← Chapters

အခန်း (၁၉၃၀)

Vol. 138 Ch. 1930

အခန်း (၁၉၃၀)

Vol. 138 Ch. 1930

“အဘိဿဲလ်ရဲ့ အရိပ်တွေ...”

ခရမ်းရောင် ပင်လယ်က အံ့ဩတကြီး ရေရွတ်လိုက်၏။ သူမသည် ဤအကြောင်းကို ကြားသာကြားဖူးပြီး တစ်ခါမျှ ကိုယ်တိုင် မမြင်တွေ့ဖူးခဲ့ချေ။

ယွီစွန်းလီမှာ လှပဆန်းသစ်သော အရာများကို မြင်တွေ့လိုက်ရသည့် မိန်းမပျိုလေးတစ်ဦးကဲ့သို့ ဝေ့ဝူယင်၏ ရင်ခွင်ထဲတွင် စိတ်လှုပ်ရှားစွာ ခုန်ပေါက်နေတော့သည်။ သူမ၏ ပြည့်ဖြိုးလှပသော ရင်အစုံမှာလည်း လှုပ်ခါနေပြီး ကြည့်မိသူတိုင်း၏ ရင်ကို တုန်လှုပ်စေသည့် အလှတရားမျိုးကို ဖော်ဆောင်နေ၏။ ယခင်ကနှင့် ခြားနားစွာပင် သူမ၏ အမူအရာမှာ ပိုမိုပွင့်လင်းလာ၏။ သူမကို ပိတ်လှောင်ထားသည့် အခွံမှာလည်း တဖြည်းဖြည်း ကွဲအက်လာခဲ့ပြီ ဖြစ်သည်။ မိန်းကလေးသည် ချစ်သူ၏ ရင်ခွင်ထဲတွင် ခိုလှုံရင်း အခြားသူများနှင့်လည်း တက်ကြွစွာ စကားပြောဆိုနေသည်။

တစ်ဖက်တွင်လည်း လျူစုယင်၏ အေးစက်စက် အကြည့်များ ကွယ်ပျောက်သွားခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာ ကျင့်စဉ်များ မသိမသာ ပျက်ပြယ်သွားခဲ့ပြီးနောက်၊ သူမ၏ အစစ်အမှန် ပင်ကိုယ်စရိုက်ဖြစ်သည့် စိတ်လိုက်မာန်ပါ ရှိတတ်မှုနှင့် ပြင်းထန်သော စိတ်ခံစားချက်များမှာ ပြန်လည် ပေါ်ထွက်လာခဲ့သည်။ သူမသည် အဖွဲ့ထဲတွင် အငြင်းအခုန် အသန်ဆုံးသူ ဖြစ်လာသဖြင့် အားလုံးကို အံ့အားသင့်စေခဲ့သည်။

ချောင်စွေ့ဖုန်းမှာမူ အဖြူရောင် အဘိဿဲလ်၏ ဖြစ်စဉ်များကို ကြယ်တာရာများ ဝန်းရံနေသကဲ့သို့ စွဲမက်ဖွယ်ကောင်းသော မျက်လုံးများဖြင့် ငေးကြည့်နေမိသည်။

သူမ၏ ဘဝသက်တမ်း ထက်ဝက်ကျော်မှာ သေခြင်းတရား၊ အပျက်အစီးများ၊ ကြောက်ရွံ့မှု၊ မျှော်လင့်ချက်မဲ့မှုများဖြင့်သာ ပြည့်နှက်နေခဲ့သည်။ ကျန်ရှိသော အချိန်များမှာလည်း တာဝန်ဝတ္တရားများနှင့် အဆုံးမရှိသော ကြိုးပမ်းအားထုတ်မှုများကြားတွင်သာ လည်ပတ်နေခဲ့ရ၏။ သူမသည် ငယ်စဉ်က လောကကြီး၏ ရက်စက်မှုများကြားတွင် ရှင်သန်နိုင်ရန်နှင့် တူလေး၏ ထူးကဲသော ပါရမီကို မြှင့်တင်ပေးနိုင်ရန် အသင့်တော်ဆုံးလမ်းကို ရွေးချယ်ခဲ့ရသည်။ အရွယ်ရောက်လာသောအခါတွင်မူ ကြယ်တာရာနယ်မြေ တစ်ခုလုံးကို တည်ငြိမ်အောင် ထိန်းသိမ်းရန် ကြိုးစားရင်း၊ ဖြစ်လာနိုင်သည့် ဘေးအန္တရာယ်များကို ရင်ဆိုင်နိုင်ရန် သူမ၏ အဂ္ဂိရတ်တာအိုကို မြှင့်တင်ရန်အတွက် အမြဲတမ်း အားထုတ်ခဲ့ရသည်။

သူမအနေဖြင့် မိမိကိုယ်ကိုယ်အတွက် အချိန်ပေးရန်၊ မိန်းမပျိုလေးတစ်ဦးကဲ့သို့ နေထိုင်ရန် သို့မဟုတ် မိမိစိတ်ဝင်စားသည့် အရာများကိုအာရုံစိုက်ရန်အတွက် အချိန် လုံးဝမရှိခဲ့ပေ။ ရည်မှန်းချက်များနှင့် အိပ်မက်များကို ဘေးဖယ်ထားခဲ့ရသဖြင့် သူမ၏ ကျင့်ကြံခြင်း နှလုံးသားမှာလည်း ညှိုးနွမ်းနေခဲ့ရသည်။

အမှန်စင်စစ်တွင် ချောင်စွေ့ဖုန်းသည် အဂ္ဂိရတ်တာအိုကို အမှန်တကယ် မြတ်နိုးခဲ့ခြင်း မဟုတ်ပေ။ ပင်ကိုယ်ပါရမီနှင့် အခြေအနေများကြောင့်သာ ဤလမ်းကို အတင်းအကြပ် ရွေးချယ်ခဲ့ရခြင်း ဖြစ်သည်။ အမှန်တကယ်တော့ သူမထံတွင် အဂ္ဂိရတ်တာအိုကိုဖြစ်စေ၊ အခြားသော မည်သည့်အရာကိုဖြစ်စေ ချစ်မြတ်နိုးခွင့်ရရန် အချိန်မရှိခဲ့ပေ။ နှစ်ပေါင်းများစွာတိုင်အောင် အပျိုစင်ဘဝကို ထိန်းသိမ်းထားခြင်းကပင် ၎င်း၏ သက်သေပင် ဖြစ်သည်။

ရှင်သန်မှုနှင့် တာဝန်ယူမှု ဆိုသည့် စကားလုံးနှစ်လုံးမှာ သူမ၏ တည်ရှိမှုကို အချိန်အတော်ကြာ ဖော်ပြနေခဲ့သည်။ သို့သော်လည်း... ဝေ့ဝူယင် သူမ၏ဘဝထဲသို့ ရောက်လာသောအခါ ထိုအရာအားလုံးမှာ ပြိုကွဲသွားခဲ့ရသည်။ လူငယ်က ထိုအရာများကို ရက်စက်စွာ ရိုက်ချိုးဖျက်ဆီးပစ်ခဲ့သည်။

ထိုနေ့က ခန်းမကြီးအတွင်းတွင် သူသည် “မင်းက ငါ့ကိုပဲ အားကိုးဖို့ လိုတယ်” ဟု ပြောခဲ့သည်။ သူ၏ ထိုစကားကပင် သူမအား အရာအားလုံးကို လက်လွှတ်လိုက်နိုင်ရန် လွတ်လပ်ခွင့် ပေးခဲ့သည်။ တာဝန်ဝတ္တရားများ၊ ဖိစီးမှုများနှင့် အမှားတစ်ခုတည်းကြောင့် သေဆုံးသွားနိုင်သည်ဟူသော လေးလံလှသည့် ဝန်ထုပ်ဝန်ပိုးများအားလုံး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ချောင်စွေ့ဖုန်း ထိုအရာများကို မခံစားရတော့ပေ။ ယခု၌ သူမသည် ဘေးကင်းသည်ဟု ခံစားရုံတင် မဟုတ်ဘဲ၊ သူမကိုယ်သူမ ဘေးကင်းနေပြီဖြစ်ကြောင်းကိုပါ သိရှိနေသည်။

အခြားသူများအတွက် လိုအပ်ချက်များကသာ သူမ၏ လိုအပ်ချက်များ ဖြစ်ခဲ့ရာမှ၊ ယခုအခါတွင်မူ သူမကိုယ်တိုင် ဖြစ်ချင်သော ဆန္ဒများက အစားထိုးလာခဲ့ပြီ ဖြစ်သည်။ ဤသည်မှာ ရိုးရှင်းသည့် အပြောင်းအလဲဟု ထင်ရသော်လည်း သူမ၏ ဘဝတစ်ခုလုံးကို ပြောင်းလဲစေခဲ့သည့် ကွာခြားချက်ကြီးပင်။

သူတို့အားလုံးသည် လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်မှ စ၍ စကြဝဠာကို ဖြတ်သန်းလာခဲ့သော ခရီးစဉ်အတွင်း ဘဝကို ပြောင်းလဲစေသည့် ခံစားချက်များကို ခံစားခဲ့ကြရသည်။ ယခု အဖြူရောင် အဘိဿဲလ်အတွင်းရှိ ဤအံ့ဖွယ် မြင်ကွင်းများက ထိုခံစားချက်များကို ပိုမိုမြင့်တင်ပေးနေတော့သည်။

“ဒါ နင် လုပ်လိုက်တာလား”

ကောင်းကင် စစ်ဝိညာဉ်က မေးလိုက်၏။ သူမသည် စောစောက မြင်လိုက်ရသည့် အရာကြောင့် အနည်းငယ် တုန်လှုပ်နေဆဲ ဖြစ်သည်။

“ပြကွက်လေး တစ်ခုပါပဲ”

ဝေ့ဝူယင်က ရယ်မောရင်း ပြောလိုက်သည်။ ထို့နောက် သူက အပြင်လောကရှိ နတ်မိမယ် တိတ်ဆိတ်ခြင်းကို လှမ်းကြည့်ရင်း ပြောလိုက်သည်။

“ကျုပ်တို့ ဒီကနေ မထွက်ခင် အရောင်ပါတဲ့ ဇုန်တိုင်းကို သွားကြည့်ကြမယ်လို့ စဉ်းစားထားတယ်”

“...”

နတ်မိမယ် တိတ်ဆိတ်ခြင်းမှာ အဖြူရောင် အဘိဿဲလ်၏ မြင်ကွင်းများကို ငေးကြည့်နေရာမှ ထိုစကားကို ကြားလိုက်သောအခါ အံ့အားသင့်သွားခဲ့သည်။ သူမက အံ့ဩမှုများကြားမှ ရုန်းထွက်ကာ ခေါင်းညိတ်လိုက်၏။

“ဒါက လောကရှန့်ထို အာရုဏ်ဦး ရဲ ဆန္ဒဆိုရင်လည်း အဲဒီအတိုင်း ဖြစ်စေရပါမယ်”

ဝေ့ဝူယင်၏ စကားမှာ အခြားသူများ၏ ဆန္ဒနှင့်လည်း ထပ်တူကျနေသည်။ သူတို့လည်း ပိုမိုမြင်တွေ့ချင်ကြသည် မဟုတ်ပါလား။

ဟူး... ဟူး...

သူတို့သည် အရှိန်မြှင့်လိုက်ကြ၏။ ဤသို့ဖြင့်... ပုံပြင်များ ပြောဆိုကြရင်း၊ ယွီစွန်းလီနှင့် ချင်ချူးမူတို့က ဘေးတွင် ပန်းချီဆွဲနေကြရင်း၊ ချောင်စွေ့ဖုန်းက ဝေ့ဝူယင်နှင့် ကျင့်ကြံခြင်း (အထူးသဖြင့် အချိန်နှင့် ပတ်သက်သော အကြောင်းအရာများ) ကို ဆွေးနွေးနေကြရင်းဖြင့် ဘေးအန္တရာယ်ကင်းရှင်းသော နာရီအနည်းငယ်အတွင်း သူတို့သည် အစိမ်းရောင်ဇုန်သို့ ရောက်ရှိလာခဲ့ကြသည်။

ကောင်းကင် စစ်ဝိညာဉ်သည် သူမ မြင်တွေ့ခဲ့ရသမျှကို အစာခြေဖျက်ပြီးသွားပြီ ဖြစ်သည်။ သူမ၏ ရွှေရောင် အစုအဝေး ပုံသဏ္ဌာန်မှာ အသိစိတ် ပင်လယ် အတွင်း၌ စိတ်လှုပ်ရှားစွာဖြင့် လှုပ်ရှားနေ၏။

“ဒါကြီးက ပျက်စီးသွားတဲ့ သုသာန်တစ်ခု ဖြစ်နေလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ... အပိုင်းအစလေး တစ်ခုတင် ဂလက်ဆီတစ်ခုရဲ့ နှလုံးသားအဖြစ် လုပ်ဆောင်ဖို့ လုံလောက်နေတာပဲ...”

သူမ၏ စိတ်ထဲတွင် သူမ၏ ဖန်တီးရှင်များ ပေးသနားထားသော မှတ်ဉာဏ်များထဲမှ သားရဲကြီးတစ်ကောင်၏ ပုံရိပ်က နေရာယူလာသည်။

“လာဗီယာသန်...”

...

“ဝါး...”

“ဒါက အစိမ်းရောင်ဇုန်လား...”

“အခုမှပဲ သဘောပေါက်တော့တယ်...”

လူပေါင်းငါးထောင်၏ အစောင့်အရှောက်ဖြင့် အစိမ်းရောင်ဇုန်အတွင်းသို့ ဝင်ရောက်သွားချိန်တွင် အီလီစီယမ် အသေးစား ပေါ်၌ အံ့ဩတသသံများ ထွက်ပေါ်လာသည်။ သူတို့ မြင်တွေ့လိုက်ရသော မြင်ကွင်းမှာ ရုတ်ခြည်း ပြောင်းလဲသွားပြီး ပြင်းထနသ်ည့် ပတ်ဝန်းကျင် အပြောင်းအလဲဒဏ်ကို ခံလိုက်ရသည်။ အဖြူရောင် အဘိဿဲလ်သည် အရောင်တစ်မျိုးတည်း၏ ပြယုဂ်ဖြစ်သော်လည်း၊ အစိမ်းရောင်ဇုန်အပေါ် သူတို့၏ မျှော်လင့်ချက်များမှာမူ လုံးဝ လွဲချော်သွားခဲ့ရသည်။

အစိမ်းရောင်ဇုန်သည် အစိမ်းရောင်များ ဖုံးလွှမ်းနေသည့်၊ အဆုံးအစမရှိသော ဟင်းလင်းပြင်တစ်ခု မဟုတ်ပေ။ ၎င်းသည် အရောင်အသွေးမရှိဘဲ ရေကဲ့သို့ ကြည်လင်နေသော အရည်များ ပြည့်နှက်နေသည့် ကမ္ဘာတစ်ခု ဖြစ်သည်။ ထိုအရည်များ သူတို့၏ အသားအရေနှင့် ဆံပင်များကို ထိတွေ့နေသည့် ခံစားချက်မှာ အမှန်တကယ်ပင် ရေအောက်ရောက်နေသကဲ့သို့ ထင်ရှားလှသည်။

ဝေ့ဝူယင်၏ ညွှန်ကြားချက်အရ ယောင်ဟုန်ရီသည် အီလီစီယမ် အသေးစား၏ အကာအကွယ်များကို တမင်တကာ လျှော့ချထားခြင်း ဖြစ်သည်။ ထို့ကြောင့် ရေအောက်ထဲတွင် အမှန်တယ် ရှိနေရသကဲ့သို့ပင်။

သူတို့၏ အောက်ဘက်တွင်မူ လူသူမရှိသေးသော ကုန်းမြေတိုက်ကြီးတစ်ခုနှင့် တူသည့် ခိုင်မာသော မြေထုကြီး ရှိနေသည်။ ပတ်ဝန်းကျင် တစ်ခွင်လုံးတွင်မူ အစိမ်းရောင် အရိပ်အယောင် အမျိုးမျိုးရှိသည့် ငါးရှဉ့်နှင့်တူသည့် သတ္တဝါရှည်ကြီးများမှာ လွတ်လပ်မြန်ဆန်စွာ ကူးခတ်နေကြသည်။ ၎င်းတို့သည် သန်းနှင့်ချီ၊ သို့မဟုတ် ကုဋေနှင့်ချီ၍ ရှိနေနိုင်ပေသည်။ အချို့မှာ ခရုငယ်လေးများခန့်သာ ရှိသော်လည်း၊ အချို့မှာမူ ဝေလငါးကြီးများကဲ့သို့ ဧရာမ ကြီးမားကြသည်။

“အဲဒါတွေက ငါးရှဉ့်တွေ မဟုတ်ဘူး... မင်းတို့ကို အထိမခံနဲ့...”

ခရမ်းရောင် ပင်လယ်က အခြားသူများကို သတိပေးဖို့ အော်ဟစ်လိုက်၏။ ထိုတွားသွားသတ္တဝါများမှာ သင်္ဘော၏ ခံစစ်အား ဖောက်ထွက်လာနိုင်သည်ကို သတိထားမိလိုက်သောအခါ သူမ အနည်းငယ် အံ့အားသင့်သွားသော်လည်း၊ အခြားသူများနှင့်အတူ ချက်ချင်းပင် လှုပ်ရှားလိုက်သည်။

ဘုန်း... ဘုန်း... ဘုန်း...

သူတို့သည် လက်ဖဝါးများ၊ လက်သီးများနှင့် လက်သည်းများကို အသုံးပြုကာ သင်္ဘောအနီးသို့ ချဉ်းကပ်လာသော ထိုသတ္တဝါများကို တစ်ကောင်မကျန် ချေမှုန်းပစ်ကြသည်။

အပြင်ဘက်ရှိ အစောင့်အရှောက်များကလည်း စနစ်တကျ ပူးပေါင်းကာ တိုက်ခိုက်နေကြပြီ ဖြစ်သည်။ သူတို့သည် ကာကွယ်ရေး အစီအရင်များကို ပူးပေါင်း တည်ဆောက်ကြပြီး၊ ဆယ်မိုင်ပတ်လည်အတွင်း ချဉ်းကပ်လာသည့် မည်သည့်သတ္တဝါကိုမဆို ပြတ်ပြတ်သားသား နှိမ်နင်းနေကြသည်။

“အဲဒါတွေက ဘာတွေလဲ...”

ချောင်စွေ့ဖုန်းက မေးလိုက်သည်။

“ကျုပ်တို့ကတော့ အဲဒါတွေကို ဂရီးကောင်တွေလို့ ခေါ်တယ်... အဲဒီကောင်တွေက ခင်ဗျားတို့ကို ထိမိတာနဲ့ အလင်းတန်းတစ်ခုအဖြစ် ပြောင်းပြီး ခန္ဓာကိုယ်ထဲကို တိုးဝင်သွားလိမ့်မယ်၊ ပြီးရင် ခင်ဗျားတို့ရဲ့ သက်တမ်းကို အကုန်စုပ်ယူပစ်လိမ့်မယ်... ဘယ်လိုအခြေအနေမျိုးမှာမဆို အထိမခံကြနဲ့...”

သွေးရောင်ဓားက ကြေညာလိုက်ရင်း၊ သူ၏ လက်ချောင်းထိပ်များမှ ထက်မြက်သော လျှို့ဝှက်စွမ်းအားများကို ထုတ်လွှတ်ကာ ဂရီးကောင်များကို အမှုန့်ဖြစ်အောင် ပိုင်းဖြတ်ပစ်လိုက်သည်။

ဘုန်း...

ခရမ်းရောင် ပင်လယ်ကလည်း ကန်ချက်တစ်ခု ထုတ်လိုက်၏။ မိုးထစ်ချုန်းသံကဲ့သို့ ပြင်းထန်သည့် အသံလှိုင်း စွမ်းအားများမှာ ရှေ့သို့ ပြေးထွက်သွားပြီး သင်္ဘောကို ထိခိုက်မှုမရှိစေဘဲ ဂရီးကောင်ပေါင်း သောင်းနှင့်ချီကို တစ်ချက်တည်းဖြင့် အစအန ဖျောက်လိုက်သည်။ သူမ၏ စွမ်းအားမှာ အလွန်ပင် ဖျက်ဆီးအား ပြင်းလှပေသည်။

“ဟို အကောင်ကြီးကိုတော့ ငါပဲ ကိုင်တွယ်လိုက်မယ်...”

နတ်မိမယ် တိတ်ဆိတ်ခြင်းက ဝေလငါးပေါက်စလောက် ရှိသော ဂရီးကြီး တစ်ကောင်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

ရွှီ...

ထို့နောက် သူမက လေချွန်သံ တစ်ချက် ပေးလိုက်၏။ ချက်ချင်းပင် ထိုဂရီးကြီးမှာ ပြင်းထန်စွာ တုန်ရင်သွားပြီးနောက် အလင်းမှုန်များအဖြစ် ကြေမွသွားတော့သည်။

သို့သော် အစောင့်အဖွဲ့ထဲမှ သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ဦးမှာ ပေါ့ဆသွားသဖြင့် ဂရီးတစ်ကောင်ကို ထိမိသွားသည်။ သူ၏ နာကျင်စွာ အော်ဟစ်သံမှာ လူတိုင်း၏ နားထဲတွင် ဟိန်းထွက်သွား၏။

အသက်စွမ်းအားများကို ရက်စက်စွာ စုပ်ယူခံနေရသူတစ်ဦး၏ သေလုမျောပါး အော်သံပင်...။

ယွီစွန်းလီမှာ ထိုမြင်ကွင်းကို ကြည့်ရင်း တုန်လှုပ်သွားခဲ့၏။ ထိုဂရီးကောင်သည် အစိမ်းရောင် အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး၊ သေမျိုးတစ်ပိုင်း အရှင်၏ နား၊ မျက်လုံး၊ ပါးစပ်၊ နှာခေါင်းနှင့် ခန္ဓာကိုယ်၏ အပေါက်မှန်သမျှထဲသို့ တိတ်တဆိတ် တိုးဝင်သွားခဲ့သည်။ ထိုမြင်ကွင်းမှာ ကြည့်နေသူတိုင်းကို ဆွံ့အသွားစေရန် လုံလောက်လှပေသည်။

သေမျိုးတစ်ပိုင်း အရှင်၏ အသားအရေများမှာ တွန့်လိပ်ခြောက်ကပ်သွားပြီး၊ မျက်လုံးများမှာလည်း ဦးခေါင်းခွံထဲသို့ ချိုင့်ဝင်သွားသည်ကို သူတို့ မြင်တွေ့နေရသည်။ သူ၏ အသက်အော်ရာများမှာ ကုန်ခမ်း၍ အလွန်မြန်ဆန်သော အရှိန်ဖြင့် အိုမင်းရင့်ရော်သွားရာ၊ တစ်စက္ကန့်က နှစ်ပေါင်းတစ်သောင်းနှင့် ညီမျှနေသည့်အလားပင်။ ထိုသေမျိုးတစ်ပိုင်း အရှင်မှာ တစ်စက္ကန့်ခွဲခန့်သာ ခံနိုင်ပြီး အသက်စွမ်းအားများအားလုံး လုံးဝ ကွယ်ပျောက်သွားတော့သည်။

ခြောက်ကပ်နေသော အလောင်းတစ်ခုသာ ကျန်ရစ်ခဲ့တော့သည်။

All Chapters