လျှို့ဝှက်နယ်မြေသခင်က ဘယ်သူလဲ
Vol. 20 Ch. 200
ဆရာသခင်မင်ရှဲ့က သက်ပြင်းချလိုက်သည်။
"ဒီကြေးနီတံခါးက အရမ်းနက်နဲသိမ်မွေ့ပြီးတော့ ဆန်းကြယ်လွန်းတယ်....အမွေဆက်ခံသူ တစ်ယောက်က ငါ့ရဲ့ အမွေအနှစ်ကို ရရှိပြီး ငါ့ရဲ့ သက်တမ်းတလျှောက် အမြင့်ဆုံးရောက်ရှိခဲ့တဲ့ ကျင့်ကြံဆင့်နယ်ပယ်ကို ရောက်ရှိသွားရင်တောင်မှ...ဒီအရာရဲ့လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ ခက်ခဲနေမှာကို ငါ စိုးရိမ်မိတယ်..."
ထို့နောက် သူက ကျုံးချင်ကို ကြည့်လိုက်သည်။
"သခင်လေး ကျုံးချင်... မင်းဆီမှာ ငါတောင် ခွဲခြားရခက်တဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေ အများကြီး ရှိနေတယ်....မင်းမှာ ထူးခြားတဲ့ နောက်ခံဇစ်မြစ် ရှိနေရမယ်..."
"မင်းက အမွေအနှစ်အတွက် လာတာ မဟုတ်ဘူးဆိုတော့ အဲ့ဒီကြေးနီတံခါးနဲ့ သက်ဆိုင်တာ ဖြစ်နေလောက်တယ်..."
"ငါက မင်းကို အဲ့ဒီကြေးနီတံခါးကို ပြသပေးနိုင်တယ်..."
သူ အချိန်တခဏကြာ ရပ်တန့်ပြီး ထပ်မံ၍ ပြောဆိုလိုက်သည်။
"ငါ မျှော်လင့်တာကတော့ မင်က ငါ့ရဲ့ အမွေအနှစ်မျှော်စင်ကို မဖျက်ဆီးဘဲ သနားညှာတာ ပေးစေချင်တယ်..... အမွေဆက်ခံသူကို ရွေးချယ်ဖို့အတွက် ငါက အဲ့ဒီအရာအပေါ် မှီခိုနေရလို့ပါ..."
"သေချာတာပေါ့... သခင်လေး လိုချင်တယ် ဆိုရင်တော့ ငါ့ရဲ့အမွေအနှစ်မျှော်စင်ကို သခင်လေးအတွက် အချိန်မရွေး ဖွင့်ပေးလို့ ရပါတယ်..."
ကျုံးချင်က သူ၏မေးစေ့ကို ပွတ်သပ်ပြီး အချိန်တခဏကြာမျှ စဉ်းစားတွေးတောလိုက်၏။
"ဒါက ရပါတယ်...ဒါပေမဲ့ ကျွန်တော်က အမွေအနှစ်ကို စိတ်မဝင်စားဘူး..."
ဆရာသခင်မင်ရှဲ့၏ပုံရိပ်ယောင်မှ မျက်လုံးထောင့်တွင် သတိပြုမိရန် ခက်ခဲသော လှုပ်ရှားမှုတစ်ခု ထင်ဟပ်လာသည်။
ဤသည်မှာ ကျုံးချင်က သူ၏အမွေအနှစ်ကို စိတ်မဝင်စားကြောင်း ပြောဆိုသည့် တတိယအကြိမ်မြောက်ပင်။
ထိုသို့ဆိုလျှင် ဂုဏ်သတင်းကြီးမားသော အလယ်ပိုင်းဒေသမှ ရှေးဟောင်းအစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး၏ အမွေအနှစ်သည် အမှန်တကယ်ကို ဆွဲဆောင်မှု လုံးဝမရှိသလော....
သူ အလကားပေးလျှင်ပင် ကျုံးချင်ထံ၌ ယူမည့်ပုံစံ မရှိချေ။
ဆရာသခင်မင်ရှဲ့သည် အနည်းငယ် ရှုံးနိမ့်သွားသကဲ့သို့ ခံစားလိုက်ရပြီး စိတ်ဓာတ်ကျသွားစဉ်မှာပင်...
ကျုံးချင်သည် မလှမ်းမကမ်းတွင် စောင့်ဆိုင်းနေသော မင်ဆုရှင်းကို ပေါ့ပေါ့ပါးပါး ညွှန်ပြလိုက်၏။
"ခင်ဗျား တကယ်ပဲ အမွေဆက်ခံသူ ရှာချင်တယ် ဆိုရင် ဘာလို့ သူ့ကို မရွေးတာလဲ..."
ဆရာသခင်မင်ရှဲ့က အနည်းငယ် ထိတ်လန့်သွားပြီးနောက် ခေါင်းခါယမ်းလိုက်သည်။
"ဒီမိန်းကလေးရဲ့ပါရမီက ကောင်းမွန်ပါတယ်... ဒါပေမဲ့ ကံမကောင်းစွာနဲ့ သူ့ရဲ့ကျင့်ကြံဆင့်က နည်းနည်းလိုအပ်နေတုန်းပဲ.."
"မင်းတို့ ဒီတစ်ကြိမ် ဝင်လာကြတာက လျှို့ဝှက်နယ်မြေ သံမဏိပြားခြောက်ခုလုံးကို မစုစည်းဘဲနဲ့ ဝင်လာကြတာ..."
"လျှို့ဝှက်နယ်မြေဝင်ပေါက်က ကောင်းကင်စိတ်ဝိညာဉ်တိုင်လုံးကို ငါ ကိုယ်တိုင် တည်ဆောက်ထားတာပဲ... ကောင်းကင်ဝိညာဉ် စိတ်တိုင်လုံးက လျှို့ဝှက်နယ်မြေရဲ့ဥပဒေသတွေနဲ့ နီးနီးကပ်ကပ် ဆက်စပ်နေတဲ့အပြင် အမွေအနှစ်မျှော်စင်နဲ့လည်း ချိတ်ဆက်ထားတယ်..."
"မျှော်စင်ထဲမှာ ငါ စီစဉ်ထားတဲ့ စမ်းသပ်မှုတွေက သေးငယ်တဲ့ကိစ္စ မဟုတ်ဘူး... အရမ်းအန္တရာယ်များတယ်...ယင်သုံးပါးနယ်ပယ်မှာရှိတဲ့ လူတွေတောင်မှ ကျင့်ကြံဆင့်စွမ်းအားတစ်ခုတည်းကို အားကိုးပြီး အတင်းအဓမ္မ ဖြတ်ကျော်ဖို့ ခက်ခဲလိမ့်မယ်... ဒါကြောင့် ငါ့ရဲ့စမ်းသပ်မှုတွေ အတွင်းမှာ အသက်ရှင်ဖို့ အခွင့်အရေးတွေ အများကြီး ချန်ထားခဲ့တယ်... ခိုင်မာတဲ့ စိတ်ဆန္ဒနဲ့ ဉာဏ်ပညာရှိတဲ့ အမွေဆက်ခံသူက ဒီအခွင့်အရေးတွေကို ရှာဖွေတွေ့ရှိနိုင်ပြီးတော့ စမ်းသပ်မှုတွေကို ဖြတ်ကျော်ဖို့ အသုံးပြုနိုင်မှာပါ..."
"ပြီးတော့ လျှို့ဝှက်နယ်မြေကို ဖွင့်ဖို့ မင်းတို့ အသုံးပြုခဲ့တဲ့ သံမဏိပြားတွေက တကယ်တော့ မူရင်းဇစ်မြစ် တစ်ခုတည်းပဲ... ဒါက စိတ်ဝိညာဉ်လွှဲပြောင်းခြင်း စည်းတံဆိပ်လို့ ခေါ်တဲ့ ငါ့ရဲ့ မှော်ရတနာ တစ်ခုပါ..."
"စိတ်ဝိညာဉ်လွှဲပြောင်းခြင်းတံဆိပ်ပြားကို အပြည့်အဝ စုစည်းမိမှပဲ ကောင်းကင်စိတ်ဝိညာဉ်တိုင်လုံးထဲက ဥပဒေသစွမ်းအားကို အသက်သွင်းနိုင်မှာ ဖြစ်ပြီးတော့....အဲ့ဒီအချိန်ကျမှ စမ်းသပ်မှုတွေကို အပြည့်အဝ အသက်သွင်းနိုင်ပြီး မျှော်စင်ထဲက အသက်ရှင်ဖို့ အခွင့်အရေးတွေကို ဖော်ဆောင်ပေးနိုင်လိမ့်မယ်..."
"လက်ရှိချိန်မှာ စမ်းသပ်မှုတွေအတွက် သူ့မှာ အသက်ရှင်ဖို့ အခွင့်အရေး မရှိနိုင်ဘူး... သာမန်လူတွေသွားရင် သေချာပေါက် သေဆုံးလိမ့်မယ်..ဒါတွေကို ဖြတ်ကျော်ဖို့အတွက် မင်းတစ်ယောက်တည်းကပဲ အဲ့ဒီလို စွမ်းအားနဲ့ နည်းလမ်းတွေကို ပိုင်ဆိုင်ထားတာပါ..."
ကျုံးချင်က အရေးမစိုက်သည့်ပုံစံဖြင့် ပြောဆိုသည်။
"ဒါဆိုရင် ကျွန်တော်က သူ့ကို ခေါ်သွားပေးရင်ရော မရနိုင်ဘူးလား..."
ဆရာသခင်မင်ရှဲ့က ခေါင်းခါယမ်းလိုက်သည်။
"အဲ့ဒါလည်း အလုပ်ဖြစ်မှာ မဟုတ်ဘူး... မျှော်စင်ထိပ်ဆုံးကို ပထမဆုံး ရောက်ရှိတဲ့သူကပဲ အမွေအနှစ်ကို ရရှိနိုင်လိမ့်မယ်..."
ကျုံးချင်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
"ဒီလောက်ထိ ရှုပ်ထွေးအောင် လုပ်ထားမှတော့... ခင်ဗျား အမွေဆက်ခံသူ ရှာချင်သေးရဲ့လား...သူတို့ရဲ့ပါရမီက လုံလောက်ပြီးတော့ အကျင့်စရိုက်နဲ့ စိတ်နေသဘောထားက မဆိုးရွားသရွေ့ လုံလောက်ပြီ မဟုတ်လား..."
ဆရာသခင်မင်ရှဲ့က ကူကယ်ရာမဲ့စွာ ပြောဆိုလိုက်၏။
"မင်းက အဲ့လိုပြောပေမယ့် ငါကလည်း သက်တမ်းတလျှောက်မှာ ထူးချွန်တဲ့ အမွေဆက်ခံသူတစ်ယောက်ကို တတ်နိုင်သမျှ ရှာချင်ခဲ့တာပါ... ငါ့ရဲ့ စံသတ်မှတ်ချက်တွေကို လျှော့ချမှာ မဟုတ်ဘူး..."
ကျုံးချင်၏အကြည့်သည် အမွေအနှစ် မျှော်စင်ဆီသို့ ပြန်ရောက်သွားပြီး ရုတ်တရက် သူ၏ မျက်လုံးအကြည့် လှုပ်ရှားသွားသည်။
"အမွေအနှစ်က မျှော်စင်ထိပ်ဆုံးမှာ ရှိတာဆိုတော့... မျှော်စင်ရဲ့အောက်ဘက်က အထပ်တွေကို ယူလိုက်ရင် ရပြီပေါ့..."
ဆရာသခင်မင်ရှဲ့၏ ပုံရိပ်ယောင် တုန်ခါသွားပြီး ဒေါသကြောင့် နေရာမှာပင် ပျောက်ကွယ်လုနီးပါး ဖြစ်သွားသည်။
'ဒါဆို မင်းက ငါ့ရဲ့ အမွေအနှစ် မျှော်စင်ကို ဖြုတ်ယူဖို့ စဉ်းစားနေတုန်းပဲပေါ့...'
ကျုံးချင် အမှန်တကယ် နောက်သို့လှည့်ထွက်ပြီး အနည်းငယ် စိတ်အားထက်သန်သော အကြည့်ဖြင့် မျှော်စင်ဆီသို့ ပြန်လည်လျှောက်လှမ်းရန် ဟန်ပြင်နေသည်ကို မြင်တွေ့ချိန်၌ ဆရာသခင်မင်ရှဲ့က အလျင်အမြန် ပြောဆိုလိုက်သည်။
"သခင်လေး ကျုံးချင်... ခဏလောက် နေပါအုံး..."
"ငါ စဉ်းစားပြီးပြီ... မင်း ပြောတာ အမှန်ပဲ... ဒီမိန်းကလေးရဲ့ ပါရမီနဲ့ စိတ်နေသဘောထားက တကယ့်ကို ကောင်းမွန်တယ်... သူက အမွေဆက်ခံသူ ဖြစ်ဖို့အတွက် အကောင်းဆုံး ရွေးချယ်မှုပဲ..."
"ဒီလိုဆိုမှတော့ ငါက သူ့ကို အမွေအနှစ် ပေးအပ်လိုက်ပါ့မယ်..."
"ငါက စွမ်းအားသိပ်မရှိတဲ့ နတ်ဘုရားစိတ်အာရုံ တစိတ်တစ်ပိုင်း ဆိုပေမယ့် လျှို့ဝှက်နယ်မြေရဲ့ဥပဒေသတွေနဲ့ ပေါင်းစပ်ထားတာကြောင့် အမွေအနှစ် မျှော်စင်ကို အတိုင်းအတာ တစ်ခုထိ လွှမ်းမိုးနိုင်တယ်...ဒါကြောင့် စမ်းသပ်မှုတွေထဲက အသက်ရှင်ဖို့ အခွင့်အရေးတွေဆီ သူ့ကို လမ်းညွှန်ပေးနိုင်တယ်..."
"တကယ်လို့ သခင်လေးကျုံးချင်က ရတနာတွေ လိုချင်ရင် ငါ့ရဲ့သက်တမ်းတလျှောက် စုဆောင်းထားခဲ့တဲ့ လျှို့ဝှက်ပစ္စည်းတွေ ဒီနေရာမှာ ရှိနေသေးတယ်... အဲ့ဒီအထဲမှာ တန်ဖိုးအရှိဆုံးရတနာတွေ ပါဝင်နေပြီးတော့ ဒါတွေအားလုံးကို သခင်လေးဆီ ပေးအပ်နိုင်ပါတယ်..."
"ကျေးဇူးပြုပြီးတော့ သခင်လေးကျုံးချင်က ငါ့ရဲ့ မျှော်စင်ကို ချမ်းသာပေးပါ..."
သူသည် ဤစကားများကို အလွန်နှိမ့်ချစွာ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ဆရာသခင်မင်ရှဲ့သည်လည်း ကူကယ်ရာမဲ့ဖြစ်နေပေ၏။ ထူးဆန်းသော နည်းလမ်းများ ရှိပြီး စည်းကမ်းအတိုင်း မကစားသော ဤကဲ့သို့ လူမျိုးနှင့် တွေ့ဆုံရချိန်၌ သူ အမှန်တကယ်ကို ဘာမှ မတတ်နိုင်တော့ချေ။
ထိုအချိန်မှသာ ကျုံးချင်က ရပ်တန့်လိုက်ပြီး အမွေအနှစ်မျှော်စင်ကို နှမြောတသသော အမူအယာဖြင့် ကြည့်လိုက်သည်။
"ကောင်းပြီလေ...ဒါပေမဲ့ အရင်ဆုံး ငါ့ကို အဲ့ဒီ ကြေးနီတံခါးဆီ သွားကြည့်ခွင့်ပေးပါ..."
ဆရာသခင်မင်ရှဲ့သည် စကားပြောဆိုရန် ဟန်ပြင်လိုက်သော်လည်း ရုတ်တရက် သူ၏ မျက်လုံးအတွင်း၌ ဝမ်းသာမှု အရိပ်အယောင်များ ထင်ဟပ်လာသည်။
တစ်ချိန်တည်းမှာပင် အမွေအနှစ်မျှော်စင်၏ အထက်နှင့်အောက်တွင် အလင်းတန်းများ တောက်ပသွားသည်။ သင်္ကေတအက္ခရာများသည် အသက်ဝင်လာသကဲ့သို့ ဖြစ်နေပြီး မျှော်စင်၏နံဘေးပတ်လည်တွင် မရပ်မနား ရွေ့လျားနေကာ ရှေးဟောင်းဆန်ပြီး နက်နဲသိမ်မွေ့သော ချီစွမ်းအားများကို ထုတ်လွှတ်နေသည်။
"အချိန်ကိုက်ပဲ... တစ်ယောက်ယောက်က စိတ်ဝိညာဉ်လွှဲပြောင်းခြင်းစည်းတံဆိပ်ရဲ့ နောက်ဆုံးသံမဏိပြားနှစ်ခုကို ပြီးပြည့်စုံအောင် လုပ်လိုက်ပြီ..."
"အမွေအနှစ်မျှော်စင်က အပြည့်အဝ အသက်ဝင်လာပြီ... ပြီးတော့ ငါ့ရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့ဆိုရင် ဒီမိန်းကလေးက မျှော်စင်ထိပ်ဆုံးကိုရောက်ဖို့ အာမခံနိုင်တယ်..."
ဤသည်က ဆရာသခင်မင်ရှဲ့ ပြောနေရန်ပင် မလိုတော့ချေ။ ကြွင်းကျန်သော ဂိုဏ်းကြီးနှစ်ဂိုဏ်းသည် ဤအချိန်တွင် လျှို့ဝှက်နယ်မြေ၏ပြင်ပသို့ ရောက်ရှိလာပြီဖြစ်ကြောင်း ကျုံးချင်က ခန့်မှန်းမိသည်။
ကျုံးချင်က ခေါင်းညိတ်လိုက်၏။
"ဒါဆိုရင် သွားကြစို့..."
အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့သော မင်ဆုရှင်းသည် သူတို့သုံးယောက်သား ပြန်လည်၍ လျှောက်လှမ်းလာသည်ကို နောက်ဆုံးတွင် တွေ့လိုက်ရသည်။ သူမက သက်ပြင်းချလိုက်ပြီး သူတို့ကို ကြိုဆိုရန် သွားလိုက်၏။
သို့သော် ဆရာသခင်မင်ရှဲ့၏ ပုံရိပ်ယောင်က စကားပြောဆိုသည်ကို သူမ ကြားလိုက်ရသည်။
"မိန်းကလေး... မင်ရဲ့နာမည်က ဘယ်လို ခေါ်လဲ..."
မင်ဆုရှင်းက အနည်းငယ် ထိတ်လန့်သွားပြီးနောက် သူမ၏လက်နှစ်ဖက်ကို ပူးဆုပ်ကာ ပြောဆိုသည်။
"စီနီယာကို ဖြေကြားပါရစေ... ဒီဂျူနီယာက ကြေးမုံနှလုံးသားရေကန်ရဲ့တပည့် မင်ဆုရှင်း ပါ..."
ဆရာသခင်မင်ရှဲ့က သူ၏ မုတ်ဆိတ်မွှေးကို သပ်ပြီး ခေါင်းညိတ်လိုက်သည်။
"မင်ဆုရှင်း ဟုတ်လား... သခင်လေး ကျုံးချင်နဲ့ ငါက မင်းကို အမွေဆက်ခံသူ ဖြစ်စေဖို့ ဆုံးဖြတ်လိုက်တယ်..."
မင်ဆုရှင်း နေရာမှာပင် ကြက်သေသေသွားသည်။
သူမသည် ဤနေရာ၌ ကောင်းကောင်းမွန်မွန် မတ်တတ်ရပ်နေပြီး မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို နားမလည်နိုင်သေးမှာပင် မည်သည်ကြောင့် အမွေဆက်ခံသူ ဖြစ်သွားခဲ့သနည်း...
ထို့ပြင် ဤအမွေအနှစ်သည် ဆရာသခင်မင်ရှဲ့ ထံမှ ဖြစ်သင့်သည် မဟုတ်လော။ ကျုံးချင်သည် စကားအနည်းငယ် ပြောလိုက်ရုံဖြင့် အမွေအနှစ်ကို မည်သူ ရရှိမည် ဆိုသည်ကို မည်သည်ကြောင့် ဆုံးဖြတ်နိုင်သနည်း။
လျှို့ဝှက်နယ်မြေသခင်က တကယ်တမ်းကျဘယ်သူလဲ...
သူမ၏အတွေးများကို မရှင်းလင်းနိုင်မီမှာပင် ဆရာသခင်မင်ရှဲ့က သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်အား မြင်တွေ့လိုက်ရသည်။ ရုတ်ချည်းဆိုသလိုပင် အမွေအနှစ်မျှော်စင်၏ အောက်ခြေရှိ မြေကြီးများ ရုတ်တရက် ကျွံ့ဝင်သွားသည်။
လှေကားထစ်များအလွှာလိုက် ထွက်ပေါ်လာပြီး မည်းမှောင်နေသော မြေအောက်၏အနက်ရှိုင်းဆုံးနေရာသို့ ဦးတည်နေသည်။
ဆရာသခင်မင်ရှဲ့က ကျုံးချင်ကိုကြည့်ပြီး ပြောဆိုလိုက်၏။
"ဒီအောက်မှာက ကြေးနီတံခါး တည်ရှိတဲ့နေရာပဲ.. ငါက အမွေအနှစ် မျှော်စင်ကို ဒီနေရာမှာ တည်ဆောက်ခဲ့ရတဲ့ အကြောင်းအရင်းက ဒီကိစ္စကြောင့်ပဲ..."
"ငါက ဒီနေရာက ဥပဒေသစည်းမျဉ်းတွေနဲ့ ပေါင်းစပ်ထားတဲ့ နတ်ဘုရားစိတ်အာရုံ တစိတ်တစ်ပိုင်းပဲ ဖြစ်တာကြောင့် ကြေးနီတံခါးရဲ့ပင်မကိုယ်ထည်နားကို ချဉ်းကပ်လို့ မရဘူး... မဟုတ်ရင် ငါလည်း တံခါးရဲ့အရှိန်အဝါ သက်ရောက်မှုကို ခံရလိမ့်မယ်..."
"သခင်လေး ကျုံးချင်... မင်း တစ်ယောက်တည်းပဲ ဆင်းသွားလို့ရမယ်.."
ကျုံးချင်က ခေါင်းညိတ်လိုက်ပြီးနောက် ဟေးပိုင်နှင့်အတူ လှေကားထစ်များဆီသို့ လျှောက်လှမ်းသွားလိုက်သည်။
ထိုအချိန်မှာပင် မင်ဆုရှင်းက မေးမြန်းသည်။
"သခင်လေးကျုံးချင်... အဲ့ဒီ အမွေအနှစ်က..."
ကျုံးချင် နောက်သို့ပြန်လှည့်မကြည့်ဘဲ သူ၏ တည်ငြိမ်သောအသံ ထွက်ပေါ်လာသည်။
"မင်းအတွက်ပါ..."
ဆရာသခင်မင်ရှဲ့သည် ကျုံးချင် ထွက်ခွာသွားသည်ကို ကြည့်ရင်း သူ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှု ခံစားချက်များ ထင်ဟပ်လာကာ တစ်ချိန်တည်းမှာပင် မင်ဆုရှင်းကို ကြည့်လိုက်၏။
"သွားကြစို့... ကလေးမလေး... မျှော်စင်ထဲ ဝင်ပြီး ငါ့ရဲ့ အမွေအနှစ်ကို လက်ခံလိုက်ပါ...မင်းရဲ့ ပါရမီက ကောင်းမွန်တယ်... ဒါပေမဲ့ မင်းရဲ့ ကံကြမ္မာကောင်းက ပိုလို့တောင် အံ့အားသင့်စရာ ကောင်းနေသေးတယ်..."
ဆရာသခင်မင်ရှဲ့၏ ဆိုလိုရင်းကို သူမ နားလည်လိုက်သည်။
ကျုံးချင်နှင့် တွေ့ဆုံခြင်းသည် သူမ၏ အကြီးမားဆုံး ကံကြမ္မာကောင်းကြီးပင်။
ဤလူငယ်၏စကားအနည်းငယ်ကြောင့်....
ပိုင်ဖုန်းလျှို့ဝှက်နယ်မြေ အတွင်းမှ ကြီးမားသော အခွင့်အလမ်းဖြစ်ကာ ဂိုဏ်းကြီးလေးဂိုဏ်းမှ မရေမတွက်နိုင်သော လူများနှင့် သမိုင်းတစ်လျှောက် တောင်ပိုင်းဒေသမှ လူများ အိပ်မက်မက်ခဲ့ကြသော အရာသည် သူမထံသို့ ရိုးရှင်းစွာ ရောက်ရှိလာခဲ့သည်။
ယခုအချိန်ထိ သူမသည် အိပ်မက်မက်နေသည့်အလား အနည်းငယ် ကြောင်တောင်တောင် ဖြစ်နေဆဲပင်။
မင်ဆုရှင်းသည် ကျုံးချင် ပျောက်ကွယ်သွားသော လှေကားထစ်များကိုကြည့်ရင်း သူမတို့၏ ခရီးစဥ်တလျှောက်မှ ပုံရိပ်များကို ပြန်ပြောင်းတွေးတောမိကာ အချိန်တခဏကြာမျှ တွေးတောမိသွားသည်။
'သူမ တကယ်လိုချင်တာက ဒီအခွင့်အလမ်းနဲ့ အမွေအနှစ် ဟုတ်ရဲ့လား...'
Thank For Reading.