တစ်ပိုင်းတစ်စ မဟာအရှင်များ ဖြစ်ပါလျက် ဒုတိယအကြီးအကဲဟူသော ဘွဲ့ကိုသာ ရရှိထားကြ၏။ ဤသည်မှာ သူတို့အထက်၌ ပိုမို အစွမ်းထက်သော ပုဂ္ဂိုလ်များ ရှိနေကြောင်း သက်သေပြနေခြင်းပင် ဖြစ်သည်။

ကံမကောင်းစွာဖြင့်ပင် တောက်ရွှမ်းဇီမှာမူ ရှင်းပြရန် ရည်ရွယ်ချက် မရှိချေ။ အကယ်၍ သူတို့ မော်ရှန်း၌ မဟာအရှင် နှစ်ဦး ရှိနေသည်ဟုသာ ပြောလိုက်ပါက လူတိုင်းမှာ ကြောက်လန့်တကြား သေသွားနိုင်သည်။

“အကြီးအကဲ ‘ခုံထုံး’... ခင်ဗျား မြင်တဲ့အတိုင်းပဲ၊ ကျွန်တော်တို့ မော်ရှန်းရဲ့ ဂိုဏ်းကြီးငါးဂိုဏ်း နေရာဟာ ဆက်ပြီး ရှိနေဖို့ အရည်အချင်း အပြည့်အဝ ရှိပါသေးတယ်၊ ခင်ဗျားအနေနဲ့ တခြားဂိုဏ်းတွေကိုပဲ သွားပြီး မေးကြည့်လိုက်ပါဦး”

“ဘာပဲဖြစ်ဖြစ်... ဒါက ခုံထုံးဓားဂိုဏ်းအတွက် နောက်ဆုံး အခွင့်အရေးပဲလေ၊ အခုမှ မယူနိုင်ရင်တော့ နောင်မှာ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး”

တောက်ရွှမ်းဇီကလည်း ခုံထုံးဘိုးဘိုးကြီးကို ကြည့်ကာ အထင်သေးစွာဖြင့် ဆိုလိုက်၏။ သူ၏ စကားမှာ ရိုသေဟန် ရှိသော်လည်း...

...အတွင်းအဓိပ္ပာယ်မှာမူ ‘ခင်ဗျား အိုကြီးအိုမဟာ အသက်ရှင်ဖို့ သိပ်မကျန်တော့ဘူး၊ ရမ်းချင်ရင်လည်း မြန်မြန်ရမ်းစမ်းပါ’ ဟူ၍ပင် ဖြစ်ပေသည်။ နှင်းကျေးရွာမှ ပညာရှင်များ ရှိနေသရွေ့ ခင်ဗျားအနေဖြင့် မည်သည့်ဂိုဏ်းကို အနိုင်ယူနိုင်မည်နည်း။

ထိုစကားကို ကြားသောအခါ ပတ်ဝန်းကျင်ရှိ ဂိုဏ်းသားများမှာ ရယ်ချင်စိတ်ကို မနည်းအောင့်ထားကြရသည်။ အကယ်၍ ဤခုံထုံးဘိုးဘိုးကြီးသာ လူတိုင်းကို လိုက်လံ မစော်ကားဘဲ အေးဆေးနေထိုင်ခဲ့မည်ဆိုပါက၊ သူ၏ အစွမ်းနှင့်ဆိုလျှင် ဂိုဏ်းကြီးငါးဂိုဏ်း မဖြစ်ခဲ့လျှင်ပင် ဒုတိယတန်းစား ဂိုဏ်းများကြား၌ ထိပ်ဆုံးမှာ ရှိနေမည်မှာ သေချာလှသည်။

ကံမကောင်းစွာဖြင့်ပင် ယခုမူ တစ်ဂိုဏ်းလုံး၏ ဂုဏ်သိက္ခာမှာ အဖတ်ဆယ်မရအောင် ပျက်စီးသွားခဲ့ရ၏။

အခန်း ၁၉၆ - လုံဟူတောင်နှင့် ကျိန့်ယိဂိုဏ်းတို့ ပေါင်းစည်းခြင်း

တောက်ရွှမ်းကျီ၏ စကားကို ကြားလိုက်ရသောအခါ ခုံထုံးဘိုးဘိုးကြီးမှာ ဒေါသကြောင့် မျက်လုံးအစုံ နီမြန်းလျက် စိုက်ကြည့်နေမိသော်လည်း၊ အခြားဂိုဏ်းကြီးလေးဂိုဏ်းဘက်သို့သာ အကူအညီမဲ့စွာဖြင့် လှည့်ကြည့်လိုက်ရတော့၏။

“ဝုန်း”

သို့သော်လည်း ရှူရှန်းဓားဂိုဏ်းမှ ‘ကျန့်ရွှယ်’ သည် သင့်တော်သော အချိန်၌ ရှေ့သို့ တစ်လှမ်းတက်လှမ်းကာ ထိတ်လန့်ဖွယ် ကောင်းလှသော အရှိန်အဝါများကို ထုတ်ဖော်လိုက်သည်။

“ဝုန်း”

မျက်စိတစ်မှိတ်အတွင်းမှာပင် ခန်းမတစ်ခုလုံးရှိ လူတိုင်းမှာ တစ်ကြိမ်ထက်မက တုန်လှုပ်သွားခဲ့ရ၏။

“တစ်ပိုင်းတစ်စ မဟာအရှင်၊ နောက်ထပ် တစ်ပိုင်းတစ်စ မဟာအရှင် တစ်ယောက်ပါလား”

“ပြီးတော့ အဲ့ဒါက နှင်းခဲဓာတ် ဝိညာဉ်ခန္ဓာရဲ့ အရှိန်အဝါပဲ၊ ဒုတိယအဆင့်ကိုတောင် ရောက်နေတာလား”

“ရှုး၊ ဒါဆိုရင် အနှိုင်းမဲ့တဲ့ ဘိုးဘိုးကြီး နောက်တစ်ယောက် ထပ်ပေါ်လာတာပေါ့”

“ရှူရှန်းဓားဂိုဏ်းမှာလည်း ဒီလိုမျိုး အစွမ်းထက်တဲ့ ပုဂ္ဂိုလ် ရှိနေတာပဲ”

ထိုခဏ၌ ခန်းမအတွင်းရှိ လူတိုင်းမှာ အံ့ဩတကြီး ရေရွတ်နေမိကြတော့၏။

“အစ်ကိုကြီး ကျန့်ရွှယ်ကတော့ ကြွားရတာကို ဝါသနာပါမြဲပဲ”

“ငါတို့မျိုးဆက် တပည့်တွေထဲမှာ သူတစ်ယောက်တည်းပဲ နှင်းခဲဓာတ် ဝိညာဉ်ခန္ဓာ နိုးထခဲ့တာလေ၊ သူ မကြွားရင် ဘယ်သူ ကြွားမှာလဲ”

မော်ရှန်းဂိုဏ်းသို့ ရောက်ရှိနေသော နှင်းကျေးရွာမှ တစ်ပိုင်းတစ်စ မဟာအရှင် နှစ်ဦးဖြစ်သည့် ကျောက်ဝူကျိနှင့် ကျောက်ဝူဝေတို့မှာ စကားမပါသော အကြည့်များဖြင့် အချင်းချင်း ဖလှယ်လိုက်ကြ၏။

“မင်းတို့ ကောင်စုတ်နှစ်ယောက်၊ ငါ့အကြောင်းကို ကွယ်ရာမှာ အတင်းပြောနေကြပြန်ပြီ၊ ငါ မသိဘူး မမှတ်နဲ့”

သို့သော် နောက်တစ်ခဏ၌ ကျန့်ရွှယ်၏ အသံမှာ သူတို့၏ စိတ်ထဲသို့ တိုက်ရိုက် ရောက်ရှိလာသဖြင့် ထိုနှစ်ဦးမှာ အနေခက်စွာဖြင့် ပြုံးလိုက်ကြရတော့၏။

“ဘယ်လိုလဲ၊ ငါ့ရဲ့ ရှူရှန်းဓားဂိုဏ်းနဲ့ ခင်ဗျား ယှဉ်ကြည့်ချင်သေးလား”

ကျန့်ယုံးဇီက ခုံထုံးဘိုးဘိုးကြီးကို ကြည့်ကာ တက်ကြွစွာဖြင့် ပြုံးလျက် မေးလိုက်၏။ သူ၏ ရှူရှန်းဓားဂိုဏ်းမှာ ပင်မအကြီးအကဲ တစ်ဦး ဆုံးရှုံးခဲ့ရသော်လည်း၊ ယခုအခါ အနှိုင်းမဲ့သော ဘိုးဘိုးကြီးတစ်ဦးကို ရရှိလိုက်သဖြင့် အမြတ်ထွက်သွားခဲ့သည်။

ခုံထုံးဘိုးဘိုးကြီးမှာမူ ဤသည်ကို မြင်သောအခါ ကြောက်ရွံ့တုန်လှုပ်သွားခဲ့ရ၏။ အနှိုင်းမဲ့သော ဘိုးဘိုးကြီးတစ်ဦး၏ အရှိန်အဝါ ထွက်ပေါ်လာသည်နှင့် သူသည် လှုပ်ရှားရန်ပင် အင်အားမရှိတော့ချေ။ ထိုခဏ၌ သူသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက တောက်ယန်ဇီ၏ နှိမ်နင်းခြင်းကို ခံခဲ့ရသော ကြောက်ရွံ့မှုကို ပြန်လည် ခံစားလိုက်ရသည်။ သို့သော်လည်း ဂိုဏ်းကြီးငါးဂိုဏ်း၏ နေရာမှာ သူ၏ ရှေ့မှောက်၌ပင် ရှိနေသဖြင့် သူသည် မကျေမနပ်ဖြင့် ကျန်ရှိသော ဂိုဏ်းများဘက်သို့ လှည့်ကြည့်လိုက်ပြန်၏။

“ကျွန်တော်တို့ ချွမ်ကျန်းဂိုဏ်းမှာ တစ်ပိုင်းတစ်စ မဟာအရှင် တစ်ဦး၊ ထိပ်တန်း ကောင်းကင်ဆရာကြီး ငါးဦးနဲ့ ကောင်းကင်ဆရာ စုစုပေါင်း နှစ်ဆယ့်ခြောက်ဦး ရှိပါတယ်၊ စိတ်မကောင်းပါဘူး၊ ခင်ဗျားတို့ ခုံထုံးဂိုဏ်းထက်တော့ နည်းနည်း ပိုပြီး အစွမ်းထက်နေတယ်”

“ကျိန့်ယိဂိုဏ်းမှာ တစ်ပိုင်းတစ်စ မဟာအရှင် တစ်ဦးနဲ့ ထိပ်တန်း ကောင်းကင်ဆရာကြီး လေးဦး ရှိတယ်၊ တစ်ဦးကတော့ နဝမအဆင့် ဖြစ်နေပြီဆိုတော့ မကြာခင် ဒုတိယမြောက် တစ်ပိုင်းတစ်စ မဟာအရှင် ဖြစ်လာတော့မှာပါ၊ ကောင်းကင်ဆရာ နှစ်ဆယ့်လေးဦးတောင် ရှိနေတာဆိုတော့ ခင်ဗျားတို့ ခုံထုံးဂိုဏ်းထက်တော့ သာနေတာ အမှန်ပဲ”

“ကျွန်တော့်ရဲ့ လုံဟူတောင်ကိုတော့ ထွေထွေထူးထူး ပြောနေစရာ မလိုတော့ဘူး ထင်တယ်၊ ကောင်းကင်ဆရာကြီးရဲ့ မျိုးဆက်တွေ အပါအဝင်ဆိုရင်၊ ကျွန်တော်တို့ဆီမှာ ထိပ်တန်း ကောင်းကင်ဆရာကြီး ခြောက်ဦးနဲ့ ကောင်းကင်ဆရာ သုံးဆယ့်တစ်ဦး ရှိတယ်”

ကံမကောင်းစွာဖြင့်ပင် ကျန်ရှိသော ဂိုဏ်းကြီးသုံးဂိုဏ်းမှ ဘိုးဘိုးကြီးများမှာ ပြုံးရွှင်စွာဖြင့် မိမိတို့ဂိုဏ်း၏ အင်အားကို ထုတ်ဖော် ပြောဆိုလိုက်ကြ၏။ ဤမျှ ထိတ်လန့်ဖွယ် ကောင်းလှသော အင်အားများကို ကြားလိုက်ရသောအခါ ခုံထုံးဘိုးဘိုးကြီးမှာ ဒေါသကြောင့် တုန်ရင်နေတော့၏။

သူသည် ဂိုဏ်းဝင်တစ်ဆယ့်ငါးဦးရှိရမည်ဟူသော စည်းကမ်းသစ်ကို မသိခဲ့ချေ။ တောက်ယန်ဇီ ကွယ်လွန်သွားသည်ကိုလည်း သူ မသိခဲ့ချေ။ သို့သော်လည်း သူသည် အသင့်ပြင်ဆင်လာခဲ့ခြင်း ဖြစ်သည်။ သေချာတာပေါ့၊ သူ၏ မူလပစ်မှတ်မှာ မော်ရှန်းမဟုတ်ဘဲ ကျိန့်ယိဂိုဏ်း ဖြစ်သည်။

ဘာကြောင့်ဆိုသော် ယခင်က ကျိန့်ယိဂိုဏ်း၌ ကောင်းကင်ဆရာ တစ်ဆယ့်ရှစ်ဦးနှင့် ထိပ်တန်း ကောင်းကင်ဆရာကြီး နှစ်ဦးသာ ရှိခဲ့သောကြောင့် ဖြစ်၏။ တစ်ပိုင်းတစ်စ မဟာအရှင်မှာလည်း တစ်ဦးသာ ရှိခဲ့သည်။ သူ ပြင်ဆင်လာသော အင်အားမှာ ထိပ်တန်း ကောင်းကင်ဆရာကြီး လေးဦးနှင့် သာမန်ကောင်းကင်ဆရာ နှစ်ဆယ် ဖြစ်နေသဖြင့် သူတို့ကို နှိမ်နင်းရန် လုံလောက်လှသည်။

မော်ရှန်း၌ တစ်ပိုင်းတစ်စ မဟာအရှင် မရှိတော့ကြောင်း သိလိုက်ရသောအခါမှသာ သူသည် သူ၏ ပစ်မှတ်ကို မော်ရှန်းဘက်သို့ ပြောင်းလဲခဲ့ခြင်း ဖြစ်၏။ မော်ရှန်းဂိုဏ်းမှာ ဤမျှအထိ အင်အားများကို ဝှက်ဖုံးထားလိမ့်မည်ဟု မည်သူ ထင်ထားမည်နည်း။ တစ်ပိုင်းတစ်စ မဟာအရှင် နှစ်ဦးသာမက ကောင်းကင်ဆရာ သုံးဆယ့်တစ်ဦးတောင် ရှိနေသည်။ တစ်ပိုင်းတစ်စ မဟာအရှင်ထက်ပင် ပိုမို အစွမ်းထက်သော ပုဂ္ဂိုလ် နှစ်ဦး ရှိနေနိုင်သေး၏။

၎င်းမှာ တကယ့်ကို ရယ်စရာကြီး ဖြစ်နေတော့၏။ မော်ရှန်းဂိုဏ်း တစ်ခုတည်းဆိုလျှင် ထားပါဦး၊ အခြားဂိုဏ်းများ၌လည်း အစွမ်းထက်သော ကောင်းကင်ဆရာများ ရောက်ရှိနေကြသည်။ ရလဒ်အနေဖြင့် အားအနည်းဆုံးဟု ထင်ရသော ကျိန့်ယိဂိုဏ်းပင်လျှင် ယခုအခါ သူ့ကို ဖိနှိပ်နိုင်နေပြီ ဖြစ်၏။

“နေဦး”

ထိုအချိန်၌ ရှူရှန်းဓားဂိုဏ်းမှ ကျန့်ရွှယ်က ဖြည်းညင်းစွာ ရှေ့သို့ တစ်လှမ်းတက်လှမ်းလာခဲ့၏။

“ကျွန်တော့်အနေနဲ့ကတော့ ဟွာရှန်းဓားဂိုဏ်းဟာ အမှန်တကယ် ဆဋ္ဌမမြောက် ဂိုဏ်းကြီး ဖြစ်လာဖို့ အရည်အချင်း ပြည့်စုံတယ်လို့ ယူဆတယ်”

ကျန့်ရွှယ်က အဓိပ္ပာယ်ပါသော အပြုံးဖြင့် ဖြည်းညင်းစွာ ဆိုလိုက်၏။ ထိုခဏ၌ လူတိုင်းမှာ မှင်သက်သွားကြရတော့၏။ ဟွာရှန်းဓားဂိုဏ်းမှာ အမှန်တကယ်ပင် နှစ်ပေါင်း တစ်ထောင်ကျော်အတွင်း ဒုတိယတန်းစား ဂိုဏ်းများ၏ ခေါင်းဆောင် ဖြစ်ခဲ့သည်။ ဟိုးတုန်းက သူတို့သည် ဂိုဏ်းကြီးငါးဂိုဏ်းထဲတွင် ပါဝင်ခဲ့သော်လည်း၊ သူတို့၏ ဘိုးဘိုးကြီး ကွယ်လွန်သွားပြီး ကျင့်စဉ်များ ပျောက်ဆုံးသွားခဲ့သဖြင့် ဆုတ်ယုတ်သွားခဲ့ရခြင်း ဖြစ်၏။

သို့သော်လည်း သူတို့၌ ကောင်းကင်ဆရာ တစ်ဆယ်မှ နှစ်ဆယ်ကြား ရှိနေသေးသဖြင့် ဒုတိယတန်းစား ဂိုဏ်းများကြား၌ ခေါင်းဆောင်အဖြစ် ဆက်လက် တည်ရှိနေခဲ့၏။ လွန်ခဲ့သော နှစ်ပေါင်း တစ်ရာက ခုံထုံးဘိုးဘိုးကြီး ပေါ်လာသည်အထိပင် ဖြစ်သည်။ ထိုအဖိုးကြီးမှာ ဂိုဏ်း၏ စုစုပေါင်း အင်အားချင်း မယှဉ်နိုင်သဖြင့် သူ၏ ပုဂ္ဂိုလ်ရေး အစွမ်းကို သုံး၍ အခြားသူများကို ဖိနှိပ်ခဲ့ခြင်း ဖြစ်၏။ အခြားသူများမှာလည်း အကူအညီမဲ့စွာဖြင့် သူ့ကို ဒုတိယတန်းစား ဂိုဏ်းများ၏ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုခဲ့ကြရ၏။

ယခုမူ အသစ်ပေါ်ထွက်လာသော အနှိုင်းမဲ့ ဘိုးဘိုးကြီး ကျန့်ရွှယ်က ထိုသို့ ပြောဆိုလာသည်။ လူတိုင်းသည် အံ့ဩတကြီးဖြင့် ဟွာရှန်းဓားဂိုဏ်းဘက်သို့ လှည့်ကြည့်လိုက်ကြ၏။ ထိုအခါမှသာ ဟွာရှန်းဓားဂိုဏ်း၌ ကောင်းကင်ဆရာ တစ်ဆယ်ကျော် ထပ်တိုးနေသည်ကို အံ့ဩစွာ တွေ့လိုက်ရတော့၏။ ၎င်းပြင် သူတို့တစ်ဦးချင်းစီ၏ အရှိန်အဝါမှာလည်း အလွန်ပင် ပြင်းထန်လှသည်။ သူတို့ကို ဦးဆောင်လာသော အဖိုးအိုမှာ ပို၍ပင် နက်နဲလှ၏။ တစ်နည်းအားဖြင့် ပြောရလျှင် လက်ရှိ ဟွာရှန်းဓားဂိုဏ်း၌ ကောင်းကင်ဆရာ အယောက် သုံးဆယ် ရှိနေခြင်းပင် ဖြစ်သည်။

“ကျန့်ရွှယ်၊ ဒီကောင်လေးကတော့ နောက်ပြန်ပြီ”

ထိုအချိန်၌ အဖိုးအိုက ရယ်မောလိုက်၏။ ကောင်လေးက စကားစလိုက်ပြီဆိုမှတော့ သူ၏ အရိုးအိုများကိုလည်း နည်းနည်းပါးပါး လှုပ်ရှားပေးရတော့မည်။ သူသည် ထိုသို့ တွေးတောကာ ဖြည်းညင်းစွာ မတ်တပ်ထရပ်လိုက်တော့၏။

“ဝုန်း”

မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအဖိုးအို၏ ခန္ဓာကိုယ်အတွင်းမှ ထိတ်လန့်ဖွယ် အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ တစ်ပိုင်းတစ်စ မဟာအရှင်၏ အထွတ်အထိပ်သို့ အမှန်တကယ် ရောက်ရှိနေသော အရှိန်အဝါပင် ဖြစ်၏။ နောက်ထပ် အနည်းငယ်မျှဆိုလျှင် သူသည် တစ်ပိုင်းတစ်စ မဟာအရှင် အဆင့်ကို ကျော်လွန်ကာ မဟာအရှင် အဆင့်ရှိသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာလိမ့်မည်။ ထို့ပြင် သူသည်လည်း အစွမ်းထက်လှသော ဒုတိယအဆင့် နှင်းခဲဓာတ် ဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထား၏။ သူ၏ အစွမ်းမှာ ကျန့်ရွှယ်ထက်ပင် သာလွန်နေသည်မှာ သေချာလှသည်။

ထိုခဏ၌……..

လူတိုင်းမှာ လုံးဝ ထိတ်လန့်သွားကြရတော့၏။ နောက်ထပ် အနှိုင်းမဲ့ ဘိုးဘိုးကြီး တစ်ဦးပါလား ၊ ကောင်းကင်ဆရာ အယောက် သုံးဆယ်နှင့် ပေါင်းစပ်လိုက်ပါက၊ ခုံထုံးဂိုဏ်းကို ထားပါဦး၊ ကျိန့်ယိဂိုဏ်းကိုပင် တိုက်ရိုက် နှိမ်နင်းနိုင်လိမ့်မည်။ ယခုမူ လူတိုင်း၏ အကြည့်များမှာ ဟွာရှန်းဓားဂိုဏ်းနှင့် ကျိန့်ယိဂိုဏ်းတို့ဆီသို့ ရောက်ရှိနေကြတော့၏။

သို့သော်လည်း ထိုအချိန်မှာပင် လုံဟူတောင်မှ ဘိုးဘိုးကြီးနှင့် ကျိန့်ယိဂိုဏ်းမှ ဘိုးဘိုးကြီးတို့မှာ အချင်းချင်း ကြည့်လိုက်ကြပြီး နှစ်ဦးလုံး မတ်တပ်ထရပ်လိုက်ကြ၏။

“ကျွန်တော်တို့ ကြေညာပါတယ်၊ ကျွန်တော့်ရဲ့ လုံဟူတောင်ဟာ ကျိန့်ယိဂိုဏ်းနဲ့ နောက်တစ်ကြိမ် ပူးပေါင်းမှာ ဖြစ်ပြီး၊ ရှေးဟောင်းဂိုဏ်းအမည်ဖြစ်တဲ့ လုံဟူတောင် ကျိန့်ယိတာအိုဂိုဏ်း အဖြစ် ပြန်လည် တည်ထောင်မှာ ဖြစ်ပါတယ်”

(မှတ်ချက် - လုံဟူတောင်နှင့် ကျိန့်ယိဂိုဏ်းမှာ မူလက မြစ်ဖျားခံရာ တစ်ခုတည်း ဖြစ်သည်)

ထိုခဏ၌ ရှိနေသူအားလုံးမှာ မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် မျက်လုံးပြူးသွားကြရတော့၏။ ဂိုဏ်းကြီးနှစ်ဂိုဏ်း ပေါင်းစည်းမည် ဟုတ်လား ၊ အကယ်၍ ၎င်းမှာ အမှန်ဖြစ်ပါက ဂိုဏ်းတစ်ခုတည်း၌ ကောင်းကင်ဆရာ ငါးဆယ်ကျော် ရှိနေမည်။ တစ်ပိုင်းတစ်စ မဟာအရှင် နှစ်ဦးနှင့် ထိပ်တန်း ကောင်းကင်ဆရာကြီး အမြောက်အမြားလည်း ရှိနေဦးမည် ဖြစ်သည်။ ၎င်းမှာ အစွမ်းအထက်ဆုံး နံပါတ်တစ် ဂိုဏ်းအဖြစ် ဆက်လက် တည်ရှိနေလိမ့်မည်။

ထိုအချိန်တွင် ခုံထုံးဘိုးဘိုးကြီးမှာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရင်နေတော့၏။ တောက်တီးတောက်တဲ့၊ သူသည် ဟိုးတုန်းက ထိုဂိုဏ်းနှစ်ခု ပေါင်းစည်းရန် အကြံပြုခဲ့သော်လည်း၊ သူတို့က ငြင်းပယ်ရုံသာမက သူ၏ ခုံထုံးဂိုဏ်းကိုပါ တာအိုဂိုဏ်းများထဲမှ ပယ်ထုတ်ခဲ့ကြသည်။ ယခု ဟွာရှန်းဓားဂိုဏ်းက အင်အားကို ထုတ်ပြလိုက်သည်နှင့် သူတို့သည် ချက်ချင်းပင် ပူးပေါင်းကြောင်း ကြေညာလိုက်ကြ၏။ ၎င်းမှာ သူ့ကို သိသိသာသာ ပစ်မှတ်ထားခြင်းပင် ဖြစ်၏။

ကံမကောင်းစွာဖြင့်ပင် ဟွာရှန်းဓားဂိုဏ်းမှာလည်း ရှေးဟောင်း တာအိုဂိုဏ်းများထဲမှ တစ်ခုဖြစ်ကြောင်း သူ မည်သို့ သိနိုင်မည်နည်း။ လွန်ခဲ့သော နှစ်ပေါင်းများစွာက သူတို့သည် အေးစက်လှသော အန္တရာယ်နယ်မြေကို စူးစမ်းခဲ့ကြစဉ်က သူတို့၏ ဂိုဏ်းဘိုးဘိုးကြီးမှာ ထိုနယ်မြေ၌ ပိတ်မိသွားခဲ့သဖြင့် ဆုတ်ယုတ်သွားခဲ့ရခြင်း ဖြစ်၏။ ယခုအခါ သူတို့၏ အင်အားများကို ပြန်လည် ရရှိလာပြီဖြစ်ရာ ဂိုဏ်းကြီးငါးဂိုဏ်းထဲတွင် ပါဝင်ရန် အခြေခံများ ပြည့်စုံနေခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း ဂိုဏ်းချုပ်ကို တည်ထောင်ခဲ့စဉ်က ဘိုးဘိုးကြီး ကျန်းတောက်လင်က ဂိုဏ်းကြီးငါးဂိုဏ်းသာ ရှိရမည်ဟု ဆိုခဲ့သည်။ ဘာကြောင့်ဆိုသော် ပို၍ များပြားလာပါက အာဏာ အလွဲသုံးစားမှုနှင့် သဘောထား ကွဲလွဲမှုများ ဖြစ်လာနိုင်သောကြောင့်ပင် ဖြစ‌ေ၏။ ထို့ကြောင့် ဟွာရှန်းဓားဂိုဏ်း ဆုတ်ယုတ်သွားသောအခါ လုံဟူတောင်နှင့် ကျိန့်ယိဂိုဏ်းမှာ ဂိုဏ်းနှစ်ခုအဖြစ် တိုက်ရိုက် ခွဲထွက်သွားခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ ပဉ္စမမြောက်ဂိုဏ်း တစ်ခုကို အခြားသူများ ဝင်မယူနိုင်ရန် တားဆီးထားခြင်းပင် ဖြစ်၏။

၎င်း၏ ရည်ရွယ်ချက်မှာ ဟွာရှန်းဓားဂိုဏ်း ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း သိမြင်သူတိုင်း သိနိုင်သော်လည်း ယခုမူ ထိုအချိန်သို့ ရောက်ရှိလာခဲ့သည်။ တစ်ချိန်တည်းမှာပင် အခြားဂိုဏ်းများ၌လည်း တစ်ပိုင်းတစ်စ မဟာအရှင် နှစ်ဦးစီ ရှိနေ၏။ ပေါင်းစည်းလိုက်ခြင်းအားဖြင့် လုံဟူတောင်မှာ အလွန်အမင်း အာဏာကြီးစိုးသွားခြင်း သို့မဟုတ် အခြားဂိုဏ်းများ၏ သံသယကို ခံရခြင်းမျိုးလည်း ဖြစ်လာလိမ့်မည် မဟုတ်ချေ။

“ဒါဆိုရင်တော့၊ လောကရှိ သတ္တဝါအားလုံးရဲ့ တည်ငြိမ်ရေးအတွက်၊ ကျွန်တော်တို့အနေနဲ့ ဟွာရှန်းဓားဂိုဏ်းကို ဒီနေ့ကစပြီး ဂိုဏ်းကြီးငါးဂိုဏ်း စာရင်းထဲမှာ ပြန်လည် ပါဝင်ဖို့ ဖိတ်ကြားပါတယ်”

နောက်ဆုံးတွင် ထိုနေရာ၌ အသက်အကြီးဆုံးဖြစ်သော တစ်ပိုင်းတစ်စ မဟာအရှင် ‘ကောင်းကင်ဆရာ လုံထု’ က နူးညံ့စွာ ပြုံးလျက် ဆိုလိုက်တော့၏။

“ကျွန်တော်တို့ ဟွာရှန်းဓားဂိုဏ်းကို လောကအတွက် မိစ္ဆာတွေကို နှိမ်နင်းပြီး တာအိုတရားကို စောင့်ရှောက်ဖို့အတွက် ဂိုဏ်းကြီးငါးဂိုဏ်း စာရင်းထဲ ပြန်ဝင်ဖို့ ဖိတ်ကြားပါတယ်”

“ဖိတ်ကြားပါတယ်”

“ဖိတ်ကြားပါတယ်”

ချက်ချင်းပင် ပတ်ဝန်းကျင်ရှိ ဂိုဏ်းသားအားလုံးမှာ လက်အုပ်ချီကာ ဟွာရှန်းဓားဂိုဏ်းသို့ ရိုသေစွာ ဦးညွှတ်လိုက်ကြတော့၏။ ထိုခဏ၌ ဟွာရှန်းဓားဂိုဏ်း၏ ဘိုးဘိုးကြီးဟောင်းနှင့် လက်ရှိ ပင်မအကြီးအကဲဖြစ်သော ‘ကောင်းကင်ဆရာ ထန်းရှား’ မှာ စိတ်လှုပ်ရှားလွန်းသဖြင့် မျက်ရည်များပင် ဝဲလာခဲ့ရသည်။ သူသည် အသက်လေးရာ့ရှစ်ဆယ်ကျော်နေပြီဖြစ်ရာ တစ်ပိုင်းတစ်စ မဟာအရှင် ဖြစ်လာရန်မှာ မဖြစ်နိုင်တော့ပေ။ သူ၏ ဂိုဏ်းမှာ ဂိုဏ်းကြီးငါးဂိုဏ်း စာရင်းထဲသို့ ပြန်လည် ရောက်ရှိလာသည်ကို မြင်တွေ့ရလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ချေ။

“ဘိုးဘိုးကြီး၊ ကြွပါဦး”

တန်းရှားသည် မျက်ရည်များ ဝဲလျက် သူ၏ ဘေးနားရှိ ဓားလွယ်ထားသော အဖိုးအိုကို အလေးအနက် ဦးညွှတ်လိုက်၏။

“အတူတူ သွားကြစို့၊ မင်းလည်း ဒါနဲ့ ထိုက်တန်ပါတယ်”

နှင်းကျေးရွာမှ အဖိုးအိုက အသာအယာ ပြုံးလိုက်ပြီးနောက် ထန်းရှားနှင့် စိတ်လှုပ်ရှားနေသော ဟွာရှန်းတပည့်များကို ဦးဆောင်ကာ ကျိန့်ယိဂိုဏ်းမှ ဖယ်ပေးထားသော နေရာများသို့ လျှောက်လှမ်းသွားခဲ့တော့၏။ ထိုအချိန်မှစ၍ နှင်းကျေးရွာမှ ဂိုဏ်းအားလုံးမှာ ဂိုဏ်းကြီးငါးဂိုဏ်း၏ တပည့်များ ဖြစ်လာကြတော့သည်။

“တောက်တီးတောက်တဲ့၊ ငါ တကယ် ဒေါသထွက်တယ်၊ မင်းတို့ စောင့်နေကြစမ်း”

ခုံထုံးဘိုးဘိုးကြီးမှာ ဒေါသတကြီး ကျိန်ဆဲလျက် ထွက်ခွာသွားရန် ပြင်လိုက်တော့၏။

“ဟားဟားဟား၊ ဒီတစ်ခေါက်လည်း ခုံထုံးဂိုဏ်းဟာ ဒုတိယတန်းစား ဂိုဏ်းတွေရဲ့ ခေါင်းဆောင်ပဲ ဖြစ်နိုင်တော့မှာပဲ”

“ဒါလည်း အဆင်ပြေပါတယ်၊ သူတို့ဟာ နာမည်ရော လက်တွေ့ရောမှာ ခေါင်းဆောင်တွေ ဖြစ်သွားတာပဲလေ”

“ဟုတ်တာပေါ့၊ အရင်က ကောင်းကင်ဆရာ တစ်ယောက်မှ မရှိခဲ့ဘဲနဲ့၊ အခုတော့ အယောက် နှစ်ဆယ်တောင် ရှိနေပြီပဲ၊ ဒုတိယတန်းစား ခေါင်းဆောင်ဆိုတဲ့ ဘွဲ့နဲ့ တကယ်ကို ထိုက်တန်ပါတယ်”

ထိုခဏ၌ ပတ်ဝန်းကျင်ရှိ ဂိုဏ်းသားများမှာ မရယ်ဘဲ မနေနိုင်ကြတော့ချေ။ ထိုစကားများကို ကြားရသောအခါ ခုံထုံးဘိုးဘိုးကြီးမှာ အသက်ကို ပြင်းပြင်းရှူလိုက်ရ၏။ သူသည် သူ၏ တဒိတ်ဒိတ် ခုန်ပေါက်နေသော နှလုံးသားကို အသာအယာ ဖိထားလိုက်ရသည်။

ဒုတိယတန်းစား၊ ဒုတိယတန်းစား။

ဤစကားလုံးနှစ်လုံးမှာ သူ၏ နှလုံးသားကို ဆူးဖြင့် ထိုးနေသကဲ့သို့ ခံစားရစေသည်၊ အကယ်၍ သူသာ သူ၏ အာရုံခံစားမှုများကို အတင်းအကျပ် ပိတ်မထားခဲ့ပါက ဒေါသကြောင့် သေသွားနိုင်၏။

“အိုး၊ တော်တော်လေး စည်ကားနေတာပဲ၊ ငါ ရောက်တာ နောက်ကျသွားပုံရတယ်၊ ပွဲကောင်းတစ်ခုခု ရှိနေလို့လား”

ထိုအချိန်၌ ဂိုဏ်းချုပ်၏ အပြင်ဘက်မှနေ၍ မေးခွန်းထုတ်သံ တစ်ခု ထွက်ပေါ်လာခဲ့၏။ ထိုအသံကို ကြားလိုက်ရသဖြင့် လူတိုင်းမှာ ခန်းမအပြင်ဘက်သို့ လှမ်းကြည့်လိုက်ကြသည်။ မော်ရှန်းကောင်းကင်ဆရာ၏ ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် ကောင်းကင်ယံထက်၌ လျှပ်စီးစွမ်းအင်များကို နင်းကာ ဖြည်းညင်းစွာ လျှောက်လှမ်းလာနေသည်ကို တွေ့လိုက်ရတော့၏။

သို့သော်လည်း ဤမြင်ကွင်းမှာ ထိုနေရာရှိ ကောင်းကင်ဆရာအားလုံး၏ မျက်နှာကို ချက်ချင်းပင် ပျက်ယွင်းသွားစေခဲ့သည်။ အထူးသဖြင့် နှင်းကျေးရွာမှ မဟုတ်သော တစ်ပိုင်းတစ်စ မဟာအရှင် ငါးဦးမှာ အလိုအလျောက်ပင် နောက်သို့ ဆုတ်လိုက်ကြရတော့၏။ လျှပ်စီးစွမ်းအင်၊ ၎င်းမှာ တစ်ပိုင်းတစ်စ မဟာအရှင်များ အကြောက်ဆုံးအရာပင် ဖြစ်သည်။

“ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ၊ တစ်စုံတစ်ယောက်က လျှပ်စီးစွမ်းအင်ကို ဘယ်လိုလုပ် ထိန်းချုပ်နိုင်မှာလဲ”

“နေဦး၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကောင်းကင်တစ်ခုလုံး မိုးကြိုးတွေ ပစ်နေတာဟာ၊ သူ လျှပ်စီးတွေကို ထိန်းချုပ်နေလို့ ဖြစ်ရတာလား၊ တစ်စုံတစ်ယောက်က မဟာအရှင် အဆင့်ကို တက်လှမ်းနေတာလို့ ငါ ထင်နေခဲ့တာ”

“ရှုး၊ ဒီလူငယ်က ဘယ်သူလဲ၊ သူက ဘာလို့ မော်ရှန်းရဲ့ ခရမ်းရောင်ဝတ်ရုံကို ဝတ်ထားရတာလဲ”

“သူက မော်ရှန်းရဲ့ ဘိုးဘိုးကြီးလား၊ ဒါမှမဟုတ် ပင်မအကြီးအကဲလား”

“သာမန် မဟာအရှင်တစ်ယောက်တောင်မှ လျှပ်စီးစွမ်းအင်ရဲ့ တိုက်ခိုက်မှုကို တစ်ချက်တည်းနဲ့ မတောင့်ခံနိုင်ဘူး၊ သူ့ရဲ့ အစွမ်းဟာ မဟာအရှင် အဆင့်ကို ရောက်နေပြီလား”

မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်ဆရာများမှာ ထိတ်လန့်တကြား ဆွေးနွေးနေမိကြတော့၏။ တစ်ချိန်တည်းမှာပင် တစ်ပိုင်းတစ်စ မဟာအရှင် ငါးဦးစလုံးမှာ လင်းရန်ယန်၏ ထံမှနေ၍ အရာအားလုံးကို ဖိနှိပ်နိုင်စွမ်းရှိသော ထိတ်လန့်ဖွယ် အရှိန်အဝါများကို ခံစားလိုက်ကြရသည်။

“မဟာအရှင်”

ဤစကားလုံးနှစ်လုံးမှာ သူတို့၏ စိတ်ထဲသို့ ချက်ချင်းပင် ရောက်ရှိလာခဲ့တော့၏။ ခုံထုံးဘိုးဘိုးကြီးမှာလည်း အလွန်အမင်း ကြောက်လန့်သွားသဖြင့် အမြန်ပင် ထွက်ခွာသွားရန် ပြင်လိုက်တော့၏။ မဟာအရှင်၊ ၎င်းမှာ မဟာအရှင် တစ်ဦး ဖြစ်သည်၊ ၎င်းပြင် မော်ရှန်းဂိုဏ်းမှလည်း ဖြစ်နေသေးသည်။ သူသည် ယနေ့တွင် မော်ရှန်းကို အကြိမ်ကြိမ် စော်ကားခဲ့သည် ၊ အကယ်၍ ထိုသူသာ သိသွားပါက သူ့ကို သတ်ပစ်မည်။

All Chapters