← Chapters

အခန်း (၁၂၄၉-၁၂၅၁)

Vol. 84 Ch. 1249-1251

အခန်း (၁၂၄၉-၁၂၅၁)

Vol. 84 Ch. 1249-1251

အခန်း ၁၂၄၉: Kappa ပွဲ!

အချိန်ကုန်လွန်သွားသည်။ သဲနာရီထဲမှသဲလို မသိလိုက်မသိဘာသာကုန်လွန်သွား၏။

ရုံချန်းစီရင်စုဆေးရုံ၊ လက်တွေ့စမ်းသပ်နေရာ_

Carlton နည်းနည်းစိတ်လှုပ်ရှားနေသည်။

သူ့ဆရာဝန်က သူ့ကိုသွေးထုတ်နေ၏။

ပိုင်ဆိုင်မှု ၁၀% လှူပြီးနောက် သူ့ကိုနေ့တိုင်းလက်ဖက်ရည်တိုက်သည်။

အခုလက်ဖက်ရည်သောက်တာ အချိန်တစ်ခုရောက်ပြီဖြစ်သည်။

လက်ဖက်ရည်သောက်ပြီးတိုင်း သူနေရထိုင်ရပိုကောင်းလာသည်။

နောက်ပြီး အကိုက်အခဲပျောက်ဆေးအားကိုးနေရသော ကင်ဆာနောက်ဆုံးအဆင့်ဝေဒနာလည်းပျောက်သွားသည်။

သို့သော် ပထမဆုံးစမ်းသပ်မှုအတွက် သူ့ဆရာဝန်ကိုသာယုံသည်။ အရှေ့တိုင်းဆရာဝန်များကိုမယုံသေး။

သူ့ဘေးတွင် သွေးဖောက်တာဝန်ခံဆရာဝန်ကလည်း သူ့ကိုမကြည်ကြည့်နှင့်ကြည့်နေသည်။

ဒီနိုင်ငံခြားသားသူဌေးကြီးက သူ့ကိုတစ်ခုခုလုပ်မှာကြောက်နေလိုက်တာ။

လိုလို့လား?

လူကြီးလူကောင်းတစ်ယောက်ကို သူ့စံနဲ့လာတိုင်းနေသည်။

သို့သော် Carlton က ဒေါ်လာ ၆ ဘီလီယံကျော်လှူထားပြီးတောင်းဆိုလာသောကြောင့် သူ့တောင်းဆိုချက်ကိုလျစ်လျူမရှုနိုင်။

Carlton ၏ဆရာဝန်က သွေးထုတ်ပြီးသောအခါ ဘေးမှဆရာဝန်အား_

"ဒေါက်တာ.. စမ်းသပ်တဲ့နေရာလိုက်ပို့ပေးပါ... Carlton ကိုကိုယ်တိုင်စစ်ချင်တယ်''

"ကြွပါ!''

ဆရာဝန်ကစိတ်မကြည်သော်လည်း သူ့တာဝန်ကရှိနေသည်။

Carlton ၏ဆရာဝန်က သူ့နောက်လိုက်ပြီး လူနာဆောင်အပြင်ထွက်လာသည်။ စမ်းသပ်နေရာရောက်သောအခါ သူကိုယ်တိုင်စမ်းသပ်၏။

အထဲရှိဆရာဝန်များ၊သူနာပြုများက ထိုနိုင်ငံခြားသားဆရာဝန်ကိုစူးစမ်းနေကြသည်။

နောက်ပြီး ဒီဆရာဝန်ရဲ့အရည်အချင်းက သူဌေးတစ်ဦးရဲ့ကိုယ်ပိုင်ဆရာဝန်ဖြစ်ထိုက်သည်။

အနည်းဆုံး ဒီကဆရာဝန်များထက်ပိုပြီး ကိရိယာအကိုင်အတွယ်ကျွမ်းကျင်သည်။

သွေးစစ်ပြီးနောက် Carlton ၏ဆရာဝန်က တခြားစမ်းသပ်ချက်များဆက်လုပ်သည်။

အချိန်ကုန်လွန်သွားပြီး မကြာမီ တစ်ရက်တစ်ညလွန်သွား၏။

Carlton ကမူ ပိုစိတ်လှုပ်ရှားလာသည်။

သူ့ကိုယ်ပိုင်ဆရာဝန်ထံမှ စမ်းသပ်ချက်ရလဒ်များချက်ချင်းပို့လိုက်မည်ဟုသတင်းရသည်။

ခဏအကြာ ကိုယ်ပိုင်ဆရာဝန်က အံ့ဩပုံနှင့်ရောက်လာ၏။

လက်ဖက်အာနိသင်သိပြီး မအံ့ဩဘဲနေမလား?

“ဘယ်လိုလဲ?”

Carlton က လောလောနှင့်မေးသည်။

ကိုယ်ပိုင်ဆရာဝန်ကမယုံနိုင်ပုံနှင့်_

"မစ္စတာ Carlton.. ဒီအတောအတွင်း ခင်ဗျားရဲ့ကင်ဆာဆဲလ်တွေကျသွားပြီ... နံပါတ်တွေသိသိသာသာကျသွားတယ်... နောက်နှစ်ဆို ကင်ဆာနောက်ဆုံးအဆင့်ပျောက်နိုင်တယ်''

"ဟုတ်လား!''

Carlton အပျော်လွန်သွားပြီး သက်ပြင်းရှည်ကြီးချလိုက်သည်။

ဘာပဲဖြစ်ဖြစ် ပိုင်ဆိုင်မှု ၁၀% လှူထားတယ်လေ။

သူအမြတ်ထုတ်မခံချင်။

ကြည့်ရတာ ရလဒ်ကောင်းသည်။

လက်ဖက်က တကယ်ထိရောက်သည်။

သူ့ကင်ဆာကုနိုင်ရင် ဒီ ၁၀% မက ပြန်ရှာနိုင်သည်။

Carlton တွေးတောနေစဉ် အပြင်မှလူတစ်စုလျှောက်ဝင်လာသည်ကိုတွေ့ရသည်။

ရှေ့ဆုံးကလူကို သူမှတ်မိသည်။ ရံပုံငွေတာဝန်ခံပင်။

သူ့ပိုင်ဆိုင်မှု ၁၀% ကိုယူသွားသူဖြစ်သည်။

ကျူးဝေကဝင်လာပြီး Carlton အား ပြုံးပြုံးနှင့်_

"မစ္စတာ Carlton.. ခင်ဗျားဆေးစစ်ချက်ထွက်ပြီ... ကြည့်ရတာ အခြေအနေကောင်းပုံပဲ... စိတ်မကောင်းစွာနဲ့ပဲ ခင်ဗျားကိုကုသမှုရပ်တန့်ရမယ်ဆိုတာအသိပေးချင်ပါတယ်''

"ဘာ? ငါတို့လက်မှတ်ထိုးထားတယ်လေ''

Carlton က ဒေါသတကြီးနှင့်_

"မင်းဒီလိုလုပ်လို့မရဘူး''

"လက်မှတ်ထိုးထားပါတယ်... ဒါပေမဲ့ မစ္စတာ Carlton.. ခင်ဗျားလည်း စာချုပ်ဖောက်ဖျက်တယ်... ခင်ဗျားပိုင်ဆိုင်မှု ၁၀% ကိုမပေးထားဘူး''

ကျူးဝေက ပြုံးပြီး_

"ခင်ဗျားပိုင်ဆိုင်မှုတွေက ဆွစ်ဇာလန် ဘရာဇီးနဲ့တခြားနေရာတွေမှာရှိသေးတယ်... ဘဏ်အကောင့်တောင်ရှိတယ်''

"ဒီလိုဆိုတော့ ခင်ဗျားရဲ့ကုသမှုကိုယာယီရပ်ဆိုင်းထားမယ်... စာချုပ်ပြီးမှပဲ ဆက်ကုနိုင်မယ်... မဟုတ်ရင် ခင်ဗျားရဲ့ကုသမှု ဆိုင်းငံ့ရပါလိမ့်မယ်''

သော*က်!

Carlton ဆဲပစ်လိုက်သည်။

အဲဒါအရေးပေါ်အတွက် သူပြင်ဆင်ထားတဲ့ငွေတွေ၊ ပိုင်ဆိုင်မှုတွေ။

သူဌေးတွေကပစ္စည်းဥစ္စာဆုံးရှုံးရင် ကျန်ဘဝတလျှောက်အသုံးပြုရန် လျှို့ဝှက်ပြင်ဆင်ထားတတ်သည်။

ဒါပေမဲ့ သူတို့ကဘယ်လိုလုပ်သိလဲ?

'သော*က်'

အဲဒီပိုင်ဆိုင်မှုတွေတောင် သူတို့ကလိုချင်နေသတဲ့။

ဒေါသထွက်တာ၊ ခံပြင်းတာ။

သို့သော် နောက်ဆုံး သူကကျူးဝေအား လောလောနှင့်_

"မစ္စတာကျူး.. ကျုပ်အဲဒါတွေမေ့နေတယ်... အခုချက်ချင်းပြင်လိုက်မယ်... အားနာလိုက်တာ.. မရည်ရွယ်ပါဘူး''

"ခင်ဗျားဆန္ဒအတိုင်းပါပဲ မစ္စတာ Carlton!''

ကျူးဝေကပြုံးပြီးပြောလိုက်သည်။

ထင်တဲ့အတိုင်း လူချမ်းသာတွေက ကုသမှုခံယူပြီးဆေးအာနိသင်သိတာနဲ့ ကုသမှုရပ်ဆိုင်းမှာကြောက်ကြသည်။

ထိုအတောအတွင်း_

ကင်ဆာလက်ဖက်အကြောင်းသတင်းက လိုင်းပေါ်ပွက်လောရိုက်နေသည်။

နိုင်ငံတော်ရံပုံငွေတည်ထောင်ခြင်းကြောင့်ဟုပြောလျှင် ပိုမှန်မည်။

ရံပုံငွေကို နိုင်ငံတကာသူဌေးကြီး ၁၀ ဦး၏ပိုင်ဆိုင်မှုနှင့်တည်ထောင်ထားသည်။ ကနဦးခန့်မှန်းငွေ US ဒေါ်လာ ၁၇ ဘီလီယံခန့်ရှိသည်။

US ဒေါ်လာ ၁၇ ဘီလီယံ။

ကြောက်စရာကောင်းသောပမာဏပင်။

ပြည်တွင်းအချမ်းသာဆုံးအဆင့် ၁၉ သူဌေးတောင် ဒီပမာဏပဲရှိသည်။

တနည်းပြောရရင် လက်တွေ့စမ်းသပ်ချက်အတွက်လှူဒါန်းသောပမာဏက ပြည်တွင်းအချမ်းသာဆုံးအဆင့် ၁၉ သူဌေး၏ပိုင်ဆိုင်မှုနှင့်ညီမျှသည်။

ဒါကလည်း ချင်းလင်ဓာတ်ခွဲခန်း၏ဂုဏ်သတင်းကိုတက်စေသည်။

ဘာပဲဖြစ်ဖြစ် ချင်းလင်ဓာတ်ခွဲခန်းက ဒီငွေကိုမယူဘဲ ရံပုံငွေတည်ထောင်ရန်လှူခဲ့သည်။

တနည်းပြောရရင် ချင်းလင်ကုမ္ပဏီသူဌေးက US ဒေါ်လာ ၁၇ ဘီလီယံကိုတခါတည်းလှူပစ်လိုက်သည်။

ဒါအရွေ့ကြီးသည်ဟုဆိုရမည်။

ပြည်တွင်းမှာဘယ်သူမှ ဒီလောက်ရက်ရက်ရောရောမလုပ်ခဲ့ဖူး။

ဒါကြောင့်လည်း ပြည်သူများစိတ်တက်ကြွလာသည်။

ဘာပဲဖြစ်ဖြစ် ဒီရံပုံငွေက စ*စ်ဘေးအတွက်သုံးမည့်ငွေဖြစ်သည်။

တစ်နေ့ ပဋိပက္ခဖြစ်ခဲ့ရင် ရံပုံငွေကအသုံးတည့်လာမည်။

ပွဲဖြစ်ရင် ဝင်ပါချင်သူတွေရှိတတ်စမြဲ။

ချက်ချင်း ဝမ်ရန်ဆိုသူက ရံပုံငွေအတွက် ယွမ်သန်း ၂၀ လှူလိုက်သည်ဟုဆိုသည်။

ဝမ်ရန်၏သန်း ၂၀ က အမှန်ပင်စိတ်ဝင်စားခံရသည်။ နောက်ပြီး ထိုသူက ချင်းလင်ကုမ္ပဏီ၏အဓိကကိုယ်စားလှယ်တစ်ဦးဖြစ်ကြောင်းသိရသည်။

အခန်း ၁၂၅၀: Kappa ပွဲ! ၂

သတင်းထွက်ထွက်ချင်း တခြားချင်းလင်ကိုယ်စားလှယ်များလည်း မထိန်းနိုင်တော့။

ရေပူစမ်းဆေးမှုန့်၊ မျက်စိကြည်ဂျင်ဆင်း၊ ချင်းလင်အားဖြည့်လက်ဖက်ရည်စသောထုတ်ကုန်များ၏အဓိကဖြန့်ဝေသူများကလည်း သုံးလေးသန်းမှဆယ်သန်းအထိ တစ်ယောက်ပြီးတစ်ယောက်လှူကြသည်။

ပမာဏမများသော်လည်း အားလုံးပေါင်းလျှင်အတော်များသည်။

ဒါကိုလည်း စိတ်ဝင်စားကြသည်။ အရင်ဆုံး အရှုံးသမားဒုတိယမျိုးဆက်သခင်လေးဝမ်က ယွမ် ၁၀ သန်းလှူသည်။

သူ့နောက်တွင် ကုမ္ပဏီများကလည်းမနေနိုင်ဘဲ တစ်ခုပြီးတစ်ခုဆက်လှူကြ၏။ ၁၀ သန်း၊ သန်း ၄၀၊၅၀ နှင့် ပင်ဂွင်းလိုကုမ္ပဏီကြီးများက သန်းရာချီလှူကြသည်။

ပေါ်ပင်ဖြစ်သွားပုံရသည်။

တချိန်တည်းမှာ လူများကိုလည်းဆော်ဩစည်းရုံးသည်။

အရင်က စ*စ်ဖြစ်ရင်၊ စ*စ်ဖြစ်တဲ့နေရာဆိုရင် ခေါက်ဆွဲခြောက်တစ်လစာလှူချင်သည်ဟုပြောကြသည်။ အရင်ကအခွင့်အရေးမရခဲ့သော်လည်း အခုရလာပြီ။

ထို့ကြောင့် အလှူလှိုင်းထသွား၏။

နိုင်ငံတော်ရံပုံငွေမှာ ကြောက်စရာကောင်းသောအရှိန်နှင့်တက်လာသည်။

ထိုပေါ်ပင်ကြောင့် ကုသရေး၊ကာကွယ်ရေးအစား လက်န*က်ဝယ်ရင်တောင် ဝမ်းမနာသားများကိုချနိုင်လောက်သည်။

ချင်းလင်ဓာတ်ခွဲခန်း Live ကိုလည်း အားလုံးအာရုံစိုက်နေကြသည်။

ချင်းလင်စံအိမ်တရားဝင်အကောင့်တွင် ပရိသတ်သန်း ၁၃၀ ကျော်ရှိသော်လည်း ချင်းလင်ဓာတ်ခွဲခန်းမှာ သိပ်မရှိ။

သို့သော် မီဒီယာခေတ်ဖြစ်၍ ချင်းလင်ဓာတ်ခွဲခန်းကလည်း တရားဝင်အကောင့်ဖွင့်ထားသည်။ သိပ်မကြော်ငြာသော်လည်း ပရိသတ်သန်းချီရှိနေသည်။

သို့ရာတွင် ကင်ဆာလက်ဖက်လက်တွေ့စမ်းသပ်ချက်နှင့်ရံပုံငွေကိစ္စနာမည်ကြီးသောကြောင့် ချင်းလင်ဓာတ်ခွဲခန်း Live ပရိသတ်က ချင်းလင်စံအိမ်ကိုတောင်ကျော်သွားသည်။

မြန်မြန်ဆန်ဆန်ပင် အွန်လိုင်းကြည့်သူသန်းချီရှိလာသည်။

ချင်းလင်ဓာတ်ခွဲခန်းပရိသတ်များတက်နေစဉ် ပါမောက္ခလီခိုင်တို့အဖွဲ့မှာ ကွင်းထဲအလုပ်ရှုပ်နေကြသည်။

Live ခေါင်းစဉ်မှာ: 'ချင်းလင်ဆန်ပထမအသုတ်ပျိုးထောင်ခြင်း'

အမှန်ပင်။ ဆန်မျိုးအသစ်မျိုးစေ့သိမ်းပြီး တဝက်ကိုတန်းစိုက်သည်။ အခုထိုပျိုးပင်များကို စိုက်နိုင်ပြီ။

ထို့ကြောင့် ချင်းလင်ဓာတ်ခွဲခန်း Live က ခမ်းနားကြီးကျယ်နေ၏။ ဘာပဲဖြစ်ဖြစ် ဆန်မျိုးအသစ်က အရင်ထုတ်ကုန်များလောက်မကောင်းသော်လည်း စားသောက်ကုန်လုပ်ငန်းတစ်ခုလုံးအပေါ်သက်ရောက်မှုရှိနိုင်သည်။

မည်သို့ဆိုစေ ချင်းလင်ဓာတ်ခွဲခန်း၏အကြီးမားဆုံးအောင်မြင်မှုအဖြစ်ယူဆနိုင်သည်။

ဒါကြောင့်လည်း Live ကြည့်ချင်သူပိုများနေ၏။

ရှေ့လျှောက် အိမ်တိုင်းမှာဒီဆန်ရှိလာမည်ဟုလူတိုင်းသိကြသည်။

နောက်ပြီး သိပ္ပံဇာတ်လမ်းထဲမှထုတ်ကုန်မျိုးကိုလက်တွေ့မြင်ရသောကြောင့်လည်း ထူးထူးခြားခြားဖြစ်နေသည်။

ချင်းလင်ဓာတ်ခွဲခန်းမှစပါးပျိုးပင်က သစ်ပင်လောက်ဖြစ်ရင်ဖြစ်လာနိုင်သည်။ လယ်ကွင်းမဟုတ်တော့ဘဲ စပါးတောဟုခေါ်ရလိမ့်မည်။

စပါးပင်ကြီးတွေပြည့်နေတဲ့တောပေါ့။

သိပ္ပံဇာတ်လမ်းဆန်ဆန်ပင် အားလုံးမျှော်လင့်မိသည်။

ချင်းလင်အပန်းဖြေစံအိမ်_

ချင်လင်က ထိုကိစ္စကိုအာရုံမစိုက်တော့။ ပန်းအိုးများကိုရေလောင်းနေသည်။

ဒီကိစ္စလက်သည်ဖြစ်သောသူက ဘာမှစိုးရိမ်စရာမလို။

ပန်းအိုးထဲရှိအပင်များမှာ အပူချိန်ထိန်းမြက်ဖြစ်သည်။

အချိန်တစ်ခုအကြာ အပူချိန်ထိန်းမြက်မှာ သူ့အပိုင်းနှင့်သူကြီးလာပြီး အရွက်များလည်းထွက်လာသည်။

သို့သော် အပင်လုံးလုံးမကြီးသေးသောကြောင့် အာနိသင်မပြသေး။

ချင်လင်ရေလောင်းပြီးချိန်တွင် 'အာ ဟာ'၊ 'ဂီး ဂဲ' အသံများကြားရသည်။

သူလှည့်ကြည့်လိုက်သောအခါ ရှောင်ရန်တွားသွားလာ၏။

ရှောင်ရန်က အကြီးမြန်သည်။ ကိုယ်လုံးအတော်ထွက်လာပြီး အလျားက ဝမ်ချိုင်လောက်ရှိသည်။

ချင်ဖုန်းလေးက ရှောင်ရန်ကျောပေါ်တက်ပြီး မြင်းစီးသလိုစီးကာ တခစ်ခစ်ရယ်သည်။

လင်းဖန်နှင့်ကျောက်မိုချင်းကကြည့်ရင်း ကောင်လေးကျမှာစိုးနေကြသည်။

"ဖေဖေ.. ဖေဖေ!''

ချင်ဖုန်းလေးက ချင်လင်ကိုမြင်ပြီးဝမ်းသာအားရခေါ်သည်။

ရှောင်ရန်ကအလိုက်တသိ ချင်လင်ဆီဖြည်းဖြည်းချင်းကပ်လာသည်။

ချင်လင်ကချက်ချင်းထိုင်ချပြီး ချင်ဖုန်းလေးနှင့်ခဏကစား၏။ ထို့နောက် အပန်းဖြေစံအိမ်တဖက်သွားလိုက်သည်။

ထိုနေရာတွင် ဖျာသေချာခင်းထားသည်။

ဖျာပေါ်တွင် မျိုးစေ့များဖြန့်ခင်းထား၏။

ညဘုရင်မမျိုးစေ့များပင်။ ရိတ်သိမ်းပြီးနောက် ပိုးသေအောင်အခြောက်လှန်းထားသည်။

သူပထမဆုံးစိုက်ထားသောမျိုးစေ့အသုတ်ဖြစ်ပြီး မကြာမီ နတ်သမီးပုံပြင်တောင်ပေါ်ပို့နိုင်တော့မည်။

ချင်လင်က ညဘုရင်မမျိုးစေ့ကိုစစ်ကြည့်ရာ ခြောက်လုနီးနီးဖြစ်နေပြီ။ မျိုးစေ့များသိမ်းပြီးနောက် မြင်းပြိုင်ကွင်းထဲယူသွား၏။

ခြင်္သေ့လေးက အဖြူရောင်ပုံရိပ်လိုသူ့ဆီတလွှားလွှားပြေးလာသည်။

ခြင်္သေ့လေးကလည်း ဂိမ်းနှင့်ချည်ထားသောတိရစ္ဆာန်ဖြစ်၍ သခင်အပေါ်တွယ်တာသည်။

သူကလည်း မြင်းပြိုင်ကွင်းထဲသွားခဲသည်။ သူရောက်လာသည်နှင့် ခြင်္သေ့လေးကမြူးကြွပြီး သူ့ကိုပတ်ပြေးကာအသံပေးနေသည်။

ချင်လင်က ခြင်္သေ့လေးကိုပွတ်သပ်လိုက်သည်။ ခြင်္သေ့လေးကလည်း အလိုက်သင့်နေပြီးသူ့လက်ကိုဝှေ့သည်။

ချင်လင်က ခြင်္သေ့လေးပေါ်လွှားခနဲတက်ပြီး စားကျက်အပြင်မောင်းထွက်လာသည်။

နတ်သမီးပုံပြင်တောင်ပေါ် သူစီးသွားချင်သည်။ အသိဉာဏ်ရှိသောတိရစ္ဆာန်ဖြစ်ပြီး သူနှင့်ချည်ထားသောကြောင့် အဖော်ခေါ်သွားမည်။

ထိုမြင်ကွင်းကိုမြင်သောခရီးသည်များက ဖုန်းထုတ်ပြီးဗီဒီယိုရိုက်ကြ၏။

ရှောင်ချင်က သုတေသနသမားမှန်းသိသော်လည်း မြင်းစီးတတ်ကြောင်းသူတို့မေ့နေပြီ။

အခုသူ့ကိုမြင်ပြီး ရှောင်ချင်မြင်းစီးရင် ရဲရင့်ပုံရှိကြောင်းသတိရသွားကြသည်။ သူမတူအောင် ခန့်ညားနေ၏။

ချင်းလင်စံအိမ်နှင့်နတ်သမီးပုံပြင်တောင်သွားလမ်းနှစ်လမ်းရှိသည်။

တစ်လမ်းက ကတ္တရာလမ်းဖြစ်ပြီး ကားသွားနိုင်သည်။

အချိန်ကျရင် ခရီးသည်များက နတ်သမီးပုံပြင်တောင်ကားပါကင်သို့တိုက်ရိုက်မောင်းနိုင်သလို ချင်းလင်စံအိမ်ခရီးသည်ကားလည်းစီးနိုင်သည်။ ချင်းလင်မွေးမြူရေးခြံမှလည်းသွားနိုင်၏။

အခန်း ၁၂၅၁: Kappa ပွဲ! ၃

နောက်တစ်လမ်းက တဖက်တချက်တွင် ပန်းပင်များ၊အပင်စိမ်းစိမ်းများစိုက်ထားသော ကျောက်ချောလမ်းဖြစ်သည်။

ချင်းလင်စံအိမ်နှင့်မွေးမြူရေးခြံက နတ်သမီးပုံပြင်တောင်နှင့်နည်းနည်းလှမ်းသော်လည်း လမ်းလျှောက်ချင်သောခရီးသည်များရှိတတ်သည်။

နောက်ပြီး ဒီလိုခရီးသည်တွေကများလိမ့်မည်။

ချင်လင်ကခြင်္သေ့လေးစီးပြီး ကျောက်ချောလမ်းအတိုင်းတက်လာသည်။

ခြင်္သေ့လေးက အမြီးတယမ်းယမ်းနှင့် တစ်ခါတစ်ခါထဟီသည်။

နတ်သမီးပုံပြင်တောင်ရောက်သောအခါ ကားပါကင်အကျယ်ကြီးကိုတွေ့ရသည်။

ကားပါကင်နှင့်ကေဘယ်ကားရုံးဆက်ထားပြီး ကေဘယ်ကားရုံးမှလည်း နှစ်လမ်းခွဲထွက်သည်။

တစ်လမ်းက တောင်ကြားစခန်းချရာနေရာသို့သွားလမ်းဖြစ်ပြီး နောက်တစ်လမ်းက နတ်သမီးပုံပြင်တောင်ထိပ်တက်လမ်းဖြစ်သည်။

အကွေ့အကောက်တောင်တက်လမ်းဖောက်ထားသော်လည်း လမ်းကြောင်းမရှင်းရသေး။

အာကာသမျိုးပြောင်းနွယ်များ၊ညဘုရင်မပင်များ တစ်တောင်လုံးစိုက်လိုက်ပါက အလှစိုက်နေရာဖြစ်သွားမည်။

အဲဒီကျရင် အကွေ့အကောက်တောင်တက်လမ်းက ခရီးသည်များအတွက်အကောင်းဆုံးလမ်းဖြစ်လာမည်။

မျိုးပြောင်းအာကာသနွယ်နှင့်ညဘုရင်မအပြင် တခြားသစ်ပင်ပန်းမန်များလည်းစိုက်မည်။

ဒီအတောအတွင်း နတ်သမီးပုံပြင်တောင်တွင် ယွီရွှေ့နှင့်စိုက်ပျိုးရေးဌာနဝန်ထမ်းများအလုပ်ရှုပ်နေကြသည်။

ချင်လင်က ယွီရွှေ့ကိုဖုန်းဆက်လိုက်သည်။ နေရာမေးပြီးနောက် ခြင်္သေ့လေးနှင့်တောင်ပေါ်တက်လာသည်။

လမ်းတလျှောက်တွင် အပင်များစွာတွေ့ရပြီး မျိုးပြောင်းအာကာသနွယ်ကိုအထဲမှာစိုက်ထားသည်။

နတ်သမီးပုံပြင်တောင်မပြီးခင် စံအိမ်ကမသိစေချင်သောကြောင့် ဒီနည်းနှင့်မျိုးပြောင်းအာကာသနွယ်ကိုစိုက်ထား၏။

"ဥက္ကဌချင်.. ဘယ်လိုဖြစ်ပြီး ခြင်္သေ့လေးနဲ့ရောက်လာတာလဲ?''

ယွီရွှေ့က ချင်လင်ကိုတအံ့တဩမေးသည်။

ချင်လင်ကမြင်းပေါ်မှဆင်းပြီး ညဘုရင်မမျိုးစေ့ကို ယွီရွှေ့ဆီပေးလိုက်သည်_

"ဒါမျိုးစေ့တွေ... ဒီဇိုင်းချထားတဲ့အတိုင်း သူ့နေရာနဲ့သူစိုက်ရုံပဲ''

"ကောင်းပါပြီ ဥက္ကဌချင်''

ယွီရွှေ့ ခေါင်းညိမ့်လိုက်သည်။

ညဘုရင်မမျိုးစေ့က ပတ်ဝန်းကျင်နှင့်ရာသီဥတုအလွန်ရွေးသည်။ နတ်သမီးပုံပြင်တောင်မှလွဲပြီး တခြားနေရာမှာစိုက်မရ။

သို့သော် မျိုးစေ့ကိုလျှောက်မစိုက်ဘဲ သူ့လူတွေစိုက်ခိုင်းတာပိုကောင်းမည်။

ချင်လင်ကယွီရွှေ့အား မျိုးစေ့ပေးပြီးနောက် ခြင်္သေ့လေးနှင့်တောင်အောက်ပြန်ဆင်းသည်။ မြစ်နားတွင်မြင်းရေတိုက်နေစဉ် လူတစ်စုကိုတွေ့ရ၏။

ထိုလူများက တစ်ခုခုစူးစမ်းနေပုံပေါ်သည်။

တစ်ယောက်ကို သူမှတ်မိသည်။ တိရစ္ဆာန်ထိန်းသိမ်းရေး၊ငါးမျိုးစိတ်ပညာရှင်ချီခိုင်ရုံပင်။

အန္တလန္တိတ်ငါးလိုမျိုးတုံးငါးများပေါ်လာခြင်း၊ ရုံချန်းသဘာဝဘေးမဲ့တောတည်ဆောက်ခြင်းတို့ကြောင့် ချီခိုင်ရုံလိုပညာရှင်များ ရုံချန်းတွင်အထိုင်ချနေကြသည်။

အန္တလန္တိတ်ငါးကဲ့သို့မျိုးတုန်းငါးများရှိနိုင်သောနေရာကို သုတေသနလုပ်ကြ၏။

ဒီအန္တလန္တိတ်ငါးက ကျောက်တုံးကဖြစ်လာမှန်း သူတို့မသိ။

သူတို့ခန့်မှန်းချက်အရ မြေအောက်မြစ်ရှိမည်။ မျိုးတုံးငါးက မြေအောက်မြစ်မှာနေပြီး ရုံချန်းရာသီဥတုပြောင်းခြင်းကြောင့်ရောက်လာမည်။

ထို့ကြောင့် မြေအောက်မြစ်ကိုရှာနေကြ၏။

"သူဌေးချင်.. မင်းကိုဒီမှာတွေ့လို့ အံ့ဩနေတာ''

ချီခိုင်ရုံက ချင်လင်ကိုမြင်ပြီး အပြေးလာနှုတ်ဆက်သည်။

"မစ္စတာချီ.. ရုံချန်းမှာရှိနေတုန်းကိုး''

ချင်လင်ကပြုံးပြီးပြောသည်။

"ရုံချန်းမှာအကြာကြီးလေ့လာရဦးမယ်''

ချီခိုင်ရုံက ပြုံးပြုံးနှင့်ပြန်ပြော၏။

ချင်လင် ခေါင်းညိမ့်လိုက်သည်။ ချီခိုင်ရုံနှင့်ခဏစကားပြောပြီးနောက် ခြင်္သေ့လေးစီးပြီးထွက်လာသည်။

သို့ရာတွင် ခြင်္သေ့လေးစီးပြီး လေးငါးဆယ်လှမ်းအရောက်တွင် သူ့စိတ်ထဲမှဖန်သားပြင်လှုပ်လာသည်။ စိုက်ပျိုးရေးခြံပေါက်တွင် မြို့တော်ဝန်သောမတ်ပေါ်လာ၏။

ခြင်္သေ့လေးကိုရပ်ပြီး သူ့စိတ်ထဲမှဖန်သားပြင်ကိုကြည့်လိုက်သည်။ သူ့ဂိမ်းဇာတ်ကောင်အား စိုက်ပျိုးရေးခြံပေါက်သွားပြီး သောမတ်နှင့်စကားပြောစေသည်။

(မင်းရှိတာအတော်ပဲ.. မင်းအကူအညီလိုတယ်... ဒီသခွားသီးတွေစိုက်ပေးပါလား? ဒါ Kappa ကြိုက်တဲ့သခွားသီး!)

(မကြာခင် Kappa နံပါတ်တစ်ပွဲစတော့မယ်... ငါတို့ဒီသခွားသီးတွေလိုတယ်... ဒါတွေစိုက်ပြီး ပွဲတော်ချိန်ရောက်ရင် Kappa ရေကန်ထဲပစ်ပေးပါ... ထင်မထားတဲ့ဆုလာဘ်တွေရလိမ့်မယ်!)

All Chapters