အခန်း (၁၉၂၄)
Vol. 138 Ch. 1924
အဘိဿဲလ်၏ လျှို့ဝှက် အရှင် လေးဦးမှာ ဝေ့ဝူယင်ကို မယုံကြည်နိုင်စွာ ကြည့်နေမိကြ၏။ သူတို့လေးဦးထဲမှ တစ်ဦးတစ်ယောက်မျှပင် ဥပဒေသ အပေါ် သာမည အာဏာကို ပိုင်ဆိုင် မထားကြချေ။
ကောင်းကင်ရှန့်ထို တစ်ဦးဖြစ်ရန် အနည်းဆုံးလိုအပ်ချက်မှာ ပြုစုပျိုးထောင်ခြင်းအဆင့်ရှိ ဥပဒေသမျိုးစေ့ကို ၉% ရရှိထားရန် ဖြစ်သည်။
ဥပဒေသများတွင် သန္ဓေတည်ခြင်းအဆင့်၊ ပြုစုပျိုးထောင်ခြင်းအဆင့် နှင့် အညှောက်ပေါက်ခြင်းအဆင့် ဟူ၍ အဆင့်ဆင့်ရှိပြီး ပြုစုပျိုးထောင်ခြင်းအဆင့်သည်ပင် ၁% မှ ၁၀၀% အထိ ကွာခြားနိုင်ရာ၊ ပြီးပြည့်စုံသည့် ဥပဒေသတစ်ခုဖြစ်သည့် သာမည အာဏာ၏ ကြောက်မက်ဖွယ်ကောင်းမှုကို မှန်းဆကြည့်နိုင်ပါသည်။
အင်ပါယာ ဥပဒေသ ကဲ့သို့သော အချို့သော ဥပဒေသများသည် လူတို့၏ စိတ်ဆန္ဒကို သိမ်းပိုက်ခြင်းဖြင့် ရရှိနိုင်သော်လည်း၊ ၎င်းတို့မှာ အကန့်အသတ်ရှိပြီး အထူးအခြေအနေများမှလွဲ၍ များစွာ စွမ်းအား မကြီးမားလှချေ။ အုပ်ချုပ်သူတစ်ဦးသည် သူ၏ နယ်မြေပြင်ပတွင် စွမ်းအားမရှိသကဲ့သို့ပင် ဖြစ်သည်။
“သူတို့က ဟင်းလင်းပြင် ဝဲဂယက်နဲ့ အချိန် ဝဲဂယက်တွေ ရောနှောနေတဲ့ မျိုးကွဲတစ်ခုထဲကို စုပ်ယူခံလိုက်ရတာပါ... အဲဒီ ဝဲဂယက်ရဲ့ ဂုဏ်သတ္တိတွေက ဒီဒေသမှာရှိတဲ့ အပျက်အစီး မန်နာတွေကြောင့် ပြောင်းပြန်ဖြစ်နေတာ... ပတ်ဝန်းကျင်မှာရှိတဲ့ အချိန်နဲ့ ဟင်းလင်းပြင်တွေက ငါတို့ခန္ဓာကိုယ်ထဲမှာရှိတဲ့ မူလစွမ်းအင်တွေကို ဆွဲငင်နေတာ ဆိုပါတော့လေ... အဲဒီ ဝဲဂယက်က သူ့ကိုယ်သူ ပြန်လည်ပြုပြင်ဖို့အတွက် အပြင်ပန်း အင်အားစုတွေကို အသည်းအသန် ရှာဖွေနေတာ... ကံမကောင်းစွာနဲ့ပဲ မင်းတို့ဆီမှာ သူရှာနေတာမျိုး မရှိဘူး”
ဝေ့ဝူယင်က ရှင်းပြလိုက်သည်။ ယွီစွန်းလီမှာမူ အခြားသူများ ပြန်လည်သတိဝင်လာပြီး ဝမ်းသာအားရ ဖြစ်နေကြသည်ကို ကြည့်ကာ စိတ်သက်သာရာရပြီး ကြည်နူးနေတော့သည်။
တစ်ယောက်မျှ မကျန်ခဲ့ချေ။ သူမသည် တစ်ဦးချင်းစီကို သေချာစွာ လိုက်လံရေတွက်ခဲ့သည်။
“သူရှာနေတဲ့အရာ ဟုတ်လား”
သွေးရောင်ဓားမှာ ဇဝေဇဝါ ဖြစ်သွားသည်။ ဝေ့ဝူယင်က အဖြူရောင် အဘိဿဲလ်ကို အသက်ရှိနေသည့်အလား အဘယ်ကြောင့် ပြောဆိုနေရသနည်း။
ဝေ့ဝူယင်က ထိုမေးခွန်းကို ပြန်မဖြေခဲ့ချေ။ ထို့အစား သူက...
“ကျွန်တော်က သူ့ကို ခဏတဖြုတ် ကူညီပေးလိုက်ရုံပါ... ဒါကြောင့် သူက ဆေးဖက်ဝင်အပင်တွေအဖြစ် သတ်မှတ်ခံထားရတဲ့ မလိုအပ်တဲ့ သားကောင်တွေကို ပြန်လွှတ်ပေးလိုက်တာပါ”
ဟုသာ ပြောလိုက်သည်။ ထိုအခိုက်တွင်ပင် လျူစုယင်မှာ ရှေ့သို့ လှမ်းလာပြီး သူမ၏ မျက်လုံးများမှာ တောက်ပနေ၏။
သူမ တစ်စုံတစ်ရာ စကားမပြောနိုင်မီ နတ်မိမယ် တိတ်ဆိတ်ခြင်းက ဝင်မေးလိုက်သည်။
“နေပါဦး... ရေဝဲတွေက အထဲမှာ မိနေတဲ့သူတွေဆီက အချိန်နဲ့ ဟင်းလင်းပြင် စွမ်းအင်တွေကို စုပ်ယူနေတယ်ဆိုရင်... ဘာဖြစ်လို့ လူအနည်းငယ် ပြန်ထွက်လာပြီး ကျန်တဲ့သူတွေက ပျောက်ချင်းမလှ ပျောက်သွားရတာလဲ”
“စွမ်းအင်တွေ အစုပ်ခံရပြီးရင် ပြန်မထွက်လာဘူးလို့ ဘယ်သူပြောလဲ”
ဝေ့ဝူယင်က ပြုံးလျက် ပြောလိုက်သည်။
“...”
အီလီစီယမ် အသေးစား ပြင်ပရှိ နားထောင်နေသူများပင်လျှင် သဘောပေါက်သွားကြသည်။ ကံကောင်းသော ကျင့်ကြံသူများသည် အဖြူရောင် အဘိဿဲလ်၏ ပြင်ပ သို့မဟုတ် နယ်စပ်နားတွင် ပြန်လည် အန်ထုတ်ခြင်း ခံရသော်လည်း၊ ကံမကောင်းသူများမှာမူ အတွင်းပိုင်း နက်နဲသော နေရာများတွင် အန်ထုတ်ခြင်း ခံရသဖြင့် အခြားအန္တရာယ်များကြောင့် သေဆုံးသွားကြရခြင်း ဖြစ်သည်။
“အစိမ်းရောင်ဇုန်ကို သွားကြစို့”
ဝေ့ဝူယင်က ဆက်လက်၍ ဆော်ဩလိုက်၏။ အာဏာရှင် ရှန့်ထိုများတွင် မေးခွန်းများ ရှိနေသေးသော်လည်း အန္တရာယ်များသည့် အဖြူရောင် အဘိဿဲလ်အတွင်း ရောက်နေသဖြင့် လမ်းပြအဖြစ်သာ ပြန်လည် အာရုံစိုက်လိုက်ကြသည်။
“အားလုံးပဲ... လောကရှန့်ထို အာရုဏ်ဦးကို နောက်မှ ကျေးဇူးတင်ကြ၊ အခုတော့... ရှေ့ကို ဆက်တက်မယ်...”
လျှို့ဝှက် အာဏာရှင် ၅,၀၀၀ စလုံး အမြန်နေရာယူကာ အီလီစီယမ် အသေးစား ကို ရှေ့သို့ ဆွဲယူသွားကြတော့သည်။
လျူစုယင်က ဝေ့ဝူယင် အနားသို့ လျှောက်လာကာ ပခုံးကို တို့လိုက်၏။ သူမ၏ မျက်လုံးများမှာ စိတ်ဝင်စားမှုများနှင့် တောက်ပနေသည်။
“အဲဒါက အသက်ရှိနေတဲ့ အချိန်နဲ့ အာကာသ လေပွေတွေလိုမျိုးလား...”
ဝေ့ဝူယင် ခေါင်းညိတ်ပြလိုက်သည်။
“မျိုးကွဲတစ်ခုပေါ့”
မိန်းကလေး၏ နှလုံးသားမှာ စိတ်လှုပ်ရှားစွာ ခုန်လာခဲ့၏။
“အဲဒါ ဘယ်မှာလဲ... ရှင်က...”
“ဒါက ပျက်စီးနေတဲ့ မျိုးကွဲတစ်ခုပါ... ဒီဒေသက အပျက်အစီးတွေကြောင့် ထိခိုက်ထားပြီး သူ့ကိုယ်သူ ထိန်းသိမ်းဖို့ ကြိုးစားနေတာ... ဒီနားလာခဲ့”
ဝေ့ဝူယင်က လက်တစ်ဖက်ဖြင့် ယွီစွန်းလီ၏ ခါးကို ဖက်ရင်း ကျန်လက်တစ်ဖက်ဖြင့် လျူစုယင်၏ ဦးခေါင်းကို ဆွဲယူကာ သူမ၏ နှုတ်ခမ်းလွှာများကို နမ်းလိုက်သည်။
ချက်ချင်းပင်... ဝေ့ဝူယင် မြင်တွေ့ခဲ့ရသော ပုံရိပ်များနှင့် အချက်အလက်များမှာ မိန်းကလေး၏ စိတ်ထဲသို့ လျှပ်စီးလက်သလို ဝင်ရောက်လာခဲ့သည်။ နှုတ်ခမ်းများ ကွာသွားသောအခါ လျူစုယင်၏ စိတ်လှုပ်ရှားမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဝေ့ဝူယင်က ခပ်တိုးတိုး ရယ်လိုက်သည်။ လျူစုယင် မျက်လုံးများကို ပြန်လည် ဖွင့်လိုက်ရင်း လူငယ်ကို ချစ်မြတ်နိုးစွာနှင့် ကြည့်လိုက်မိ၏။ သူသည် သူမအပေါ် အလွန်ပင် ကောင်းလွန်းလှသည်။
မိန်းကလေးမှာ ချောင်စွေ့ဖုန်းရှိရာသို့ အပြုံးများဖြင့် ပြန်သွားခဲ့သည်။ သူမသည် ကျင့်ကြံမှုတွင် ကြီးမားသော တိုးတက်မှု တစ်ခုကို ရရှိတော့မည်ဖြစ်ကြောင်း နှလုံးသားက သိနေခဲ့သည်။ အကယ်၍ ဤအရာကိုသာ လွန်ခဲ့သည့် နှစ်ပေါင်းများစွာ အကြာက ရရှိခဲ့ပါက အစစ်အမှန် ရေစက်ကြိုး ပိုင်ရှင် ဖြစ်လာရန် ရုန်းကန်နေစရာ မလိုဘဲ၊ ‘ဟင်းလင်းပြင် ခရီးသွားဂိုဏ်း’ ၏ ဂိုဏ်းချုပ်ပင် အလွယ်တကူ ဖြစ်လာနိုင်ပေသည်။
...
ငါးထောင်နှင့်လေးဦးသော အခြံအရံတို့၏ ဝန်းရံမှုအောက်တွင် အီလီစီယမ် အသေးစား ဟင်းလင်းပြင် သင်္ဘောသည် အဖြူရောင် လှိုင်းတွန့်များ ထနေသည့် မြူထုကြားမှ မှိန်ပျပျ အလင်းတန်းများအလယ်တွင် အစိမ်းရောင်ဇုန်ဆီသို့ ဆက်လက်ဦးတည် ခရီးနှင်နေခဲ့လေသည်။ ဝေ့ဝူယင်၏ ကြားဝင်စွက်ဖက်မှုကြောင့် လူအများအပြား အသက်ချမ်းသာရာ ရခဲ့ကြပြီးနောက်တွင်၊ လောကရှန့်ထို အာရုဏ်ဦး အပေါ် အားလုံး၏ လေးစားမှုများမှာ ပိုမို၍ တိုးလာခဲ့ကြလေသည်။
သင်္ဘောကြီး ရှေ့သို့တိုးလာသည်နှင့်အမျှ လူအများက ဝေ့ဝူယင်ကို ကျေးဇူးတင်သော မျက်လုံးများဖြင့် ကြည့်နေကြပြီး၊ သူ၏ ဇနီးအပေါ်ထားရှိသော ကာမရာဂစိတ်တို့မှာလည်း ကြောက်ရွံ့ရိုသေမှုများအောက်တွင် ပျောက်ကွယ်သွားရတော့သည်။ လူသားမျိုးနွယ်မှလာသည့် ဤလောကရှန့်ထို အဂ္ဂိရတ်ပညာရှင်သည် သူတို့နားမလည်နိုင်သည့် စွမ်းအားများကို ပိုင်ဆိုင်ထားသည့် အစစ်အမှန် ပညာရှင်ကြီးတစ်ဦးပင် ဖြစ်ပေသည်။
ယွီစွန်းလီသည် ဝေ့ဝူယင်၏ သန်မာလှသော လက်မောင်းများကို မှီတွယ်လျက်၊ နတ်မိမယ် တိတ်ဆိတ်ခြင်း၊ သွေးရောင်ဓား နှင့် ခရမ်းရောင် ပင်လယ် တို့က အဖြူရောင် အဘိဿဲလ်၏ သမိုင်းကြောင်းအား ရှင်းပြနေသည်ကို နားထောင်ရင်း အတိုင်းအဆမရှိ ကျေနပ်ပီတိဖြစ်နေမိသည်။
ဤအဖြူရောင် အဘိဿဲလ် ဂလက်ဆီတစ်ခုလုံးတွင် မည်သူမျှ ဤသို့သော လျှို့ဝှက်အရှင် လေးဦး ကဲ့သို့ ကျင့်ကြံသူကြီးများထံမှ စိတ်ရှည်သည်းခံ၍ လေးစားသမှုရှိသော ဆက်ဆံမှုကို မရရှိဖူးချေ။
မင်ရှုဖုန်းသည် အဖြစ်အပျက်များကို အစမှ အဆုံးထိ ကြည့်ရင်း မနာလိုစိတ်တို့ တဖွားဖွား ဖြစ်ပေါ်နေခဲ့သည်။ ထို့အပြင်... ဝေ့ဝူယင်သည် သူတော်စင်တစ်ဦး လုံးဝ မဟုတ်ကြောင်းလည်း သူမ သတိပြုမိလာသည်။ လူငယ်သည် မြေကြီး ရှန့်ထိုနှင့် သေမျိုး တစ်ပိုင်း အရှင်များ ဖမ်းဆီးခေါ်ဆောင်ခံရပြီး မည်သည့်နေရာသို့ ရောက်သွားမှန်းမသိ ပျောက်ကွယ်သွားသည် အထိ ရက်စက်တည်ငြိမ်စွာ ကြည့်နေခဲ့သည်။ ကယ်တင်ရန် စိတ်အားထက်သန်ပုံ မပြခဲ့ပေ။
အကယ်၍ ယွီစွန်းလီသာ တောင်းပန်ခြင်းမရှိခဲ့ပါက ဝေ့ဝူယင်သည် ထိုစေတနာ့ဝန်ထမ်းများကို ကံကြမ္မာလက်ထဲ ပစ်ထားခဲ့လိမ့်မည်ဟု သူမ ခံစားနေရသည်။ သို့သော်လည်း... သူမအနေဖြင့် တပ်အပ်မပြောနိုင်သဖြင့် ဝေခွဲမရသော စိတ်ရှုပ်ထွေးမှုများကိုသာ ခံစားနေရရှာသည်။
အမှန်စင်စစ် ဝေ့ဝူယင်သည် ကယ်တင်သင့်၊ မကယ်တင်သင့်ကို စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။ ဥပဒေသများအား အသုံးပြုခြင်းနှင့် စွမ်းအင်များမှာ ဤအန္တရာယ်ရှိသော နေရာတွင် အလွန်အရေးကြီးလှသည်။ အဖြစ်အပျက်များက ရုတ်တရက်ဆိုသလို ကြိုတင်သတိပေးချက်မရှိဘဲ ဖြစ်ပွားတတ်သဖြင့် ထိုလူများ၏ အသက်နှင့် မိမိ၏ စွမ်းအင် အသုံးပြုရမှုကို လဲလှယ်ရန် သူ နှိုင်းဆနေခဲ့ခြင်း ဖြစ်သည်။ သူသည် ဖီဆန်လေးကို အားကိုးနေရသဖြင့် ပေးဆပ်ရမည့် တန်ဖိုးမှာ အလွန်ပင် ကြီးမားလှသည်။
လျူစုယင်သည် မြူထုနှင့် ရွှံ့နွံကဲ့သို့ ထူထပ်သော အရည်များကြားမှ ဝေဝါးနေသော အလင်းကမ္ဘာကို စိုက်ကြည့်နေသည်။ သူမသည်လည်း စိတ်လက်ကြည်လင်စွာဖြင့် ချောင်စွေ့ဖုန်း နှင့်အတူ လျှို့ဝှက်အရှင်များ ပြောပြသော အကြောင်းအရာများကို တက်ကြွစွာ ဆွေးနွေးနေခဲ့သည်။
ချင်ချူးမူသည်လည်း မျက်လုံးလေးများ တောက်ပလျက် စူးစမ်းလိုစိတ်ဖြင့် နားထောင်နေခဲ့သည်။ ဂလက်ဆီတစ်ခုလုံးအား အုပ်စိုးနိုင်သော ပညာရှင်ကြီးများကိုပင် ပါးစပ်အဟောင်းသား ဖြစ်စေခဲ့သည့် ဝေ့ဝူယင်၏ စွမ်းဆောင်ရည်ကြောင့် သူမ၏ စိတ်ထဲမှ ကြောက်ရွံ့မှုများမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
သူမသည် သင်္ဘောလက်ရန်းကို မှီလျက် တစ်ခါတစ်ရံ ဘေးဘက်သို့ ကြည့်ကာ ရယ်မောနေတတ်၏။ သူမ၏ အမြင်အာရုံထဲတွင်မူ ဝေ့ဝူယင်၏ ဟင်းလင်းပြင် ပုံရိပ်ယောင်မှာ ဘေးနားတွင် ရှိနေပြီး စနောက်နေခြင်း ဖြစ်သည်။ တစ်ခါတစ်ရံ သူမသည် ပါးစပ်ကို လက်ဖြင့်အုပ်ကာ ရယ်သံကို ထိန်းထားရသည်။
အခြားသူများအဖို့မူ... မည်သည့်မျိုးနွယ်မှန်း မသိရသော လှပတင့်တယ်သည့် မိန်းကလေး တစ်ဦး လေဟာနယ်ကို ကြည့်ကာ ပြုံးရယ်နေသည်ဟုသာ မြင်ကြလေတော့သည်။