← Chapters

အခန်း (၁၉၂၇)

Vol. 138 Ch. 1927

အခန်း (၁၉၂၇)

Vol. 138 Ch. 1927

လျှို့ဝှက်အရှင်များ၏ မျက်နှာထက်တွင် မျှော်လင့်ချက်အသစ်များ ပြန်လည်ရှင်သန်လာခဲ့သည်။ အာဏာရှင် အင်ပါယာ၏ နောက်လိုက်များဖြစ်ကြသည့် မူလ အာဏာရှင်များသည်လည်း ဤမမျှော်လင့်ဘဲ ရရှိလာသည့် အခွင့်အရေးကို လက်လွှတ်မခံဘဲ အစွန်းကုန် ကြိုးစားအားထုတ်နေကြသည်။ သူတို့သည် သူတို့၏ အင်ပါယာ အတိုင်းပင် ဇွဲလုံ့လကြီးမားကြသူများ ဖြစ်ကြ၏။ အတိတ်တစ်ချိန်က ကောင်းချီးခံ တစ်ဦးနှင့် အတူ လောကအနှံ့ ကျင်လည်ခဲ့ဖူးသော ချင်ချူးမူသည်လည်း ခိုင်မာသော အနာဂတ်တစ်ခုအတွက် ယနေ့အခွင့်အရေးအား ဆုပ်ကိုင်ရမည်ဟူသော အသိကို နားလည်ပြီးသား ဖြစ်သည်။

“အချိန် ယုတ္တိပျက်ယွင်းမှု ဆိုတာ လက်တွေ့ဘဝထဲက မကိုက်ညီတဲ့ အမှတ်အသားတစ်ခုပဲ... အဲဒါဟာ ရှိနေတဲ့အရာနဲ့ မရှိတဲ့အရာ၊ ဖြစ်ပျက်ခဲ့တာနဲ့ ဖြစ်မလာသေးတဲ့ အရာတွေကြားက ကွဲလွဲချက်ပဲ... ဒီသံသရာစက်ကွင်းထဲမှာ မင်းတို့ ရှူသွင်းလိုက်တဲ့ အသက်ရှူသံတိုင်းဟာ ယုတ္တိမဲ့တယ်... အချိန်အခိုက်အတန့် တစ်ခုတည်းမှာပဲ လုပ်ဆောင်ချက်အသစ်တွေက ထပ်ခါတလဲလဲ ဖြစ်ပျက်နေတယ်၊ ဖြစ်လည်းဖြစ်ခဲ့တယ်၊ မဖြစ်လည်းမဖြစ်ခဲ့ဘူး၊ မင်းတို့ကိုလည်း သက်ရောက်မှုရှိတယ်၊ ဒါပေမဲ့ လောကကြီးကိုတော့ ဘာသက်ရောက်မှုမှ မရှိဘူး... ဒါဟာ မဖြစ်နိုင်တဲ့ အရာတစ်ခုပဲ”

“မင်းတို့ရဲ့ ခန္ဓာကိုယ်၊ ဆဲလ်တွေနဲ့ အသိစိတ် ပင်လယ်ကို သေချာစစ်ဆေးကြည့်ပါ... သွေးစီးဆင်းမှု၊ ဆဲလ်တွေ ကွဲပွားမှုနဲ့ မင်းတို့တွေးလိုက်တဲ့ အတွေးစတိုင်းကို သေချာကြည့်ပါ... အဲဒါတွေအားလုံးဟာ သဘာဝအရ ယုတ္တိပျက်ယွင်းနေပြီး ပစ္စုပ္ပန်အချိန်ပေါ်မှာ တစ်ပြိုင်တည်း ထပ်နေတာကို တွေ့ရလိမ့်မယ်... တကယ်တော့ ဒီစက်ကွင်းထဲမှာ ပစ္စုပ္ပန်ဆိုတာ မရှိဘူး... အစစ်အမှန် ပစ္စုပ္ပန်ဖြစ်မလာမချင်းပေါ့”

ဝေ့ဝူယင်သည် သူ၏ ဇနီးများနှင့် မူလ အာဏာရှင်များကို ဤယုတ္တိမဲ့ခြင်း၏ နက်ရှိုင်းသော သဘောတရားများကို ဖြည်းညှင်းစွာ ရှင်းပြနေသည်။

သူ၏ စကားလုံးများမှာ အလွန်ပင် နက်နဲလွန်းလှသဖြင့် အချိန်နှင့်ပတ်သက်သော သဘောတရားကို အခြေခံနားလည်ထားသည့် လျှို့ဝှက်အရှင်များပင်လျှင် ချက်ချင်းလက်ငင်း အကုန်အစင် နားမလည်နိုင်ကြချေ။

သို့သော်လည်း... သူတို့ နားလည်ထားသည့် အချက်တစ်ခုမှာ ခန္ဓာကိုယ်ထဲတွင် ယုတ္တိမဲ့စွမ်းအင်များ ပိုမိုစုဆောင်းမိလေလေ၊ တန်ပြန်ဒဏ်ခတ်မှုက ပိုမိုပြင်းထန်လေလေ ဖြစ်မည်ဟူသောအချက်ပင်။ ယခု သူတို့ကိုယ်ထဲရှိနေသော ပမာဏနှင့်တင် သူတို့သေဖို့ သေချာနေပြီ ဖြစ်သည်။ အကြိမ်ပေါင်း သန်းနှင့်ချီသော ယုတ္တိပျက်ယွင်းမှုများ၏ စုပေါင်းအားကို သူတို့ ခံစားနေရခြင်း ဖြစ်သည်။ အကယ်၍သာ ဤအတိုင်း ဆက်ရှိနေပါက သူတို့သည် အချိန်၏ စီးဆင်းမှုကို ထာဝရ နှောင့်ယှက်နေမည့်၊ ဘယ်သောအခါမှ ဟန်ချက်မညီဘဲ ရှေ့ရောက်လွန်းနေခြင်း သို့မဟုတ် နောက်ကျလွန်းနေခြင်းတို့ဖြင့်သာ အဆုံးသတ်သွားပေလိမ့်မည်။

“ယုတ္တိမဲ့စွမ်းအင် ဆိုတာ အချိန်စွမ်းအင် ငါးမျိုးထဲမှာ နားလည်ဖို့၊ အာရုံခံဖို့နဲ့ ဖန်တီးဖို့ အခက်ခဲဆုံးပဲ... အဲ့တာရဲ့ သဘာဝကိုက မတည်ရှိသင့်တဲ့ မဖြစ်နိုင်မှုတစ်ခုပဲ... သူ့ရဲ့ အဓိက ရည်ရွယ်ချက်က အချိန်စီးဆင်းမှုထဲမှာ တခြားအရာအားလုံးကို ကပ်ဘေးဆိုက်စေမယ့် အမှားအယွင်းတွေ ရှိမရှိ စောင့်ကြည့်ဖို့နဲ့ သတိပေးဖို့ပဲ... အဲဒါ ဘာကို ဆိုလိုတာလဲ မင်းတို့ သိလား”

ဝေ့ဝူယင်သည် အချိန်ဥပဒေသ၏ နက်နဲသော သဘောတရားများကို ရှင်းပြရင်း၊ ချင်ချူးမူ၏ အသိဉာဏ် စီးဆင်းမှုကို ထိန်းညှိပေးနေသည်။ သူ၏ လက်ဖဝါးက သူမ၏ ထျန်းတျန်ကို ဖိနှိပ်ထားပြီး လက်ညှိုးတစ်ချောင်းကမူ သူမ၏ မျက်ခုံးနှစ်ခုကြား ဗဟိုချက်ကို ထိတွေ့ထားသည်။

မိန်းကလေး၏ သဘာဝအလှတရားမှာ ပါးပြင်ထက်က ပန်းနုရောင် အရှက်သွေးများကြောင့် ပိုမို တင့်တယ်လာသည်။ ဝေ့ဝူယင်၏ အထိအတွေ့ကြောင့် ရင်ခုန်သွားသော်လည်း၊ ရုတ်တရက် ခန္ဓာကိုယ် အတွင်း တရိပ်ရိပ် တိုးပွားလာသော ယုတ္တိမဲ့စွမ်းအင်များကို အာရုံခံမိလိုက်၏။

“အာရုံစိုက်ပါ”

ဝေ့ဝူယင်၏ ကြည်လင်သော အသံက သူမ၏ စိတ်ကို ထူးဆန်းသော စွမ်းအားတစ်ခုဖြင့် သန့်စင်ပေးလိုက်၏။ မိန်းကလေးမှာ သူမ အာရုံပျက်ရွင်းနေကြောင်း သတိပြုမိလိုက်ရာ ယုတ္တိမဲ့စွမ်းအင်များ အပေါ်ကိုသာ ပြန်လည် အာရုံစိုက်လိုက်သည်။ ထိုခံစားချက်ကို စကားလုံးများဖြင့် ဖော်ပြ၍ မရနိုင်ချေ။

လက်ရှိ၌ သူမသည် အချိန်၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေသော်လည်း မှားယွင်းနေသည့် အချိန်မျိုး ဖြစ်နေသည်။ သမုဒ္ဒရာကြီးထဲတွင် ရေစီးကြောင်းနှင့်အတူရော၊ ရေစီးကြောင်းကို ဆန့်ကျင်ပြီးပါ တစ်ပြိုင်တည်း စီးဆင်းနေသည့် ရေစက်ကလေးတစ်စက်နှယ် ခံစားနေရပြီး၊ ထိုဆန့်ကျင်ဘက် အားနှစ်ခုကြောင့် သူမမှာ မရွေ့မလျားဘဲ ရပ်တန့်နေရသော်လည်း သမုဒ္ဒရာကြီးတစ်ခုလုံးကမူ ထစ်ချုန်းသံများဖြင့် ဟိန်းဟောက်နေသည့်အလား ခံစားနေရသည်။

“အဲဒါ ဘာကို ဆိုလိုတာလဲ မင်းတို့ သိလား...”

ဝေ့ဝူယင်က အဖြေကို တိုက်ရိုက်မပြောဘဲ သူတို့အား မှန်ကန်သော မေးခွန်းဆီသို့သာ လမ်းညွှန်ပေးနေသည်။ သူတို့တစ်ဦးချင်းစီတွင် မတူညီသော နားလည်မှုများ ရှိနိုင်သော်လည်း၊ အရေးကြီးသည်မှာ ထိုနားလည်မှုက တူညီသော နိဂုံးချုပ်ဆီသို့ ရောက်ရှိသွားရန်သာ ဖြစ်သည်။

ဝေ့ဝူယင်ကိုယ်တိုင်လည်း ယုတ္တိပျက်ယွင်းမှု အများအပြားနှင့် ကြုံတွေ့ခဲ့ဖူးသည်။ ပထမဆုံးအကြိမ်မှာ ခရာတို၏ သေမျိုးကြယ်တာရာ ကပ်ဘေးအပြီးတွင် ရရှိခဲ့သော ခြားနားသည့် မှတ်ဉာဏ်နှစ်ခု ဖြစ်သည်။ ထိုမှတ်ဉာဏ်သည်ပင် ယုတ္တိပျက်ယွင်းမှုတစ်ခု ဖြစ်ခဲ့၏။ အဆိုပါ ကပ်ဘေးသည် သူအား အချိန်စွမ်းအင် ငါးမျိုးဖြစ်သော အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်၊ သီးခြားကန့်သတ်ချိန် နှင့် ယုတ္တိမဲ့ချိန် တို့ကို နားလည်ရန် ကူညီပေးခဲ့ခြင်း ဖြစ်ကြောင်း ဝေ့ဝူယင် ယခုမှသာ သဘောပေါက်တော့သည်။

ထိုကပ်ဘေးသည် အစမှ အဆုံးအထိ လမ်းညွှန်ချက်တစ်ခု ဖြစ်ခဲ့သည်။ သူ သေချာ မသိခဲ့ရုံသာ ရှိသည်။ အနာဂတ်ကို တိုက်ရိုက်မြင်တွေ့ဖူးခြင်း သို့မဟုတ် အတိတ်ကို အစစ်အမှန် ခံစားဖူးခြင်းမှသာ အချိန်ဥပဒေသကို သိမြင်နိုင်ကြောင်း သိလိုက်ရပြီး နောက်မှသာ ဤအမှန်တရားကို သူ သဘောပေါက်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း သူသည် အခြားသူများကို အတင်းအကျပ် မလုပ်ခိုင်းခြင်း ဖြစ်၏။ သူသည် အစစ်အမှန် ဟင်းလင်းပြင်နဂါး တစ်ကောင် ဖြစ်သဖြင့် သူ၏ ခန္ဓာကိုယ်က ယုတ္တိမဲ့စွမ်းအင်များကို သဘာဝအတိုင်း ထိန်းညှိနိုင်ပြီး အချိန်စီးဆင်းမှုကို မပျက်စီးအောင် ကာကွယ်နိုင်သည်။

သို့သော် အခြားလူများမှာမူ ထိုသို့ မလုပ်နိုင်ကြချေ။

ဝေ့ဝူယင် သိမြင်ထားသော မည်သည့်ဥပဒေသမှ လွယ်ကူသော သတ်မှတ်ချက်မရှိပေ။ အင်ပါယာ ဥပဒေသသည် မျိုးစေ့ချရန် အလွယ်ကူဆုံးဟု ထင်ရသော်လည်း၊ အပြိုင်အဆိုင် များပြားလှသော၊ လူအများ၏ ယုံကြည်ချက်နှင့် ခံစားချက်များ စက္ကန့်နှင့်အမျှ ပြောင်းလဲနေသော လူ့အဖွဲ့အစည်းကြားတွင် ထိုဥပဒေသကို ထိန်းသိမ်းပျိုးထောင်ရန်မှာ အခက်ခဲဆုံး ဖြစ်သည်။ အုပ်စိုးသူ၏ အမှားတစ်ခုတည်းနှင့်တင် အတိတ်က ကြိုးစားအားထုတ်ခဲ့သမျှ အားလုံးမှာ ပျက်စီးသွားနိုင်သည်။

ဝေ့ဝူယင် ယောင်ဟုန်ရီကို ကြည့်လိုက်၏။ အာရုဏ်ဦး အဖွဲ့သားအားလုံး ယုတ္တိမဲ့စွမ်းအင်ကို မထိန်းနိုင်ဟု ဆိုခြင်းမှာလည်း လုံးဝမမှန်ကန်ချေ။

ယောင်ဟုန်ရီ၏ မျက်လုံးတစ်ဖက်သည် ထိုသို့ လုပ်ဆောင်နိုင်သည်။ ထိုအခိုက်၌ လေးသည်တော် ယုတ္တိမဲ့စွမ်းအင်များကို လောကီမျက်လုံးထဲသို့ ဆွဲယူကာ ပိုမိုဆင့်ကဲပြောင်းလဲစေရန် ကြိုးစားနေသည်။ ထိုအရာကို ကြည့်ရင်း ဝေ့ဝူယင် ကျေနပ်စွာ ခေါင်းညိတ်လိုက်မိသည်။

ယုတ္တိမဲ့စွမ်းအင်၏ အခြေခံသဘောမှာ အချိန်မြစ်အတွင်းရှိ မကိုက်ညီသည့် စီးဆင်းမှုများကို သတိပေးရန်ဖြစ်ရာ၊ ၎င်းကို အသုံးပြု၍ လောကီမျက်လုံးကို အဆင့်မြှင့်တင်ခြင်းသည် အချိန်ယုတ္တိ ပျက်ယွင်းမှုများကို သိမြင်နိုင်စွမ်း ရရှိရန် ပထမဆုံးခြေလှမ်း ဖြစ်သည်။ အကယ်၍သာ လျှို့ဝှက်အရှင် လေးဦးသည် သူတို့၏ လောကီမျက်လုံးကို ယုတ္တိမဲ့စွမ်းအင်ဖြင့် အဆင့်မြှင့်ထားခဲ့ပါက၊ ဤသံသရာစက်ကွင်းထဲ ရောက်နေသည်ကို ချက်ချင်း သိမြင်နိုင်မည် ဖြစ်သည်။

“ယုတ္တိပျက်ယွင်းမှုတွေ ရှိနေပြီဆိုရင် ယုတ္တိမဲ့ချိန် ပြင်ဆင်ခြင်း ဆိုတာ ပေါ်ပေါက်လာလိမ့်မယ်... တကယ်တို့ မင်းတို့တွေ ဒီအတိုင်း အပြင်ကို ခြေလှမ်းလိုက်ရင် အချိန်က မင်းတို့ကို ပြင်ဆင် ဖျက်ဆီး လိမ့်မယ်... အချိန်စီးဆင်းမှုထဲကနေ မင်းတို့ ပယ်ဖျက်ခံရလိမ့်မယ်... အခြေအနေ ဆိုးဝါးရင် မင်းတို့ရဲ့ ဖြစ်တည်ခဲ့ပြီးသား အတိတ်တွေ ကွယ်ပျောက်သွားပြီး အစစ်အမှန် အနာဂတ်တွေ ဖြစ်မလာအောင် တားဆီးခံရလိမ့်မယ်”

“...”

အချိန်စွမ်းအား၏ အဆင့်မြင့်သဘောတရားများကို နားလည်ထားသော လျှို့ဝှက်အရှင်များမှာ ဝေ့ဝူယင်၏ ရှင်းပြမှုများကို နားထောင်ရင်း အသက်ရှူပင် မှားသွားကြသည်။ အချိန်ဥပဒေသ၏ မျိုးစေ့ကို ရရှိရန် လိုအပ်ချက်နှစ်ခု ရှိသည်။ ‘အစစ်အမှန် အတိတ်’ သို့မဟုတ် ‘ဖြစ်တည်ခဲ့ပြီးသား အနာဂတ်’ တို့ကို ခံစားဖူးရန်တို့ပင်...။

ဖြစ်တည်ခဲ့ပြီးသား ဆိုသည်မှာ ဖြစ်ပျက်ခဲ့ပြီးပြီဟု ဆိုလိုသည်။ အစစ်အမှန် ဆိုသည်မှာ ဖြစ်လာနိုင်ချေရှိသည်ဟု ဆိုလိုသည်။

ဖြစ်လာနိုင်ချေရှိသော အတိတ် သို့မဟုတ် ဖြစ်ပျက်ခဲ့ပြီးသော အနာဂတ်ကို ခံစားရမည်ဆိုသည်မှာ မည်မျှ ခက်ခဲပါမည်နည်း။ ‘ခက်ခဲသည်’ ဟူသော စကားလုံးမှာပင် ဤအခြေအနေအတွက် နည်းလွန်းလှသည်။

အချိန်စီးဆင်းမှုထဲက ဆွဲထုတ်ခံရပြီး သူမ၏ ‘ဖြစ်တည်ခဲ့ပြီးသား အနာဂတ်’ မှ ‘အစစ်အမှန် အတိတ်’ ဆီသို့ ရောက်ရှိလာခဲ့သော စန်းယွန်းလီ၏ အဖြစ်အပျက်မှာ ဤအရာ မည်မျှခက်ခဲကြောင်း သက်သေပင် ဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းကြောင့် ကောင်းကင်တာအိုပင် ပျက်စီးခဲ့ရပြီး၊ အချိန်မြစ်မှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

“အဲဒီလိုသာ ဖြစ်လာရင် မတည်ရှိတော့တာနဲ့ ဘာမှမခြားဘူး... ဘယ်သူမှ မင်းတို့ကို မှတ်မိတော့မှာ မဟုတ်ဘူး... မင်းတို့ ဘယ်တုန်းက မွေးခဲ့လဲ၊ ဘယ်တုန်းက စလမ်းလျှောက်ခဲ့လဲ၊ ဘယ်တုန်းက ပထမဆုံး စကားပြောခဲ့လဲ ဒါမှမဟုတ် မင်းတို့ ဘယ်လိုသေခဲ့လဲဆိုတာ ဘယ်သူမှ ပြန်မပြောနိုင်တော့ဘူး... အချိန်စီးဆင်းမှုထဲမှာ မင်းတို့ရဲ့ အနှစ်သာရတွေအားလုံး ဆုံးရှုံးသွားလိမ့်မယ်”

ဝေ့ဝူယင်မှာ ဆက်လက်၍ ရှင်းပြနေခဲ့၏။ သူ၏ စကားလုံးများမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသဖြင့် ကြားရသူတိုင်း နှလုံးသားထဲသို့ သံချောင်းဖြင့် ရိုက်သွင်းလိုက်သကဲ့သို့ ခံစားလိုက်ရသည်။

မည်သူမျှ မှတ်မိတော့မည်မဟုတ်ဟု ဝေ့ဝူယင်က ပြောခဲ့သော်လည်း၊ အမှန်တကယ်တွင်မူ သူတစ်ယောက်တော့ မှတ်မိနေဦးမည်ဖြစ်သည်။ သူသည် သူနှင့် သိကျွမ်းခဲ့သူအားလုံးကို ဘယ်သောအခါမှ မေ့လျော့မည် မဟုတ်ပေ။

All Chapters