← Chapters

လျှို့ဝှက်နယ်မြေ သခင်

Vol. 20 Ch. 198

လျှို့ဝှက်နယ်မြေ သခင်

Vol. 20 Ch. 198

"အရမ်း ကြီးနေလို့လား..."

ကျုံးချင်က တီးတိုးရေရွတ်လိုက်သည်။

သူ၏ကမ္ဘာငယ်လေးသည် ယခုအချိန်၌ အကျယ်အဝန်းအားဖြင့် အတော်လေး ကျယ်ပြန့်နေလေပြီ။

သဘောတရားအရဆိုလျှင် ဤမျှော်စင်ကို ထည့်သွင်းရန် လုံလောက်သည်ထက် ပိုနေသင့်သည်။

သို့သော် သူ၏ကမ္ဘာငယ်လေးထဲသို့ ချက်ချင်းစုပ်ယူနိုင်သော ပစ္စည်းများထံ၌ အရွယ်အစား ကန့်သတ်ချက် ရှိနေပုံရသည်။

ဤမျှော်စင်သည် ထိုကန့်သတ်ချက်ကို ကျော်လွန်နေသဖြင့် သူ ထိတွေ့လိုက်သော အစိတ်အပိုင်းများကိုသာ ယူဆောင်နိုင်ခဲ့ခြင်း ဖြစ်ပေ၏။

သို့သော် ဤသည်မှာ သဘာဝကျသော ကိစ္စတစ်ရပ်ပင်။ အကယ်၍ သူ စုပ်ယူနိုင်သော ပစ္စည်းများ၌ အရွယ်အစား ကန့်သတ်ချက်သာ မရှိခဲ့လျှင် တောင်တစ်လုံး သို့မဟုတ် မြို့တစ်မြို့လုံးကိုပင် သူ၏လက်ကို ဝှေ့ယမ်းလိုက်ရုံဖြင့် သူ၏ကမ္ဘာငယ်လေးထဲသို့ ထည့်သွင်းနိုင်မည် မဟုတ်လော။

ထိုသို့ဖြစ်နေပါက အမှန်တကယ်ကို တရားလွန်သွားပေမည်။ ယန်သုံးပါးနယ်ပယ် စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ဦးထံ၌ပင် ထိုကဲ့သို့စွမ်းရည်မျိုး ရှိချင်မှ ရှိပေလိမ့်မည်။

ကျုံးချင်သည် သူ၏ကိုယ်ပိုင် အတွေးကမ္ဘာထဲတွင် နှစ်မြှုပ်နေဆဲဖြစ်ကြောင်း သိသာထင်ရှားပေ၏။

အဘိုးအို ထွက်ပေါ်လာသည့်တိုင် သူ၏စိတ်ကူးများ ရပ်တန့်မသွားချေ။

"လူငယ်လေး... အတိုင်းအတာထက် ကျော်မလာနဲ့..."

ပုံရိပ်ယောင်အဘိုးအိုက အံကြိတ်ထားသောအသံဖြင့် ထပ်မံ၍ ပြောဆိုလိုက်သည်။

"ငါ ချန်ထားခဲ့တဲ့ ရွှေရောင်မျှော်စင်က အမွေဆက်ခံသူတွေကို စမ်းသပ်ဖို့ ထားခဲ့တာ..."

"မင်း ဖြုတ်ယူဖို့ မဟုတ်ဘူး..."

ဤကျုံးချင်သည် အမွေအနှစ်နန်းတော်ထဲသို့ ဝင်ရောက်လာသည်နှင့် ပစ္စည်းများကို စတင်၍ ဖြုတ်ယူခဲ့သည်။ သူ သည်းခံခဲ့သော်လည်း ယခုချိန်၌ သူ၏အမွေအနှစ်ဖြစ်သော ရွှေရောင်မျှော်စင်ကိုပင် ဖြုတ်ယူလိုနေသည်။

ဤအဆင့်သို့ ရောက်ချိန်၌ သူ လုံးဝငြိမ်မနေနိုင်တော့ချေ။

ပုံမှန် အခြေအနေများအောက်တွင် ကျုံးချင်၏ ယင်သုံးပါးနယ်ပယ် စွမ်းအားဖြင့်ဆိုလျှင် မျှော်စင်ကို အနည်းငယ်မျှ ထိခိုက်အောင် ပြုလုပ်နိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် ဤလူငယ်သည် အနည်းငယ် ထူးဆန်းနေပုံရသည်။ သူ ရောက်လာချိန်တွင် တံခါးတိုင်လုံး တစ်တိုင်ကို ဖြုတ်ယူနိုင်ခဲ့ပြီးဖြစ်သည်။

အကယ်၍ သူသာ နောက်ကျခဲ့လျှင် မျှော်စင်သည် ကြီးမားသော ဘေးဒုက္ခနှင့် ကြုံတွေ့ရနိုင်ဖွယ် ရှိသည်။

ထိုအချိန်တွင် ကျုံးချင်၏အကြည့်သည် အဘိုးအိုထံသို့ နောက်ဆုံး၌ ကျရောက်သွားပေ၏။

သို့သော် ကျုံးချင်သည် အဘိုးအို၏ပုံပန်းသွင်ပြင်ကြောင့် အံ့အားသင့်သွားခြင်း မရှိချေ။ သူသည် ထိုအဘိုးအို၏တည်ရှိမှုကို ကြိုတင်၍ အာရုံခံမိပြီးဖြစ်သည်။

သို့သော် မင်ဆုရှင်းကမူ ကွဲပြားခြားနားသည်။ သူမသည် အစပထမ၌ အံ့အားသင့်သွားပြီးနောက် ဤပုံရိပ်ယောင်အဘိုးအိုသည် ဤလျှို့ဝှက်နယ်မြေ၏သခင် ဖြစ်နေနိုင်သည်ဟု သူမ နားလည်သဘောပေါက်သွားသည်။

"လျှို့ဝှက်နယ်မြေ သခင်လား..."

မင်ဆုရှင်း၏မေးခွန်းကို ကြားချိန်၌ ပုံရိပ်ယောင် အဘိုးအိုသည် ခေါင်းမော့ရင်ကော့လိုက်ပြီး သူ၏ မုတ်ဆိတ်မွှေးရှည်ကြီးကို ပွတ်သပ်လိုက်သည်။

"ငါက ဆရာသခင်မင်ရှဲ့ပဲ... ဒီ လျှို့ဝှက်နယ်မြေကို ငါ ဖန်တီးခဲ့တာ..."

"အင်း... ဒါပေမဲ့ တိတိကျကျ ပြောရရင် ငါ သေဆုံးသွားတာ ကြာလှပြီ... အခု မင်း မြင်နေရတာက ဒီလျှို့ဝှက်နယ်မြေရဲ့ စည်းမျဉ်းတွေနဲ့ ပေါင်းစပ်ထားတဲ့ ငါ့ရဲ့နတ်ဘုရားစိတ်အာရုံ တစိတ်တစ်ပိုင်းပဲ..."

"လုံလောက်တဲ့ ထူးချွန်မှုရှိတဲ့ စမ်းသပ်ခံသူတွေသာ ငါ့ရဲ့နောက်က ရွှေရောင်မျှော်စင်ထဲက စမ်းသပ်မှုကို အောင်မြင်နိုင်လိမ့်မယ်... အဲ့ဒီအချိန်ကျမှသာ ငါ့ရဲ့အမွေအနှစ်ကို ဆက်ခံဖို့ ငါက လမ်းညွှန်ပြသပေးမှာပါ..."

မင်ဆုရှင်း၏အကြည့် ရွေ့လျားသွားပြီး သူမ၏နံဘေးတွင် ခံစားချက်ကင်းမဲ့သော အမူအယာဖြင့် ရှိနေသည့် ကျုံးချင်ကို ကြည့်လိုက်၏။

လုံလောက်သော ထူးချွန်မှုရှိသည့် စမ်းသပ်ခံသူ...

ဤှအဘိုးအိုသည် ကျုံးချင်ကို ရည်ညွှန်းနေခြင်း ဖြစ်သလော...

ပါရမီနှင့်စွမ်းအားကို ဘေးဖယ်ထားလိုက်လျှင် စမ်းသပ်ကွင်းတစ်ခုလုံးကို ဖြုတ်ယူလိုနေသည့် ကျုံးချင်ကို ထူးချွန်သော စမ်းသပ်ခံသူဟု သတ်မှတ်၍ ရနိုင်မည်လော....

မင်ဆုရှင်း၏ အနည်းငယ် ထူးဆန်းနေသော အကြည့်ကို သတိထားမိသော ပုံရိပ်ယောင် အဘိုးအို မင်ရှဲ့က ချောင်းအနည်းငယ် ဟန့်လိုက်သည်။

"အဟန်း..ဒါက ထူးခြားတဲ့ အခြေအနေ တစ်ခုပါ..."

ထိုစကားကိုပြောဆိုရင်း သူသည် ကျုံးချင်ကို ကြည့်ပြီး ဒေါသတကြီး ပြောဆိုလိုက်သည်။

"လူငယ်လေး... မင်းက အမွေအနှစ်ကို လိုချင်ရင် စမ်းသပ်မှုမှာ ရိုးရိုးသားသား ပါဝင်ပါ... မျှော်စင်ကို ဖြုတ်ယူဖို့ ကြိုးစားတာကတော့ မင်း တကယ်ပဲ..."

သို့သော် သူ၏စကားမဆုံးမီမှာပင်ကျုံးချင် ရှင်းပြသော စကားသံကို ကြားလိုက်ရသည်။

"စိတ်မကောင်းပါဘူး... ကျွန်တော်က အမွေအနှစ်အတွက်လာတာ မဟုတ်ဘူး..."

ထိုစကားကို ကြားချိန်၌ ဆရာသခင်မင်ရှဲ့နှင့် မင်ဆုရှင်းတို့နှစ်ယောက်လုံး ကြက်သေသေသွားကြသည်။

အမွေအနှစ်ကို မလိုချင်ပါက သူသည် လျှို့ဝှက်နယ်မြေထဲသို့ မည်သည်ကြောင့် လာရောက်ခဲ့သနည်း။

ကျုံးချင်က ထိုစကားကို ပြောဆိုပြီးနောက် သူသည် လက်နှစ်ဖက်ကိုပူးဆုပ်ကာ ဆရာသခင်မင်ရှဲ့ကို ဦးညွတ်လိုက်သည်။ ထို့နောက် သူ၏ အကြည့်သည် မျှော်စင်ဆီသို့ ပြန်ရောက်သွားပြီး မျှော်စင်ကို ထိတွေ့ရန် သူ၏လက်ကို ထပ်မံ၍ ဆန့်တန်းလိုက်၏။

မျှော်စင်တစ်ခုလုံးကို သူ တစ်ကြိမ်တည်းဖြင့် ယူဆောင်၍ မရနိုင်ပါက တစ်စစီခွဲယူ၍ ရကောင်းရနိုင်ပေလိမ့်မည်။

အစောပိုင်းက သူသည် တံခါးတိုင်လုံးတစ်တိုင်ကို ဝါးမြိုပြီးပြီ မဟုတ်လော။ အဆိုးဆုံး အခြေအနေ၌ ထိုအရာအားလုံးကို သူ၏ကမ္ဘာငယ်လေးထဲသို့ ဝါးမြိုပြီးမှ ပြန်လည်တပ်ဆင်လိုက်ရုံသာဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ သူ၏ကမ္ဘာငယ်လေးထဲတွင် ဆိုပါက သူသည် အတွေးတစ်ချက်ဖြင့် အရာအားလုံးကို ထိန်းချုပ်နိုင်သည် မဟုတ်လော။

မူလက ဆရာသခင်မင်ရှဲ့ စတင်၍ ထွက်ပေါ်လာစဉ်တွင် သူ အနည်းငယ် သတိထားခဲ့သည်။

ဤလျှို့ဝှက်နယ်မြေကို ဖန်တီးနိုင်စွမ်း ရှိသော တည်ရှိမှုတစ်ခုသည် ယန်သုံးပါးနယ်ပယ် သို့မဟုတ် ထိုထက် မြင့်မားသော အဆင့်ရှိသည့် တည်ရှိမှုကြီး တစ်ခု ဖြစ်ရပေမည်။

ကျုံးချင်သည် သူ၏ဝှက်ဖဲ အမျိုးမျိုးကြောင့် အထူးတလည် ကြောက်ရွံ့သောအရာဟူ၍ မရှိချေ။ သို့ရာတွင် လျှို့ဝှက်နယ်မြေသခင် တစ်ဦး အနေဖြင့် တစ်ဖက်လူထံ၌ အိမ်ကွင်းအားသာချက် ရှိနေသည်။ အကယ်၍ သူတို့ တိုက်ခိုက်ကြပါက သူ ရှာဖွေနေသော အရာကို ရှာတွေ့ရန် အခွင့်အရေး ရရှိချင်မှ ရရှိပေလိမ့်မည်။

သို့သော် ဆရာသခင်မင်ရှဲ့ကိုယ်တိုင် သူသည် နတ်ဘုရားစိတ်အာရုံ တစိတ်တစ်ပိုင်းသာ ဖြစ်ကြောင်း ပြောဆိုခဲ့သဖြင့် ကျုံးချင်က သူ၏ဝေခွဲရခက်နေမှုများကို ချက်ချင်းဖယ်ရှားလိုက်ပြီး မျှော်စင်ကို ဆက်လက်၍ ဖြုတ်ယူရန် ဟန်ပြင်လိုက်၏။

မည်သို့ပင်ဆိုစေကာမူ မျှော်စင်သည် ဤနေရာ၌ ဤအတိုင်း ရှိနေခြင်းသာဖြစ်သည်။ သူ ယူဆောင်သွားခြင်း မပြုပါက အလဟဿ ဖြစ်သွားပေလိမ့်မည်။

ဆရာသခင်မင်ရှဲ့သည် ဒေါသကြောင့် မူးမေ့လဲကျလုနီးပါး ဖြစ်သွားပြီး အလျင်အမြန် အော်ဟစ်လိုက်သည်။

"ရပ်လိုက်... ဒီမျှော်စင်ကို မင်း ဖြုတ်ယူလိုက်ရင် စမ်းသပ်မှုက ဘယ်လို ဆက်လုပ်မလဲ...မင်း ဆက်လုပ်ရင် အကျိုးဆက်တွေက အရမ်း ပြင်းထန်လိမ့်မယ်..."

သို့သော် ကျုံးချင်သည် ရပ်တန့်မည့် အရိပ်အယောင် မရှိသည်ကို မြင်သောအခါ နတ်ဘုရားစိတ်အာရုံတစ်ခု အနေဖြင့် တဖက်လူက လျှို့ဝှက်နယ်မြေ စည်းမျဉ်းများကို မထိပါက သူ့ထံ၌ တားဆီးရန် စွမ်းအား များစွာမရှိချေ။

ထို့ကြောင့် သူ၏လေသံကို လျှော့လိုက်ရုံသာ တတ်နိုင်တော့သည်။

"မိတ်... မိတ်ဆွေလေး... ကျေးဇူးပြုပြီး ခဏလောက် စောင့်ပါအုံး... ငါ မင်းနဲ့ ဆွေးနွေးစရာ ရှိလို့ပါ..."

ကျုံးချင်၏လက်သည် ရွှေရောင်မျှော်စင်ဆီသို့ ဖြည်းညှင်းစွာ ချဥ်းကပ်သွားနေဆဲ ဖြစ်သည်ကို မြင်တွေ့ချိန်၌ ဆရာသခင်မင်ရှဲ့သည် အနည်းငယ် ထိတ်လန့်သွားပေ၏။

"မိတ်ဆွေလေး... မဟုတ်ဘူး... သခင်လေး... မင်းက ဒီလျှို့ဝှက်နယ်မြေကို လာခဲ့ပေမယ့် အမွေအနှစ်ကို စိတ်မဝင်စားဘူး ဆိုတော့ တခြားအရာတစ်ခုခုက မင်းကို ဆွဲဆောင်နေတာပဲ ဖြစ်မယ်လို့ ငါ ယူဆမိတယ်..."

ရွှေရောင်မျှော်စင်ဆီသို့ လက်လှမ်းနေသော ကျုံးချင်၏လက် ရပ်တန့်သွားပြီး သူသည် ဆရာသခင်မင်ရှဲ့ဘက်သို့ လှည့်ကြည့်ကာ မေးမြန်းလိုက်သည်။

"ခင်ဗျား ဘာပြောချင်လို့လဲ..."

ဆရာသခင်မင်ရှဲ့က သက်ပြင်းချလိုက်ပြီး သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ကာ အလွန်ယဥ်ကျေးသိမ်မွေ့စွာဖြင့် ဦးညွှတ်ပြီး ပြောဆိုသည်။

"သခင်လေးရဲ့ လေးစားရတဲ့ နာမည်ကို သိခွင့်ရှိမလား..."

ကျုံးချင်က အချိန်တခဏကြာခန့် ရပ်တန့်သွားပြီးနောက် သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ ပြန်လည်၍ ဦးညွှတ်လိုက်သည်။

"ကျုံးချင်..."

"အော်... သခင်လေး ကျုံးချင် ပါလား... ငါတို့ ဒီဘက်မှာ စကားပြောကြရင် ဘယ်လိုလဲ..."

သူသည် မင်ဆုရှင်းကို မျက်လုံးထောင့်မှ တစ်ချက် ကြည့်လိုက်ပြီးနောက် ကျုံးချင် မျှော်စင်ဆီသို့ ဆက်လက်၍ ချဉ်းကပ်သွားမည်ကို စိုးရိမ်သဖြင့် ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုလိုက်သည်။

ကျုံးချင်သည် ဆရာသခင်မင်ရှဲ့ ပြောဆိုမည့် စကားကို အမှန်တကယ် စိတ်ဝင်စားနေသည်။ လျှို့ဝှက်နယ်မြေသခင် တစ်ဦးအနေဖြင့် သူ ရှာဖွေနေသော အရာ မည်သည့်နေရာတွင် ရှိသည်ကို ထိုအဘိုးအိုက သိရှိနေနိုင်သည်။

ထို့ကြောင့် သူ ခေါင်းညိတ်ပြပြီး ဆရာသခင်မင်ရှဲ့နှင့်အတူ နံဘေးတစ်ဖက်သို့ သွားလိုက်သည်။

ဟေးပိုင်ကလည်း နောက်မှ ထပ်ချပ်မကွာ လိုက်ပါသွားသည်။

ဆရာသခင်မင်ရှဲ့က မျက်မှောင် အနည်းငယ် ကြုတ်လိုက်ရာ ကျုံးချင်က ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။

"ကိစ္စမရှိပါဘူး... ဟေးပိုင်က ကျွန်တော့်ရဲ့လူပါ..."

ထိုအချိန်မှသာ ဆရာသခင်မင်ရှဲ့က ခေါင်းညိတ်လိုက်၏။

"သခင်လေး ကျုံးချင်က ကိစ္စမရှိဘူးလို့ ပြောမှတော့ ကိစ္စမရှိပါဘူး..."

မူလနေရာတွင် ကျန်ရစ်ခဲ့သော မင်ဆုရှင်းသည် သူမ၏နီမြန်းသောနှုတ်ခမ်းကို ခပ်ဖွဖွ ကိုက်လိုက်ပြီး သူမ၏မျက်လုံးအကြည့် လှုပ်ရှားသွားသည်။ သူမ မကြားစေလိုသော အရာတစ်ခုသည် ဆရာသခင်မင်ရှဲ့ထံတွင် ရှိနေကြောင်း သူမ သိရှိထားသည်။ သူမ မလိုလားသော်လည်း မည်သို့မျှ မတတ်နိုင်ချေ။

မည်သို့ပင်ဆိုစေကာမူ သူမ၏ကိုယ်ပိုင်စွမ်းအားသည် ဤလျှို့ဝှက်နယ်မြေသခင်နှင့် စကားပြောဆိုရန် လုံလောက်ခြင်း မရှိချေ။

နံဘေးတစ်ဖက်တွင် ဆရာသခင်မင်ရှဲ့၏ အကြည့်သည် ကျုံးချင်အပေါ်သို့ စူးစိုက်၍ ကျရောက်သွားသည်။ ဤလူ၏လုပ်ရပ်များသည် အလွန်အမင်း ကျင့်ဝတ်ထုံးတမ်းမဲ့သဖြင့် သူ့ကို ဒေါသထွက်စေသော်လည်း ဤလူ၏ ပါရမီသည် အမှန်တကယ်ကို အံ့အားသင့်စရာ ကောင်းလှကြောင်း ငြင်းဆန်၍ မရနိုင်ပေ။

ဤမျှထိ ငယ်ရွယ်သော အသက်အရွယ်ဖြင့် ယင်သုံးပါးနယ်ပယ် တတိယအဆင့် ကျင့်ကြံဆင့်ကို ပိုင်ဆိုင်ထားရုံသာမက သူ၏နည်းလမ်းများသည်လည်း ခန့်မှန်း၍ မရနိုင်ပေ။ သူ စီစဉ်ထားသော ဝင်္ကပါများအားလုံးကို အကျိုးသက်ရောက်မှု မရှိစေရုံသာမက သူ၏ အမွေအနှစ်မျှော်စင်ကိုပင် လက်ဗလာဖြင့် ဖြုတ်ယူလုနီးပါး ဖြစ်စေခဲ့သည်။

သူ၏လုပ်ရပ်များကို ထည့်မတွက်လျှင် သူသည် အသင့်တော်ဆုံး အမွေဆက်ခံသူ ဖြစ်သည်ဟု ပြောနိုင်ပေ၏။

ကျုံးချင်သည် လျှို့ဝှက်နယ်မြေကို ဖြတ်သန်းစဉ်က သူ၏ကျင့်ကြံဆင့်စွမ်းအားကို အနည်းငယ် ထုတ်ဖော်ပြသခြင်း မပြုခဲ့လျှင် ဆရာသခင်မင်ရှဲ့အနေဖြင့် သူ့ထံ၌ ယင်သုံးပါးနယ်ပယ် တတိယအဆင့် ကျင့်ကြံဆင့်စွမ်းအားရှိသည်ဟု ခွဲခြားသိမြင်နိုင်လိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် ဆရာသခင်မင်ရှဲ့က ပြောဆိုလိုက်သည်။

"သခင်လေး ကျုံးချင်... ဒီမျှော်စင်ထဲမှာ ငါ့ရဲ့ဘဝတလျှောက်လုံး ကြိုးပမ်းအားထုတ်ခဲ့မှုရဲ့ ရလဒ်တွေ ရှိတယ်... စမ်းသပ်မှု မျှော်စင်ရဲ့ ထိပ်ဆုံးမှာ ငါ ကျင့်ကြံခဲ့တဲ့ ကျင့်ကြံနည်းစနစ်နဲ့ ကျင့်ကြံခြင်းအပေါ် ထိုးထွင်းသိမြင်မှုတွေ ပါဝင်တယ်..."

"တကယ်လို့ မင်းက အမွေအနှစ်ကို ရရှိရင် ယန်သုံးပါးနယ်ပယ်ကို ချိုးဖျက်ဝင်ရောက်ဖို့ လွယ်ကူမှာဖြစ်ပြီးတော့ ပိုပြီးမြင့်မားတဲ့ နယ်ပယ်တွေတောင် မင်း လက်လှမ်းမီတဲ့နေရာမှာ ရှိနေမှာပါ..."

"မင်း ဆန္ဒရှိရင် မျှော်စင်ထဲကို ဝင်ရောက်ပြီးတော့ ငါ့ရဲ့ အမွေအနှစ်ကို ဆက်ခံနိုင်တယ်... မင်းရဲ့ စွမ်းအားနဲ့ဆိုရင် စမ်းသပ်မှုကို ဖြတ်ကျော်ဖို့က သေချာပေါက် လွယ်ကူ..."

သို့သော် သူ၏စကားမဆုံးမီ ကျုံးချင်က ကြားဖြတ်ပြောဆိုလိုက်၏။

"စိတ်မကောင်းပါဘူး... ကျွန်တော်က အဲ့ဒါကို မလိုအပ်ဘူး..."

ဆရာသခင်မင်ရှဲ့၏ မဆုံးသေးသော စကားများသည် သူ၏လည်ချောင်းထဲတွင် တိုက်ရိုက် တစ်ဆို့သွားသည်။ သူသည် အချိန်တခဏယူ၍ သူ၏စကားများကို ပြန်မျိုသိပ်ပြီးနောက် အနေခက်စွာဖြင့် ပြောဆိုလိုက်သည်။

"သခင်လေးက စိတ်မဝင်စားဘူး ဆိုမှတော့ ငါ့ရဲ့ အမွေအနှစ်က သခင်လေးနဲ့ ရေစက်မပါဘူးလို့ ထင်ရတယ်..."

"ခုဏက ခင်ဗျား ပြောခဲ့တဲ့ အကြောင်းအရာကို ပြောကြရအောင်..."

ကျုံးချင်က ဆရာသခင်မင်ရှဲ့ကို စူးစိုက်၍ကြည့်လိုက်သည်။

"ခင်ဗျားရဲ့ လျှို့ဝှက်နယ်မြေထဲမှာ အမွေအနှစ်နဲ့ သက်ဆိုင်တဲ့ အရာတွေထက် ပိုတဲ့အရာတွေ ရှိနေလောက်တယ်..."

ဆရာသခင်မင်ရှဲ့က ခေါင်းညိတ်ပြပြီး သက်ပြင်းချလိုက်၏။

"ကြည့်ရတာတော့ သခင်လေးရဲ့ ထိုးထွင်းသိမြင်မှုကလည်း ထူးခြားပြောင်မြောက်ပုံရတယ်..."

"အတိတ်မှာ ဒီပိုင်ဖုန်းလွင်ပြင်က ရှေးဟောင်းခေတ်တုန်းက အဓိကဂိုဏ်းကြီးတစ်ဂိုဏ်း တည်ရှိခဲ့တဲ့ နေရာဆိုတာ သခင်လေး သိလား..."

ကျုံးချင်က ခေါင်းညိတ်လိုက်သည်။

"ကျွန်တော် ကြားဖူးပါတယ်... ဒါက မဟာနှင်းတောင်ဂိုဏ်းပဲ..."

ဆရာသခင်မင်ရှဲ့က ခေါင်းညိတ်ပြပြီး ပြောဆိုသည်။

"အမှန်ပဲ... ဒီမဟာနှင်းတောင်ဂိုဏ်းက သာမန်ဂိုဏ်းတစ်ဂိုဏ်း မဟုတ်ဘူး... ဒီဂိုဏ်းက ရှေးဟောင်းခေတ်တုန်းက မြောက်ပိုင်းဒေသရဲ့ အရှင်သခင် ဖြစ်ခဲ့တယ်... အဲ့ဒီအချိန်တုန်းက မြောက်ပိုင်းဒေသ တစ်ခုလုံးမှာ မဟာနှင်းတောင်ဂိုဏ်း တစ်ဂိုဏ်းတည်းကပဲ အဓိက အင်အားစုအဖြစ် ရှိခဲ့တာပါ..."

"ဒီဂိုဏ်းရဲ့ အထွတ်အထိပ်ကာလတုန်းက မဟာနှင်းတောင်ဂိုဏ်းရဲ့ စွမ်းအားက အလယ်ပိုင်းဒေသတောင်မှ အလေးအနက်ထားပြီး ဆက်ဆံရတဲ့ အဆင့်မှာ ရှိခဲ့တယ်..."

"ဒါပေမဲ့ ဒီမဟာနှင်းတောင်ဂိုဏ်းက တစ်ညတည်းနဲ့ အမြစ်ပြတ်သုတ်သင် ခံလိုက်ရတယ်..."

All Chapters