မင်း အခု ဝန်ခံဖို့ ဆန္ဒရှိပြီလား
Vol. 16 Ch. 249
ကျီကျောက်သည် စားပွဲပေါ်ရှိ ငရုပ်သီးစိမ်း ခပ်ပါးပါး ဖြူးထားသော ဝက်သားခေါက်ဆွဲ ပန်းကန်ကို မြင်တော့ စားချင်စိတ်က ချက်ချင်းဆိုသလို တိုးပွားလာခဲ့သည်။
“အနံ့ အရမ်း မွှေးတာဘဲ”
“မင်း မြည်းကြည့်ချင်လား”ရှန်းယောင်က ချက်ချင်းဆိုသလို သူမကို ထမင်းစားတူကို ကမ်းပေးလိုက်သည်။
ကျီကျောက်သည် ချက်ချင်းဆိုသလို မြိန်ရည်ရှက်ရည် စားလိုက်ရာ မကြာမီတွင် ခေါက်ဆွဲ တစ်ပန်းကန်လုံး ကုန်သွားလေသည်။
“အရသာက ဘယ်လိုနေလဲ။”
“စားလို့ကောင်းတယ်။”ကျီကျောက်က ချီးကျူး ဂုဏ်ပြုကာ လက်မထောင်ပြသည်။
“မင်းကြိုက်တယ်ဆိုရင် ရပြီ။”ရှန်းယောင်က အရိပ်တကြည့်ကြည့်နဲ့ ပြုံးလိုက်ပြီး သူမ၏ နူးညံ့တဲ့ ဆံပင်လေးတွေကို ပွတ်သပ်ပေးလိုက်သည်။
“အာ့ထောင်၊ အခုမှပဲ မင်းဟင်းချက်ရတာကို ဘာဖြစ်လို့ သဘောကျတာလဲဆိုတာကို ကိုယ်နားလည်သွားတော့တယ်။”
ချစ်ရသူအတွက် အရသာရှိသော အစားအစာကို ဖန်တီးပေးခြင်းသည် အလွန် စိတ်ဝင်စားစရာ ကောင်းကြောင်း တွေ့ရှိရပေသည်။
ကျီကျောက်က ချိုချိုသာသာပြုံးပြီး ပြန်တုံ့ပြန်ခဲ့သည်။
သူမ၏ မျက်လုံးအောက်မှ အမည်းရောင်အကွင်းများကို မြင်ရာ ရှန်းယောင်၏ နှလုံးသားသည် ရုတ်ခြည်းဆိုသလို နာကျဥ်သွားခဲ့သည်။
“အာ့ထောင် မင်း အခုတလော အိပ်မပျော်တာတွေ များနေပြီမလား။”
အာ့ထောင်သည် ထိုအိပ်မက်ဆိုး မြင်မက်ကတည်းက ကောင်းကောင်းမွန်မွန် မအိပ်စက်ခဲ့ရပေ။
အန္တရာယ်ကို ကြိုတင်သိနိုင်စွမ်းသည် ကောင်းကင်မှ ပေးအပ်ထားသော အထူးစွမ်းရည်တစ်ခု ဖြစ်သော်လည်း အရာအားလုံးတွင် အစွန်းနှစ်ဖက် ရှိပုံပေါ်သည်။ အာ့ထောင်သည် အန္တရာယ်ကို ကြိုတင်သိထားသောကြောင့် သူမသည် ကြိုကြောက်နေခဲ့ရသည်။
ဒါကိုတွေးပြီး ရှန်းယောင်ရဲ့ နှလုံးသားအား ထိန်းမနိုင်သိမ်းမရ ရင်နာသွားခဲ့သည်။
ကျီကျောက်သည် ရှန်းယောင်၏ နူးညံ့သိမ်မွေ့ပြီး ရင်နာနေတဲ့ အကြည့်တွေနဲ့ ရင်ဆိုင်လိုက်ရသော် ရုတ်ခြင်းဆိုသလို ဝမ်းနည်းလာသလို ခံစားလိုက်ရသည်။ သူမသည် စိတ်ထိခိုက်စွာဖြင့် မျက်တောင်ခတ်ပြီး သူမ၏ လက်နှစ်ဖက်ကို ဆန့်တန်းကာ သူ၏ ခိုင်မြဲသော ခါးကို တင်းတင်းကြပ်ကြပ် ဖတ်တွယ်လိုက်သည်။ ”ဟုတ်တယ်... ခုတလော ကျွန်မ အိပ်မပျော်ဘူး။ တစ်ခါတစ်ရံ အိပ်ပျော်နေပင်မယ့်လည်း မီးလောင်နေတဲ့ အချိန်ကို အမြဲမြင်မက်နေမိတယ်။”
“ကိုယ့် အာ့ထောင်လေး အရမ်းပင်ပန်းနေမှာဘဲ။” ရှန်းယောင်က စိုးရိမ်တကြီးပင် သူမ၏ ဆံပင် အစပ်ကလေးများကို နမ်းရှိုက်လိုက်သည်။ ”အာ့ထောင်၊ အခု မင်းမျက်လုံးတွေကို မှိတ်ပြီး ကောင်းကောင်း အိပ်လို့ရပြီလား။”
“...”
ကျီကျောက်သည် သူ့လက်မောင်းထဲတွင် သက်တောင့်သက်သာ ရှိသော အနေအထားကို ရှာဖွေတွေ့ရှိပြီးနောက် သူ၏ တည်ငြိမ်ပြီး ပြင်းထန်သော နှလုံးခုန်သံကို နားထောင်ကာ တဖြည်းဖြည်း အိပ်ပျော်သွားခဲ့သည်။
ခဏအကြာတွင် ရှန်းယောင်သည် သူ့လက်ထဲမှ ကျီကျောက်ကို ကုတင်ပေါ်သို့ ဂရုတစိုက် ချထားပြီးနောက် စောင်ပါးလေး တစ်ထည်ကို ဆွဲယူပြီး သူမအပေါ် ချုံပေးလိုက်သည်။ ရှန်းယောင်သည် တိတ်ဆိတ်စွာ ထွက်သွားပြီး တံခါးကို ငြင်သာစွာ ပိတ်လိုက်သည်။
ရှန်းယောင် မထွက်သွားခင်မှာ သူက အာ့ထောင် အိပ်နေတာကို ဘယ်သူမှ သွားမနှောက်ယှက်ဖို့ လက်ထောက်ဆိုင်ရှင်ရိုးကို အတိအကျ ပြောခဲ့သည်။
ထို့နောက် သူသည် ချင်မိသားစု၏ အိမ်သို့ ဦးတည်ပြီး အမြန်ထွက်လာသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က ချင်မင်ဟုန်သည် နေမကောင်းဖြစ်ပြီး အိမ်တွင် ပြန်လည်ကျန်းမာဖို့ အနားယူနေကြောင်း သတင်းကို ထုတ်ပြန်ခဲ့သည်။
ဒါပေမယ့် တကယ်တန်းမှာတော့ ချင်မင်ဟုန်က စီရင်စု မြိုတော်သို့ တိတ်တဆိတ် ပြန်ရောက်သွားနေခဲ့ပြီ ဖြစ်သည်။
သတင်းရရှိပြီးနောက် ချင်ယုံသည် ရှန်းယောင်ကို နေအိမ်သို့ ချက်ချင်းဆိုသလို လူကိုယ်တိုင် လာရောက်ကြိုဆိုခဲ့သည်။
ချင်ယုံသည် ချင်မိသားစု၏ အစောင့်ခေါင်းဆောင် ဖြစ်ရုံသာမက ချင်မင်ဟုန်၏ အယုံကြည်ရဆုံး လူယုံတစ်ဦးလည်း ဖြစ်သည်။
အကယ်၍ ကျီကျောက်သည် အစောင့်တစ်ဖွဲ့ကို ကြိုတင်ငှားရမ်းရန် ချင်မင်ဟုန်ကို မတောင်းဆိုခဲ့ပါက ချင်ယုံသည်လည်း ချင်မင်ဟုန်နဲ့ အတူ စီရင်စုမြို့တော်သို့ အတူပြန်သွားလိမ့်မည် ဖြစ်သည်။
ရှန်းယောင်သည် ချင်မိသားစု အိမ်သို့ လက်ဗလာဖြင့် မရောက်လာခဲ့ပေ။ သူသည် ဆေးဖက်ဝင်အပင် အများအပြားကို ပြင်ဆင်ပြီး ချင်ယုံထံသို့ ပေးအပ်ခဲ့သည်။
“ဒါက ဘာလဲ။ တတိယသခင်လေးရှန်း”
“မနေ့ညက ညီအစ်ကိုတွေ တော်တော်များများ ဒဏ်ရာအပြင်းအထန် ရထားတာကို ကျွန်တော် တွေ့တယ်။ ဒီဆေးဖက်ဝင် အပင်တွေက စျေးကြီးတဲ့ ဆေးပင်တွေတော့ မဟုတ်ပေမယ့် သွေးနဲ့ချီကို ပြန်လည် ဖြည့်တင်းပေးနိုင်တယ်။ ဒါက ကျွန်တော်ရဲ့ လက်ဆောင်လေး တစ်ခုဘဲ။ ကျွန်တော်တို့ မိသားစု အတွက်ကြောင့်သာ မဟုတ်ရင် ခင်များတို့ ဒဏ်ရာရသွားမှာ မဟုတ်ဘူး။”
“တတိယသခင်လေးရှန်း၊ ခင်များက သိပ်သဘောကောင်းတာဘဲ။”ချင်ယုံက ဦးညွှတ် အရိုအသေပေး လိုက်သည်။”သခင်လေးက သူမထွက်သွားခင်မှာ ရှန်းမိသားစုကို ကာကွယ်ဖို့ ကျွန်တော်တို့ကို အထူးညွှန်ကြားထားခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့က တကယ် မကျွမ်းကျင်ခဲ့ဘူး။ မနေ့ညက တတိယသခင်လေးရဲ့ အကူအညီကြောင့်သာ မဟုတ်ရင် ကျွန်တော်တို့ ခေါင်းဖြတ်ခံရမှာ စိုးရိမ်မိတယ်။”
“ဒါပေမယ့် တတိယသခင်လေးရှန်းက ကိုယ်ခံပညာကို သိနေတာကတော့ တကယ့်ကို အံ့သြစရာပါဘဲ။”ချင်ယုံက သူ့ခေါင်းကို မသိစိတ်က ကုတ်လိုက်ပြီး အပြစ်ကင်းစွာ ပြုံးလိုက်သည်။ ”တတိယသခင်လေးမှာက နူးညံ့ပြေပြစ်တဲ့ စိတ်ထားရှိပြီး သိုင်းပညာရှင်နဲ့ မတူဘူး။ ဒါ့အပြင် မနေ့ညက တတိယသခင်လေးရဲ့ လှုပ်ရှားမှုတွေက အရမ်းပြင်းထန်တယ်။ လှုပ်ရှားမှုတိုင်းက သေကွင်းသေကွက်တွေကို ထိရောက်စေတယ်လို့ ပြောလို့ရတယ်။”
“ကျွန်တော် ငယ်ငယ်တုန်းက ဆရာသခင် တစ်ယောက်ဆီမှာ သင်ယူခဲ့ဘူးတယ်။” ရှန်းယောင်က ပြုံးပြီး ရှင်းပြပြီးနောက် အကြောင်းအရာကို အေးအေးဆေးဆေးပင် ပြောင်းလိုက်သည်။ ”ဒီလူအုပ်စုက အသုံးဝင်တဲ့ အချက်အလတ်တွေကို ထုတ်ဖော်ပြောဆိုခဲ့ပြီလား။”
“ဒီလူ ( ၁၀ ) ယောက်လုံးက အကြောတင်းတယ် သူတို့ဆီက အချက်အလတ်တွေ သိရဖို့ မလွယ်ဘူး။” ချင်ယုံက ပခုံးတွန့်ကာ ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ ”အခုအချိန်ထိတော့ ကျွန်တော်တို့ အသုံးဝင်တဲ့ အချက်အလတ်တွေကို မရသေးဘူး။ အခု သူတို့အားလုံးကို ထင်းတဲထဲမှာ ပိတ်လှောင်ထားတယ်။ တတိယသခင်လေး သူတို့ကို သွားကြည့်ချင်လား။”
“ကောင်းပြီ” ရှန်းယောင်က ခဏလောက် စဥ်းစားပြီးနောက် ခေါင်းညိမ့်လိုက်သည်။ ”ဒါဆိုရင် လမ်းပြပေးဖို့ အစ်ကိုချင်ယုံကိုဘဲ အနှောက်အယှက် ပေးရတော့မယ်။”
ချင်ယုံက ကမန်းကတန်း ခေါင်းညိမ့်လိုက်သည်။ ထို့နောက် သူက မှောက်မဲစွာပြောပြီး ဆက်ပြောလာခဲ့သည်။ ”ဘာပဲဖြစ်ဖြစ် တတိယသခင်လေး ခင်များ ကျုပ်ကို အခုကတည်းက ချင်ယုံလို့ ခေါ်နိုင်ပါတယ်။”
“ကောင်းပြီ” ရှန်းယောင်က ခပ်ဖျော့ဖျော့ ပြုံးပြီး သဘောတူလိုက်သည်။
ချင်မင်ဟုန်၏ နေအိမ်သည် အလွန်တရာ နှိမ့်ချထားပုံ ပေါ်သော်လည်း ဇိမ်ခံပစ္စည်းများ ကြွယ်ဝနေသည်။ ၎င်းတွင် အသက်ဝင်နေသည့် ကြာပန်းပုံများကို ထွင်းထုထားသည့် နံရံကို ပတ်၍ ဘယ်ဘက်သို့ လှည့်၍ လျှောက်ပြီးနောက် စက်ဝိုင်းပုံ အုတ်တံတိုင်းထံသို့ ရောက်သွားသည်။ ဘယ်ဘက်သို့ ပတ်ပြီး ( ၁၅ ) မိနစ်ခန့် လျှောက်ပြီးနောက် နေအိမ်ရှိ ထင်းသိုလှောင်ရုံသို့ ရောက်ရှိသွားခဲ့သည်။
ချင်ယုံသည် သူ့ခါးမှ ဓားမြှောင်တစ်ချောင်းကို ချက်ချင်းဆွဲထုတ်ကာ သစ်သားတံခါး အပြင်ဘက်ရှိ သော့ကို ဖွင့်လိုက်သည်။
ထင်းတဲထဲရှိ ပရိဘောကများသည် အလွန်ရိုးရှင်းသည်။ အနောက်ဘက် တန်စောင်းမှလွဲ၍ ကျန်သည့်နံရံ ( ၃ ) ခု၏ ရှေ့တွင် မြင့်မားသော ထင်းပုံကြီး ရှိသည်။
ချင်ယုံသည် အနောက်ဘက် နံရံဆီသို့ လျှောက်သွားပြီး ဖြေးညှင်းစွာ ထိုင်ချလိုက်သည်။ သူက နေရာကို ရွေးချယ်ပြီးနောက် ( ၂ ) ကြိမ် ခေါက်လိုက်သည်။
...
လေးလံသော အသံသည် ရုတ်တရက် ထွက်ပေါ်လာပြီး သူ့ရှေ့မှနံရံကို ( ၁၀ ) ပေအပြည့် နောက်သို့ပြန်ရွေ့သွားပြီး မှောင်မည်းနေသော အပေါက်တစ်ခု ပေါ်လာခဲ့သည်။
ချင်ယုံသည် သူ့အကျီလက်ထဲမှ မီးတိုင်တစ်ခုကို ဆွဲထုပ်ပြီး မီးညှိကာ ရှေ့ကနေ လျှောက်သွားခဲ့သည်။
“တတိယသခင်လေး၊ ကျေးဇူးပြုပြီး ကျုပ် နောက်ကနေ လိုက်လာခဲ့ပေးပါ။”
( ၁၅ ) မိနစ်ခန့် လှေကားမှ ဆင်းပြီးနောက် ချင်ယုံသည် နောက်ဆုံးတွင် ရပ်တန့်သွားခဲ့သည်။
သူက ရှန်းယောင်ကို ချက်ချင်း လှည့်ကြည့်လိုက်ပြီး ”တတိယသခင်လေး ကျုပ်တို့ ရောက်ပြီ” ဟု တိုးတိုးလေး ပြောသည်။
ရှန်းယောင်သည် မသက်မသာ မျက်မှောင်ကျုံ့ကာ သူ့မျက်ဝန်းနက်ထဲတွင် အေးစက်မှု အရိပ်အယောင် ပြည့်နှက်သွားခဲ့သည်။
လေထုထဲတွင် ပြင်းထန်သော သွေးနံ့များနှင့် ပြည့်နှက်နေကာ ညှီစို့စို့ အနံ့ ရှိသည်။
“ကျုပ်တို့ ဒီလူတွေကို နှိပ်ဆက်ပြီးပြီ။”ချင်ယုံက မျက်မှောင်ကျုံ့ပြီး အလေးအနက် ပြောလိုက်သည်။”ဒါပေမယ့် ဒီလူတွေက ခေါင်းမာလွန်းတဲ့ အတွက် ညီအစ်ကိုတွေက အသုံးဝင်တဲ့ အချက်အလတ်တွေကို မဖော်ထုတ်နိုင်သေးဘူး။”
“လူတစ်ယောက်ကို စစ်ဆေးမေးမြန်းတဲ့ နေရာဆီ ခေါ်လာခဲ့ချေ။” ရှန်းယောင်က မျက်လွှာချပြီး ပေါ့ပေါ့ပါးပါး လေသံဖြင့် ပြောလိုက်သည်။ ”ကျွန်တော် သူ့ကို သီးသန့် စစ်ဆေးမေးမြန်းမယ်။”
“ကောင်းပါပြီ” ချင်ယုံက ချက်ချင်းဆိုသလို ခေါင်းငြိမ့်လိုက်သည်။ ချင်ယုံက လက်ခုပ်တီးပြီး မီးရှို့သူတွေထဲက တစ်ယောက်ကို စစ်ဆေးမေးမြန်းဖို့ ခေါ်လာပေးခဲ့သည်။
ရှန်းယောင်၏ အကြည့်သည် စစ်ဆေးမေးမြန်းသည့် နေရာသို့ မရောက်ဘဲ ၎င်းအစား သွေးများဖြင့် စွန်းထင်းနေသော လက်နက်မျိုးစုံကို ကြည့်လိုက်သည်။
သူသည် ဓားမြှောင် တစ်ချောင်းကို ကောက်ကိုင်ပြီး ညှင်းပန်းနှိပ်ဆက်သည့် စင်ပေါ်မှ လူထံသို့ ဖြေးညှင်းစွာ ချဥ်းကပ်လိုက်သည်။ လျှပ်စီးလို အရှိန်ဖြင့် ထိုလူ၏ ညှပ်ရိုးကို ဓားဖြင့် ထိုးလိုက်သည်။
သနားစရာကောင်းတဲ့ အခြေအနေနဲ့ သေးခါနီးနေပြီ ဖြစ်သည့် ရာဇဝတ်ကောင်က ပြင်းပြင်းထန်ထန် အော်ဟစ်လိုက်သည်။
ရှန်းယောင်က သူ့ကို လှစ်လျူရှုပြီး သူ့လက်ထဲမှာရှိတဲ့ ဓားမြှောင်ကို ပေါ့ပေါ့ပါးပါး ကိုင်ပြီး ရာဇဝတ်သား၏ အရေပြားကို လွှာလိုက်သည်။
ရာဇဝတ်သားသည် နာကျဥ်မှုကြောင့် ချွေးများစွာထွက်ပြီး အဆက်မပြက် တုန်ယင်နေခဲ့သည်။
အဆုံးတွင် သူမူးလဲသွားခဲ့သည်။
ထိုအခါမှသာ ရှန်းယောင်က လွှတ်လိုက်ပြီး လှည့်ကြည့်လိုက်သည်။”တစ်ယောက်ယောက် ဆားရည်ဇလုံကို ပြင်ပေးပါလား။”
ဆားငံရည်သည် ရာဇဝတ်သား၏ ဒဏ်ရာများပေါ်သို့ စီးကျသွားပြီး စပ်ဖြင်းဖြင်း နာကျဥ်မှုကြောင့် အော်ဟစ်သံသည် ကြောက်မက်ဖွယ်ကောင်းလှသည်။
“အခု မင်းမှာ ဝန်ခံဖို့ ဆန္ဒရှိပြီလား။” ရှန်းယောင်သည် ရာဇဝတ်ကောင်၏ ပခုံးတွင် ထိုးထည့်ထားသည့် ဓားမြှောင်ကို ရုတ်တရက် ဆွဲထုတ်၍ သက်ပြင်းချကာ တိုးတိုးလေး မေးလိုက်သည်။
***