← Chapters

မင်း ကံကောင်းသွားတယ်

Vol. 36 Ch. 351

မင်း ကံကောင်းသွားတယ်

Vol. 36 Ch. 351

[နှစ်ပေါင်း ၃၇၀၀ တွင် အရိုးစား ဝက်ဝံဧကရာဇ်သည် လီမီးတောက်ကို နတ်ဘုရားဝိညာဉ်အား သန့်စင်ခြင်း၌ ပထမအကြိမ်ပေါင်းစပ်မှုကို အောင်မြင်စွာအတည်ပြုနိုင်ရန် ကူညီပေးခဲ့သည်။ လုပ်ငန်းစဉ် ဘေးကင်းကြောင်း သေချာသွားသောအခါ သင်သည် တစ်ဖက်လူကို ဆက်လက်လုပ်ဆောင်ရန် လက်ဖြင့် အချက်ပြလိုက်သည်]

သူသည် နတ်ဆိုးအငြိုးဝိညာဉ်ကို ၎င်းအပြည့်အဝကျွမ်းကျင်ပိုင်နိုင်သွားသည်အထိ ထပ်ခါတလဲလဲ ဆက်လက်ဖြစ်ပေါ်စေခဲ့သည်။

ရှန်းယီသည် နတ်ဆိုးသက်တမ်း အနည်းငယ် ဆုံးရှုံးသွားမှုကို ဂရုမစိုက်ပေ။

ယခုအချိန်တွင် သူ့၌နတ်ဝိညာဉ်ကို ကာကွယ်ရန် မည်သည့်နည်းလမ်းမှ မရှိသေးချေ။ သတိထားခြင်းသည် အမြဲတမ်း မှန်ကန်သော လုပ်ရပ်ဖြစ်သည်။

ဝက်ဝံဧကရာဇ်၏အငြိုးဝိညာဥ်များ ပြိုလဲပျက်စီးမည့် အရိပ်အယောင်များ စတင်ပြသလာချိန်တွင်...

အသင့်ရှိနေသော မီးခိုးငွေရောင် မျောက်ဧကရာဇ်က နေရာဝင်ယူလိုက်လေသည်။

...

ရှန်းယီ၌ထိုကဲ့သို့သော နတ်ဘုရားစိတ်ဝိညာဉ်အဆင့် နတ်ဆိုးဝိညာဉ်အပိုင်းအစများစွာ ရှိပါသည်။

[နှစ်ပေါင်း ၁၂၃၀၀ တွင် ကြက်သွေးရောင်နှလုံးသား မြွေဧကရာဇ်သည် လီမီးတောက် ပဉ္စမအကြိမ်ပေါင်းစပ်မှု ပြုလုပ်စဉ် မတော်တဆမှုတစ်ခု ကြုံတွေ့ခဲ့ရပြီး၊ ပြင်းထန်သော မီးတောက်များကြောင့် ၎င်း၏အငြိုးဝိညာဉ်များ လောင်ကျွမ်းပျက်စီးသွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ချင်းချိုဘိုးဘေးသည် လုပ်ငန်းစဉ်တစ်ခုလုံးကို စောင့်ကြည့်နေခဲ့ပြီး ပြဿနာကို လျင်မြန်စွာ ရှာဖွေတွေ့ရှိခဲ့သည်]

"ကျွတ်..."

ရှန်းယီသည် စနစ်ဘောင်ကွက်ပေါ်တွင် ပေါ်လာသော စာသားများကို ကြည့်ရင်း ကြောက်ရွံ့မှု အနည်းငယ်ဖြင့် အကြည့်လွှဲလိုက်မိ၏။

အကယ်၍သာ ပြင်ပမှ လွတ်လပ်ကျင့်ကြံသူ တစ်ဦးဦးသည် လီမီးတောက်နှလုံးလောင်ကျွမ်းလက်ဝါ ကို ကံကောင်းထောက်မစွာ ရရှိခဲ့လျှင်ပင်၊ နောက်ဆုံးအဆင့်ကို မပြီးမြောက်မီ ပညာရှင်မည်မျှ၏ အသက်ကို ပေးဆပ်ရလိမ့်မည်ကို မည်သူသိနိုင်မည်နည်း။

နတ်ဆိုးသက်တမ်း နှစ်သောင်းကျော်၏ ပံ့ပိုးမှုဖြင့် ချင်းချိုဘိုးဘေးသည် နောက်ဆုံးတွင် ပြီးပြည့်စုံသော လီမီးတောက်နှလုံးလောင်ကျွမ်းလက်ဝါကို ပုံဖော်နိုင်ခဲ့လေသည်။

ထို့နောက် သူသည် အခြားသော နတ်ဆိုးဧကရာဇ် အပိုင်းအစများကို အသုံးပြု၍ ထပ်မံ စစ်ဆေးအတည်ပြုခိုင်းလိုက်၏။

"..."

ရှန်းယီ၏ မျက်နှာအမူအရာသည် တဖြည်းဖြည်း လေးနက်လာပြီး နောက်တစ်ခဏတွင် သူ့မျက်လုံးများထဲမှရွှေရောင်အလင်းတန်းသည် ပျောက်ကွယ်လုနီးပါး ဖြစ်သွားသည်။

လွှမ်းမိုးထားသော ပူလောင်သည့် နာကျင်မှုတစ်ခုက သူ့နှလုံးသားကို ဝင်ရောက်တိုက်ခိုက်လိုက်၏။

သူ၏သန်မာသော ခန္ဓာကိုယ်အောက်ရှိ ကျိုးပဲ့လွယ်သော နတ်ဝိညာဉ်သည် ပြင်းထန်စွာ တုန်ခါလာလေသည်။

အရောင်မဲ့သော မီးတောက်အမှတ်အသားတစ်ခု သူ၏ နတ်ဝိညာဉ်ပေါ်၌ ပေါ်လာမှသာ သူသည် သက်ပြင်းချနိုင်ခဲ့သည်။ သို့သော် ဒုတိယမြောက် ပြင်းထန်သောနာကျင်မှုလှိုင်းလုံးကြီးတစ်ခု ချက်ချင်း နောက်မှ လိုက်ပါလာသည်ကို တွေ့လိုက်၏။

လုပ်ငန်းစဉ်တစ်ခုလုံးသည် စနစ်ဘောင်ကွက် ပေါ်တွင် နှစ်ပေါင်း တစ်သောင်းကြာမြင့်ခဲ့သည်။

နောက်ဆုံး စာသားအချက်ပြမှု ပေါ်လာသောအချိန်တွင် ရှန်းယီသည် ရာဇပလ္လင်ပေါ်၌ မှီလျက် ခန္ဓာကိုယ် အနည်းငယ် တုန်ခါနေပြီး မျက်လုံးများ ထုံကျဉ်နေလေ၏။

[နှစ်ပေါင်း ၂၁၀၀၀ တွင် သင်သည် လီမီးတောက်အမှတ်အသား ငါးခုကို သင့်နတ်ဝိညာဉ်ထဲတွင် အောင်မြင်စွာ ချန်ထားနိုင်ခဲ့ပြီး၊ သင့်လက်ဝါးဖြင့် အခြားသူများ၏နတ်ဝိညာဉ်ထဲသို့ ဤအရာများကို မည်သို့ ရိုက်နှိပ်ရမည်ကို သင်ယူတတ်မြောက်ခဲ့သည်]

[ နတ်ဘုရားစိတ်ဝိညာဥ်အဆင့်။ လီမီးတောက်နှလုံးလောင်ကျွမ်းလက်ဝါး (ရတနာ) - ပြီးပြည့်စုံခြင်း]

[လက်ကျန် နတ်ဆိုးသက်တမ်း - ၃၆၀၀၀ နှစ်]

နတ်ဘုရားစိတ်ဝိညာဉ် အစောပိုင်းအဆင့်တွင် သူသည် အမြင့်ဆုံးသော ပညာရပ်နှစ်ခုကို ပြီးပြည့်စုံသည်အထိ တတ်မြောက်ထားပြီး ဖြစ်သည်။

အတွင်းပိုင်းနှင့် အပြင်ပိုင်း တိုက်ခိုက်မှု နည်းလမ်းနှစ်မျိုးစလုံး ရှိထားသဖြင့် သူ့တွင် လိုအပ်ချက်ဟူ၍ မရှိတော့ပေ။

ယခု လိုအပ်နေသည်မှာ သူ၏ ကျင့်ကြံခြင်းအဆင့် ကို မြှင့်တင်ရန် ကျင့်ကြံခြင်းကျင့်စဉ် တစ်ခုသာ ဖြစ်သည်။

ရှန်းယီသည် အကောင်းဆုံး အခြေအနေသို့ ရောက်ရှိရန် မိမိကိုယ်ကိုညှိယူရင်း အိပ်ပျော်ချင်ယောင် ဆောင်လိုက်၏။

ငါးရက်ကြာပြီးနောက် ရေနဂါးအိုကြီး သည် သူ့ကို စိတ်အားထက်သန်စွာ လာရှာဖွေခဲ့သည်။

"ခြင်္သေ့ဧကရာဇ်... သက်သာရဲ့လား၊ ဘယ်လိုနေသေးလဲ"

၎င်းသည် အခြားတစ်နေရာတွင် ဆုံးရှုံးမှုတစ်ခု ကြုံတွေ့ခဲ့ရပုံပေါ်ပြီး စိတ်မရှည်မှုကို ဖုံးကွယ်ရန် ကြိုးစားနေလေ၏။

"..."

ယိုဝေနဂါးဧကရာဇ်၏ နောက်ကွယ်တွင် ပုန်းအောင်းနေသောကျင့်ကြံသူတစ်ဦး၏ အရှိန်အဝါကို ရှန်းယီ အာရုံခံမိလိုက်၏။

သူသည် ရာဇပလ္လင်မှ နောက်ဆုံးတွင် ထရပ်လိုက်သည်။ "သွားကြစို့"

"ကောင်းပြီ... ကောင်းပြီ"

ယိုဝေနတ်ဆိုးဧကရာဇ်သည် အလွန် ဝမ်းမြောက်သွားလေသည်။ "ညီကိုက အမြဲတမ်း အားကိုးရတာပဲ"

ယွီချောင်အန်းကို ကိုင်တွယ်ရန် သူတစ်ယောက်တည်းသွားလျှင် လုံလောက်သော်လည်း၊ အဓိကအားဖြင့် ကြားဖြတ်တားဆီးပေးမည့် အခြားနတ်ဆိုးဧကရာဇ်တစ်ပါး လိုအပ်နေခြင်း ဖြစ်သည်။

"ဒါ ဘာအခြေအနေကြီးလဲ"

ယွီချောင်အန်းသည် တိတ်ဆိတ်စွာ နောက်မှ လိုက်ပါလာ၏။ အလွန်အမင်းနီးကပ်စွာ မကပ်ရဲသော်လည်း ခြင်္သေ့၏ပုံသဏ္ဌာန်ကို ဝါးတားတား မြင်နေရသေးသည်။

သူ မမှားဘူးဆိုရင် ဒါက ရွှေမျက်လုံးခြင်္သေ့ဧကရာဇ်မဟုတ်လား။

ဒီနဂါးအိုကြီးက တကယ်ပဲဘယ်သူ့ကိုမှ အကူအညီ ခေါ်လို့ မရတော့ဘူးပဲ။ ဂူအမှတ် ၄၀ က နတ်ဆိုးဧကရာဇ်ကိုတောင် ထည့်သွင်းစဉ်းစားနေရတယ်ပေါ့။

သူ ခေါင်းခါလိုက်ပြီး ဆက်လက် စဉ်းစားမနေတော့ချေ။

ဤတစ်ခါ သူသည် ဝူထုံတောင်သို့ သွားခဲ့ရာ မလွဲမသွေဖြတ်သန်းရမည့် လမ်းကြောင်းပေါ်တွင် သေချာနေရာယူရန်အတွက် ဂိုဏ်းတူအစ်ကိုထုံ ထံမှသင့်လျော်သော မဟာအစီအရင်တစ်ခုကို အထူးတလည် ငှားရမ်းလာခဲ့ခြင်း ဖြစ်သည်။

ဆရာသခင်မှာ နတ်ဆိုးတစ်ထောင်ဂူအား ယခုအချိန်တွင်သွားမစဖို့ ပြောထားဖူးသည်။

သို့သော် ယခုကိစ္စမှာ ယိုဝေနတ်ဆိုးဧကရာဇ်ဘကါမှ အကြောင်းမဲ့ပြဿနာ လာရှာခြင်းဖြစ်နေ၏။

ကျော်ကြားဖို့အတွက် ယနေ့တွင် တိုက်ပွဲဖြစ်ရပါလိမ့်မည်။

ယွီချောင်အန်းသည် မျက်နှာပေါ်မှ အညိုအမည်းစွဲနေသောဒဏ်ရာကို ပွတ်သပ်လိုက်ပြီး၊ နတ်ဆိုးနှစ်ကောင် နတ်ဆိုးတစ်ထောင်ဂူထဲမှ တည့်တည့် ထွက်လာသည်ကို မြင်သောအခါ အလျင်အမြန် နောက်မှ လိုက်သွားလေသည်။

ဂူအမှတ် ၁၆ မှ နတ်ဆိုးဧကရာဇ်တစ်ပါးကို လိုက်လံသတ်ဖြတ်ခြင်းသည်။

မည်သည့်ကျင့်ကြံသူအတွက်မဆို ကြီးကျယ်ခမ်းနားသော ကိစ္စရပ်တစ်ခုဖြစ်၏။

ဝူထုံတောင်မှ တပည့်တစ်ဦးဖြစ်သော သူ့အတွက်ပင်လျှင် ယခုအချိန်၌ စိတ်လှုပ်ရှားမှုများ မြင့်တက်လာသည်ကို ခံစားနေရသည်။

"ဟုတ်ပြီ... ဒီဘက်ကိုပဲ လာခဲ့"

ယွီချောင်အန်း၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး စိတ်လှုပ်ရှားမှုကြောင့် သူ၏ လက်ချောင်းထိပ်များပင် တုန်ခါနေသည်။

လွန်ခဲ့သည့် တစ်ခေါက်က ဤမြေလူးသတ္တဝါ နှင့် ကစားရုံသာ ကစားခဲ့သော်လည်း...

ယခုတစ်ကြိမ်၌မူရန်သူသည် နတ်ဆိုးတစ်ထောင်ဂူမှ အမှန်တကယ် ဦးဆောင်ထွက်ခွာလာပြီး ဘေးတွင် ခြင်္သေ့သေးသေးလေး တစ်ကောင်သာ ပါလာလေ၏။

အကယ်၍သာ ယိုဝေနတ်ဆိုးဧကရာဇ်သည် အစီအရင်ထဲသို့ အမှန်တကယ် ကျရောက်လာပါက၊ ရန်သူကို သတ်ဖြတ်နိုင်ရန် အနည်းဆုံး ရာခိုင်နှုန်း ၆၀ သေချာမှု ရှိသည်။

ထိုစဉ် ယွီချောင်အန်း၏ မျက်လုံးအိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွားသည်။

ရွှေမျက်လုံး ခြင်္သေ့ဧကရာဇ်သည် သူချထားသော အစီအရင်နှင့် ကိုက်အနည်းငယ်အကွာတွင် ခြေလှမ်းများကို ရပ်တန့်လိုက်သည်ကိုမြင်လိုက်ရသောကြောင့်ပင်။

"ခြင်္သေ့ဧကရာဇ်... ဘာဖြစ်လို့လဲ"

ယိုဝေနတ်ဆိုးဧကရာဇ်သည် အံ့သြစွာ လှည့်ကြည့်လိုက်၏။

"သောက်ကျိုးနည်းကွာ" ယွီချောင်အန်းသည် စိတ်ထဲမှကျိန်ဆဲလိုက်ပြီး နှလုံးခုန်သံများပိုမို မြန်ဆန်လာသည်။

သို့သော် သူ လုံးဝမျှော်လင့်မထားသည်မှာ ခြင်္သေ့က မကျေမနပ်ဖြင့် ပြောလိုက်သောစကားပင်။

"ဒီဧကရာဇ်ကိုရည်ရွယ်ချက်မရှိဘဲ ဘယ်အချိန်ထိ လျှောက်သွားခိုင်းနေမှာလဲ"

"ငါ... ငါတို့ အခုမှထွက်လာတာလေ"

ယိုဝေနတ်ဆိုးဧကရာဇ်သည် ဒေါသကြောင့် ရူးလုနီးပါး ဖြစ်သွား၏။ စွမ်းရည်ရှိသူတိုင်း၌ ဒေါသရှိတတ်သည်ကို သိသော်လည်း ဤခြင်္သေ့စုတ်၏ ဒေါသကတော့ အနည်းငယ် လွန်လွန်းနေသည်။

သို့သော် ယခုအချိန်တွင် တစ်ဖက်လူကို ဦးစွာ ချော့မော့ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။

"ငါတို့ အဲဒီနေရာနဲ့ မဝေးတော့ပါဘူး... ငါ့နောက် မြန်မြန်လိုက်ခဲ့ပါ"

ထိုသို့ပြောပြီးနောက် ယိုဝေနတ်ဆိုးဧကရာဇ်သည် ယုံကြည်မှုရှိဟန်ဆောင်ကာ ရှေ့သို့ လျင်မြန်စွာ လျှောက်လှမ်းသွားလေသည်။

"ဟူး..."

ယွီချောင်အန်းသည် ရင်ဘတ်ကို တင်းကျပ်စွာ ဖိထားရင်းအသက်ရှူပင် မှားလုနီးပါး ဖြစ်သွားသည်။

ယိုဝေနတ်ဆိုးဧကရာဇ်က ခြင်္သေ့အပေါ် ဤမျှ ယဉ်ကျေးနေသည်ကို အံ့သြနေမိသော်လည်း၊ သူ၏ လက်များသည် လျင်မြန်စွာ ဂါထာရွတ်ဆိုလိုက်ပြီး လေထဲသို့ ပျံတက်ကာ လှောင်ပြောင်လိုက်၏။

"ငါးရှဉ့်လေး... ဘယ်သူ့ကို ရှာနေတာလဲ"

ကြီးမားသော ဝိညာဉ်စွမ်းအင်များသည် တစ်စုံတစ်ခုကို ဆင့်ခေါ်နေသကဲ့သို့ သူ၏ လက်ချောင်းထိပ်များမှ ပေါက်ကွဲထွက်လာသည်။

မျက်တောင်တစ်ခတ်အတွင်း မြေကြီးထဲမှ မီးတောက်များ ထိုးတက်လာပြီး၊ တုံ့ပြန်ရန် အချိန်မရနိုင်လောက်အောင် လျင်မြန်သော အရှိန်ဖြင့် သန်မာသော မီးတိုင်ကြီးများ ဖြစ်ပေါ်လာကာ ကောင်းကင်ယံတွင် ချိတ်ဆက်ပြီးနောက် ပြန်လည် ထိုးဆင်းလာပြီး ယိုဝေနတ်ဆိုးဧကရာဇ်ကို လုံးဝ ဖုံးလွှမ်းသွားလေသည်။

"ဝေါင်း"

ယိုဝေနတ်ဆိုးဧကရာဇ်သည် ချက်ချင်းပင် ကြီးမားသောမူလပုံသဏ္ဌာန်သို့ ပြောင်းလဲလိုက်ပြီး ရုန်းထွက်ရန် ကြိုးစားသော်လည်း၊ ၎င်း၏ ခြေလက်များနှင့် လည်ပင်းသည် မီးတိုင်များဖြင့် လုံးဝ ချည်နှောင်ခံထားရသည်ကို တွေ့လိုက်ရသည်။

၎င်းသည် ထိတ်လန့်ခြင်းနှင့် ဒေါသဖြစ်ခြင်း နှစ်မျိုးစလုံးကို ခံစားလိုက်ရ၏။ "မင်း သေချင်နေတာလား"

"လေကြီးနေတုန်းပဲ"

ယွီချောင်အန်းသည် ယုတ်မာစွာ ရယ်မောလိုက်ပြီး အစီအရင်ကို တုန်တုန်ယင်ယင်ဖြင့် ထိန်းချုပ်လိုက်၏။

တပြိုင်နက်တည်းမှာပင် သူသည် အဝေးသို့ လှမ်းကြည့်လိုက်ပြီး "မင်း ကံကောင်းသွားတယ်... အခု ထွက်သွားလိုက်တော့"

သူသည် ယခု ဤငါးရှဉ့်ကို ကိုင်တွယ်ရန် အာရုံစိုက်ဖို့ လိုအပ်နေသဖြင့် ရွှေမျက်လုံး ခြင်္သေ့ဧကရာဇ်အတွက် စိတ်ပူနေရန် အချိန်မရှိပေ။

"သူက ကံကောင်းတယ်... ဒါပေမဲ့ ငါထင်တာတော့ မင်းရဲ့ကံက သိပ်ကောင်းပုံမရဘူး"

ရုန်းကန်နေရင်း ယိုဝေနတ်ဆိုးဧကရာဇ်ကလည်း ရယ်မောလိုက်၏။

သိသာထင်ရှားသည်မှာ ယွီချောင်အန်းသည် ထိုခြင်္သေ့ကို နတ်ဘုရားစိတ်ဝိညာဉ် အစောပိုင်းအဆင့်မျှသာ ရှိသည်ဟု သဘောထားနေဆဲပင်။

"ခြင်္သေ့ဧကရာဇ်... ငါ မင်းကို မလိမ်ခဲ့ဘူး မဟုတ်လား။သူ ဒီမှာ ရှိနေတယ်လေ။ ငါနဲ့ ပူးပေါင်းပြီး ဒီမိုက်မဲတဲ့ ကျင့်ကြံသူကို သတ်ပစ်လိုက်စမ်းပါ"

သူတို့ စောင့်ကြည့်နေစဉ်မှာပင်...

အရပ်ရှည်သော ခြင်္သေ့ကြီးသည် ရုတ်တရက် ရှေ့သို့ ခုန်ထွက်လိုက်ပြီး ကြီးမားသော နတ်ဆိုးစွမ်းအင်များပေါက်ကွဲထွက်ပေါ်လာ၏။

"..."

ယွီချောင်အန်းသည် ယခုမှ သတိပိုဝင်လာပြီး မျက်တောင်ခတ်လိုက်၏။ မည်သည့် အမှားအယွင်းကိုမျှ အာရုံမခံမိပေ။

၎င်းသည် နတ်ဘုရားစိတ်ဝိညာဉ် အစောပိုင်းအဆင့်မှာပင် ရှိနေဆဲဖြစ်သည်။

"..."

ယိုဝေနတ်ဆိုးဧကရာဇ်သည်လည်း ခေတ္တမျှ ကြောင်အသွားသည်။

ဒါ ဘာသဘောလဲ။သူ တကယ်ပဲ အကဲဖြတ် မှားခဲ့တာလား။ဒီလို ခွန်အားမျိုးနဲ့ ရွှမ်ကွမ်းဂူက ကျန်းရွှမ်ယန်ကို သတ်နိုင်ပြီး မိုးကြိုးခွာနတ်ဆိုးဧကရာဇ်ကိုတောင် အထင်သေးရဲတယ်ပေါ့ ဟုတ်လား။

သို့သော် မျက်တောင်တစ်ခတ်အတွင်း ယိုဝေနတ်ဆိုးဧကရာဇ်၏မျက်လုံးများထဲမှ သံသယသည် ဒေါသအဖြစ်သို့ ပြောင်းလဲသွား၏။

ခြင်္သေ့၏ခုန်ပျံလိုက်ခြင်းသည် အခြားသူကို မဟုတ်ဘဲ သူ့ကို ဦးတည်ထားကြောင်း မြင်လိုက်ရသောကြောင့်ပင်။

ဘုန်း

ကြီးမားသော ခြင်္သေ့လက်ဝါးကြီးသည် ယိုဝေနတ်ဆိုးဧကရာဇ်၏ဦးခေါင်းကို ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။

၈ကျန်းခန့် မြင့်မားသော ခန္ဓာကိုယ်ကြီးသည် အားဖြင့် ဝင်ဆောင့်ခြင်းခံလိုက်ရပြီး၊ ၎င်း၏ လည်ပင်းကိုခြင်္သေ့ကြီးက ဘေးသို့ ဖိချလိုက်ကာ၊ တစ်ကိုယ်လုံးကို ဇောက်ထိုးလှန်ပစ်လိုက်ပြီး တားဆီးမရနိုင်သောအရှိန်ဖြင့် မြေကြီးပေါ်သို့ ရိုက်ချလိုက်တော့သည်။

All Chapters