← Chapters

ဘဲသားနှပ်

Vol. 16 Ch. 245

ဘဲသားနှပ်

Vol. 16 Ch. 245

ဒုတိယမရီးရှန်းက ရှက်ရွံစွာ ပြုံးလိုက်သည်။”အာ့ထောင် ငါနင့်ကို တည့်ပဲ ပြောလိုက်တော့မယ်။ တကယ်တော့ ငါ နင့်ကို ဘဲသားဟင်း တစ်ခွက်လောက် ချက်ပေးဖို့ အကူအညီတောင်းချင်လို့ပါ။”

"ဘဲသားဟင်း ချက်ပေးဖို့လား" ကျီကျောက်သည် ပိုလို့သာ ပဟေဠိ ဖြစ်သွားခဲ့သည်။

"ဒုတိယမရီး၊ အစ်မ ဘဲသားဟင်း စားချင်လို့လား။"

"ငါ မဟုတ်ဘူး။ငါ့အဖေအတွက် ချက်ပေးစေချင်တာ။"

ဒုတိယမရီးရှန်းက အလျင်စလို ရှင်းပြခဲ့သည်။ "ငါ့အဖေက ဘဲသားဟင်း စားရတာ ကြိုက်တယ်။ ဘဲသားဟင်းကို ချက်တာပဲဖြစ်ဖြစ် စွပ်ပြုတ်ပဲဖြစ်ဖြစ် ဘယ်လိုချက်ချက် သူက စားရတာ ကြိုက်တယ်။ ငါနင်တို့ ဒုတိယအကိုနဲ့ လက်ထပ်ပြီးကတည်းက ငါ့မိဘအိမ်ကို အချိန်အတော်ကြာတဲ့အထိ မပြန်ဖြစ်သေးဘူး။"

"အဲဒါကြောင့် ငါ့ကို ဘဲ ( ၂ ) ကောင်လောက် ဝယ်ပြီး ချက်ပေးဖို့ နင့်ကို အကူအညီတောင်းချင်တယ်။ နင်က အရသာရှိတဲ့ ဟင်းလျာတွေဖြစ်အောင် ချက်ပြုတ်ပေးနိုင်ရင်တော့ အကောင်းဆုံးပဲ။" ဒုတိယမရီးရှန်းက သူမကို အသနားခံသည့် အကြည့်လေးဖြင့် ကြည့်လာခဲ့သည်။ "အာ့ထောင် နင်ငါ့ကို ကူညီပေးနိုင်မလား။"

"ညီမ သိပြီ" ကျီကျောက်သည် နောက်ဆုံးတော့ သူမ ဆိုလိုချင်တာကို သဘောပေါက်သွားခဲ့သည်။ ကျီကျောက်က သူမ၏ ရင်ဘတ်ကို လျင်မြန်စွာ ပုတ်ပြီး ပြုံးပြကာ အာမခံလိုက်သည်။ "ဒါပေါ့။ ညီမ ကူညီပေးဖို့ ဆန္ဒရှိတယ်။ ဒုတိယမရီး၊ စိတ်မပူပါနဲ့။ ညီမ ဘဲသားဟင်းကို အထူးအရသာရှိအောင် ချက်ပြုတ်ပေးမယ်။"

"တကယ်၊ တကယ်လား။ အာ့ထောင်၊ နင် တကယ် သဘောတူလိုက်တာလား။" ဒုတိယမရီးရှန်းက အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့သည်။ "အာ့ထောင် ငါနင့်ကို အရမ်း ကျေးဇူးတင်တယ်။"

"ဒုတိယမရီး၊ ညီမတို့က မိသားစုတွေပဲ။" ကျီကျောက်က သူမ၏ ပါးနှစ်ဖက်စလုံးမှာ ရှိသည့် ပါးချိုင့်လေးများ ပေါ်လာသည့်အထိ ပြုံးလိုက်တာကြောင့် သူမကို ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိသွားစေသည်။

"ဒါပေမဲ့ ဒုတိယမရီး၊ ဒီငွေကို ညီမ လက်မခံနိုင်ဘူး။" ကျီကျောက်က ခဏလောက် စဉ်းစားပြီး စားပွဲပေါ်ရှိ ငွေအားလုံးကို ဒုတိယမရီးရှန်း၏ လက်ထဲကို ပြန်ထည့်ပေးလိုက်သည်။

"ဒါကို ဘယ်လိုလုပ် ငါက ပြန်လက်ခံနိုင်ပါမလဲ။" ဒုတိယမရီးရှန်းက ပြောလိုက်သည်။ "အာ့ထောင်၊ ဘဲတွေ ဝယ်ဖို့က ပိုက်ဆံကုန်တယ်။ ဘဲတွေက ကောင်းကင်ကနေ ပျံလာမှာ မဟုတ်ဘူး။ နောက်ပြီး နင်ကဒီပိုက်ဆံတွေ လက်မခံဘူးဆိုရင် ငါ့စိတ်က ဘယ်လိုလုပ်ပြီး သက်တောင့်သက်သာရှိနိုင်ပါ့မလဲ။"

"ဒုတိယမရီး၊ ဒီလိုဆိုရင်‌ရော ဘယ်လိုလဲ။ အစ်မ ညီမကို ဝတ်စုံ ပြန်ချုပ်ပေးပါလား။" ကျီကျောက်က ဆက်ပြောလိုက်သည်။ "ညီမက မီးဖိုချောင်ဓားကိုပဲ ချောချောမွေ့မွေ့ ကိုင်နိုင်တယ်ဆိုတာကို အစ်မ သိပါတယ်။ ဒါပေမဲ့ အစ်မ ညီမကိုသာ ချည်ထိုးအပ်တစ်ချောင်း ကိုင်ခိုင်းရင် ညီမအတွက် အရမ်းခက်ခဲလိမ့်မယ်။ အစ်မ ညီမကို အဝတ်အစား‌တွေ ကူချုပ်ပေး။ ညီမက အစ်မကို ဘဲသားဟင်း ကူချက်ပေးမယ်၊ ဒါဆို အဆင်ပြေတယ်မလား။"

ဒုတိယမရီးရှန်းသည် သူမ ပြောသော စကားကြောင့် အံ့အားသင့်သွားသည်။ အဆုံးမှာတေ့ာ သူမသည် ကျီကျောက်၏ အခန်းထဲမှ ထွက်လာ‌သောအခါ ကျီကျောက်အား ငွေကိုမပေးနိုင်ရုံသာမက သူမလက်ထဲတွင် ငွေများနှင့် အထည် နှစ်လိပ်ပါ ပါသွားခဲ့သည်။

နောက်တစ်နေ့တွင် ရှန်းတာ့ရှန်သည် ဘဲ ( ၆ ) ကောင် ဝယ်ယူလာခဲ့သည်။

"အာ့ထောင်၊ နင့်ရဲ့ တောင်းဆိုချက်အရ ငါရွေးထားတဲ့ဘဲတွေက အသားကောင်းပြီး အဆီဖြိုးတယ်။" ရှန်းတာ့ရှန်သည် မြေကြီးပေါ်ထိုင်ပြီး ဘဲမွှေးနှုတ်နေသော ကျီကျောက်အနားသို့ လျှောက်သွားကာ စပ်စုလိုသော အမူအရာဖြင့် မေးမြန်းလိုက်သည်။

"ဒါပေမယ့် အာ့ထောင် နင် ဘာဟင်းချက်မလို့လဲ။"

"အဖေ၊ သမီး ဘဲသားနှပ် ချက်ဖို့ စီစဉ်ထားတယ်" ကျီကျောက်က သူကို မော့ကြည့်ပြီး ပြုံးပြလိုက်သည်။ "သမီး ဘဲသားဟင်း ချက်ပြီးရင် အဖေ သေချာပေါက် ကြိုက်မှာ သေချာတယ်။"

"နင်ပြောတာ ကြည့်ဦး။ အဖေက အရမ်းလောဘကြီးနေလို့လား။ အဖေက အရမ်းအစားကြူးနေလို့လား။" ရှန်းတာ့ရှန် ရုတ်တရက် မျက်နှာတည်တည်နှင့် ပြောလိုက်သည်။ "ဒါပေမဲ့ နင်ချက်တဲ့ဟင်းတွေက အရမ်းအရသာရှိတယ်။ အစားမကြူးတဲ့ လူတွေတောင်မှ အစားကို လောဘကြီးလာစေတယ်။"

ဟူး...။

ကျီကျောက်က သဘောကျသွားသည်။

သူမ၏ အမြင်တွင် ရှန်းတာ့ရှန်သည် တည်ကြည်ပြီး စည်းကမ်းတင်းကြပ်သော ဖခင်တစ်ဦးဖြစ်သည်။

သို့သော် ရှန်းမိသားစုအကြောင်းကို ပိုမိုသိလာသောအခါတွင် ရှန်းမိသားစုမှ လူတိုင်းသည် အလွန်ချစ်စရာကောင်းပြီး စိတ်ဝင်စားဖို့ကောင်းကြောင်း သူမ တွေ့ရှိခဲ့သည်။

"အဲဒီမှာပဲ ရပ်မနေနဲ့။ ဘဲမွှေးတွေကို ဘာဖြစ်လို့ မြန်မြန် လွှင့်မပစ်ပေးတာလဲ။" ကျီကျောက်ကို ဘဲအမွှေးတွေ ကူနှုတ်ပေးနေတဲ့ ကျောက်လန်ဟွာက သူ့ယောက်ျားကို ဒေါသတကြီး ကြည့်လိုက်သည်။

"မလွှင့်ပစ်နဲ့" ကျီကျောက်က သူမကို အမြန်ရပ်တန့်စေလိုက်သည်။ "အမေ၊ ဒီဘဲမွှေးက အရမ်းကောင်းတယ်၊ ဒါတွေကို လွှင့်ပစ်လို့ မဖြစ်ဘူး။"

"အာ့ထောင်၊ ဒီဘဲမွှေးတွေက နံစော်နေတာပဲ။ နင် ဘာဖြစ်လို့ ဒါတွေကို သိမ်းထားချင်တာလဲ။"

"အမေ၊ ဘဲမွှေးတွေက အခြောက်ခံပြီးရင် ဒါတွေက အရမ်း အသုံးဝင်တယ်။" ကျီကျောက်က ပြောပြလိုက်သည်။

"ဘဲမွှေးတွေပေါ်က အနံ့ကို ဖယ်ရှားဖို့ သမီးမှာ နည်းလမ်းရှိတယ်။"

"အာ့ထောင်၊ ဒီဘဲမွှေးတွေကိုတော့ စားလို့ မရဘူးမလား။" ရှန်းတာ့ရှန်က အကြာကြီးတုံ့ဆိုင်းသွားကာ နောက်ဆုံးတွင် ထိုစကားများကို ညှစ်ထုတ်လာခဲ့သည်။

ကျီကျောက်က ရယ်ချင်စိတ်ကို ထိန်းပြီး ရှင်းပြပေးလိုက်သည်။ "အဖေ စိတ်မပူပါနဲ့။ အားလုံးစားဖို့ ဒီဘဲမွှေးကို ချက်ပေးမှာ မဟုတ်ဘူး...။"

"ရှင် ဘာတွေတွေးနေတာလဲ။ အာ့ထောင်က မတုံးအဘူး။" ကျောက်လန်ဟွာက ရှန်းတာ့ရှန်ကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်သည်။ "ရှင် မီးဖိုချောင်ကို သွားပြီး ရေနွေးအိုး ဒီကို ယူလာခဲ့ပေး။ လက်ကို အပူမလောင်ဖို့လဲ သတိထားလိုက်ဦး။" ကျောက်လန်ဟွာက ရှန်းတာ့ရှန်ကို တောင်းဆိုလိုက်သည်။

"အိုး…" ရှန်းတာ့ရှန် လှည့်ထွက်သွားသောအခါ သမီးယောက္ခနှစ်ယောက်သား မသိစိတ်က ရယ်မောလိုက်မိကြသည်။

ဘဲသားနှပ်ကို ချက်ပြုတ်တဲ့ လုပ်ငန်းစဉ်က မခက်ခဲပါဘူး။ အရေးအကြီးဆုံး အဆင့်ကတော့ ဟင်းအနှစ်ပင်ဖြစ်သည်။

ဘဲသားနှပ်ကို ချက်နည်းသည် အလွန်ရှုပ်ထွေးပြီး တရုတ်ဆေးဘက်ဝင်အပင် အမျိုးပေါင်း ( ၃၀ ) ကျော်၊ ဟင်းခတ်အမွှေးအကြိုင် ( ၁၀ ) မျိုး လိုအပ်ပြီး အခြားသော အခြောက်ခံခြင်းနှင့် ကင်ခြင်းကဲ့သို့သော လုပ်ငန်းစဉ် ( ၁၀ ) ခုကျော် လိုအပ်ပါသည်။

"ဆရာ သမီးကိုအရင်က ထားပေးခဲ့တဲ့ ဆေးဖက်ဝင်အပင် စာအုပ်ကို ကျေးဇူးတင်ရမယ်။"ကျီကျောက်က ဟင်းအနှစ်ကို ပြင်ဆင်‌နေရင်း ပြုံးပြီးပြောလိုက်သည်။ "နောက်ပြီး ဒုတိယအကိုယို့တို့ကလည်း ဟင်းခတ်အမွှေးအကြိုင်တွေ အများကြီး ပို့ပေးခဲ့တယ်လေ။ ဒါကြောင့် ဒီဘဲသားနှပ်ကို ချောချောမွေ့‌မွေ့ ချက်ပြုတ်နိုင်တာ။"

အမွှေးနှုတ်ပြီးသော ဘဲ၏ ကိုယ်တွင်း ကလီစာများကို ဖယ်ရှားပြီးနောက် ဘဲခြေထောက်များကို လှီးဖြတ်ပြီး ဘဲကို ရင်ခွဲလိုက်သည်။ ထို့နောက် ဘဲကို ရေဆေးပြီးတာနဲ့‌ ရေစင်အောင် အခြောက်ခံဖို့ ဆွဲထားလိုက်သည်။

ဒီအတွက် သူမ ဘာမှ စိတ်ပူနေစရာ မလိုပါဘူး။ ဘဲအပေါ်ကို ဆားဖြင့် ပွတ်တိုက်ပေးလိုက်ရုံပါပဲ။

ဒယ်အိုးထဲတွင် ဆားကို ခြောက်သွေ့သည့်အထိ ကြော်ပြီး စမုံနက် ( ၁ ) ဇွန်းထည့်ကာ နောက်ဆုံးတွင် ကြော်ထားသော ဆားကြော်ကို ဘဲသားပေါ်တွင် အညီအမျှ ဖြန့်ထားပေးလိုက်သည်။ပြီးလျင် ကြိုတင်ပြင်ဆင်ထားသော ဝိုင်အိုးအသေးထဲသို့ သပ်သပ်ရပ်ရပ် စီထည့်ကာ တစ်ညသိပ်ဖို့ ခပ်ထုတ်လိုက်သည်။

ဘဲ၏ အတောင်ပံများကို မြှောက်ပြီး ဘဲ၏ ကိုယ်တွင်းရှိ ဆားငန်‌ရည်များ ထွက်လာနိုင်စေရန် ၎င်း၏ ဖင်ကို ဖြတ်ဖွင့်လိုက်သည်။ ဤအဆင့်ကို အိုးလုံပိတ်၍ နှပ်သည်ဟု ခေါ်သည်။

ဒုတိယအဆင့်အနေဖြင့် ရောစပ်ထားသော ဟင်းအနှစ်ထဲတွင် ဘဲကို ထပ်မံစိမ်ပြီး လျှိ့ဝှက်ဟင်းအနှစ်တစ်ခုထဲတွင် ထပ်စိမ်လိုက်ပြန်သည်။ နောက်ဆုံးတွင် ၎င်းကို ပြန်ဆယ်ပြီး

ထပ်မံ ရေစစ်ပြီးနောက် ဘဲကို အပြားလိုက် ကြက်ခြေခတ်ပုံသဏ္ဌာန်ဖြင့် ဖိထားခဲ့သည်။

နောက်ဆုံးအဆင့်ကတော့ ဘဲသားကို မီးဖိုထဲတွင် ထည့်ပြီး ကင်လိုက်ရုံပါပဲ။ သို့သော်လည်း ဘဲသားကို လေဖြင့် အခြောက်ခံလျင် ပိုမွှေးလာလိမ့်မည်ဟု ကျီကျောက်က ခံစားလာမိသော်လည်း သူမ၏ ဒုတိယမရီးတို့ မိသားစုသည် ( ၂ ) ရက်အတွင်း သူမ၏ မွေးဇာတိ မိသားစုဆီသို့ ပြန်သွားတော့မည် ဖြစ်သောကြောင့် ကျီကျောက်က ကင်သည့် နည်းလမ်းကို အသုံးပြုခဲ့သည်။

အောင်မြင်စွာ ပြုလုပ်ထားသော ဘဲကင်သည် အရသာရှိပြီး အရောင်အ‌သွေး ကောင်းမွန်ကာ အဆီမရွှဲပဲ အနံ့အရသာရှိပြီး အရမ်းအရသာရှိသွားစေသည်။

ဘဲသားဟင်းအပြင် ကျီကျောက်က သူမ ကြိုက်နှစ်သက်သော ဘဲခြေထောက်ဟင်းကိုလည်း ပြုလုပ်ပေးခဲ့သည်။

ပထမဦးစွာ ဘဲခြေထောက်များ၊ ဘဲအူများနှင့် ဘဲနှလုံးများကို သန့်စင်‌အောင် ဆေးကြောလိုက်သည်။ ထို့နောက် ဘဲခြေထောက်ပေါ်တွင် ဘဲနှလုံးကို ထားကာ နောက်ဆုံးတွင် ဘဲဥများနှင့် ထုပ်ပိုးပြီး ၎င်းတို့ကို ရေနွေး‌နွေးထဲတွင် ထည့်၍ ခဏစိမ်လိုက်သည်။ ထို့နောက် ဘဲခြေထောက်များကို မီးဖိုထဲသို့ ထည့်လိုက်သည်။ မီးဖိုထဲသို့ ထည့်ကာ စမုံစပါး၊ ဂျင်း ( ၂ ) ချပ်၊ သကြား ( ၁ ) ဇွန်းခွဲ၊ အသားမှုန့် ( ၁ ) ဇွန်း၊ ဟင်းချက်ဝိုင် အနည်းငယ်တို့ကို ပေါင်းထည့်ပြီး စတင် မွှေကြော်လိုက်သည်။

ဘဲခြေထောက်ဟင်းကို ခွင်ပေါ်မှ ချပြီး အအေးခံရန် စောင့်စားပြီး ရေနွေးငွေ့ဖြင့် နောက်ထပ် ( ၁၅ ) မိနစ်ခန့် ပေါင်းပေးလိုက်သည်။

"အာ့ထောင် ဒါက အရမ်း အနံ့‌မွှေးလွန်းတယ်။"နေဝင်ရီတရောအချိန်တွင် ကျောက်မိသားစုဝင်အားလုံး ကျီကျောက် ချက်ပြုတ်ထားသော ဘဲသားနှပ်ကို မြည်းစမ်းကြည့်ခဲ့ကြပြီး အားလုံးက ချက်ချင်းဆိုသလို ချီးကျူးလိုက်ကြသည်။

ဒါက ရိုးရှင်းစွာပင် အနံ့မွှေးကြိုင်လွန်းလှသည်။

"အာ့ယောင်၊ ဒါကို မြည်းစမ်းကြည့်ပါဦး။" ကျီကျောက်က ဘဲခြေထောက်ဟင်းကို ကောက်ယူပြီး ရှန်းယောင်၏ ပန်းကန်ထဲသို့ထည့်ပေးလိုက်ကာ ပြုံး၍ မြည်းစမ်းကြည့်ဖို့ အကြံပြုလိုက်သည်။

ရှန်းယောင်က ကျေကျေနပ်နပ် သ‌ဘောတူပြီး ဒါကို မြည်းစမ်းကြည့်ဖို့ မစောင့်နိုင်တော့ဘူး။

"မွှေးတယ်၊ အသားက အရသာရှိတယ်၊ အရိုးတွေကလည်း ကြွပ်ရွနေတာပဲ။"ရှန်းယောင်သည် ကျီကျောက်က ရိုးရှင်းသော ဘဲခြေထောက်ကိုပင် အရသာရှိအောင် ချက်ပြုတ်ပေးနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

"အရသာရှိတယ်မလား။" ကျီကျောက်က ဂုဏ်ယူစွာဖြင့် မျက်လုံးပင့်ပြီး ရှန်းယောင်ကို ပြုံးပြလိုက်သည်။

"တော်ဝင်ဟင်းပွဲတွေလိုပဲ ထူးခြားကောင်းမွန်ပြီး ရှားပါးတဲ့ ဟင်းလျာလို့ ခံစားရတယ်။"

***

All Chapters