← Chapters

အခန်း (၁၉၂၂)

Vol. 138 Ch. 1922

အခန်း (၁၉၂၂)

Vol. 138 Ch. 1922

"သတိထား..."

ရုတ်တရက် အဖြူရောင်နံရံများမှ လှုပ်ရှားမှုများကို တွေ့မြင်လိုက်ရလေရာ သွေးရောင်ဓားက အော်ဟစ်လိုက်၏။

ချက်ချင်းပင် ဓားအဘိဿဲလ်မှ အဖွဲ့ဝင်များသည် သူတို့ကိုယ်သူတို့ ဟင်းလင်းပြင်စွမ်းအားဖြင့် ခိုင်မာအောင် ဆုပ်ကိုင်ထားကြပြီး တိုက်ခိုက်ရန် အတွက် အဆင်သင့် ပြင်လိုက်ကြသည်။ သို့သော်လည်း... အခြားသူများမှာမူ သတိပေးထားသည့်ကြားမှ မသိစိတ်၏ စေ့ဆော်မှုကြောင့် ဝိညာဉ်အာရုံကို ဖြန့်ကြက်လိုက်ကြရာ သူတို့၏ မြင်ကွင်းတစ်ခုလုံးကို အဖြူရောင် အလင်းတန်းကြီးကသာ လွှမ်းမိုးသွားတော့သည်။ ချက်ချင်းပင် သူတို့ အားလုံး၏ အမူအရာများမှာ တောင့်တင်းကုန်ကြ၏။ သူတို့ အသိစိတ်များမှာ ဝေဝေဝါးဝါး ဖြစ်သွားကြသည်။

သေမျိုးတစ်ပိုင်း အရှင်များနှင့် မြေကြီး ရှန့်ထိုများထဲမှ အချို့မှာမူ သူတို့၏ ခုခံရေးရတနာများကို ချက်ချင်း အသက်သွင်းလိုက်ပြီး သူတို့၏ ဂလက်ဆီဇုံမှ အင်အားအကောင်းဆုံး ပုဂ္ဂိုလ်များအနီးသို့ အကာအကွယ် သွားရောက်ယူကြသည်။

ဤသို့ ကွဲပြားသော တုံ့ပြန်မှုများကြောင့် အီလီစီယမ် အသေးစားကို ဝိုင်းရံထားသော အဖွဲ့၏ ညီညွတ်မှုမှာ ပျက်ပြားသွားခဲ့တော့သည်။

“ငတုံးတွေ...”

ခရမ်းရောင်ပင်လယ်က ငေါက်ငမ်းလိုက်၏။ အဖြူရောင် အဘိဿဲလ်သည် ဝိညာဉ်အာရုံ အသုံးပြုခြင်းကို တားမြစ်ထားသည့် နေရာအဖြစ် ကျော်ကြားပြီး၊ မျက်လုံး ကျင့်စဉ်များကိုပင် အကန့်အသတ်အတွင်းသာ သုံးရသည်။ မဟုတ်ပါက ယခုကဲ့သို့ ဖြစ်ပျက်သွားမည် ဖြစ်သည်။

အဖြူရောင် အဘိဿဲလ်၏ အန္တရာယ်အရှိဆုံး ဖြစ်ရပ်မှာ ပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်များနှင့် ဦးတည်ချက် ပျောက်ဆုံးသွားခြင်းတို့ပင် ဖြစ်သည်။ အကယ်၍ လမ်းကြောင်းလွဲသွားပြီး လမ်းပြနှင့် ဝေးကွာသွားပါက ရန်သူများနှင့် ရင်ဆိုင်ရခြင်းထက်ပင ပိုမိုဆိုးရွားပြီး၊ အဖြူရောင် အဘိဿဲလ်၏ အမည်မသိ အပြောကျယ်လှသော ဟင်းလင်းပြင်ထဲတွင် ထာဝရ ပျောက်ဆုံးသွားနိုင်ပေသည်။

ခရမ်းရောင်ပင်လယ်မှ အဖွဲ့ဝင်များသည် သွေးရောင်ဓား၏ ဟိန်းဟောက်သံနောက်တွင် ဟင်းလင်းပြင်စွမ်းအားဖြင့် ခိုင်မာအောင် ချိတ်ဆက်ထားကြ၏။ သူတို့သည် နည်းစနစ်မှန်ကန်စွာ သင်ကြားထားပုံရသည်။ အာဏာရှင် ရှန့်ထိုများသည် အန္တရာယ်များနှင့် တုံ့ပြန်ပုံများကို အသေးစိတ် ရှင်းပြထားခဲ့သော်လည်း၊ ဘာမှန်း မသိရသော အန္တရာယ်နှင့် ရင်ဆိုင်ရသောအခါ မသိစလိတ်၏ တုံ့ပြန်မှုနှင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်လိုစိတ်ပေါ်တွင်သာ မူတည်သွားခြင်း ဖြစ်သည်။

မီးခိုးရောင် နှင်းဆီသည် ငြိမ်းချမ်းရေး အဘိဿဲလ်မှ လူအများစုမှာ ဝေဝေဝါးဝါး ဖြစ်နေသည်ကို မြင်သောအခါ မျက်နှာ ပျက်ယွင်းသွား၏။ သူမ၏ မျက်လုံးထဲတွင် ထိတ်လန့်မှုများ ဖြစ်ပေါ်လာပြီး တစ်ခုခု လုပ်ဆောင်ရန် ကြံရွယ်လိုက်သော်လည်း၊ နတ်မိမယ် တိတ်ဆိတ်ခြင်း၏ အကြည့်ကြောင့် ရပ်တန့်သွားသည်။ သူမ အံကို တင်းတင်းကြိတ်ကာ အာရုဏ်ဦး အဂ္ဂိရတ်ရှန့်ထိုနှင့် သူ၏ ဇနီးသည်များအနီးတွင်သာ နေလိုက်သည်။ အဓိက ဦးစားပေးမှာ သူတို့သာ ဖြစ်သည်။

ဤအဖြစ်အပျက်များကို ဖော်ပြရန် အချိန်ကြာသယောင် ရှိသော်လည်း အရာအားလုံးက တပြိုင်နက်တည်း လိုလိုပင် ဖြစ်ပျက်သွားခြင်း ဖြစ်သည်။ အာဏာရှန် ရှန့်ထိုများ၏ အာရုံခံစားနိုင်စွမ်းမှာ ကောင်းကင်ရှန့်ထိုများထက်ပင် များစွာ သာလွန်လှသည်။ ကျင့်ကြံခြင်း၏ အဆင့်တစ်ခုစီ တက်လှမ်းတိုင်း စွမ်းရည်များမှာ သိသိသာသာ တိုးတက်လာပြီး၊ ထိုကဲ့သို့ အံ့မခန်း အာရုံခံစားနိုင်စွမ်းကြောင့်ပင် အောက်အဆင့်များ အတွက် သူတို့မှာ မယှဉ်နိုင်သော တည်ရှိမှုများ ဖြစ်နေခြင်း ဖြစ်သည်။

‘ကောင်းကင်ရှန့်ထို’ နှင့် ‘အာဏာရှင် ရှန့်ထို’ ကြားရှိ ကွာဟချက်မှာ သေမျိုးတစ်ပိုင်းအရှင်သခင်နှင့် မြေကြီးရှန့်ထို ကြားရှိ ကွာဟချက်ထက် အဆတစ်ရာမက ကြီးမားလှသည်။ သို့သော်လည်း... ကျင့်ကြံခြင်း အခက်အခဲနှင့် လိုအပ်ချက်များမှာမူ အဆတစ်ထောင်မက ပိုမိုပြင်းထန်လှသည်။

ဝေ့ဝူယင် ဖွင့်ပေးထားသည့် လမ်းကြောင်းမှတစ်ဆင့် စိမ်းဖန့်ဖန့် အလင်းရောင်ဆီသို့ သွားနေစဉ်၊ အီလီစီယမ် အသေးစားကို ဝိုင်းရံထားသော နံရံများသည် ဝဲကန်တော့ကြီးများကဲ့သို့ လိမ်တွန့်ကာ ပျက်ယွင်းလာ၏။ မိုင်ပေါင်းများစွာ အပြောကျယ်လှသော ဝဲကန်တော့ ထောင်ပေါင်းများစွာမှာ အရပ်မျက်နှာအနှံ့ ဖြစ်ပေါ်လာသော်လည်း တစ်ခုနှင့်တစ်ခု ထိကပ်ခြင်း မရှိချေ။

ထူးဆန်းသည်က ထိုဝဲကန်တော့ အားလုံးသည် အဖွဲ့ဝင် ငါးထောင်နှင့် အီလီစီယမ် အသေးစားဆီသို့သာ ဦးတည်နေကြခြင်း ဖြစ်သည်။

“မဟုတ်ဘူး... အား...”

အော်ဟစ်သံကြီးတစ်ခုက အဖြူရောင် ကမ္ဘာကြီးကို တုန်ခါသွားစေ၏။ မြေကြီးရှန့်ထို အဆင့်ရှိသော အမျိုးသမီးတစ်ဦးသည် ဝဲကတော့တစ်ခုထဲသို့ ချက်ချင်း ဆွဲစုပ်ခံလိုက်ရသည်။ သူမသည် တစ်ခုခုကို ဆွဲကိုင်ရန် ကြိုးစားသော်လည်း ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်စွမ်းအင်များမှာ ချက်ချင်း ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေခဲ့သည်။

တစ်ဖက်တွင်လည်း မိမိကိုယ်ကိုယ် ခိုင်မာအောင် ချိတ်ဆက်ထားသူများမှာမူ ကော်နှင့် ကပ်ထားသကဲ့သို့ ဟင်းလင်းပြင် တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်ကြသည်။ ကံကောင်းထောက်မစွာဖြင့် လျှို့ဝှက် အာဏာရှင်တိုင်းမှာ အသုံးမကျသူများ မဟုတ်ကြချေ။ ခရမ်းရောင် အဘိဿဲလ်နှင့် ဓား အဘိဿဲလ်မှ လူများသည် ဟင်းလင်းပြင် ကျောက်ဆူးများအဖြစ် ဆောင်ရွက်ပြီး သူတို့ဘေးရှိ လူများကို မြဲမြံစွာ ဆွဲထားကြသည်။ ဤနည်းဖြင့် အစွန်အဖျားနားတွင် ရှိနေသည့် လူများ ဝဲကန်တော့ အတွင်း ပါမသွားစေရန် အစွမ်းကုန် ကြိုးစားကာ ချိတ်ဆက်နိုင်ခဲ့ကြသည်။

စိတ်အာရုံ ဝေဝေဝါးဝါး ဖြစ်နေပြီး မတုံ့ပြန်နိုင်သော သူများမှာမူ ကံဆိုးသူ မောင်ရှင်များ ဖြစ်သွားကြသည်။ အချို့မှာ ကောင်းကင်ရှန့်ထိုများနှင့် လောကရှန့်ထိုများ၏ ဆွဲယူခြင်းကို ခံလိုက်ရသော်လည်း၊ အချို့မှာမူ စောစောက အမျိုးသမီးကဲ့သို့ပင် အနီးဆုံးရှိ ဝဲကန်တော့များထဲသို့ ဆွဲထုတ်ခြင်း ခံလိုက်ရသည်။

ဤအရာအားလုံး ဖြစ်ပျက်သွားသည့် အရှိန်မှာ အလွန်ပင် မြန်ဆန်လွန်းလှသဖြင့် ချင်းချူမူ၊ ယွီစွန်းလီ၊ ချောင်စွေ့ဖုန်း၊ လော့နင်နှင့် မင်ရှုဖုန်းတို့မှာ မတုံ့ပြန်နိုင်ကြချေ။ ထိုအခိုက်၌... သူတို့အဖို့မှာ သွေးရောင်ဓား၏ ဟိန်းဟောက်သံကို စိတ်ထဲ၌ စတင် အာရုံခံစားနေရဆဲ ဖြစ်သည်။

ဝေ့ဝူယင်သည် ယွီစွန်းလီ၏ ခါးကို မြဲမြံစွာ ဖက်ထားရင်း ကြည့်နေသည်။ အာဏာရှင် ရှန့်ထိုများသည် ရုတ်တရက် အပြောင်းအလဲများ ဖြစ်လာမည်ကို စိုးရိမ်သဖြင့် မည်သည့် လှုပ်ရှားမှုမျှ မပြုလုပ်ကြချေ။ ဝဲကန်တော့များထဲသို့ ရောက်သွားသူများ၏ အော်ဟစ်သံများမှာ ချက်ချင်းပင် တိတ်ဆိတ်သွားသည်။ ၎င်းမှာ အလွန်ပင် ထူးဆန်းကာ နှလုံးသားနှင့် ဝိညာဉ်ကို တုန်လှုပ်စေသည်။

အီလီစီယမ် အသေးစားမှာမူ ဥပဒေသ အကာအကွယ်ကြောင့် မည်သည့် သက်ရောက်မှုမျှ မရှိချေ။

ဝှစ်... ဝှစ်... ဝှစ်...

သတိပေးချက် တစ်စုံတစ်ရာ မရှိပါဘဲ ဝဲကန်တော့များမှာ ချက်ချင်း ပျောက်ကွယ်သွားသည်။ မူလက အဖြူရောင် အဘိဿဲလ် ဂလက်ဆီ၏ ထိပ်တန်း ပညာရှင် ၅,၀၀၄ ဦး ရှိရာမှ၊ ယခုအခါ မျက်စိတစ်မှိတ်အတွင်း ၄,၆၁၆ ဦးသာ ကျန်တော့သည်။ သူတို့သည် မြေကြီးရှန့်ထိုများနှင့် သေမျိုးတစ်ပိုင်း အရှင်သခင်များသာ ဖြစ်သော်လည်း ဂလက်ဆီ၏ ထိပ်တန်း ပညာရှင်များ ဖြစ်နေကြဆဲ ဖြစ်သည်။

ဝေ့ဝူယင်က မန်နာ လွှမ်းမိုးမှုကို အသုံးပြု၍ နံရံများကို ပြန်လည် ထိန်းသိမ်းလိုက်ရာ အဖြူရောင် ကမ္ဘာထဲတွင် ငြိမ်သက်ခြင်းများ ပြန်လည် ရောက်ရှိလာသည်။ ရှေ့မှ စိမ်းဖန့်ဖန့် အလင်းရောင်မှာမူ အမည်မသိ အဖြူရောင်များကြားတွင် လှပစွာဖြင့် သူတို့ကို ဖိတ်ခေါ်နေသကဲ့သို့ ရှိနေသည်။

“ထူးဆန်းတယ်...”

ဝေ့ဝူယင် စိတ်ထဲမှ ရေရွတ်လိုက်၏။ သူသည် ထိုအဖြူရောင် ဝဲကန်တော့များကို တားဆီးခြင်း သို့မဟုတ် တုံ့ပြန်ခြင်း မပြုလုပ်နိုင်ခဲ့ချေ။ ထိုနေရာရှိ မန်နာ၏ အဆင့်အတန်းမှာ သူ့ ကြယ်တာရာ ဝိညာဉ်များ၏ မူလ မိုးကုပ်စက်ဝိုင်း အဆင့်ထက်ပင် သာလွန်နေသည်။ အကြွင်းမဲ့ ဟင်းလင်းပြင် ဒေသများတွင် ထူးခြားသော မာနများ ရှိတတ်ကြောင်း သူ သိထားသော်လည်း ဤအရာမှာ ပထမဆုံး အကြိမ်ပင် ဖြစ်သည်။

မိန်းကလေးများမှာ ပတ်ဝန်းကျင်မှ ထိတ်လန့်တကြား အော်ဟစ်သံများကို ကြားရသောအခါမှ သတိဝင်လာကြသည်။ သူတို့၏ မျက်စိထဲတွင် လွန်ခဲ့သော မျက်တောင် တစ်ခပ်စာက ငါးထောင်မျှ ရှိနေသော်လည်း၊ ယခုမူ သိသိသာသာ လျော့နည်းသွားပြီ ဖြစ်သည်။

“...”

ချင်းချူမူ သူမ၏ ပါးစပ်ကို ပိတ်ထားလိုက်မိပြီး မြစိမ်းရောင် မျက်ဝန်းများမှာ ထိတ်လန့်မှုများဖြင့် တုန်ယင်နေသည်။ ချောင်စွေ့ဖုန်းနှင့် လျူစုယင်တို့မှာလည်း ဝေ့ဝူယင်အနားသို့ တိုးကပ်သွားကြသည်။ ယွီစွန်းလီ၏ နှလုံးခုန်သံမှာမူ အလွန်ပင် ပြင်းထန်နေ၏။

သူတို့ အသိဝင်လာကြပြီ ဖြစ်သည်။ ထိုသတိပေးချက်များမှာ ပေါ့ပေါ့တန်တန် မဟုတ်ကြောင်း သူတို့ နောက်ဆုံးတွင် သဘောပေါက်သွားကြပြီ ဖြစ်သည်။

“သူတို့... သူတို့ ဘာဖြစ်သွားတာလဲ...”

ချင်းချူမူက ဝေ့ဝူယင်၏ ဟင်းလင်းပြင် ပုံရိပ်ကို ကြည့်ကာ မေးလိုက်သည်။ သူတို့... သေသွားကြပြီလော။

အဖြူရောင် အဘိဿဲလ် ဂလက်ဆီမှ ကျင့်ကြံသူများသည် နောက်ထပ် အမိန့်များကို စောင့်ဆိုင်းရင်း အီလီစီယမ် အသေးစား ပတ်လည်တွင် စုဝေးနေကြ၏။ သူတို့အားလုံး၏ မျက်နှာတွင် ကြောက်ရွံ့ထိတ်လန့်မှု အရိပ်အယောင်များနှင့်အတူ တည်ကြည်လေးနက်သော အမူအရာများ ရှိနေကြ၏။ ကံကောင်းထောက်မစွာပင် မည်သူမျှ စိတ်ဓာတ်ပျော့ညံ့ခြင်း မရှိဘဲ နိုးနိုးကြားကြား ရှိနေကြသည်။

သွေးရောင်ဓားသည် ခရမ်းရောင်ပင်လယ်ထက်ပင် ပို၍ ဒေါသထွက်နေပြီး ဟိန်းဟောက်သံကဲ့သို့ ပြင်းထန်သော သက်ပြင်းတစ်ချက်ကို ချလိုက်သည်။

“ဒါက ဟင်းလင်းပြင်မဲ့ ရေဝဲပဲ... အဖြူရောင် အဘိဿဲလ်ထဲမှာ အတွေ့ရအများဆုံး ဖြစ်စဉ်တစ်ခုလို့ ပြောလို့ရတယ်... ဒေသတစ်ခုလုံးမှာရှိတဲ့ ဟင်းလင်းပြင်စွမ်းအင်တွေကို စုပ်ယူပြီး လောကနဲ့ မချိတ်ဆက်ထားတဲ့ သက်ရှိမှန်သမျှကို ဆွဲငင်ပစ်တာ...”

နတ်မိမယ် တိတ်ဆိတ်ခြင်းက ရှင်းပြလိုက်သည်။ ထို့ကြောင့်ပင် ရေဝဲများ အပြည့်အဝ မပေါ်လာမီ ပတ်ဝန်းကျင် ဟင်းလင်းပြင်ကို အသုံးပြု၍ မိမိကိုယ်ကိုယ် ခိုင်မာအောင် ကျောက်ဆူးချထားရန်မှာ ပထမဆုံး လုပ်ဆောင်ရမည့် အချက်ဖြစ်သည်။ သေမျိုးတစ်ပိုင်း အရှင် တစ်ဦးပင်လျှင် ထိုသို့လုပ်ဆောင်ပါက အလွယ်တကူ ခုခံနိုင်သော်လည်း၊ ခြေကုပ်မရှိပါက ခုခံ၍မရသော ဆူနာမီလှိုင်းကြီးကို ရင်ဆိုင်ရသကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။

“ရေဝဲထဲ ပါသွားတဲ့သူတွေကတော့... ပျောက်ဆုံးသွားတာပဲ”

ခရမ်းရောင်ပင်လယ်က သက်ပြင်း ခပ်ဖွဖွ ချရင်း ပြောလိုက်သည်။

“သူတို့တွေ အဘိဿဲလ်ရဲ့ ဘယ်နေရာကိုမဆို ရောက်သွားနိုင်တယ်၊ ပိုပြီး နက်တဲ့နေရာတွေအထိတောင် ရောက်သွားနိုင်တယ်... ငါ့ရဲ့ ကြာပွတ်နဲ့ သွေးရောင်ဓားရဲ့ လက်နက်လိုမျိုး ကံကောင်းလို့ ပြန်ထွက်လာတဲ့သူတွေ ရှိခဲ့ဖူးပေမဲ့... ရေဝဲထဲ ပါသွားတဲ့ အရေအတွက်နဲ့ ယှဉ်ရင် ပြန်ထွက်လာနိုင်သူဟာ အလွန်ကို နည်းပါးလွန်းပါတယ်”

“သူတို့ ဘယ်ကို စုပ်ယူခံလိုက်ရတာလဲ...”

ချောင်စွေ့ဖုန်းက သင်္ဘော၏ အစွန်းနားတွင် ရှိနေသည့် ဝေ့ဝူယင်အနားသို့ တိုးကပ်သွားရင်း မေးလိုက်သည်။ ဝေ့ဝူယင်၏ လက်များမှာ ယွီစွန်းလီ၏ နူးညံ့သွယ်လျသော ခါးလေးကို မလွှတ်တမ်း ဖက်ထားဆဲဖြစ်သည်။ သူ၏ မျက်လုံးများကမူ အဖြူရောင် အဘိဿဲလ်၏ နံရံများကို အကဲခတ်နေ၏။

နတ်မိမယ် တိတ်ဆိတ်ခြင်းက စိတ်ရှည်စွာ ဖြေကြားပေးသည်။

“ငါတို့လည်း မသိဘူး... အသက်ရှင်ကျန်ရစ်သူတွေရဲ့ ပြောပြချက်အရဆိုရင် သူတို့ဟာ ဦးတည်ချက် မရှိတဲ့၊ အချိန်တွေ ပျက်ယွင်းနေတဲ့ ကမ္ဘာတစ်ခုကို ရောက်သွားခဲ့တာတဲ့... အချို့က အချိန်ခဏလေးပဲ ကုန်ဆုံးသွားတယ်လို့ ခံစားရပေမဲ့ အချို့ကတော့ နှစ်ပေါင်း သောင်းနဲ့ချီ ကြာသွားသလို ခံစားရတယ်... ဒါပေမဲ့ သူတို့ရဲ့ ကုန်ဆုံးသွားတဲ့ သက်တမ်းတွေက သူတို့ပြောပြချက်တွေနဲ့ ဘယ်တော့မှ ကိုက်ညီမှု မရှိခဲ့ဘူး”

“ဒါဆို သူတို့က... အဲဒီအတိုင်း ပျောက်ကွယ်သွားတာပေါ့ ဟုတ်လား...”

လျူစုယင် တစ်ယောက် သူမ၏ နှလုံးသား အတွင်း အေးစက်သော ကြောက်ရွံ့မှုများ ဝင်ရောက်လာသည်ကို ခံစားလိုက်ရသည်။ ဤသည်မှာ အဖြူရောင် အဘိဿဲလ်၏ အန္တရာယ်များစွာထဲမှ တစ်ခုတည်းမျှသာ ရှိသေးသည်လား။

ပထမဆုံးအကြိမ်အဖြစ် ဤခရီးစဉ်သည် အပန်းဖြေခရီးလား သို့မဟုတ် အန္တရာယ်များသော စွန့်စားခန်းလား ဆိုသည်ကို သူမ သံသယဝင်လာမိသည်။ ဝေ့ဝူယင် ရှိနေသည် ဆိုသော အတွေးဖြင့် သူမ စိတ်တည်ငြိမ်အောင် ကြိုးစားရင်း သူမ၏ ‘အမိန့်တော် လည်ဆွဲ’ ကို အတင်းအကျပ် ပွတ်သပ်နေမိတော့သည်။

All Chapters