ဘာမှမလုပ်ပဲ ဆုလာဘ်ကို လက်မခံရဘူး
Vol. 16 Ch. 248
ဒါကိုကြားတဲ့အခါ ကျောက်လန်ဟွာရဲ့ မျက်လုံးတွေက စိုစွတ်သွားခဲ့သည်။
"ဦးလေးရွာသူကြီး မြင်တဲ့အတိုင်းပဲ မီးက ရုတ်ချင်းလောင်သွားတာ” ကျောက်လန်ဟွာသည် ရုတ်တရက် လက်ကို မြောက်ပြီး သူမ၏ မျက်လုံးထောင့်စွန်းကို သုတ်လိုက်သည်။သူမ၏ လေသံမှာ ပို၍ပင် ဝမ်းနည်းလာခဲ့သည်။ ”လွန်ခဲ့တဲ့ ( ၂ ) ရက်က တာ့လန်က မုန့်ဆိုင်ဖွင့်ဖို့ ခရိုင်မြို့ကို ပြန်သွားတယ်။ အာ့လန်က သူ့မိန်းမနဲ့အတူ ယောက္ခမအိမ်ကို ပြန်သွားတယ်။ မနေ့က အဖေက ကျွန်မနဲ့ တာ့ရှန့်ကို သူနဲ့ အတူ လိုက်ဖို့ ရုတ်တရက် မတောင်းဆိုခဲ့ဘူးဆိုရင် အခု ဘာဖြစ်သွားမယ်ဆိုတာ ဘယ်သူသိမှာလဲ... ဝူးဝူးဝူး..."
"လန်ဟွာ ဝမ်းမနည်းပါနဲ့” ရှန်းတာ့ရှန်သည် သူ့ဇနီးသည် ကြောက်လန့်တကြား ငိုကြွေးနေသည်ကို မြင်လိုက်ရသောအခါ အလွန်စိတ်မကောင်းဖြစ်မိသည်။ ရှန်းတာ့ရှန်သည် သူ့လက်ကို အလျင်အမြန် ဆွဲကိုင်ပြီး နူးညံတဲ့အသံနဲ့ နှစ်သိမ့်ပေးလိုက်သည်။ ”ဘယ်ကောင်က ကိုယ်တို့အိမ်ကို မီးရှို့သွားမှန်း ကိုယ်မသိပေမဲ့ ကိုယ်တို့ မိသားစုက ကောင်းချီးပေးခံရတာပဲ။"
“ကိုယ်တို့မိသားစု လုံခြုံနေသ၍ အိမ်က ပြန်ဆောက်လို့ ရတယ်။"
"ဟုတ်တယ်” ကျောက်လန်ဟွာက အားတက်သရော ခေါင်းညိတ်လိုက်ပြီး သူမ၏ မျက်ရည်တွေကို သုတ်ဖို့ လက်ကိုမြှောက်လိုက်သည်။ "ကံကောင်းထောက်မလို့ မြေကမ္ဘာဘုရားက ကျွန်မတို့ မိသားစုကို ကာကွယ်ပေးခဲ့တယ်။"
ကြိမ်ကုလားထိုင်ပေါ်တွင် ထိုင်နေသော ရှန်းမုန့်ဟူ သည် လင်မယား ( ၂ ) ယောက်၏ အပြန်အလှန် ပြောဆိုနေသည်ကို မြင်သောအခါ အနည်းငယ် မျက်မှောင်ကြုတ်သွားတယ်။
ခုနတုန်းက သူ အမြင်မှားသွားတာ ဖြစ်နိုင်လား။
ရှန်းတာ့ရှန်၏ ဇနီးသည် အလွန်တည်ငြိမ်နေခြင်း မရှိသော်လည်း အထိတ်တလန့်တော့ ဖြစ်မနေပေ။
"အဟမ်း” ရှန်းမုန့်ဟူက ( ၂ ) ကြိမ်တိုင်တိုင် ချောင်းဆိုးလိုက်သည်။ "မင်းတို့ခြံကို အချိန်တိုအတွင်း ပြုပြင်လို့ မရဘူး။ မင်းတို့နှစ်ယောက် ဘယ်ကိုသွားဖို့ ဆုံးဖြတ်ထားလဲ။"
"ရွာသူကြီး၊ အဖေအိမ်မှာ ခဏလောက် ပြန်သွားနေလိုက်မယ်။" ကျောက်လန်ဟွာက သက်ပြင်းကို တိုးတိုးလေး ချပြီး သူမရဲ့ အသံက စိတ်ပျက်လက်ပျက် အရိပ်အမြွတ် စွက်ဖက်နေခဲ့သည်။ ”အဖေရဲ့ အကြောင်းကို ရွာသူကြီးလည်း ကြားပြီးခဲ့ပြီမလား။"
နောက်ဆုံးမှာတော့ ကောင်းတဲ့အရာတွေက ဝေးဝေးကို မရောက်ပဲ မကောင်းတဲ့အရာတွေက မိုင်ထောင်ချီ အမြန်ပျံ့နှံသွားတတ်သည်။
အနီးအနားရွာရှိ လူတိုင်းသည် ထျန်ရှို့အယ်၏ အမှုကို သိကြသည်။
ယခုအချိန်မှာတော့ ထန်ကျားကျေးရွာမှ ရွာသားများသည် ထျန်ကွမ်းရှန်ကို အမြဲလိုလို ကိုယ်ချင်းစာသည့်အကြည့်ဖြင့် ကြည့်ရှူကြသည်။
သူတို့က သူ့ကို နည်းနည်းလေ မထိမဲ့မြင်သလိုတောင် ကြည့်ရှူလေ့ရှိသည်။
ကျောက်လန်ဟွာသည် သူမ၏ ဖခင်ထံတွင် လက်တွေ့မကျသော အတွေးများ ရှိနေမည်ကို စိုးရိမ်သောကြောင့် သူမသည် ဤအခွင့်အရေးကို အရယူ၍ ထန်ကျားကျေးရွာတွင် အချိန်ကြာကြာနေထိုင်ဖို့ ဆုံးဖြတ်ခဲ့သည်။
"ကောင်းပြီ” ရှန်မုန့်ဟူက ခေါင်းညိတ်သည်။ "ထန်ကျားကျေးရွာက ရှန်းဟယ်ရွာနဲ့ သိပ်မဝေးဘူး။ ဒါပေမဲ့ ဒါက ရေရည်ဖြေရှင်းချက် မဟုတ်ဘူး။ တာ့ရှန်၊ နှစ်သစ်ကူးမတိုင်ခင် မင်းတို့ခြံဝန်းကို မချဲ့ချင်ဘူးလား။ အခု အိမ်အများစုက မီးလောင်သွားပြီ။ မကြာခင် ပြန်ဆောက်ဖို့ လက်သမားကို ဘာဖြစ်လို့ အရင်မရှာတာလဲ။"
"လာမဲ့ရက်အနည်းငယ်အတွင်း နွေဦးထယ်ထိုးတော့မယ်။ အဲ့ဒီအချိန်ကျရင် လက်သမားကိုရှာဖို့ ပိုခက်လိမ့်မယ်။"
"ဦးလေးဟူကျစ် ပြောတာမှန်တယ်” ရှန်းတာ့ရှန်က တိတ်တဆိတ် ခေါင်းညိတ်သဘောတူလိုက်သည်။ "ဆရာကျန်း မြေကမ္ဘာဘုရားကျောင်းမှာ အလုပ်ပြီးသွားရင် သူတို့ အလုပ်စလုပ်လို့ရမယ့် ရက်ကို ကျွန်တော်ရွေးလိုက်မယ်။"
"ကောင်းပြီ” ရှန်းမုန့်ဟူက ခေါင်းညိတ်လိုက်သည်။"မင်းတို့ ၂ယောက် ငါ့ကို ခဏစောင့်ဦး။"
ရှန်းမုန့်ဟူသည် သူ၏ လမ်းလျှောက်တုတ်ဖြင့် ဧည့်ခန်းမမှ ထွက်သွားခဲ့သည်။ ခဏကြာသော် သူပြန်ရောက်လာသည်။
"ဦးလေးဟူကျစ် ဘာလုပ်တာလဲ" ရှန်းတာ့ရှန်က သူ့လက်ထဲကို ထည့်လာပေးတဲ့ လေးလံတဲ့ ပိုက်ဆံအိတ်ကို ရှုပ်ထွေးနေတဲ့ အကြည့်တွေဖြင့် ကြည့်လိုက်သည်။
"ဒီလောက်ကြီးမားတဲ့မီးက တော်တော်များများကို လောင်ကျွမ်းသွားစေနိုင်တယ်" ရှန်းမုန့်ဟူက သက်ပြင်းချလိုက်သည်။ "အရင်တုန်းက မင်းတို့ အာ့ထောင်ရဲ့ ကျေးဇူးကြောင့် ငါတို့ရဲ့ ဆီအလုပ်ရုံကို ငှားရမ်းနိုင်ခဲ့တယ်။ ဒါကြောင့် ဒီငွေ ( ၁၀ ) လျန်းက ငါ့ရဲ့ ပုဂ္ဂိုလ်ရေးအရ ကျေးဇူးတင်လက်ဆောင်လို့ သတ်မှတ်လိုက်ပါ။"
"ဒါကို ဘယ်လိုလုပ်ပြီး လက်ခံနိုင်မှာလဲ" ရှန်းတာ့ရှန်က ခေါင်းကို အလျင်အမြန် ခါယမ်းကာ အလေးအနက် ငြင်းပယ်လိုက်သည်။ "ဦးလေးဟူကျစ်၊ ဒီပိုက်ဆံကို ကျွန်တော် လက်မခံနိုင်ဘူး။"
"ဒါက ငါ့ရဲ့ ကျေးဇူးတင်တဲ့ သင်္ကေတတစ်ခုလို့ ငါ မင်းကို ပြောပြီးပြီ” ရှန်းမုန့်ဟူက သူ့ကို ဒေါသတကြီး စိုက်ကြည့်နေသည်။ "မင်းတို့ရဲ့ မူလအစီစဥ်အရ ဒီလိုအိမ်အကြီးကြီးကို ပြန်ဆောက်ဖို့ ငွေဘယ်လောက်ကုန်မယ်ဆိုတာ ငါမသိဘူး။ နောက်ပြီး မီးက အရမ်းကြီးတယ်။ အိမ်ပြန်ဆောက်ဖို့ မင်းတို့ ( ၂ ) ယောက် စုဆောင်းထားတဲ့ စုဆောင်းငွေနဲ့တောင် မလောက်မှာကို ငါစိုးရိမ်တယ်။"
"လန်ဟွာ၊ သူမ..."
"ကျေးဇူးပါ ဦးလေးရွာသူကြီး" ကျောက်လန်ဟွာက ရှန်းတာ့ရှန်ကို အလျင်စလို နှောင့်ယှက်လိုက်သည်။ "ဒါပေမဲ့ ကျွန်မရဲ့ စန်းလန်က ဘာမှမလုပ်ပဲ ဆုလာဘ်ကို လက်မခံရဘူးလို့ တစ်ခါက ပြောဖူးတယ်။ ဒီငွေက ဦးလေးရွာသူကြီးရဲ့ ကျေးဇူးတင် လက်ဆောင်တစ်ခုလို့ ပြောတဲ့အတွက် ကျွန်မတို့က ဒါကို ငြင်းမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မမှာ တောင်းဆိုစရာ တစ်ခု ရှိတယ်။"
ကျောက်လန်ဟွာက သူမကိုယ်သူမ စိတ်တည်ငြိမ်အောက် ပြုလုပ်ပြီးနောက် ပြောလိုက်သည်။ "ဒီငွေကို တာ့ရှန်နဲ့ကျွန်မ ဦးလေးဆီက ချေးယူထားတဲ့ ချေးငွေအဖြစ် သတ်မှတ်လိုက်မယ်။ ဒါကြောင့် ကျွန်မတို့ ဦးလေးကို ငွေချေးစာချုပ်တစ်စောင် ရေးပေးမယ်။ ကျွန်မတို့ ခြံဆောက်ပြီးရင် ပြန်ပေးမယ်။ ကျွန်မရဲ့ အကြံပြုချက်ကို ဦးလေး သဘောတူမယ်ဆိုရင် အခုချက်ချင်း ယူထားလိုက်မယ်။"
"ဟုတ်တယ်။ ဦးလေး ဒါကို သဘောမတူဘူးဆိုရင် ဒီပိုက်ဆံကို ကျွန်တော်တို့ လက်မခံနိုင်ဘူး။"
ရှန်းမုန့်ဟူသည် သူမ၏ တောင်းဆိုမှုမှာ ဤသို့ဖြစ်မည်ဟု မမျှော်လင့်ပဲ ငြင်းဆန်ရန် နည်းလမ်းကို ခဏတာမျှပင် မတွေးနိုင်ခဲ့ပေ။
"တာ့ရှန်” ရှန်းမုန့်ဟူက ရုတ်တရက် လှည့်ကြည့်လိုက်ပြီး ရှန်းတာ့ရှန်ကို ကြည့်လိုက်သည်။ သူ့ရဲ့ အသွင်မှာ သဘောကျမှု အပြည့် ရှိနေ၏။ "မင်းရဲ့ လန်ဟွာကတော့ အရင်အတိုင်း ထက်မြက်နေတုန်းပဲ။"
အဆုံးတွင် သူတို့ ( ၃ ) ယောက်သား ရယ်မောလိုက်မိကြသည်။
နေ့ခင်းဘက်တွင် ရှန်းယောင်သည် ကျီကျောက်နှင့်အတူ ခရိုင်မြို့သို့ လိုက်ပါသွားခဲ့ပြီ ဖြစ်သည်။
ဟုန်ရှင်းစားသောက်ဆိုင်။
ပေသီးတွက်နေသည့် လက်ထောက်ဆိုင်ရှင်ယို့သည် ရင်းနှီးတဲ့ အသံကို ကြားတော့ သူ့မျက်လုံးတွေကို အမြန်မော့ကြည့်လိုက်သည်။"အာ့ထောင်၊ ရှန်းယောင်၊ မင်းတို့ ဘာဖြစ်လို့ ဒီကို ရောက်နေတာလဲ။ အပေါ်ထပ်ကို အမြန်လာခဲ့ချည်။"
( ၁၅ ) မိနစ်လောက်ကြာသော်။
လက်ထောက်ဆိုင်ရှင်ယို့သည် ဒေါသတကြီး စားပွဲကို ရိုက်ချလိုက်သည်။ "ဒီလူယုတ်မာတွေက တရားဥပဒေကို မျက်ကွယ်ပြုထားတာပဲ။ သူတို့က ဘယ်လိုလုပ်ပြီး မီးရှို့ပြီး လူသတ်မှုကို ကျူးလွန်ဝံ့ကြတာလဲ။"
"ဒုတိယအစ်ကို အရင်ဆုံး စိတ်ကို အေးအေးထားပါ" ရှန်းယောင်က လက်ဖက်ရည်ခွက်ထဲကို လက်ဖက်ရည် အမြန်လောင်းထည့်ပြီး လက်ထောက်ဆိုင်ရှင်ယို့ကို ပေးလိုက်သည်။ "ကံကောင်းတာက အိမ်က ပစ္စည်းတစ်ချို့ပဲ မီးလောင်သွားပြီး ဘယ်သူမှ ဘာမှ မဖြစ်သွားဘူး။"
"တော်သေးတာပေါ့" လက်ထောက်ဆိုင်ရှင်ယို့က သက်ပျင်းမချပဲ မနေနိုင်ပေ။ "ကံကောင်းတာက မင်းတို့ မိသားစုအားလုံး ဘေးကင်းတာပဲ။ ဒါက ကောင်းချီးတစ်ခုပဲ။"
"ဒုတိယအစ်ကို ကျွန်မတို့နှစ်ယောက် အစ်ကို့ကို အကူအညီတောင်းစရာလေး ရှိလို့ အစ်ကို့ကို လာရှာတာ" ကျီကျောက်သည် ကိတ်မုန့် ( ၂ ) တုံးကို ဆက်တိုက် စားပြီးနောက် စိုးရိမ်မှု နည်းပါးသွားသည်။ "ပထမတစ်ခုက ကျွန်မတို့ရဲ့ မုန့်ကြော်ဆိုင်ကို ပြန်ဖွင့်ပြီး မီးနူးထဲကို မြေအိုးထမင်း ထည့်ချင်တယ်။ ဒုတိယအနေနဲ့ နောက်တစ်ချက်ကတော့ အစ်ကို ညီမတို့ကို ကူညီပေးနိုင်မယ်လို့ မျှော်လင့်တယ်။"
"အာ့ထောင် အစ်ကို့ကို ပြောလိုက်” လက်ထောက်ဆိုင်ရှင်ယို့က သူ့ရင်ဘက်ကို ပုတ်ပြီး အာမခံလိုက်သည်။ "အစ်ကို မင်းကို ကူညီနိုင်တဲ့ဟာဆိုရင် ကူညီလိုက်မယ်။"
"သိပ်မကြာသေးခင်က ရေနံဆီ အမြောက်အများ ဘယ်သူဝယ်ယူခဲ့လဲဆိုတာကို ညီမ သိချင်တယ်" ကျီကျောက်က မျက်လွှာချပြီး လေးလေးနက်နက် အသံနှင့် ပြောလိုက်သည်။ "ဒုတိယအစ်ကို အစ်ကို့မှာ အဆက်အသွယ်တွေ ကျယ်ကျယ်ပြန့်ပြန့် ရှိတယ်။အစ်ကို ညီမကို ဒီကိစ္စကို ရှာတွေ့အောင် ကူညီပေးနိုင်မလား။"
"ကောင်းပြီ" ကျီကျောက်၏ ရည်ရွယ်ချက်ကို လက်ထောက်ဆိုင်ရှင်ယို့က ချက်ချင်းဆိုသလို နားလည်သွားကာ ခေါင်းညိတ်ပြလိုက်သည်။ "အာ့ထောင် စိတ်မပူနဲ့။ အစ်ကို ဒါကို သေချာပေါက် ရှာတွေ့ဖို့ နည်းလမ်းရှာလိုက်မယ်။"
"ဘာမှ အထွေအထူး မရှိဘူးဆိုရင် နင်တို့နှစ်ယောက် ဘာဖြစ်လို့ စားသောက်ဆိုင်မှာ မနေကြတာလဲ" လက်ထောက်ဆိုင်ရှင်ယို့က အမြန်အကြံပြုခဲ့သည်။
ကျီကျောက်သည် သူ့ဘေးနားရှိ ရှန်းယောင်ကို မသိစိတ်မှ လှမ်းကြည့်လိုက်တော့ ရှန်းယောင်က အသာအယာ ခေါင်းညိတ်ပြသည်။
အဆုံးမှာတော့ သူ့တို့နှစ်ယောက်သား စားသောက်ဆိုင်မှာ ခဏလောက်နေဖို့ ဆုံးဖြတ်လိုက်သည်။
"အာ့ထောင် နင်သိပ်ပြီးနေမကောင်းဘူးလို့ ငါမြင်တယ်" လက်ထောက်ဆိုင်ရှင်ယို့က ကျီကျောက်ကို ကြည့်ပြီး စိုးရိမ်တကြီး ပြောလိုက်သည်။ "နင်နဲ့ ရှန်းယောင်တို့ အနားယူဖို့ အခန်းကို အရင်ပြန်သွားလိုက်။ ဒီနေ့ နင်တို့အခန်းထဲကို နေ့လည်စာ လာပို့ပေးဖို့ စားပွဲထိုးကို ငါ လွှတ်လိုက်မယ် ဟုတ်ပြီလား။"
"မနေ့က နင် တော်တော်လေး ထိတ်လန့်သွားလောက်တယ်။"
"ဟုတ်ကဲ့" ကျီကျောက်က အားတင်းပြုံးပြသည်။ "တဟုန်းဟုန်း တောက်လောင်နေတဲ့ မီးတောက်တွေက တကယ်ကြောက်စရာကောင်းပေမဲ့ ကံကောင်းထောက်မစွာဖြင့် ညီမတို့ ဘာမှမဖြစ်ခဲ့ဘူး။"
"အဲ့ဒါကြောင့် မင်းက ကံကောင်းတဲ့မိန်းကလေးပဲလို့ ငါပြောတာလေ" လက်ထောက်ဆိုင်ရှင်ယို့က သူ့နှုတ်ခမ်းမွှေးတွေကို ပွတ်သပ်ရင်း ပြုံးပြလိုက်သည်။
နာရီဝက်လောက်ကြာတော့ ရှန်းယောင်က ရေနွေးဇလုံကို ယူလာပေးသည်။သူက လက်ကိုင်ပုဝါကို ထုတ်ပြီး ပြတင်းပေါက်ရှေ့မှာထိုင်နေတဲ့ ကျီကျောက်ကို ပေးလိုက်သည်။ "အာ့ထောင် မင်းမျက်နှာကို သုတ်လိုက်ပါလား။"
"ကျေးဇူးပါ” သူမ၏မျက်နှာကို သစ်ပြီးနောက် ကျီကျောက်သည် နောက်ဆုံးတွင် ပို၍ စိတ်ငြိမ်လာသည်ကို ခံစားလိုက်ရသည်။
“ဒီကို လာပြီး ခေါက်ဆွဲနည်းနည်းလောက် စားလိုက်ချေ"
ရှန်းယောင်သည် သူမရဲ့ နဖူးပေါ် ရှိ ဆံပင်များကို ညင်ညင်သာသာ ဖယ်ပေးလိုက်ပြီး တိုးတိုးလေးလေးပြောလိုက်သည်။
***