အခန်း (၄၁၅-၄၁၇)
Vol. 28 Ch. 415-417
အပိုင်း ၄၁၅ : ငါ မင်းအကြောင်း ဖော်ပစ်မယ်
တက္ကစီဒရိုင်ဘာတစ်ယောက်က တိုက်ရိုက်ထုတ်လွှင့်သူအမျိုးသမီးတစ်ယောက်ကို နာမည်ကြီးသွားအောင် လုပ်ပေးခဲ့သည့် ဇာတ်လမ်းက သို့ယွီကွန်ယက်တွင် နာမည်ကြီးနေချေသည်။
ထို့ကြောင့် ထိုတက္ကစီဒရိုင်ဘာအစ်ကိုက သူ(မ)၏တိုက်ရိုက်ထုတ်လွှင့်ခန်းထဲသို့ ရောက်လာသည်ကို မြင်ရသောအခါ ထိုဆယ်လီမလေးလည်း အလွန်စိတ်လှုပ်ရှားသွားသည်။
"ကြိုဆိုပါတယ် တက္ကစီဒရိုင်ဘာအစ်ကို ကျေးဇူးတင်ပါတယ်နော်"
ယဲ့ချန်းလည်း တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲသို့ ဝင်လိုက်ပြီးနောက် ဒုံးပျံတစ်ခုကို ချက်ချင်းပို့လိုက်သည်။
"ဝိုး မိုက်လိုက်တာ"
"တက္ကစီဒရိုင်ဘာအစ်ကိုကြိးက မိုက်လိုက်တာ"
"ဟုန်းဟုန်း.. မင်းတော့ ဒီနေ့ နာမည်ကြီးတော့မယ်"
"တက္ကစီဒရိုင်ဘာအစ်ကိုကသာ မင်းကို ထောက်ပံ့ပေးမယ်ဆိုရင် နောက်လာမဲ့ဂိုဏ်းပြိုင်ပွဲမှာ မင်း ချန်ပီယံဖြစ်မှာနော်"
ဟုန်းဟုန်းက သိုယွီတိုက်ရိုက်ထုတ်လွှင့်ရေးကွန်ရက်တွင် ဒုတိယအဆင့် တိုက်ရီုက်ထုတ်လွှင့်သူဆယ်လီတစ်ယောက်ဖြစ်၏။
သူ(မ)သာ ဤတက္ကစီဒရိုင်ဘာအစ်ကိုကို သိမ်းသွင်းနိုင်ပါက ပထမအဆင့်တိုက်ရိုက်ထုတ်လွှင့်သူအဖြစ် အဆင့်တက်နိုင်ပေလိမ့်မည်။
"ထောက်ပံ့ပေးလို့ကျေးဇူးတင်ပါတယ် တက္ကစီဒရိုင်ဘာအစ်ကို... ရှင့်အတွက် ကျွန်မ ဘာလုပ်ပေးရမလဲ"
ယဲ့ချန်းလည်း ခပ်ဖွဖွပြုံး၍ စာရိုက်လိုက်သည်။
"မင်းနဲ့အတူ ညစာစားဖို့ ဖိတ်ချင်တယ်"
"တကယ်လား"
ဟုန်းဟုန်းခမျာ အံ့အားသင့်သွားလေသည်။
ယဲ့ချန်းက ဒုံးပျံတစ်ခုတည်းသာ ပို့ရသေးသည်။ ဒုံးပျံတစ်ခုတည်းအတွက်နှင့် သူ(မ)ကိုတွေ့လိုခြင်းမှာ စိတ်ရင်းမစစ်မှန်သေးပေ။
"တက္ကစီဒရိုင်ဘာအစ်ကို.. ဒုံးပျံတစ်ခုတည်းနဲ့ ကျွန်မကိုတွေ့ချင်တာလား။ ဒါတော့ မဟုတ်သေးဘူးနော်"
ယဲ့ချန်းလည်း ခပ်ဖွဖွပြုံးလိုက်လေသည်။
"ပြဿနာမရှိပါဘူး"
ထို့နောက် ယဲ့ချန်းက ဒုံးပျံဆယ်ခုကို ချက်ချင်းပို့လိုက်လေသည်။
"ဒီလောက်ဆိုရင် လုံလောက်ပြီလား"
"ဟားဟား... တက္ကစီဒရိုင်ဘာအစ်ကို.. ရှင်က အရမ်းသဘောကောင်းတာပဲ။ ကျွန်မက စနေတာပါ"
ဒုံးပျံတစ်ခုကို ငါးထောင်ပေးရသည်။ ဆယ်ခုဆိုလျှင် ယွမ်ငါးသောင်းပင်။
ဟုန်းဟုန်းမှာ ချက်ချင်းဆိုသလို စိတ်လှုပ်ရှားပျော်ရွှင်သွားသည်။
ဤတက္ကစီဒရိုင်ဘာအစ်ကိုကြီးက ထုံးစံအတိုင်း ရက်ရောနေဟန်ပင်။ သူ(မ)သာ ဤဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်ကြီးကို သိမ်းသွင်းနိုင်ပါက သို့ယွီတိုက်ရိုက်ထုတ်လွှင့်ခန်းတွင် သူ(မ) သေချာပေါက်အောင်မြင်လာပေလိမ့်မည်။
ဟုန်းဟုန်းက လူကုံထံအသိုင်းအဝိုင်းကို ဝင်ဆံ့ချင်သူဖြစ်၏။
"အခုတွေ့လို့ရမလား"
"ဒါပေါ့။ ခုနတုန်းက ကျွန်မ နောက်နေတာပါ။ တက္ကစီဒရိုင်ဘာအစ်ကိုကြီးက ကျွန်မကို အခုလိုဆုချလာလိမ့်မယ်လို့ ထင်မထားဘူး။ ကျွန်မ စဉ်းစားကြည့်လိုက်ပါ့မယ်"
ဟုန်းဟုန်း၏စကားဆုံးသည်နှင့် နောက်ထပ်ဒုံးပျံအစင်းနှစ်ဆယ်က ထပ်ရောက်လာပြန်သည်။
ဒုံးပျံအစင်းနှစ်ဆယ်ဆိုလျှင် ယွမ်တစ်သိန်းပင်။
ထိုအခိုက်ဝယ် ဟုန်ဟုန်းမှာ လုံးဝဒူးထောက်အရှုံးပေးလိုက်လေပြီ။ သူ(မ)၏ဟိတ်ဟန်များလည်း ပျောက်ကွယ်သွားချေပြီ။
"တက္ကစီဒရိုင်ဘာအစ်ကို.. သီးသန့်စကားပြောပြီး တည်နေရာသတ်မှတ်ကြရအောင်"
"သေစမ်း.. ပိုက်ဆံရှိရင် တကယ်လုပ်ချင်တာလုပ်လို့ရတာပဲ"
"ဟုတ်ပါ့ကွာ။ ငါလည်း ဒီတိုက်ရိုက်ထုတ်လွှင့်သူကို တွေ့ချင်တာပဲ။ ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက ငါ့မှာ ပိုက်ဆံမရှိဘူး"
"ဟုန်းဟုန်း.. မင်းပြောတော့ သူစိမ်းတွေကို လွယ်လွယ်နဲ့ အတွေ့မခံဘူးဆို"
ယဲ့ချန်းလည်း ဟုန်းဟုန်းကို ဝီချက်တွင် အပ်လိုက်ပြီးနောက် အိုင်ယာလန်ကော်ဖီဆိုင်တွင် တွေ့ဆုံကြရန် စီစဉ်လိုက်တော့သည်။
ဟုန်းဟုန်းမှာ စိတ်လှုပ်ရှားတက်ကြွနေတော့သည်။
"ပရိသတ်တို့.. ကျွန်မ တက္ကစီဒရိုင်ဘာအစ်ကိုနဲ့ သွားတွေ့တော့မယ်။ တာ့တာ"
"ဟုန်းဟုန်း.. လွန်သွားပြီနော်။ ငါတို့ကို ဒီအတိုင်းထားခဲ့ပြီပေါ့"
"ဟုတ်တယ်။ အရင်က အပြစ်ကင်းစင်မှုတွေကရော ဘယ်ရောက်သွားပြီလဲ"
"မင်းပြောတော့ ရုပ်ဝတ္ထုပစ္စည်းတွေကို မမက်မောဘူးဆို"
"ဟုန်းဟုန်းကို ငါ ဘာလို့မတွေ့ရတာလဲဆိုတာ နားလည်ပြီ။ ဘာလို့လဲဆိုတော့ ငါက ငမွဲဖြစ်နေလို့လေ"
နာရီဝက်အကြာ အိုင်ယာလန်ကော်ဖီဆိုင်တွင်..
ယဲ့ချန်းကို မြင်လိုက်ရချိန်ဝယ် ဟုန်းဟုန်းခမျာ လုံးဝကြက်သေသေသွားလေသည်။
ယဲ့ချန်းမှာ ဤမျှအထိချောမောခန့်ညားလိမ့်မည်ဟု သူ(မ) လုံးဝထင်မထားပေ။
အစတုန်းက လူကုံထံတစ်ယောက်က သေချာပေါက်ရုပ်ဆိုးအကျည်းတန်ပြီး လူအိုကြီးတစ်ယောက်ဖြစ်နေလိမ့်မည်ဟု သူ(မ) ထင်ထားခဲ့သည်။
တကယ်တမ်းတွင် ဟုန်းဟုန်းက စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်၏။
တစ်ဖက်လူက ရုပ်ဆိုးနေလျှင်ပင် လူကုံထံတစ်ယောက်ဖြစ်နေသရွေ့ သူ(မ)ကတော့ သူ့အနားတွင် ကပ်တွယ်နေမည်သာဖြစ်၏။
သို့သော် ထင်မှတ်မထားပါဘဲ တစ်ဖက်လူက အလွန်ငယ်ရွယ်ပြီး ချောမောနေပေသည်။
ချမ်းသာသည့်အပြင် ရုပ်ရည်ချောမောကာ မိန်းကလေးများအတွက် ဖောဖောသီသီထုတ်သုံးပေးသည်။
ဤသည်မှာ ယောကျ်ားများ၏အထွတ်အထိပ်ဘဝပင်။
ယဲ့ချန်းကိုမြင်သော် ဟုန်းဟုန်း၏နှလုံးသားမှာ အရည်ပျော်ကျလုမတတ်ပင်။
ယခင်က သူတို့နှစ်ယောက် လက်ဖက်ရည်ဆိုင်တွင် ရှိနေစဉ်ဝယ် ယဲ့ချန်းက ထောင့်နားတွင်ထိုင်နေသဖြင့် ယဲ့ချန်းကို သတိမထားမိပေ။
ယနေ့ ယဲ့ချန်းကို ပထမဆုံးအကြိမ်မြင်လိုက်ရသောအခါ ဟုန်းဟုန်းတစ်ယောက် ယဲ့ချန်း၏အရှိန်အဝါကြောင့် ဆွဲဆောင်ဖမ်းစားခံလိုက်ရသည်။
ယခင်တစ်ခေါက်တုန်းက ဤတက္ကစီဒရိုင်ဘာမှာ တိုက်ရိုက်ထုတ်လွှင့်သူအမျိုးသမီးတစ်ယောက်ကို ဂိုဏ်းပြိုင်ပွဲတွင် ချန်ပီယံဖြစ်အောင် ကူညီပေးခဲ့သည်။ ဤမျှဖြင့် ယဲ့ချန်း၏တန်ဖိုးကို ပြသရန် လုံလောက်နေလေပြီ။ အနည်းဆုံးတော့ သူက ဘီလျံနာတစ်ယောက်ဖြစ်၏။
အလွန်ချမ်းသာပြီး အလွန်ခံ့ညားလှပေသည်။ မည်သူကများ ထိုကဲ့သို့သောယောကျ်ားတစ်ယောက်ကို သဘောမကျဘဲနေမည်နည်း။
ဟုန်းဟုန်းလည်း ယဲ့ချန်း၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။ သူ(မ)၏ရင်ထဲ တလှပ်လှပ်ဖြစ်သွားရသည်။
"နာမည်ကျော်တက္ကစီဒရိုင်ဘာအစ်ကိုကြီးက ဒီလောက်ချောလိမ့်မယ်လို့ ထင်မထားဘူး။ တကယ်တော့ ခုနတုန်းက ကျွန်မ ရှင့်ကိုနောက်လိုက်တာပါ။ ဒါတောင် ရှင်က ပိုက်ဆံအများကြီးသုံးပစ်လိုက်တာပဲ"
"အင်း... တကယ်တော့ အဲဒါကြောင့် ရင်နာနေတာ။ အဲဒီပိုက်ဆံကို ပြန်ပေးမလား"
ဟုန်းဟုန်း : "..."
ပြန်ပေးရမယ်တဲ့လား... ဘာတွေလာပြောနေတာလဲ... ကျွန်မက ယဉ်ကျေးမှုအရပြောနေတာလေ...
ပြန်ပေးစရာလား.. အိပ်မက်မက်နေလိုက်လေ...
ဟုန်းဟုန်းလည်း ကိုးရိုးကားရားရယ်လိုက်မိသည်။
"ရှင်က အရမ်းရယ်ရတာပဲ"
ယဲ့ချန်းလည်း ခပ်ဖွဖွပြုံးလိုက်၏။
"မပူပါနဲ့။ ကိုယ်က စလိုက်တာပါ။ အဲဒီလောက်က ဘာမှမပြောပလောက်ပါဘူး"
ဟုန်းဟုန်းခမျာ သက်မချလျက် ကလူ၏သို့မြှူ၏သို့ပုံစံဖြင့် ပြောလိုက်သည်။
"အရမ်းဆိုးတာပဲ"
ထိုအမူအရာကား ဆွဲဆောင်ဖမ်းစားနိုင်စွမ်းရှိသဖြင့် အခြားယောကျ်ားများသာဆိုလျှင် ပျော်ဝင်သွားလောက်လေပြီ။
သို့သော် ယဲ့ချန်းကတော့ သူ(မ)၏ ရှေ့တစ်မျိုးကွယ်ရာတစ်မျိုးစရိုက်ကို မြင်ထားပြီးဖြစ်လေရာ အေးစက်စက်ရယ်မောလိုက်သည်။
ဟုန်းဟုန်းက ယဲ့ချန်း၏အဝတ်အစားများကို ကြည့်လိုက်လေသည်။
အဝတ်အစားများက ဟားမိစ်ဖြစ်ပြီး လက်ကောက်ဝတ်တွင် ပါတက်ခ်ဖီးလစ်နာရီကို ပတ်ထားသေးသည်။
စံချိန်မီလူကုံထံပစ္စည်းများပင်။
ထို့ပြင် ယဲ့ချန်း၏အမူအကျင့်များကြောင့် သူသည် လူကုံထံတစ်ယောက်ဖြစ်ကြောင်း ဟုန်းဟုန်း ပိုသေချာသွားသည်။
ဒီတစ်ခေါက်တော့ ငါ အချီကြီးပွပြီထင်ပါရဲ့.. တကယ်လို့ ငါသာ ဒီအစ်ကိုကြီးနဲ့ ချိတ်နိုင်ခဲ့ရင် ငါ့ဘဝတော့တိုးတက်ပြီ...
ဘာပဲဖြစ်ဖြစ် ဤလူကို သူ(မ) ဆွဲဆောင်နိုင်ရမည်ဟု ဟုန်းဟုန်း စိတ်ပိုင်းဖြတ်ထားလိုက်လေတော့သည်။
ယဲ့ချန်းလည်း ပြုံးလိုက်၏။
"ကိုယ်က ဝေ့လည်ကြောင်ပတ်တွေလုပ်နေရတာ မကြိုက်ဘူး။ မင်းကမ်းလှမ်းတဲ့အရာအတိုင်း ထပ်တူညီမျှတဲ့တန်ဖိုးကို ကိုယ် မင်းကို ပေးနိုင်တယ်။ ကဲ မင်း ဘာနဲ့ကမ်းလှမ်းမလဲ"
ဟုန်းဟုန်းမှာ ခဏမျှတုံ့သွားလေသည်။ လူကုံထံများက အမှန်ပင် ထူးခြားလေသည်။ အလွန်တဲ့တိုးဆန်လှသူများပင်။
"တကယ်တော့ ကျွန်မက ပရိသတ်တွေအတွက် အထူးအခွင့်အရေးတွေပေးထားပါတယ်"
"ဘာတွေလဲ"
ယဲ့ချန်းက ဆက်မေးလိုက်သည်။
"အဲ..."
ဟုန်းဟုန်းလည်း ပတ်ပတ်လည်ကို ကြည့်လိုက်လေသည်။
ယဲ့ချန်းကမူ ပြုံး၏။
"ရပါတယ်။ မင်းပြောလို့ရပါတယ်။ ကိုယ်သာသဘောကျရင် မင်းအတွက် ပိုက်ဆံအများကြီးသုံးနိုင်တယ်။ မင်း ကိုယ့်အရည်အချင်းကို သိမှာပါ"
"သိပါတယ်။ တက္ကစီဒရိုင်ဘာအစ်ကိုကြီးက အရမ်းရက်ရောတာပဲဟာကို"
"မပူနဲ့။ မင်းရဲ့စည်းမျဉ်းတွေကို ကိုယ်နားလည်တယ်။ ကိုယ့်ကို ဖုံးကွယ်နေစရာမလိုဘူး"
ယဲ့ချန်းက ခပ်ပြတ်ပြတ်ပြောလိုက်သည်။
"ကျွန်မအတွက် ဝီချက်အပ်ရင် တစ်ထောင်၊ တွေ့ဖို့ဆိုရင် တစ်သောင်း၊ အခန်းဘိုကင်တင်ဖို့ဆိုရင် တစ်သိန်း..."
ယဲ့ချန်းက အလွန်တဲ့တိုးဆန်လှကြောင်း မြင်လိုက်ရချိန်မှာ ဟုန်းဟုန်းလည်း သူ(မ)၏စည်းမျဉ်းများကို ထုတ်ပြောလိုက်လေတော့သည်။
ထိုစကားကိုကြားသောအခါ ယဲ့ချန်း ခေါင်းညိတ်လိုက်သည်။
"မဆိုးဘူး"
ထိုအချိန်တွင် ယဲ့ချန်းက သူ့ဖုန်းကို အေးအေးလူလူကောက်ကိုင်၍ နားထောင်လိုက်ပြန်သည်။
ယဲ့ချန်း၏လုပ်ရပ်ကြောင့် ဟုန်းဟုန်းခမျာ နားမလည်နိုင်လောက်အောင်ဖြစ်သွားသည်။
"ရှင် ဘာလုပ်တာလဲ"
ယဲ့ချန်းကမူ ခပ်ဖွဖွပြုံး၏။
"ဘာမှမဟုတ်ပါဘူး။ မင်းပြောသမျှစကားတိုင်းကို အသံသွင်းထားရုံပါ"
"ဘာအတွက်မှတ်တမ်းတင်တာလဲ"
ဟုန်းဟုန်း၏အမူအရာကား အနည်းငယ်ပြောင်းလဲသွားသည်။
ယဲ့ချန်းကတော့ တည်ငြိမ်နေဆဲသာ။
"မင်းအကြောင်း ဖော်ထုတ်ဖို့ပေါ့"
"ရှင်..."
ဟုန်းဟုန်းက ရုတ်ခြည်းမတ်တတ်ထရပ်လိုက်သည်။
"အဲဒီအသံသွင်းမှတ်တမ်းကို အခုချက်ချင်းဖျက်လိုက်"
"မင်းခိုင်းတိုင်း ငါက ဘာလို့ဖျက်ရမှာလဲ။ မင်းကိုယ်မင်း ဘယ်သူများထင်နေတာလဲ။ ဪ ဟုတ်သားပဲ။ မင်းက ပရိသတ်သိန်းဂဏန်းလောက်ရှိတဲ့ ဆယ်လီတစ်ယောက်ကိုး။ အထင်ကြီးဖို့ကောင်းချက်... လက်ဖက်ရည်ဆိုင်ပိုင်ရှင်တောင် မင်းဆီမှာ လှည့်စားခံလိုက်ရပြီး စားပွဲထိုးမလေးကို အလုပ်ထုတ်ပစ်လိုက်တာလေ"
"ရှင့်ကို အဲဒီလက်ဖက်ရည်ဆိုင်က လွှတ်လိုက်တာလား"
ဟုန်းဟုန်း၏မျက်ဝန်းအစုံကား မှေးကျဉ်းသွားသည်။
ယဲ့ချန်းကမူ ခေါင်းခါယမ်းလိုက်သည်။
"မှားတယ်။ ငါ့ကို လက်ဖက်ရည်ဆိုင်က လွှတ်လိုက်တာမဟုတ်ဘူး။ တိုက်တိုက်ဆိုင်ဆိုင် ငါလည်း အဲဒီဆိုင်မှာထိုင်နေခဲ့တာ။ မင်းလုပ်ရပ်က သည်းမခံနိုင်စရာပဲ... ဒါနဲ့ အဲဒီဖြစ်စဉ်အစအဆုံးကိုလည်း ငါ ဗီဒီယိုရိုက်ထားတယ်။ ကြည့်ချင်လား"
"ရှင်... ရှင်က ဘယ်သူလဲ။ ကျွန်မက ရှင့်ကို ဘယ်လိုစော်ကားခဲ့မိလို့လဲ"
ယဲ့ချန်းက ခပ်ဖွဖွရယ်လိုက်သည်။
"ငါက တက္ကစီဒရိုင်ဘာတစ်ယောက်သက်သက်ပါ။ မင်း ငါ့ကို ဘာမှမစော်ကားခဲ့ပါဘူး။ ငါက အဲဒီစားပွဲထိုးမလေးဘက်က ရပ်တည်ပေးရုံပါ"
ဟုန်ဟုန်းခမျာ အံတင်းတင်းကြိတ်လျက် ယဲ့ချန်းကို လက်ညှိုးထိုးလိုက်သည်။
"ကျွန်မက အနိုင်ကျင့်ရလွယ်တယ်လို့များ ရှင်ထင်နေတာလား။ ကျွန်မပြောမယ်။ အဲဒီဗီဒီယိုကို အခုချက်ချင်းဖျက်လိုက်နော်။ မဟုတ်လို့ကတော့ ရှင်သေပြီသာမှတ်"
•••••••••••••••••
အပိုင်း ၄၁၆ : တရားမျှတမှုကိုဖော်ဆောင်ခြင်း
ယဲ့ချန်းက တည်ငြိမ်သော အမူအရာဖြင့် ပြောလိုက်သည်။
"သြော် တကယ်လား။ မဖျက်ဘူးဆိုရင်ရော... မင်း ငါ့ကို ဘယ်လိုသေအောင်သတ်မလဲဆိုတာ သိချင်သေးတယ်"
ဟုန်းဟုန်းက မေးလိုက်၏။
"ကောင်းပြီလေ။ ရှင်က သိပ်သတ္တိကောင်းတာပဲ။ ကျွန်မက လူမိုက်တွေနဲ့ မသိဘူးလို့များ ထင်နေတာလား"
ဟုန်းဟုန်းက ထိုသို့ပြောပြီးနောက် ဖုန်းထုတ်လိုက်၏။ သိပ်မကြာခင်မှာပင် ချိုအီနေသောအသံတစ်သံ ထွက်ပေါ်လာပေသည်။
"အစ်ကိုကျားလား။ ကျွန်မ ဟုန်းဟုန်းပါ"
"အစ်ကိုကျား... လူတစ်ယောက်က ကျွန်မကို အနိုင်ကျင့်ပြီး ခြိမ်းခြောက်အကျပ်ကိုင်နေတယ်။ ရှင် ကျွန်မဘက်က ရပ်တည်ပေးရမယ်နော်"
"ဘာ? ငါ့ညီမကိုများ အနိုင်ကျင့်ရဲတယ်ပေါ့။ စိတ်မပူနဲ့။ အစ်ကိုကြီး အခုချက်ချင်းလာခဲ့မယ်"
ဟုန်းဟုန်းက ဖုန်းချပြီးနောက် ယဲ့ချန်းကို မောက်မာစွာ ကြည့်လိုက်လေသည်။
"ဒီမှာ... အဲဒီဗီဒီယိုကို ချက်ချင်းဖျက်လိုက်နော်။ မဟုတ်လို့ကတော့ ရှင် ပြဿနာတက်ပြီသာမှတ်"
ယဲ့ချန်းကမူ ခပ်ဖွဖွပြုံးလိုက်၏။
"သြော် တကယ်လား။ ငါက အဲဒီလိုခြောက်တိုင်း မကြောက်တတ်ဘူး"
ဟုန်းဟုန်းက နှာခေါင်းရှုံ့လိုက်လေသည်။
"ကောင်းပြီလေ"
"သိပ်မကြာခင် ရှင် ငိုရတော့မှာပါ"
ဆယ်မိနစ်အကြာတွင် သီးသန့်ခန်းတံခါးမှာ ရုတ်ခြည်းတွန်းဖွင့်ခံလိုက်ရပြီး ခေါင်းပြောင်အမျိုးသားတစ်ယောက်က တက်တူးအပြည့်နှင့် လူမိုက်တစ်စုကို ဦးဆောင်၍ အခန်းထဲသို့ ဝင်လာလေသည်။
ထိုထိပ်ပြောင်ကြီးကိုမြင်သောအခါ ဟုန်းဟုန်းက အမြန်မတ်တတ်ထရပ်ပြီး သူ့လက်မောင်းကို ပွေ့ဖက်ကာ ဝမ်းပန်းတနည်းငိုကြွေးပါတော့သည်။
"အစ်ကိုကျား.. ဒီလူပေါ့။ ကျွန်မကို ခြိမ်းခြောက်အကျပ်ကိုင်နေတာ။ ကျွန်မကို ကူညီပေးရမယ်နော်"
"သေစမ်း... ငါ့ညီမလေးကိုများ အနိုင်ကျင့်ရဲတယ်ပေါ့။ မင်း သေချင်နေတာလား"
အစ်ကိုကျားက ထိုသို့ပြောပြီးနောက် သီးသန့်ခန်းထဲသို့ လှမ်းကြည့်လိုက်သည်။
ယဲ့ချန်းကိုမြင်သော် ရုတ်ခြည်းကြောင်အသွားသည်။
အစောတုန်းက မောက်မာနေသော အမူအရာများမှာ ရုတ်ခြည်းပျောက်ကွယ်သွားပြီး ကြောက်ရွံ့နေဟန်အမူအရာက အစားထိုးဝင်ရောက်လာသည်။
"မစ္စတာယဲ့ ခင်ဗျားလား"
ယဲ့ချန်းလည်း အတန်ငယ်အံ့အားသင့်သွားပြီးနောက် ထိုခေါင်းပြောင်ကြီးကို လှမ်းကြည့်လိုက်သည်။ သို့သော် ထိုလူ့ကို သူမသိပေ။
"မင်းက ဘယ်သူလဲ"
"မစ္စတာယဲ့... ကျွန်တော်က သခင်လေးယန်နဲ့အတူ တွေ့ဆုံပွဲမှာတုန်းက ခင်ဗျားအတွက် ခွက်မြှောက်ဂုဏ်ပြုပေးခဲ့သေးတယ်လေ"
အားပေါင်၏စကားကြောင့် ယဲ့ချန်း၏စိတ်ထဲတွင် ဖျတ်ခနဲသတိရလိုက်သည်။
ဟုန်းဟုန်းလည်း ချက်ချင်းဆိုသလို ကြောင်အသွားချေသည်။
ယဲ့ချန်းက ဤမျှအထိ အံ့သြဖို့ကောင်းလိမ့်မည်ဟု သူ(မ) ထင်မထားချေ။ သူသည် အစ်ကိုကျားနှင့်ပင် ရင်းနှီးနေချေသည်။
"အစ်ကိုကျား သူက...."
"ဖြောင်း"
အားပေါင်က တစ်ဖက်လှည့်၍ ဟုန်းဟုန်းကို ခပ်ကြမ်းကြမ်းပါးရိုက်ပစ်လိုက်သည်။
"အရှက်မရှိတဲ့မိန်းမ... မင်းကများ မစ္စတာယဲ့ကို စော်ကားရဲတယ်ပေါ့။ သေချင်နေတာလား"
ဟုန်းဟုန်းမှာမူ ကြောင်အသွားလေသည်။
ယခုမူ သူ(မ) မစော်ကားသင့်သော လူတစ်ယောက်ကို စော်ကားမိသွားပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
အားပေါင်က ဤနယ်မြေတစ်ဝိုက်တွင် နာနည်ကြီးလူမိုက်တစ်ယောက်ဖြစ်၏။ သို့သော် သူကပင် ယဲ့ချန်းကို လေးစားရသည်ဖြစ်ရာ ယဲ့ချန်းက မည်မျှအထိ အစွမ်းထက်ကြောင်း သိသာလှသည်။
ဟုန်းဟုန်းက ငတုံးမဟုတ်ပေ။ ယဲ့ချန်းရှေ့သို့ အမြန်တိုးသွားလိုက်သည်။
"အစ်ကိုကြီး... ကျွန်မ မှားသွားပါတယ်။ ကျွန်မအမှားပါ။ ကျွန်မ လက်ဖက်ရည်ဆိုင်မှာတုန်းက ပြဿာနာမရှာခဲ့သင့်ပါဘူး။ စားပွဲထိုးမလေးကိုလည်း အနိုင်မကျင့်ခဲ့သင့်ဘူး။ ကျွန်မကို ခွင့်လွှတ်ပေးပါ"
ယဲ့ချန်းက ခပ်ဖွဖွပြောလိုက်လေသည်။
"ငါကတော့ မင်းကို ခွင့်လွှတ်ပေးလို့တော့ရပါတယ်။ ဒါပေမဲ့ မင်းရဲ့တိုက်ရိုက်ထုတ်လွှင့်မှုအကောင့်မှာ ဗီဒီယိုတင်ပြီး အမှန်တရားကို ရှင်းပြရမယ်။ ပြီးရင် မင်းရဲ့ပရိသတ်တွေကို အွန်လိုင်းတိုက်ခိုက်မှုတွေမလုပ်တော့အောင် တားပြီး စားပွဲထိုးမလေးကို တောင်းပန်လိုက်"
"ဒါက..."
ယဲ့ချန်း၏စကားကြောင့် ဟုန်းဟုန်းခမျာ တွေဝေသွားလေသည်။
မည်သို့ပင်ဖြစ်စေ ဤကဲ့သို့သောအရာမျိုးသာ အွန်လိုင်းပေါ်သို့ ရောက်သွားလျှင် သူ(မ)၏နာမည်ကြီးကျော်ကြားမှုလည်း သေချာပေါက်ထိခိုက်မှုရှိလိမ့်မည်။
အမာခံပရိသတ်များကလည်း သူ(မ)ကို စွန့်ပစ်သွားကြပေလိမ့်မည်။
ယဲ့ချန်း၏မျက်ဝန်းအစုံကား အေးစက်သွားလေသည်။
"မလုပ်ချင်ဘူးလား"
အားပေါင်က ထပ်ဖြည့်ပြောလိုက်သည်။
"မစ္စတာယဲ့ပြောတဲ့အတိုင်း လုပ်လိုက်တာ ပိုကောင်းမယ်နော်။ မဟုတ်လို့ကတော့ အကျိုးဆက်တွေကို သိတယ်မလား"
အားပေါင်၏အေးစက်စက်အကြည့်ကို မြင်သောအခါ ဟုန်းဟုန်း၏အမူအရာကား ပြောင်းလဲသွားသည်။
အားပေါင်၏နည်းလမ်းများကို သူ(မ)ကောင်းကောင်းသိသည်။ ထို့ကြောင့် ခပ်မြန်မြန်ခေါင်းညိတ်ပြလိုက်သည်။
"အခုချက်ချင်းလုပ်လိုက်ပါ့မယ်။ အခုချက်ချင်းရှင်းပြလိုက်ပါ့မယ်"
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင်မူ ပရိသတ်များက ထိုလက်ဖက်ရည်ဆိုင်ကို ပြစ်တင်ဝေဖန်နေကြသေးသည်။
"ဟားဟား.. အဲဒီလက်ဖက်ရည်ဆိုင်ရဲ့ အဆင့်သတ်မှတ်ချက်က ၅.၂အထိ ထိုးကျသွားပြီ"
"အဲဒီစားပွဲထိုးလည်း အလုပ်ထုတ်ခံလိုက်ရတယ်လို့ ကြားတယ်"
"ကောင်းတယ်။ အားလုံးပဲ... ဒီလိုအမှိုက်မျိုးကို သပိတ်မှောက်ပစ်ရမယ်"
...
ထိုအချိန်တွင် ဟုန်းဟုန်းက အွန်လိုင်းတက်လာလေသည်။
"ဟုန်းဟုန်း.. အားလုံးက မင်းဘက်ကရပ်တည်ပေးထားတယ်နော်"
"ငါတို့ဟုန်းဟုန်းကို အနိုင်ကျင့်တဲ့လူမှန်သမျှ တန်ရာတန်ကြေးပြန်ပေးဆပ်ရမှာပဲ"
ထိုအချိန်မှာပင် ဟုန်းဟုန်းက စာတစ်စောင်တင်လိုက်သည်။
"အားလုံးပဲ.. လက်ဖက်ရည်ဆိုင်ကို မတိုက်ခိုက်ကြပါနဲ့တော့။ အဲဒါတွေအကုန် ကျွန်မအပြစ်ပါ"
"ဘာ"
ပရိသတ်များအားလုံးလည်း ကြက်သေသေသွားလေသည်။
မကြာခင်မှာပင် ဟုန်းဟုန်းက ထိုဗီဒီယိုကို အွန်လိုင်းပေါ်သို့ တင်လိုက်လေသည်။
ထိုဗီဒီယိုကိုမြင်သောအခါ အားလုံးကြောင်အသွားကြသည်။
တော်တော်များများမှာ ဒေါသထွက်ကုန်ကြသည်။
ဤအခြေအနေမှာ သူတို့ကြားထားသည်နှင့် လုံးဝမတူညီပေ။
စားပွဲထိုးက အလွန်ယဉ်ကျေးပြီး သူ(မ)ကို လက်ဖျားနှင့်ပင် မရွယ်ခဲ့ပေ။
ဟုန်းဟုန်းကသာ မောက်မာပြီး အထက်စီးဆန်ခဲ့ပေသည်။
ထို့ပြင် ဟုန်းဟုန်းက တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် နစ်နာသူယောင်ဆောင်ကာ အမာခံပရိသတ်များကို ငတုံးများအလား လှည့်စားခဲ့သည်။
ဗီဒီယိုကိုကြည့်ပြီးနောက် ပရိသတ်များမှာ ဒေါသူပုန်ထကုန်ကြသည်။
"ဟုန်းဟုန်း... ဘယ်လိုတောင်လုပ်ရက်ရတာလဲ"
"ဟုန်းဟုန်း.. မင်းက ဒီလိုဖြစ်နေလိမ့်မယ်လို့ ထင်မထားဘူး"
"စိတ်ပျက်ဖို့ကောင်းလိုက်တာ"
"လွန်လွန်းတယ်။ ငါတို့က မင်းကို အားပေးနေတာလေ။ မင်းကတော့ ငါတို့ကို ဒီလိုအသုံးချလိုက်တာပေါ့"
"ငါတို့က လက်နက်တွေအဖြစ် အသုံးချခံခဲ့ရတဲ့ ငတုံးတွေဖြစ်နေတာကိုး"
"ဖောလိုးဖြုတ်မယ်။ ငါတို့က ဒီလိုတိုက်ရိုက်ထုတ်လွှင့်သူတစ်ယောက်ကို အားပေးရမှာလဲ"
ခဏအတွင်းမှာပင် ပရိသတ်အရေအတွက်အများအပြား ဖောလိုးဖြုတ်သွားချေသည်။ ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်များလည်း ဖောလိုးဖြုတ်သွားသည်။
သူ(မ)၏ဖော်လိုဝါများက ယင်ကောင်များအလား ပျံထွက်သွားသည်ကို မြင်သောအခါ ဟုန်းဟုန်းလည်း မျက်ရည်ဝဲသွားရသည်။
ထို့ပြင် ဤတစ်ခေါက်၌ သူ(မ)၏ပရိသတ်များကို နာကျင်အောင်လုပ်ခဲ့မိမှန်း သူ(မ) နားလည်လိုက်သည်။ သူတို့ကို ဆွဲထားရန်မှာ မဖြစ်နိုင်လောက်ပေ။
ဟုန်းဟုန်းက လက်ဖက်ရည်ဆိုင်မန်နေဂျာကို ဖုန်းဆက်၍ သူ(မ)၏အမှားကို ဝန်ချတောင်းပန်ပြီး ထိုစားပွဲထိုးမလေးကို အလုပ်မထုတ်ပါရန် တောင်းဆိုခဲ့သည်။
မန်နေဂျာခမျာ ကြောင်အသွားချေသည်။
သူသည် ဤကိစ္စနှင့်ပတ်သက်ပြီး ဆုံးရှုံးမှုများကို ရင်ဆိုင်ရန် ပြင်ဆင်ထားပြီးဖြစ်လေရာ မောက်မာလှသော ဤတိုက်ရိုက်ထုတ်လွှင့်သူက တက်တက်ကြွကြွတောင်းပန်လာလိမ့်မည်ဟု လုံးဝထင်မထားပေ။
အင်တာနက်ဖွင့်ကြည့်လိုက်သောအခါ ထိုတိုက်ရိုက်ထုတ်လွှင့်သူက လက်ဖက်ရည်ဆိုင်တွင် သောင်းကျန်းနေသည့် ဗီဒီယိုက အွန်လိုင်းပေါ်သို့ ရောက်နေလေသည်။
အင်တာနက်ပေါ်တွင် တိုက်ရိုက်ထုတ်လွှင့်သူကို ဝေဖန်နေကြတော့သည်။
"ဒီတိုက်ရိုက်ထုတ်လွှင့်သူက တော်တော်ယုတ်မာတာပဲ"
"ဟုတ်ပါ့။ စားပွဲထိုးလေး သနားပါတယ်"
"သူ့ပရိသတ်ကို မကောင်းတဲ့ရီဗျူးတွေပေးဖို့တောင် အားပေးအားမြှောက်လုပ်လိုက်သေးတယ်။ တော်တော်အဓိပ္ပာယ်မရှိတာ"
"အမလေး.. ဒီလောက်ပရိသတ်များနေရအောင် ဒီတိုက်ရိုက်ထုတ်လွှင့်သူမှာ ဘယ်လိုအရည်အချင်းမျိုးများရှိနေလို့လဲ။ သူတို့တွေက ကန်းနေကြတာလား"
"ဒီစားပွဲထိုးက အရမ်းပရော်ဖက်ရှင်နယ်ဆန်တာလေ။ ဘယ်လိုလုပ်ပြီး အလုပ်ထုတ်ခံလိုက်ရတာလဲ"
"မန်နေဂျာက သိက္ခာကိုမရှိဘူး။ တော်တော်စိတ်ပျက်ဖို့ကောင်းတာပဲ"
...
အင်တာနက်ပေါ်ရှိ ဝေဖန်စကားများကြောင့် လက်ဖက်ရည်ဆိုင်၏ အဆင့်သတ်မှတ်ချက်မှာ ထပ်တက်လာခဲ့သည်။ ကိုးမှတ်အထိပင် ရောက်လာချေပြီ။
လက်ဖက်ရည်ဆိုင်မန်နေဂျာကိုလည်း ဤကိစ္စနှင့်ပတ်သက်ပြီး စီမံခန့်ခွဲမှုညံ့ဖျင်းသည်ဟုဆိုကာ အလုပ်ထုတ်ပစ်လိုက်သည်။ ထိုစားပွဲထိုးမလေးကတော့ လက်ဖက်ရည်ဆိုင်၏မန်နေဂျာအသစ်အဖြစ် ရာထူးတိုးခံလိုက်ရသည်။
စားပွဲထိုးမလေးက ဤသတင်းကို ကြားသောအခါ လုံးဝထိတ်လန့်သွားသည်။
အစတုန်းကမူ ယဲ့ချန်းက သူ(မ)ကို သက်သက်လာနောက်နေသည်ဟု ထင်ထားပါသော်ငြား ယခုလိုအလှည့်အပြောင်းများ အမှန်တကယ်ဖြစ်လာလေသည်။
ယခုမူ သူ(မ)၏ဂုဏ်သတင်းကို ပြန်အဖတ်ဆည်နိုင်လိုက်ပြီဖြစ်ရာ လက်ဖက်ရည်ဆိုင်၏ အဆင့်သတ်မှတ်ချက်ကလည်း ကိုးမှတ်အထိ ပြန်ရောက်လာသည်။
ယဲ့ချန်းသုံးလိုက်သည့် ပိုက်ဆံအတွက်မူ ဟုန်းဟုန်းအနေနှင့် ယူမထားရဲသဖြင့် ယဲ့ချန်းကို ပြန်ပေးလိုက်သည်။
ယဲ့ချန်းက ခပ်ဖွဖွပြောလိုက်သည်။
"မင်းက တိုက်ရိုက်ထုတ်လွှင့်သူဆိုတော့ အကောင်းမြင်စိတ်လေးတွေ ဖြန့်ဝေပြီး မင်းရဲ့ပရိသတ်တွေကို စိတ်ရင်းအစစ်အမှန်နဲ့ဆက်ဆံပါ။ နားလည်လား"
ဟုန်းဟုန်းလည်း ခေါင်းညိတ်ပြလိုက်သည်။ သူ(မ) ဤတစ်ခေါက်တော့ သင်ခန်းစာရသွားလေပြီ။ နောက်ပိုင်းတွင် သူ(မ) နာမည်ပြန်ကြီးနိုင်မလားဆိုသည်မှာမူ မသေချာပေ။
သို့သော် ယခုမူ သူ(မ)၏ကျော်ကြားမှုက အောက်ဆုံးအထိ ထိုးကျသွားပြီဖြစ်ရာ ပြန်တက်နိုင်ရန်မှာ အမှန်တကယ်ခက်ခဲလှပေသည်။
ယဲ့ချန်းလည်း စားသောက်ဆိုင်ထဲက ထွက်လာခဲ့လိုက်သည်။ ယဲ့ချန်းတစ်ယောက် ကျားလိကားထဲသို့ ဝင်သွားသည်ကို မြင်သောအခါ ဟုန်းဟုန်းခမျာ ကြောင်အသွားလေသည်။
သန်းပေါင်းများစွာ လက်ဆောင်ပေးခဲ့ပါသော်ငြား တစ်သိန်းကျော်တန် ကားတစ်စီးကို မောင်းသည်ဆိုခြင်းမှာ အလွန်သိုသိုသိပ်သိပ်နိုင်လှသည်။
ယဲ့ချန်း ကားပေါ်သို့တက်လိုက်သည်နှင့် လင်းရှစ်ယင်ထံမှ ဖုန်းဝင်လာသည်။
"ကျောင်းအုပ်ယဲ့.. လီစန်းပြန်ရောက်လာပါပြီ။ သူက တရုတ်သိပ္ပံတက္ကသိုလ်က ပါမောက္ခတစ်ယောက်ကိုပါ ခေါ်လာပါတယ်။ သူတို့က အခု ရှင့်ကို တွေ့ချင်နေကြတယ်"
"တရုတ်သိပ္ပံတက္ကသိုလ်က ပါမောက္ခလား"
ယဲ့ချန်းခမျာ ခဏမျှတုံ့ဆိုင်းသွားသည်။
သို့သော် သူတို့၏လာရင်းကိစ္စကို သဘောပေါက်လိုက်သည်။ သူ့ပရောဂျက်က အထက်လူကြီးများ၏အာရုံကို ဆွဲဆောင်လိုက်နိုင်ဟန်တူသည်။
••••••••••••••••••
အပိုင်း ၄၁၇ : အကြီးအကဲချန် မှင်တက်သွားခြင်း
စတားတက္ကသိုလ်တွင် ဝမ်မုန့်အပါအဝင် ကျောင်းသားများက သူတို့၏နေ့ရက်များကို ဓာတ်ခွဲခန်းထဲတွင်သာ အချိန်ကုန်ဆုံးနေကြသည်။
ယဲ့ချန်းက သူတို့ကို လမ်းစအသစ်များ ဖွင့်လှစ်ပေးပြီး သင်ကြားပြသပေးခဲ့သည်။
ယခုမူ သူတို့သည် ထိုဗဟုသုတများကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးနေကြပြီဖြစ်၏။
ယဲ့ချန်းက သင်ခန်းစာများ ပို့ချပြီးနောက် လမ်းကြောင်းလွဲချော်မှုရှိမရှိ ရံဖန်ရံခါလာရောက်စစ်ဆေးပေးတတ်သည်။
လမ်းကြောင်း မှန်ကန်နေသရွေ့ ယဲ့ချန်းကလည်း ကြည့်ရုံသာကြည့်ပြီး ပြန်ထွက်သွားလေ့ရှိသည်။
ဤကာလအတွင်း ဗဟုသုတများကို လေ့လာဆည်းပူးပြီးနောက် ကျောင်းသားများမှာ နျူကလီးယားပေါင်းစပ်ခြင်းနှင့်ပတ်သက်ပြီး ပိုမိုနက်ရှိုင်းစွာ နားလည်လာကြသည်။
သူတို့သည် အစကတည်းက နျူကလီးယားစွမ်းအင်ကို စိတ်ဝင်စားကြသူများပင်။
ယခု ဤဗဟုသုတများ ရရှိလာချိန်တွင် သေချာလေ့လာလိုက်ရုံဖြင့် အလွယ်တကူ သဘောပေါက်နားလည်သွားကြသည်။
နျူကလီးယားပေါင်းစပ်ခြင်းသီအိုရီက နျူကလီးယားကွဲပွားခြင်းနှင့် ဆန့်ကျင်ဘက်ဟု ထင်ရသော်လည်း တူညီသောအချက်များစွာ ရှိသည်။
သို့သော် ဤကာလအတွင်း သူတို့ စိန်ခေါ်မှုအချို့နှင့် ရင်ဆိုင်ခဲ့ရသည်။ ဥပမာအားဖြင့် နျူကလီးယားပေါင်းစပ်ခြင်းဖြစ်စဉ်အတွင်း အပူချိန်ထိန်းချုပ်ခြင်းကဲ့သို့သော ကိစ္စမျိုးပင်။
နျူကလီးယားပေါင်းစပ်ခြင်းက အလွန်မြင့်မားလှသော အပူချိန်ကို ထုတ်လုပ်ပေးသဖြင့် ဤပြဿနာကို မဖြေရှင်းနိုင်ပါလျှင် စက်က စွမ်းအင်ကို သိုလှောင်ခြင်းနှင့် ထုတ်လွှတ်ခြင်းတို့ကို မလုပ်ဆောင်နိုင်ပေ။
ကျောင်းသားများက ယဲ့ချန်းထံတွင် အကူအညီတောင်းသော်လည်း ဤအခက်အခဲကို သူတို့ဘာသာကျော်ဖြတ်ရမည်ဟုသာ ယဲ့ချန်းက ပြောခဲ့သည်။
ဤပြဿနာက သူတို့ကို အမှန်တကယ် အကျပ်ရိုက်စေခဲ့သည်။
သို့သော် တစ်ညလုံး သုတေသနလုပ်ပြီးနောက် ဝမ်မုန့်မှာ ရုတ်တရက်ဆိုသလို အိုင်ဒီယာတစ်ခု ရလိုက်သည်။
"ဒြပ်စင်တစ်ခုကိုသုံးပြီး စွမ်းအင်ကို ယာယီအေးသွားအောင်လုပ်ရင်ရော"
ဝမ်မုန့်၏စကားကြောင့် သူတို့အားလုံး ရုတ်တရက် သဘောပေါက်သွားကြသည်။
ဤမျှရိုးရှင်းသော အယူအဆကို သူတို့ ဘာကြောင့် အရင်က မစဉ်းစားမိခဲ့ကြပါလိမ့်။
မကြာခင်မှာပင် ကျောင်းသားများက အအေးပေးစနစ်တစ်ခုကို တည်ဆောက်လိုက်ကြသည်။
လက်တွေ့စမ်းသပ်မှု စတင်လေပြီ။ ခန့်မှန်းထားသည့်အတိုင်းပင် အပူချိန်မြင့်မားမှုပြဿနာကို ဖြေရှင်းနိုင်ခဲ့ပြီဖြစ်၏။
ဝမ်မုန့်နှင့် အခြားသူများလည်း ဝမ်းသာအားရဖြင့် တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်လိုက်ကြသည်။
သူတို့ အလွန်စိတ်လှုပ်ရှားနေကြသည်။
ရုံးခန်းထဲတွင်ထိုင်နေသော ယဲ့ချန်းလည်း အချင်းချင်းပွေ့ဖက်နေကြသည့် ကျောင်းသားများကိုကြည့်ရင်း မျက်နှာထက်တွင် အပြုံးတစ်ပွင့် ပေါ်လာသည်။
ဤလူငယ်လေးများက အမှန်တကယ် ပါရမီရှိကြသည်မှာ ငြင်းမရပေ။
သူတို့ကို တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအမှတ်များဖြင့် အကဲဖြတ်မည်ဆိုလျှင် ဟွားနိုင်ငံအနေနှင့် နျူကလီးယားနယ်ပယ်တွင် ပါရမီရှင်အချို့ကို ဆုံးရှုံးရတော့မည်သာ။
ထိုအချိန်တွင် အသက်ကြီးကြီးပုဂ္ဂိုလ်တစ်ဦးက လူတစ်စုနှင့်အတူ စတားတက္ကသိုလ်ထဲသို့ ဝင်လာသည်။
ထိုလူမှာ ခေါင်းဆောင်အများအပြား ခြံရံထားသော ချန်ဟွားပင် ဖြစ်ချေသည်။
ချန်ဟွား၏ အဆင့်အတန်းမှာ အလွန်ထူးခြားလှသည်။ သူသည် ဟွားနိုင်ငံရှိ နည်းပညာနယ်ပယ်၏ အထင်ကရပုဂ္ဂိုလ်ကြီးတစ်ဦးပင်။
သတင်းထောက်အချို့ပင် သတင်းယူရန် လိုက်ပါလာကြသည်။
တရုတ်သိပ္ပံတက္ကသိုလ်၏ဥက္ကဋ္ဌက မိုတုမြို့သို့ ရောက်လာခြင်းမှာ ထူးခြားသော ကိစ္စတစ်ခုခု ရှိနေမည်မှာ သေချာပေသည်။
ယဲ့ချန်းကလည်း လင်းရှစ်ယင်နှင့်အတူ ကျောင်းပေါက်ဝသို့ သွားရောက်ကြိုဆိုလိုက်သည်။
အမှန်တော့ ယဲ့ချန်းက ဤသိပ္ပံပညာရှင်များကို အလွန်လေးစားသည်။ အနုပညာရှင်များနှင့် နှိုင်းယှဉ်လျှင် ဤသိပ္ပံပညာရှင်များက ဟွားနိုင်ငံ၏ အင်အားအတွက် ပိုမိုစွမ်းဆောင်ပေးခဲ့သည်မဟုတ်ပါလော။
"လမ်းညွှန်ပြသပေးဖို့ ကြွရောက်လာတဲ့ ခေါင်းဆောင်တွေကို ကြိုဆိုပါတယ်"
ယဲ့ချန်းက ပြုံးလျက် နှုတ်ဆက်လိုက်သည်။
လီစန်းက ချန်ဟွား၏ဘေးနားမှ မိတ်ဆက်ပေးလိုက်သည်။
"အကြီးအကဲချန်... သူက ယဲ့ချန်းပါ"
"ဘာ? သူက ယဲ့ချန်းလား"
အကြီးအကဲချန်လည်း ခဏမျှ မှင်တက်သွားသည်။
ယဲ့ချန်းက အလွန်ငယ်ရွယ်လွန်းလှသဖြင့် အသက်ငယ်ငယ်လေးနှင့် ကျောင်းအုပ်ကြီးဖြစ်နေခြင်း၊ နျူကလီးယားနယ်ပယ်အကြောင်း နက်နက်ရှိုင်းရှိုင်း နားလည်နေခြင်းတို့မှာ အကြီးအကဲချန်ကို အံ့သြသွားစေသည်။
အစတုန်းက ယဲ့ချန်းမှာ အသက်လေးဆယ် သို့မဟုတ် ငါးဆယ်ဝန်းကျင် ဖြစ်လိမ့်မည်ဟု သူ ထင်ခဲ့မိသည်။
ဤအသက်အရွယ်လေးဆိုလျှင် ယခုမှ ဘွဲ့ရခါစသာရှိပေဦးမည်။
သူက ဘယ်လိုလုပ်ပြီး နျူကလီးယားစွမ်းအင်အကြောင်း နက်နက်ရှိုင်းရှိုင်းနားလည်နေရသလဲ။
ထို့ပြင် အကြီးအကဲချန်မှာ နျူကလီးယားစွမ်းအင်အကြောင်း တစ်သက်လုံး သုတေသနလုပ်လာခဲ့သည်။ သို့တိုင် ယခုမှဘွဲ့ရခါစကောင်လေးတစ်ယောက်က သူ့ကို ကျော်တက်သွားချေသည်။
ယဲ့ချန်းက ပြုံးလျက် ပြောလိုက်လေသည်။
"အကြီးအကဲချန် မင်္ဂလာပါ။ ကျွန်တော်က စတားတက္ကသိုလ်ရဲ့ကျောင်းအုပ် ယဲ့ချန်းပါ"
အစောတုန်းက လင်းရှစ်ယင်က ချန်ဟွား၏သရုပ်မှန်ကို မိတ်ဆက်ပေးထားပြီးဖြစ်သော်ငြား အသက်ခုနစ်ဆယ်ကျော်နေပြီဖြစ်သော ဤလူက မိုတုမြို့အထိ ကိုယ်တိုင်ကိုယ်ကျလာလိမ့်မည်ဟု ယဲ့ချန်း ထင်မထားပေ။
ချန်ဟွားလည်း ခေါင်းညိတ်ပြပြီး ပြောလိုက်၏။
"မင်းက နျူကလီးယားဓာတ်ပေါင်းဖိုကို လက်တွေ့စမ်းသပ်မှုလုပ်နေတဲ့ ကျောင်းသားတွေကို ဦးဆောင်ပေးပြီး တိုးတက်မှုတချို့ရနေပြီလို့ လီစန်းဆီက ကြားထားတယ်"
သုတေသီတစ်ယောက်အနေနှင့် ချန်ဟွား၏အချိန်က အလွန်တန်ဖိုးရှိလှသည်ဖြစ်ရာ လိုရင်းကိုသာ တည့်တည့်ပြောလိုက်သည်။
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ပါတယ်။ ကျွန်တော့်ကျောင်းသားတချို့က ဒီစီမံကိန်းကို လုပ်ဆောင်နေကြတာပါ"
"ငါ လေ့လာကြည့်လို့ရမလား"
အကြီးအကဲချန်က မေးလိုက်၏။
အစတုန်းက ချန်ဟွားမှာ ယဲ့ချန်းအပေါ် အများကြီးမျှော်လင့်ထားသည်။
သို့သော် လူကိုယ်တိုင်မြင်လိုက်ရသောအချိန်တွင်မူ နည်းနည်းစိတ်ပျက်သွားရသည်။
ယဲ့ချန်းက အလွန်ငယ်လွန်းလှသည်။ သူ့အနေနှင့် ဤမျှအဆင့်မြင့်သော လက်တွေ့စမ်းသပ်မှုကို မည်သို့လုပ်ဆောင်နိုင်မည်နည်း။
ယဲ့ချန်းကမူ ခပ်ဖွဖွပြုံး၏။
"ရပါတယ်ဗျ"
သူတို့တစ်သိုက်လည်း စတားတက္ကသိုလ်၏ သုတေသနအဆောက်အအုံသို့ ရောက်လာခဲ့ကြသည်။
စတားတက္ကသိုလ်၏ နည်းပညာက တရုတ်သိပ္ပံတက္ကသိုလ်ထက် ပိုအထင်ကြီးဖို့ကောင်းကြောင်း လီစန်း ပြောပြခဲ့စဉ်က ချန်ဟွား မယုံခဲ့ပေ။
သို့သော် သူကိုယ်တိုင်မျက်မြင်တွေ့လိုက်ရချိန်ဝယ် အံ့သြမှင်တက်သွားချေသည်။
ဤသုတေသနအဆောက်အအုံကား စင်စစ်အံ့ဖွယ်ကောင်းလှသည်။
ဤနည်းပညာအကြောင်းအရာက တရုတ်သိပ္ပံတက္ကသိုလ်ကို ကျော်တက်သွားပြီဟုပင် ခံစားမိသည်။
ချန်ဟွားက လမ်းလျှောက်နေရင်း ယဲ့ချန်းကို မေးခွန်းတချို့ မေးမြန်းခဲ့သည်။
ထိုမေးခွန်းများမှာ ကမ္ဘာလုံးဆိုင်ရာနည်းပညာပုစ္ဆာများပင်။
ယဲ့ချန်းကမူ ထိုမေးခွန်းများကို တစ်ခုပြီးတစ်ခု ဖြေပေးလိုက်သည်။
ယဲ့ချန်း၏အဖြေက အလွန်နက်နဲလှသဖြင့် ချန်ဟွားခမျာ တချို့အဖြေများကို နားမလည်နိုင်ခဲ့ပေ။
အစတုန်းက သင်္ကာမကင်းဖြစ်ခဲ့သမျှမှာ ထိတ်လန့်မှုအဖြစ် ပြောင်းလဲသွားသည်။
ချန်ဟွားက သူ့တစ်သက်တွင် မည်သူ့ကိုမှ မလေးစားခဲ့ဖူးပါသော်ငြား ယနေ့တွင်မူ ယဲ့ချန်းကို လေးစားစိတ်များ ဖြစ်မိသည်။
မကြာခင်မှာပင် သူတို့အုပ်စုလည်း ဓာတ်ခွဲခန်းထဲသို့ ရောက်လာခဲ့သည်။
တရုတ်သိပ္ပံတက္ကသိုလ်က ကမ္ဘာပေါ်တွင် အကောင်းဆုံးသုတေသနကိရိယာများရှိသည်ဟု ကြွားဝါထားသည်။
သို့သော် စတားတက္ကသိုလ်၏ သုတေသနကိရိယာများကို မြင်လိုက်ရချိန်တွင်မူ လုံးဝအံ့သြမှင်တက်သွားရသည်။
"ဒီဓာတ်ခွဲခန်းက တော်တော်အံ့သြဖို့ကောင်းတာပဲ"
ယဲ့ချန်းက ပြောလိုက်၏။
"အကြီးအကဲဟွာ... ခင်ဗျားကလွဲပြီး တခြားဘယ်သူ့ကိုမှ အထဲဝင်ခွင့်မပြုပါဘူး"
လက်တွေ့စမ်းသပ်မှုမှာ လျှို့ဝှက်အဆင့်တွင်သာ ရှိသေးသဖြင့် မသက်ဆိုင်သောလူများကို ဓာတ်ခွဲခန်းထဲသို့ ဝင်ခွင့်မပြုနိုင်ချေ။
ချန်ဟွားလည်း ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီ။ နားလည်ပါတယ်"
"အားလုံးပဲ.. အပြင်မှာ စောင့်နေပေးပါ"
ခေါင်းဆောင်များအားလုံးလည်း ခေါင်းညိတ်ပြကြသည်။
ထို့နောက် အကြီးအကဲချန်က အကာအကွယ်ဝတ်စုံကို ဝတ်ဆင်၍ ယဲ့ချန်းနှင့်အတူ ဓာတ်ခွဲခန်းထဲသို့ ဝင်လာခဲ့လိုက်သည်။
ထိုအချိန်တွင် ဝမ်မုန့်နှင့် သူ့သုတေသနအဖွဲ့ကလည်း ပထမအဆင့်လေ့ကျင့်ရေးကို လုပ်ဆောင်ပြီးစီးသွားသည်။
သူတို့သည် ယခုလေးတင် ဒုတိယအဆင့်ကို စတင်လိုက်သည်။
သူတို့၏သုတေသနထုတ်ကုန်မှာ ပုံပေါ်နေလေပြီ။ သို့သော် ဤသည်မှာ ပုံကြမ်းမျှသာဖြစ်ပြီး စွမ်းအင်တချို့ကို စုဆောင်းနိုင်သော်ငြား လိုချင်သောရလဒ်ကို ရရန်မှာမူ အလှမ်းဝေးနေသေးသည်။
သူတို့ တစ်ဖန်အခက်တွေ့ရပြန်သဖြင့် အထပ်ထပ်အခါခါ လက်တွေ့စမ်းသပ်မှုပြန်လုပ်ရသည်။
ထိုအချိန်တွင် ယဲ့ချန်းနှင့် ချန်ဟွားက အထဲသို့ဝင်လာလေသည်။
ကျောင်းသားများက ယဲ့ချန်းကိုမြင်သောအခါ သူတို့၏သုတေသနကိရိယာများကို အမြန်အောက်ချပြီး တလေးတစားနှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ ကျောင်းအုပ်ယဲ့"
ယဲ့ချန်းလည်း ခေါင်းညိတ်ပြပြီး ကျောင်းသားများကို မိတ်ဆက်ပေးလိုက်သည်။
"ဒါက ဟွားနိုင်ငံရဲ့ နာမည်ကြီးနျူကလီးယားစွမ်းအင်ပညာရှင် ပါမောက္ခချန်ဟွားပဲ"
"ချန်ဟွားလား"
ထိုနာမည်ကိုကြားသောအခါ အားလုံး မှင်တက်သွားကြသည်။
သူတို့အတွက်တော့ ချန်ဟွားဟူသော နာမည်မှာ အလွန်အရေးပါလှသည်။
ထိုလူမှာ ဟွားနိုင်ငံ၏ နျူကလီးယားစွမ်းအင်နယ်ပယ်ထဲရှိ ထိပ်တန်းသိပ္ပံပညာရှင်တစ်ယောက်ပင်။
ဤမျှထူးချွန်သော သိပ္ပံပညာရှင်တစ်ယောက်က သူတို့ဆီသို့ ရောက်လာလိမ့်မည်ဟု လုံးဝထင်မထားချေ။
ယခင်ကမူ တရုတ်သိပ္ပံတက္ကသိုလ်မှာ သူတို့၏ရည်မှန်းချက်ဖြစ်ခဲ့သည်။ သို့သော် ယခုမူ စတားတက္ကသိုလ်သို့ ရောက်လာပြီးနောက် သူတို့ထံတွင် ထိုအတွေးမျိုး မရှိတော့ပေ။
စတားတက္ကသိုလ်က သူတို့အတွက် အိပ်မက်များ အကောင်အထည်ပေါ်လာသော နေရာတစ်ခုပင်။
"မင်္ဂလာပါ အကြီးအကဲချန်"
ကျောင်းသားများက တလေးတစားနှုတ်ဆက်လိုက်ကြသည်။
အကြီးအကဲချန်က အဆင့်အတန်းမြင့်မားသူတစ်ယောက်ဖြစ်သော်ငြား သဘောကောင်းသဖြင့် အလွန်ရင်းနှီးဖော်ရွေပေသည်။
"အင်း... မင်းတို့ လုပ်စရာရှိတာ ဆက်လုပ်ကြပါ။ ငါက မင်းတို့ရဲ့လက်တွေ့စမ်းသပ်မှုကို စောင့်ကြည့်ဖို့ လာခဲ့တာပါ"
အကြီးအကဲချန်က ထိုသို့ပြောပြီးနောက် ကျောင်းသားများ၏ လက်တွေ့စမ်းသပ်မှုကို ကြည့်နေသည်။
ကျောင်းသားများလည်း သူတို့၏လက်တွေ့စမ်းသပ်မှုကို ဆက်လုပ်ကြသည်။
ကျောင်းသားများ၏ လုပ်ပုံကိုင်ပုံကိုကြည့်ရင်း အကြီးအကဲချန်လည်း လုံးဝအံ့အားသင့်သွားလေသည်။
ဤသည်မှာ သူဖန်တီးချင်နေသော အရာပင်မဟုတ်ပါလော။
တစ်ခုတည်းသော ကွာခြားချက်မှာ ကျောင်းသားများ၏လက်ထဲတွင် လက်ဆုပ်လက်ကိုင်ပြနိုင်သော အရာတစ်ခု ဖြစ်လာခဲ့သည်။ သူတို့၏တရုတ်သိပ္ပံတက္ကသိုလ်က သီအိုရီပိုင်းဆိုင်ရာအတည်ပြုရေးအဆင့်မှာသာ ရှိသေးသည်။
ပြောရမည်ဆိုလျှင် စတားတက္ကသိုလ်၏နည်းပညာက သူတို့ထက် ဆယ်နှစ်ကျော်ခန့် ရှေ့ရောက်နေချေသည်။
ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ....