ဘာလို့ ဒီလိုထင်တာလဲ။
Vol. 17 Ch. 261
နောက်တစ်နေ့တွင် ရှန်းယောင်သည် မနက်စောစောကတည်းက ခရိုင်အကျဉ်းထောင်ရှေ့တွင် စောင့်နေခဲ့သည်။
တစ်ချိန်က အားမာန်နှင့် တက်ကြွမှုအပြည့်ရှိခဲ့သော ရှန်းတာ့လန်သည် ယခုအခါ အရမ်းသနားစရာကောင်းသော အခြေအနေသို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။
သူ အကျဉ်းထောင်ထဲတွင် နှစ်ရက်သာ နေခဲ့ရသော်လည်း သူ့ကိုယ်ပေါ်က အနံ့က ချဉ်စူးပြီး အလွန်ဆိုးရွားနေပြီ။
“စန်းလန်”ရှန်းတာ့လန်က အလျင်အမြန် ရှေ့သို့ တိုးသွားပြီး ညင်သာစွာ ခေါ်လိုက်သည်။
“စန်းလန်” အစ်ကိုကြီးရှန်းက အားယူကာ ပြုံးလိုက်ပြီး စိုးရိမ်တကြီး မေးလိုက်သည်။”ဆိုင်မှာ အဆင်ပြေလား။ မင်းရဲ့ အစ်မ အဆင်ပြေလား။ သူမ ကြောက်နေလား”
“အစ်ကို၊ အရင်ဆုံး အိမ်ပြန်ကြရအောင်”
သူတို့နှစ်ဦး ရှန်းကျီးအစာသွပ်မုန့်ဆိုင်သို့ ပြန်ရောက်သောအခါ ကျီကျောက်က သူမ ပြင်ဆင်ထားသော မီးဖိုကို ယူလာခဲ့သည်။
“အစ်ကိုကြီး၊ မီးဖိုကို မြန်မြန်ကျော်ပြီး ကံဆိုးခြင်းတွေကို ဖယ်ရှားလိုက်ပါ။”
“အေးပါ။” ရှန်းတာ့လန်၏ မျက်လုံးများ ကျေးဇူးတင်မှုဖြင့် နီရဲလာသည်။ မီးဖိုကို ကျော်ပြီးနောက် သူသည် နောက်ဖေးသို့ သွား၍ ရေချိုးသည်။
နာရီဝက်ခန့်အကြာတွင် ကျီကျောက်သည် ပြင်ဆင်ထားသော ဝက်ခြေထောက်ခေါက်ဆွဲကို ရှန်းတာ့လန်ထံ ယူလာပေးသည်။
“အစ်ကိုကြီး၊ ဒီဝက်ခြေထောက်ခေါက်ဆွဲ စားပြီးရင် ကံဆိုးခြင်းတွေ အဆုံးသတ်သွားလိမ့်မယ်”
“အာ့ထောင်” ရှန်းတာ့လန်က တုန်ယင်စွာ ပြောလိုက်သည်။ ”ကျေးဇူးတင်ပါတယ်”
ဆယ့်ငါးမိနစ်ကြာပြီးနောက် ရှန်းတာ့လန်သည် သူ့ပန်းကန်နှင့် တူများကို ချလိုက်သည်။
ပတ်ဝန်းကျင်ကို ကြည့်ပြီးနောက် သူက သိချင်စိတ်ဖြင့် မေးလိုက်သည်။ ”စန်းလန်၊ အာ့ထောင်၊ တုန်းမေ့ ဘယ်မှာလဲ”
“အစ်ကိုကြီး၊ မနေ့က ဆိုင်မှာ တစ်ခုခု ဖြစ်ခဲ့တယ်...” ရှန်းယောင်က သူ့ကို ကြည့်ပြီး မနေ့က ဖြစ်ပျက်ခဲ့တာတွေကို အတိုချုပ် ပြန်ပြောပြလိုက်သည်။
ရှန်းတာ့လန်သည် ဒေါသတကြီး လက်သီးများကို ဆုပ်လိုက်သည်။ ခဏအကြာတွင် သူသည် အားနည်းစွာ လွှတ်ချလိုက်သည်။
“ငါ အရမ်းမိုက်တာပဲ။” ရှန်းတာ့လန်က ခေါင်းငုံ့ကာ သူ့ကိုယ်သူ အပြစ်တင်လိုက်သည်။
“အဲဒီယုတ်မာရိုင်းစိုင်းတဲ့ ကျောက်ရှုကို ဒီလောက်လွယ်လွယ် မယုံခဲ့ရင် ဒါတွေအားလုံး ဖြစ်လာမှာ မဟုတ်ဘူး။ ဒါ ငါ့အမှားတွေပဲ။”
“အစ်ကိုကြီး၊ အခု ဖြစ်ခဲ့ပြီးပြီဆိုတော့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရင်တောင် ဒါက အကျိုးမရှိဘူး” ရှန်းယောင်က သူ့ကို ကြည့်ပြီး လေသံတိုးတိုးနဲ့ ပြောလိုက်သည်။
“အဟမ်း” ကျီကျောက်က နှစ်ကြိမ်တိုင်တိုင် အမြန်ချောင်းဟန့်ပြီး ရှန်းယောင်ကို မျက်နှာရိပ် မျက်နှာကဲ ပြလိုက်သည်။ နောက်ဆုံးတွင် သူမသည် ရှန်းတာ့လန်ကို ကြည့်ပြီး ပြောလိုက်သည်။ ”အစ်ကိုကြီး၊ မြန်မြန်သွားပြီး အကြီးဆုံးမရီးနဲ့ ကလေးကို ကြည့်လိုက်ပါဦး”
“ကောင်းပြီ...”
ရှန်းတာ့လန် အိမ်နောက်ဖေးသို့ ဝင်သွားပြီးနောက် ကျီကျောက်က ရှန်းယောင်ရဲ့ လက်မောင်းကို ညင်သာစွာ ဆွဲကိုင်လိုက်ပြီး သူ့ကို ဘာစကားမှမပြောပဲ မျက်ခုံးပင့်ပြလိုက်သည်။
“ဟင်…” ရှန်းယောင်က သူမကို နားမလည်စွာ ကြည့်လိုက်သည်။
“အစ်ကိုကြီးက စိတ်မကောင်းဖြစ်နေတာလေ။ ဘာလို့ အခုနက သူ့ဒဏ်ရာကို ဆားနဲ့ ထပ်ဖြူးနေရတာလဲ”ကျီကျောက်က ရှန်းယောင်ရဲ့ ခုနက လုပ်ရပ်တွေကို သဘောမတူပေ။
“ဒဏ်ရာဆိုတာက နာမှ အနာကျက်ပြီး မြန်မြန်ပျောက်မှာ” ရှန်းယောင်က ညင်သာစွာ သက်ပြင်းချလိုက်သည်။ သူ့လေသံထဲမှာ စိတ်ပျက်အားငယ်မှုတွေ ပြည့်နှက်နေသည်။ ”အစ်ကိုကြီးက ရှန်းကျီးအစာသွပ်မုန့်ဆိုင်ကို ငါးနှစ်ကနေ ခြောက်နှစ်လောက် စီမံခန့်ခွဲခဲ့တာ။ ဒီတစ်ခါ မမှတ်သေးဘူးဆိုရင် နောင်အနာဂတ်မှာ အလားတူ မှားယွင်းမှု ထပ်လုပ်နိုင်တယ်”
စီးပွားရေးသမားတစ်ယောက်ဆိုတာ ထက်မြက်ရမယ်။
သူ့ကို တခြားသူတွေက လွယ်လွယ်ကူကူ လိမ်လည်နိုင်ရင် အကျိုးဆက်က သေချာပေါက် ဆိုးရွားလိမ့်မယ်။
“မှန်တယ်” ကျီကျောက်က သူမရဲ့ လက်မောင်းတွေကို ချိတ်လိုက်ပြီး အတွေးထဲ နစ်မြောနေပုံရသည်။
“ဒါပေမဲ့ ရှန်းယောင်၊ နောက်ကိစ္စက ပိုပြီး ခက်ခဲလိမ့်မယ် မဟုတ်လား”
ကျောက်ရှု ထွက်ပြေးသွားခဲ့ပြီ။ ဆန်ဆိုင်ပိုင်ရှင်ကျောက်က ကြွေးမြီတွေ အများကြီး တင်နေသည်။
“ပြီးတော့ အဲဒီအယုတ်တမာ မားထျန်းရှန့်၊ သူ သေချာပေါက် လက်လျှော့မှာ မဟုတ်ဘူး” ကျီကျောက်က ဒါကို စဉ်းစားလေလေ ပိုပြီး စိုးရိမ်လေလေ ဖြစ်သည်။ ”ရှန်းယောင်၊ ကျွန်မတို့ နောက်အစီအစဉ်တစ်ခုကို စဉ်းစားထားရမယ်”
“မနေ့က ကိုယ် ခရိုင်တရားသူကြီးမင်းမားကို တွေ့ဖို့ တောင်းဆိုခဲ့တယ်” ရှန်းယောင်က သူမလက်ကို ဆုပ်ကိုင်ပြီး ညင်သာစွာ ပြုံးလိုက်သည်။
“စိတ်မပူပါနဲ့၊ မားထျန်းရှန့်က ခဏလောက်တော့ ပြဿနာရှာနိုင်မှာ မဟုတ်ဘူး။ ဆန်ဆိုင်ပိုင်ရှင်ကျောက်အတွက်တော့ ကိုယ် ဆန်ဆိုင်က အလုပ်သမားတွေနဲ့ တွေ့ပြီးပြီ။ အတိုချုပ်ပြောရရင် ပြဿနာအားလုံးကို အဆုံးသတ်နိုင်ပြီ”
“တကယ်လား” ကျီကျောက်က အလွန်စိတ်လှုပ်ရှားသွားသည်။
“အာ့ထောင်၊ နောက်ကျရင် မုန့်လုပ်ပေးဦး။ ကိုယ့်မှာ အသုံးလိုအပ်တဲ့ နေရာတွေ ရှိသေးတယ်” သူမရဲ့ အပြုံးကို မြင်တော့ ရှန်းယောင် မပြုံးပဲ မနေနိုင်တော့ပေ။
အာ့ထောင်ရဲ့ အပြုံးက ထူးခြားတဲ့ စွမ်းအားတစ်ခုရှိပုံရသည်။ သူမရဲ့ မျက်နှာပေါ်က တောက်ပတဲ့ အပြုံးကို မြင်ရုံနဲ့ သူ့ရဲ့ စိုးရိမ်ပူပန်မှုတွေအားလုံး ပျောက်ကွယ်သွားသည်။
“ကောင်းပြီ”
ကျီကျောက် မီးဖိုချောင်ထဲကို လျှောက်ဝင်လာတော့ ဖုန့်ချွင်းယန်တစ်ယောက် မီးဖိုရှေ့မှာ ထိုင်ပြီး တိတ်တိတ်လေး ငိုနေတာကို တွေ့လိုက်ရသည်။
“ချွင်းယန်”
“အစ်မအာ့ထောင်”
ဖုန့်ချွင်းယန်က အာ့ထောင်၏ အသံကို ကြားတော့ သူမ မျက်နှာပေါ်က မျက်ရည်တွေကို အလျင်အမြန် သုတ်ပြီး အားတင်းပြုံးပြလိုက်သည်။
သူမ၏ မျက်နှာပေါ်က ပင်ပန်းနွမ်းနယ်မှုကို မြင်တော့ ကျီကျောက်တစ်ယောက် သူမ ရင်ထဲက နာကျင်မှုနဲ့ သူ့အနားကို ချဉ်းကပ်ပြီး ဖြည်းဖြည်းချင်း ထိုင်ချလိုက်သည်။
ကျီကျောက်က ဘာမှမပြောပဲ သူမအိတ်ကပ်ထဲမှ လက်ကိုင်ပဝါတစ်ထည်ကို ထုတ်ကာ သူမမျက်နှာပေါ်က မျက်ရည်များကို ညင်သာစွာ သုတ်ပေးလိုက်သည်။
ဖုန့်ချွင်းယန်က သူမ၏ မျက်လုံးများကို ကူကယ်ရာမဲ့စွာ မှိတ်လိုက်သည်။ သူမ ငိုတာကို ရပ်တန့်ဖို့ ကြိုးစားခဲ့ပေမဲ့ သူမရဲ့ မျက်ရည်တွေက ပုလဲတွေလို ဆက်တိုက် ကျဆင်းနေသည်။
“ငိုချင်ရင် ငိုလိုက်ပါ” ကျီကျောက်က သူမကို ဖက်ထားပေးသည်။ သူမ၏ မျက်လုံးများက နူးညံ့မှုများ ပြည့်နှက်နေသည်။ ”ချွင်းယန်၊ စိတ်သောကရောက်နေရင် ငိုချလိုက်ပါ။ ကိုယ့်ကိုယ်ကိုယ် ဖိအားပေးပြီး အားတင်းပြုံးနေစရာမလိုဘူး။ လူတိုင်းမှာ သူတို့ရဲ့ စိတ်ခံစားမှုတွေကို ထုတ်ဖော်ခွင့်ရှိတယ်။ နင် အရမ်းကြောက်ပြီး ထိတ်လန့်နေတာ ငါ သိတယ်။ ဒါပေမဲ့ အဲဒါတွေက မနေ့က ပြီးသွားခဲ့ပြီး။ ဒါတွေအားလုံးက အတိတ်က ကိစ္စရပ်တွေပဲ။”
“အစ်မအာ့ထောင်...”
ဖုန့်ချွင်းယန်သည် ကိုယ့်ကိုယ်ကိုယ် ထိန်းမထားနိုင်တော့ပါ။ သူမသည် ကျီကျောက်၏ ပခုံးပေါ်မှီကာ အော်ဟစ်ငိုကြွေးလိုက်သည်။
သူမ ရင်ထဲက မကျေနပ်မှုတွေနဲ့ ကြောက်ရွံ့မှုတွေအားလုံးကို ငိုချပစ်ချင်နေပုံရသည်။
နောက်ဆုံးတော့ သူမ အသက်ရှုမဝတော့တဲ့အထိ ငိုခဲ့သည်။ တစ်နာရီအကြာမှာ သူမ အငိုတိတ်သွားခဲ့ပြီ။
ကျီကျောက်က ပေါင်းထားတဲ့ သကြားကိတ်မုန့်ကို အတုံးသေးသေးလေး လှီးပြီး စိတ်ငြိမ်သွားပြီဖြစ်တဲ့ ဖုန့်ချွင်းယန်ကို ကမ်းပေးလိုက်သည်။
“သကြားကိတ်ထဲကို ပင်လုံးကြိုင်ပန်းပွင့်နဲ့ ပျားရည် ထည့်ထားတာ။ အရသာ ကောင်းမှာပါ။ မြည်းကြည့်ပါလား”
သူမ စားသောက်ရန် စိတ်မပါသော်လည်း ဖုန့်ချွင်းယန်က အတင်းအကျပ် တစ်ကိုက် ကိုက်လိုက်သည်။
သကြားကိတ်က ချိုပေမဲ့ မအီဘူး။ ပါးစပ်ထဲမှာ အရည်ပျော်သွားပြီး အဆုံးမရှိ ချိုမြိန်နေသည်။
“ဘဝက ဘယ်လောက်ပဲ ခက်ခဲပါစေ၊ ကိုယ့်ကိုယ်ကိုယ် ချိုမြိန်မှုအချို့ ပေးဖို့ နည်းလမ်းရှာရမယ်” ကျီကျောက်က သူမ၏ မျက်လုံးများကို ကြည့်ပြီး စိတ်ရင်းမှန်ဖြင့် ပြောလိုက်သည်။ ”ချွင်းယန်၊ မနေ့က ဖြစ်ခဲ့တာကို နင် အခုထိ အရမ်းကြောက်နေတယ်ဆိုတာ ငါ သိတယ်။ ဒါပေမဲ့ ချွင်းယန်၊ လူတိုင်းဟာ သူတို့ရဲ့ ဘဝမှာ မရေမတွက်နိုင်တဲ့ အခက်အခဲတွေနဲ့ ပြဿနာတွေ ကြုံတွေ့ရမှာပဲ။ ဒီလို အခက်အခဲတွေ ဒါမှမဟုတ် ပြဿနာတွေကို ရင်ဆိုင်ရတဲ့အခါ ကြောက်ရွံ့မှုက ပြဿနာကို ဖြေရှင်းပေးမှာ မဟုတ်ဘူး”
“ပြဿနာကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းက ပိုအားကောင်းလာပြီး ရင်ဆိုင်ဖို့ သတ္တိကို မွေးထုတ်ဖို့ပဲ”
“အစ်မအာ့ထောင်...” ဖုန့်ချွင်းယန်က သူမ ပြောနေတာကို အပြည့်အစုံ နားမလည်ခဲ့ပါ။
နောက်ဆုံးတွင် သူမက စိုးရိမ်တကြီး မေးလိုက်သည်။ ”မနေ့က... မနေ့က ဖြစ်ခဲ့တာက တကယ်ပဲ ကျွန်မ အမှား မဟုတ်ဘူးလား”
“ဘာဖြစ်လို့ အဲ့ဒီလို ထင်တာလဲ” ကျီကျောက်က မကျေနပ်စွာ မျက်မှောင်ကြုတ်ပြီး ညင်သာစွာ မေးလိုက်သည်။
“မသိဘူး...” ဖုန့်ချွင်းယန်က ခေါင်းငုံ့လိုက်သည်။ သူမ အလွန် စိတ်မသက်မသာ ခံစားရသည်။
“တကယ်တော့ မနေ့ညက ကျွန်မ မအိပ်ပျော်ဘူး။ ကျွန်မ မျက်လုံးပိတ်လိုက်တာနဲ့ အဲဒီလူရဲ့ မျက်နှာကို မြင်နေမိတယ်။ ကျွန်မ အရမ်းကြောက်ခဲ့တယ်... ပြီးတော့ ဒါတွေအားလုံးက ကျွန်မကြောင့် စခဲ့တာလို့ ကျွန်မ ထင်တယ်။ ကျွန်မသာ မရှိခဲ့ရင် ခဲအို ဒီလောက် လွယ်လွယ်နဲ့ အလိမ်မခံရဘူး။ ဘာပဲဖြစ်ဖြစ် ဒါတွေအားလုံး ကျွန်မအမှားတွေပဲ မဟုတ်လား”
ကျီကျောက် နောက်ဆုံးတွင် ဖုန့်ချွင်းယန်ရဲ့ ပြဿနာ၏ အဓိကအချက်ကို နားလည်သွားသည်။
သားကောင်ရဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်က သားကောင်ရဲ့ အပြစ်ရှိတယ်ဆိုတဲ့ ဂန္ထဝင်သီအိုရီကနေ ဆင်းသက်လာတာပဲ။
“ချွင်းယန်၊ ရုပ်ချောတဲ့သူတစ်ယောက်က ဘယ်သူ့ကို ကျေးဇူးအတင်သင့်ဆုံးလို့ နင် ထင်လဲ” ကျီကျောက်က သူမခေါင်းကို ပွတ်သပ်ပြီး မှုန်ပျပျ ပြုံးလျက် ညင်သာစွာ မေးလိုက်သည်။
“အာ…” ဖုန့်ချွင်းယန်က ဗလာသက်သက် ခေါင်းမော့ကြည့်ပြီး ခဏတာမျှ စဉ်းစားပြီးနောက် သူမက ခေါင်းယမ်းလိုက်သည်။
“လူတစ်ယောက်ရဲ့ ရုပ်ရည်က သူတို့မိဘတွေဆီက ဆင်းသက်လာတာ။ ခန္ဓာကိုယ်၊ ဆံပင်နဲ့ အရေပြားတွေက မိဘတွေဆီက အမွေခံရတာဆိုတဲ့ စကားပုံ မရှိဘူးလား”ကျီကျောက်က ပြုံးလိုက်သည်။ ”ချွင်းယန်၊ ပုံပြင်တစ်ပုဒ် နားထောင်ချင်လား”
***