အခန်း (၁၉၃၂)
Vol. 138 Ch. 1932
အဘိဿဲလ်၏ လျှို့ဝှက်အရှင်များသည် ထိုရှာဖွေ တွေ့ရှိမှု အသစ်ကြောင့် တုန်လှုပ်နေကြ၏။ နှစ်ပေါင်းများစွာတိုင်အောင် သူတို့သည် ဤအစိမ်းရောင် ငါးရှဉ့်သဏ္ဌာန် သတ္တဝါများကို သုတ်သင်ရှင်းလင်းပြီး နယ်မြေတစ်ခုကို တည်ငြိမ်အောင် ဖန်တီးကာ အကာအကွယ် အစီအရင်များဖြင့် ခုခံခဲ့ကြရခြင်း ဖြစ်သည်။ ယခုမူ ထိုအရာများမှာ... ရတနာများဖြစ်ကြောင်း သူတို့ သိလိုက်ရပြီ ဖြစ်သည်။
ထိုခံစားချက်ကို ဖော်ပြရန် ခက်ခဲလှသည်။ ‘ငါတို့ တကယ် နွားကျခဲ့တာပဲ’ ဟူသော စကားလုံးက အသင့်တော်ဆုံး ဖြစ်ပေလိမ့်မည်။
သို့သော်လည်း... ဝေ့ဝူယင်က သူတို့ကို အပြစ်မတင်ပေ။ ကြယ်တာရာမိုးများကို လူအများက ဘေးအန္တရာယ်ဟု သတ်မှတ်ကာ ကြောက်ရွံ့တတ်ကြသော်လည်း၊ မှန်ကန်သော စွမ်းရည်နှင့် ဗဟုသုတရှိသူများအတွက်မူ ၎င်းတို့ကို ဖမ်းယူကာ အသက်ကယ်ဆေးလုံး သို့မဟုတ် အဆောင်လက်ဖွဲ့များအဖြစ် ပြောင်းလဲနိုင်သည်။
“ဒီဂရီးကောင်တွေက အာကာသ စွမ်းအင်နဲ့ ဖွဲ့စည်းထားတဲ့ သတ္တဝါတွေပဲ... သူတို့က မင်းတို့ရဲ့ သက်တမ်းကို စုပ်ယူနေတာ မဟုတ်ဘူး၊ နေရာရွှေ့ ပစ်လိုက်တာ... သူတို့က ရန်လိုသူတွေကို ပြန်တိုက်ခိုက်တတ်ပြီး၊ အီလီစီယမ် အသေးစား လိုမျိုး သူတို့ကို ရန်မမူတဲ့ သက်မဲ့အရာတွေကိုတော့ ဘာမှမလုပ်ဘူး... တကယ်လို့ မင်းတို့က သူတို့ကို စနစ်တကျ ဆွဲဆောင်နိုင်ရင် သူတို့က မင်းတို့ရဲ့ ခန္ဓာကိုယ်ထဲက အသိုက်ထဲမှာ လာရောက် ပေါင်းစည်းသွားကြလိမ့်မယ်”
ထို့နောက် ဝေ့ဝူယင်က ယွီစွန်းလီ၏ နားနားကို ကပ်ရင်း ညွှန်ကြားချက်တစ်ခု ပေးလိုက်သည်။ ယွီစွန်းလီမှာလည်း စိတ်လှုပ်ရှားစွာဖြင့် စမ်းသပ်ကြည့်ချင်နေသဖြင့် အာကာသ အကျဉ်းထောင်နှင့် တူသော အာကာသ ကျင့်စဉ် တစ်ခုကို ထုတ်ဖော်လိုက်သည်။ ထိုအကျဉ်းထောင်၏ နံရံများမှာ အစိမ်းရောင်သန်းနေပြီး အတွင်း၌ ဂရီးကောင်လေးများ ရှိနေ၏။ သူမ၏ မျက်လုံးများမှာ ချက်ချင်း တောက်ပလာတော့သည်။
“ဂရီးကောင်တွေက နောက်ဆုံးမှာ ကြည်လင်သွားလိမ့်မယ်... အာကာသရဲ့ လျှို့ဝှက်ချက်တွေကို မြင်နိုင်တဲ့ မျက်လုံးမရှိရင် ဘယ်သူမှ မြင်ရမှာ မဟုတ်ဘူး... ဒါပေမဲ့ ဒီအကောင်တွေက မင်းတို့ရဲ့ အာကာသ အတတ်ပညာတွေ၊ နည်းလမ်းတွေနဲ့ အခြေခံစွမ်းရည်တွေကို အများကြီး အထောက်အကူပြုလိမ့်မယ်... ဒီကနေ ထွက်သွားတဲ့အခါ မင်းတို့ရဲ့ အကာသ ရွှေ့ပြောင်းခြင်းက ပိုလွယ်ကူလာလိမ့်မယ်... အရင်ကထက် ပိုဝေးဝေး၊ ပိုမြန်မြန်နဲ့ ပိုပြီး ချောချောမွေ့မွေ့ သွားနိုင်လာလိမ့်မယ်”
ဝေ့ဝူယင်က ဂရီးကောင်များ၏ အစွမ်းသတ္တိကို အသေးစိတ် ရှင်းပြပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ အပိုင်းပိုင်းပြတ်ကာ ပျက်စီးသွားခဲ့သော ဂရီးကောင်အားလုံးမှာ မူလအတိုင်း ပြန်လည် ပေါ်ပေါက်လာတော့၏။
“ကျုပ် အမိန့်မပေးမချင်း ဘာမှ မလုပ်ကြနဲ့ဦး”
ဝေ့ဝူယင်သည် အစက ဤလျှို့ဝှက်အရှင် လေးဦးကို လမ်းပြအဖြစ် ခေါ်လာခြင်းတွင် အခြားသော အကြံအစည် ရှိခဲ့သည်။ အဖြူရောင် အဘိဿဲလ်၏ အမှန်တရားကို မသိမီက သူသည် ခရမ်းရောင် ပင်လယ်မှလွဲ၍ ကျန်သူများကို သတ်ဖြတ်ပစ်ရန် သို့မဟုတ် သဘာဝဘေးအန္တရာယ်များကို အသုံးချကာ စစ်ဝိညာဉ်များအဖြစ် ပြောင်းလဲပစ်ရန် ကြံရွယ်ခဲ့ခြင်း ဖြစ်သည်။
သူ၏ မူလရည်ရွယ်ချက်မှာ အဖြူရောင် အဘိဿဲလ် ဂလက်ဆီကို ထိန်းချုပ်ရန်ဖြစ်သဖြင့် အတန်ငယ် ရက်စက်လှသည်။ သို့သော်လည်း... ဤဂလက်ဆီ၏ နှလုံးသားနှင့် ၎င်း၏ ဇစ်မြစ်ကို သိလိုက်ရပြီးနောက်တွင်မူ သူ၏ အစီအစဉ်များ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
“ဗာဂျန်... ဒီကိုလာခဲ့”
ဝေ့ဝူယင်က သူပထမဆုံးတွေ့ခဲ့သည့် လူသား လောကရှန့်ထိုကို လှမ်းခေါ်လိုက်သည်။ ဗာဂျန်မှာ အံ့အားသင့်သွားသော်လည်း မနှောင့်နှေးဘဲ အခြားသူများ၏ အကာအကွယ်ဖြင့် ဝေ့ဝူယင်ထံသို့ ပျံသန်းလာခဲ့၏။ မကြာခင်မှာပင် သူသည် အီလီစီယမ် အသေးစားပေါ်သို့ ရောက်ရှိလာခဲ့သည်။
“ငါတို့ရဲ့ ပထမဆုံး တွေ့ဆုံမှုကို ရေစက်လို့ပဲ သတ်မှတ်လိုက်မယ်... ဒါကြောင့် မင်းကို ငါ အခွင့်အရေးတစ်ခု ပေးမယ်... အဖြူရောင် အဘိဿဲလ် ဂလက်ဆီမှာ ငါ့ရဲ့ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပြီး ငါပေးတဲ့ တာဝန်မှန်သမျှကို ကိုင်တွယ်ပေး... သဘောတူလား”
ဝေ့ဝူယင်က အင်ပါယာ ဥပဒေသ အပေါ် သာမည အာဏာကို အသုံးပြုကာ ခန့်ညားထည်ဝါသည့် လေသံဖြင့် မေးလိုက်၏။
“...”
ဗာဂျန်မှာ မယုံကြည်နိုင်အောင် ဖြစ်သွားခဲ့သည်။ သူသည် “ကျွန်တော်လား” ဟု မေးချင်သော်လည်း ထိုစကားကို ပြန်မျိုချလိုက်ကာ တံတွေးတစ်ချက် မျိုချရင်း လျှို့ဝှက်အရှင်များကို လှည့်ကြည့်လိုက်သည်။ ထိုအခါ ခရမ်းရောင် ပင်လယ်က သူ့ကို အားပေးသည့် အပြုံးဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရ၏။ ဝေ့ဝူယင်က ဗာဂျန်ကို ရွေးချယ်လိုက်သဖြင့် သူမတွင် ကန့်ကွက်စရာ မရှိပေ။
“ဟုတ်ကဲ့ပါ...”
ဗာဂျန်က မိုးကြိုးပစ်သံထက်ပင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူသည် စိတ်လှုပ်ရှားမှုနှင့် စိုးရိမ်ပူပန်မှုများကို ဖုံးကွယ်မထားနိုင်ဘဲ အမြန်ဆုံး လက်ခံလိုက်ခြင်း ဖြစ်သည်။
“ကောင်းပြီ... ဒါဆိုရင် ကျုပ် ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်... အဖြူရောင် အဘိဿဲလ်ရဲ့ လျှို့ဝှက်အရှင်တွေ နားထောင်ပေးပါ... ကျုပ် ခရမ်းရောင် ပင်လယ်ကို အစစ်အမှန် သူတော်စင် ဖြစ်အောင် ကူညီပေးပြီး အဖြူရောင် အဘိဿဲလ် ဂလက်ဆီကို ဦးဆောင်စေဖို့ ဆုံးဖြတ်လိုက်ပြီ”
“...”
မီးခိုးရောင် နှင်းဆီ၊ သွေးရောင်ဓားနှင့် နတ်မိမယ် တိတ်ဆိတ်ခြင်းတို့ အားလုံးမှာ ထိုကြေညာချက်ကြောင့် ဆွံ့အသွားကြရ၏။ အကယ်၍ အရင်ကဆိုလျှင် သူတို့သည် ဤစကားကို အလေးထားမည်မဟုတ်သော်လည်း၊ ယခု မြင်တွေ့ခဲ့သမျှနှင့် ခံစားနေရသမျှတို့ကြောင့် ထိုစကား အပေါ် လုံးဝ မသံသယဖြစ်တော့ပေ။
ခရမ်းရောင် ပင်လယ်၏ မျက်လုံးများမှာ တောက်ပလာခဲ့၏။ သူမက ရှက်သွေးဖြာနေသော အမူအရာနှင့် ချစ်မြတ်နိုးသော မျက်ဝန်းများကို ဝေ့ဝူယင်ထံသို့ ပို့လွှတ်လိုက်သည်။ ဤသည်က အခြားသော လျှို့ဝှက်အရှင်များနှင့် အကဲခတ်ကောင်းသော အာရုဏ်ဦး အဖွဲ့သားများအား သူမနှင့် ဝေ့ဝူယင်၏ ဆက်ဆံရေးမှာ ထင်ထားသည်ထက် ပိုမိုနက်ရှိုင်းကြောင်း သိစေရန် တမင်တကာ လုပ်ဆောင်ခြင်း ဖြစ်သည်။ တစ်ချက်တည်းနှင့်ပင် သူမသည် ဝေ့ဝူယင်၏ မိန်းမဖြစ်ကြောင်း အားလုံး၏ စိတ်ထဲတွင် ကြေညာလိုက်ခြင်းပင်။
သွေးရောင်ဓားမှာမူ စကားပင် မပြောနိုင်တော့ချေ။ ဤအမျိုးသမီးများမှာ ရွှေပေါင်အား မည်သို့ ဖက်ရမည်ကို တကယ့်ကို ကျွမ်းကျင်လှပေသည်။
နတ်မိမယ် တိတ်ဆိတ်ခြင်းက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။
“လောကရှန့်ထို အာရုဏ်ဦး... ရှင် သေချာစဉ်းစားပြီးမှ ရွေးချယ်လိုက်တာဆိုတာ ကျွန်မ သိပါတယ်၊ ဒါပေမဲ့ နောက်တစ်ခါ ထပ်စဉ်းစားပေးဖို့ တောင်းဆိုချင်ပါတယ်။ ကျွန်မက အားလုံးထဲမှာ အ...”
သူမက ကိုယ့်ကိုယ်ကို အသက်အကြီးဆုံး လျှို့ဝှက်အရှင် ဖြစ်ကြောင်း အဆိုပြုရန် ကြိုးစားသော်လည်း ဝေ့ဝူယင်က လက်ပြကာ တားဆီးလိုက်သည်။
“ကျုပ် ပြောလို့မပြီးသေးဘူး... အဖြူရောင် အဘိဿဲလ် ဂလက်ဆီဟာ ကျုပ်ရဲ့ အာရုဏ်ဦး အင်ပါယာအောက်က လက်အောက်ခံ ဂလက်ဆီ နယ်မြေ တစ်ခု ဖြစ်လာလိမ့်မယ်... ခင်ဗျားတို့ လေးယောက်လုံးသာ ကံကောင်းပြီး ပါရမီရှိမယ်ဆိုရင် အစစ်အမှန် သူတော်စင် အဆင့်ကို ရောက်အောင် ကျုပ်ဘက်က ကူညီပေးဖို့ အဆင်သင့်ပဲ”
“...”
လက်အောက်ခံ ဂလက်ဆီ...
အခြားအင်အားစုတစ်ခု၏ ထိန်းချုပ်မှုအောက်တွင် ရှိသော ဂလက်ဆီ...
ထိုအယူအဆမှာ သူတို့အတွက် အသစ်အဆန်း မဟုတ်သော်လည်း၊ ဂလက်ဆီ တစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင်ရန်မှာ အတိုင်းအဆမရှိ ခက်ခဲလှသည်။ သို့သော်လည်း အစစ်အမှန် သူတော်စင် အဆင့်သို့ ရောက်ရှိနိုင်မည့် အခွင့်အရေးမှာမူ အလွန်ပင် ဆွဲဆောင်မှု ရှိလွန်းလှပေသည်။
ထို့အပြင်... သူတို့က ငြင်းပယ်ခဲ့လျှင်လည်း ခရမ်းရောင် ပင်လယ်သည် အစစ်အမှန် သူတော်စင် အဖြစ် ပြုစုပျိုးထောင်ခံရပြီး၊ ဂလက်ဆီ တစ်ခုလုံးကို သိမ်းပိုက်ကာ နောက်ဆုံးတွင် ထိမ်းမြားလက်ထပ်ခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် လောကရှန့်ထို အာရုဏ်ဦး၏ လက်အောက်ခံ ဖြစ်သွားရမည်သာ ဖြစ်သည်။ သူတို့တွင် ရွေးချယ်စရာ လုံးဝမရှိချေ။
ခုခံမည်လား... မည်သို့ ခုခံမည်နည်း။
ဝေ့ဝူယင်သည် သူ၏ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအား အစိတ်အပိုင်းလေးတစ်ခုကိုပင် ထုတ်ပြခဲ့ပြီးပြီဖြစ်ရာ၊ သူတို့သည် စိတ်ပိုင်းဆိုင်ရာအရ ရှုံးနိမ့်နေခဲ့ကြပြီ ဖြစ်သည်။ ဝေ့ဝူယင်၏ ကျင့်ကြံခြင်း အဆင့်အတန်းကိုပင် သူတို့ မခန့်မှန်းနိုင်ကြချေ။ သို့သော်လည်း... ထိုအရာများမှာ အရေးမကြီးတော့ပေ။
အဘယ်ကြောင့်ဆိုသော် သူသည် အစစ်အမှန် သူတော်စင် တစ်ဦး ဖြစ်လာစေရန် ယုံကြည်ချက်အပြည့်ဖြင့် ကြေညာနိုင်သည့် လောက အဂ္ဂိရတ် ရှန့်ထို တစ်ဦး ဖြစ်သောကြောင့် ဖြစ်သည်။
ထို့အပြင်... ငြင်းပယ်လိုက်လျှင်လည်း သူတို့ ဤအဖြူရောင် အဘိဿဲလ်ထဲမှာတင် သေဆုံးသွားရပေလိမ့်မည်။
ခရမ်းရောင် ပင်လယ်မှာ သိသိသာသာ စိတ်လှုပ်ရှားနေ၏။ သူမသည် အဖြူရောင် အဘိဿဲလ် ဂလက်ဆီတွင် တတိယမြောက် အင်အားအကြီးဆုံးဖြစ်သော်လည်း၊ ဝေ့ဝူယင်၏ ‘ပေါင်’ ကို နည်းမျိုးစုံဖြင့် ဖက်ထားနိုင်ခြင်းကြောင့် လက်အောက်ခံ ဂလက်ဆီကို ဦးဆောင်ရန် သေချာနေပြီ ဖြစ်သည်။ သူမကတော့ ကျန်သူများကို ငြင်းပယ်စေချင်နေသည်။
သို့မှသာ သူတို့ ဝေ့ဝူယင်၏ အမျက်ဒဏ်သင့်ကာ သေဆုံးသွားလိမ့်မည် ဖြစ်သည်။
လူသားတစ်ဦးတည်းက အဘိဿဲလ် မျိုးနွယ်များ အုပ်စိုးသော ဂလက်ဆီကြီး၏ ကံကြမ္မာကို ဆုံးဖြတ်နေခြင်းမှာ မယုံနိုင်စရာ ကောင်းသော်လည်း၊ သူတို့ ဘာမှ မတတ်နိုင်ကြချေ။
ထိုမြင်ကွင်းကို တိတ်တဆိတ် ကြည့်နေသည့် ယွီစွန်းလီသည်လည်း ခရမ်းရောင် ပင်လယ်ကဲ့သို့ပင် စိတ်လှုပ်ရှားနေလေသည်။ လူငယ်က စကားလုံးများဖြင့်သာ သိမ်းပိုက်အောင်နိုင်နေသည်ကို ကြည့်ရသည်မှာ အလွန်ပင် အံ့ဩစရာ ကောင်းလှသည်။
“ကျွန်မ သဘောတူပါတယ်”
မီးခိုးရောင် နှင်းဆီက ရုတ်တရက် အော်ပြောလိုက်၏။ သူမသည် တစ်စက္ကန့်ပင် မတုန့်ဆိုင်းပဲ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
သွေးရောင်ဓားနှင့် နတ်မိမယ် တိတ်ဆိတ်ခြင်းတို့မှာ မျက်နှာများ ပျက်သွားကြ၏။ လောကရှန့်ထို အာရုဏ်ဦးတွင် အင်ပါယာ တစ်ခု ရှိနေသည်လား...။ ထို့အပြင်... သူက သူတို့ကို တစ်ချက်တည်းနှင့် သိမ်းပိုက်ရန် ကြိုးစားနေခြင်းပင်။
ထို့အပြင်... လျှို့ဝှက်အရှင် လေးဦးအနက် နှစ်ဦးမှာ သူ၏ဘက်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ကံကောင်းသည်က ထိုနှစ်ဦးမှာ အားအနည်းဆုံးသူများ ဖြစ်နေခြင်းပင်။
အဖြူရောင် အဘိဿဲလ် ဂလက်ဆီကို အုပ်စိုးရန် သဘောတူခြင်းနှင့် အာရုဏ်ဦး အင်ပါယာ အောက်ရှိ လက်အောက်ခံ ဂလက်ဆီအဖြစ် အုပ်စိုးရန် သဘောတူခြင်းမှာ အလွန်ပင် ကွာခြားလှသည်။ နတ်မိမယ် တိတ်ဆိတ်ခြင်းပင်လျှင် အနည်းငယ် တွေဝေနေမိသည်။ အကယ်၍ ဝေ့ဝူယင်က အဘိဿဲလ်မျိုးနွယ်များကို သူတို့က လူသားများအပေါ် ပြုမူသကဲ့သို့ အလုပ်သမား သို့မဟုတ် အစေခံများအဖြစ် လျစ်လျူရှု ထားခဲ့လျှင် မည်သို့လုပ်မည်နည်း။
ခရမ်းရောင် ပင်လယ်က အဘယ်ကြောင့် ထိုမျှ ပေါ့ပေါ့ဆဆ သဘောတူလိုက်ရသနည်း။ အကယ်၍ သူက သူတို့အားလုံးကို ကျွန်ပြုလိုက်လျှင် မည်သို့နည်း။
သို့သော်လည်း... အခြားတစ်ဖက်စွန်း၌ ထိုအရာက သူတို့ အစစ်အမှန် သူတော်စင်များ ဖြစ်လာနိုင်မည့် အခွင့်အရေး ဖြစ်သ်ည။
သူတို့သည် ဇဝေဇဝါနှင့် မရေမရာ ဖြစ်လာကြ၏။
ဝေ့ဝူယင်က ထိုနှစ်ယောက်၏ အတွေးများကို ရိပ်မိသည့် အလား ပြတ်ပြတ်သားသားပင် ပြောလိုက်သည်။
“ကျုပ်က ခွဲခြားဆက်ဆံမှုနဲ့ မျိုးနွယ်စု ကွဲပြားမှုတွေကို စက်ဆုပ်တယ်... ကျုပ်အနေနဲ့ အဘိဿဲလ်မျိုးနွယ်ကို မတရား ပြုမူမှာ မဟုတ်သလို၊ သားရဲတွေ၊ မိစ္ဆာတွေ၊ လူသားတွေအပေါ် ဆက်ဆံသလိုပဲ တန်းတူ ဆက်ဆံမှာပါ”
ဝေ့ဝူယင်၏ စကားကို နားထောင်ရင်း ချင်ချူးမူက ခေါင်းညိတ် ထောက်ခံလိုက်၏။ ဤသည်မှာ အမှန်တရားဖြစ်ကြောင်း သူမ ကိုယ်တိုင် သိရှိထားသည် မဟုတ်ပါလား။ ပြောရလျှင် သူတို့ အားလုံး သိရှိထားကြပေသည်။
အခြံအရံများမှာမူ နားထောင်နေရုံမှလွဲ၍ ဘာမှ မတတ်နိုင်ကြချေ။ သူတို့သည် ဤနေရာ၌ ကြားဝင်ပြောဆိုပိုင်ခွင့် မရှိပေ။ သို့သော်လည်း... လူသားများမှာမူ ဝေ့ဝူယင်က သူ၏ အင်ပါယာအောက်တွင် ဤဂလက်ဆီကို သိမ်းပိုက်လိုသည်ဟု ကြားလိုက်ရသဖြင့် စိတ်ထဲမှ တိတ်တဆိတ် ဝမ်းသာနေကြသည်။ လူသားမျိုးနွယ် ဦးဆောင်သည့် အင်ပါယာတွင် နေထိုင်ရပါက သူတို့၏ ကံကြမ္မာမှာ ပိုမိုကောင်းမွန်လာမည်ဖြစ်ပြီး၊ အမွေအနှစ်များ ပိုမိုပေါများလာကာ သူတို့၏ အနာဂတ်မှာလည်း ပိုမို တောက်ပလာပေလိမ့်မည်။
“...”
နတ်မိမယ် တိတ်ဆိတ်ခြင်းနှင့် သွေးရောင်ဓားတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
အတော်ကြာပြီးနောက် နတ်မိမယ် တိတ်ဆိတ်ခြင်းက ပြုံးလိုက်၏။
“ကျွန်မတို့ လေးယောက်ထဲက အစစ်အမှန် သူတော်စင် ပထမဆုံး ဖြစ်လာတဲ့သူကို လာမယ့် နှစ်ပေါင်းတစ်သောင်းအထိ အဖြူရောင် အဘိဿဲလ် ဂလက်ဆီကို ဦးဆောင်ခွင့် ပေးနိုင်မလား”
သူမက မေးလိုက်သည်။ သို့သော်လည်း ထိုမေးခွန်းက သဘောတူလိုက်ခြင်း ဖြစ်ကြောင်း လူတိုင်း သိလိုက်ကြလေသည်။
“အဲဒီလိုဆိုရင်တော့ ကျွန်တော်လည်း သဘောတူပါတယ်”
သွေးရောင်ဓားကလည်း လိုက်လျောလိုက်၏။
“ကောင်းပြီလေ”
ဝေ့ဝူယင်က ခေါင်းညိတ်လိုက်၏။ ထိုအခါတွင်မှ လောကရှန့်ထို အာရုဏ်ဦးက တစ်ခုခု လုပ်လိမ့်မည်ဟု စိုးရိမ်နေခဲ့ကြသူများမှာ သက်ပြင်းများ ချနိုင်ကြတော့သည်။
မင်ရှုဖုန်းမှာမူ အံ့အားသင့်နေမိ၏။ ဝေ့ဝူယင်က... ထိုသို့ ဂလက်ဆီ တစ်ခုလုံးကို သိမ်းပိုက်လိုက်သည်လား။ မိန်းမလှလေး တစ်ဦးကို ဖက်ထားရင်း သူ့ ရည်ရွယ်ချက်ကို ပြောရုံလေးနှင့်တင် သိမ်းပိုက်လိုက်သည်လား။
ထိုအခိုက်၌ ကမ္ဘာလောကအပေါ် သူမ၏ ရှုမြင်ပုံတစ်ခုလုံး ပြောင်းလဲသွားသကဲ့သို့ သူမ ခံစားလိုက်ရလေတော့သည်။
...
အမိန့်...
“ငါ့ အာရုဏ်ဦး အင်ပါယာရဲ့ လက်အောက်ခံ ဂလက်ဆီ ဖြစ်လာကြစမ်း”
အိပ်မက်...
“မင်းတို့ရဲ့ ကျင့်ကြံခြင်းကို အစွမ်းကုန် မြှင့်တင်ပေးမယ်... ကံကောင်းမယ်ဆိုရင်တော့... တက်လှမ်းနိုင်လိမ့်မယ်”
လွတ်လပ်ခွင့်...
“လိုအပ်တဲ့ ကတိသစ္စာတွေကိုပဲ ပြုရမှာဖြစ်ပြီး၊ မင်းတို့ရဲ့ လွတ်လပ်ခွင့်ကို ချုပ်ကိုင်တာမျိုး ဒါမှမဟုတ် တစ်သက်စာ ကျွန်အဖြစ် သတ်မှတ်တာမျိုး လုံးဝ ရှိမှာမဟုတ်ဘူး”
နာခံစေခြင်း...
“ကဲ... ဆက်သွားကြမယ်”