လူသားတွေက သဘာဝတရားကို အောင်နိုင်မယ်လို့ ကိုယ်ယုံကြည်တယ်
Vol. 16 Ch. 246
ဒါကိုကြားတော့ ကျီကျောက်က ချိုချိုသာသာ ပြုံးပြလိုက်သည်။ ”ရှင်ကြိုက်တယ်ဆိုရင် များများစား၊ ယဥ်ကျေးမနေနဲ့။”
“ကောင်းပြီ” ရှန်းယောင်က ခေါင်းကို ငြင်သာစွာ ငြိမ့်ပြလိုက်ပြီး သူ့ရဲ့ အေးစက်တဲ့ အကြည့်တွေက ချစ်ခင်ကြင်နာမှု့ အပြည့် ရှိနေ၏။
ကျီကျောက် မျှော်မှန်းထားသည့်အတိုင်း ဘဲသားဟင်းသည် ရှန်းမိသားစုဝင်တိုင်းထံမှ တစ်ညီတစ်ညွတ်ထဲ ချီးမွမ်းခြင်းကို ခံခဲ့ရသည်။
ညနေစောင်းတွင် ရှန်းယောင်သည် ကျီကျောက်နှင့် အတူ အိမ်မှ ထွက်ခွာကာ မြေကမ္ဘာဘုရားကျောင်းထံသို့ တဖန် ပြန်လာခဲ့လေသည်။
ချင်မိသားစု၏ အစောင့်များသည် ( ၂ ) မီတာရှည်သော ဥမင်လှိုဏ်ခေါင်းကို အောင်မြင်စွာ တူးဖော်နိုင်ရန် နေ့တစ်ဝက်သာ အချိန်ယူခဲ့ရသည်။ ချင်မိသားစု၏ အစောင့်များသည်ပင် ဤမျှ ချောမွေ့စွာ လည်ပတ်နိုင်ခဲ့သည်ကို အံ့အားသင့်ခဲ့ကြသည်။
“အစ်ကိုချင်ယုံ အစ်ကိုတို့ ဘာဖြစ်လို့ အရင် အနားမယူတာလဲ။”ကျီကျောက်က သူမကိုင်ထားတဲ့ အစားအသောက်ပုံးကို လက်ညိုးညွန်ပြလိုက်သည်။”ကျွန်မ စားစရာတွေ လုပ်လာတယ်၊ ပူတုန်းလေး မြည်းစမ်းကြည့်ပါလား။”
“ဒါက...” အစောင့်ခေါင်းဆောင် ချင်ယုံက အလျင်အမြန် ခေါင်းခါလိုက်သည်။ ”တတိယသခင်မလေးရှန်း၊ သခင်မလေးရဲ့ ကြင်နာမှုအတွက် ကျေးဇူးပါ။ ကျွန်တော်တို့ ညီအစ်ကိုတွေမှာ ရိက္ခာခြောက်တ္ပေ ပါလာတယ်။ သခင်မလေး အရမ်း ယဥ်ကျေးနေဖို့ မလိုပါဘူး။”
“အစ်ကိုချင်ယုံ မငြင်းပါနဲ့” ရှန်းယောင်ကလည်း ဝင်ပြောပေးသည်။ ”အစ်ကိုတို့ အလုပ် အရမ်း ကြိုးစားခဲ့ကြတယ်။ အစ်ကိုတို့ ဘာဖြစ်လို့ အရင်မနားတာလဲ။”
ချင်ယုံက မူလက ငြင်းချင်ပေမယ့် အကြောင်းတစ်ခုခုကြောင့် ရှန်းယောင်ရဲ့ ပြုံးနေတဲ့ မျက်လုံးတွေကို မြင်လိုက်တဲ့အခါ ငြင်းပယ်လို့မရတဲ့ ဖိအားပြင်းထန်တဲ့ အရှိန်အဝါကို ခံစားလိုက်ရသည်။
ကျီကျောက်သည် အစားအသောက်ပုံးထဲမှ ပန်ကန်များကို တစ်လုံးပြီးတစ်လုံး ထုတ်ယူကာ ဘေးနားရှိ စားပွဲပေါ်သို့ တင်ပေးးလိုက်သည်။ ”လူတိုင်း ဗိုက်ဆာနေလောက်ပြီ။ ထိုင်စားကြပါဦး။”
“ဒါက အရမ်းမွှေးလွန်းနေတယ် မဟုတ်လား။”
“တတိယသခင်မလေးရှန်း၊ သခင်မလေး ချက်ပြုတ်ထားတဲ့ ဟင်းလျာတွေက အနံအရသာ အရမ်းပြည့်စုံနေတာဘဲ။” ချင်ယုံက တံတွေးမြိုချလိုက်မိသည်။ သူက ကျီကျောက်ကို သဘောကျတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်သည်။ ”သခင်မလေးက အချက်အပြုတ် အရမ်းကျွမ်းကျင်တယ်လို့ ကျွန်တော်ကြားမိတယ် ဒါပေမယ့် ဟင်းချက်လက်ရာကို တစ်နေ့ ကွန်တော် မြည်းစမ်းနိုင်လိမ့်မယ်လို့ မထင်ခဲ့မိဘူး။”
“အစ်ကိုချင်ယုံ မြည်းစမ်းကြည့်ပါဦး။” ( ၁၅ ) မိနစ် လောက်ကြာတော့ ဟင်းလျာ ( ၄ ) ပွဲနဲ့ စွပ်ပြုပ် ( ၁ ) မျိုးတို့ အကုန် ကုန်သွားခဲ့သည်။
“အစ်ကိုချင်ယုံ၊ အစ်ကိုတို့ ဒီနေ့ ဥမင်လှိုဏ်ခေါင်းတူးရတာ အဆင်ပြေရဲ့လား။” ကျီကျောက်က အပြုံးဖြင့် မေးလိုက်သည်။
“တတိယသခင်မလေး၊ ဒီအကြောင်းကို ကျွန်တော်ပြောပြမယ်။” ချင်ယုံက စိတ်လှုပ်ရှားစွာနဲ့ ပြောလာခဲ့သည်။ ”တတိယသခင်မလေး မသိနိုင်ပေမယ့် ဒီနေ့လည်ခင်းမှာ လျှို့ဝှက်လမ်းကြောင်းကို ချောချောမွေ့မွေ့ တူးနိုင်ခဲ့ရတဲ့ အကြောင်းအရင်းက ကျွန်တော်တို့ကို ကူညီဖို့ သူငယ်ချင်းတစ်ယောက် ရောက်လာလို့ပါဘဲ။”
ချင်ယုံက ခဏလောက် စဥ်းစားပြီး သူ့ညီတွေစားခဲ့တဲ့ ဘဲအရိုးအားလုံးကို ကောက်ယူပြီး လျှို့ဝှက်လမ်းကြောင်းရဲ့ အဝင်ဝကို လျှောက်သွားခဲ့သည်။ ”သူငယ်ချင်းတို့ ထွက်လာပြီး လာစားကြချေ။” ခဏအကြာတွင် လျို့ဝှက်လမ်း၏ အဝင်ဝတွင် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
မီးခိုးရောင် ကြွက်ဝတုတ် ကလေးတွေက ခေါင်းထုတ်လာကာ ဘဲအရိုးများကို ကောက်ယူပြီး ကိုက်စားလိုက်ကြသည်။
“ဒီနေ့ရှေ့လမ်းကြောင်းကို ရှင်းလင်းဖို့ ဒီကြွက်ညီအစ်ကိုတွေက ကူညီပေးခဲ့ကြတယ်။ ကျွန်တော်တို့ ညီအစ်ကိုတွေ လျှို့ဝှက်လမ်းကြောင်းရဲ့ တစ်စိတ်တစ်ပိုင်းကို အောင်မြင်စွာ တူးဖော်နိုင်ခဲ့ကြတယ်။ နောက်တစ်ကြိမ်မှာ သူတို့ရဲ့ အကူအညီကို ရရင် ဒီတာဝန်ကို အချိန်မီ ပြီးမြောက်နိုင်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်။”
“အစ်ကိုချင်ယုံ၊ ဒီအချိန် အတောအတွင်း အစ်ကို့ရဲ့ ကြိုးစားအားထုတ်မှု အတွက် ကျေးဇူးပါ။” ကျီကျောက်သည် သူမ၏ စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်ကြောင်းကို ဖော်ပြခဲ့သည်။ ”မနက်ဖြန်က စပြီး ကျွန်မတို့ လင်မယား ဒီမြေကမ္ဘာဘုရားကျောင်းကို တစ်နေ့ ( ၃ ) နပ် လာပို့ပေးမယ်။ အစ်ကိုတို့ စားဖို့ မမေ့နဲ့။ အစ်ကိုတို့ ဗိုက်မဝဘူးဆိုရင် အလုပ်ဖို့ ခွန်အားရှိမှာ မဟုတ်ဘူး။”
ကျီကျောက်သည် ရှန်းယောင်နှင့် အိမ်မပြန်မှီ ချင်ယုံကို နောက်ထပ် ညွှန်ကြားချက် အနည်းငယ် ပေးခဲ့သည်။
နှစ်ယောက်သား ဘေးချင်းကပ်လျက် မှိန်ပြပြ လရောင်အောက်တွင် ရှန်းယောင်၏ လက်ကိုကိုင်ကာ ရှန်းမိသားစု အိမ်ခြံဝင်းဆီသို့ ပြန်လာခဲ့ကြသည်။
“မင်း အမေ့ကို အကြီးဆုံးမရီးနဲ့ ဒုတိယမရီးကို အိမ်ကနေ ထွက်သွားဖို့ နည်းလမ်း ရှာခိုင်းပြီး အိမ်မှာရှိတဲ့ အဖိုးတန်ပစ္စည်း အားလုံးကို အဖိုးအိမ်ဆီ ပို့ထားဖို့ အမေ့ကို တောင်းဆိုခဲ့တာက မင်းအိပ်မက်ဆိုးထဲမှာ ရှန်းမိသားစု အိမ်ခြံဝင်းထဲမှာ တစ်ခုခု ဖြစ်သွားလို့လား။” ရှန်းယောင်က ကျီကျောက်၏ လက်ဖဝါးကို ကုတ်ကာ တိုးတိုးလေး မေးလိုက်သည်။
ကျီကျောက်က ကူကယ်ရာမဲ့စွာ ပခုံးတွန့်ပြလိုက်သည်။
ထိုမေးခွန်းကို သူမ တိုက်ရိုက် မဖြေသော်လည်း ရှန်းယောင်က ၎င်းကို နားလည်နေစဲ ဖြစ်သည်။
အာ့ထောင်သည် လျှို့ဝှက်လမ်းကြောင်း တစ်ခုတည်ဆောက်ရာ တွန်းအားပေးခဲ့ပြီး ရှန်းမိသားစုတွင်းရှိ လူတိုင်းကို ခဏတာ ထွက်သွားစေရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားခဲ့သည်။ အာ့ထောင်ရဲ့ အိပ်မက်ဆိုးထဲက အကြောင်းအရာက ရှန်းမိသားစုနဲ့ ဆက်စက်နေတယ်လို့ သူထင်ခဲ့သည်။
“ကျွန်မ တက်နိုင်သမျှ ကြိုးစားပြီးပြီး။” ကျီကျောက်က စိတ်ပျက်လက်ပျက် အရိပ်အမြွက် ပြောပြခဲ့သည်။ ”ဒါကြောင့် အခုတော့ ကျွန်မ ကံကိုဘဲ ပုံအပ်ထားလိုက်ပြီ။”
ကံကောင်းထောက်မှစွာဖြင့် ကောင်းကင်ဘုံသည် သူမအား မြေကမ္ဘာဘုရား၏ အကာအကွယ်ဖြင့် ကောင်းချီးပေးခဲ့ပြီး အန္တရာယ်ကို ကြိုတင်သိနိုင်စွမ်း ရှိခဲ့သည်။ သို့သော် အချို့သော အန္တရာယ်များကို ရှောင်လွဲ၍ မရသောကြောင့် သူမ ဘာဆက်လုပ်ရ မှန်းမသိ ဖြစ်နေခဲ့သည်။
“လူသားတွေက သဘာဝတရားကို အောင်နိုင်မယ်လို့ ကိုယ်ယုံကြည်တယ်။” ရှန်းယောင်သည် သူမ၏ ညာလက်ကို ဆုပ်ကိုင်ပြီး သူမ၏ မျက်လုံးထဲကို ကြည့်ကာ ခိုင်မာသော လေသံဖြင့် ပြောလိုက်သည်။
“ဟုတ်လား” သူ့အကြည့်တွေကို မြင်လိုက်ရတော့ ကျီကျောက်က နည်းနည်းတော့ ယိမ်းယိုင်သွားသလို ခံစားရသည်။
မျက်စိတစ်မှိတ် အတွင်းမှာဘဲ ဖေဖော်ဝါရီလရဲ့ ပထမနေ့သို့ ရောက်ရှိလာခဲ့သည်။
ကျောက်လန်ဟွာသည် အခန်းလွတ်ကို ကြည့်ကာ အနည်းငယ် မိန်းမောနေ၏။
ကျီကျောက်က ဝင်လာပြီး ”အမေ” ဟု ခေါ်လိုက်သည်။
“အာ့ထောင်” ကျောက်လန်ဟွာက နောက်သို့ လှည့်ကြည့်လိုက်သည်။ ”ဒီမှာ ရှိသမျှ အကုန်လုံးကို အမေ ထုပ်ပိုးပြီးပြီ။ အမေ ထျန်ကျားရွာကို ခဏထွက်သွားမယ်။ ဒါပေမယ့် အာ့ထောင် နင်နဲ့ စန်းလန်တို့ ဒီမှာ တကယ် နေခဲ့ချင်တာလား။”
ကျောက်လန်ဟွာသည် ဤအရာက စိတ်ချစရာ မဟုတ်ဘူးဟု အမြဲလိုလို ခံစားမိသည်။ ”အာ့ထောင် နင်ဘာဖြစ်လို့ အမေနဲ့ အတူ မလိုက်ခဲ့တာလဲ။”
“အမေ၊ သမီးတို့အတွက် စိတ်မပူနဲ့” ကျီကျောက်က သူ့ကို ပြုံးပြီး နှစ်သိမ့်ပေးသည်။ ”အမေ သိပါတယ်၊ သမီးကံက အမြဲကောင်းနေတာကြောင့် အဆင်ပြေမှာပါ။”
“ဒါပေမယ့်...”
“အမေ၊ အဘိုးနဲ့ အဖေက အပြင်မှာ စောင့်နေတုန်းဘဲ။” ကျီကျောက်က ပြုံးပြီး စကားလမ်းကြောင်း ပြောင်းလိုက်သည်။
“အာ့ယောင် ကျွန်မ သိပ်မကြောက်တော့ဘူးလို့ ထင်တယ်။”
သူမနှင့် ရှန်းယောင်တို့ နှစ်ဦးတည်းသာ ခြံဝင်းအကျယ်ကြီးထဲတွင် ကျန်နေခဲ့သောအခါ ကျီကျောက်က လက်ဖက်ရည် တစ်အိုးကျိုပြီး အခန်းထဲသို့ ယူလာကာ အပြုံးဖြင့် ပြောလိုက်သည်။
လက်ရေးလှ ရေးသားနေတဲ့ ရှန်းယောင်က ချက်ချင်းဘဲ သူ့စုတ်တံကို ချလိုက်ကာ ခေါင်းမော့ကြည့်ပြီး ”အာ့ထောင်” ဟု အပြုံးဖြင့် ခေါ်လိုက်သည်။
“ကျွန်မ ကြိုထားတဲ့ လက်ဖက်ရည်ကို မြည်းကြည့်ပါဦး” ကျီကျောက်က ပြုံးပြီး လက်ဖက်ရည်ခွက်ထဲကို လက်ဖက်ရည် လောင်းထည့်ပေးလိုက်သည်။ ”ကျွန်မ နှမ်းကိတ်မုန့်တွေလည်း လုပ်ထားတယ်။ ဒီလက်ဖက်ရည်နဲ့ သောက်ရင် အရသာက မတူဘူး။ ရှင်ဘာဖြစ်လို့ မစမ်းကြည့်တာလဲ။”
“ကောင်းတယ်။” လက်ဖက်ရည်၏ အနံ့သည် ကြွယ်ဝပြီး အဆာပြေမုန့်၏ အရသာသည် အလွန်နူးညံ့သည်။
သူတို့၏ ပေါင်းစပ်မှုက တကယ့်ကို ထူးခြားတဲ့ အတွေ့အကြုံတစ်ခုပါဘဲ။
“အာ့ထောင် မင်းဘာဖြစ်လို့ မစမ်းကြည့်တာလဲ။”
“အာ့ယောင်...” ကျီကျောက်သည် သူမ၏ မျက်ခုံးကြားရှိ နေရာကို ပျင်းရိစွာ ပွတ်သတ်လိုက်သည်။ ”ကျွန်မ နည်းနည်း အိပ်ချင်နေတယ်။”
ရှန်းယောင်က သူမ၏ အနားသို့ အလျင်အမြန် ရောက်ရှိလာပြီး ကျီကျောက် မှီရန် သူ့ပခုံးကို ဆန့်ထုတ်ပေးလိုက်သည်။
ခဏကြာသော် ကျီကျောက်က အိပ်ပျော်သွားခဲ့သည်။
ရှန်းယောင်သည် သူမကို သတို့သမီးပုံစံ လျင်မြန်စွာ ပွေ့ချီပြီး ကုတင်ဆီသို့ ဖြေညှင်းစွာ လျှောက်သွားခဲ့သည်။
သန်းခေါင်ယံအချိန်၌ တိတ်ဆိတ်သော ညကောင်းကင်ယံတွင် မိုးခြိမ်းသံ ရုတ်တရက် ထွက်ပေါ်လာသည်။
ဒုန်း...
ရှန်းမိသားစု၏ အိမ်ခြံဝင်း တံခါးအပြင်ဘက်တွင် လူရိပ်များစွာ ပေါ်လာခဲ့သည်။
ထိုလူများသည် သူတို့၏ ခြေလက်များကို တမင်နှေးကွေးစေပြီး ဝင်းနံရံ၏ အနီးတွင် ကြိုတင်ပြင်ဆင်ထားသော ရေနံဆီများကို လောင်းချကာ နောက်ဆုံးတွင် မီးတုတ်ကို စတင်ပစ်ချခဲ့သည်။
ခဏကြာသော် မီးတွေက တစ်ဟုန်းဟုန်း တောက်လာခဲ့ပြီး မီးတောက်တွေက ကောင်းကင်ယံထိတောင် တက်သွားခဲ့သည်။
ထိုအချိန်တွင် အိပ်ပျော်နေသော ကျီကျောက်သည် မီးခိုးမွန်သဖြင့် နိုးလာခဲ့သည်။
“ရှန်းယောင်၊ ရှန်းယောင်၊ ရှင်ဘယ်မှာလဲ။” ကျီကျောက်က ခုတင်ပေါ်ကနေ ထိတ်လန့်တစ်ကြား ထလာခဲ့သည်။
“ရှန်းယောင်”
သို့သော် အချိန်အတော်ကြာအောင် အော်ဟစ်ပြီးနောက် ရှန်းယောင်၏ တုံ့ပြန်သံကို သူမ မကြားခဲ့ရပေ။
ကျီကျောက်ရဲ့ နှလုံးသားထဲတွင် ထူးဆန်းသော ကြိုတင် သတိပေးချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။
“ရှန်းယောင် ရှင်ဘယ်မှာလဲ။”
“အာ့ထောင် မင်း ဒီကို မလာခဲ့နဲ့။”
***