← Chapters

အခန်း (၁၄၁၄-၁၄၁၆)

Vol. 95 Ch. 1414-1416

အခန်း (၁၄၁၄-၁၄၁၆)

Vol. 95 Ch. 1414-1416

အခန်း (၁၄၁၄ )

များလေ ကောင်းလေ

ရွှမ်မင် ဧကရာဇ်နှင့် ရန်ယွဲ့ ဧကရာဇ်တို့၏ အပြန်အလှန် စကားများကို ကြားပြီးနောက် ဖြစ်ခဲ့သည်များကို အသက်ကယ် ဧကရီ ချက်ချင်း ခန့်မှန်းမိလိုက်သည်။ ထို့နောက် သူမက ‌ပွဲကြည့်နေကြသည့် ဧကရာဇ်အဆင့်များကို တစ်ချက်ကြည့်လိုက်ကာ

“ရန်ယွဲ့ပဲ ကျန်ခဲ့ပါ။ ကျန်တဲ့သူတွေ ပြန်ကြတော့”

ဟု အမိန့်ပေးလိုက်သည်။

ထိုစကားကို ကြားလျှင် ဧကရာဇ်အဆင့်များက

“ဟုတ်ကဲ့ပါ နန်းတော်သခင်”

ဟု တညီတညွတ်တည်း တုံ့ပြန်လိုက်ကြ၏။

ထို့နောက် ဧကရာဇ်အဆင့်များလည်း ငြိမ်သက်သော မျှော်စင်မှ ထွက်ခွာသွားကြပြီး ရန်ယွဲ့ ဧကရာဇ်နှင့် အသက်ကယ် ဧကရီတို့သာ ကျန်ရစ်ခဲ့တော့သည်။

အသက်ကယ် ဧကရီက အေးစက်စွာ မေးလိုက်သည်။

“ရှင့်ကို သူတော်စင်မရဲ့ အစောင့်အရှောက်အဖြစ် နေခိုင်းတားတာ မဟုတ်လား။ ဘာလို့ ပြန်လာတာလဲ။”

ရန်ယွဲ့ ဧကရာဇ်က အလျင်အမြန်ပင် တုံ့ပြန်လိုက်၏။

“နန်းတော်သခင်....ကျွန်မ သူတော်စင်မကို စောင့်ရှောက်နေရင်းနဲ့ ပြန်လည်ပျက်စီးခြင်း အဆင့်မှာ ရှိတဲ့ အသက် ဆယ့်ခြောက်နှစ်အရွယ် လူငယ်တစ်ယောက်နဲ့ တွေ့ခဲ့ပါတယ်။ သူရဲ့ ထူးခြားတဲ့ ပါရမီကို မြင်တော့ ကျွန်မရဲ့ ဝိညာဉ်အစအနတစ်ခုကို ခွဲထုတ်ပြီး သူ့ကို ခေါ်လာခဲ့မိတာပါ။ သူ့ရဲ့ တကယ့်ရည်ရွယ်ချက်က လျှိုချင်းယွမ် ဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ နန်းတော်သခင်.....ကျွန်မကို အပြစ်ပေးပါ”

ရန်ယွဲ့၏ စကားကို ကြားသောအခါ အသက်ကယ် ဧကရီ စဉ်းစားခန်း ဝင်သွား၏။ သို့သော် သူမက ရန်ယွဲ့ကို အပြစ်မတင်ပဲ

“ရှင် သူနဲ့ ဘယ်လိုစတွေ့ခဲ့တယ်...သူ ယန်ယန် နန်းတော်မှာ ဘာတွေလုပ်ခဲ့တယ်ဆိုတာ အစအဆုံး အသေးစိတ် ကျွန်မကို ပြောပြစမ်းပါ။”

“ဟုတ်ကဲ့ပါ နန်းတော်သခင်”

ရန်ယွဲ့ ဧကရာဇ်လည်း လုချန်းနှင့် တွေ့ခဲ့သည့်အကြောင်း လုချန်း ယန်ယန် နန်းတော်တွင် လုပ်ခဲ့သည်များနှင့် တောက်ရွှမ်ကမ္ဘာငယ်ထဲတွင် သူလုပ်ခဲ့သည့် ထူးခြားမှုများကို အသက်ကယ် ဧကရီအား ပြန်လည်ပြောပြလိုက်သည်။ ရန်ယွဲ့၏ စကားကို ကြားပြီးနောက် အသက်ကယ် ဧကရီ၏ မျက်နှာသည် ပို၍ တင်းမာသွားသည်။

ဖန်တီးခြင်း လမ်းစဉ်ကို နားလည်သည့် နောက်ထပ် ကျင့်ကြံသူတစ်ယောက် ရှိနေသည်ဟူသော အချက်ကို သူမ ပထမဆုံးအကြိမ် သိလိုက်ရခြင်းဖြစ်သဖြင့် သူမ၏ စိတ်ဝင်စားမှုလည်း နိုးကြားလာသည်။

လုချန်းက လျှိုချင်းယွမ်ကို ဖျက်ဆီးခဲ့ခြင်းမှာ လျီုချင်းယွမ်ကို တကယ် ချစ်မြတ်နိုး၍လား...

သို့မဟုတ် လျိုချင်းယွမ်၏ ခန္ဓာကို သူမ သိမ်းပိုက်ဖို့ ပြင်ဆင်ထားမှန်း သူသိ နေ၍လားဟု အသက်ကယ် ဧကရီ အတွေးများသွားသည်။

လမ်းစဉ်တူသည့် ကျင့်ကြံသူများသည် ပုံမှန်အားဖြင့်တော့ သင့်မြတ်တတ်ကြသော်လည်း ခြွင်းချက်များလည်း ရှိတတ်ပေသည်။ လမ်းစဉ်တစ်ခုတွင် ကျင့်ကြံသူ နည်းပါးသည့်အခါ အခြားသူများ ရှိနေခြင်းကို ၎င်းတို့ သည်းမခံနိုင်ကြတော့ပေ။

ဥပမာအားဖြင့် သတ်ဖြတ်ခြင်း လမ်းစဉ်၌ လက်ရှိတွင် ဧကရာဇ် ရှန်ဝူသည် တစ်ဦးတည်းသော အရှင်သခင် ဖြစ်သည်။ အကယ်၍ သူသည် သတ်ဖြတ်ခြင်း လမ်းစဉ်ကို တတ်ကျွမ်းသည့် နောက်ထပ် ဧကရာဇ်လောင်း တစ်ဦးဦးကို တွေ့ရှိပါက မည်သို့သော နည်းလမ်းနှင့်မဆို အပြတ်ရှင်း လိမ့်မည် ဖြစ်၏။ တစ်ဦးတည်းသာ အရှင်သခင် ဖြစ်နေသရွေ့ သတ်ဖြတ်ခြင်း စွမ်းအား တစ်ခုလုံးကို သူကပဲ လက်ဝါးကြီးအုပ် ထိန်းချုပ်ထားနိုင်မည် မဟုတ်ပါလား။

လုချန်းသည် ဖန်တီးခြင်း လမ်းစဉ်မှ ဧကရာဇ်တစ်ပါး ဖြစ်ပြီး ရန်ယွဲ့ကို လှည့်စားရန်အတွက် ကိုယ်ပွားတစ်ခု ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း ယခုတော့ သေချာသလောက် ရှိနေပြီ ဖြစ်သည်။ ဖန်တီးခြင်း လမ်းစဉ်ကို တတ်ကျွမ်းသည့် ဧကရာဇ်တစ်ပါးသည် အခြား ဧကရာဇ်များကို လှည့်စားနိုင်သည့် ကိုယ်ပွားတစ်ခု အလွယ်တကူ ဖန်တီးနိုင်သည်။ ၎င်းကို သူမကိုယ်တိုင်လည်း လုပ်နိုင်သည် မဟုတ်ပါလား။

ဘာပဲဖြစ်ဖြစ် ရန်ငြိုးကတော့ စသွားလေပြီ။ သူမ၏ ဝိညာဉ်ကူးပြောင်းခြင်း အစီအစဉ်ကို ဖျက်ဆီးရဲသည့်သူ မည်သူပဲဖြစ်ဖြစ် သေရမည်သာ ဖြစ်သည်။ အသက်ကယ် ဧကရီက ရန်ယွဲ့ကို

“ဒီတစ်ခါတော့ ဒီအတိုင်း လွှတ်ပေးလိုက်မယ်။ နောက်တစ်ခါ ထပ်ဖြစ်ရင်တော့ အကျိုးဆက်ကို ရှင်သိမှာပါ။”

အသက်ကယ် ဧကရီ၏ သတိပေးစကားကို ကြားသောအခါ ရန်ယွဲ့ ဧကရာဇ်လည်း ချွေး‌ စေများ ပြန်သွား၏။ အရင်ကဆိုလျှင် အသက်ကယ် ဧကရီက သူမကို တကယ် အပြစ်ပေး လောက်သည်။ သို့သော် ကျရောက်တော့မည့် ကပ်ဘေးကြောင့် အားလုံး ပြင်ဆင်ထားရန် လိုအပ်နေသဖြင့် ဒီတစ်ခါ လွတ်သွားခြင်းဖြစ်ကြောင်း သူမ နားလည်လိုက်သည်။ သို့သော် အသက်ကယ် ဧကရီသည် အမြဲတမ်းတော့ ဤကဲ့သို့ သဘောထားကြီးမည် မဟုတ်ပေ။

ရန်ယွဲ့ ဧကရာဇ်က အမြန်ပင်

“စိတ်ချပါ နန်းတော်သခင်....ကျွန်မ နောက်တစ်ခါ ခွင့်ပြုချက်မရှိပဲ ဘယ်သူ့ကိုမှ ယန်ယန် နန်းတော်ထဲ ခေါ်မလာတော့ပါဘူး။”

အသက်ကယ် ဧကရီက

“သူတော်စင်မရဲ့ လေ့ကျင့်မှုက ဘယ်လိုအခြေအနေ ရှိသလဲ။”

ရန်ယွဲ့ ဧကရာဇ်က

“သူတော်စင်မက စကြဝဠာရဲ့ အစွန်အဖျားဘက်ကို သွားနေပါတယ်။ သူရဲ့ မွေးရပ်မြေကို ပြန်သွားကြည့်ချင်တယ်လို့ ပြောပါတယ်။”

အသက်ကယ် ဧကရီ မျက်မှောင်ကြုတ်လိုက်၏။

မွေးရပ်မြေကို ပြန်သွားမယ် ဟုတ်လား။

“ဒါဆို သူက လောကီအနှောင်အဖွဲ့တွေကို မဖြတ်တောက်နိုင်သေးဘူးပေါ့။”

မွေးရပ်မြေကို ပြန်သွားချင်သည်ဆိုခြင်းက လေဟုန်ယွမ်သည် သူမ၏ အတိတ်က လူများ သို့မဟုတ် အရာများအပေါ် သံယောဇဉ် ရှိနေသေးခြင်းဖြစ်ကြောင်း ဆိုလို၏။

ထိုအရာက အသက်ကယ် ဧကရီအတွက် သိပ်မကောင်းပေ။ လေဟုန်ယွမ်ကို စိတ်ခံစားချက်ရှိသူအဖြစ် သူမ မမြင်ချင်ပေ။ လျှိုချင်းယွမ်တုန်းက သူမ ကြုံဖူပြီးပြီဖြစ်သသဖြင့် လေဟုန်ယွမ်ထံမှ စိတ်ခံစားချက် ပြသသည့် မည်သည့် လက္ခဏာမျိုးကိုမဆို အသက်ကယ် ဧကရီ သတိထားနေတော့မည် ဖြစ်သည်။

အသက်ကယ် ဧကရီက

“သူ့ကို အနီးကပ် စောင့်ကြည့်ထားပါ။ သူရဲ့ ဇာတိမြေမှာ သူ လွမ်းဆွတ်နေတဲ့ အရာတစ်ခုခု ရှိနေရင် အဲဒါကို ဖယ်ရှားပစ်မယ့် နည်းလမ်းကို ရှာလိုက်ပါ။”

ရန်ယွဲ့ ဧကရာဇ်လည်း အသက်ကယ် ဧကရီ၏ ရည်ရွယ်ချက်ကို နားလည်လိုက်ပြီး

“ဟုတ်ကဲ့ပါ နန်းတော်သခင်”

အသက်ကယ် ဧကရီသည် သူမရှေ့မှ ရှုပ်ပွနေသည့် မြင်ကွင်းကို နောက်တစ်ကြိမ် ကြည့်လိုက်ပြီး

“ငါ့လက်ထဲ မမိအောင် သတိထားနေကြပေတော့ “

ဟု ရေရွတ်လိုက်သည်။

……

လုချန်းသည် လျှိုချင်းယွမ်ကို ရန်မြို့နန်းတော်ရှိ လျှိုချင်းချို၏ အိပ်ဆောင်သို့ တိုက်ရိုက် ခေါ်ဆောင်လာခဲ့သည်။ လျှိုချင်းချိုသည် လုချန်း၏ ဧကရာဇ်လောင်း ကိုယ်ပွားနှင့်အတူ ကျင့်ကြံရန် ပြင်ဆင်နေခြင်းဖြစ်သော်လည်း နောက်တစ်ခဏတွင် အိပ်ခန်းထဲ၌ လူနှစ်ယောက် ပေါ်လာသည်။

ပင်မခန္ဓာက သူမ၏ အိပ်ဆောင်ထဲတွင် ရုတ်တရက် ပေါ်လာသည်ကို မြင်သောအခါ လျှိုချင်းချို တောင့်တင်းသွားသည်။ လုချန်းက သူမ၏ ပင်မခန္ဓာကို ဤမျှမြန်မြန် ခေါ်ဆောင်လာနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

အစောပိုင်းက သူမ၏ ပင်မခန္ဓာသည် လုံးဝကို မျှော်လင့်ချက် ကင်းမဲ့နေခဲ့ခြင်းဖြစ်၏။ ယခု တစ်နာရီအတွင်းမှာပင် သူမ ကယ်ထုတ်ခံလိုက်ရသည်။

သူမ၏ ပင်မခန္ဓာကို မြင်လိုက်ရသောအခါ လျှိုချင်းချို၏ ခံစားချက်များ ရောထွေးသွားသည်။ လုချန်း ပင်မခန္ဓာအပေါ် ထားရှိသည့် သံယောဇဉ်သည် သူမအပေါ် ထားရှိသည်ထက် အများကြီး သာလွန်ကြောင်း သူမ ကောင်းကောင်း သိနေ၍ ဖြစ်သည်။

သူမသည် ပင်မခန္ဓာနှင့် ထပ်တူကျနေသော်လည်း လျှိုချင်းယွမ်က သူမ၏ ခန္ဓာကိုယ်ကို လွှမ်းမိုးလိုက်တိုင်း လုချန်း ပို၍ ပြင်းထန်လာတတ်သည်။ လုချန်း၏ ပြင်းထန်မှုသည် ထိုအမျိုးသမီးအပေါ် ထားရှိသည့် သူ၏ သံယောဇဉ်နှင့် တိုက်ရိုက် အချိုးကျသည် ဆိုသည့်အချက်က လူတိုင်း သိကြသည့် အချက်ဖြစ်သည်။

အရင်ကတော့ လုချန်းသည် သူမကို ပင်မခန္ဓာ အနေနှင့် ဆက်ဆံခဲ့ခြင်း ဖြစ်သည်။ ယခု ပင်မခန္ဓာ ပြန်ရောက်လာပြီဖြစ်သဖြင့် သူမ နေရာတွင် အစားထိုးခံရသည့် အခန်းကဏ္ဍက ပြီးဆုံးသွားနိုင်ပြီး နောင်တွင် သူမကိုယ်တိုင် လုံးဝ ပျောက်ကွယ်သွားနိုင်သည်။ လျှိုချင်းယွမ်ကို ကြည့်ရင်း လျှိုချင်းချိုက ရှုပ်ထွေးသည့် ခံစားချက်များဖြင့်

“အခု နင် ကယ်တင်ခံလိုက်ရပြီဆိုတော့ ငါတို့တွေ အပြည့်အဝ ပေါင်းစည်းရမယ့် အချိန်ရောက်ပြီပေါ့။”

လျှိုချင်းချိုသည် တွန့်ဆုတ်နေမိသော်လည်း လျှိုချင်းယွမ်က သူမ၏ ခန္ဓာကိုယ်ကို အသုံးပြု၍ လုချန်းနှင့် အတူရှိနေသည်ကို သူမ ကျင့်သားရနေပြီ ဖြစ်သလို ၎င်းကိုလည်း လက်ခံထားပြီးသား ဖြစ်သည်။ သူတို့၏ ဆက်ဆံရေးက ယွမ်ရှန်ရှန်နှင့် ယွမ်ချင်းရှုတို့လို ဆက်ဆံရေးမျိုးနှင့် မတူပေ။ လျှိုချင်းချိုနှင့် လျှိုချင်းယွမ်တို့၏ ဆက်နွှယ်မှုက ပို၍ ရင်းနှီးသည်။ လျှိုချင်းယွမ်က စိတ်ကူးလိုက်ရုံနှင့် သူမ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ရှိသည်။

လျှိုချင်းချို၏ လေသံအရ သူမ မလိုလားပုံ ရနေကြောင်း လျှိုချင်းယွမ် အာရုံခံမိလိုက်သည်။ သူမက တည်ငြိမ်စွာပင်

“နင် ဆက်ပြီး တည်ရှိနေချင်သေးတယ်ဆိုရင် ငါတို့ ပေါင်းစည်းစရာ မလိုပါဘူး”

လျှိုချင်းချိုက လုချန်းကို ကြည့်ပြီး

“ရှင် ဘယ်လိုထင်လဲ”

လုချန်းသည် လက်ကို မြှောက်ပြီး လျှိုချင်းချို၏ ပါးပြင်ကို ပွတ်သပ်ရင်း

“ကိုယ့်အတွက်တော့ များလေ ကောင်းလေပဲ”

လျှိုချင်းချိုက လုချန်းကို စိတ်ပျက်သည့် အကြည့်နှင့် ကြည့်လိုက်၏။

လုချန်းက

“အဲဒါတွေ တော်လိုက်တော့။ ချင်းယွမ်က နောက်ဆုံးတော့ ဒုက္ခကနေ လွတ်လာပြီဆိုတော့ ကိုယ်တို့ သေချာ အောင်ပွဲခံကြရအောင်။”

သူ၏ စကားမဆုံးခင်မှာပင် လုချန်း၏ ပြန်လည်ပျက်စီးခြင်း အဆင့် ခန္ဓာကိုယ် ပျောက်ကွယ်သွားပြီး သူ၏ ဧကရာဇ်အဆင့် ပင်မခန္ဓာ လျှိုချင်းယွမ်၏ ဘေးတွင် ပေါ်လာသည်။ လုချန်းထံမှ ဖိအားကို ခံစားလိုက်ရသောအခါ လျှိုချင်းယွမ်မှာ အနည်းငယ် အံ့သြသွားပြီး သူမ၏ ရင့်ကျက်ပြီး ရင်သပ်ရှုမောဖွယ်ကောင်းသော မျက်နှာတွင် အေးစက်သော အရိပ်အယောင် တစ်ခု ပေါ်လာသည်။

အရင်နှစ်များက လျှိုချင်းချို၏ ခန္ဓာကိုယ်ကို အသုံးပြု၍ လုချန်းနှင့် အတူရှိခဲ့သော်လည်း ၎င်းမှာ ကိုယ်ပွားတစ်ခုသာ ဖြစ်သဖြင့် ခံစားချက်များ အနည်းငယ် လျော့ပါးနေခဲ့ခြင်း ဖြစ်သည်။ ပင်မခန္ဓာ ကတော့ လုံးဝကို ကွဲပြားသွားပြီ ဖြစ်၏။ ပန်းနီရထားထဲတွင် လုချန်းနှင့်အတူ ရှိခဲ့သည့် အခြေအနေအမျိုးမျိုး၏ ပုံရိပ်များ သူမ၏ စိတ်ထဲသို့ လှိုင်းလုံးများလို တိုးဝင်လာတော့သည်။

ထိုအခိုက်အတန့်တွင် လုချန်း၏ နက်ရှိုင်းသော အသံ လျှိုချင်းယွမ်၏ နားနားတွင် ထွက်ပေါ်လာသည်။

“ကိုယ် မင်းကို ကယ်ပေးရင် အဲ့ဒီအချိန်ကစပြီး ကိုယ် ကြိုက်သလို လုပ်လို့ရတယ်လို့ မင်း ပြောခဲ့တယ် မဟုတ်လား။”

…………..

အခန်း (၁၄၁၅ )

လေဟုန်ယွမ် ရောက်လာခြင်း

လုချန်း၏ နတ်ဆိုးသဖွယ် တီးတိုးရေရွတ်သံကို ကြားလိုက်ရလျှင် သူမ၏ နှလုံးသားထဲ၌ ထူးဆန်းသော ခံစားချက်တစ်ခု ချက်ချင်း တိုးဝင်လာသည်။ ထို့နောက် သူမ၏ ခန္ဓာကိုယ်လည်း အနည်းငယ် တုန်ယင်သွားကာ အင်အားများ ချည့်နဲ့သွားတော့သည်။

သူမသည် ငြိမ်သက်သော မျှော်စင်တွင် အကျဉ်းကျစကတည်းက ဤကဲ့သို့သော နေ့ရက်မျိုးကို စိတ်ကူးယဉ်ခဲ့ဖူးသည်။ သို့သော် ဤအာဏာရှင်ဆန်လှသော လုချန်းနှင့် တကယ် ရင်ဆိုင်လိုက်ရသောအခါ သူမ၏ ရင်ထဲရှိ ကြောက်ရွံ့မှုများ ပွင့်ထွက်လာသည်။

လုချန်းက သူမကို တကယ် ကယ်တင်လိမ့်မည်ဟု သူမ တစ်ခါမှ မမျှော်လင့်ထားခဲ့ပေ။ သူမ၏ အမြင်၌ လုချန်းသည် အလားအလာ ကောင်းသူတစ်ဦး ဖြစ်သော်လည်း ရှနိုင်ငံနှင့် ယန်ယန် နန်းတော်တို့သည် လုံးဝကို အဆင့်အတန်း ကွာခြားလွန်းလှသည်ဟု သူမ ယူဆခဲ့၏။ လုချန်း သူမကို ကယ်တင်နိုင်ဖို့ လုံးဝမဖြစ်နိုင်ဟု သူမ ယုံကြည်နေခဲ့ခြင်း ဖြစ်သည်။

လျှိုချင်းယွမ် ရုတ်တရက် တိတ်ဆိတ်သွားသည်ကို မြင်လိုက်ရလျှင် လုချန်း၏ လက်များက သူမ၏ ခါးကို ဖက်တွယ်လိုက်သည်။ ထို့နောက် သူမ၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

“ယွမ်... မင်းက တကယ်ကို လှတာပဲ”

လုချန်း၏ ချဉ်းကပ်မှုကြောင့် ယောက်ျားဆန်သော အရှိန်အဝါများကိုလျှိုချင်းယွမ် ခံစားလိုက်ရသည်။ သူမ၏ ခန္ဓာကိုယ်ပေါ်မှ အဝတ်အစားများသည် ပုစဉ်း အတောင်ပံကဲ့သို့ပင် ပါးလွှာလွန်းလှ၏။ ထို့ကြောင့် သူတို့၏ ခန္ဓာကိုယ်များမှာ ထိကပ်နေသကဲ့သို့ ဖြစ်နေပြီး သူမ၏ အရေပြားမှ ထွက်ပေါ်လာသော အပူရှိန်ကို လုချန်း ရှင်းရှင်းလင်းလင်း ခံစားနေရသည်။

လုချန်း၏ ပင်မခန္ဓာက လျှိုချင်းယွမ်ကို ထိကပ်နေခြင်းကို ကြည့်ရင်း ကုတင်ပေါ်တွင် ရှိနေသည့် လျှိုချင်းချိုလည်း လုချန်း၏ ကိုယ်ပွားကို လှမ်းကြည့်လိုက်ကာ

“ရှင်ကတော့ ဒါမျိုးတွေကိုပဲ ကြံစည်နေတာပဲ”

လုချန်းက ပြုံးလျက်

“ဘာကို ကြံစည်နေတာလဲ”

လျှိုချင်းချိုက နှာခေါင်းရှုံ့လိုက်ပြီး ဘာစကားမှ ဆက်မပြောတော့ပေ။ လုချန်းသည် အဓိပ္ပာယ်မရှိသည့် အရာများကို လုပ်လေ့ရှိသူ ဖြစ်သည်။ သူ၏ ပင်မခန္ဓာနှင့် ကိုယ်ပွားတို့တစ်ပြိုင်နက်တည်း လှုပ်ရှားခိုင်းနိုင်ရန် သူကြံစည်နေတာ ကြာပြီဖြစ်သည်။

ထိုအခိုက်အတန့်တွင် လျှိုချင်းယွမ်၏ ပါးပြင်များလည်း အနည်းငယ် နီမြန်းလာသည်။ လျှိုချင်းချိုသည် သူမ၏ ကိုယ်ပွား ဖြစ်သော်လည်း ကိုယ်ပွားရှေ့တွင် လုချန်း၏ ပြုမူပုံများက သူမကို ရှက်ရွံ့စေသည်။ လုချန်း၏ ပင်မခန္ဓာသည် လျှိုချင်းယွမ်၏ သွယ်လျသော ခါးကို ကိုင်ကာ ကုတင်အနားသို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားသည်။

ကုတင်အနားသို့ ရောက်ရှိလာလျှင် လုချန်းက သူမကို လှည့်လိုက်ပြီး ရှေ့တည့်တည့်မှ ပွေ့ဖက်လိုက်သည်။ လုချန်း၏ စူးရှသော မျက်လုံးများဖြင့် စိုက်ကြည့်ခံရလျှင် အေးစက်တတ်သည့် လျှိုချင်းယွမ်ပင်လျှင် မခုခံနိုင်တော့ပေ။ သူမ၏ ခန္ဓာကိုယ်လည်း တဖြည်းဖြည်း ပျော့ခွေလာတော့သည်။ လုချန်းသာ ဖမ်းမထားလျှင် သူမ ကြမ်းပြင်ပေါ်သို့ပင် လဲကျသွားနိုင်သည်။

လျှိုချင်းယွမ်သည် သူမ၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ကြိုးစားထိန်းချုပ်ရင်း လုချန်းကို အေးစက်စွာ ကြည့်လိုက်၏။ ထို့နောက်

“အခု ကျွန်မက ရှင့် သိမ်းပိုက်ထားတဲ့ ပစ္စည်းတစ်ခု ဖြစ်သွားပြီလား။”

လုချန်းက ပြုံးလျက်

“သိမ်းပိုက်ထားတဲ့ ပစ္စည်း..... အဲ့ဒီလို နားဝင်မချိုတဲ့ စကားတွေ မပြောစမ်းပါနဲ့။ မင်းက ကိုယ့်ရဲ့ မိန်းမပါ။”

ထိုသို့ပြောရင်း လုချန်းက လျှိုချင်းယွမ်ကို ကုတင်ပေါ်သို့ ဖြည်းညင်းစွာ လှဲချလိုက်၏။

ကုတင်ပေါ်တွင် လဲလျောင်းနေသည့် လျှိုချင်းယွမ်သည် သူမ၏ လက်များကို ပခုံးနှစ်ဖက် ဘေးတွင် ထားလျက် ဦးခေါင်းကို ဘေးသို့ စောင်းထားပြီး လုချန်း၏ မျက်လုံးများကို မကြည့်ရဲပဲ အလျှော့ပေးသည့် အမူအရာ ရှိနေသည်။ ဤအေးစက်သော အလှနတ်ဘုရားမ ကံကြမ္မာကို လက်ခံလိုက်သည်ကို မြင်လိုက်ရလျှင် ပန်းနီရထားထဲမှ အဖြစ်အပျက်များကို လုချန်း ပြန်လည်အမှတ်ရသွားပြီး စိတ်လှုပ်ရှားမှုများ မြင့်တက်လာတော့သည်။

လုချန်းက သူမကို သိမ်းပိုက်တော့မည်ဟု လျှိုချင်းယွမ် ထင်နေစဉ်မှာပင် သူမ၏ ဘေးနားမှ လျှိုချင်းချို၏ အသံကို ရုတ်တရက် ကြားလိုက်ရ၏။

“အား...”

“ရှင် ဘာလုပ်နေတာလဲ..”

ယနေ့တွင် ပင်မခန္ဓာကိုသာ အဓိကထားလိမ့်မည်ဟု လျှိုချင်းချို ထင်ထားခဲ့သည်။ သို့သော် မမျှော်လင့်ပဲ လုချန်းက လျှိုချင်းယွမ်ကို မထိသေးပဲ သူမ၏ အပေါ်ကိုသာ အရင်ဆုံး လှုပ်ရှားလိုက်ခြင်း ဖြစ်သည်။ လျှိုချင်းယွမ်က ခေါင်းလှည့်ကြည့်လိုက်ရာ လုချန်း၏ ဧကရာဇ်လောင်း ကိုယ်ပွားက လျှိုချင်းချိုကို စနောက်နေသည်ကို မြင်လိုက်ရသဖြင့် သူမ မှင်တက်သွားသည်။

ထို့နောက် လုချန်း၏ အသံကို သူမ၏ နားထဲတွင် ကြားလိုက်ရသည်။

“အော်... ဒါက အကျင့်ဖြစ်နေလို့”

သူ၏ ဝိညာဉ်က ခန္ဓာကိုယ်နှစ်ခုကို တစ်ပြိုင်နက်တည်း ထိန်းချုပ်နေခြင်း ဖြစ်သည်။ လျှိုချင်းယွမ်က လျှိုချင်းချို၏ ခန္ဓာကိုယ်ကို ခဏခဏ လွှမ်းမိုးထားလေ့ ရှိသောကြောင့် စိတ်လှုပ်ရှားနေသည့် လုချန်းလည်း လျှိုချင်းချိုကို လျှိုချင်းယွမ်နှင့် မှားသွားခြင်း ဖြစ်နိုင်သည်။ လျှိုချင်းချို စနောက်ခံနေရသည်ကို မြင်လျှင် လျှိုချင်းယွမ်၏ ရင်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ခံစားလိုက်ရသည်။

ထိုအခိုက်အတန့်တွင် လုချန်းက လက်လှမ်းလိုက်ပြီး သူမ၏ မေးစေ့ကို ဆွဲမကာ သူ့ကို တည့်တည့်ကြည့်လိုက်သည်။ အေးစက်သော အမူအရာ ရှိနေဆဲ ဖြစ်သော်လည်း လျှိုချင်းယွမ်၏ အေးစက်သော ပါးပြင်များ အလွန် နီမြန်းနေပြီ ဖြစ်သည်။ ထိုအချိန်တွင် လျှိုချင်းယွမ်က

“ကျွန်မရဲ့ အတိတ်ဘဝမှာလည်း ရှင့်ရဲ့ မိန်းမဖြစ်ခဲ့တာလား။”

ဤမေးခွန်းကြောင့် လျှိုချင်းယွမ်၏ အဝတ်အစားများကို ဆွဲဖြဲတော့မည့် လုချန်း၏ လက်များ လေထဲတွင် တန့်သွားသည်။ သူက လျှိုချင်းယွမ်၏ အေးစက်သော မျက်လုံးများကို စိုက်ကြည့်ရင်း

“မင်းရဲ့ အတိတ်ဘဝ အမှတ်တရတွေ နိုးထလာပြီလား”

ဟု ပြန်မေးမြန်းလိုက်သည်။

လျှိုချင်းယွမ်က တည်ငြိမ်စွာပင်

“အချို့တော့ ရနေပြီ”

လုချန်းနှင့် ထိုသို့သော ကိစ္စများ ပြုလုပ်ပြီးကတည်းက သူမ၏ စိတ်ထဲတွင် မှတ်ဉာဏ်အပိုင်းအစများ တစ်ခါတစ်ရံ ပေါ်လာတတ်သည်။ ထိုမှတ်ဉာဏ် အပိုင်းအစများ အားလုံးသည် လုချန်းနှင့်အတူ နေထိုင်သည့် မြင်ကွင်းများသာ ဖြစ်၏။ ထို့ကြောင့် သူမနှင့် လုချန်း အတိတ်ဘဝတွင် ပတ်သက်မှုတစ်ခုခု ရှိခဲ့သည်ဟု သူမ သံသယဝင်နေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဘဝတွင် မဟုတ်လျှင်တောင်မှ ထိုမတိုင်မီ ဘဝတစ်ခုခုတွင် ဖြစ်နိုင်သည်။ အနည်းဆုံးတော့ သူမ၏ ဘဝတစ်ခုခုတွင် လုချန်းနှင့် ဆုံတွေ့ခဲ့ဖူးသည်။

ထိုအရာက လုချန်း၏ လှည့်ကွက်များလားဟုလည်း သူမ တွေးမိခဲ့သည်။ သို့သော် လုချန်းကဲ့သို့သော သူတစ်ဦးက သူမလို အမျိုးသမီးတစ်ယောက်ကို ရယူရန်အတွက် ဤမျှ ရှုပ်ထွေးသော နည်းလမ်းကို သုံးလိမ့်မည်ဟု သူမ မယုံကြည်ပေ။

လုချန်းက

“အမှန်အတိုင်း ပြောရရင် ကိုယ်တို့ အတိတ်ဘဝမှာ ပတ်သက်မှု ရှိခဲ့လားဆိုတာ ကိုယ်လည်း သေချာ မသိသေးဘူး။”

ထိုသို့ပြောရင်း လုချန်းက လျှိုချင်းယွမ်၏ ခါးပတ်ကို ကိုင်ပြီး အသာအယာ ဆွဲလိုက်သည်။

လျှိုချင်းယွမ်သည် လုချန်းကို ဘာစကားမှ မပြောနိုင်ပဲ ငေးကြည့်နေမိသည်။

သူမတွင် အဝတ်အစားများ မရှားပါသော်လည်း ဒီလောက်အထိ စိတ်မရှည်ဖြစ်နေစရာ မလိုပါဘူး မဟုတ်လား.....

လုချန်းက အဝတ်အစားတွေကို ဆွဲဖြဲရတာကို သဘောကျပုံရ၏။

လုချန်းက လျှိုချင်းယွမ်၏ ခန္ဓာကိုယ်ကို အသာအယာ ပွတ်သပ်ရင်း

“ဒီဘဝမှာ ကိုယ်နဲ့ ပတ်သက်နေတဲ့ အမျိုးသမီး အများစုက ကိုယ်ရဲ့ အတိတ်ဘဝတွေနဲ့ ဆက်စပ်မှု ရှိနေတာကို ကိုယ်လည်း တဖြည်းဖြည်း သတိထားမိလာတယ်။”

၎င်းကို ကြားလျှင် လျှိုချင်းယွမ် အနည်းငယ် ငြိမ်သွားသည်။ အကယ်၍ ဒါသာ အမှန်ဆိုလျှင် သူမသည်လည်း လုချန်း၏ အတိတ်ဘဝနှင့် ပတ်သက်မှု ရှိခဲ့နိုင်သည် မဟုတ်ပါလား။

ဒါကြောင့်ပဲ သူမကို ပန်းနီရထားက လုချန်းရဲ့ အနားကို ခေါ်လာခဲ့တာလား။

လုချန်းက ဆက်လက်၍

“ကိုယ့်ရဲ့ မှတ်ဉာဏ် တချို့ကိုပဲ ကိုယ် ပြန်ရသေးတာ။ ကိုယ့်ရဲ့ အမှတ်တရတွေ အားလုံး ပြန်ရတဲ့အခါ အရာအားလုံးက ရှင်းလင်းသွားလိမ့်မယ်။”

“ကဲပါ... ဒါတွေ ဆက်မပြောကြရအောင်။ ကိုယ်တို့ အတိတ်ဘဝမှာ ဘယ်လိုပဲ ပတ်သက်ခဲ့ ပတ်သက်ခဲ့...မင်းက ဒီဘဝမှာတော့ ကိုယ့်ရဲ့ မိန်းမပဲ”

ထိုသို့ပြောပြီးနောက် လုချန်း၏ ခန္ဓာကိုယ် အနည်းငယ် ကိုင်းလာပြီး လျှိုချင်းယွမ်ကို နမ်းလိုက်သည်။

“အွန်း... “

လျှိုချင်းယွမ်က အနည်းငယ် ရုန်းကန်နေမိသည်။ သူမ၏ ပင်မခန္ဓာနှင့် လုချန်း၏ တိုက်ရိုက် ထိတွေ့မှုမှာ ဒုတိယအကြိမ်မြောက်သာ ဖြစ်သည်။ ထို့ကြောင့် သူမ အနည်းငယ် ကျင့်သားမရသေးပေ။ သို့သော် မကြာမီမှာပင် သူမ လုချန်းကို အပြည့်အဝ လက်ခံလိုက်သည်။ ခဏခန့်အကြာတွင် လုချန်း၏ ပင်မခန္ဓာနှင့် ကိုယ်ပွားတို့၏ လှုပ်ရှားမှုများလည်း တစ်ပြိုင်နက်တည်း ဖြစ်လာတော့သည်။

…….

တစ်ချိန်တည်းမှာပင်။

ဖုန်းယန် ကြယ်စင်နယ်မြေ၌။

လေဟုန်ယွမ်သည် အာကာသထဲ၌ ရပ်နေ၏။ သူမသည် အဝေးမှ သွားလာနေသည့် အာကသယဉ်များကို ငေးကြည့်ရင်း ဇဝေဇဝါ ဖြစ်နေသည်။ သူမ ရောက်နေသည့် နေရာ မှန်ရဲ့လား သို့မဟုတ် သူမ အခြား စကြဝဠာတစ်ခုဆီသို့ ရောက်သွားတာလားဟုပင် သူမ သံသယဝင်နေမိသည်။

သူမ၏ ဘေးနားမှ ရန်ယွဲ့ ဧကရာဇ်လည်း ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လေဟုန်ယွမ်ကဲ့သို့ပင် ခံစားလိုက်ရသည်။

လေဟုန်ယွမ် အလွန် နားမလည်နိုင် ဖြစ်နေသည်။

ဤနေရာက ဖုန်းယန် ကြယ်နယ်မြေ ဖြစ်ရမှာ မဟုတ်လား...

ဖုန်းယန် ကြယ်စင်နယ်မြေက ဘယ်တုန်းက ဒီလို ဖြစ်သွားတာလဲ......

ဒီ သတ္တု နတ်လှေတွေက ဘာတွေလဲ။ ဒီလှေတွေပေါ်မှာ သက်ဝင်ရွှေတွေက ဘာလို့ ဒီလောက် နည်းနေရတာလဲ....

ပြီးတော့ ဒီ သတ္တု နတ်လှေတွေ သွားလာပုံက စိတ်ဝိညာဉ်စွမ်းအားနှင့် မောင်းနှင်နေတာမျိုးလည်း မဟုတ်ပေ။ စိတ်ဝိညာဉ်စွမ်းအား မသုံးပဲ အာကာသထဲ၌ ဘယ်လိုသွားလာနိုင်တာလဲ.....

ရန်ယွဲ့ ဧကရာဇ်က လေဟုန်ယွမ်ကို လှည့်ကြည့်လိုက်ကာ

“သူတော်စင်မ...ဒီ ကြယ်စင်နယ်မြေက တကယ်ထူးဆန်းလွန်းတယ်။ ထွက်သွားကြရအောင်။”

ယန်ယန် နန်းတော်၏ ခန်းမသခင် တစ်ဦး အနေနှင့် ကြယ်နယ်မြေပေါင်းများစွာ အပြင် ပြင်ပနယ်မြေတွေအထိ ရန်ယွဲ့ ဧကရာဇ် သွားဖူး၏။ သို့သော် ဤမျှ ထူးဆန်းသော မြင်ကွင်းကို မြင်ရခြင်းက ပထမဆုံးအကြိမ် ဖြစ်သည်။

ထို့ပြင် ဖုန်းယန် ကြယ်နယ်မြေသည် စကြဝဠာ၏ အစွန်အဖျားတွင် ရှိနေသဖြင့် ဤမျှအထိ မဖွံ့ဖြိုးသင့်ပေ။ သို့သော် ယခု မြင်နေရသည်က အံ့သြဖွယ်ကောင်းလောက်အောင် စည်ကားနေသော မြင်ကွင်း ဖြစ်သည်။ ထိုသတ္တု နတ်လှေများက ဥဒဟို သွားလာ နေကြသည်။ တစ်ခါတစ်ရံတွင် သူတော်စင်အဆင့် ကျင့်ကြံသူများလည်း အာကာသထဲ၌ ပျံသန်းနေကြရာ အလွန်ပင် သက်ဝင် လှုပ်ရှားနေ၏။

လေဟုန်ယွမ် ခဏခန့် တိတ်ဆိတ်သွားပြီးနောက် ခရမ်းရောင် အလင်းတန်းများ ထွက်ပေါ်နေသည့် အောက်ဘက်ရှိ ကမ္ဘာတစ်ခုဆီသို့ သူမ၏ အကြည့်ကို ပို့လိုက်သည်။

“အရင်ဆုံး အဲ့ဒီကမ္ဘာကို သွားကြည့်ကြရအောင်”

……………

အခန်း( ၁၄၁၆ )

ကောင်းကင်ဧကရာဇ်တဲ့လား

လေဟုန်ယွမ်က ဖုန်းယန်ကြယ်စင်နယ်မြေတွင် ဆက်နေရန် ဇွတ်အတင်း ဆုံးဖြတ်လိုက် သောကြောင့် ရန်ယွဲ့ ဧကရာဇ်လည်း ဘာမှ ထပ်မပြောတော့ပေ။

ထို့နောက် သူတို့နှစ်ဦးသည် အနီးအနားရှိ သက်ရှိကမ္ဘာတစ်ခုအတွင်းသို့ ဝင်ရောက်သွားကြသည်။ ထိုကမ္ဘာထဲသို့ ဝင်လိုက်သည်နှင့် သူတို့ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် နောက်တစ်ကြိမ် ထပ်မံ ထိတ်လန့်သွားရပြန်သည်။

ဤသက်ရှိကမ္ဘာသည် မြင့်မားသည့် အဆောက်အဦများဖြင့် နေရာအနှံ့ ပြည့်နှက်နေသည်။ အဆောက်အဦများကြားတွင်လည်း ယာဉ်တစ်မျိုးမျိုးဟု ထင်ရသည့် သတ္တုယဉ်များဖြင့် စည်ကားလှုပ်ရှားနေသည်။ မြေပြင်ပေါ်တွင် ယာဉ်များရှိရုံတင်မကပဲ ကောင်းကင်တွင်လည်း မရေမတွက်နိုင်သော ပျံသန်းနေသည့် နတ်လှေများ ရှိနေသည်ကို တွေ့ရသည်။

ဤကမ္ဘာ၏ စည်ကားဝပြောမှုက ယန်ယန်နန်းတော်၏ ပင်မကြယ်ထက်ပင် ပို၍ ကျော်လွန်နေပြီ ဖြစ်သည်။

ရန်ယွဲ့ ဧကရာဇ်က မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် တစ်ကမ္ဘာလုံးကို စစ်ဆေးရန် သူမ၏စိတ်အာရုံကို ချက်ချင်း လွှတ်လိုက်သည်။ ဤကမ္ဘာတွင် အင်အားအကြီးဆုံး တည်ရှိမှုမှာ ဧကရာဇ်လောင်းအဆင့် တစ်ဦးသာ ဖြစ်သည်။

သို့သော်လည်း ကမ္ဘာတစ်ခုလုံးအား ကြွယ်ဝသည့် မင်းဆက်ကံစွမ်းအားများဖြင့် ဖုံးလွှမ်းနေသည်။ ဤနေရာ၏ ဧကရာဇ်လောင်းတစ် ယောက်၏ အင်အားသည်ပင် အသစ်စက်စက် တက်လှမ်းလာသည့် ဧကရာဇ်အဆင့်တစ်ယောက်နှင့် ယှဉ်နိုင်ပုံရသည်။

ရန်ယွဲ့ ဧကရာဇ်က

“တကယ်ပဲ တစ်ခုခုတော့ မှားနေပြီ”

ဟု သူမဘာသာသူ ရေရွတ်လိုက်သည်။

သူမ၏စကားဆုံးသည်နှင့် ကောင်းကင်မှ အသံတစ်သံ ဟိန်းထွက်လာသည်။

“ဒီဝါစဉ်ကြီးသူက ဘာကိစ္စနဲ့ ဒီကို လာတာလဲဆိုတာ သိပါရစေ။”

နောက်တစ်ခဏတွင် သက်လတ်ပိုင်းအရွယ် ဧကရာဇ်လောင်းတစ်ဦး ရန်ယွဲ့ ဧကရာဇ်နှင့် လေဟုန်ယွမ်တို့၏ ရှေ့တွင် ပေါ်လာသည်။

ကျန်းချင်းဖန်သည် တရားထိုင်ကျင့်ကြံနေစဉ် တစ်ကမ္ဘာလုံးကို ဖြတ်သန်းသွားသည့် အစွမ်းထက်သော စိတ်အာရုံကို ခံစားလိုက်ရ၏။ ထို့ကြောင့် ဧကရာဇ်အဆင့်တစ်ဦး ကျူးကျော်လာသည်ဟု ယူဆကာ သူ၏ ကျင့်ကြံဆောင်အတွင်းမှ အမြန်ထွက်လာခဲ့ခြင်း ဖြစ်သည်။

သို့သော် လူနှစ်ယောက်တည်းကိုသာ မြင်လိုက်ရသဖြင့် ကျန်းချင်းဖန် အနည်းငယ် စိတ်အေးသွားသည်။ သူတို့သည် ရှနိုင်ငံကို တိုက်ခိုက်ရန် လာပုံမရပေ။ မဟုတ်လျှင် သူတို့ ဤမျှအေးအေးလူလူ ရှိနေမည် မဟုတ်ပေ။

ရန်ယွဲ့ ဧကရာဇ်က တိုက်ရိုက်မေးလိုက်သည်။

“ဒါက ဘာနိုင်ငံလဲ”

ရန်ယွဲ့ ဧကရာဇ်၏ မေးခွန်းကို ကြားလျှင် တစ်ဖက်လူသည် ခရီးသွား ဧကရာဇ်တစ်ဦး ဖြစ်မည်ဟု ကျန်းချင်းဖန် တွေးလိုက်သည်။ ဘာမှမဖုံးကွယ်ပဲ သူက တိုက်ရိုက် တုံ့ပြန်လိုက်သည်။

“ဝါစဉ်ကြီးသူ...ဒါက ရှနိုင်ငံပါ”

ကျန်းချင်းဖန်၏ အဖြေကို ကြားလိုက်ရသည့်အခါ လေဟုန်ယွမ် အနည်းငယ် မှင်တက်သွားသည်။

ရှနိုင်ငံလား...

သူမ မှတ်မိသလောက်ဆိုလျှင် သူမ၏နိုင်ငံကို ဖျက်ဆီးခဲ့တာ ရှနိုင်ငံဖြစ်ရမည် မဟုတ်ပါလား.....

သူမ ဖရိုဖရဲ ကြယ်ပင်လယ်မှ ထွက်ခွာသွားစဉ်က ရှနိုင်ငံသည် ဖရိုဖရဲ ကြယ်ပင်လယ်အတွင်းမှ သေးငယ်သည့် နိုင်ငံလေးတစ်ခုသာ ဖြစ်သေးကြောင်း သူမ မှတ်မိနေသည်။

ယခု ရှနိုင်ငံသည် တကယ့် အင်ပါယာကြီးတစ်ခု ဖြစ်နေသည်။ ၎င်း၏ ဩဇာအာဏာသည် ဖုန်းယန်ကြယ်နယ်မြေအထိ ပျံ့နှံ့လာခဲ့ပြီ ဖြစ်သည်။ ဖုန်းယန်ကြယ်နယ်မြေကို ယခင်က ချင်းယွမ်နိုင်ငံက အုပ်ချုပ်ခြင်း ဖြစ်သည်။ ဖုန်းယန်ကြယ်နယ်မြေကိုပင် ရှနိုင်ငံက သိမ်းပိုက်လိုက်ပြီဆိုလျှင် ချင်းယွမ်နိုင်ငံတစ်ခုလုံးကို ရှနိုင်ငံက ဖျက်ဆီးလိုက်ပြီဟု ဆိုလိုခြင်းလား...

ဘယ်သူက ဤမျှမြန်မြန် ကြီးထွားလာနိုင်မည်နည်း။

လုချန်းသည် ပြန်လည်ဝင်စားမွေးဖွားလာသည့် ဧကရာဇ်အဆင့်တစ်ဦး ဖြစ်မည်ဟု သူမ အမြဲတွေးခဲ့သော်လည်း သူ၏အင်အား ပြန်လည်ရရှိသည့်နှုန်းက မြန်လွန်းနေပေသည်။ သူမကိုယ်တိုင်လည်း ပြန်လည်ဝင်စားလာသည့် ဧကရာဇ်အဆင့်တစ်ဦး ဖြစ်သည်။ သူမ၏ အင်အားတိုးတက်မှုနှုန်းကို အခြားပြန်လည်ဝင်စားလာသူများ မယှဉ်နိုင်ဟုလည်း သူမ ယုံကြည်ထားခဲ့ခြင်း ဖြစ်သည်။

ခဏခန့် လေဟုန်ယွမ်၏ မျက်ခုံးများ တွန့်သွားသည်။ သူမ ဤတစ်ခေါက် ဖရိုဖရဲ ကြယ်ပင်လယ်သို့ ပြန်လာခြင်းက လက်ထပ်ခြင်း ကံကြမ္မာကြိုးကို ဖြေရှင်းရန် ဖြစ်သည်။ ၎င်းကို ဖြေရှင်းရန်အတွက်ဆိုလျှင် သူမ လုချန်းကို သတ်ရမည်။ မဟုတ်ပါက ကံကြမ္မာအတိုင်း လိုက်၍ လုချန်း၏ အမျိုးသမီး ဖြစ်သွားရမည် ဖြစ်၏။

ပြန်လည်ဝင်စားလာသည့် ဧကရာဇ်အဆင့်တစ်ဦး အနေနှင့် မည်သူ့လက်အောက်ကိုမှ သူမ မဝင်ချင်ပေ။ လုချန်းကို သတ်ရန်အထိ သူမ အစီအစဉ် မဆွဲရသေးသော်လည်း ထိုအတွေးက သူမစိတ်ထဲသို့ ဝင်လာခဲ့ဖူးသည်။

ယခုတော့ လုချန်းက ရှနိုင်ငံကို ဤမျှအထိ ဖွံ့ဖြိုးအောင် လုပ်ထားနိုင်ပြီ ဖြစ်သည်။ ထို့ကြောင့် သူ၏အင်အားက သူမထက် အများကြီး သာလွန်နေပြီဖြစ်ကြောင်း သိသာနေသည်။ လုချန်းကို သတ်ရန်ဆိုသည့် နည်းလမ်း အလုပ်မဖြစ်နိုင်တော့ပေ။

ဤအခြေအနေတွင် သူမအနေနှင့် တကယ်ပဲ သူ့လက်အောက်ခံရန်သာ ရှိတောတာလား။

လေဟုန်ယွမ်တစ်ယောက် အေးစက်သည့် အကြည့်များဖြင့် တိတ်ဆိတ်နေသည်ကို မြင်လျှင် ရန်ယွဲ့ ဧကရာဇ်က

“သူတော်စင်မ.... တစ်ခုခု တွေ့သွားလို့လား”

လေဟုန်ယွမ်က ရန်ယွဲ့ ဧကရာဇ်၏ မေးခွန်းကို မဖြေပေ။ သူမက ကျန်းချင်းဖန်ကို ကြည့်ကာ

“ရှင်တို့ ရှနိုင်ငံရဲ့ အုပ်ချုပ်သူက ဘယ်သူလဲ”

ကျန်းချင်းဖန်က ခဏခန့် စဉ်းစားပြီးမှ တုံ့ပြန်လိုက်သည်။

“ ကောင်းကင်ဧကရာဇ်လို့ ထင်ပါတယ်”

လက်ရှိ ရှနိုင်ငံ၏ ဧကရာဇ်သည် လုချန်းဖုန်း ဖြစ်သည်။ သို့သော် လက်တွေ့တွင်မူ ရှနိုင်ငံသည် ၎င်းကို တည်ထောင်သူဖြစ်သည့် လုချန်း၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိနေဆဲ ဖြစ်သည်။ တကယ့်အုပ်ချုပ်သူက လုချန်းဖြစ်သည်ဟု ကျန်းချင်းဖန် ခံစားမိနေခြင်း ဖြစ်သည်။

ကျန်းချင်းဖန်၏ အဖြေကို ကြားရလျှင် ရန်ယွဲ့ ဧကရာဇ်က ရယ်မောလိုက်သည်။

“ကောင်းကင်ဧကရာဇ်......ဘယ်လောက်တောင် ကြွားဝါတတ်လိုက်သလဲ...”

ဧကရာဇ်တိုင်း ကိုယ့်ကိုယ်ကိုယ် ကောင်းကင်ဧကရာဇ်ဟု မခေါ်ရဲကြပေ။ ရှန်ဝူ ဧကရာဇ်နှင့် အသက်ကယ် ဧကရီတို့ကဲ့သို့ အင်အားကြီးမာလှသည့် ပုဂ္ဂိုလ်များတောင် ကိုယ့်ကိုယ်ကိုယ် ကောင်းကင်ဧကရာဇ်ဟု မခေါ်ရဲကြချေ။ ယခု စကြဝဠာ အစွန်အဖျားရှိ နိုင်ငံလေးတစ်ခု၏ အုပ်ချုပ်သူက ကိုယ့်ကိုယ်ကိုယ် ကောင်းကင်ဧကရာဇ်ဟု ခေါ်ရဲနေ၏။

ရန်ယွဲ့ ဧကရာဇ်၏ အထင်သေးသောလေသံကို ကြားရလျှင် ကျန်းချင်းဖန် မျက်မှောင်ကြုတ်သွားသည်။ ဤသူသည် ဧကရာဇ်အဆင့်တစ်ဦး ဖြစ်သော်လည်း မည်သူမှ ကောင်းကင်ဧကရာဇ်ကို အထင်သေး၍ မရပေ။ အထူးသဖြင့် ရှနိုင်ငံထဲတွင် ဖြစ်သည်။

ကျန်းချင်းဖန်က

“ဝါစဉ်ကြီးသူရဲ့ စကားကို ပြန်ရုပ်သိမ်းပေးပါ”

ရန်ယွဲ့ ဧကရာဇ်က နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် ဂရုမစိုက်သလိုဖြင့်

“ဒီစကြဝဠာမှာ ဘယ်သူမှ ကိုယ့်ကိုယ်ကိုယ် ကောင်းကင်ဧကရာဇ်လို့ မခေါ်ရဲဘူး။ ရှန်ယွဲ့နိုင်ငံထဲမှာတောင် ဘယ်သူမှ မခေါ်ရဲဘူး။ ရှင်တို့ရဲ့ အုပ်ချုပ်သူကို ဘယ်သူက ကောင်းကင်ဧကရာဇ်လို့ ခေါ်ဖို့ သတ္တိပေးလိုက်တာလဲ။”

ကျန်းချင်းဖန်က တည်တည်ငြိမ်ငြိမ်ဖြင့်

“ဝါစဉ်ကြီးသူပြောတာတွေကို ပြန်မရုပ်သိမ်းဘူးဆိုရင်တော့ ရှနိုင်ငံကနေ ချက်ချင်း ထွက်သွားပေးပါ။ ရှနိုင်ငံက ခင်ဗျားကို မကြိုဆိုပါဘူး။”

ရန်ယွဲ့ ဧကရာဇ်က

“မောက်မာလိုက်တာ။ ကိုယ့်ကိုယ်ကိုယ် ကောင်းကင်ဧကရာဇ်လို့ ခေါ်တဲ့သူ တည်ထောင်ထားတဲ့ နိုင်ငံမို့လို့ထင်တယ်။ ဧကရာဇ်လောင်းတစ်ယောက်ကတောင် ကျွန်မ ရှေ့မှာ ဒီလောက် မောက်မာရဲတယ်။”

ထိုသို့ပြောရင်းပင် ရန်ယွဲ့ ဧကရာဇ်က ဧကရာဇ်အဆင့်၏ အရှိန်အဝါများကို ထုတ်ဖော်လိုက်ကာ ကျန်းချင်းဖန်၏ ခန္ဓာကိုယ်ကို အနည်းငယ် ကိုင်းညွတ်သွားစေသည်အထိ ပြင်းထန်သည့် ဖိအားကို ပေးလိုက်သည်။

ကျန်းချင်းဖန်သည် ရှနိုင်ငံ၏ ကံစွမ်းအား အထောက်အပံ့ရှိသဖြင့် ဧကရာဇ်အဆင့်တစ်ဦးကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်။ သို့သော် ရန်ယွဲ့ ဧကရာဇ်သည် အတွေ့အကြုံရင့်သည့် ဧကရာဇ် ဖြစ်သည်။ ထို့ကြောင့် ကျန်းချင်းဖန်ကဲ့သို့သော ဧကရာဇ်လောင်းတစ်ဦးကို ကိုင်တွယ်ရန်က သူမအတွက် အလွန် လွယ်ကူလှသည်။

ကျန်းချင်းဖန် အံကြိတ်၍ တောင့်ခံထားသည်။ ဤနေရာတွင် ဖြစ်ပျက်နေသည့် အရာကို ကောင်းကင်ဧကရာဇ် သိနေပြီဟုလည်း သူယုံကြည်သည်။ နိုင်ငံ၏ အုပ်ချုပ်သူ အနေနှင့် ရှနိုင်ငံမှ လှုပ်ရှားမှုတိုင်းကို အာရုံခံ

နိုင်၏။

ကျန်းချင်းဖန် တွေးနေစဉ်မှာပင် ကောင်းကင်မှ မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်လာသည့် အသံတစ်သံ ပေါ်လာသည်။

“ကျုပ်ရဲ့ နိုင်ငံထဲမှာ ဘယ်သူက ပြဿနာရှာရဲတာလဲ။”

အသံပျောက်သွားသည်နှင့် ကောင်းကင်မှ ကြီးမားသည့် အင်အားတစ်ခု ကျဆင်းလာပြီး ရန်ယွဲ့ ဧကရာဇ်လည်း သွေးတစ်ပွက် အန်သွားရသည်။

ချက်ချင်းပင် ရန်ယွဲ့ ဧကရာဇ်၏ မျက်လုံးထဲ ထိတ်လန့်မှုများ ဖြတ်ပြေးသွားသည်။ စကြဝဠာ၏ ဤမျှ ဝေးလံသည့်နေရာတွင် ဤမျှ အစွမ်းထက်သည့် ဧကရာဇ်အဆင့် မည်သို့ ရှိနေနိုင်မည်နည်း။

ဤလူက မည်သူနည်း။

သူမကိုယ်သူမ ပြန်ထိန်းလိုက်ပြီးနောက် ရန်ယွဲ့ ဧကရာဇ်က

“ရှင့်ကိုယ်ရှင် ကောင်းကင်ဧကရာဇ်လို့ ခေါ်ရဲရအောင် ရှင်က ဘယ်သူလဲ။ ကောင်းကင်လမ်းစဉ် အပြစ်ပေးတာကို မကြောက်ဘူးလား။ တခြား ဧကရာဇ်အဆင့်တွေ ရှင့်ဆီ လာမှာကိုရော မကြောက်ဘူးလား။”

ရန်ယွဲ့ ဧကရာဇ်၏ စကားကို ကြားပြီးနောက် လုချန်းက မထီမဲ့မြင် ပြုံးလိုက်က

“ကျုပ်က ကျုပ်လုပ်ချင်တာကို လုပ်တာပဲ။ တခြားသူတွေရဲ့ မျက်နှာကို ဘာလို့ ကြည့်နေရမှာလဲ။”

ရန်ယွဲ့ ဧကရာဇ်၏ မျက်နှာ ပိုမှောင်လာသည်။

မာန်တက်နေလိုက်တာ။

ဤရှဧကရာဇ်ဆိုသည့်သူက တကယ့်ကို မလိမ်မာသည့်သူပင် ဖြစ်သည်။

လုချန်းက

“ရှနိုင်ငံက ခင်ဗျားကို မကြိုဆိုဘူး။ အခု ထွက်သွားလို့ရပြီ။”

သူပြောလိုက်သည်နှင့် ရန်ယွဲ့ ဧကရာဇ်ကို ရှနိုင်ငံမှ ချက်ချင်း နှင်ထုတ်လိုက်သည့် ကြီးမားသော အင်အားတစ်ခု ကျရောက်လာသည်။

ရန်ယွဲ့ ဧကရာဇ် သတိပြန်ဝင်လာသည့်အခါ သူမ အာကာသထဲသို့ ရောက်နေကြောင်း တွေ့လိုက်ရ၏။ အဝေးမှ ဖုန်းယန်ကြယ်နယ်မြေကို ကြည့်ရင်း သူမ၏ စိတ်ထဲ ဗလာဖြစ်သွားသည်။

“မကောင်းတော့ဘူး..... သူတော်စင်မ အထဲမှာ ကျန်နေခဲ့သေးတယ်။”

ရန်ယွဲ့ ဧကရာဇ်လည်း တွန့်ဆုတ်မနေပဲ သူမ၏ ဧကရာဇ် နိယာမ ကိုယ်ထည်ကို အသက်သွင်းလိုက်တော့သည်။ ထိုအခါ အာကာသထဲတွင် ကြီးမားသည့် လူပုံရိပ်ကြီးတစ်ခု ပေါ်လာသည်။ သူမသည် ဥက္ကာခဲ တစ်ခုကဲ့သို့ အရှိဖြင့် ဖုန်းယန်ကြယ်နယ်မြေဆီသို့ လက်ဝါးဖြင့် ရိုက်ချလိုက်တော့သည်။

“ငါတို့နန်းတော်ရဲ့ သူတော်စင်မကို ချက်ချင်း ပြန်ပေးစမ်း။”

All Chapters