← Chapters

အိစက်ညက်ညောသည့် မင်းကွတ်သီးကို ရွေးချယ်ခြင်း

Vol. 36 Ch. 356

အိစက်ညက်ညောသည့် မင်းကွတ်သီးကို ရွေးချယ်ခြင်း

Vol. 36 Ch. 356

"သူတို့ကို သတ်ရမလား"

ထိုစကားသံ ပဲ့တင်ထပ်သွားသည့်အချိန်တွင် ယီတောက်ဟုန်၏ ပုံရိပ်သည် ပေပေါင်းရာချီပြီး လျင်မြန်စွာ ဆုတ်ခွာသွားလေ၏။

အခြားသော ရွှမ်ကွမ်းဂူကျင့်ကြံသူများသည်လည်း ကာကွယ်ခြင်းအနေအထားယူပြီး လူစုခွဲလိုက်ကြသည်။

မြောင်ချင်းဟွေ့သည် ထိုစကားများ၏ အတိမ်အနက်ကို စဉ်းစားနေဆဲမှာပင် ခမ်းနားထည်ဝါပြီးကြီးမားသော ရွှေရောင်အလင်းတန်းတစ်ခု သူမမျက်စိရှေ့မှ ဖြတ်သန်းသွားသည်ကို မြင်လိုက်ရ၏။

ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်ကြီးသည် အနည်းငယ်မျှတွန့်ဆုတ်မနေကြောင်း သူမ တွေ့ရှိလိုက်ရသည်။

လေးညှို့မှ လွတ်သွားသော မြှားတစ်စင်းကဲ့သို့ပင် ကြီးမားသန်မာသော ပုံရိပ်ကြီးသည် ရှေ့သို့ တိုးထွက်သွားလေတော့သည်။

...

ရှန်းယီသည် ၎င်း၏တံဆိပ်တစ်ခုကဲ့သို့ပင် ဖြစ်ချေသည်။

ရွှေရောင်ခန္ဓာဓမ္မက်ိုယ်ထည်၏ ပခုံးထက်မှ ခွာလိုက်ပြီးလေထဲတွင် မျောလွင့်နေလိုက်သည်နှင့် ၁၀ ပေကျော်မြင့်မားသော ဤဖြစ်တည်မှုကြီးသည် ကမ္ဘာလောကကို ကြောက်မက်ဖွယ်ကောင်းသည့် ၎င်း၏ အသွင်အပြင်အား ထုတ်ဖော်ပြသလိုက်လေသည်။

ဖိနှိပ်ထားသော အစွမ်းသတ္တိတို့သည် ကြမ်းကြုတ်လာပြီးလွှမ်းခြုံသွားရာ ကျင့်ကြံခြင်းအနည်းငယ်နိမ့်သော ကျင့်ကြံသူများမှာ အသက်ရှူရန်ပင် ခက်ခဲသွား၏။

ယီတောက်ဟုန်၏ဦးခေါင်းထက် တည့်တည့်ရောက်သည်အထိပင်။

ရှင်းလင်းပြတ်သားသောလက္ခဏာများ ပါရှိသည့် ဧရာမလက်ဝါးကြီးသည် ကောင်းကင်ကို ဖုံးလွှမ်းနိုင်သည့် အရှိန်အဟုန်ဖြင့် အောက်ဘက်ရှိ မြေပြင်ဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။

နတ်ဘုရားစိတ်ဝိညာဉ်နောက်ဆုံးအဆင့် ကျင့်ကြံသူနှစ်ဦး ထိပ်တိုက်တွေ့ဆုံကြရာ တစ်ကြိမ်ရင်ဆိုင်လိုက်ရုံမျှဖြင့် သဘာဝဝိညာဉ်စွမ်းအင်တို့ ဖရိုဖရဲ ဖြစ်သွားရန် လုံလောက်လှပေသည်။

၎င်းတို့သည် ကောင်းကင်ယံ၌ လျင်မြန်စွာ တွေ့ဆုံသွားပြီး ငွေရောင်အလင်းတန်းများဖြာထွက်နေသည့် ဓားတစ်လက်အသွင် ဖြစ်ပေါ်လာကာ ထိုဓားသည် တောက်ပသောရေခဲမြစ်တစ်စင်းကဲ့သို့ တစ်ပေကျော် ရှည်လျားပြီး မယုံနိုင်လောက်အောင် ထူထဲလှသည်။

ဂျွတ် ဂျွတ်

ရွှေနက်ရောင်‌ခန္ဓာဓမ္မကိုယ်ထည်သည် ရှောင်တိမ်းခြင်းမရှိဘဲ လက်ဝါးကို တည့်တည့်ရိုက်ချလိုက်သလို တစ်ပေကျော်ရှည်သော ဓားပြားကြီးသည်လည်း ၎င်း၏လက်ဝါးဆီသို့ ဦးတည်လာခဲ့သည်။

ကျိုးပဲ့သံများနှင့်အတူ ဓားကြီးသည် ရွှေရောင်လက်ဝါးကို မထိုးဖောက်နိုင်ရုံသာမက ကြီးမားသော အင်အားအောက်တွင် တစ်လက်မချင်းစီကြေမွသွားပြီး သဘာဝ ဝိညာဉ်စွမ်းအင်အဖြစ်ပြန်လည် ကွယ်ပျောက်သွားရလေ၏။

ယီတောက်ဟုန်သည် လက်ဝါးရိုက်ချက်ကို တည့်တည့်ခံလိုက်ရပြီး သူ၏တစ်ကိုယ်လုံး ထိန်းချုပ်မရဘဲ ပြုတ်ကျသွားကာ နဂါးစွယ်တောင်၏ ကျောက်ကမ်းပါးနှင့် ဝင်တိုက်မိလေတော့သည်။

တစ်ကြိမ် ယှဉ်ပြိုင်လိုက်ရုံဖြင့် အသာစီးနှင့် အောက်စီးသည် ပြတ်သားစွာကွဲပြားသွားခဲ့သည်။

ရွှမ်ကွမ်းဂူ ကျင့်ကြံသူများ၏ မျက်နှာများသည် သေလူသဖွယ်ဖြူဖျော့သွားကြပြီး ဤယင်ဝိညာဉ် ကျင့်ကြံသူများ၏ ကြောက်မက်ဖွယ်ကောင်းသော အသွင်အပြင်ကို နောက်ဆုံး၌ ပြန်လည် သတိရသွားကြလေသည်။

နတ်ဆိုးများကဲ့သို့ စွမ်းအားကြီးမားသော ထိုခန္ဓာကိုယ်များသည် မှော်ရတနာများလောက် ကြောက်စရာမကောင်းဟု ဆို၍ မရချေ။

လက်သီးတစ်ချက်နှင့် လက်ဝါးရိုက်ချက်တိုင်းကြားတွင် ပွတ်တိုက်မိရုံဖြင့် ဒဏ်ရာရနိုင်ပြီး ထိတွေ့မိပါက သေဆုံးနိုင်ပေသည်။

"နင်"

မြောင်ချင်းဟွေ့သည် မနီးမဝေးတွင် ရှိသော လူငယ်လေးဆီသို့ အလျင်အမြန် လှည့်ကြည့်လိုက်မိသည်။

သူမသည် ဤအရာကို နှုတ်ဖြင့်ငြင်းခုံမှု သက်သက်ဟုထင်မှတ်ခဲ့သော်လည်း အံ့သြစရာကောင်းသည်မှာ ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်သည် ရုတ်တရက်လှုပ်ရှားလိုက်ရုံသာမက ရက်စက်စွာ သတ်ဖြတ်ရန် ရည်ရွယ်ထားကြောင်း ရှင်းလင်းနေလေ၏။

"နင် တကယ်ပြောနေတာလား"

ဤကောင်လေးသည် တကယ်ပင် ရွှမ်ကွမ်းဂူမှ လူအများအပြားကို သတ်ဖြတ်ရန် စီစဉ်ထားသည်လော။ ရယ်စရာပင် ကောင်းလှ၏။

ဤနတ်ဘုရားစိတ်ဝိညာဉ်နောက်ဆုံးအဆင့် ကျင့်ကြံသူနှစ်ဦးထဲမှ တစ်ဦးဦး သေဆုံးသွားပါက အဆုံးသတ်တွင် နတ်ဆိုးတစ်ထောင်ဂူ တစ်ခုတည်းကသာ ပျော်ရွှင်ရမည်။

ထို့အပြင် အကြောင်းရင်းမှာ အရေးမပါပုံရသော ရွှီမိသားစုအတွက် ဖြစ်နေသည်လော။

ဝူထုံတောင်သည် အထက်စီးဆန်သည့် ဟန်ရှိသော်လည်း ဤမဟာမိတ်ဖွဲ့မှုကို နှလုံးသားထဲ၌ ထားရှိပါသေးသည်၊ သို့မဟုတ်ပါက ပြဿနာရှိတိုင်းတပည့်များ စေလွှတ်ပြီး ကြီးမားသော ပြဿနာများ မဖြစ်ပေါ်စေရန် ကြားဝင်ဖျန်ဖြေပေးမည် မဟုတ်ချေ။

ဤတစ်ကြိမ်သည်လည်း ခြွင်းချက်မရှိပေ။

နောက်ထပ် ဘာမျှမပြောတော့ဘဲ မြောင်ချင်းဟွေ့က တည့်တည့်ပြောလိုက်လေသည်။

"သူ့ကို ချက်ချင်းရပ်ခိုင်းလိုက်"

သူမ၏အမြင်အရ ရွှီမိသားစုသည် ရွှမ်ကွမ်းဂူနှင့် ကိုယ်ရေးကိုယ်တာ ရန်ငြိုးများကို ဖြေရှင်းနေခြင်း သက်သက်သာ ဖြစ်သည်။ မဟာချန်သည် ရွှီမိသားစုကို ကာကွယ်နိုင်စွမ်းရှိကြောင်း သက်သေပြပြီးပြီဖြစ်၍ ဤမျှဆိုလျှင် လုံလောက်သင့်ပြီဖြစ်၏။

အတွင်းစစ်ကြောင့် အလွန်အကျွံ အသေအပျောက် ဖြစ်စရာ မလိုအပ်ပေ။

မဟာမိတ်များအကြား ပွတ်တိုက်မှု ဖြစ်ပွားခြင်းသည် သဘာဝကျလှပေသည်။

အင်အားပြသမှုကို အပေးအယူတစ်ခုအဖြစ် အသုံးပြုပြီး မည်သည့်ကိစ္စကိုမဆို ဆွေးနွေးနိုင်သလို လိုက်လျောမှုများလည်း ပြုလုပ်နိုင်၏။

အရေးကြီးဆုံးမှာ အဓိကကိစ္စရပ်ကို မထိခိုက်စေရန်ပင်။

နတ်ဘုရားစိတ်ဝိညာဉ်နောက်ဆုံးအဆင့် ကျင့်ကြံသူတိုင်းသည် နတ်ဆိုးတစ်ထောင်ဂူကို ဆန့်ကျင်မည့် အဓိက အင်အားစုများ ဖြစ်ပြီး တန်ဖိုးရှိသော ဖြစ်တည်မှုများ ဖြစ်ကြပေသည်။

"..."

ထိုသို့ ပြောပြီးနောက် မြောင်ချင်းဟွေ့ ခေတ္တမျှ ရပ်တန့်သွား၏။

သူမ တစ်စုံတစ်ခု ထူးခြားနေသည်ကို ခံစားလိုက်ရသည်။

အမြဲတမ်းပြတ်သားသော ဝူထုံတောင်သည် ဤတစ်ကြိမ်တွင်မူ ပုံမှန် အာနိသင်သိပ်မရှိတော့သကဲ့သို့ ဖြစ်နေ၏။

ခမ်းနားသောဝတ်ရုံကို ဝတ်ဆင်ပြီး အရှေ့တွင် အေးဆေးတည်ငြိမ်စွာ မျောလွင့်နေသည့် လူငယ်လေးသည် သူမ၏ရည်ရွယ်ချက်ကို လုံးဝ လျစ်လျူရှုထားပုံ ရလေသည်။

"အခု ငါဝင်ရှင်းရတော့မယ်လို့ ဆိုလိုတာလား"

မြောင်ချင်းဟွေ့သည် မျက်လုံးများကို ဖြည်းညှင်းစွာမှေးလိုက်ပြီး မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိ၏။

ပွင့်ပွင့်လင်းလင်း ပြောရလျှင်

နီကျွင်းသည် သွေးအသွင်ပြောင်းနတ်ဆိုးဧကရာဇ်ကို သတ်ဖြတ်ခဲ့သည်၊ နတ်ဆိုးတစ်ထောင်ဂူသည် ဝူထုံတောင်ကို လက်တုံ့ပြန်ရဲပါသည်လော။ သူမ၏ဂိုဏ်းတူမောင်နှမများသည် နတ်ဆိုးတစ်ထောင်ဂူထဲတွင် ခုန်ပေါက်နေကြခြင်းမှာ ထိုနတ်ဆိုးများက သူတို့၏မဟာမိတ်များကို လက်တုံ့ပြန်ခြင်း မပြုနိုင်အောင် တားဆီးရန် မဟုတ်ပါလော။

သို့သော် ဤအချိန်တွင်မူ သူမ၏ စကားများသည် အာနိသင် မရှိတော့ချေ။

မြောင်ချင်းဟွေ့သည် အသက်ကို ဖြည်းညှင်းစွာ ရှူသွင်းလိုက်ပြီး လက်ဝါးကိုဆန့်ထုတ်လိုက်ရာ စေတီတစ်ဆူသည် သူမလက်ထဲသို့ တိတ်တဆိတ် ရောက်ရှိလာ၏။

ဝူထုံတောင်၌ စကားပြောခွင့်ဆိုသည်မှာ စကားလုံးသက်သက်ဖြင့် တိုက်ယူ၍ရသော အရာမဟုတ်ပေ။

ထိုအချိန်တွင် ရှန်းယီသည် နောက်ဆုံး၌ လှုပ်ရှားလိုက်လေသည်။

သူ အနောက်ဘက်သို့ အနည်းငယ် လှည့်ကြည့်လိုက်၏။

ထို နက်မှောင်သောမျက်လုံးများက သူမကို စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည့်အခါ မြောင်ချင်းဟွေ့ ရုတ်တရက်တစ်စုံတစ်ခုကို နားလည်သွားသည်။

ရှန်းယီသည် ဤနေရာ၌တောက်လျှောက် ရပ်နေခဲ့ခြင်းမှာ ပွဲကြည့်ရန် မဟုတ်ချေ။

သူမကို စောင့်ကြည့်ရန် ဖြစ်သည်။

နတ်ဘုရားစိတ်ဝိညာဉ်နောက်ဆုံးအဆင့် ဓမ္မကိုယ်ထည်ကို ယီတောက်ဟုန်နှင့် ရင်ဆိုင်ခိုင်းပြီး ဝူထုံတောင် တပည့်ဖြစ်သည့် သူမကို စောင့်ကြည့်ရန် တစ်စုံတစ်ဦး ချန်ထားခဲ့ခြင်းလော။

"နင် ငါ့ကို သိပ်အထင်သေးလွန်းတယ်လို့ မထင်ဘူးလား"

မြောင်ချင်းဟွေ့သည် ဒေါသထွက်သလို ရယ်ချင်သလို ဖြစ်သွားပြီး ဆူပူလိုက်၏။

"ဖယ်လိုက်မဟုတ်ရင် ငါ့ကို ရိုင်းတယ်လို့ အပြစ်မတင်နဲ့"

ရှန်းယီသည် ဖြည်းညှင်းစွာ လှည့်လာလေ၏။

ဆန့်ကျင်ဘက်အနေဖြင့် သူသည် သူ့ရှေ့မှ အမျိုးသမီးကိုမည်သည့်အခါမျှ လျှော့မတွက်ခဲ့ပေ။

ချင်းဟွာသည် သူမနှင့် ယှဉ်နိုင်မည် မဟုတ်ဟု ယုံကြည်ထားပြီး သူတို့ကြားမှကွာဟချက်မှာ အတော်လေး ကြီးမားသည်ဟု ယူဆထား၏။

ထို့ကြောင့် သူကိုယ်တိုင် ကျန်ရစ်နေခဲ့ခြင်း ဖြစ်သည်။

ထိုအတွေးနှင့်အတူ သူသည် လက်နှစ်ဖက်ကို ဘေး၌ချပြီးရပ်နေကာ နက်မှောင်သော ဆိုးယုတ်ခြင်းအငွေ့အသက်တို့သည် သူ့မျက်လုံးထဲ၌ ပြည့်နှက်နေပြီး သူ၏အရှိန်အဝါက ပြန့်ကားထွက်လာကာ ဝတ်ရုံမှာ လွတ်လပ်စွာလှုပ်ရှားနေလေ၏။

"ခင်ဗျား စမ်းကြည့်လိုက်လေ"

ရှန်းယီသည် မြောင်ချင်းဟွေ့ကို ရုတ်တရက် ရင်ဆိုင်လိုက်ချိန်မှာပင် ကျူးကျွယ် ဦးဆောင်သော ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည် အများအပြားသည် ထွက်ခွာတော့မည့်ဆဲဆဲ၌ ရပ်တန့်သွားကြသည်။

ထို့နောက် စကားတစ်ခွန်းမျှ မပြောဘဲ ဘေးတစ်ဖက်သို့ တိတ်တဆိတ်စုရုံးလိုက်ကြလေ၏။

"..."

မြောင်ချင်းဟွေ့သည် စေတီကို လက်ထဲတွင် ကိုင်ထားပြီး သူမ၏မျက်နှာထားမှာ ပို၍ ထူးဆန်းလာသည်။

သူမ ယခင်က ဤမျှခေါင်းကိုက်စရာမျိုး တစ်ကြိမ်တစ်ခါမျှ မကြုံဖူးချေ။

နှစ်ဖက်စလုံးသည် မဟာမိတ်များဖြစ်သော်လည်း သူမမှာ ဘက်ရွေးပြီးနာကျင်စရာကောင်းသည့် ဆုံးဖြတ်ချက်ချရန် ဖိအားပေးခံနေရသည်။

"ကျွန်မလည်း နတ်ဘုရားစိတ်ဝိညာဉ် နောက်ဆုံးအဆင့် ကျင့်ကြံသူဆိုတာ ရှင်မေ့နေတာလား"

သူမ အဝေးသို့ ဘေးတိုက် ကြည့်လိုက်မိသည်။

ရွှေရောင်ဓမ္မကိုယ်ထည်သည် ကောင်းကင်ယံကို ဖြတ်ကျော်ပြီး ပြင်းထန်သော တိုက်ခိုက်မှုများ ပြုလုပ်နေသည်ကို တွေ့လိုက်ရပြီး တစ်ချက်ချင်းစီမှာ သေစေနိုင်သည့် လှုပ်ရှားမှုများ ဖြစ်ကြသည်။

ဘက်ပေါင်းစုံ၏ပညာရှိဟု လူသိများသော ယီတောက်ဟုန်သည် မှော်ရတနာများကို မည်သည့်အခါမျှအားမကိုးခဲ့ဘဲ နက်နဲသော ဂါထာပေါင်း ရာကျော်ကို ကျွမ်းကျင်သည်ဟု ဆိုကြပြီး အဆင့်တူ ကျင့်ကြံသူအများစုနှင့် ယှဉ်နိုင်စွမ်းရှိသည်။

လက်တစ်ဖက် ဝှေ့ယမ်းလိုက်သည်နှင့် ကျင့်ကြံခြင်းနည်းလမ်းပေါင်းစုံ မရေမတွက်နိုင်အောင် ထွက်ပေါ်လာ၏။

သဘာဝဝိညာဉ်စွမ်းအင်များကို ဖရိုဖရဲ ဖြစ်အောင် မွှေနှောက်လိုက်လေသည်။

သို့သော် ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်သည် ထိတ်လန့်စရာကောင်းသော အမြန်နှုန်းဖြင့် လှုပ်ရှားပြီး နဂါးနှင့် မြွေ နှစ်ကောင်စလုံးကို လွှတ်လိုက်သည်။

သူတို့ ပူးပေါင်းပြီး ယီတောက်ဟုန်ကို ဝိုင်းရံတိုက်ခိုက်ကြရာ သူခမျာ ပြေးလွှားနေရုံသာ တတ်နိုင်ပါတော့သည်။

မကြာမီ၌ နဂါးနှင့်မြွေ၏ဖမ်းဆီးခြင်းကို ခံရတော့မည့်ဆဲဆဲတွင် အမည်မသိနည်းစနစ်တစ်ခုကြောင့် အဘိုးအို၏မျက်နှာ မည်းမှောင်သွားရသည်။

သူမ စိတ်နူးညံ့နေ၍ မဖြစ်တော့ချေ။

လက်ကို ပြင်းထန်စွာမြှောက်လိုက်သည်နှင့် လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင်များ ဖြာထွက်နေသည့်စေတီတော်သည် စတင်လည်ပတ်ပြီး မိုးပေါ်သို့ ပျံတက်သွားကာ ရုတ်တရက် အဆပေါင်းရာချီ ကြီးမားလာလေသည်။

ပထမဦးစွာ မဟာချန်မှ ဤခေါင်းမာသော အုပ်စုကိုထိန်းချုပ်ရမည်၊ ထို့နောက်မှ ဝူထုံတောင်သို့ ခေါ်သွားပြီး ဖြည်းညှင်းစွာ ပြန်လည်ပညာပေးရမည် ဖြစ်သည်။

"နင်ကောင်လေး အထဲဝင်ပြီး ငြိမ်ငြိမ်နေစမ်း"

အေးစက်စက် ရယ်သံနှင့်အတူ မြောင်ချင်းဟွေးသည် ဂါထာတစ်ခု ရွတ်ဆိုလိုက်ရာ စေတီတော်က သူမရှေ့မှ လူငယ်လေးကို ရုတ်တရက်လွှမ်းခြုံလိုက်လေ၏။

ထိုအချိန်တွင် သူမ၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွား၏။

ဝေးလံသော နေရာ၌ လျှို့ဝှက်ဆန်းကြယ်သော ဝတ်ရုံဝတ်ထားသည့်ပုံရိပ်တစ်ခု အသည်းအသန် ချဉ်းကပ်လာသည်ကို တွေ့လိုက်ရ၏။

ယီတောက်ဟုန်သည် နောက်ဆုံး၌ ရွှေရောင်ဓမ္မကိုယ်ထည်၏ ဝိုင်းရံမှုမှ လွတ်မြောက်လာခဲ့ပြီး သူ၏ခန္ဓာကိုယ်သည် ရက်စက်ကြမ်းကြုတ်သော အလင်းရောင်များ ထုတ်လွှတ်နေကာ သိသာထင်ရှားစွာပင် ပြင်းထန်သောဒဏ်ရာများ ရထားပုံရသည်။

သူ၏အရှိန်အဝါ အများကြီးကျဆင်းသွားသော်လည်း ထွက်ပြေးရန်မစဉ်းစားဘဲ ရက်စက်သော အကြည့်ဖြင့် ရှန်းယီဆီသို့ ပြေးဝင်လာခဲ့သည်။

ယခင် လူငယ်လေး၏အမိန့်ပေးပုံကို ကြည့်လျှင်

သူသည် မဟာချန်အတွင်း၌ အလွန်မြင့်မားသော အဆင့်အတန်း ရှိသည်မှာ ရှင်းလင်းလှပေသည်။

ငယ်သားကို ဖမ်းလိုလျှင် ဘုရင်ကိုအရင်ဖမ်းရမည်။

ပျော့ပြောင်းသောမင်းကွတ်သီးကို အရင် ရွေးချယ်ပြီးညှစ်ရမည် ဖြစ်ရာ ဤလူငယ်လေးကို ထိန်းချုပ်လိုက်ပါက မဟာချန်သည် သူမအလိုကျ ဖြစ်လာမည် မဟုတ်ပါလော။

"ဖယ်လိုက်"

မြောင်ချင်းဟွေ့က အော်ဟစ်လိုက်ပြီး စေတီတော်၏လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင်ကို ပြန်ရုပ်သိမ်းရန်ဂါထာကို အလျင်အမြန် ပြောင်းလဲလိုက်၏။

တစ်ချိန်တည်းမှာပင် သူမစိတ်ထဲ၌ တော်တော်လေး မကျေမနပ် ဖြစ်မိလေသည်။

ထို ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်သည် ရုတ်တရက် ရပ်တန့်သွားပြီး လာမကူညီသည်မှာ အံ့သြစရာ ကောင်းလှ၏။

နတ်ဘုရားစိတ်ဝိညာဉ်နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ဦး ဒဏ်ရာရနေလျှင်မူ သုံးပေမြင့်သော ရွှေရောင်ခန္ဓာကိုယ် အုပ်စုတစ်စုက ယှဉ်နိုင်မည့်အရာ မဟုတ်ချေ။

ကျူးကျွယ်နှင့် အခြားသူများသည် လျှို့ဝှက်ဆန်းကြယ်သောအလင်းတန်းတစ်ခု ဖြတ်သန်းသွားသည်ကိုသာ မြင်လိုက်ရပြီး အချိန်မီ တုံ့ပြန်နိုင်စွမ်း လုံးဝ မရှိကြပေ။

All Chapters