← Chapters

တုံ့ဆိုင်းမနေခြင်း

Vol. 8 Ch. 87

တုံ့ဆိုင်းမနေခြင်း

Vol. 8 Ch. 87

ကော်လင်ရှန်းသည်လည်း ပတ်ဝန်းကျင်မှ ထူးဆန်းမှုများကို သတိထားမိပြီး အသက်ရှူ မှားသွားသည်။ ပထမ တွေ့လိုက်ရသော စိမ်းရောင် တစ္ဆေသည် ပိုက်ကွန်မှ လွတ်လာသော ငါးတစ်ကောင်သာ ဖြစ်မည်ဟု သူ ထင်ခဲ့သော်လည်း ယခုအခါ လွတ်မြောက်လာသော အရေအတွက်မှာ များပြားလွန်းနေသည်။

“ဂျူနီယာညီလေး... ငါ့ကို ချပေးလိုက်ပါ... မဟုတ်ရင် မင်းရဲ့ ကိုယ်ဖော့ပညာကို ထိခိုက်လိမ့်မယ်..."

ကော်လင်ရှန်းက ချန်ဖေးကို လှည့်ကြည့်ပြီး ပြောလိုက်သည်။

"စီနီယာအစ်ကို... ရပါတယ်..."

ချန်ဖေးက လူတစ်ယောက်ကို သယ်ထားရင်း ပြုံး၍ ပြောလိုက်သည်။ ဝိညာဉ်လိုက် ခြေလှမ်းအပေါ် သက်ရောက်မှုက သိပ်မကြီးမားလှပေ။ အများဆုံး ၁၀ ရာခိုင်နှုန်းခန့်သာ လျော့ကျသွားခြင်း ဖြစ်သည်။

"ဂျူနီယာညီလေး... ကောင်းလိုက်တာ..."

ကော်လင်ရှန်းက သူ့ကိုယ်ဖော့ပညာလည်း မြန်ပါတယ်လို့ ပြောချင်သော်လည်း လမ်းဘေးတစ်ဖက်တစ်ချက်မှ သစ်ပင်များ ရိပ်ခနဲ ဖြတ်သန်းသွားသည်ကို ခံစားလိုက်ရသဖြင့် ပါးစပ်ပိတ်ထားလိုက်ရသည်။

ချန်ဖေး၏ ကိုယ်ဖော့ပညာသည် သူ့ထက် များစွာ ပိုမို မြန်ဆန်ပြီး သာမန် အတွင်းကလီစာသန့်စင်ခြင်း အဆင့်နှင့် ယှဉ်လျှင် ပြဿနာ မရှိပေ။

ဝိညာဉ်လိုက် ခြေလှမ်းက တကယ်ပဲ ဒီလောက် အသုံးဝင်လို့လား...

ထိုအတွေးသည် ကော်လင်ရှန်း၏ စိတ်ထဲတွင် အလိုအလျောက် ပေါ်လာသော်လည်း ဂိုဏ်းထဲတွင် အခြားသော စီနီယာအစ်ကိုများနှင့် ဝိညာဉ်လိုက် ခြေလှမ်း ကျင့်ကြံသူများ ရှိကြသည်။

သူတို့ကရော ဒီအဆင့်ထိ ရောက်နိုင်ပါ့မလား...

အနောက်မှ စိမ်းရောင် တစ္ဆေ ငါးကောင်သည် အဝေးကြီး ကျန်ရစ်ခဲ့သည်။ ဤစိမ်းရောင် တစ္ဆေများသည် ဒုက္ခပေးနိုင်သော်လည်း သူတို့၏ အမြန်နှုန်းမှာ သာမန် ခြင်ဆီသန့်စင်ခြင်း အဆင့် ကိုယ်ခံပညာရှင်လောက်သာ ရှိသည်။

"အား... ကယ်ပါဦး..."

"တစ်ခုခု မှားနေပြီ... တစ်ခုခု မှားနေပြီ... ကယ်ပါဦး... တစ်ယောက်ယောက် ကယ်ကြပါဦး..."

"ပြေး... ပြေးကြ..."

ရုတ်တရက် အနောက်မှ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ စိမ်းရောင် တစ္ဆေ ငါးကောင်သည် ချန်ဖေးကို မမီနိုင်သော်လည်း အပင်ရှာဖွေသူများ သို့မဟုတ် ယွမ်ချန် ဓားဂိုဏ်းမှ အခြား တပည့်များကို ဖမ်းမိရန်မှာ လုံလောက်သည်ထက် ပိုနေသည်။

"ဒီဘက်ကို ပြေး... ဟိုဘက်မှာ ထူးဆန်းတာ ရှိတယ်... ဒီဘက်ကို ပြေး..."

"ငါ့ကို ထားမသွားပါနဲ့... ငါ့ကို ထားမသွားပါနဲ့..."

"ပုန်း... မြန်မြန်ပုန်းလိုက်... မင်းတို့ ပြေးလို့ လွတ်မှာ မဟုတ်ဘူး..."

အကူအညီ တောင်းသံများသည် ခဏမျှသာ ကြာပြီး ပျောက်ကွယ်သွားကာ အနောက်ဘက်တွင် တိတ်ဆိတ်သွားတော့သည်။

"ဘုန်း..."

ချန်ဖေးသည် တပည့်တစ်ဦး၏ အနားသို့ ရောက်ရှိသွားပြီး သူ၏ ကြယ်တာရာည ဓားနှင့် ဒိုင်းကို ဖြန့်ကျက်ကာ စိမ်းရောင် တစ္ဆေ တစ်ကောင်ကို တွန်းထုတ်လိုက်သည်။

ကော်လင်ရှန်းက ဓားမကြီးကို ဝှေ့ယမ်းကာ စိမ်းရောင် တစ္ဆေကို လွင့်ထွက်သွားအောင် ရိုက်ထုတ်လိုက်သည်။

"ကျေးဇူးတင်ပါတယ်... စီနီယာအစ်ကိုကော်..."

ထိုတပည့်သည် အသက်ကို မနည်း ရှူနေရပြီး တုန်လှုပ်နေဆဲ ဖြစ်သည်။

"ငေးမနေနဲ့... ပြေးတော့..." ကော်လင်ရှန်း တိုးတိုးလေး ပြောလိုက်သည်။

"ဟုတ်... ဟုတ်ကဲ့..."

ထိုတပည့်သည် ရုတ်တရက် သတိဝင်လာပြီး တောင်အောက်သို့ အမြန် ပြေးဆင်းသွားသည်။

လွင့်ထွက်သွားသော စိမ်းရောင် တစ္ဆေသည် ချန်ဖေးနှင့် ကော်လင်ရှန်းကို လာရောက် မတိုက်ခိုက်ဘဲ အပင်ရှာဖွေသူ တစ်ဦးကို ဖမ်းဆွဲပြီး တရှိန်ထိုး မျိုချလိုက်သည်။

"သွားကြစို့..." ကော်လင်ရှန်း အံကြိတ်ပြီး ချန်ဖေးကို ပြောလိုက်သည်။

ချန်ဖေး ခေါင်းညိတ်လိုက်ပြီး ကော်လင်ရှန်း၏ ပခုံးကို ဆွဲကာ တောင်အောက်သို့ ဆက်ပြေးလိုက်သည်။ သို့သော် မီတာ အနည်းငယ်သာ ရောက်သေးခင်မှာပင် နောက်ထပ် စိမ်းရောင် တစ္ဆေ နှစ်ကောင်သည် ရှေ့မှ ယွမ်ချန် ဓားဂိုဏ်း တပည့်များကို လိုက်ဖမ်းနေသည်ကို တွေ့လိုက်ရသည်။

"ဘယ်လိုလုပ် ဒီလောက် အများကြီး ရှိနေရတာလဲ... တခြားလူတွေ လွတ်လမ်း မရှိတော့ဘူးပဲ..."

ကော်လင်ရှန်း ဟိန်းဟောက်လိုက်ပြီး ရှေ့သို့ တိုးကာ စိမ်းရောင် တစ္ဆေ တစ်ကောင်ကို ခုတ်ပိုင်းလိုက်သည်။ ချန်ဖေးသည် ဓားနှင့် ဒိုင်းကို အသုံးပြု၍ နောက်တစ်ကောင်ကို တွန်းထုတ်လိုက်ပြီး တပည့်၏ လက်ကို ဆွဲကာ အဝေးသို့ ခေါ်ဆောင်သွားသည်။

"ဝါး..."

အနီးအနားတွင် အပင်ရှာဖွေသူများ မရှိတော့သဖြင့် သို့မဟုတ် စားသောက်ပြီး ဖြစ်သဖြင့် စိမ်းရောင် တစ္ဆေ နှစ်ကောင်သည် ချန်ဖေးနှင့် ကော်လင်ရှန်းထံ တိုက်ရိုက် ခုန်အုပ်လိုက်ကြသည်။

"မင်းတို့ အရင်သွားကြ..."

ကော်လင်ရှန်းက ချန်ဖေးကို ကြည့်လိုက်သည်။ ချန်ဖေး ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ တပည့်ကို ဆွဲ၍ တောင်အောက်သို့ ပြေးဆင်းသွားသည်။

ကော်လင်ရှန်း ဟိန်းဟောက်လိုက်ပြီး ထုံယွမ် ကျင့်စဉ်၏ စွမ်းအား အပြည့်အဝကို ထုတ်သုံးလိုက်သည်။ သူ၏ ချီစွမ်းအင်များ မြင့်တက်လာပြီး ကြွက်သားများ ဖောင်းကားလာကာ ဧရာမ ခွန်အားသည် သံမဏိကဲ့သို့ မာကျောလာသည်။

သူ ရှေ့သို့ တိုးလာပြီး စိမ်းရောင် တစ္ဆေ နှစ်ကောင်ကို ဗိုက်ခွဲပစ်လိုက်သည်။ ထို့နောက် ကော်လင်ရှန်း လှည့်ပြေးလိုက်သည်၊ အဘယ်ကြောင့်ဆိုသော် အဝေးမှ နောက်ထပ် စိမ်းရောင် တစ္ဆေ အများအပြား ချဉ်းကပ်လာနေသောကြောင့် ဖြစ်၏။

ထို့အပြင် ဤကဲ့သို့ ဗိုက်ခွဲခြင်းသည် လူသားများအတွက် သေစေနိုင်သော်လည်း သဘာဝလွန် သတ္တဝါများ အတွက်မူ ပြန်လည် ကောင်းမွန်ရန် အချိန် အနည်းငယ် ကြာမြင့်စေရုံသာ ဖြစ်သည်။

ကော်လင်ရှန်းသည် မီတာရာပေါင်းများစွာ ပြေးလာပြီးနောက် ချန်ဖေးကို တွေ့လိုက်ရသည်။ ချန်ဖေးသည် စိမ်းရောင် တစ္ဆေ သုံးကောင်၏ တိုက်ခိုက်မှုကို ခုခံနေရပြီး တပည့် သုံးဦးက အနောက်မှ ကူညီပေးနေကြသည်။

"မင်းတို့ မိစ္ဆာကောင်တွေ... အကုန် သေစမ်း..."

ကော်လင်ရှန်း၏ မျက်လုံးများ နီရဲနေပြီး အရေပြား ချွေးပေါက်များမှ သွေးစက်များ စိမ့်ထွက်လာသည်။ သူ ရှေ့သို့ ပြေးဝင်လာပြီး စိမ်းရောင် တစ္ဆေ သုံးကောင်ကို တိုက်ထုတ်လိုက်သည်။

သူ၏ အခြေအနေ ကောင်းမွန်နေပုံ ရသော်လည်း ကော်လင်ရှန်း လည်ချောင်း လှုပ်ရှားသွားပြီး သွေးများကို ပြန်မျိုချလိုက်သည်ကို ချန်ဖေး သတိထားမိလိုက်သည်။ သို့သော် ပါးစပ်ထောင့်မှ သွေးအချို့ စီးကျလာသေးသည်။

"ဂျူနီယာညီလေး... မင်း သူတို့ကို ခေါ်သွားလိုက်... ငါ မိစ္ဆာတွေကို မျှားခေါ်သွားမယ်... မဟုတ်ရင် ဂိုဏ်းကို ပြန်ရောက်နိုင်မယ့်သူ သိပ်ကျန်တော့မှာ မဟုတ်ဘူး..."

ကော်လင်ရှန်းက ချန်ဖေးဘက် လှည့်လိုက်ပြီး အိတ်ကပ်ထဲမှ ဖယောင်းတိုင် အဖြူ တစ်တိုင်ကို ထုတ်လိုက်သည်။ သူသည် တစ္ဆေများကို ဆွဲဆောင်ပြီး လူတိုင်းကို တစ်ယောက်ချင်းစီ လိုက်ကယ်ရန် မဖြစ်နိုင်ပေ။

သူတို့ကို အခြားနေရာသို့ မျှားခေါ်သွားမှသာ အခြားလူများ ထွက်ပြေးရန် အချိန်ရပေလိမ့်မည်။

ချန်ဖေး မှင်သက်သွားသည်။

ကော်လင်ရှန်းသည် တိုက်ခိုက်ရာတွင် သန်မာသော်လည်း ကိုယ်ဖော့ပညာ လိုအပ်ချက် ရှိနေသည်။ အကယ်၍ ဤနည်းလမ်းကို သုံးလိုက်ပါက နောက်ဆုံးတွင် သူ သေချာပေါက် သေဆုံးရပေလိမ့်မည်။

“ဂျူနီယာညီလေး... ငါပြန်လာရင် သောက်ဖို့ စောင့်နေနော်... ဟားဟားဟား..."

ကော်လင်ရှန်း ကျယ်လောင်စွာ ရယ်မောလိုက်ပြီး မီးခြစ်ကျောက်ကို ထုတ်ကာ ဖယောင်းတိုင် အဖြူကို မီးညှိလိုက်သည်။ ထူးဆန်းသော အနံ့တစ်ခု စတင် ပျံ့နှံ့လာပြီးနောက် သူသည် တောင်ပေါ်သို့ ပြန်လှည့်ကာ ပြတ်ပြတ်သားသား ပြေးတက်သွားတော့သည်။

"စီနီယာအစ်ကိုကော်..."

အခြား တပည့်များက အာမေဋိတ် သံများဖြင့် အော်ဟစ်လိုက်ကြသည်။ ကော်လင်ရှန်း၏ လုပ်ရပ်ကို မယုံကြည်နိုင်စွာ ကြည့်နေကြစဉ် သူတို့ကို ခုန်အုပ်တော့မည့် ထူးဆန်းသော သတ္တဝါများသည် ကော်လင်ရှန်း ရှိရာသို့ ရုတ်တရက် ပြောင်းလဲ ပြေးသွားကြသည်။

ကော်လင်ရှန်း ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း ချန်ဖေး၏ စိတ်ထဲတွင် ကြီးမားသော တုန်လှုပ်မှု ဖြစ်ပေါ်လာသည်။

ဘာကြောင့် သိုင်းပညာ ကျင့်ကြံရတာလဲ... ချန်ဖေး ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်လိုက်သည်။ အဖြေမှာ သူတပါး အနိုင်ကျင့်ခြင်း မခံရစေရန်နှင့် ဤလောကတွင် ကောင်းမွန်စွာ နေထိုင်နိုင်ရန် ဖြစ်သည်။

အကယ်၍ တစ်စုံတစ်ယောက်သည် သိုင်းပညာ ကျွမ်းကျင်လာပါက အားနည်းသူများကို ကူညီမည်လော...

ချန်ဖေးသည် ဤမေးခွန်းကို ကိုယ့်ကိုယ်ကိုယ် တစ်ခါမှ မမေးဖူးသလို ထိုသို့ တွေးတောခြင်းလည်း မရှိခဲ့ပေ။ တမင်တကာ ရှောင်လွှဲခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခု ကော်လင်ရှန်း၏ လုပ်ရပ်ကို မြင်လိုက်ရသောအခါ ဤမေးခွန်းသည် ချန်ဖေး၏ ရှေ့မှောက်သို့ ရောက်ရှိလာသည်။

အကယ်၍ မင်းမှာ စွမ်းရည်ရှိရင် ကယ်တင်မလား... မင်းရဲ့ ညီအစ်ကို မောင်နှမတွေ၊ မိတ်ဆွေတွေ အန္တရာယ် ကြုံနေရရင် ကယ်တင်မလား...

ချန်ဖေး၏ အနည်းငယ် ရှုပ်ထွေးနေသော မျက်လုံးများသည် တဖြည်းဖြည်း တည်ငြိမ် ခိုင်မာလာသည်။

ချန်ဖေးသည် သူတပါးအတွက် ကိုယ့်ကိုယ်ကိုယ် စတေးခံနိုင်ခြင်း မရှိသေးသော်လည်း... သူ့မှာ စွမ်းရည် ရှိရင်တော့ သေချာပေါက် ကူညီနိုင်ပါတယ်…

"စီနီယာအစ်ကိုကော်... အတူတူ သွားကြမယ်..."

ချန်ဖေးသည် ကော်လင်ရှန်းကို မီအောင် လိုက်သွားလိုက်သည်။ ကော်လင်ရှန်း ကြောင်အမ်းအမ်း ဖြစ်သွားပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

အမှန်တကယ် လွတ်လပ်ပေါ့ပါးသော ရယ်သံကြီး ဖြစ်သည်။

ဘာကြောင့် နှစ်ယောက် အတူတူ သွားသင့်သလဲ ဆိုလျှင် ကော်လင်ရှန်းသည် ကိုယ်ဖော့ပညာ အနည်းငယ် အားနည်းသော်လည်း တိုက်ခိုက်ရေး စွမ်းရည် မနိမ့်ပေ။

ထို့ကြောင့် ချန်ဖေးကို အခြားတစ်ဖက်မှ တိုက်ခိုက်မှုများအား ကာကွယ်ပေးနိုင်သည်။

ချန်ဖေးသည် ညာလက်မှ ဓားရှည်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး စိတ်တည်ငြိမ်ခြင်း ကျင့်စဉ်ကို လျင်မြန်စွာ လည်ပတ်စေကာ တင်းမာနေသော စိတ်နှလုံးကို တဖြည်းဖြည်း တည်ငြိမ်စေလိုက်သည်။

အနောက်မှ တပည့်များသည် ရေစီးဆန်ကာ တက်သွားသော ချန်ဖေးနှင့် ကော်လင်ရှန်းကို ငေးကြည့်နေကြပြီး သူတို့၏ မျက်လုံးများထဲတွင် ရှက်ရွံ့ခြင်းနှင့် လေးစားခြင်းများ ပြည့်နှက်နေသည်။

"ချလွင်..."

စိမ်းရောင် တစ္ဆေ တစ်ကောင် တိတ်တဆိတ် ပေါ်လာသည်။ ဓားနှင့် ဒိုင်းတစ်ခုသည် ချန်ဖေး၏ ဘေးဘက်ကို ကာကွယ်လိုက်သည်။

ချန်ဖေးသည် အရှိန်အဟုန်ကို အသုံးပြု၍ အခြားဘက်သို့ လျှောတိုက်ပါသွားသည်။ စိမ်းရောင် တစ္ဆေ ထပ်မံ ခုန်အုပ်ရန် ပြင်လိုက်စဉ်မှာပင် ချန်ဖေးသည် ခြေလှမ်း အနည်းငယ်ဖြင့် လွတ်မြောက်သွားပြီး ဖြစ်သည်။

"ဘုန်း..."

ကော်လင်ရှန်းသည် သူတို့ကို တိုက်ခိုက်လာသော အခြား စိမ်းရောင် တစ္ဆေ တစ်ကောင်ကို ဓားချက် တစ်ချက်ဖြင့် ခုတ်ပိုင်းလိုက်သည်။ ထို့နောက် သူတို့နှစ်ဦး တာဝန်ခွဲဝေလိုက်ကြသည်။

စိမ်းရောင် တစ္ဆေ အများအပြား သူတို့ကို ခုန်အုပ်လာသော်လည်း မည်သည့်ကောင်မျှ သူတို့ကို ဘာမှ မလုပ်နိုင်ကြပေ။ သူတို့ကို မဝိုင်းရံနိုင်မီမှာပင် ချန်ဖေးသည် စိမ်းရောင် တစ္ဆေများကို ဖြတ်ကျော်သွားပြီး ဒုတိယအကြိမ် ထိတွေ့ခွင့် မပေးတော့ပေ။

“ဂျူနီယာညီလေး... ငါတို့ လမ်းလွှဲသွားလို့ ရတယ်... တစ်ဖက်ကနေ တောင်အောက် ဆင်းကြမယ်..."

ကော်လင်ရှန်း အနောက်ကို လှည့်ကြည့်လိုက်သည်။ ဆန့်ကျင်ဘက် လမ်းကြောင်းသို့ တစ်မိုင်ခန့် သွားပြီးချိန်တွင် စိမ်းရောင် တစ္ဆေ တစ်ဒါဇင်ထက်မနည်း ကြုံတွေ့ခဲ့ရသည်။ ယခုအခါ အကောင် ၂၀ ကျော် သူတို့နောက်သို့ လိုက်နေကြပြီ။

စိမ်းရောင် တစ္ဆေ အားလုံးသည် ဖယောင်းတိုင် အဖြူကြောင့် ဆွဲဆောင်ခြင်း ခံရပြီး အခြား လူသားများကို လုံးဝ စွန့်ပစ်ကာ ချန်ဖေးနှင့် ကော်လင်ရှန်းကိုသာ ခုန်အုပ်ပြီး ဖယောင်းတိုင် အဖြူကို ဝါးမျိုချင်နေကြသည်။

ဖယောင်းတိုင် အဖြူကို မျိုချပြီးနောက် ချန်ဖေးနှင့် ကော်လင်ရှန်းကို အရှင်လတ်လတ် ဆွဲဖြဲပစ်ကြပေလိမ့်မည်။

"ဘယ်လို သွားမလဲ..."

ချန်ဖေးသည် တောင်ပေါ်လမ်းများကို မကျွမ်းကျင်ပေ။ သူ ထွက်ပြေးခဲ့သော အနီးဆုံး တောင်ဆင်းလမ်းကိုသာ မှတ်မိသည်။

"ဒီဘက်ကို သွား... ရှေ့မှာ ကျောက်တုံးကြီး တစ်တုံး ရှိလိမ့်မယ်..."

ကော်လင်ရှန်းက ညာဘက်ကို ညွှန်ပြလိုက်သည်။ တကယ်တော့ တောင်ဆင်းလမ်း အများအပြား ရှိသော်လည်း အချို့မှာ တစ်ဝက်လောက် ပတ်သွားရသည်။ ယခုလို ထူးဆန်းသော အခြေအနေမျိုးတွင် ဤလမ်းကြောင်းများသည် အကောင်းဆုံး ဖြစ်ပြီး အခြားသူများကို လုံးဝ ရှောင်ရှားနိုင်မည် ဖြစ်သည်။

"ကောင်းပြီ..."

ချန်ဖေး ခေါင်းညိတ်လိုက်ပြီး အနောက်ကို လှမ်းကြည့်လိုက်သည်။ သူတို့ကို လိုက်နေသော စိမ်းရောင် တစ္ဆေ အရေအတွက် တဖြည်းဖြည်း များလာသည်။

သူတို့ ရွေ့လျားနေသောကြောင့် ဖြစ်နိုင်သလို ဤထူးဆန်းသော သတ္တဝါများသည် သူတို့ မမီနိုင်သော်လည်း အလွန်အမင်း စားချင်နေသော ဖယောင်းတိုင် အဖြူကို ပိုမို စွဲလမ်းနေပုံ ရသည်။

မြန်ဆန်ခြင်းက ကြီးမားသော အားသာချက် ဖြစ်သည်ဟုသာ ပြောရပေမည်။

သူတို့ သွားချင်တဲ့အချိန် သွားလို့ရတယ်... နေချင်တဲ့အချိန် နေလို့ရတယ်... ရိုက်ချင်ရင် ရိုက်ပြီး ချက်ချင်း ထွက်ပြေးလို့လည်း ရသေးတယ်။

ခဏအကြာတွင် ချန်ဖေးသည် ကျောက်တုံးကြီးကို တွေ့လိုက်ရပြီး တစ်ရှိန်ထိုး ခုန်တက်လိုက်သည်။

All Chapters