← Chapters

အခန်း (၁၉၂၁)

Vol. 138 Ch. 1921

အခန်း (၁၉၂၁)

Vol. 138 Ch. 1921

ဟူး... ဟူး...

မိနစ်အနည်းငယ်အတွင်းမှာပင် သူတို့သည် အဖြူရောင် အဘိဿဲလ်၏ မိုင်တစ်ထောင် အကွာအဝေးသို့ ရောက်ရှိလာသည်။ ၎င်းမှ ထုတ်လွှတ်သော ဖိအားမှာ အလွန်ပင် ကြီးမားလှသဖြင့် သေမျိုးတစ်ပိုင်း အရှင် အဆင့် အချို့မှာ မျက်နှာများ ဖြူရော်သွားကာ ခုခံရန်အတွက် လျှို့ဝှက်လက်နက်များနှင့် လျှို့ဝှက် အကာအကွယ်များကို အသုံးပြုလိုက်ရသည်။

မြေကြီးရှန့်ထိုများမှာမူ သူတို့၏ လျှို့ဝှက် အကာအကွယ်များကိုသာ ထုတ်ဖော်လိုက်ကြရသည်။ လောက ရှန့်ထိုနှင့် ကောင်းကင် ရှန့်ထိုများ၏ တုန့်ပြန်မှုများမှာလည်း ခြားနားလှသည်။ လောက ရှန့်ထိုများသည် လောက နှလုံးသား ရည်ရွယ်ချက်များကို အသုံးပြုကြပြီး၊ ကောင်းကင် ရှန့်ထိုများမှာမူ မည်သည့်အရာမှ မလိုအပ်ဘဲ သူတို့၏ အော်ရာဖြင့်ပင် ထိုဖိအားကို အလွယ်တကူ ခုခံနိုင်ကြသည်။

အာဏာရှင် ရှန့်ထိုများအကြောင်းကိုမူ ပြောနေစရာပင် မလိုချေ။ သူတို့သည် မည်သည့် သက်ရောက်မှုမှ ရှိပုံမပေါ်ချေ။

ထိုအတောအတွင်း သူတို့သည် အီလီစီယမ် အသေးစား ပေါ်ရှိ လူများကို လှမ်းကြည့်လိုက်ကြသည်။ ထို့နောက် သူတို့၏ မျက်လုံးများမှာ အနည်းငယ် ပြူးကျယ်သွားကြ၏။ သင်္ဘောပေါ်ရှိ သေမျိုးများပင်လျှင် မည်သည့် သက်ရောက်မှုမှ မရှိကြချေ။ သူတို့ တွေ့မြင်ရသမျှ အကာအကွယ် ဟူ၍ ချောင်စွေ့ဖုန်း၊ လျူစုယင်နှင့် မင်ရှုဖုန်းတို့၏ ပတ်လည်တွင် ရှိနေသော သင်္ဘောပေါ်မှ ထွက်ပေါ်လာသည့် ဥပဒေသအော်ရာ အလင်းဖျော့ဖျော့လေးသာ ရှိသည်။

ကျန်ရှိသူများမှာမူ ကောင်းကင်ရှန့်ထိုများ ကဲ့သို့ပင် အေးဆေး ရှိနေကြ၏။

ဝေ့ဝူယင်က ယွီစွန်းလီ၏ လည်တိုင်လေးကို ညင်သာစွာ နမ်းလိုက်ရာ၊ သူမ၏ လှပသော မျက်နှာလေးမှာ ပန်းနုရောင် သန်းသွားပြီး သူ၏ ရင်ခွင်ထဲသို့ ပိုမို တိုးဝင်လာ၏။

“လှတယ် မဟုတ်လား”

“အင်း...”

ယွီစွန်းလီက အဖြူရောင် မြူထုကြီးကို ကြည့်ကာ ပြန်ဖြေလိုက်သည်။ ၎င်းမှာ မြူခိုးများ၊ ရေငွေ့များ၊ ရွှံ့ရေများနှင့် အလင်းတန်းများ အားလုံး တစ်ပြိုင်တည်း စုဝေးနေသည့် ကမ္ဘာတစ်ခုကဲ့သို့ ခံစားရသည်။ အားလုံးက အဖြူရောင်ဖြစ်ပြီး လှုပ်ရှားနေကြသည်။ ဝေ့ဝူယင်၏ လက်မောင်းများက သူမ၏ ခါးအား ပို၍ တင်းကြပ်စွာ ဖက်ထားလာကို ခံစားလိုက်ရသောအခါ အခြေအနေတစ်ခု ပြောင်းလဲတော့မည်ကို မိန်းကလေး သိလိုက်သည်။

ယွီစွန်းလီ မိမိကိုယ်ကိုယ် အဆင်သင့် ပြင်လိုက်၏။ သူမသည် တစ်စုံတစ်ယောက်၏ ရည်ရွယ်ချက်ကို မသိလောက်အောင် တုံးအသူ မဟုတ်ချေ။ ဝေ့ဝူယင်သည် သူမကို အကြောင်းမဲ့ ဤမျှ တင်းတင်းကြပ်ကြပ် ဖက်ထားခြင်း မဟုတ်ချေ။ ၎င်းမှာ သူမကို ပိုမို ကာကွယ်ပေးနိုင်ရန်အတွက်သာ ဖြစ်ကြောင်း သူမ သိနေသည်။

ထိုအခိုက်၌ သူတို့သည် သူတို့သည် အဖြူရောင် အဘိဿဲလ်၏ မိုင်တစ်သောင်း အကွာအဝေးသို့ ရောက်ရှိလာပြီ ဖြစ်သည်။

ယခုအခါတွင်မူ သူတို့၏ ရှေ့တွင် အဖြူရောင်များကိုသာ မြင်တွေ့ရတော့သည်။ နောက်သို့ ပြန်မကြည့်ပါက ကျန်ရှိသော အရပ်မျက်နှာအားလုံးမှာ အဖြူရောင်ချည်းသာ ဖြစ်သည်။ ၎င်းမှာ အာရုံခံစားမှုများကိုပင် လွှမ်းမိုးထားသည်။

အဘိဿဲလ် အာဏာရှင် ရှန့်ထိုများနှင့် ကျန်ရှိသော လျှို့ဝှက် အာဏာရှင်များအားလုံး အဆင်သင့် ပြင်လိုက်ကြသည်။

ခရမ်းရောင်ပင်လယ်က ဝေ့ဝူယင်အနားသို့ တိုးကပ်လာကာ ပြောလိုက်၏။

“ပုံမှန်ဆိုရင်တော့ အဖြူရောင် အဘိဿဲလ်ထဲကနေ ရတနာမျိုးစုံ ထွက်လာလေ့ ရှိပါတယ်... အဖြူရောင် အဘိဿဲလ်ရဲ့ အတွင်းထဲမှာ ဘာရှိလဲဆိုတာတော့ မရှင်းလင်းပေမဲ့၊ တစ်ခါတလေမှာ မျိုးရိုးနဲ့ အမွေအနှစ် နည်းလမ်းတွေ ပါဝင်တဲ့ ရှေးဟောင်းကျမ်းစာတွေ ထွက်လာတတ်တယ်... အဲဒီစာသားတွေက ကျွန်မတို့ရဲ့ မဟာ ပုရောဟိတ် တွေတောင် နားမလည်နိုင်တဲ့ ဘာသာစကားတွေ ဖြစ်နေတတ်တယ်... သူတို့က အဲဒီပစ္စည်းတွေရဲ့ သက်တမ်းကိုလည်း မဆုံးဖြတ်နိုင်ကြဘူး... တစ်ခါတလေမှာ နှစ်ပေါင်း သန်းချီ သက်တမ်းရှိနေတတ်သလို၊ တစ်ခါတလေကျတော့လည်း မနေ့ကမှ လုပ်ထားသလိုမျိုး အသစ်စက်စက် ဖြစ်နေတတ်တယ်”

“ကျင့်ကြံခြင်း နည်းလမ်း အမွေအနှစ်တွေတင် မဟုတ်ပါဘူး... ကျွန်မရဲ့ ရွှေရောင်မှင် ကြာပွတ်ကလည်း အဖြူရောင် အဘိဿဲလ်ထဲကနေ ထွက်လာတာပဲ”

သူမက ခါးရှိ ကြာပွတ်ကို ပုတ်ပြရင်း ပြောလိုက်သည်။

“ပြီးတော့ သွေးရောင်ဓားရဲ့ ကောင်းကင်ခွဲဓားကလည်း အရင်က ကောင်းကင်ရတနာ တစ်ခုဖြစ်ခဲ့ဖူးပေမဲ့... ဘာမှန်း မသိရတဲ့ အဖြစ်အပျက်တွေကြောင့် လျှို့ဝှက်လောက အဆင့်အထိ ကျဆင်းသွားခဲ့တဲ့ ပျက်စီးနေတဲ့ ရတနာတစ်ခုပဲ”

သွေးရောင်ဓားက နှာခေါင်းတစ်ချက် ရှုံ့လိုက်ကာ တုံ့ပြန်သည်။

“အရင်က ငြိမ်းချမ်းရေး အဘိဿဲလ်ကို အုပ်ချုပ်ခဲ့တဲ့ မီးခိုးရောင် အဆောင် ဆိုရင်လည်း လျှို့ဝှက် ဘာသာစကားနဲ့ ရေးထားတဲ့ ကျမ်းတစ်စောင်ကို မတော်တဆ ရရှိခဲ့ပြီး၊ ထူးခြားတဲ့ ကျင့်ကြံခြင်း နည်းလမ်းတစ်ခုကို ရရှိခဲ့ဖူးတယ်... အဲဒီနည်းလမ်းက ငြိမ်းချမ်းရေး အဘိဿဲလ်က ထိပ်တန်း ကျင့်ကြံသူတိုင်းအတွက် အဓိက ကျင့်ကြံခြင်း နည်းလမ်း ဖြစ်လာခဲ့တယ်... အဲဒီနည်းလမ်းကြောင့်ပဲ အဖြူရောင် အဘိဿဲလ် ဂလက်ဆီဟာ အခုလို အင်အားတောင့်တင်းလာတာ၊ အထူးသဖြင့် လူသားမျိုးနွယ်တွေပေါ့... သူက သဘောထားကြီးပြီး လောဘမရှိတဲ့အတွက် သူရရှိတဲ့ ကံကောင်းခြင်းတွေကို လူမျိုးစွဲ၊ အဖွဲ့အစည်းစွဲ မရှိဘဲ ကမ္ဘာကြီးရဲ့ အကျိုးအတွက် အားလုံးကို ဝေမျှပေးခဲ့တယ်”

ခရမ်းရောင်ပင်လယ်က ပြောရင်း မီးခိုးရောင် နှင်းဆီကို ပြင်းထန်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ သို့သော်လည်း ချက်ချင်းပင် အကြည့်ကို လွှဲလိုက်လေ၏။

သူမည် မီးခိုးရောင် အဆောင်၏ ပျော့ပျောင်း နူးညံ့သည့် စိတ်ကို မနှစ်သက်သော်လည်း၊ သာမန်ပြည်သူများအတွက် ကိုယ့်ကိုယ်ကိုယ် စတေးလိုသည့် စိတ်ဓာတ်ကိုမူ လေးစားမိသည်။ ထိုသူသည် စိတ်နှလုံးကောင်းရှိသော်လည်း မိုက်မဲသူဖြစ်သည်။

အကယ်၍ သူသာ စိတ်မပျော့ခဲ့လျှင် ဤမြေခွေးမ (မီးခိုးရောင် နှင်းဆီ) လက်ထဲတွင် အရာအားလုံး ဆုံးရှုံးသွားရလိမ့်မည် မဟုတ်ပါချေ။

မီးခိုးရောင် နှင်းဆီက နှုတ်ခမ်းကို မဲ့လိုက်သော်လည်း ထိုမှတ်ချက်အပေါ် ဘာမှပြန်မပြောဘဲ ဝေ့ဝူယင်ကိုသာ ကြည့်ကာ ပြောလိုက်သည်။

"အတွင်းထဲမှာ ထူးဆန်းတဲ့ သက်ရှိတွေလည်း ရှိပါတယ်... ဒါပေမဲ့ သူတို့က အဖြူရောင် အဘိဿဲလ်ရဲ့ နယ်စပ်နားမှာ တွေ့ရခဲပြီး အထဲကို တော်တော်လေး နက်နက်ရှိုင်းရှိုင်း ဝင်သွားတဲ့သူတွေပဲ သိကြတာပါ... အဲဒီကောင်တွေထဲက အချို့ဆိုရင် ကောင်းကင် ရှန့်ထိုတွေလောက်နီးပါး သန်မာပြီး ကြောက်စရာကောင်းကြတယ်"

နတ်မိမယ် တိတ်ဆိတ်ခြင်းကလည်း ဖြည့်စွက်ပြောကြားသည်။

"ဒါပေမဲ့ ပတ်ဝန်းကျင်ရဲ့ အန္တရာယ်တွေကိုလည်း သတိထားရမယ်... အကြွင်းမဲ့ ဟင်းလင်းပြင် ဒေသမှာပဲ တွေ့ရတဲ့ ထူးခြားဆန်းပြားတဲ့ ဖြစ်စဉ်တွေက ဘယ်အချိန်၊ ဘယ်နေရာမှာ ပေါ်လာမလဲဆိုတာ ပြောဖို့ခက်တယ်... နောက်ပြီး ပတ်ဝန်းကျင်ရဲ့ ဖိအားကလည်း ကြောက်စရာကောင်းသလို အပျက်အစီး မန်နာတွေကလည်း သတိမထားရင် ကိုယ့်ရဲ့ကျင့်ကြံခြင်း အခြေခံကို တိုက်စားသွားနိုင်တယ်... ဒါကြောင့် အရောင်ရှိတဲ့ ဇုန်တစ်ခုထဲ ရောက်သွားရင်တောင် လောကရှန့်ထို အာရုဏ်ဦးရဲ့ သင်္ဘောကို အကာအကွယ် အမြဲလုပ်ထားဖို့ ကျွန်မအကြံပေးချင်ပါတယ်"

အဖြူရောင် အဘိဿဲလ်နှင့် မိုင်တစ်ထောင်အကွာ...

အဖြူရောင် မြူထုကြီးမှာ အတိုင်းအဆမရှိ ပိုမို ကြီးမားလှသည်။ ၎င်းသည် အရာအားလုံးကို လွှမ်းမိုးထားပြီး ခေါင်းလှည့်ကြည့်လိုက်လျှင်ပင် ဖြူဖွေးနေသော ပင်လယ်ပြင်ကြီးတစ်ခုကိုသာ မြင်တွေ့ရတော့မည်ဟု ခံစားရစေသည်။ ထိုခံစားချက်မှာ နေရာအနှံ့ ပျံ့နှံ့နေ၏။

မိုင်တစ်ရာအကွာ...

"လောကရှန့်ထို အာရုဏ်ဦး..."

မီးခိုးရောင် နှင်းဆီက ဝေ့ဝူယင်ကို ကြည့်လိုက်၏။ အဘိဿဲလ် အာဏာရှင် ရှန့်ထိုများသည် ဝင်ပေါက်အတွက် ကိုင်တွယ်ရန် အသင့်ဖြစ်နေကြသော်လည်း အကယ်၍ သူတို့၏ခွန်အားကို ချွေတာနိုင်လျှင် ချွေတာလိုကြသည်။

"ရှေ့ကိုသာ ဆက်သွားလိုက်ပါ..."

ဝေ့ဝူယင်က သူတို့ထံ ဝိညာဉ်သတင်းစကား ပေးပို့လိုက်သည်။ ဤသည်မှာ ဝေ့ဝူယင်၏ နည်းလမ်းတစ်ခုဖြစ်ကြောင်း သူတို့အားလုံး သဘောပေါက်လိုက်ကြသည်။ သူတို့သည် တုံ့ဆိုင်းမနေဘဲ ရှေ့သို့ တိုးဝင်လိုက်ကြ၏။

ယောင်ဟုန်ရီသည် သင်္ဘောကို မမောင်းတော့ချေ။ အာဏာရှင် ရှန့်ထို လေးဦးက သူတို့၏ လျှို့ဝှက်စွမ်းအားဖြင့် အီလီစီယမ် အသေးစားကို လွှမ်းခြုံကာ ရှေ့သို့ ခေါ်ဆောင် သွားကြ၏။

ယောင်ဟုန်ရီက သူ၏ မျက်စိစည်းကို ဖြည်လိုက်ပြီး လေးကို ထုတ်ယူလိုက်သည်။ စုမေ့မှာ ဆေဘာကို ကိုင်ထားပြီး ရှောင်ပိုင်သည်လည်း ချပ်ဝတ်တန်ဆာများဖြင့် သူမ၏ဘေးတွင် ပေါ်လာသည်။

ရွှေဖုန်းပေါင်၏ မျက်လုံးများထဲတွင် မီးလျှံများ တောက်လောင်နေပြီး သူ၏ခန္ဓာကိုယ်မှ အပူရှိန်များ ပြင်းထန်စွာ ထွက်ပေါ်နေသည်။

ထို့ပိဟန်၏ ခန္ဓာကိုယ်မှလည်း သန့်စင်သော အလင်းရောင်နှင့် ကြောက်မက်ဖွယ် စွမ်းအင်များ ထွက်ပေါ်လာကာ ထူးဆန်းသော အော်ရာတစ်ခုကို ဖြစ်တည် လာစေသည်။

ဟူး... ဟူး...

မကြာခင်မှာပင် သူတို့သည် အဖြူရောင် အဘိဿဲလ်၏ နယ်နိမိတ်အတွင်းသို့ ဝင်ရောက်သွားကြရာ အရပ်မျက်နှာအားလုံးမှာ အဖြူရောင်များ ဖုံးလွှမ်းသွားတော့သည်။ သူတို့အားလုံးသည် ပတ်ဝန်းကျင်ရှိ လှိုင်းထနေသော အဖြူရောင် နံရံကြီးများကို စောင့်ကြည့်နေကြ၏။

မိုင်ပေါင်းထောင်ချီ၍ မိနစ်အနည်းငယ်မျှ ခရီးနှင်ပြီးနောက် စိမ်းဖန့်ဖန့် အလင်းရောင်များ ပြည့်နှက်နေသည့် ဝင်ပေါက်တစ်ခု သူတို့ရှေ့တွင် ပေါ်လာခဲ့သည်။ ၎င်းမှာ ဖြူဖွေးနေသည့် ပင်လယ်ပြင်ကြီးထဲ အတွင်း ဖောက်ထားသည့် အပေါက်တစ်ခုကဲ့သို့ ဖြစ်ပြီး ကြည်လင်သည့် ရေထဲရှိ ဆီမည်းစက်တစ်ခုလိုမျိုး ထင်ရှားလှသည်။

"အစိမ်းရောင်ဇုန်ပဲ... ရှေ့ကိုတက်..."

နတ်မိမယ် တိတ်ဆိတ်ခြင်းက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။ အာဏာရှင် ရှန့်ထိုများသည် တညီတညွတ်တည်း ပူးပေါင်းကာ သူတို့၏ လျှို့ဝှက်စွမ်းအင်များကို အသုံးပြု၍ အီလီစီယမ် အသေးစားကို အစိမ်းရောင်အလင်းတန်းဆီသို့ ဆွဲခေါ်သွားကြတော့သည်။

ဝှစ်...

ရုတ်တရက်... သူတို့၏ ဘယ်ဘက်နှင့် ညာဘက်ရှိ အဖြူရောင်နံရံများမှ လှုပ်ရှားမှုအချို့ကို မြင်လိုက်ရ၏။

"သတိထား..."

All Chapters