← Chapters

စွမ်းအားအတားအဆီးကို ချိုးဖျက်ခြင်းနှင့် မသေမျိုးအဆင့် မူလဝိညာဉ် (အပိုင်း ၂)

Vol. 46 Ch. 638

စွမ်းအားအတားအဆီးကို ချိုးဖျက်ခြင်းနှင့် မသေမျိုးအဆင့် မူလဝိညာဉ် (အပိုင်း ၂)

Vol. 46 Ch. 638

စုရှင်းသည် သူ၏ မူလဝိညာဉ်တွင် ဖြစ်ပေါ်လာသော ပြောင်းလဲမှုများကို အနည်းငယ် တွေးတောကြည့်မိသည်။ ဤကဲ့သို့သော ဘေးထွက်ဆိုးကျိုးမျိုးမှာ လုံးဝ လက်ခံနိုင်စရာ ရှိပေသည်။

ထိုအချိန်တွင် ကျင်းချုံးရွှယ်မှာ သူမ၏ အလုပ်များကို အပြီးသတ်သွားသည် ထင်သာ်။ ကုတင်အိအိလေးပေါ်တွင် လှဲလျောင်းကာ ပျင်းရိစွာ အပျင်းကြော ဆန့်ထုတ်နေ၏။

"ဟင်... မမရွှယ် ဘာလုပ်နေတာလဲ။ ဘာလို့ လိုက်ကာတွေကို ဆွဲပိတ်လိုက်တာလဲ..."

စုရှင်း ခေတ္တမျှ ကြောင်အမ်းသွားမိသည်။

ကျင်းချုံးရွှယ်သည် လိုက်ကာများကို ဆွဲပိတ်ကာ ကုတင်ပေါ်တွင် ပြန်လှဲလိုက်ပြီးနောက် သူမ၏ ဖုန်းကို ထုတ်လိုက်သည်။ စုရှင်း အသာအယာ လှမ်းကြည့်လိုက်ရာ သူ၏ ဓာတ်ပုံက ဖုန်းမျက်နှာပြင်ပေါ်တွင် ပေါ်လာသည်ကို မြင်လိုက်ရ၏။

ထို့နောက်တွင်မူ ကျင်းချုံးရွှယ်၏ မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားပြီး သူမ၏ ကောက်ကြောင်းအလှများ ပေါ်လွင်နေသော ခန္ဓာကိုယ်ကို လူးလွန့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

"စုလန်း..."

စုရှင်း၏ မျက်နှာတစ်ခုလုံး ချက်ချင်းဆိုသလို နီမြန်းသွားကာ သူ၏ မူလဝိညာဉ်ကို ဗီလာထဲမှ အလျင်အမြန် ပြန်ထုတ်ယူလိုက်တော့သည်။

သူသည် "အဟမ်း... မဖွယ်မရာတွေကို မကြည့်အပ်ဘူး..." ဟု စိတ်ထဲမှ တတွတ်တွတ် ရွတ်ဆိုနေမိ၏။

…

ဗီလာမှ ထွက်ခွာလာပြီးနောက် စုရှင်း၏ နတ်ဘုရားအာရုံမှာ ကျိုတိုမြို့တစ်ခွင်တွင် ဆက်လက် လှည့်လည်နေခဲ့သည်။

မည်သူ့ကိုမျှ သတိမပြုမိစေဘဲ စုရှင်း၏ မူလဝိညာဉ်မှာ မဟာရှား စစ်ဌာနချုပ်၏ နက်ရှိုင်းသော နေရာတစ်ခုသို့ ဝင်ရောက်သွားခဲ့သည်။ သီးသန့်ဗီလာတစ်ခု အတွင်း၌ စုရှင်းသည် သူ၏ ရှေ့တွင်ရှိသော လုယွမ်ဝူကို ကြည့်လိုက်၏။

လုယွမ်ဝူမှာ ထိုအချိန်တွင် သူ၏ သိုလှောင်လက်စွပ်ကို စုစည်းနေပြီး ချိန်းဆိုထားသည့် နေရာတစ်ခုသို့ သွားရန် ပြင်ဆင်နေပုံရသည်။ သူ၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများ ပေါ်လွင်နေပြီး တိုးတိုးလေး ရေရွတ်နေ၏။

"ကောင်းတယ်၊ တကယ် ကောင်းတယ်။ တစ်လအတွင်းမှာတင် ငါတို့ စစ်ဌာနချုပ်က ဂုဏ်ထူးဆောင်အဆင့် စစ်သည်တော် တစ်ရာကျော် ရခဲ့ပြီ"

"လူသားမျိုးနွယ် ပြန်လည်နိုးထဖို့နဲ့ တိုင်းတစ်ပါးသားတွေကို မောင်းထုတ်ဖို့ မျှော်လင့်ချက် ရှိလာပြီ"

"ဒါတွေ အားလုံးက အဲ့ဒီစီနီယာ ပညာရှင်ကြီးကြောင့်ပဲ"

"နှမြောစရာကောင်းတာက အဲ့ဒီ စီနီယာက ငါတို့နဲ့ အများကြီး အဆက်အသွယ် မလုပ်ချင်တာပဲ... မဟုတ်ရင် ငါတို့ လူသားမျိုးနွယ်က တိုင်းတစ်ပါးသားတွေရဲ့ အဓိက စခန်းကိုတောင် ပြန်တိုက်နိုင်မှာ..."

လုယွမ်ဝူမှာ လူသားမျိုးနွယ် ပြန်လည်နိုးထရေး အတွက် နေ့စဉ်နှင့်အမျှ ရုန်းကန်နေရသည့် ရှေးရိုးစွဲ ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်သည်မှာ ထင်ရှားလှသည်။ စုရှင်း အသာအယာ ခေါင်းညိတ်လိုက်မိ၏။

"ဒါကြောင့်လည်း သူက အဖိုးလု ဖြစ်နေတာပဲ၊ သစ္စာရှိပြီး မျိုးချစ်စိတ် အပြည့်ရှိတယ်"

စုရှင်း ခေတ္တ စဉ်းစားလိုက်ပြီးနောက် သူ၏ မူလဝိညာဉ် အစအနလေး တစ်ခုကို လုယွမ်ဝူထံတွင် ထည့်သွင်းထားလိုက်သည်။ ယခုမှစ၍ စုရှင်းသည် စိတ်အကြံတစ်ခုဖြင့်ပင် လုယွမ်ဝူ မည်သည့်နေရာတွင် ရှိနေသည်၊ ဘာလုပ်နေသည်ကို သိနိုင်တော့မည် ဖြစ်သည်။

တစ်ဖက်တွင် အရောင်းအဝယ် ကိစ္စများမှာ ပိုမို ဘေးကင်းသွားမည် ဖြစ်သလို အခြားတစ်ဖက်တွင်လည်း သူ့ကို အနည်းငယ် ကာကွယ်ပေးထားနိုင်မည် ဖြစ်သည်။

နတ်ဘုရားအာရုံ အစအန နှစ်ခုကို ဆက်တိုက် ခွဲထုတ်လိုက်ပြီးနောက် စုရှင်း အနည်းငယ် ပင်ပန်းသွားသလို ခံစားရသည်။ ထို့နောက် သူ၏ စိတ်အကြံဖြင့် မူလဝိညာဉ်မှာ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည် ဝင်ရောက်သွားလေတော့သည်။

"ဟဲဟဲ... ဒီမူလဝိညာဉ်ရဲ့ အသုံးဝင်ပုံက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ"

"ဒါ့အပြင် ငါ့ရဲ့ မူလဝိညာဉ်ကို မသေမျိုးအဆင့် အောက်မှာရှိတဲ့သူတွေ သတိထားမိဖို့ဆိုတာ မလွယ်ဘူး။ ဒါပေမဲ့ ကျိန်စာသင့်နဂါးကိုရော အာရုံခံနိုင်မလားဆိုတာတော့ မသေချာဘူး..."

စုရှင်း ခေါင်းအသာအယာ ခါယမ်းလိုက်ပြီး ဤစွန့်စားမှုကို မလုပ်ရန် ဆုံးဖြတ်လိုက်သည်။

"နတ်ဘုရားအာရုံ အစအန နှစ်ခု ခွဲလိုက်တာဆိုတော့ ပြန်ကောင်းဖို့ တစ်ပတ်လောက်တော့ ကြာဦးမှာပဲ..."

စုရှင်း အကြမ်းဖျင်း ခန့်မှန်းလိုက်သည်။ အချိန်ကို ကြည့်လိုက်ရာ သရုပ်ပြခြင်း၏ အေးခဲချိန် ပြည့်ရန် မဝေးတော့ပေ။ စုရှင်းသည် နောက်ထပ် သရုပ်ပြခြင်းအတွက် အစီအစဉ် စတင် ဆွဲတော့သည်။

"လောလောဆယ် မသေမျိုး ဖြစ်လာဖို့အတွက် အတားအဆီး ခြောက်ခု ရှိတယ်။ ဝိညာဉ်နယ်မြေ အတားအဆီးကလွဲရင် ငါ စိတ်နှလုံး သန့်စင်ခြင်းနဲ့ မူလဝိညာဉ် အတားအဆီးတွေကို ကျော်ဖြတ်ပြီးပြီ..."

"ဒီအတားအဆီး နှစ်ခုက ခန္ဓာကိုယ် အစွမ်းကို မြှင့်တင်ပေးတာထက် မသေမျိုး အဆီအနှစ်ကို ပိုပြီး မြင့်မြတ်သွားစေတာ..."

စုရှင်း ခေတ္တ ရပ်လိုက်ပြီးမှ ဆက်၍ - "ဒါပေမဲ့ ငါ့မှာ ဝိညာဉ်အရည်တွေ အလုံအလောက် စုဆောင်းထားပြီးပြီ... အဲ့ဒီ အတားအဆီးကို ကျော်ဖြတ်ဖို့ အချိန်တန်ပြီ"

"စွမ်းအားအတားအဆီး၊ အတားအဆီး ငါးခုထဲမှာ အရိုးရှင်းဆုံး ဖြစ်ပေမဲ့ အရေးအကြီးဆုံး အတားအဆီးလည်း ဖြစ်တယ်။"

"ငါသာ ဒီစွမ်းအားအတားအဆီးကို ကျော်ဖြတ်နိုင်မယ်ဆိုရင် ငါ့ရဲ့ ဝိညာဉ်စွမ်းအား တစ်ခုလုံးက မသေမျိုးစွမ်းအား အဖြစ် ကူးပြောင်းသွားလိမ့်မယ်၊ ငါ့ရဲ့ အစွမ်းက နောက်ထပ် အဆင့်တစ်ခုကို သေချာပေါက် တက်လှမ်းသွားမှာပဲ၊"

စုရှင်း၏ ရင်ထဲတွင် အနည်းငယ် မျှော်လင့်ချက်များ ရှိနေသည်။ စုရှင်း၏ လက်ရှိ ဝိညာဉ်စွမ်းအား ပင်လယ်မှာ အလွန်ကျယ်ပြန့်သော်လည်း ၎င်းမှာ ဝိညာဉ်စွမ်းအား အဆင့်မှာသာ ရှိသေးသည်။

ဝိညာဉ်စွမ်းအားနှင့် မသေမျိုးစွမ်းအားကြားတွင် အရည်အသွေးပိုင်းအရ အကြီးအကျယ် ကွာခြားမှု ရှိ၏။

ကပ်ဘေးကျော်လွှားခြင်း အဆင့်ရှိ သာမန် ကျင့်ကြံသူများသည် သူတို့၏ ဝိညာဉ်စွမ်းအားကို မသေမျိုးစွမ်းအားအဖြစ် ပြောင်းလဲလိုက်ပြီးနောက် မူလက ပင်လယ်ကဲ့သို့ ကျယ်ပြန့်သော ဝိညာဉ်စွမ်းအားများမှာ ချောင်းငယ်လေး တစ်ခုအဆင့်သို့ လျော့ကျသွားနိုင်သည်။

သို့သော် ၎င်းကို မသေမျိုးစွမ်းအားအဖြစ် ပြောင်းလဲလိုက်သည်နှင့် သူတို့၏ အတတ်ပညာနှင့် နည်းဗျူဟာများ၏ စွမ်းအားမှာ အဆမတန် မြင့်တက်သွားမည် ဖြစ်သည်။

ကပ်ဘေးကျော်လွှားခြင်း အဆင့်ရှိသူ မည်မျှပင် အားနည်းပါစေ၊ သူတို့၏ ဝိညာဉ်စွမ်းအားကို မသေမျိုးစွမ်းအားအဖြစ် ချောမွေ့စွာ ပြောင်းလဲနိုင်ကြသည်။ သို့သော် ပြောင်းလဲလိုက်သည့် မသေမျိုးစွမ်းအား ပမာဏက မသေမျိုးနယ်မြေသို့ ရောက်ရှိပြီးနောက် သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်နှင့် အလားအလာအပေါ် တိုက်ရိုက် သက်ရောက်မှု ရှိပေသည်။

ထို့ကြောင့် စုရှင်းသည် ဝိညာဉ်အရည်များကို အရူးအမူး စုဆောင်းနေခြင်း ဖြစ်ပြီး မသေမျိုးနယ်မြေသို့ ရောက်သည့်အခါ တစ်ဆင့်တည်းဖြင့် တူညီသောအဆင့်ရှိ ကျင့်ကြံသူများကို ချေမှုန်းနိုင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

…

သရုပ်ပြခြင်း၏ အနားယူချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့၏။

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့တွင် စုရှင်းသည် သရုပ်ပြခြင်းကို အသစ်တစ်ဖန် စတင်လိုက်သည်။

[ဒင်၊ ဤတစ်ကြိမ် သရုပ်ပြခြင်းအတွက် စွမ်းအင် ၉၀၀၀ ကျသင့်ပါသည်။ လက်ကျန်စွမ်းအင် ၁၅,၇၇၂,၆၉၀,၀၀၀ ရှိပါသည်။]

[သရုပ်ပြခြင်း စတင်ပါပြီ။]

[ခရမ်းရောင် စွမ်းရည် ရွေးချယ်မှုအတွက် စွမ်းအင် ၁ သိန်း ကျသင့်မည်ဖြစ်ပြီး ရွှေရောင် ဒဏ္ဍာရီလာ စွမ်းရည်အတွက် စွမ်းအင် ၁ သန်း ကျသင့်မည် ဖြစ်သည်။ ရွေးချယ်လိုပါသလား။]

"ရွှေရောင် စွမ်းရည်ကို ရွေးချယ်မယ်"

စုရှင်း၏ ရင်ထဲတွင် မျှော်လင့်ချက်များ ရှိနေသည်။ ငါးဆယ်ရာခိုင်နှုန်းသော အခွင့်အရေးအရ ဤတစ်ခါတွင်တော့ ရွှေရောင် ထွက်လာသင့်ပြီ မဟုတ်ပါလား။

[ဒင်၊ ဂုဏ်ယူပါသည်။ သင်သည် ရွှေရောင်စွမ်းရည် - ရှေးဟောင်း စုန်းနွယ်စု ခန္ဓာကိုယ်ကို ရရှိသွားပါပြီ။ နောက်တစ်ကြိမ်တွင် ရွှေရောင်စွမ်းရည် ရရှိနိုင်ခြေမှာ ငါးဆယ်ရာခိုင်နှုန်း ဖြစ်ပါသည်...]

All Chapters