← Chapters

အင်အားကြီးထောက်ပံ့သူတစ်ဦး ရှိနေကြောင်း သိရှိလိုက်ရခြင်း

Vol. 19 Ch. 268

အင်အားကြီးထောက်ပံ့သူတစ်ဦး ရှိနေကြောင်း သိရှိလိုက်ရခြင်း

Vol. 19 Ch. 268

ချန်အယ်၏အပြုံးမှာ ထူးဆန်းလှသည်။ “အဲဒီအချိန်တုန်းက နင့်ရဲ့ သွေးအဆီအနှစ်တွေ အကုန်လုံးက ခမ်းခြောက်သွားပြီ။ ဝိညာဉ်ချုပ်နှောင်ရေခဲတလားထဲမှာ အသက်ရှင်လျက်နဲ့ ထိန်းသိမ်းထားခံရတာပဲ ရှိတော့တာ။ ကောင်းကင်ဘုံပိုင်နက်ရဲ့ အလင်းသခင် ယီစီတောင်မှပဲ နင့်ကို မကယ်နိုင်တော့ဘူး။”

“ပြီးတော့ စုချန်းရန်က လစန္ဒာနန်းတော်ကို လာပြီး နင့်ကိုကယ်ပေးဖို့ တောင်းဆိုတယ်လေ။ ငါ့အနေနဲ့ သူမကို မငြင်းပယ်နိုင်ဘူး။ အဲဒါကြောင့် လရဲ့ အစစ်အမှန်စွမ်းအားတွေနဲ့ ပြည့်နှက်နေတဲ့ မူလဖန်ဆင်းခြင်းဆေးလုံးကို ဖော်စပ်ရတာပဲ။ အဲဒီဆေးလုံးက နင့်ရဲ့အသက်ကို ကယ်လိုက်နိုင်တာ။”

“အဲဒါက လူတိုင်းထင်နေကြတဲ့ အမှန်တရားပေါ့။ ဒါပေမဲ့ နင်သိလား။ စုချန်းရန် မတိုင်ခင် လူတစ်ဦးရောက်လာတယ်လေ။ အဲဒီလူကြောင့် အတော်လေး ဈေးကြီးတဲ့ဆေးကို ဖော်စပ်ပြီး နင့်ကိုကယ်တင်ဖို့ ဆုံးဖြတ်လိုက်တာပဲ။”

အန်လင်းသည် ထိုအခြေအနေကြောင့် ချက်ချင်းဆိုသလို ပါးစပ်အဟောင်းသား ဖြစ်နေမိသည်။ သူ့အား ချန်အယ် ကယ်တင်ပေးခြင်း၏ နောက်ကွယ်တွင် အခြားသူတစ်ဦး ရှိနေသေးသည်လား။

“အဲဒီသူက ဘယ်သူလဲ။” အန်လင်းသည် စိတ်လှုပ်ရှားမှုကြောင့် ရင်တဒိန်းဒိန်း ခုန်လာမိပြီး တောက်ပသည့် မျက်လုံးများဖြင့် ကြည့်ကာ မေးလိုက်သည်။

ချန်အယ်သည် အန်လင်းအား လှည့်ကြည့်လိုက်သည်။ “ခန့်မှန်းကြည့်လေ။ နင့်ကို ကယ်ဖို့အတွက်နဲ့ အဲလောက်များပြားတဲ့ ငွေကြေးကို တတ်နိုင်တဲ့သူ ဘယ်သူရှိမလဲလို့။ ကောင်းကင်အရှင်သခင်တောင် အဲလောက်ကို မတတ်နိုင်ဘူး။ အဲတော့ ခန့်မှန်းကြည့်။”

ကောင်းကင်အရှင်သခင်တောင်မှ တတ်နိုင်စွမ်း မရှိဘူးတဲ့လား။

အန်လင်းမှာ နေရာတွင်ပင် ကြောင်လျက်သား ရပ်နေမိသည်။ သူ့ဦးနှောက်တစ်ခုလုံး ပွင့်ထွက်သွားသည်ဟုပင် ခံစားနေမိသည်။

ကျောင်းတော်၏ ကျောင်းအုပ်ဖြစ်သူအား ဦးစွာ စဉ်းစားမိလိုက်သည်။ သို့တည်းမဟုတ် သူ့အား စနစ်တစ်ခု ပေးလိုက်သည့် လျှို့ဝှက်သော အစစ်အမှန်နတ်ဘုရားများလား။ သို့သော်လည်း ချန်အယ်၏ ပြောကြားချက်အရ ကောင်းကင်အရှင်သခင်ပင်လျှင် သူမအား တောင်းဆိုနိုင်စွမ်း မရှိဟုဆိုသည်။ ထို့ကြောင့် ထိုပုဂ္ဂိုလ်မှာ ကောင်းကင်အရှင်သခင်ထက် ကြီးမြတ်သူ ဖြစ်ပေလိမ့်မည်။ ကောင်းကင်အရှင်သခင်သည် ကိုးပြည်ထောင်နိုင်ငံတော်၏ အရှင်သခင်ဖြစ်သည်။ အစစ်အမှန်နတ်ဘုရားများထဲတွင် စွမ်းအားအကြီးဆုံးလည်း ဖြစ်သည်။ လက်တွေ့တွင် သူ့ထက်ပို ကြီးမြတ်သူဟူ၍ ရှိနိုင်ပါဦးမည်လား။

အန်လင်းသည် တုန်လှုပ်စွာဖြင့် ကောင်းကင်သို့ ညွှန်ပြလိုက်သည်။ “ဘုရားသခင်က ကျွန်တာ့်ကို ကယ်တင်ပေးလိုက်လို့ ပြောတာလားဟင်။”

“ဖူးးးးး” ချန်အယ်၏ တည်ကြည်သည့်ဟန်ပန်မှာ ချက်ချင်းပင် ပြိုပျက်သွားသည်။ သူမ၏ ခန္ဓာကိုယ်မှာ ယိမ်းထိုးကာဖင့် ရယ်မောနေလေသည်။ “ခဏလေး ငါ တကယ်ကို အလေးအနက်ထားပြီး ပြောနေတာ။ နင့်အနေနဲ့ ဟာသတွေပြောနေတာ ရပ်ပေးလို့ ရမလား။”

အန်လင်း၏ အမူအရာမှာ ခါးသက်သွားသည်။ “ဒါပေမဲ့လည်း ကျွန်တော်မှ မစဉ်းစားတတ်တော့တာကို။”

ချန်အယ်သည် အန်လင်းအား ကြည့်လိုက်ပြီး သူ၏ အမူအရာမှာ လိမ်ညာနေဟန် မရှိချေ။ သူမ၏ နှလုံးသားထဲတွင် နားမလည်နိုင်မှုတို့ ဖြစ်ပေါ်လာသည်။ ထိုပုဂ္ဂိုလ်အား အမှန်တကယ်ကို မသိသည်လား။ သို့တည်းမဟုတ် ထိုပုဂ္ဂိုလ်သည် သူ၏ တည်ရှိမှုအား ထုတ်ဖော်ပြသခြင်းမရှိဘဲနှင့် နောက်ကွယ်မှ ကာကွယ်ပေးနေခြင်းများလား။

အန်လင်းမှာ ထိုအကြောင်းအရာအား သတိထားမိပုံမရဟု ခံစားမိလိုက်သည်။ ထို့ကြောင့် “လစန္ဒနန်းတော်ကို လာပြီးတော့ နင့်ကို ကယ်တင်ပေးဖို့ ပြောတဲ့သူက တာအိုအရှင် လုယာ ပဲ။”

“တာအိုအရှင် လုယာ တဲ့လား။ သူက ဘယ်သူလဲ။” အန်လင်း စိတ်ရှုပ်ထွေးလာလေသည်။

သူ၏ အမူအရာကြောင့် ချန်အယ်၏ ရင်ဘတ်ထဲ၌ တင်းကြပ်လာတော့သည်။ “ထိုက်ချူကုန်းမြေကြီးရဲ့ သမိုင်းကြောင်း အတန်းမှာ နင်အိပ်ပျော်နေတာလား။”

အန်လင်း ခေါင်းယမ်းလိုက်ပြီးနောက် ရိုးဖြောင့်သည့် အမူအရာဖြင့် ပြန်ဖြေလိုက်သည်။ “အဲဒါက ရွေးလို့ရတဲ့ ဘာသာရပ်လေ။ ကျွန်တော်က သမိုင်းကို စိတ်မဝင်စားလို့ မရွေးခဲ့ဘူး။ ဒါပေမဲ့လည်း အဲဒီ တာအိုအရှင် လုယာက နာမည်ကြီးတဲ့သူဆိုရင် ကျွန်တော်က ကြားဖူးရမှာပေါ့။”

ချန်အယ်မှာ သက်ပြင်းသာ ချလိုက်မိသည်။ “ထိုက်ချူကုန်းမြေကြီးရဲ့ အခြားပုဂ္ဂိုလ် သုံးဦးနဲ့ ယှဉ်မယ်ဆိုရင်တော့ သူကို့ လက်တစ်ဆုပ်စာလောက်ပဲ သိကြတယ်။ သူက ဂိုဏ်းတွေလည်း မထောင်ခဲ့ဘူး။ ဒါပေမဲ့လည်း သူက သုံးလောကရဲ့ အထက်မှာရှိပြီး စိတ်ကူးပေါက်တိုင်း ကမ္ဘာပေါင်းများစွာကို လှည့်လည်သွားလာနေတတ်တယ်။”

“ကောင်းပြီလေ။ ဒီလိုဆိုရင်ကော နင့်အနေနဲ့ အနည်းဆုံးတော့ စကြာမုနိဗုဒ္ဓကို ကြားဖူးတယ် မဟုတ်လား။”

အန်လင်း ခေါင်းညိတ်လိုက်သည်။ စကြာမုနိဗုဒ္ဓသည် ဗုဒ္ဓလောကအား တည်ထောင်ခဲ့သူ ဖြစ်သည်။ ကောင်းကင်အရှင်သခင်နှင့် နှိုင်းယှဉ်နိုင်လောက်အောင် အစွမ်းထက်သည်။ ထို့ကြောင့် ကြားဖူးခြင်းဖြစ်သည်။

“စကြာမုနိဗုဒ္ဓက အကြီးအဲ ဟွင်းခွင်းရဲ့ တပည့်လေ။ အကြီးအကဲ ဟွင်းခွင်း၊ တာအိုအရှင် လုယာ၊ နွီဝါးအရှင်မနဲ့ ဘိုးဘေးဟုန်ကျွင်းတို့က ဖန်ဆင်းရှင်နတ်ဘုရားလေးပါးလေ။ အခု တာအိုအရှင် လုယာက ဘယ်သူဆိုတာ နားလည်ပြီလား။” ချန်အယ်သည် အန်လင်းအား ပြုံးကာဖြင့် ကြည့်လိုက်သည်။

အန်လင်းမှာ သူမ၏ စကားလုံးများကြောင့် အန်လင်းမှာ မူးမေ့သွားမတတ်ပင်။ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်အား နားထောင်နေရသလို ဖြစ်ရသည်။

“တာအိုအရှင် လုယာ တဲ့လား။ ဖန်ဆင်းရှင်နတ်ဘုရား တဲ့လား။”

ဟိုလီ ၈။ ထိုလူမှာ လုံအောင်းထျန်း၊ ကျောက်ရီထျန်းတို့ထက် အဆပေါင်းများစွာ ပိုမိုအစွမ်းထက်သူ ဖြစ်သည်။ ထိုကဲ့သို့ စွမ်းအားကြီးပုဂ္ဂိုလ်နှင့် မည်သည့်အချိန်မှစကာ ဆက်နွယ်မှု ရှိခဲ့သနည်း။ သူသည် ရေးဆွဲပြီးသား ကံကြမ္မာတချို့အတွက် အဓိကပုဂ္ဂိုလ်တစ်ဦး ဖြစ်နေခြင်းများလား။ သူ့ထံတွင် မျှော်မှန်းမရနိုင်သည့် စွမ်းအားအချို့ ရှိနေခြင်းများလား။ သူ့အနေဖြင့် ဤလောကကြီးအား ကယ်တင်ပေးရန် လိုအပ်နေသည်များလား။

အန်လင်းမှာ ရုပ်တုတစ်ခုသဖွယ် နေရာတွင်သာ ကြောင်အစွာဖြင့်ရပ်နေခြင်း ဖြစ်သော်လည်း သူ၏အတွေးများမှာ ထိန်းချုပ်၍ မရတော့ချေ။ ထိုအကြောင်းအရာများအား တစ်ထိုင်တည်းနှင့် လက်ခံရန် မလွယ်ကူလှချေ။

လေပြည်ညင်းတိုက်ခတ်လာပြီး သူ၏ခေါင်းပေါ်တွင် အဖြူရောင်ပွင့်ဖတ်တို့ တင်ကျန်နေသည်။ သို့သော်လည်း သတိပြုမိခြင်း မရှိချေ။ ချန်အယ်သည် သူ၏အတွေးများအား နှောင့်ယှက်လိုစိတ် မရှိချေ။ အရာအားလုံးကို သူကိုယ်တိုင် နားလည်လာစေရန်သာ ခွင့်ပြုထားလိုက်သည်။

အချိန်အတော်ကြာပြီးသည့်နောက်တွင် အန်လင်း နဂိုအခြေအနေသို့ ပြန်ရောက်လာသည်။

“အဟမ်း.. အဲဒါဆိုရင် ကျွန်တော်က အင်မော်တယ်ဆေးလုံးရဲ့ တန်ဖိုးကို ပေးရဦးမှာလား။”

ချန်အယ် : “…”

ချန်အယ်မှာ နဖူးသာပြန်ရိုက်မိတာ့သည်။ အချိန်အတော်ကြာပြီးသည့်နောက်တွင် အန်လင်း ပထမဆုံးပြောလာသည့် စကားမှာ ထိုအကြောင်း ဖြစ်နေလိမ့်မည်ဟု သူမ မတွေးခဲ့မိပေ။

“အိုးးး ပြီးတော့လေ တာအိုအရှင် လုယာက ကျွန်တော့်ဆီမှာ ပြိုင်ဘက်ကင်းပါရမီတွေ ရှိနေတာမျိုး ကမ္ဘာကြီးကို ကယ်တင်ရမှာမျိုး အဲလိုမျိုးတွေ မပြောသွားဘူးလား။”

“မပြောဘူး။” ချန်အယ် နှာကစ်လာချေပြီ။ “ပြီးတော့ နင်က အင်မော်တယ်ဆေးလုံးအတွက် အကြွေးလာဆပ်တာလို့ ပြောထားတာဆိုတော့ ပြောပြီးသား စကားကို ပြန်ရုပ်သိမ်းလို့ မရဘူး။ အများကြီးတော့ မတောင်းပါဘူး။ စိတ်ဝိညာဉ်ကျောက်တုံး ၁၂ သန်း လောက်ဆိုရင် ဆေးဖော်စပ်တဲ့ ကုန်ကျစရိတ်ကို ကာမိပါတယ်။”

အန်လင်း ခေါင်းညိတ်လိုက်သော်လည်း သူ၏နှလုံးသားထဲတွင် မကျေလည်မှုတို့ မြင့်တက်လာသည်။ ကယ်တင်ရှင်တစ်ဦး မဖြစ်သည့်အတွက် အဆင်မပြေချ။

သူ၏စိတ်ထဲတွင် မေးခွန်းများ ဆက်တိုက်ပေါ်လာသည်။ “တာအိုအရှင် လုယာ က ဘယ်လိုပုံမျိုးလဲ။ ကျွန်တော်နဲ့ ဘယ်လိုပတ်သက်တာတဲ့လဲ။ ဘာလို့ ကျွန်တော့်ကို ကယ်ပေးရတာလဲ။”

အန်လင်း၏ မေးခွန်းများနှင့် ရင်ဆိုင်ရသည့်အခါတွင် ချန်အယ်မှာ ရူးချင်စိတ်ပင် ပေါ်လာတော့သည်။ “တာအိုအရှင် လုယာ က အရမ်း ခန့်ညားတယ်။ တခြားမေးခွန်းတွေအတွက်တော့ အဖြေကို ငါမသိဘူး။ သူ့ကိုပဲ သွားမေးချေ။”

အန်လင်းသည် ချန်အယ်၏ စကားများကြောင့် မူးမေ့လဲကျမတတ် ဖြစ်ရသည်။ တာအိုအရှင် လုယာ မှာ သူ၏သားရဲ မဟုတ်ချေ။ သူ့အနေဖြင့် မည်သည့်နေရာတွင် သွားရှာကာ မေးမြန်းရမည်နည်း။


အန်လင်း၏ နှလုံးသားလေးမှာ တဖြည်းဖြည်းချင်း တည်ငြိမ်လာခဲ့သည်။ သူ့အနေဖြင့် ထိုအစွမ်းထက် ပုဂ္ဂိုလ်ကြီးများအကြောင်း သိရှိရန် အလှမ်းဝေးလှန်းလှသည်။ အမှန်တရားအား ရှာဖွေလိုလျှင်ပင် ထိုသို့ပြုလုပ်နိုင်သည့် ခွန်အားမရှိသေးချေ။

လတ်တလောအခြေအနေများအရ ထိုအင်အားကြီးထောက်ပံ့သူ ရှိနေကြောင်း သိရှိရုံမျှနှင့် လုံလောက်ပေသည်။

ဟိဟိ ကောင်းကင်အရှင်သခင်ထက် ကြမ်းသည့် ထောက်ပံ့သူ ရှိနေခြင်း ဖြစ်သည်။

အန်လင်းသည် ချန်အယ်အား စိတ်ဝိညာဉ်ကျောက်တုံး ၁၂ သန်း လွှဲပြောင်းပေးလိုက်သည်။

အကြွေးဆပ်ပြီးသည့်နောက်တွင် လွတ်လပ်ပေါ့ပါးမှုတို့အား ခံစားရလေသည်။

သူသည် ရိုးသားသူတစ်ဦး ဖြစ်သည့်အတွက် အခြားသူတစ်ဦးပေါ်တွင် အကြွေးတင်ရှိနေခြင်းကြောင့် အတော်လေး မသက်မသာဖြစ်ရသည်။ ယင်းမှာ သူ၏ ဖျောက်မရနိုင်သည့် အကျင့်တစ်ခု ဖြစ်လေသည်။

သူ၏ သိုလှောင်လက်စွပ်အတွင်း၌ စိတ်ဝိညာဉ်ကျောက်တုံး ၂.၈ သန်း သာလျှင် ကျန်ရှိတော့သည်ကြောင့် တိုင်ကွန်းကြီး ဘဝမှာ ရိုးရိုးသာမန် တိုင်ကွန်းတစ်ဦးအဖြစ်သို့ လျှောကျသွားလေပြီဖြစ်သည်။ သူ၏ လူနေမှုအဆင့်အတန်းမှာ သိသိသာသာ လျော့ကျသွားရပေပြီ။

သို့သော်လည်း ယင်းမှာ ကမ္ဘာကြီး၏ အဆုံးသတ် မဟုတ်ချေ။ စုရှောင်လန်အား လက်ဆောင်တစ်ခု ဝယ်ပေးရပေမည်။

စုရှောင်လန်အား ငွေကြေးပြန်ပေးမည်ဆိုလျှင် သေချာပေါက် ငြင်းပယ်ပေလိမ့်မည်။ ထို့ကြောင့် အခြားတနည်းဖြင့် ကျေးဇူးတင်ကြောင်း ဖော်ပြရမည် ဖြစ်သည်။

ချန်အယ်သည် တည်နေရာရွှေ့ပြောင်းခြင်းအား ထပ်မံအသုံးပြုလိုက်သည့်အတွက် သူတို့နှစ်ဦးမှာ လစန္ဒာနန်းတော်သို့ ပြန်လည်ရောက်ရှိလာကြသည်။

စုချန်းရန်နှင့် ယွဲ့တုတို့သည် ကမ္ဘာ အဌမမြောက် အံ့ဖွယ်အား ရှာဖွေတွေ့ရှိလိုက်ရသလို သူတို့နှစ်ဦးအား ကြောင်အစွာဖြင့် ကြည့်နေကြလေသည်။

ချန်အယ်၏ စိတ်ဓာတ်ကျမှုတို့ ကွယ်ပျောက်သွားပြီး ဖြစ်သည်ကြောင့် စုချန်းရန်ထံသို့ နူးနူးညံ့ညံ့ပြုံးကာဖြင့် လျှောက်လှမ်းသွားလိုက်သည်။ ထို့နောက်တွင် စုချန်းရန်၏လက်ကို ဆုပ်ကိုင်လိုက်ပြီး “ဘာလို့ အဲဒီလိုမျိုး ကြည့်နေရတာလဲ။ အန်လင်းနဲ့ ငါနဲ့ကြားမှာ ဘာမှ မဖြစ်ခဲ့ပါဘူးနော်။”

“ဒါပေမဲ့ မမ ချန်အယ်က သူ့ရဲ့လက်ကို ကိုင်ထားခဲ့တယ်လေ။” စုချန်းရန်၏ ရင်ဘတ်မှာ နိမ့်ချည် မြင့်ချည် ဖြစ်လာပြီး သူမ၏ မျက်နှာလေး အနည်းငယ် နီမြန်းလာသည်။ အလွန်ညစ်ညမ်းသည့် တစ်စုံတစ်ခုအား မြင်တွေ့လိုက်ရသလိုပင်။

“ချစ်ဖို့ကောင်းတဲ့ အရူးမလေး။” ချန်အယ်သည် စုချန်းရန်၏နဖူးအား သွယ်လျသည့် လက်ချောင်းလေးဖြင့် တောက်လိုက်သည်။ “လက်ကိုင်ရုံနဲ့ ကိုယ်ဝန်မရနိုင်ပါဘူးလို့ ငါမပြောထားဘူးလား။ ဟင်.. အကြင်နာပေးတာကမှ ကိုယ်ဝန်ရနိုင်တာ။”

စုချန်းရန်၏မျက်နှာမှာ ပို၍နီမြန်းလာလေသည်။ သူမ၏ ပါးနှစ်ဖက်မှာ ရင့်မှည့်နေသည့် ပန်းသီးနှစ်လုံးနှင့်ပင် တူလေသည်။ “အဲဒါဆို သူ့ကို အကြင်နာပေးခဲ့သေးလား။”

ချန်အယ် စိတ်အားထက်သန်စွာဖြင့် ခေါင်းယမ်းလိုက်သည်။ “မပေးဘူး။ နင့်ကိုပဲ အကြင်နာပေးမှာ။”

အန်လင်းသည် အကြည့်လွှဲကာဖြင့် နားမကြားချင်ယောင်ဆောင်လိုက်သည်။

သူတို့၏ စကားပြောခန်းအား ရယ်မောချင်မိသော်လည်း ယင်းမှာ ကောင်းမွန်သည့်အကြံ မဟုတ်ကြောင်း သူသိသည်။

ယွဲ့တုသည်လည်း တိတ်ဆိတ်စွာဖြင့် ရယ်နေလေသည်။ သူမအရှေ့ရှိ မြင်ကွင်းအား မြင်တွေ့နေကျဖြစ်ကြောင်း သိသာလှသည်။ အန်လင်းအား ကြည့်ကာဖြင့် အလေးအနက် တွေးလိုက်သည်။

“အန်လင်းရေ.. ချန်အယ်က သူ့ရဲ့ လိင်တိမ်းညွှတ်မှုကို နင့်ကို သိစေခဲ့တယ်ဆိုပေမဲ့လည်း တခြားသူတွေကို လျှောက်မပြောဖို့ တောင်းဆိုချင်တယ်။” ရုတ်တရက်ဆိုသလို အမျိုးသမီးတစ်ဦး၏အသံ ထွက်ပေါ်လာသည်။

အန်လင်းသည် ယွဲ့တုအား ခေါင်းညိတ်ပြလိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။ “လုံးဝ စိတ်ချထားလိုက်။ ဒီ လျှို့ဝှက်ချက်ကို အုတ်ဂူထဲအထိ ယူသွားမှာပါ။”

အတော်ကြာသည်အထိ စကားပြောပြီးသည့်နောက်တွင် အန်လင်းသည် ခွေးပျံစီးနင်းကာဖြင့် စုချန်းရန်နှင့်အတူ လစန္ဒာနန်းတော်မှ ပြန်လာခဲ့လေသည်။

တစ်လကြာ အားလပ်ရက် စတင်လေပြီ။

***

All Chapters