← Chapters

အခန်း (၁၉၉-၂၀၀)

Vol. 20 Ch. 199-200

အခန်း (၁၉၉-၂၀၀)

Vol. 20 Ch. 199-200

အခန်း ၁၉၉ - မိစ္ဆာနှိမ်နင်းရေးဆရာကြီး ဇာတ်လမ်းစတင်ခြင်း

ရှိနေသော ကောင်းကင်ဆရာအားလုံးမှာ တည်ကြည်လေးနက်စွာဖြင့် ခေါင်းညိတ်လိုက်ကြပေ၏။ နှင်းကျေးရွာမှ ရောက်ရှိလာသော ကောင်းကင်ဆရာများမှာမူ အချင်းချင်း အကြည့်ဖလှယ်လိုက်ကြပြီး ပြင်ပလောကရှိ တာအိုပညာရပ်များ၏ ထိတ်လန့်ဖွယ်ကောင်းလှသော စွမ်းပကားကို ခံစားနေမိကြသည်။

ဤ ‘နတ်ဘုရား ပင့်ဖိတ်ခြင်း ကျင့်စဉ်’ ဆိုသည်မှာ အလွန်အမင်း အေးစက်လှသော နယ်မြေအတွင်း၌ အသုံးပြု၍ မရနိုင်ချေ။ ထို့ကြောင့် သူတို့သည် ဤကျင့်စဉ်မှာ မိမိထက် အဆင့်မြင့်သော ရန်သူကို သတ်ဖြတ်နိုင်သည်ဟုသာ ကြားဖူးခဲ့ကြသော်လည်း၊ မဟာအရှင်အဆင့်ရှိသူတစ်ဦးက တာအိုအရှင်သခင်ကို တိုက်ရိုက် ပင့်ဖိတ်နိုင်လိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ကြပေ။ ၎င်းမှာ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်လောက်သည့် အစွမ်းပင် ဖြစ်တော့၏။

“ပင်မအကြီးအကဲကြီး၊ အခု ဘာဆက်လုပ်ဖို့ အစီအစဉ် ရှိပါသလဲ၊ မော်ရှန်းတောင်ကို တိုက်ရိုက် ပြန်မှာလား၊ ဒါမှမဟုတ်...”

ထိုခဏ၌ ဂိုဏ်းချုပ်ခန်းမမှ ထွက်လာကြသော မော်ရှန်းဂိုဏ်းသားများက လင်းရန်ယန်ကို ဇဝေဇဝါဖြင့် မေးမြန်းလိုက်ကြ၏။

“ကျွန်တော့်မှာ လုပ်စရာတွေ ရှိသေးတယ်၊ နောက်ထပ် သုံးရက်နေရင် ချင်းရှီဟွမ် အုတ်ဂူမှာ တွေ့ကြတာပေါ့”

လင်းရန်ယန်သည် သူ၏ စနစ်အတွင်းရှိ တာဝန်စာရင်းကို စစ်ဆေးကြည့်လိုက်ရာ လုပ်ဆောင်ရန် တာဝန်များစွာ ကျန်ရှိနေသေးသည်ကို တွေ့လိုက်ရသည်။ ထို့ပြင် တောက်ရွှမ်းဇီ ရောက်ရှိလာမှုကြောင့် ကြယ်လေးပွင့်နှင့် အထက်ရှိသော တာဝန်ပေါင်း ငါးဆယ်ကျော်ကို ရရှိခဲ့သေး၏။ ၎င်းတို့အထဲတွင် ဆယ်ခုကျော်မှာ ကောင်းကင်ဆရာအဆင့် တာဝန်များ ဖြစ်သည်။ ဤတာဝန်များကိုပါ ပေါင်းစပ်လိုက်လျှင် လင်းရန်ယန်သည် နောက်ထပ် သုံးရက်အတွင်း အနားမယူဘဲ နေ့ရောညပါ အလုပ်လုပ်ရတော့မည်ဟု ခန့်မှန်းလိုက်မိတော့၏။

“ဒါဆိုရင်လည်း ဂရုစိုက်ပါ ပင်မအကြီးအကဲကြီး၊ သုံးရက်နေရင် ပြန်တွေ့ကြမယ်”

ရွှမ်းထျန်းဇီနှင့် အခြားသူများမှာ လင်းရန်ယန်ကို ရိုသေစွာဖြင့် နှုတ်ဆက်လိုက်ကြသည်။

“လင်းရန်ယန်၊ ချင်းလင်လေးက မော်ရှန်းတောင်မှာ မင်းကို စောင့်နေတုန်းပဲ၊ အချိန်ရရင် ပြန်လာကြည့်ဦးဦး၊ သူက မင်းအတွက် တစ်ခုခု လက်ဆောင်ပေးစရာ ရှိတယ်လို့ ပြောနေတယ်”

ကျောက်ဝူဆန်းသည်လည်း ထိုအချိန်၌ လင်းရန်ယန်ကို လှမ်း၍ ပြောလိုက်၏။

“လက်ဆောင် ဟုတ်လား၊ ဟုတ်ကဲ့၊ ကျွန်တော့်ကိစ္စတွေ အတော်လေး ပြီးသွားရင် သူ့ဆီ ပြန်လာခဲ့ပါ့မယ်”

လင်းရန်ယန်မှာ ခဏမျှ ကြောင်သွားသော်လည်း စိတ်ထဲ၌ အပြစ်မကင်းသလို ခံစားလိုက်ရ၏။ သူသည် လက်ထပ်ပြီးသည်နှင့် ချက်ချင်း ထွက်လာခဲ့သည်မှာ ယခုဆိုလျှင် လေးငါးရက်ခန့် ရှိနေပြီ ဖြစ်သော်လည်း ချင်းလင်ကို သွားမတွေ့ဖြစ်သေးချေ။ သူ နည်းနည်း ပိုမြန်မြန် လှုပ်ရှားရတော့မည် ထင်သည်။

သူသည် ထိုသို့ တွေးတောကာ ဟင်းလင်းပြင်ထဲမှ ‘ဝမ့်ယန်ဓား’ ကို ထုတ်ယူလိုက်ပြီး ၎င်းအတွင်းရှိ တည်နေရာရွှေ့ပြောင်းခြင်း မဟာဝင်္ကပါကို အသက်သွင်းလိုက်တော့၏။

“ဝုန်း”

ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကြီး တုန်ခါသွားသည်နှင့်အမျှ လင်းရန်ယန်၏ ပုံရိပ်မှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့တော့သည်။

“ဝုန်း”

ကီလိုမီတာ နှစ်ထောင်ခန့် ဝေးကွာသော ‘ကျိုချွမ်း’ မြို့လေး၏ ကောင်းကင်ယံထက်၌….

မနက်ခင်း အချိန်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ နေရောင်ခြည်သည် ကျိုချွမ်းမြို့လေးတစ်ခုလုံးကို ဖြန့်ကျက် လင်းပနေစေ၏။ သို့သော်လည်း တစ်စုံတစ်ယောက်က ကောင်းကင်သို့ မော့ကြည့်လိုက်လျှင်ပင် လင်းရန်ယန်ကို တွေ့မြင်နိုင်လိမ့်မည် မဟုတ်ချေ။ သူ၏ ခန္ဓာကိုယ်မှာ နေရောင်ခြည်နှင့် တစ်သားတည်း ပေါင်းစပ်နေသကဲ့သို့ ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ လင်းရန်ယန်က ဖြည်းညင်းစွာ မျက်လုံးမှိတ်လိုက်၏။

“နတ်ဘုရားမျက်စိ အစွမ်း”

နောက်တစ်ခဏ၌ လင်းရန်ယန်သည် မျက်လုံးကို ဝုန်းကနဲ ဖွင့်လိုက်တော့၏။ လျှပ်တစ်ပြက်အတွင်းမှာပင် တောက်ပလှသော ရွှေရောင်အလင်းတန်းများသည် သူ၏ မျက်ဝန်းများအတွင်းမှ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ ထိုရွှေရောင်အလင်းတန်းများသည် မြေပြင်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ပေသည်။ မကြာခင်မှာပင် လင်းရန်ယန်၏ အကြည့်မှာ ကျိုချွမ်းမြို့၏ မိစ္ဆာဓာတ် အများဆုံးနေရာသို့ ကျရောက်သွားခဲ့တော့၏။

၎င်းမှာ ‘ရန်ကျား’ မြို့ရှိ ဘုရားကျောင်းနှင့် ဆင်တူသော စွန့်ပစ်ထားသည့် ဘုရားကျောင်းတစ်ခု၏ တည်နေရာပင် ဖြစ်သည်။

“ဟင်၊ ဒီဘုရားကျောင်းက ဘာလို့ ပြန်ပွင့်နေတာလဲ”

သို့သော်လည်း လင်းရန်ယန်ကို ဇဝေဇဝါ ဖြစ်စေသည်မှာ နှစ်ပေါင်း နှစ်ဆယ်ခန့် စွန့်ပစ်ထားခဲ့သော ဤဘုရားကျောင်းအတွင်း၌ ယခုအခါ လူများ ရှိနေခြင်းပင် ဖြစ်သည်။ ထို့ပြင် ဘုရားကျောင်း အပြင်ဘက်၌ လူပေါင်း ရာနှင့်ချီ၍ စုဝေးနေကြပြီး မုတ်ဆိတ်ဖြူနှင့် ဘုန်းတော်ကြီးတစ်ပါး၏ တရားဟောကြားမှုကို နားထောင်နေကြ၏။

“ ‘မိစ္ဆာနှိမ်နင်းရေးဆရာကြီး’ ရဲ့ ဇာတ်ကွက်က တကယ်ပဲ စတင်နေပြီပေါ့”

၎င်းကို မြင်သောအခါ လင်းရန်ယန်က မျက်ခုံးတစ်ချက် ပင့်လိုက်၏။

“ဒင်... ဂုဏ်ယူပါတယ် အရှင်၊ ‘မိစ္ဆာနှိမ်နင်းရေးဆရာကြီး’ ဇာတ်ကွက် စတင်ပါပြီ၊ တာဝန်ပေးအပ်ခြင်း - သွေးစုပ်ဖုတ်ကောင်ကို သတ်ဖြတ်ပါ၊ ပြီးမြောက်မှု ဆုလာဘ် - အလိုလျောက်တိုက်ခိုက်ရေးစနစ် အခု ၃၀”

အချက်ပေးသံတစ်ခု လင်းရန်ယန်၏ စိတ်ထဲ၌ မြည်ဟည်းသွားခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း တာဝန်တစ်ခု ရောက်ရှိလာခဲ့၏။ ယခုတစ်ကြိမ် တာဝန်မှာ အလိုလျောက်တိုက်ခိုက်ရေးစနစ် အခု ၃၀ ပေးအပ်မည် ဖြစ်သည်။ သေချာတာပေါ့၊ အဆင့်အမြင့်ဆုံး အမှတ်ရရှိရန် သော့ချက်မှာ ထို သွေးစုပ်ဖုတ်ကောင် ကို သတ်ဖြတ်ရန်ပင် ဖြစ်သည်၊ လင်းရန်ယန်အနေဖြင့် သူ့ကို သတ်နိုင်သရွေ့ အဆင့်အမြင့်ဆုံး ဆုလာဘ်ကို ရရှိလိမ့်မည်။

၎င်းမှာ အလိုလျောက်တိုက်ခိုက်ရေးစနစ် အခု ၃၀၀ တိတိ ဖြစ်လိမ့်မည်။ ၎င်းမှာ ယခင်တာဝန်နှင့် ထပ်တူကျနေသဖြင့် တစ်ကြိမ်တည်း သတ်ရုံဖြင့် တာဝန်နှစ်ခု၏ ဆုလာဘ်များကို ရရှိမည် ဖြစ်သည်။ စုစုပေါင်း အခု ၆၀၀ တိတိဖြစ်၏။

“တကယ့်ကို အမြတ်ပဲ၊ ဒါပေမဲ့ တာဝန်က ရောက်နေပြီဆိုတော့၊ ငါက ရုပ်ရှင်ထဲကလို ဇာတ်လမ်းအတိုင်း လိုက်နေစရာ မလိုတော့ဘူးပေါ့”

လင်းရန်ယန်က အသာအယာ ပြုံးလိုက်ပြီး ထိုသွေးစုပ်ဖုတ်ကောင်ကို ယခုပင် ထုတ်လွှတ်ရန် ပြင်လိုက်၏။ သူသည် ထိုသို့ တွေးတောကာ အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်း၍ အောက်သို့ ဆင်းသက်လိုက်တော့သည်။

ကျိုချွမ်းမြို့ ဘုရားကျောင်း၏ ရှေ့မှောက်၌ ဘုန်းတော်ကြီးဝတ်ရုံကို ဝတ်ဆင်ထားသော ‘ဖာသာဝူ’ မှာ တရားဟောနေ၏။ အောက်ရှိ မြို့သူမြို့သားများမှာလည်း စိတ်ဝင်တစား နားထောင်နေကြသည်။

“အားလုံးပဲ၊ ဒီလောကကြီးဟာ တကယ်ကို မှောင်မိုက်လွန်းလှပါတယ်၊ ညီအစ်ကိုချင်း မယုံကြည်ကြဘူး၊ သားအဖချင်း သံသယဝင်ကြတယ်၊ လိမ်လည်လှည့်ဖြားမှုတွေဟာ နေရာတိုင်းမှာ ရှိနေပါတယ်၊ ဒါပေမဲ့ အခုတော့ အဆင်ပြေသွားပါပြီ၊ ကျွန်တော် ရောက်လာပါပြီ၊ ခင်ဗျားတို့အနေနဲ့ ကျွန်တော့်ကို ယုံကြည်ရုံနဲ့ အရှင်သခင်ရဲ့ ကယ်တင်ခြင်းကို ခံယူရမှာ ဖြစ်ပါတယ်၊ ကျွန်တော့်ကို ယုံကြည်ပါ၊ ခင်ဗျားတို့ ကောင်းကင်ဘုံကို ရောက်ရပါလိမ့်မယ်”

ဖာသာဝူက ကြည်ညိုဖွယ်ကောင်းသော မျက်နှာထားဖြင့် ဘုရားကျောင်း၏ တရားစကားများကို ရွတ်ဖတ်နေ၏။ သူ တရားဟောနေစဉ်အတွင်း သူ၏ ခန္ဓာကိုယ်မှ မှိန်ဖျော့သော အလင်းတန်းလေးများ စတင် ထွက်ပေါ်လာသည်။ နေရောင်ခြည်နှင့် ရောယှက်ကာ ထိုအလင်းတန်းများသည် အရပ်မျက်နှာ အနှံ့သို့ ပျံ့နှံ့သွားခဲ့၏။ ထိုအလင်းတန်းများ ထိတွေ့မိသူတိုင်းသည် ဖာသာဝူအပေါ်၌ ရိုသေလေးစားစိတ်များ စတင် ဖြစ်ပေါ်လာကြတော့၏။ တရားဟောကြားမှု ကြာလာသည်နှင့်အမျှ လူအများမှာ ဖာသာဝူကို အလွန်အမင်း ကြည်ညိုလေးစားသော မျက်ဝန်းများဖြင့် ကြည့်နေမိကြတော့သည်။

“သားတော်၊ အဲ့ဒါဆိုရင် ရပြီ”

ပတ်ဝန်းကျင်ရှိ လူများမှာ လုံလောက်စွာ စည်းရုံးပြီးပြီဖြစ်ကြောင်း မြင်သောအခါ ဖာသာဝူက သူ၏ ဘေးနားရှိ သာသနာပြုတစ်ဦးကို အသာအယာ ခေါင်းညိတ်ပြလိုက်၏။ ထိုခေါင်းတုံးနှင့် သာသနာပြုသည် ရှေ့သို့ ထွက်လာကာ သေတ္တာတစ်လုံးကို မြေပြင်ပေါ်၌ ချလိုက်သည်။

“အရှင်သခင်ရဲ့ နောက်လိုက်တို့၊ ဒါကတော့ ကံအကျိုးပေးသေတ္တာ ပါပဲ၊ အရှင်သခင်အပေါ်မှာ ထားရှိတဲ့ ခင်ဗျားတို့ရဲ့ ကြည်ညိုမှုနဲ့ စိတ်ရင်းမှန်ကို ဒီထဲမှာ ထည့်ဝင်နိုင်ပါတယ်၊ အရှင်သခင်က ခင်ဗျားတို့ကို သေချာပေါက် ကောင်းချီးပေးပါလိမ့်မယ်”

သာသနာပြုက လက်နှစ်ဖက်ကို ဖြန့်ကာ ကြည်ညိုစွာ ဆိုလိုက်၏။

“ကျွန်တော် လှူပါ့မယ်”

ထိုခဏ၌ အရှေ့ဆုံးတွင် ရှိနေသော မြို့တော်ဝန်သည် ရှေ့သို့ ထွက်လာကာ ငွေစက္ကူများကို ထုတ်ယူ၍ ပြုံးရွှင်စွာဖြင့် သေတ္တာအတွင်းသို့ ထည့်လိုက်ပေ၏။ ထို့နောက် ဖာသာဝူနှင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

“မြို့တော်ဝန်က ငွေဒင်္ဂါး ၅၀၀ လှူဒါန်းပါတယ်၊ အရှင်သခင်ရဲ့ ဘုန်းတော်က သူ့အပေါ်မှာ ရှိပါစေသား”

ခေါင်းတုံး သာသနာပြုက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။

“ဝုန်း”

ရင်ပြင်တစ်ခုလုံး ဆူညံသွားခဲ့၏။ ငွေဒင်္ဂါး ၅၀၀ တိတိ လှူဒါန်းလိုက်ခြင်းမှာ ရှိနေသူအားလုံးကို ချက်ချင်း မှင်သက်သွားစေခဲ့သည်။

“ကျွန်တော်လည်း လှူမယ်”

“ကျွန်တော်လည်း ပါတယ်”

“ကျွန်တော်ကတော့ ငွေဒင်္ဂါး ၃၀ လှူပါတယ်”

ချက်ချင်းဆိုသလိုပင် ချမ်းသာသော ကုန်သည်များနှင့် ငွေကြေး အနည်းငယ် ရှိသူများမှာ မိမိတို့၏ ငွေများကို အလုအယက် ထုတ်ယူကာ လှူဒါန်းရန် တန်းစီလိုက်ကြတော့သည်။ တစ်နှစ်လျှင် ငွေဒင်္ဂါး ဆယ်ဂဏန်းမျှသာ ရှာနိုင်သော အလုပ်သမားများပင်လျှင် သွားရည်ကျလျက် ငွေဒင်္ဂါး သုံးလေးပြားကို ထုတ်ယူကာ သေတ္တာထဲသို့ ထည့်လိုက်ကြ၏။

လူပေါင်း သုံးပုံတစ်ပုံခန့် စတင် လှူဒါန်းနေကြသည်ကို မြင်သောအခါ ဖာသာဝူက မပြုံးဘဲ မနေနိုင်တော့ချေ။

“ဘုန်းတော်ကြီး၊ ကျွန်တော့်မှာ ငွေအများကြီး မရှိပါဘူး၊ ဒါက ကျွန်တော့်ရဲ့ ဒီနေ့မနက်စာ ဖိုးလေးပါ”

ထိုအချိန်၌ သူတောင်းစားတစ်ဦးသည် တုန်တုန်ရင်ရင်ဖြင့် သေတ္တာအနားသို့ ချဉ်းကပ်လာကာ ကြေးပြား အနည်းငယ်ကို ထည့်လိုက်၏။

“နံစော်နေတဲ့ သူတောင်းစား၊ မင်းက ဒီကြေးပြား အစုတ်လေးတွေနဲ့ လာလှူရဲတယ်ပေါ့၊ သွားစမ်း”

၎င်းကို မြင်သောအခါ ဘေးနားရှိ ချမ်းသာသော ကုန်သည်တစ်ဦးက နှာခေါင်းရှုံ့ကာ ဆိုလိုက်၏။ သူသည် စကားပြောရင်း ထိုသူတောင်းစားကို ကန်ထုတ်ရန် ပြင်လိုက်သည်။

“ဟေ့၊ ဟေ့၊ အင်အားမသုံးပါနဲ့၊ အင်အားမသုံးပါနဲ့”

ဖာသာဝူက အမြန်ပင် ထွက်လာကာ တားဆီးလိုက်၏။

“ပမာဏက အရေးမကြီးပါဘူး၊ စိတ်ရင်းမှန်ဖို့ပဲ လိုပါတယ်၊ အရှင်သခင်က ခင်ဗျားကို သေချာပေါက် ကောင်းချီးပေးပါလိမ့်မယ်၊ ဒီဒကာလေးဟာ သူု့ရဲ့ မနက်စာ ဖိုးကိုတောင် လှူနိုင်တယ်ဆိုတော့၊ သူု့ရဲ့ စိတ်ရင်းမှန်ဟာ တခြားသူတွေထက် အများကြီး ပိုပြီး မြင့်မြတ်ပါတယ်”

ဖာသာဝူက သူတောင်းစားကို စိတ်လှုပ်ရှားစွာဖြင့် ထူပေးလိုက်ပြီးနောက် ရှိနေသူအားလုံးကို သနားကြင်နာသော မျက်နှာထားဖြင့် ကြည့်လိုက်၏။ သူ စကားပြောလိုက်သည်နှင့် မမြင်ရသော အလင်းတန်းများကြောင့် စိတ်ထဲ၌ ကြည်ညိုနေကြသော လူအုပ်ကြီးမှာ သူ့ကို ပို၍ပင် လေးစားသွားကြတော့သည်။

သူတို့သည် ဘုရားကျောင်းများသို့ သွားသောအခါ အမွှေးတိုင် မဝယ်လျှင် ဘုန်းကြီးများ၏ လှောင်ပြောင်မှုကို ခံရတတ်သည်။ ယခုမူ ဤနေရာ၌ ကြေးပြား အနည်းငယ် လှူလျှင်ပင် ဤမျှအထိ လေးလေးစားစား ဆက်ဆံခြင်းကို ခံရသည်။ ချက်ချင်းဆိုသလိုပင် မူလက မလှူချင်သော သူများပင်လျှင် ကြေးပြား သို့မဟုတ် ငွေဒင်္ဂါးများကို ထုတ်ယူ၍ သေတ္တာထဲသို့ ထည့်လိုက်ကြတော့၏။

သူ၏ စကားတစ်ခွန်းကြောင့်ပင် လူအများအပြား အလုအယက် လှူဒါန်းနေကြသည်ကို မြင်သောအခါ—

ဖာသာဝူနှင့် သာသနာပြုများ၏ နှုတ်ခမ်းထက်၌ အဓိပ္ပာယ်ပါသော အပြုံးများ ပေါ်ထွက်လာ၏။ ခြင်ခြေထောက် ဖြစ်ပါစေ အသားပဲ ဟူသော မူဝါဒကို ဤလူများ မည်သို့ သိနိုင်မည်နည်း။ ချမ်းသာသော ကုန်သည်များက ငွေအမြောက်အမြား လှူကြသော်လည်း၊ သူတို့အားလုံး ပေါင်းလိုက်လျှင်ပင် ငွေတစ်ထောင်ခန့်သာ ရှိသည်။ သို့သော်လည်း သာမန်လူသား တစ်ထောင်ခန့်၏ လှူဒါန်းငွေများကို ပေါင်းစပ်လိုက်လျှင်မူ အနည်းဆုံး ငွေလေးငါးထောင်ခန့် ရရှိမည် ဖြစ်၏။

သေချာတာပေါ့... ချမ်းသာသော ကုန်သည်များ၏ ငွေများကိုမူ ပွဲပြီးလျှင် အကုန် ပြန်ပေးရမည် ဖြစ်သည်။ သာမန်လူများ၏ ငွေများကိုမူ ခုနစ်ပုံ သုံးပုံ ခွဲဝေကြမည် ဖြစ်၏။ တစ်စုံတစ်ယောက်က မေးနိုင်သည်မှာ ဘာလို့ ခုနစ်ပုံပဲ ရတာလဲ ဟူ၍ ဖြစ်သည်။ ဖာသာဝူနှင့် အဖွဲ့က အလုပ်အားလုံး လုပ်ရ၏။

သို့သော်လည်း လက်တွေ့တွင်မူ ထိုခုနစ်ပုံမှာ ကုန်သည်များအတွက်ပင် ဖြစ်သည်။ သူတို့၏ ခွင့်ပြုချက်မပါဘဲ မည်သည့် ဘုရားကျောင်းမျှ ဖွင့်လှစ်ရန် မဖြစ်နိုင်ချေ။ နောက်ဆုံးတွင် ဤနေရာမှာ စင်္ကြာဝဠာ မဟာအင်ပါယာသားတို့၏ နယ်မြေပင် ဖြစ်၏။

နောက်ဆုံးတွင် လူများ ပိုမိုစုဝေးလာသည်နှင့်အမျှ ကံအကျိုးပေးသေတ္တာကြီးမှာ ချက်ချင်း ပြည့်သွားသဖြင့် အသစ်တစ်လုံးဖြင့် အမြန် လဲလှယ်လိုက်ရတော့၏။ လူအုပ်ကြီးမှာ ပိုမိုများပြားလာပြီးနောက် အစည်းအဝေး ပြီးဆုံးသွားချိန်တွင် သေတ္တာ လေးလုံးတိတိမှာ ငွေများဖြင့် ပြည့်လျှံနေခဲ့သည်။ စုစုပေါင်း ရရှိသော ငွေဒင်္ဂါးမှာ ကိုးထောင်ကျော် ဖြစ်သည်။

ထိုသေတ္တာများကို ကြည့်ကာ ဦးဆောင်ခဲ့သော ကုန်သည်များမှာလည်း ပြုံးပျော်နေကြတော့၏။ ဤမျှအထိ များပြားသော ငွေများနှင့်ဆိုလျှင် သူတို့ တစ်ဦးချင်းစီမှာ ရာနှင့်ချီ၍ ရရှိမည် ဖြစ်သည်။ ၎င်းမှာ သူတို့ မိသားစု၏ တစ်နှစ်စာ ဝင်ငွေနှင့်ပင် ညီမျှနေ၏။ ဖာသာဝူနှင့် ဘုရားကျောင်းအတွက်လည်း ငွေနှစ်သုံးထောင်ခန့် ရရှိမည် ဖြစ်သည်။ ဤငွေမှာ ဘုရားကျောင်းကို ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် လည်ပတ်နိုင်ရန် လုံလောက်လှသည်။ ထို့ပြင် နောင်တွင်လည်း အလှူငွေများမှာ တဖွဲဖွဲ ရောက်လာဦးမည်။

“အဖေ၊ ကြည့်စမ်း၊ ကျွန်တော့်ရဲ့ နည်းလမ်းက ဘယ်လိုလဲ၊ အနောက်တိုင်း ဘုရားကျောင်းရဲ့ ငွေရှာတဲ့ နည်းလမ်းတွေက ပိုပြီးတော့ အဆင့်မြင့်တယ် မဟုတ်လား”

ထောင့်တစ်နေရာ၌ ‘ဒေးဗစ်’ ဟုခေါ်သော ဝတ်စုံပြည့် ဝတ်ဆင်ထားပြီး ရွှေကိုင်းမျက်မှန် တပ်ထားသော လူငယ်က သူ၏ ဖခင်ဖြစ်သူ မြို့တော်ဝန်ကို ပြုံး၍ ပြောလိုက်၏။

“ဟားဟားဟား၊ ငါ့သားကတော့ မျှော်လင့်ထားတဲ့အတိုင်းပဲ၊ တော်တယ်၊ တကယ်ကို တော်တယ်”

မြို့တော်ဝန်မှာ ပျော်ရွှင်လွန်းသဖြင့် ပါးစပ်ပင် မစေ့နိုင်တော့ချေ။ မြို့တော်ဝန် တစ်ဦးအနေဖြင့် သူသည် အနည်းဆုံး ငွေဒင်္ဂါး ၁၅၀၀ ခန့် ရရှိမည် ဖြစ်သည်။ ၎င်းမှာ သူ၏ မိသားစု စီးပွားရေးမှ တစ်နှစ်စာ ဝင်ငွေထက်ပင် ပိုမို များပြားနေ၏။ သူ ဘယ်လိုလုပ် မပျော်ဘဲ နေနိုင်မည်နည်း။

“စိတ်မပူပါနဲ့၊ ဒါက အစပဲ ရှိသေးတာ၊ နောက်ပိုင်းမှာ မြို့တစ်ခုလုံးကို ဘုရားကျောင်းထဲ ဆွဲသွင်းနိုင်ရင်၊ ကျွန်တော်တို့ မိသားစု နှစ်တိုင်း ရမယ့် ငွေဟာ ဒီထက် အဆပေါင်းများစွာ ပိုလာမှာပါ”

ဒေးဗစ်က ဂုဏ်ယူစွာဖြင့် ပြုံးလိုက်၏။ အဝေးက ဘုန်းကြီးက တရားပိုဟောကောင်းတယ် ဆိုသော စကားမှာ မည်သည့်ခေတ်တွင်မဆို မှန်ကန်နေသည်။

သူသည် ထိုသို့ တွေးတောကာ ဘေးနား၌ အလှူစာရင်းများကို ကူညီ မှတ်တမ်းတင်ပေးနေသော အနောက်တိုင်း ဝတ်စုံနီကို ဝတ်ဆင်ထားသည့် လှပသော မိန်းကလေးတစ်ဦးကို ကြည့်ကာ သွားရည်ကျမိတော့၏။ သူ၏ ဝမ်းကွဲညီမဖြစ်သူ ‘အန်းနီ’ မှာ နှစ်အနည်းငယ်အတွင်း အလွန်ပင် လှပလာခဲ့သည်။ သူသည် နည်းနည်းတော့ ထုံအအ နိုင်လှ၏၊ နိုင်ငံခြားမှာ နှစ်အနည်းငယ် နေခဲ့သော်လည်း ပြန်လာသောအခါ ဘုရားကျောင်းမှာ တကယ် ကောင်းသည်ဟု ထင်နေတုန်းပင် ဖြစ်သည်။

သို့သော်လည်း ၎င်းမှာ ငွေရှာရန် နည်းလမ်းတစ်ခုသာ ဖြစ်၏။ သူမသည် ဤနေရာ၌ အလုပ်ရှုပ်နေသော်လည်း နောက်ပိုင်းတွင် ငွေတစ်ပြားမှ ရလိမ့်မည် မဟုတ်သည့်အပြင်၊ ငွေတစ်ရာကျော်ကိုပါ လှူရဦးမည် ဖြစ်၏။ သူ၏ အမြင်အရ သူမမှာ အလှပဲရှိပြီး အသိဉာဏ် မရှိသူ ဖြစ်သည်။ သူသည် နောင်တွင် ထိုဝမ်းကွဲညီမနှင့် လက်ထပ်သောအခါ သူမကို ငွေကြေး စီမံခန့်ခွဲခွင့် လုံးဝ မပေးရန် ဆုံးဖြတ်လိုက်တော့၏။ မဟုတ်ပါက အိမ်တစ်အိမ်လုံး ပြုတ်ပြုတ်ပြုန်းသွားလိမ့်မည်။

“ဝုန်း”

သို့သော်လည်း ထိုအချိန်မှာပင် ကောင်းကင်ယံထက်မှနေ၍ မမြင်ရသော လှိုင်းလုံးကြီးတစ်ခု ကျဆင်းလာခဲ့၏။ ထိုကြီးမားလှသော လှိုင်းလုံးကြီးသည် ကျိုချွမ်မြို့၏ ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့တော့သည်။ နောက်တစ်ခဏ၌ တောက်ပလှသော အလင်းတန်းများသည် ကောင်းကင်ယံမှနေ၍ ဖြန့်ကျက်ကျဆင်းလာခဲ့ရာ၊ လူပေါင်းများစွာမှာ မှင်သက်စွာဖြင့် ကောင်းကင်သို့ မော့ကြည့်လိုက်ကြတော့၏။

အခန်း ၂၀၀ - ဘုရားသခင်သည် တာအိုနောက်သို့ လိုက်ပါ သည်

သို့သော်လည်း ဤတစ်ချက်မျှ ကြည့်လိုက်ရုံဖြင့်ပင် ရှိနေသော လူတစ်ထောင်ကျော်၏ မျက်နှာထားများမှာ ရုတ်ချည်းဆိုသလို ပျက်ယွင်းသွားခဲ့ရသည်။

အလင်းတန်းများ အပြည့်အဝ ဖုံးလွှမ်းထားသော ပုံရိပ်တစ်ခုသည် ကောင်းကင်ယံထက်မှနေ၍ ဖြည်းညင်းစွာ ဆင်းသက်လာ၏။ ထိုတောက်ပလှသော အလင်းရောင်၏ အငွေ့အသက်ကြောင့် ဖာသာဝူ၏ တရားဟောကြားမှုကို နားထောင်ခဲ့ရသူများသည် ကောင်းကင်သို့ ကြည့်ကာ အလွန်အမင်း ကြည်ညိုလေးစားစိတ်များ ဖြစ်ပေါ်လာကြတော့၏။

ဖာသာဝူသည်လည်း မိမိ၏ ခန္ဓာကိုယ်အတွင်း၌ တိုးလျှံလာသော အလင်းစွမ်းအင်များကို ခံစားလိုက်ရသဖြင့် စိတ်လှုပ်ရှားလွန်း၍ တုန်ရင်နေမိသည်။

“သန့်ရှင်းသော အလင်းခန္ဓာကိုယ်၊ ဒါက ဒဏ္ဍာရီလာ သန့်ရှင်းသော အလင်းခန္ဓာကိုယ်လား၊ သန့်ရှင်းသူ ဆင်းသက်လာပြီ၊ သန့်ရှင်းသူ ဆင်းသက်လာပြီဟေ့”

ဖာသာဝူက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။

“သန့်ရှင်းသူ အရှင်မင်းကြီး၊ ကျွန်တော်မျိုးက အရှင်မင်းကြီးကို ဂါရဝပြုပါတယ်”

ဖာသာဝူသည် မြေပြင်ပေါ်၌ စိတ်လှုပ်ရှားစွာ ဒူးထောက်လိုက်ပြီးနောက် အားတက်သရော ဆုတောင်းလေတော့၏။ အခြားသော သာသနာပြုများသည်လည်း အလင်းစွမ်းအင်၏ ဆေးကြောသန့်စင်မှုကို ခံစားရင်း မြေပြင်ပေါ်၌ ဒူးထောက်လိုက်ကြပသည်။ ထိုခဏ၌ ရှိနေသူအားလုံးမှာ အံ့အားသင့်လွန်းသဖြင့် အသက်ရှူပင် မှားသွားခဲ့ရ၏။

‘သန့်ရှင်းသူ ဟုတ်လား။ အဲ့ဒါ ဖာသာဝူ ခုနက ပြောခဲ့တဲ့ ယေရှု မဟုတ်ဘူးလား။ ယုံကြည်ချက်အရဆိုရင် သန့်ရှင်းသူဆိုတာ ဘုရားသခင်ပဲ မဟုတ်လား။’

“ဘုရားသခင် ဆင်းသက်လာပြီ”

“ဒါ တကယ်လား၊ တကယ်ပဲ ဘုရားသခင်လား”

“ဘယ်လိုလုပ် အတုဖြစ်မှာလဲ၊ ဖာသာဝူကိုယ်တိုင် ဝန်ခံနေတာပဲလေ၊ မြန်မြန် ဆုတောင်းကြ၊ ဒီအခွင့်အရေး လွတ်သွားရင် နောက်တစ်ခါ မရတော့ဘူး”

မျက်စိတစ်မှိတ်အတွင်းမှာပင် လူတိုင်းမှာ ကောင်းကင်ယံရှိ တောက်ပသော ပုံရိပ်ထံသို့ စိတ်လှုပ်ရှားစွာဖြင့် ဒူးထောက်လိုက်ကြတော့၏။

“ဒါ တကယ်ပဲ ဘုရားသခင်လား”

မြေပြင်ပေါ်၌ အန်းနီသည် ကောင်းကင်ယံရှိ တောက်ပသော ပုံရိပ်ကို ကြည့်ကာ သူမ၏ မျက်ဝန်းများအတွင်း၌ ကြည်ညိုမှု အလင်းတန်းများ ထွက်ပေါ်နေ၏။

“မဖြစ်နိုင်တာ၊ ဘုရားသခင်က ဘယ်လိုလုပ်ပြီး ပေါ်လာမှာလဲ”

ဒေးဗစ်မှာမူ ကြောက်ရွံ့လွန်းသဖြင့် ခြေထောက်များ ပျော့ခွေသွားကာ မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားခဲ့တော့သည်။

“သား၊ ဒါတွေက အယူသည်းတာပဲလို့ မင်း ပြောခဲ့တာ မဟုတ်လား၊ ဘုရားသခင်က တကယ် ဘယ်လိုလုပ် ပေါ်လာရတာလဲ”

မြို့တော်ဝန်မှာ ပို၍ပင် ထိတ်လန့်နေတော့၏။ သူသည် ဘုရားကျောင်းကို အသုံးချပြီး ငွေရှာခဲ့သောကြောင့် ဘုရားသခင်က သူ့ကို အပြစ်ပေးရန် ကြွလာခြင်းလော။

ကောင်းကင်ယံ၌ လင်းရန်ယန်သည် အောက်ရှိ မြင်ကွင်းကို ကြည့်ကာ အကူအညီမဲ့စွာဖြင့် ခေါင်းခါလိုက်၏။ ဤအလင်းဘုရားကျောင်း၏ နည်းလမ်းများသည် တကယ်ပင် ယုတ်မာလှ၏။ သူတို့သည် အမှန်တကယ်ပင် လူများကို မိန်းမောတွေဝေစေသော မှော်အတတ်များကို အသုံးပြုနေကြခြင်းပင် ဖြစ်သည်။ လင်းရန်ယန်သည် အစောပိုင်းကပင် ဂရုတစိုက် လေ့လာခဲ့ပြီးဖြစ်ရာ ဖာသာဝူ၏ တရားဟောချက် ဝါကျတိုင်းသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ အလင်းစွမ်းအင်များကို လှုံ့ဆော်နိုင်စွမ်း ရှိသည်။

ထိုအလင်းစွမ်းအင်များသည် ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားပြီး လူတိုင်း၏ စိတ်နှလုံးကို စတင် ငြိမ်းအေးစေ၏။ တရားဟောချက်များ၏ အကြောင်းအရာနှင့် ပေါင်းစပ်လိုက်သောအခါ လူသားများသည် ထိုစကားများမှာ မှန်ကန်သည်ဟု သဘာဝအလျောက် ခံစားမိသွားကြတော့သည်။ ဤသို့ဖြင့် လူများကို အယုံသွင်းခြင်းဟူသော ရည်မှန်းချက်မှာ အောင်မြင်သွားခဲ့၏။

မိစ္ဆာဂိုဏ်း အများအပြားမှာ ဤကဲ့သို့သော နည်းလမ်းများကို အသုံးပြုကြပြီး တာအိုဂိုဏ်းအတွင်းရှိ အချို့သော ပုဂ္ဂိုလ်များပင်လျှင် သိရှိကြသည်။ ကံမကောင်းစွာဖြင့် ဤကဲ့သို့သော လျှို့ဝှက်အတတ်ပညာမျိုးမှာ တားမြစ်ထားသော အတတ်ပညာအဖြစ် သတ်မှတ်ခံထားရ၏။ အကယ်၍ တရားသော ဂိုဏ်းဝင်များက ၎င်းကို သင်ယူပြီး သာမန်လူသားများအပေါ် အသုံးပြုသည်ကို မိသွားပါက၊ သူတို့ကို မိစ္ဆာကျင့်ကြံသူအဖြစ် သတ်မှတ်ခြင်း ခံရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ သာမန်လူသားများ၏ မှတ်ဉာဏ်ကို ပြောင်းလဲပစ်ခြင်းနှင့် အတူတူပင် ဖြစ်သောကြောင့်တည်း။

ဤအကြောင်းကြောင့်ပင် အလင်းဘုရားကျောင်းသည် မိမိကိုယ်မိမိ တရားမျှတပါသည်ဟု အမြဲဆိုသော်လည်း တာအိုဂိုဏ်းများနှင့် အမြဲတမ်း ပဋိပက္ခဖြစ်နေခြင်းပင်။ ၎င်းမှာ ယုံကြည်ချက် ကွဲပြားခြင်းကြောင့်သာ မဟုတ်ချေ။ သေချာသည်မှာ... ထိုအချိန်၌ သာမန်လူသားများသည် မိမိတို့၏ မှတ်ဉာဏ်များ ပြောင်းလဲခံနေရသည်ကို မသိကြဘဲ ကောင်းကင်ယံရှိ လင်းရန်ယန်ကိုသာ အားတက်သရော ဦးညွှတ်နေကြတော့၏။

“ဟွန်း”

သို့သော်လည်း ထိုအချိန်မှာပင် အေးစက်လှသော နှာခေါင်းရှုံ့သံတစ်ခုသည် လောကတစ်ခုလုံး၌ ပဲ့တင်ထပ်သွားခဲ့လေပြီ။ လျှပ်တစ်ပြက်အတွင်းမှာပင် လူတိုင်းမှာ ကြောက်ရွံ့တုန်လှုပ်သွားကြကာ ဘုရားသခင်က ဘာလို့ နှာခေါင်းရှုံ့ရတာလဲဟု တွေးတောနေမိကြ၏။

“ဘုရားသခင် ဟုတ်လား၊ ငါကတော့... တာအိုကို ကျင့်ကြံတာပါ”

ထိုအချိန်၌ ကောင်းကင်ယံရှိ လင်းရန်ယန်က ဖြည်းညင်းစွာ ဆိုလိုက်၏။

“ဝုန်း”

ချက်ချင်းဆိုသလိုပင် သူ၏ ပတ်ဝန်းကျင်ရှိ တောက်ပလှသော အလင်းတန်းများသည် တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားခဲ့သည်။ လူတိုင်းမှာ ကောင်းကင်သို့ မယုံကြည်နိုင်စွာ မော့ကြည့်လိုက်ကြရာ ကောင်းကင်ထက်၌ ရှိနေသူမှာ အမှန်တကယ်ပင် လင်းရန်ယန် ဖြစ်နေသည်ကို တွေ့လိုက်ရတော့၏။ ဖာသာဝူသည် လင်းရန်ယန် ဝတ်ဆင်ထားသော တာအိုဝတ်ရုံကို မြင်လိုက်ရသောအခါ ချက်ချင်းပင် ဆွံ့အသွားခဲ့ရတော့သည်။

“သန့်ရှင်းသူက တာအိုဂိုဏ်းမှာ ဘယ်လိုလုပ်ပြီး မွေးဖွားလာရတာလဲ”

ဖာသာဝူသည် သူ သိထားသော ကမ္ဘာကြီးအပေါ် နားလည်မှုများ လွဲမှားကုန်ပြီဟု ခံစားလိုက်ရ၏။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်အတွင်းမှ အမြဲမပြတ် ထွက်ပေါ်နေသော ကြည်ညိုမှု အသိစိတ်က လင်းရန်ယန်သည် ဒဏ္ဍာရီလာ အလင်းခန္ဓာကိုယ် ပိုင်ရှင်ဖြစ်ကြောင်း အတိအကျ ပြသနေ၏။ ကျမ်းစာများ၏ မှတ်တမ်းအရ သန့်ရှင်းသူတစ်ဦးတည်းသာ အလင်းခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်သည်။ အခြားမည်သူမျှ မပိုင်ဆိုင်နိုင်ချေ။ တစ်နည်းအားဖြင့် ပြောရလျှင် သန့်ရှင်းသော အလင်းခန္ဓာကိုယ်ကို ပိုင်ဆိုင်သူ မည်သူမဆိုသည် သေချာပေါက် သန့်ရှင်းသူပင် ဖြစ်၏။ ကျမ်းစာပါ မှတ်တမ်းများ မမှားယွင်းသရွေ့ပေါ့။

“နေဦး၊ အဲ့ဒါ တာအိုဆရာ လင်းရန်ယန် မဟုတ်လား”

ရုတ်တရက်ဆိုသလို မြို့သားတစ်ဦးက မအော်ဘဲ မနေနိုင်တော့ချေ။ လင်းရန်ယန်၏ ကျော်ကြားမှုမှာ ကျိုချွမ်းမြို့၌ ‘ဦးလေးကိုး’ လောက် မကြီးမားသော်လည်း လူအများအပြားမှာ သူ့ကို မှတ်မိကြသည်။

“ဘာ၊ သူက တာအိုဆရာ လင်းရန်ယန် လား”

“တာအိုဆရာ လင်းရန်ယန်က သန့်ရှင်းသူ ဆိုတာကြီး ဖြစ်နေတာလား”

“တစ်ခုခု မှားနေတာများလား”

ချက်ချင်းဆိုသလိုပင် လူတိုင်း၏ သံသယရှိသော အကြည့်များမှာ ဖာသာဝူထံသို့ ကျရောက်သွားခဲ့သည်။ သို့သော်လည်း လင်းရန်ယန်မှာ ဤလူများနှင့် စကားများနေရန် အချိန်မရှိချေ၊ သူသည် သူ၏ ညာလက်ကို ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်၏။

“ကမ္ဘာမြေ၏ တုန်ခါမှု”

နောက်တစ်ခဏ၌ သူသည် ဖြည်းညင်းစွာ ဆိုလိုက်ရာ၊ သူ၏ လက်အတွင်းမှ အဆုံးအစမရှိသော အဝါရောင် ကမ္ဘာမြေ ဝိညာဉ်စွမ်းအင်များသည် ရေလျှံလာသကဲ့သို့ မြေပြင်သို့ အရှိန်အဟုန်ဖြင့် ဆင်းသက်သွားခဲ့တော့သည်။

“ဝုန်း၊ ဝုန်း”

မျက်စိတစ်မှိတ်အတွင်းမှာပင် ကျိုချွမ်းမြို့လေးတစ်ခုလုံးသည် ပြင်းထန်စွာ တုန်ခါလာခဲ့တော့၏။

“ဒုက္ခပဲ၊ ငလျင်လှုပ်နေပြီ၊ ပြေးကြ”

“ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး ငလျင်လှုပ်ရတာလဲ”

“ဒီနေရာက ကွင်းပြင်ကြီးလေ၊ ငါတို့ ဘယ်ကို ပြေးရမှာလဲ”

“အဲ့ဒါ တာအိုဆရာ လင်းရန်ယန်ပဲ၊ တာအိုဆရာ လင်းရန်ယန် လုပ်နေတာ”

မြေကြီး၏ တုန်ခါမှုကြောင့် ရှိနေသူအားလုံးမှာ ကြောက်ရွံ့လွန်းသဖြင့် မျက်နှာများ ဖြူလျော့ကုန်ကြ၏။ လင်းရန်ယန်၏ လက်အတွင်းမှ ထွက်ပေါ်နေသော အဝါရောင် စွမ်းအင်များမှာ အလွန်ပင် သိသာလှသဖြင့် ၎င်းမှာ လင်းရန်ယန်၏ လက်ချက်ဖြစ်ကြောင်း မည်သူမဆို သိနိုင်သည်။

“ဝုန်း၊ ဝုန်း”

ထိုအချိန်၌ မြေပြင်ကြီးမှာ ကြီးမားလှသော အက်ကြောင်းကြီးတစ်ခုအဖြစ် ရုတ်တရက် ကွဲအက်သွားခဲ့တော့သည်။ အချို့သော လူများမှာ သတိမထားမိခင်မှာပင် ထိုအက်ကြောင်းကြီးအတွင်းသို့ ကျဆင်းသွားကြတော့၏။

“အား၊ ဘုရားသခင် ကယ်ပါဦး”

ထိုသူများထဲတွင် ဖာသာဝူလည်း ပါဝင်နေသည်။ သူ သတိမထားမိခင်မှာပင် သူ၏ ခြေထောက်အောက်ရှိ မြေပြင်မှာ ကွဲအက်သွားပြီး၊ သူနှင့်အတူ အခြားသော သာသနာပြုများ၊ သူတို့၏ နောက်ကွယ်ရှိ ဘုရားကျောင်းကြီးတို့မှာ ငရဲတွင်းကြီးအတွင်းသို့ ဝါးမြိုခြင်း ခံလိုက်ရတော့၏။

“ဒုက္ခပဲ၊ မြေကြီးကွဲနေပြီ၊ ပြေးကြ”

“ငါ့သားလေး၊ ငါ့သားလေး အထဲကျသွားပြီ”

“တာအိုဆရာ လင်းရန်ယန်၊ သနားညှာတာပေးပါဦး”

၎င်းကို မြင်သောအခါ ပတ်ဝန်းကျင်ရှိ လူများမှာ ထိတ်လန့်တကြားဖြင့် ဟိုဟိုဒီဒီ ပြေးလွှားနေကြတော့၏။

“ဝုန်း”

ကံကောင်းထောက်မစွာဖြင့် ထိုအချိန်၌ မမြင်ရသော စွမ်းအင်တစ်ခုသည် တွင်းနက်ကြီးအတွင်း ကျဆင်းသွားသော လူများကို ချက်ချင်း ဆွဲတင်လိုက်ပြီး မြေပြင်ပေါ်သို့ ဘေးကင်းစွာ ချပေးလိုက်၏။ ၎င်းထဲတွင် ဖာသာဝူနှင့် သာသနာပြုများလည်း ပါဝင်သည်။

“တက်လာစမ်း”

ထို့နောက် ကောင်းကင်ယံရှိ လင်းရန်ယန်သည် ဟင်းလင်းပြင်ထဲ၌ ဆွဲတင်လိုက်သော အမူအရာတစ်ခုကို ရုတ်တရက် လုပ်လိုက်၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် လက်ဝါးကပ်တိုင် ပုံစံထွင်းထုထားသော သွေးနီရောင် ခေါင်းတလားတစ်ခုသည် မြေကြီးထဲမှနေ၍ ထိုးထွက်လာခဲ့၏။ ဤခေါင်းတလား၏ ပုံစံမှာ စင်္ကြာဝဠာ မဟာအင်ပါယာ ပုံစံမဟုတ်ဘဲ အနောက်တိုင်း ပုံစံ ဖြစ်သည်။

လင်းရန်ယန်က ၎င်းကို တစ်ချက် ကြည့်လိုက်ရုံဖြင့် ၎င်းအတွင်း၌ တဖြည်းဖြည်း နိုးထလာသော အလင်းစွမ်းအင်နှင့် အမှောင်စွမ်းအင်များကို သတိထားမိလိုက်၏။ ထိုစွမ်းအင်နှစ်ခုလုံး အပြည့်အဝ နိုးထလာပါက အတွင်း၌ ရှိနေသော သတ္တဝါမှာ မည်မျှအထိ ကြောက်စရာကောင်းလာမည်ကို ခန့်မှန်းနိုင်ပေသည်။ ထို့နောက် လင်းရန်ယန်က ဖာသာဝူနှင့် အခြားသူများကို ငုံ့ကြည့်လိုက်၏။

“ငါတို့ အင်ပါယာအထိ လာပြီး ငွေလိမ်ရဲတယ်ပေါ့၊ ခင်ဗျားတို့က တကယ်ကို သတ္တိကောင်းတာပဲ”

လင်းရန်ယန်က အေးစက်စွာ ဆိုလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်မှ ထိတ်လန့်ဖွယ်ကောင်းလှသော အငွေ့အသက်များကို ထုတ်လွှတ်လိုက်၏။ ထိုအငွေ့အသက်များသည် မြေပြင်ပေါ်ရှိ လူတိုင်းကို ဖုံးလွှမ်းသွားခဲ့သည်။ လျှပ်တစ်ပြက်အတွင်းမှာပင် ဖာသာဝူနှင့် အခြားသူများမှာ ကြောက်ရွံ့လွန်းသဖြင့် မြေပြင်ပေါ်၌ ဒူးထောက်လိုက်ကြတော့၏။ တစ်ချိန်တည်းမှာပင် မမြင်ရသော စွမ်းအင်တစ်ခုသည် လူတိုင်းကို ဖြတ်ကျော်သွားခဲ့ရာ သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ အလင်းစွမ်းအင်များမှာ ချက်ချင်း စုပ်ယူခြင်း ခံလိုက်ရသည်။ သူတို့၏ မိန်းမောတွေဝေနေသော မျက်ဝန်းများသည်လည်း မကြာခင်မှာပင် ပြန်လည် ကြည်လင်လာခဲ့၏။

“အရှင်မင်းကြီး၊ ကျွန်တော်မျိုးတို့ကို ခွင့်လွှတ်ပေးပါဦး”

“အရှင်မင်းကြီး၊ ကျွန်တော်မျိုးတို့ မှားသွားပါပြီ၊ ယုံကြည်သူတွေကို ငွေလှူဖို့ မလှည့်ဖြားသင့်ပါဘူး”

“ကျွန်တော်မျိုးတို့ ငွေရှာတာဟာ ဘုရားကျောင်းရဲ့ အမိန့်ကြောင့်ပါ၊ ကျွန်တော်မျိုးတို့က အနည်းငယ်ပဲ ရတာပါ၊ ငွေအများစုကို မြို့တော်ဝန်နဲ့ သူ့လူတွေက ယူသွားကြတာပါ၊ သန့်ရှင်းသူ အရှင်မင်းကြီး၊ ကျွန်တော်မျိုးတို့ကို ခွင့်လွှတ်ပေးပါဦး”

လင်းရန်ယန်၏ စကားကို ကြားသောအခါ ဖာသာဝူနှင့် အခြားသူများမှာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် မြေပြင်ပေါ်၌ ဒူးထောက်ကာ အကြိမ်ကြိမ် တောင်းပန်နေမိကြတော့၏။ မြို့တော်ဝန်နှင့် အခြားသော ဒေသခံ သူဌေးကြီးများမှာမူ ဤစကားကို ကြားလိုက်ရသောအခါ မျက်နှာများ ပျက်ယွင်းသွားခဲ့ရသ်။

“တောက်တီးတောက်တဲ့၊ ဒီနိုင်ငံခြားသားတွေက တကယ်ပဲ ယုံလို့မရဘူး၊ ငါတို့ကို ချက်ချင်း ရောင်းစားလိုက်တာပဲ”

“ဖမ်းကြ၊ သူတို့ကို သတ်ပစ်ကြ”

“တောက်၊ ရိုက်ကြစမ်း၊ သူတို့ကို အသေသတ်ကြ”

ဒေသခံ သူဌေးကြီးများသည် ဝေခွဲမနေတော့ဘဲ သူတို့၏ လက်ပါးစေများကို ဖာသာဝူနှင့် အဖွဲ့ထံသို့ ချက်ချင်း လွှတ်လိုက်တော့၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် လူမိုက်အုပ်စုသည် ဖာသာဝူနှင့် အဖွဲ့ကို မြေပြင်ပေါ်၌ ဖိနှိပ်ထားပြီး ရက်ရက်စက်စက် ဝိုင်းဝန်း ရိုက်နှက်ကြတော့သည်။

ဖာသာဝူသည် ကျင့်ကြံထားသူ ဖြစ်သဖြင့် သူ၏ အဆင့်မှာ လူသားဆရာ သတ္တမအဆင့်အထိ ရှိနေသော်လည်း—ယခင်က ဝသော သီလရှင်ထက် များစွာ အစွမ်းထက်သော်လည်း—ဘုန်းတော်ကြီးတစ်ဦးအနေဖြင့် သူ သင်ယူခဲ့သမျှမှာ လူများကို မည်သို့ အယုံသွင်းရမည်ဆိုသည်သာ ဖြစ်ပြီး တိုက်ခိုက်ရေး နည်းလမ်းများကိုမူ သင်ယူထားခြင်း မရှိချေ။ ထို့ပြင် သူက အသက်ကြီးနေပြီ ဖြစ်ရာ လူအများအပြား၏ ဝိုင်းဝန်းမှုကို မယှဉ်နိုင်ဘဲ မြေပြင်ပေါ်၌ ခွေယိုင်နေကာ ခေါင်းကို ကာကွယ်ရင်း ရိုက်နှက်ခံနေရတော့၏။ ခဏချင်းမှာပင် သူတို့ထဲမှ အချို့မှာ အူမကြီး ထိခိုက်သည်အထိ ရိုက်နှက်ခံလိုက်ရသည်။

ဤရုပ်ပျက်ဆင်းပျက် မြင်ကွင်းကြောင့် ပတ်ဝန်းကျင်ရှိ လူများမှာ ချက်ချင်းဆိုသလို သတိဝင်လာခဲ့ကြ၏။ ထိုအချိန်မှသာ သူတို့သည် ခုနက တစ်ခုခု မှားယွင်းနေသည်ကို သတိရသွားကြတော့သည်။ သူတို့သည် မျိုးဆက်ပေါင်းများစွာ ဗုဒ္ဓဘာသာနှင့် တာအိုဘာသာကို ယုံကြည်လာခဲ့ကြသော်လည်း၊ သူတို့၏ ဘဝသက်တမ်းတစ်လျှောက်လုံးတွင် အနည်းငယ်မျှသာ လှူဒါန်းခဲ့ဖူးကြသည်။ သို့သော်လည်း ဤနိုင်ငံခြားသားများက ရောက်လာပြီး စကားအနည်းငယ် ပြောရုံဖြင့် သူတို့သည် လနှင့်ချီ၍ သို့မဟုတ် နှစ်နှင့်ချီ၍ စုဆောင်းထားသော ငွေများကို လှူဒါန်းလိုက်ကြမိသည်၊ သူတို့ လှည့်ဖြားခံလိုက်ရပြီ ဖြစ်၏။

“တောက်၊ ဒီနိုင်ငံခြားသား အတုတွေက ငါတို့ကို တကယ် လှည့်ဖြားသွားတာပဲ၊ ရိုက်ကြစမ်း”

“ရိုက်ကြ၊ အသေသတ်ကြ”

“မြို့တော်ဝန်နဲ့ တခြားသူတွေလည်း ပါတယ် ၊ သူတို့က ဒီနိုင်ငံခြားသားတွေကို ခေါ်လာပြီး ငါတို့ငွေတွေကို လိမ်တာ၊ သူတို့ကိုလည်း ဖမ်းကြ”

ချက်ချင်းဆိုသလိုပင် လူအုပ်ကြီးသည် ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်ကြတော့၏၊ ၎င်းမှာ သူတို့ ပင်ပင်ပန်းပန်း ရှာထားရသော ငွေများ ပငဖြစ်သည်။ မြို့တော်ဝန်နှင့် အခြားသူများက သူတို့ကို ခေါင်းပုံဖြတ်နေသည်မှာ လုံလောက်နေပြီ ဖြစ်သော်လည်း၊ ယခုမူ သူတို့၏ စုဆောင်းငွေများကိုပါ လိမ်လည်ရန် ကြိုးစားနေကြသည်။ လူပေါင်း ထောင်နှင့်ချီ၍ မြေကြီးအက်ကြောင်းကြီးကိုပင် ဂရုမစိုက်တော့ဘဲ ဖာသာဝူ၊ လူမိုက်များနှင့် သူဌေးကြီးများထံသို့ ပြေးဝင်သွားကြကာ သူတို့ကို ဝိုင်းဝန်း ရိုက်နှက်ကြတော့၏။

ကောင်းကင်ယံ၌ လင်းရန်ယန်သည် ဤမြင်ကွင်းကို ဂရုမစိုက်တော့ဘဲ ခေါင်းတလားကို ယူဆောင်ကာ အဝေးသို့ ပျံသန်းသွားခဲ့တော့၏။ လင်းရန်ယန်၏ အရှိန်မှာ အလွန်ပင် မြန်လှသဖြင့် တောင်တန်းပေါင်းများစွာမှာ သူ၏ ခြေထောက်အောက်၌ လျှင်မြန်စွာ ကျန်ရစ်ခဲ့သည်။ မိနစ်အနည်းငယ်အတွင်းမှာပင် သူသည် ပင်လယ်ပြင်ကြီးကို ဖြတ်ကျော်ကာ ပင်လယ်ပြင်၏ အလယ်ဗဟိုသို့ ရောက်ရှိသွားခဲ့သည်။

လင်းရန်ယန်သည် ခေါင်းတလားကို အသာအယာ လွှင့်ပစ်လိုက်၏။ ထို့နောက် သူ၏ ညာလက်ဝါးဖြင့် ရိုက်ထုတ်လိုက်သည်။

“ဝုန်း၊ ဝုန်း”

ချက်ချင်းပင် ကြီးမားလှသော ပေါက်ကွဲသံကြီးနှင့်အတူ ခေါင်းတလားမှာ အပိုင်းပိုင်းအစစ ပျက်စီးသွားခဲ့သည်။ ပျက်စီးသွားသော အစအနများကြားတွင် အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ပခုံးပေါ်အထိ ကျဆင်းနေသော ရွှေရောင် ဆံနွယ်ကောက်ကောက်များရှိသည့် အနောက်တိုင်းသား အမျိုးသားတစ်ဦးသည် လင်းရန်ယန်၏ ရှေ့မှောက်၌ ပေါ်လာခဲ့၏။ ထိုအမျိုးသားမှာ အတော်လေး ချောမောလှသည်။

သို့သော်လည်း သူ၏ ခြေလက်များ၌ ရိုက်နှက်ထားသော ခေါင်းတလားသံများမှာ အလွန်ပင် သိသာလှ၏။ လက်ဝါးကပ်တိုင် မရှိသော်လည်း ဤသံမှိုများသည် သူနှင့် တစ်သားတည်း ဖြစ်နေပုံရသည်။ ၎င်းကို မြင်သောအခါ လင်းရန်ယန်က သူ၏ မေးစေ့ကို အသာအယာ ပွတ်လိုက်၏။

“ဒါ ယေရှု လား၊ သူက ငါ့ရဲ့ အရင်ဘဝက ရုပ်ရှင်တွေထဲက ယေရှုနဲ့ အတော်လေး တူတာပဲ”

လင်းရန်ယန်က အသာအယာ ခေါင်းညိတ်လိုက်၏။

“ဝုန်း”

“ဝုန်း”

All Chapters