အမိမဲ့ကလေးဟာ ပေါင်းမြက်လိုပါပဲ။
Vol. 17 Ch. 259
“သခင်လေးမား... ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် လေးစားပါ...”
အလွန်ကြောက်လန့်နေသော ဖုန့်ချွင်းယန်က တုန်ယင်စွာ ပြောလိုက်သည်။
“ကိုယ့်ကိုယ်ကိုယ် လေးစားပါ ဟုတ်လား” ဒီစကားကို ကြားသောအခါ မားထျန်းရှန့်သည် ချက်ချင်းပင် ဒေါသထွက်သွားပြီး သူမကို ပြင်းပြင်းထန်ထန် ရိုက်လိုက်သည်။
ဖြန်း…။
ထိုပြတ်သားသောအသံသည် ခန်းမတစ်ခုလုံးကို ပဲ့တင်ထပ်သွားသည်။ ဖုန့်ချွင်းယန်က သူမ၏ နာကျင်နေသော ပါးပြင်ကို ကိုင်ကာ အံတင်းတင်းကြိတ်ပြီး အသံမထွက်ဝံ့ပေ။
လွန်ခဲ့တဲ့ ( ၁၅ ) မိနစ်လောက်က သူမ၏ အစ်မသည် ကိုယ်ဝန်မြဲဆေးသောက်ပြီး အိပ်ပျော်သွားခဲ့သည်။ သူမသည် သူမ၏ အစ်မကို မနှိုးသွားစေချင်ခဲ့ပေ။
“ငါ မင်းကို သတိပေးမယ်၊ ငါ့ကို နည်းလမ်းကြမ်းတွေ သုံးရအောင် မလုပ်မိစေနဲ့။ နားလည်လား” မားထျန်းရှန့်က သူမရဲ့ မေးစေ့ကို အားကုန်ညှစ်လိုက်ပြီး သူ့ကို ကြည့်ဖို့ အတင်းအကျပ် မော့ကြည့်စေခဲ့သည်။ သူမမျက်နှာပေါ်က မျက်ရည်တွေကို ကြည့်ပြီး သူ ပျော်ရွှင်ရုံပဲ ခံစားရသည်။
မားထျန်းရှန့်က ဖုန့်ချွင်းယန်ရဲ့ ဆံပင်ကို တစ်ဖက်နဲ့ ဆွဲကိုင်ပြီး ကျန်တစ်ဖက်နဲ့ ပခုံးပေါ်က အဝတ်အစားတွေကို ဆွဲဖြဲလိုက်သည်။
ဖုန့်ချွင်းယန်က မသိစိတ်ကပင် ခုခံချင်ခဲ့ပေမဲ့ သူမ ဘယ်လောက်ပဲ ကြိုးစားပါစေ မလွတ်မြောက်နိုင်ခဲ့ပေ။
မားထျန်းရှန့် ရှေ့သို့ တိုးချင်နေတုန်းမှာပဲ သူ့ခေါင်းထဲမှာ နာကျင်မှု တစ်ချက် ခံစားလိုက်ရသည်။ သူ မလှည့်နိုင်ခင် မြေပေါ်လဲကျသွားခဲ့ပြီဖြစ်သည်။
ဖုန့်ချွင်းယန် အံ့အားသင့်သွားသည်။ သူမ၏ မျက်လုံးများက ထိတ်လန့်စွာ ပြူးကျယ်သွားပြီး သူမ၏ ပါးစပ်ကို မသိစိတ်ကပင် ပိတ်လိုက်သည်။
ဖုန့်တုန်းမေ့က သူမလက်ထဲက ပန်းအိုးကို ကြောက်ရွံ့စွာ ပစ်ချလိုက်ပြီး နောက်ဆုတ်သွားသည်။
“အစ်မ။”
“ချွင်းယန်။” ဖုန့်တုန်းမေ့က သူမ၏ ဗိုက်ကို နာကျင်စွာ ပွေ့ဖက်လိုက်သည်။ ”ချွင်းယန်၊ နင် အဆင်ပြေရဲ့လား”
“အစ်မ။” ဖုန့်ချွင်းယန် အသိပြန်ဝင်လာပြီး လဲကျလုနီးပါးဖြစ်နေသော ဖုန့်တုန်းမေ့ကို အလျင်အမြန် ထူလိုက်သည်။ ”အစ်မ၊ သွေးတွေ။ သွေးတွေ အများကြီးပဲ။”
ဖုန့်တုန်းမေ့၏ ခြေထောက်နှစ်ချောင်းကြားမှ သွေးများ ဆက်တိုက် စီးကျနေသည်။
“အစ်မ။” ဖုန့်ချွင်းယန်က စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။ ”သမားတော်။ သမားတော် ရှာပြီး ကယ်ရမယ်။”
“ချွင်းယန်၊ ရပ်။”
ဖုန့်တုန်းမေ့က သူ့ကို အလျင်အမြန် တားလိုက်သည်။ ”အရင်ဆုံး အဲဒီလူ သေပြီလား သွားကြည့်လိုက်ဦး...”
ဖုန့်ချွင်းယန်က သူမလက်ချောင်းကို အလျင်အမြန် ဆန့်တန်းပြီး မားထျန်းရှန့်ရဲ့ အသက်ရှုသံကို စစ်ဆေးလိုက်သည်။
ထိုအချိန်တွင် မားထျန်းရှန့်သည် ရုတ်တရက် မျက်လုံးများဖွင့်လိုက်သည်။ သူမ သတိမမူနိုင်ခင်မှာ မားထျန်းရှန့်က သူမ၏ လည်ပင်းကို ဆွဲကိုင်ကာ လှည့်လှန်ပြီး သူမအောက်သို့ ဖိချလိုက်သည်။ ”အယုတ်တမာမ၊ ဒီသခင်လေးကို လှည့်စားဖို့ ဘယ်လိုရဲတင်းတာလဲ။ ဒီသခင်လေးက မင်းကို နည်းနည်းလေး ဒုက္ခမပေးမချင်း မင်း သင်ခန်းစာ မရဘူးနဲ့ တူတယ်၊ ဟုတ်လား”
“တိရစ္ဆာန်ကောင်၊ ငါ့ညီမကို လွှတ်ပေး။”
ဖုန့်တုန်းမေ့က သူမ၏ ဗိုက်ကို ဖက်ကာ ရှေ့သို့ ပြေးတိုးလာပြီး ဖုန့်ချွင်းယန်ကို ကယ်တင်ရန် ကြိုးစားသည်။
“မိန်းမယုတ်၊ ငါ့ကို ဘယ်လိုတောင် လှည့်စားရဲတာလဲ။ မင်း အသက်ရှင်ရတာ ပင်ပန်းနေပြီလား”
မားထျန်းရှန့်က ဖုန့်ချွင်းယန်ရဲ့ အဝတ်အစားတွေကို ကြမ်းကြမ်းတမ်းတမ်း ဆွဲဖြဲလိုက်ပြီးနောက် လှည့်ပြီး သူမကို ခြေထောက်နဲ့ ကန်လိုက်သည်။
ရှန်းယောင် အချိန်မီ မရောက်လာခဲ့ရင် ဖုန့်တုန်းမေ့ကို ဘေးသို့ ဆွဲမထုတ်ခဲ့ရင် သူမ၏ ဗိုက်ကို ကန်ခံရတော့မှာ ဖြစ်သည်။
“စန်းလန်”
“အကြီးဆုံးမရီး” ရှန်းယောင်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။ ထို့နောက် မားထျန်းရှန့်ကို လေထဲသို့ ကန်ပစ်လိုက်သည်။
“သူတစ်ပါးအိမ်ထဲကို တရားမဝင် ဝင်ရောက်ပြီး နေ့ခင်းကြောင်တောင် အမျိုးသမီးတစ်ယောက်ကို ထိတွေ့ရဲတယ်လား” ရှန်းယောင်က ပြင်းထန်စွာ ဆူပူကြိမ်းမောင်းပြီး အိမ်အပြင်ကို ကန်ထုတ်လိုက်သည်။ သူက မားထျန်းရှန့်ရဲ့ ရင်ဘတ်နဲ့ လိင်အင်္ဂါတွေကို ကန်လိုက်သည်။
“အိုး…၊ ဘာလို့ ရန်ဖြစ်နေကြတာလဲ မသိဘူး”
“ကြည့်ပါဦး၊ အဲဒါ သခင်လေးမား မဟုတ်လား”
“ဟုတ်မယ် ထင်တယ်။”
“ကောင်းတယ်။”
ပတ်ဝန်းကျင်မှ လူအုပ်က ရုတ်တရက် ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။
ထို့နောက် မကြာမီ မားထျန်းရှန့်၏ မျက်နှာပေါ်သို့ ကြက်ဥပုပ်များ၊ ဟင်းသီးဟင်းရွက်များ အများအပြား ပစ်ပေါက်ခံရသည်။
“ဒီ သခင်လေးမားက သူ့အဖေက ခရိုင်တရားသူကြီးမင်းဖြစ်လို့ နှစ်ပေါင်းများစွာ တင်းယွမ်ကောင်တီကို အုပ်စိုးနေတာ။”
“မဟုတ်ဘူးလား။ သူက လျန့်မိသားစုက အကြီးဆုံးသမီးကို ဖျက်ဆီးခဲ့တာ မဟုတ်ဘူးလား”
“ပြီးတော့ ဘေးအိမ်က ကျောက်စိမ်းလမ်းကြားက မိန်းကလေးရှုဟွာလည်း ပါသေးတယ်။”
“အဖွားအိုကြီးကျန်းရဲ့ ခေါင်းတလားဖိုးကိုတောင် သူ လုယူခဲ့တယ်။”
“ရွာသားတို့ရေ၊ ဥပဒေက လူအုပ်ကြီးကို အပြစ်မပေးဘူး။ ဒီစုတ်ပဲ့တဲ့ကောင်ကို ဒီနေ့ သင်ခန်းစာပေးကြစို့။”
“ခရိုင်တရားသူကြီးမင်းက သူ့သားကို ကောင်းကောင်း မသင်ပေးနိုင်ရင် တို့တွေ သူ့ကို သင်ပေးကြတာပေါ့။”
မားအိမ်တော်က အစေခံတွေ ရောက်လာတဲ့အချိန်မှာ ရှန်းကျီးအစာသွပ်မုန့်ဆိုင်ကို ဝိုင်းထားတဲ့ ပြည်သူတွေက တကွဲတပြားစီ ဖြစ်သွားကြပြီ။
ထိုအချိန်မှာ မားထျန်းရှန့်လည်း အလွန်ဆိုးရွားတဲ့ အခြေအနေမှာ ရှိနေခဲ့သည်။
သူ့ခန္ဓာကိုယ်က ရှုပ်ပွနေပြီး ခေါင်းမှာ သွေးထွက်နေကာ မျက်နှာကလည်း ဖူးယောင်နေသည်။
“မင်းတို့ စောင့်နေလိုက်။” မားထျန်းရှန့်က ဒေါသတကြီး ဆူပူကြိမ်းမောင်းလိုက်သည်။ ထို့နောက် သူ့အစေခံတွေရဲ့ အကူအညီနဲ့ ထွက်သွားခဲ့သည်။
ရှန်းယောင် လှည့်ပြန်လာပြီး ရှန်းကျီးအစာသွပ်မုန့်ဆိုင်ရဲ့ ဧည့်ခန်းမသို့ ပြန်ရောက်လာခဲ့သည်။
အကြီးဆုံးမရီးရှန်းက အဝတ်အစား တစ်ဝက်တပျက် ကျွတ်နေတဲ့ ဖုန့်ချွင်းယန်ကို ပွေ့ဖက်ထားသည်။ သူမက ညင်သာစွာ နှစ်သိမ့်လိုက်သည်။ ”ချွင်းယန်၊ အဆင်ပြေပါတယ်၊ အဆင်ပြေပါတယ်...”
ရှန်းယောင်က ယဉ်ယဉ်ကျေးကျေး လှည့်လိုက်ပြီး ညင်သာစွာ ပြောလိုက်သည်။ ”အစ်မ၊ ကျွန်တော် အခု သမားတော် သွားခေါ်လိုက်ဦးမယ်။ အစ်မနဲ့ ချွင်းယန် အိမ်နောက်ဖေးကို အရင်ပြန်နှင့်နေကြပါလား”
“ကောင်းပါပြီ။”
တစ်ဖက်မှာတော့ ကျီကျောက်နဲ့ ခဏတာ စကားပြောပြီးနောက် အမျိုးသမီးဟို့ဟာ သူမကို အကယ်တင်ခံရတယ်လို့ ခံစားရသည်။ သူမရဲ့ စိတ်ကလည်း အများကြီး တိုးတက်ကောင်းမွန်လာခဲ့သည်။
“သခင်မဟာ အခါအားလျော်စွာ ပျော်ရွှင်တဲ့ စိတ်ထားနိုင်ရင် သခင်မ ကိုယ်ဝန်ဆောင်နိုင်ဖို့အတွက် အလွန်ကောင်းမွန်ပါလိမ့်မယ်” ကျီကျောက်က ခဏတာမျှ စဉ်းစားပြီး ပါဝင်ပစ္စည်းအချို့ကို ရေးချလိုက်သည်။ သူမက ညင်သာစွာ သတိပေးလိုက်သည်။ ”သခင်မရဲ့ သွေးခုန်နှုန်းအရ သခင်မဟာ အားနည်းနေပါတယ်။ သခင်မမှာ အလွယ်တကူ ကိုယ်ဝန်ဆောင်နိုင်တဲ့ ကိုယ်ခံအား မရှိပါဘူး။ ဒါကြောင့် သခင်မဟာ ဒီနှစ်တွေထဲမှာ ကလေးမရခဲ့တာပါ။”
“သခင်မက သွေးနဲ့ ချီဓာတ်တွေ လျော့နည်းနေတယ်။ ရာသီသွေး ပိတ်ဆို့နေလို့ ကိုယ်ဝန်ရဖို့ ခက်ခဲတယ်” ကျီကျောက်က ပြုံးပြီး ဆေးညွှန်းကို ကမ်းပေးလိုက်သည်။ ”သခင်မ၊ ဒီဆေးညွှန်းအတိုင်း တစ်လခွဲလောက် အရင်သောက်ကြည့်ပါလား။ တစ်လခွဲကြာရင် သခင်မရဲ့ အသားအရေ သေချာပေါက် ပြောင်းလဲသွားလိမ့်မယ်လို့ ကျွန်မ အာမခံပါတယ်”
“မိန်းကလေးကျီ၊ ဒီတစ်ခါတော့ မင်းကို ယုံကြည့်လိုက်ပါ့မယ်” အမျိုးသမီးဟို့က ပြုံးလိုက်သည်။
“သခင်မ၊ နောင်အနာဂတ်မှာ သခင်မက ကျွန်မကို ဒီအချိန်မှာ ယုံကြည်ခဲ့တဲ့အတွက် သေချာပေါက် ကျေးဇူးတင်ပါလိမ့်မယ်” ကျီကျောက်က ယုံကြည်မှုရှိတဲ့ အပြုံးနှင့် ပြောလိုက်သည်။
ကျီကျောက် ထရပ်ပြီး ထွက်ခွာဖို့ ပြင်ဆင်နေချိန်မှာပဲ ဆံပင်ဖြူဖွေးနေတဲ့ အဖွားအိုတစ်ယောက်က ဧည့်ခန်းမထဲကို အလျင်အမြန် လျှောက်ဝင်လာပြီး အမျိုးသမီးဟို့နားရွက် အနားသို့ တီးတိုးကပ်ပြောလာခဲ့သည်။
“ပြဿနာ ထပ်ရှာပြန်ပြီလား” အမျိုးသမီးဟို့က ညင်သာစွာ သက်ပြင်းချလိုက်သည်။ သူမ၏ စကားလုံးများထဲက စိတ်ခံစားမှုများကို ခန့်မှန်းရခက်သည်။
“အထိန်းတော်ကျီ၊ မိန်းကလေးကျီနဲ့ အရင်လိုက်ပို့ပေးလိုက်ပါဦး”အမျိုးသမီးဟို့က ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။ နောက်ဆုံးတွင် သူမ၏ မျက်လုံးများက ကျီကျောက်ရဲ့ မျက်နှာပေါ်သို့ ရောက်သွားသည်။ ”မိန်းကလေး အာ့ထောင်၊ မင်းရဲ့ မရီးဖြစ်သူ မွေးတော့မယ်လို့ ငါ ထင်တယ်။ မင်း မြန်မြန်ပြန်သင့်တယ်။”
ကျီကျောက်က အလျင်အမြန် နှုတ်ဆက်လိုက်သည်။ သူမ ရှန်းကျီးအစာသွပ်မုန့်ဆိုင်ကို ပြန်ရောက်သောအခါ သူမ၏ ရင်ထဲ ရုတ်တရက် နစ်မြုပ်သွားခဲ့သည်။
သားဖွားဆရာမက နဖူးမှ ချွေးများကို သုတ်လိုက်ပြီး အလျင်အမြန် ထွက်လာသည်။ ကန့်လန်ကာကို လှန်လိုက်သည်နှင့် တပြိုင်နက် သွေးနံ့ပြင်းပြင်းသည် နောက်ဖေးတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
“သခင်မက မခံနိုင်တော့ဘူးနဲ့တူတယ်။ ခင်ဗျား၊ တစ်ခုခု ပြောနိုင်မလား။ မိခင်လား ကလေးလား ကယ်တင်မလဲ”
ခြံဝင်းထဲမှာ ရပ်နေတဲ့ ရှန်းယောင်က ကျောရိုးထဲမှာ အအေးဓာတ် ဖြတ်ပြေးသွားတာကို ခံစားလိုက်ရသည်။ ”ကျွန်တော် အကြီးဆုံးမရီးနဲ့ သူ့သား နှစ်ယောက်လုံးကို ဘေးကင်းစေချင်တယ်။”
“ခင်ဗျား၊ ကိုယ်ဝန်ဆောင် အမျိုးသမီးရဲ့ အခြေအနေက အခု တကယ်ကို အန္တရာယ်များတယ်။ သွေးထွက်တာ အရမ်းများနေတယ်။ ရွေးချယ်မှုကို ကြိုတင် မပြုလုပ်နိုင်ရင် အဆိုးဆုံး ရလဒ်က အလောင်း တစ်လောင်းနဲ့ အသက် နှစ်ချောင်းပဲ ဖြစ်လိမ့်မယ်။”
အလောင်း တစ်လောင်းနဲ့ အသက် နှစ်ချောင်း။
ဒီစကားလုံးက ကျီကျောက်ရဲ့ နားထဲမှာ ရုတ်တရက် ပေါက်ကွဲသွားခဲ့တယ်။
“လျှောက်ပြောမနေနဲ့။” ကျီကျောက်က ရှေ့သို့ ပြေးတိုးလာပြီး ပြတ်သားတဲ့ အကြည့်နဲ့ ပြောလိုက်သည်။ ”ကျွန်မရဲ့ အကြီးဆုံးမရီးက ကံကောင်းပြီး သေချာပေါက် ဘေးကင်းလိမ့်မယ်။”
ကျီကျောက်က ဘာမှပြန်မပြောပဲ အခန်းထဲသို့ ပြေးဝင်သွားသည်။ သူမ လက်ကို အလျင်အမြန် ဆေးကြောပြီးနောက် သူမက လှည့်ကာ သူမ၏ အင်္ကျီလက်ထဲမှ ဂျင်ဆင်းတစ်တုံးကို ထုတ်လိုက်သည်။ သူမက အကြီးဆုံးမရီးရှန်း၏ နှုတ်ခမ်းနားသို့ ကပ်ပေးလိုက်ပြီး တီးတိုးပြောလိုက်သည်။ ”အကြီးဆုံးမရီး၊ မကြောက်ပါနဲ့။ ကျွန်မ ရှိနေရင် အစ်မနဲ့ ကလေး ဘေးကင်းလိမ့်မယ်။”
“အာ့ထောင်...
“မျက်လုံးများ ဖွင့်လို့မရလုနီးပါးဖြစ်နေသော အကြီးဆုံးမရီးရှန်းသည် ထိုရင်းနှီးသောအသံကို ကြားသောအခါ ခက်ခဲစွာ ဖွင့်ကြည့်လိုက်သည်။ သူမက ကျီကျောက်၏ လက်ဖဝါးကို စိုးရိမ်တကြီး ဆွဲကိုင်ကာ လေသံတိုးတိုးဖြင့် တောင်းဆိုလိုက်သည်။ ”အာ့ထောင်... ငါ... ကလေးကို ဘေးကင်းစေချင်တယ်...”
ဒီကလေး ရဖို့ သူမအတွက် မလွယ်ကူခဲ့ဘူး။ ကလေးကို ဒီကမ္ဘာကြီးထဲကို ဘေးကင်းစွာ ဆင်းသက်ခွင့် ပြုရမှာပဲ။
“အကြီးဆုံးမရီး၊ စကားမပြောပါနဲ့။ အားကို ချန်ထားပါ။” ကျီကျောက်၏ လေသံက ရုတ်တရက် လေးနက်သွားသည်။ ”အကယ်၍ အကြီးဆုံးမရီး ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်ဘူးဆိုရင် ကလေးက အမိမဲ့ကလေး ဖြစ်သွားလိမ့်မယ်။ အမိမဲ့ကလေးဟာ ပေါင်းမြက်လိုပါပဲ။”
***