← Chapters

အခန်း (၁၂၅၂-၁၂၅၄)

Vol. 84 Ch. 1252-1254

အခန်း (၁၂၅၂-၁၂၅၄)

Vol. 84 Ch. 1252-1254

အခန်း ၁၂၅၂: မြေအောက်မြစ်!

သောမတ်စကားပြောကိုမြင်ပြီး ချင်လင်ကချက်ချင်း ဂိမ်းဇာတ်ကောင်အားတာဝန်လက်ခံစေသည်။

ဒီစိုက်ပျိုးမွေးမြူရေးခြံပုံပြင်တွင် တောင်းဆိုချက်မှန်သမျှ Kappa သို့မဟုတ် နတ်ဘုရားမနှင့်ဆက်စပ်နေပြီး ဆုလာဘ်ကြီးသည်။

ဒါပေမဲ့ Kappa က ဘာလို့သခွားသီးကြိုက်မှန်း သူနားမလည်။

ဂိမ်းထဲတွင် Kappa က အမဖြစ်သည်။

ခေါင်းစားစရာပင်။

(ကျေးဇူးအများကြီးတင်ပါတယ်... ဒီသခွားသီးမျိုးစေ့တွေက မင်းအတွက်ပါ... အမြန်ဆုံးစိုက်ပြီး Kappa ရေကန်ထဲပစ်ပေးပါ!)

(Kappa ပူဇော်သောသခွားမျိုးစေ့ရပါတယ်!)

ချင်လင်အသိပေးစာရသောအခါ ဂိမ်းဇာတ်ကောင်ကျောပိုးအိတ်ထဲတွင် မျိုးစေ့အိတ်ပေါ်လာသည်။

သောမတ်လည်းညွှန်ကြားပြီးသည်နှင့် စိုက်ပျိုးရေးခြံမှထွက်သွား၍ ချင်လင်မမြင်ရတော့။

ထို့ကြောင့် ချင်လင်ကခြင်္သေ့လေးအမြန်စီးပြီး ချင်းလင်အပန်းဖြေစံအိမ်ပြန်လာသည်။

ခြင်္သေ့လေးကိုလည်း အပန်းဖြေစံအိမ်မှာထားသည်။

အပန်းဖြေစံအိမ်ကွင်းပြင်ကကျယ်ပြီး ခွေးသွားစိတ်မြက်ခင်းရှိသောကြောင့် ခြင်္သေ့လေးအလုံအလောက်စားနိုင်သည်။

ချင်လင်ကသူ့ရုံးခန်းထဲပြန်လာကာ တံခါးလော့ချပြီး အတွေးနှင့်ဂိမ်းထဲဝင်လိုက်သည်။ သောမတ်ပေးခဲ့သော အထူး Kappa သခွားမျိုးစေ့အိတ်ကိုတွေ့ရသည်။

မျိုးစေ့က သာမန်သခွားမျိုးစေ့ထက်ပိုကြီးပြီး ဘဲဥပုံရှိသည်။

( Kappa သခွားမျိုးစေ့: အထူး!)

(သတ္တုမြို့တော်တွင်ထိန်းသိမ်းထားသော အထူးသခွားမျိုးစေ့ဖြစ်သည်။ စိုက်ပျိုးရရှိသောသခွားသီးများကို Kappa အားပူဇော်သည်။ အထူးအာနိသင်ရှိသည်။ အပင်ကြီးရင် အာနိသင်သိရမည်။)

ချင်လင်ကမျိုးစေ့များကြည့်ပြီး တဝက်ထုတ်လိုက်သည်။

ဒီလိုပစ္စည်းမျိုးကို ဂိမ်းစနစ်အရအလိုအလျောက်သုံးပစ်လေ့ရှိပြီး ဂိမ်းထဲတွင်ထိန်းချုပ်နိုင်သည့်နည်းမရှိ။

အခုသူကိုယ်တိုင်ဂိမ်းထဲဝင်၍ တမျိုးလုပ်နိုင်သည်။

သခွားသီးဘယ်လောက်ထူးခြားထူးခြား၊ Kappa အတွက်စိုက်သည်မှလွဲ၍ ကျန်တာသိမ်းထားမည်။

ထို့နောက် ချင်လင်က အထူး Kappa မျိုးစေ့တဝက်ကိုဂိမ်းအပြင်ထုတ်လိုက်သည်။

သူ့စိတ်ထဲမှဂိမ်းကိုပြန်ကြည့်ပြီး ဂိမ်းဇာတ်ကောင်အား ကျန်သခွားမျိုးစေ့တဝက်ကိုစိုက်စေသည်။

BUG မှတဆင့် အထူးသခွားမျိုးစေ့တဝက်ထုတ်ယူလိုက်ခြင်းက တာဝန်လုပ်ငန်းစဉ်အပေါ်သက်ရောက်မှုမရှိပေ။

ချင်လင်ကအာရုံပြန်ရုတ်ပြီး ရုံးခန်းတံခါးဖွင့်ကာ လမ်းလျှောက်ထွက်လာ၏။ အပူချိန်ထိန်းမြက်အခြေအနေကို သူဆက်စစ်ဆေးရမည်။

နေ့လယ်ပိုင်းတွင် အထူးသခွားသီးမှည့်ပြီဟုဂိမ်းအသိပေးစာတက်လာသောကြောင့် သူအံ့ဩမိသည်။

ဒီနှုန်းက နည်းနည်းမြန်သည်။

ချင်လင်ကရုံးခန်းထဲပြန်ပြီး တံခါးလော့ချကာဂိမ်းထဲဝင်ပြန်သည်။

လူပုလေးက အထူးသခွားသီးခူးပြီး သိုလှောင်ခန်းထဲထည့်ထားပြီ။

သခွားသီးကြည့်ပြီး ချင်လင်နည်းနည်းကြောင်သွားသည်။

သခွားသီးက ပုံမှန်သခွားသီးနှင့်မတူ။

သခွားသီးအများစုက မာဆတ်သည်။

ဒီသခွားသီးများကမူ ရိပုပ်တော့မလိုပျော့တော့တော့ဖြစ်နေ၏။

"မကောင်းတော့ဘူးလား?''

ချင်လင်ကမျက်မှောင်ကြုတ်ပြီး သခွားသီးတစ်လုံးကောက်ကိုင်လိုက်သည်။ နည်းနည်းအားစိုက်ရုံနှင့် သခွားသီးကျိုးသွားပြီး အဖြူရောင်စေးကပ်ကပ်အရည်များထွက်လာသည်။

သူဖြဲကြည့်လိုက်သောအခါ အတွင်းသားကလည်းစေးကပ်ပြီး ရေခမ်းအောင်ကျိုထားသောဆန်ပြုတ်နှင့်တူနေသည်။

( Kappa သခွားသီး: အထူး!)

( အထူး Kappa သခွားသီးဖြစ်ပြီး Kappa အလွန်ကြိုက်သောသခွားမျိုးလည်းဖြစ်သည်။ Kappa မှာ တန်ဖိုးကြီးသဘာဝငါးများစွာမွေးထားသောကြောင့် ထိုသခွားသီးကိုငါးများကြိုက်ကြသည်:

ငါးအာဟာရ +၁၊ ငါးကြီးထွားမှုလိုအပ်ချက် +၁၊ ရေနေသတ္တဝါအကြိုက် +၁၊ ငါးဂေဟစနစ်ထိန်းသိမ်းမှု +၁၊ ကြီးထွားနှုန်း +၁!)

အာနိသင်များဖတ်ပြီး Kappa ဘာကြောင့် ဒီသခွားသီးကိုကြိုက်လဲ ချင်လင်သိလိုက်သည်။

သူထင်ထားတာနဲ့ဘာမှမဆိုင်။

ဘာပဲဖြစ်ဖြစ် ဒီလောက်မပျော့သင့်။

သို့သော် သခွားသီးကအလွန်ထူးဆန်းသည်။ ငါးအတွက်အထူးလုပ်ထားသည်။

ငါးအာဟာရ၊ ငါးကြီးထွားမှုလိုအပ်ချက်၊ ရေနေသတ္တဝါအကြိုက်၊ ထိုအရည်အသွေးများကို ငါးစာအဖြစ်အသုံးချနိုင်သည်။

နောက်ပြီး ငါးဂေဟစနစ်ကိုထိန်းသိမ်းရန်လွယ်ကူသည်။ ရေကန်လိုနေရာမျိုးက သမုဒ္ဒရာနှင့်မတူ။ အပြောင်းအလဲနည်းနည်းနှင့် ဂေဟစနစ်ထိခိုက်လွယ်သည်။

ဥပမာ ရေအရည်အသွေးမကောင်းရင် ငါးနှင့်ပုစွန်သေနိုင်သည်။ ငါးနှင့်ပုစွန်မျိုးမပွားရင် ထိုငါးနှင့်ပုစွန်ကိုစားသောငါးများ အေးသွားမည်။

နောက်ဥပမာတစ်ခုမှာ ငါးမျိုးစိတ်အသစ်ကိုရေကန်ထဲထည့်လိုက်ပါက ရေကန်ထဲမှငါးနှင့်ပုစွန်ကိုစားမည်။ နောက်ဆုံး ဂေဟစနစ်ပျက်ယွင်းပြီး အားလုံးငြိမ်းသွားမည်။

ဒီသခွားသီးမှာ ဒီလိုအရည်အသွေးမျိုးရှိပြီး ငါးကြိုက်သောကြောင့် ဘယ်လိုကျွေးကျွေး သခွားသီးကိုစိတ်ဝင်စားမည်။ သခွားသီးတစ်လုံးပြီးတစ်လုံးစားလျှင် ဂေဟစနစ်ကိုကာကွယ်ပြီးဖြစ်သွားမည်။

အနည်းဆုံး ငါးဂေဟစနစ်မှာပြဿနာမရှိတော့။ တခြားကောင်တွေပါလာရင် မတတ်နိုင်။

ချင်လင်ကသခွားသီးချပြီး ဂိမ်းထဲမှထွက်လိုက်သည်။

ထို့နောက် ဂိမ်းဇာတ်ကောင်အား သိုလှောင်ခန်းထဲသွားပြီး Kappa အထူးသခွားသီးကိုအိတ်ထဲထည့်စေသည်။

ထိုအချိန်တွင် နောက်ဆက်တွဲတာဝန်တက်လာသည်:

( Kappa ပူဇော်ပွဲစလောက်ပြီ... Kappa ရေကန်သွားပြီး Kappa အထူးသခွားသီးထည့်ချင်ပါသလား?)

ချင်လင်က ထည့်မည်ကိုရွေးပြီး ဂိမ်းဇာတ်ကောင်အားစိုက်ပျိုးရေးခြံမှထွက်စေသည်။

Kappa ရေကန်ကလည်း နတ်ဘုရားမတောင်ပေါ်တွင်ရှိသည်။

သို့သော် နတ်ဘုရားမတောင်အနောက်ဘက်ဆုံးကျသည်။

ချင်လင်က ဂိမ်းဇာတ်ကောင်အား ရှည်လျားသောတောင်တက်လမ်းနှင့်တောလမ်းအတိုင်းဖြတ်ပြီး Kappa ရေကန်သွားစေသည်။

Kappa ရေကန်အခြေအနေက အရင်လိုမဟုတ်။

Kappa ပွဲကျင်းပနေသလို မြို့ထဲမှ NPC များရောက်နေသည်။ ရေကန်ဘေးတွင် သေချာဆောက်ထားသောယစ်ပလ္လင်တောင်ရှိသည်။

မြို့တော်ဝန်သောမတ်လည်းရောက်နေပြီး သူ့ကိုမြင်သောအခါ ချက်ချင်းစကားလာပြောသည်။

(မင်းရောက်လာတာ ကောင်းတယ်... Kappa သခွားသီးစိုက်ပြီးပြီပေါ့... မြန်မြန်.. သခွားသီးကို ပလ္လင်ပေါ်တင်လိုက်!)

ချင်လင်ကအတည်ပြုပြီး တာဝန်ဆက်လုပ်ရန် ဂိမ်းဇာတ်ကောင်အား ယစ်ပလ္လင်ဆီသွားစေ၏။

အခန်း ၁၂၅၃: မြေအောက်မြစ်! ၂

သူကမတ်တပ်ရပ်ပြီး သခွားသီးကိုချက်ချင်းပစ်ထည့်သည်။

ဒီတစ်ခါ အရင်လိုသခွားသီးနှင့်မတူ။ ပထမဆုံးသခွားသီးကိုရေကန်ထဲပစ်ချပြီးနောက် ငါးများကချက်ချင်းဝိုင်းအုံစားသည်။

ဒါသခွားသီးထည့်ပြီးမြင်ကွင်းဖြစ်သည်။

ထို့နောက် ဒုတိယမြောက်၊ တတိယမြောက်သခွားသီးကိုရေကန်ထဲထည့်သည်။

ငါးလုံးဆက်တိုက်ပစ်ချပြီးနောက် Kappa ဆီမှတုံ့ပြန်မှုကို ချင်လင်မတွေ့ရသောကြောင့်ဆက်ပစ်သည်။

နောက်ပြီး သူ့ကျောပိုးအိတ်ထဲသခွားသီးဘယ်လောက်ရှိမှန်းသိနေသလို နောက်ဆုံးသခွားသီးပစ်ချလိုက်သောအခါ ရေမျက်နှာပြင်ပေါ်လှိုင်းထပြီးရေဝဲဖြစ်လာသည်။

Kappa ပေါ်တော့မည်မှန်း ချင်လင်သိသည်။

အမှန်ပင်။ ခဏအကြာ Kappa က ရေကန်ထဲမှခေါင်းပြူထွက်လာသည်။

(အဲတော့ မင်းပေါ့.. အရင်က သခွားသီးပစ်တာမင်းလား?)

အရင်တစ်ခါ သူသခွားသီးပစ်ခဲ့တာ Kappa မှတ်မိသည်။

(သခွားသီးအတွက် အရမ်းကျေးဇူးတင်ပါတယ်... ငါ့မိတ်ဆွေတွေကကြိုက်တယ်... မင်းကိုလည်း လက်ဆောင်ပြန်ပေးမယ်... ဒါမင်းအတွက်ပါ!)

(ဂုဏ်ယူပါတယ်... Kappa ဆီက အံ့ဖွယ်လက်ဆောင်အိတ်ရပါတယ်!)

အရင်တစ်ခေါက်က အံ့ဖွယ်လက်ဆောင်အိတ်အတိုင်းပင်။ ဒီတစ်ခါရော Kappa ပျော်ခြင်းကျောက်လား?

ဒီလိုဆိုအောင့်သက်သက်ဖြစ်ရဦးမည်။

နောက်ထပ်ပြုပြင်စရာမြစ်မှမရှိတော့တာ။

ချင်လင်ကတုံ့ဆိုင်းမနေဘဲ လက်ဆောင်အိတ်ကိုဖွင့်လိုက်သည်။ တခဏချင်း လက်ဆောင်အိတ်က အလင်းတန်းများဖြစ်ပြီးပျောက်ကွယ်သွား၏။

တချိန်တည်းမှာ ချင်လင်အသိပေးစာရသည်။

(Kappa လက်ဆောင်အိတ်ရသည့်အတွက်ဂုဏ်ယူပါတယ်... Kappa ရေလွှမ်းကျောက်ရပါတယ်!)

Kappa ရေလွှမ်းကျောက်?

ချင်လင် သက်ပြင်းချလိုက်သည်။ Kappa ပျော်ရွှင်ခြင်းကျောက်မဟုတ်ရင်ရပြီ။

တခြားပစ္စည်းတွေမှာ အရည်အသွေးတူတာမရှိ။

သူကချက်ချင်းဂိမ်းဇာတ်ကောင်အား စိုက်ပျိုးရေးခြံပြန်စေပြီး အတွေးနှင့်ဂိမ်းထဲဝင်လိုက်သည်။ Kappa ရေလွှမ်းကျောက်ကိုတွေ့ရ၏။

ခြောက်ထောင့်ပုံရှိသောအပြာရောင်သလင်းကျောက်ဖြစ်သည်။ သလင်းကျောက်ထဲတွင် ရေစက်ပုံလှိုင်းများလည်းထနေသည်။

(Kappa ရေလွှမ်းကျောက်: မြေအောက်မြစ်!)

(Kappa ကအလွန်ထူးဆန်းသောကျောက်နှင့် ရေကြောကိုထိန်းချုပ်နိုင်ပြီး ခမ်းနေသောမြစ်များကိုရေပြန်လွှမ်းစေနိုင်သည်ဟု ကောလာဟလရှိသည်။ Kappa ရေလွှမ်းကျောက်က မြေအောက်မြစ်ကိုပြန်ကောင်းစေသည်။ ခမ်းခြောက်နေသောမြစ်ကိုပြန်ကောင်းစေသည့်အပြင် အနီးအနားမြေအောက်မြစ်များ၏သဲလွန်စလည်းရှာနိုင်သည်။)

အရည်အသွေးမြင်ပြီး ချင်လင်မျက်စိကျယ်သွားသည်။

ရုတ်တရက် ချီခိုင်ရုံစကားကိုသူကြားယောင်လာသည်။

ရုံချန်းမှာမြေအောက်မြစ်ရှိတယ်လို့ သံသယဝင်နေတာမလား? ပိုင်ရွှင်နဲ့ပိုင်ကျီက မျိုးမတုံးခင်မြေအောက်မြစ်မှာတဲ့။

သို့သော် ဒါကခန့်မှန်းချက်သာ။ ငါးတွေက သူဂိမ်းထဲမှထုတ်လာခြင်းဖြစ်သည်။

ထို့ကြောင့် ချီခိုင်ရုံတို့မြေအောက်မြစ်မရှာနိုင်ပါက ထိုအယူအဆကိုစွန့်လွှတ်ပြီး ဖြစ်နိုင်ခြေအသစ်စဉ်းစားရလိမ့်မည်။

ပညာရှင်တစ်စုက ဒါကိုဆက်ကြည့်ပြီး အဖြေရှာမရရင် သူ့ကိုတွေးမိကြလေမလား?

အခုသူ့မှာဒါရှိပြီဆိုတော့ နောက်ဆုံးဇာတ်သိမ်းနိုင်ပြီပေါ့?

ဒါဆိုရုံချန်းမှာဖြစ်သမျှ သူနှင့်ဘာမှမဆိုင်တော့။

ပညာရှင်များက ကျိုးကြောင်းဆီလျော်ပြီးအခြေအမြစ်ရှိသည်ဟုသက်သေပြထားကြသည်။

တချိန်တည်းမှာ ချင်လင်စာရသည်။ Kappa ရေလွှမ်းကျောက်သုံးပြီးနောက် အနီးအနားမှာမြေအောက်မြစ်ရှိလျှင် သလင်းကျောက်ထဲမှရေစက်က လမ်းညွှန်မြားဖြစ်သွားမည်။

မြေအောက်မြစ်မရှိရင် တုံ့ပြန်မှုမရှိ။

ထိုအတွေးနှင့် ချင်လင်က Kappa ရေလွှမ်းကျောက်ကိုကြည့်ပြီး ဂိမ်းထဲမှထွက်လိုက်သည်။

ရုံးခန်းထဲပြန်ရောက်ပြီးနောက် Kappa ရေလွှမ်းကျောက်ကိုသုံးကြည့်သည်။

အနီးအနားမှာမြေအောက်မြစ်ရှိမရှိရှာချင်သည်။ ရုံချန်းမှာမြေအောက်မြစ်မရှိရင် ဒီပစ္စည်းကအသုံးမတည့်။

ဒါကိုတခြားမြို့ယူသွားပြီး မြေအောက်မြစ်ပြန်ကောင်းအောင်လုပ်ဖို့မဖြစ်နိုင်ဘူးဟုတ်?

စျေးပေါလွန်းမနေဘူးလား?

Kappa ရေလွှမ်းကျောက်က တကယ်တုံ့ပြန်မှုရှိသောကြောင့် ချင်လင်အံ့ဩမိသည်။ အထဲမှရေစက်ပုံကမြားဖြစ်သွားပြီး နတ်သမီးပုံပြင်တောင်ဘက်ညွှန်ပြနေသည်။

ဒါဆိုရုံချန်းမှာမြေအောက်မြစ်ရှိတဲ့သဘောပေါ့?

ထို့ကြောင့် ချင်လင်ကချက်ချင်းရုံးခန်းထဲမှထွက်ပြီး ခြင်္သေ့လေးစီးကာ နတ်သမီးပုံပြင်တောင်သို့ဦးတည်လိုက်သည်။

မကြာမီ နတ်သမီးပုံပြင်တောင်ပေါ်ရောက်လာသည်။

Kappa ရေလွှမ်းကျောက်က နတ်သမီးပုံပြင်တောင်အနောက်ဘက်တောင်တန်းကိုဆက်ညွှန်ပြနေသည်။

ချင်လင်က ခြင်္သေ့လေးစီးပြီးဆက်သွား၏။

သို့ရာတွင် တောင်တန်းမှာဆူးပင်ခြုံပင်များထူထပ်သောကြောင့် ခြင်္သေ့လေးမသွားနိုင်။ ခြင်္သေ့လေးကိုအပြင်မှာထားခဲ့ပြီး တောင်ပေါ်သူကိုယ်တိုင်တက်သည်။

Kappa ရေလွှမ်းကျောက်ညွှန်ပြသည့်အတိုင်း ချင်လင်ကဆက်သွားရာ တောင်တန်းပေါ်တက်ချည်ဆင်းချည်လွန်းထိုးနေသည်။

နတ်သမီးပုံပြင်တောင်အနောက်ဘက်တောလမ်းမှာ အပင်ထူထပ်ပြီးလမ်းမရှိသလောက်ဖြစ်၍ လမ်းလျှောက်ရခက်သည်။

စွမ်းအားပင်အသီးနှစ်လုံးသာမစားထားရင် ခရီးသွားရင်းခြေကုန်လက်ပမ်းကျနိုင်သည်။

Kappa ရေလွှမ်းကျောက်ရေစက်ပုံကမပြောင်းသေးသောကြောင့် အခုထိမရောက်သေးသည့်သဘော။ သူဆက်သွားရဦးမည်။

နောက်ဆုံး …

မြားအတိုင်း တောင်နှစ်လုံးကျော်ပြီးနောက် တောင်ကြားထဲတွင်ဂူတစ်လုံးတွေ့သည်။

ဂူထဲဝင်လိုက်ရာ ကွေ့ကွေ့ကောက်ကောက်အနီရောင်ကျောက်လမ်းရှိနေသည်။

ထိုလမ်းအတိုင်းဆင်းသွားရင် မြေအောက်မြစ်ရှိပုံရသည်။

ချင်လင်ကနှစ်လှမ်းလှမ်းပြီးနောက် အထဲတွင်အလင်းရောင်မရှိကြောင်းတွေ့ရသည်။

သူကအတွေးနှင့်ဂိမ်းထဲဝင်ပြီး အရင်ကသိမ်းထားသောညဘုရင်မအိုးကိုထုတ်လိုက်သည်။

ညဘုရင်မအလင်းဖျော့ဖျော့ကြောင့် ပတ်ဝန်းကျင်လင်းသွားပြီး လမ်းကိုရှင်းရှင်းလင်းလင်းမြင်လာသည်။ သို့သော် အဆင်းလမ်းကကြမ်းကြမ်းလာ၏။

အခန်း ၁၂၅၄: မြေအောက်မြစ်! ၃

ဘယ်လောက်ကြာအောင် ချင်လင်လမ်းလျှောက်ခဲ့မှန်းမသိ၊ ရေသံသဲ့သဲ့ကြားရသည်။

သူပျော်သွား၏။ မြေအောက်မြစ်ဖြစ်မည်။

အမှန်ပင်။ တည်ငြိမ်သောနေရာတစ်ခုရောက်သောအခါ ညဘုရင်မပန်းမှထွက်သောအလင်းဖျော့ဖျော့နှင့် ကွေ့ကောက်သောမြစ်ကိုလှမ်းမြင်ရသည်။

မြစ်မှာ အဘက်ဘက်သို့စီးဆင်းနေသောမြစ်လက်တက်များစွာပါသည်။

သို့ရာတွင် မြစ်ရေခမ်းနေပြီး အောက်ခြေတွင်စီးဆင်းနေသောရေအနည်းငယ်သာရှိသည်။

ချင်လင်က အမှတ်အသားလုပ်ပြီး ရှေ့ဆက်လျှောက်သည်။

ဘယ်လောက်လျှောက်ခဲ့မှန်းမသိသော်လည်း မြစ်အဆုံးကိုမမြင်ရသေး။

ဒီမြေအောက်မြစ်က အရင်ကအတော်ကျယ်မည်။ ဘယ်ကိုစီးဆင်းမှန်း ဘယ်သူမှမသိ။ သို့သော် ရုံချန်းမှမင်မြစ် သို့မဟုတ် မင်မြစ်လက်တက်နှင့်ဆက်စပ်နေတာဖြစ်မည်။

ချင်လင် ဆက်မရှာတော့။ Kappa ရေလွှမ်းကျောက်ကိုသူထုတ်သုံးလိုက်သည်။

(လက်ရှိမြေအောက်မြစ်မှာ Kappa ရေလွှမ်းကျောက်ကိုအသုံးပြုနိုင်ပါတယ်... အသုံးပြုလိုပါသလား?)

ချင်လင်က အသုံးပြုမည်ကိုရွေးလိုက်ရာ သူ့လက်ထဲမှ Kappa ရေလွှမ်းကျောက်က အလင်းတန်း၊အလင်းပျောက်များဖြစ်ကာ မြစ်ထဲဝင်သွားသည်။

ထို့နောက် ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွား၏။

ချင်လင်က မြစ်ကိုသေချာလိုက်ကြည့်သော်လည်း လှုပ်ရှားမှုမတွေ့ရ။

သူဇဝေဇဝါဖြစ်သွားသည်။

Kappa ရေလွှမ်းကျောက်က အလုပ်မဖြစ်ဘူးလား?

မဖြစ်နိုင်။

ဂိမ်းထုတ်ကုန်က အာနိသင်မပြတာမရှိ။

မြေအောက်မြစ်က အချိန်တိုအတွင်းပြန်မကောင်းနိုင်တာဖြစ်မည်။

အကြာကြီးစောင့်သော်လည်း လှုပ်ရှားမှုမရှိသောကြောင့် ချင်လင်အရင်ပြန်လာသည်။

အမှန်အတိုင်းပြောရရင် ဒီလိုမှောင်မှောင်မဲမဲမှာသူနေရတာအဆင်မပြေ။

ထို့ကြောင့် ပြန်လာလိုက်သည်။

မြေအောက်မြစ်နှင့်ကုန်းပေါ်မြစ်ဆက်စပ်သောနေရာများစွာရှိသည်။

မြေအောက်မြစ်ပြန်ကောင်းရင် ကုန်းပေါ်မြစ်အတော်များများ တုံ့ပြန်မှုပြလာမည်။

တုံ့ပြန်မှုပြသောနေရာတွင် အုတ်အော်သောင်းတင်းဖြစ်မည်။

အချိန်ယူပြီးနောက် ချင်လင်ကအပြင်ပြန်ထွက်ကာ တောင်တန်းများပေါ်လျှောက်လာသည်။

ခြင်္သေ့လေးက သူထွက်လာသည်ကိုမြင်သောအခါ မြူးတူးပြီးသူ့ပေါ်တက်စေသည်။

အပန်းဖြေစံအိမ်ရုံးခန်းပြန်ရောက်လျှင် သူချန်ထားသော Kappa သခွားသီးတဝက်ကိုကြည့်လိုက်သည်။

ဒီသခွားမျိုးကိုအပြင်မှာစိုက်ရင် ငါးမွေးဖို့အလွန်အသုံးတည့်မည်။

အချိန်ကုန်လွန်သွားသည်။

မျက်စိတစ်မှိတ်အတွင်း သုံးရက်ကုန်လွန်သွား၏။

ချီခိုင်ရုံကရုံချန်းမှထွက်ပြီး လွန်ခဲ့သော ၂ ရက်ကရောက်ခဲ့သောမြစ်ဆီပြန်ရောက်နေသည်။

ရုံချန်းမြစ်အတော်များများ၏အခြေအနေနှင့်မြစ်လက်တက်ဟောင်းများကိုလေ့လာခဲ့သည်။ သိပ္ပံနည်းကျဆန်းစစ်ချက်အရ ဒီမြစ်ကမြေအောက်မြစ်နှင့်ဆက်စပ်နေသောမြစ်ဖြစ်မည်ဟုထင်ကြသည်။

လွန်ခဲ့သောနှစ်ရက်က နမူနာများလာစုဆောင်းခဲ့ပြီး ဒီနေ့ဒီနေရာအခြေအနေကိုစစ်ဆေးကြမည်။

ချီခိုင်ရုံက သူ့လူများကိုမြစ်နားခေါ်လာပြီး ကိရိယာများချလိုက်ကြသည်။ ထို့နောက် မြစ်ဘေးတစ်ယောက်လျှောက်သွားပြီး ခဏအကြာ ထိုလူကရေရွတ်သည်_

"အားလုံး လာကြည့်ပါဦး... တစ်ခုခုတော့ဖြစ်နေပြီ''

ချီခိုင်ရုံကမျက်မှောင်ကြုတ်ပြီး လူများခေါ်လာသည်။ မြစ်ကိုမြင်သောအခါ အားလုံးအံ့ဩသွား၏။

လက်ရှိထိုမြစ်ရေစီးက တခြားမြစ်နှစ်စင်းထက်ပိုမြန်ပြီး ရေအမြင့်ကသိသိသာသာတက်နေသောကြောင့်ပင်။

အခုတလော ရုံချန်းမှာမိုးမရွာ။ အချိန်အရ ရုတ်တရက်မြစ်ရေတက်နိုင်သည့်အချိန်မဟုတ်သေး။

သို့သော် သူတို့လာစစ်ဆေးစဉ်က မြစ်ရေအမြင့်ဒီလောက်မရှိသေးကြောင်းသေချာမှတ်မိသည်။

တစ်ခုခုတော့မှားနေပြီ။

ရုတ်တရက်မြစ်ရေတက်လာတာ အကြောင်းအရင်းမရှိမဖြစ်နိုင်။

ဒီတော့ တစ်ခုခုဖြစ်နေပြီ!

All Chapters