← Chapters

အခန်း (၇၃-၇၄)

Vol. 8 Ch. 73-74

အခန်း (၇၃-၇၄)

Vol. 8 Ch. 73-74

အခန်း။ ၇၃

လုံယီ သိရှိထားသည်မှာ သိုင်းသင်တန်းကျောင်း၌ သင်ကြားပေးသော ဆရာများမှာ နေ့စဉ် တူညီချင်မှ တူညီမည်ဖြစ်သော်လည်း သူတို့အားလုံးမှာ ဂိုဏ်း၏ အတွင်းစည်းတပည့်များသာ ဖြစ်ကြပြီး သိုင်းပညာအဆင့်အတန်း တစ်ခုသို့ ရောက်ရှိပြီးသူများ ဖြစ်ကြသည်။

သူတို့ကဲ့သို့သော သူများမှာမူ ငွေကြေးပေး၍ဖြစ်စေ အဆက်အသွယ်ဖြင့်ဖြစ်စေ ဂိုဏ်းထဲသို့ ဝင်ရောက်လာသူများသာ ဖြစ်သည်။ သိုင်းပညာရှင်အဆင့်သို့ မရောက်ရှိသေးသရွေ့ သူတို့ကို တပည့်စစ်စစ်ဟု မသတ်မှတ်ပေ။ ထို့ကြောင့်လည်း အခါအားလျော်စွာ တပည့်သစ်များ အမြဲတစေ ရောက်ရှိလာလေ့ရှိခြင်းပင်။

စီနီယာအစ်ကိုကြီးချန်က ဤသို့ ပြောကြားသည်ကို သူ ကြားလိုက်ရသည်

“ငါ့နာမည်က ချန်မုကျူ။ ဒီဂိုဏ်းထဲကို ရောက်နေတာ ၅ နှစ်ရှိပြီ။ အခုရက်ပိုင်းမှာတော့ မင်းတို့ကို အခြေခံလက်သီးသိုင်း သင်ကြားပေးဖို့ ငါ့မှာ တာဝန်ရှိတယ်။ ဒီနေ့ လူသစ်တွေ ပါလာတဲ့အတွက် တစ်ချို့စကားတွေကို ငါ ထပ်ပြောပြမယ်”

“ငါတို့ အစွန်းရောက်လက်သီးဂိုဏ်းရဲ့ အခြေခံက လက်သီးသိုင်းဖြစ်ပြီး အဲဒါက အမြစ်အခြေခံလည်း ဖြစ်တယ်။ လူသစ်တွေအနေနဲ့ အခြေခံခိုင်မာအောင် အရင်လုပ်ရမယ်။ လက်သီးသိုင်းကို အဆင့်တစ်ခုအထိ ကျွမ်းကျင်အောင် လေ့ကျင့်ပြီးမှသာ အသက်ရှူကျင့်စဉ်ကို သင်ကြားခွင့် ရမှာ…”

“တကယ်လို့ မင်းတို့ရဲ့ လေ့ကျင့်မှုက လုံလောက်မှုမရှိရင် အနှစ်သာရကျင့်စဉ်တွေကို သင်ယူခွင့်ရမှာ မဟုတ်တဲ့အပြင် ကြာလာရင် ဒီနေရာမှာ နေထိုင်ဖို့တောင် အရည်အချင်း ပြည့်မီတော့မှာ မဟုတ်ဘူး”

အသက်ရှူကျင့်စဉ် အကြောင်း ကြားလိုက်ရသောအခါ လုံယီမှာ စိတ်လှုပ်ရှားသွားပြီး မေးမြန်းလိုက်သည်။

“စီနီယာအစ်ကိုကြီးချန်... အဆင့်မီတယ်လို့ သတ်မှတ်ဖို့အတွက် ဘယ်အတိုင်းအတာအထိ လေ့ကျင့်ရမလဲဆိုတာ သိပါရစေ”

“မေးခွန်းကောင်းပဲ”

ချန်မုကျူက လုံယီကို တစ်ချက်ကြည့်လိုက်ပြီး ဆက်ပြောသည်။

“ငါတို့ အစွန်းရောက်လက်သီးဂိုဏ်းရဲ့ အဓိကအချက်က အလယ်မှာပါတဲ့ အစွန်းရောက်ဆိုတဲ့ စကားလုံးပဲ။ အမည်နဲ့အညီ ကိုယ့်ရဲ့ အကန့်အသတ်ကို ကျော်လွန်တဲ့ လက်သီးချက်မျိုး ထိုးနိုင်ရမယ်။ တစ်ဖက်ရန်သူ သေရင်သေ ကိုယ်သေရင်သေ ဆိုတဲ့ စိတ်နဲ့ပဲ။ ဒါကြောင့် လက်သီးချက်ဟာ မြန်ရမယ် တိကျရမယ် ပြတ်သားရမယ်”

သူသည် ခြေထောက်နှစ်ဖက်ကို တင်းတင်းစေ့လိုက်ပြီး ကျောပြင်ကို လေးတစ်စင်းအလား ကိုင်းညွတ်လိုက်သည်။ ခါးမှာ လေးကြိုးကဲ့သို့ တင်းမာနေပြီး ညာဘက်လက်မောင်းမှာမူ မြားတစ်စင်းအလား ၄၅ ဒီဂရီ ထောင့်အတိုင်း ကောင်းကင်ယံသို့ လက်သီးတစ်ချက် ထိုးထုတ်လိုက်သည်။

လက်သီး၏အရှိန်မှာ အမြင့်ဆုံးသို့ ရောက်ရှိသွားချိန်တွင် သူ၏ အင်္ကျီလက်စွပ်အနားသားများမှာ ရှေ့သို့ ဆက်လက် စီးဆင်းသွားသကဲ့သို့ ထင်မှတ်ရသည်။

ဖြောင်း….

ဗျောက်အိုးတစ်လုံး ပေါက်ကွဲလိုက်သကဲ့သို့ ကျယ်လောင်စူးရှသော အသံတစ်ခုကြောင့် လူတိုင်း တုန်လှုပ်သွားကြပြီး အားလုံး၏ မျက်ဝန်းများတွင် အံ့သြဘနန်း ဖြစ်သွားကြတော့သည်။

“တကယ့်ကို စွမ်းအားကြီးတဲ့ လက်သီးချက်ပဲ”

တစ်စုံတစ်ဦးက ချီးကျူးလိုက်သည်။

“ငါ အားအများကြီး သုံးလိုက်တယ်လို့ မင်းတို့ ထင်သလား”

ချန်မုကျူက ခေါင်းခါယမ်းလိုက်သည်။ သူသည် ထိုလှုပ်ရှားမှုအတိုင်းပင် လက်သီးချက်များကို ထပ်ကာထပ်ကာ ထိုးပြနေခဲ့သည်။

'ဖြောင်း'

'ဖြောင်း'

'ဖြောင်း'

တစ်ချက်ထက်တစ်ချက် ပိုမိုကျယ်လောင်လာသော အသံများကြောင့် လူတိုင်း၏ နားစည်များပင် နာကျင်လာရသည်။ အားလုံး၏ မျက်ဝန်းများတွင် အံ့သြတုန်လှုပ်မှုများဖြင့် ပြည့်နှက်နေတော့သည်။

"ဒီအသံဟာ သာမန်ရိုးရှင်းတဲ့ အားအင်အပေါ်မှာပဲ အခြေခံထားတာမဟုတ်ဘူး။ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ စုစည်းညီညွတ်မှုအပေါ်မှာလည်း မူတည်တယ်။ လက်သီးတစ်ချက် ထိုးလိုက်တဲ့အခါ ခန္ဓာကိုယ်က အရိုးအဆစ်တွေအားလုံးဟာ တစ်ခုတည်းအဖြစ် ပေါင်းစည်းပြီး အလုပ်

လုပ်ရမယ်"

"မင်းတို့တစ်နေ့မှာ ဒီလိုအသံမျိုး ထွက်အောင် ထိုးနိုင်ပြီဆိုရင် လက်သီးသိုင်းရဲ့ အခြေခံကို ရောက်ပြီလို့ ပြောလို့ရတယ်။ အဲဒီအချိန်မှာ မင်းတို့ရဲ့ သွေးစွမ်းအားကလည်း သတ်မှတ်ချက်ကို ပြည့်မီလာမှာဖြစ်ပြီး အသက်ရှူကျင့်စဉ်ကို သင်ယူဖို့ အရည်အချင်း ပြည့်မီသွားလိမ့်မယ်"

"ဒီလိုအသံထွက်ဖို့ ဘယ်လောက်ကြာတတ်သလဲခင်ဗျာ ကျွန်တော် လေ့ကျင့်နေတာ တစ်လရှိပြီ အခုထိ အောင်မြင်မှုမရသေးလို့ပါ"

နုနယ်ဖြူစင်သော ရုပ်ရည်ရှိသည့် အရပ်ရှည်ရှည် လူငယ်တစ်ဦးက မေးမြန်းလိုက်သည်။ သူ၏ဆံပင်ကို နို့နှစ်ရောင် ကျောက်စိမ်းဆံထိုးဖြင့် ထုံးထားပြီး ခါးတွင်လည်း နဂါးနှင့် ဖီးနစ်ရုပ်ပုံများပါသော ရွှေရောင်ခါးပတ်ကို ပတ်ထားရာ မြင့်မြတ်သော မျိုးရိုးမှ လာသူဖြစ်ကြောင်း သိသာလှသည်။

"ငါတို့ဂိုဏ်းရဲ့ စံချိန်ကတော့ ၂၁ ရက်ပဲ"

ချန်မုကျူက ပြောလိုက်သည်။

"ဒါပေမဲ့ အဲဒါက ထူးကဲတဲ့ ပါရမီရှင်တွေအတွက်ပါ။ သာမန်လူတွေအတွက်ဆိုရင် သုံးလအတွင်း ဒီအသံထွက်အောင် ထိုးနိုင်ရင်ပဲ တော်တော်လေး ကောင်းနေပါပြီ"

"ဒါပေမဲ့ တစ်နှစ်အတွင်းမှာတောင် အဲဒီအဆင့်ကို မရောက်ဘူးဆိုရင်တော့ အစွန်းရောက်

လက်သီးဂိုဏ်းဟာ သာမန်လူတွေကို လက်မခံတာမို့ တခြားလမ်းကိုသာ ရှာကြပါတော့"

နိဒါန်းပျိုးပြီးနောက် ချန်မုကျူသည် လက်သီးထိုးနည်းနှင့် လှုပ်ရှားမှုများကို တစ်ကွက်ချင်း စတင်သင်ကြားပေးတော့သည်။

"အစပိုင်းမှာ ဒီအသံထွက်ဖို့ တိုက်ရိုက်ကြိုးစားတာက မင်းတို့အတွက် မဖြစ်နိုင်သေးဘူး။ ဒါကြောင့် အားအင်တွေကို စုစည်းဖို့အတွက် အဆင့်ဆင့်ပုံစံတွေကို အရင်လေ့ကျင့်ရမယ်။ ဒါက ကြွက်သားတွေနဲ့ အရိုးအဆစ်တွေကို တစ်သားတည်းဖြစ်အောင်လည်း ကူညီပေးလိမ့်မယ်"

"ဖိလိုက်၊ ပြီးရင် တွန်းထုတ်ရမယ်။ တုန်ခါမှုကိုပဲ သုံးရမယ်။ ပြီးရင် လွှဲလိုက်။ ပြီးရင်တော့ အပေါ်ပင့်မဲ့လက်သီးကို ထိုးထုတ်လိုက်ပါ"

ချန်မုကျူသည် တိုက်ကွက်များကို အပိုင်းလိုက်ခွဲ၍ သရုပ်ပြသခဲ့သည်။ ဦးစွာ လက်မောင်းနှစ်ဖက်နှင့် ခါးကို အောက်သို့ အတူတကွ ဖိချလိုက်ပြီး လက်သီးများကို ရှေ့သို့ ဖြည်းဖြည်းချင်း တွန်းထုတ်သည်။ ထို့နောက် ခန္ဓာကိုယ်ကို ပြင်းထန်စွာ တုန်ခါစေလျက် လွှဲအားကိုယူကာ နောက်ဆုံးတွင် စုစည်းထားသော အားအင်အားလုံးဖြင့် အားပါလှသော လက်သီးချက်ကို ထိုးထုတ်လိုက်သည်။

ဤ ဆက်တိုက်လက်သီးသိုင်း၏ အခြေခံတွင် အဆင့် ၅ ဆင့် ပါဝင်ပြီး အခြားသော နည်းစနစ်များလည်း ရှိသေးသည်။

လုံယီသည် သူ၏ စိတ်အာရုံနယ်မြေတွင် သင်ယူခဲ့သော လက်သီးသိုင်းများနှင့် နှိုင်းယှဉ်

ကြည့်ရာ အချို့နေရာများတွင် ထပ်တူကျနေသည်ကို တွေ့ရသည်။ ဥပမာ ဖြောင့်လက်သီး၊ ဝေ့လက်သီး၊ ပင့်လက်သီးများနှင့် ခြေလှမ်းအနေအထားများမှာ ဆင်တူကြသည်။

သို့သော် ကွဲပြားသောအချက်မှာ လက်သီးတစ်ချက် ထိုးလိုက်သည့်အခါ ခါး၊ ဝမ်းဗိုက်၊ ကျောနှင့် ခြေထောက်တို့မှ အားအင်အားလုံးကို အကြွင်းအကျန်မရှိ တစ်ပြိုင်နက်တည်း ထုတ်

လွှတ်လိုက်သည့် နည်းစနစ်ပင်။

အကယ်၍ လက်သီးတစ်ချက် လွဲချော်သွားခဲ့ပါက နောက်ထပ်လက်သီးတစ်ချက်သည် ရန်သူအား တုံ့ပြန်ရန် အခွင့်အရေး လုံးဝမပေးဘဲ ချက်ချင်း နောက်ဆက်တွဲ ပါသွားရမည်ပင်။

ဤသည်မှာ အစွန်းရောက်လက်သီးဂိုဏ်း၏ ထူးခြားချက်ပင်။ လက်သီးချက်များသည် ပြင်းထန်မှုကို အဓိကထားပြီး ရလဒ်မှာမူ “မင်းသေရင်သေ မဟုတ်ရင် ငါသေရမည်” ဟူသော အဆုံးအဖြတ်မျိုး ဖြစ်သည်။ လုံယီ၏ အခြေခံလက်သီးသိုင်းမှာ နှံ့စပ်ကျွမ်းကျင်သည့် အဆင့်သို့ ရောက်ရှိပြီးဖြစ်ရာ သူသည် အစွန်းရောက်လက်သီးဂိုဏ်း၏ နည်းစနစ်များကို လျင်မြန်စွာ ပေါင်းစပ်နိုင်ခဲ့သည်။

ထိုအခါ သူ၏ စွမ်းရည်ပြမျက်နှာပြင်တွင် အပြောင်းအလဲများ ဖြစ်ပေါ်လာသည်။

[အမည်: လုံယီ (လျူယီ)]

[အသက်: ၁၉ / ၅၅]

[အဆင့်: မရှိသေးပါ]

[ကျင့်စဉ်: ဟူမိသားစု အသက်ရှူကျင့်စဉ် (အခြေခံ ၀/၁၀)]

[လုံမိသားစု ပုဆိန်သိုင်း (နှံ့စပ်ကျွမ်းကျင် ၀/၁၀၀)]

[အစွန်းရောက် လက်သီးသိုင်း (ကျွမ်းကျင် ၀/၃၀)]

[ခဲပစ်စွမ်းရည် (နှံ့စပ်ကျွမ်းကျင် ၀/၃၀)]

[ပေါ့ပါးသော ကိုယ်ခံပညာ (ကျွမ်းကျင် ၀/၂၀)]

[အခြေခံ လှံသိုင်း (အခြေခံ ၀/၆)]

[လျှို့ဝှက်စွမ်းရည်: နဂါးဖောက်ထွင်းခြင်း နည်းစနစ် အပိုင်းအစ (၁)]

[ပါရမီ: ကျောက်သားအဖြစ် ပြောင်းလဲခြင်း (အခြေခံ ၀/၂၀ + ကျောက်တုံးဝိညာဉ် ၁ ခုလိုအပ်)]

[စွမ်းအင်မှတ်: ၁၇]

ယခင်က အခြေခံလက်သီးသိုင်း အစား ယခုအခါ အစွန်းရောက် လက်သီးသိုင်း ကျွမ်းကျင်

အဆင့်ဖြစ်သွားခဲ့သည်။ ဤအဆင့်သို့ ရောက်ရှိသွားပြီဖြစ်သော လုံယီအတွက် လေခွဲသံ ထွက်ပေါ်အောင် ထိုးရန်မှာ အလွန်လွယ်ကူလှသည်။

သို့သော် သူသည် သိုင်းသင်တန်းကျောင်းသို့ ယခုမှ ရောက်ရှိလာသူဖြစ်ရာ အခြားသူများ၏ အာရုံစိုက်မှုကို အလွန်အကျွံ မခံလိုပေ။

သူ၏ အသက်အရွယ်အရပင် သူသည် လူကြားထဲ၌ ထင်ရှားနေပြီးသား ဖြစ်သည်။ ထို့ကြောင့် အခြေအနေကို အချိန်အတန်ကြာ စောင့်ကြည့်ပြီးမှသာ သူ၏ ပါရမီကို တဖြည်းဖြည်းချင်း ထုတ်ပြရန် စီစဉ်ထားသည်။ ဂိုဏ်း၏ စံချိန်မှာ ၂၁ ရက်ဖြစ်ရာ သူက တစ်လခန့်အကြာမှ အောင်မြင်သွားသည်ဟု ပြသလျှင် ပို၍ သဘာဝကျပေလိမ့်မည်။

အတွင်းစည်းတပည့် ချန်မုကျူသည် လေ့ကျင့်ရေးကွင်း၌ တစ်နာရီခန့်သာ နေထိုင်ပြီးနောက် အလျင်အမြန် ထွက်ခွာသွားခဲ့သည်။ ကျန်ရှိနေသော တပည့်များမှာမူ လျော့ရဲမနေကြဘဲ အချို့က ခြေလှမ်းအနေအထားများကို လေ့ကျင့်ကြပြီး အချို့ကမူ လက်သီးသိုင်းကို အပတ်တကုတ် လေ့ကျင့်နေကြရာ ဟား... ဟု ဟူသော အသံများမှာ ကွင်းပြင်တစ်ခုလုံးတွင် ပဲ့တင်ထပ်နေတော့သည်။

သူတို့မှာ အဆက်အသွယ်ဖြင့်ဖြစ်စေ ငွေကြေးဖြင့်ဖြစ်စေ ဝင်ရောက်လာသူများ ဖြစ်သော်လည်း သိုင်းပညာသင်ယူရန် အခြေခံအရည်အချင်းကိုသာ ရရှိထားကြခြင်း ဖြစ်သည်။ အကယ်၍သာ ကြိုးစားအားထုတ်မှု မရှိခဲ့ပါက တစ်နှစ်အကြာတွင် ဂိုဏ်းမှ ဖယ်ရှားခြင်း ခံရမည်ကို သူတို့အားလုံး သိရှိထားကြသည်။

“မင်းရဲ့ လက်သီးသိုင်းက ကြည့်ရတာ အတော်လေး ဟန်ကျသားပဲ”

လုံယီကို စောစောက တိုးတိုးလေး ကပ်ပြောခဲ့သည့် မျက်လုံးမှေးမှေးနှင့် လူငယ်မှာ လုံယီ၏ လေ့ကျင့်မှုကို သတိပြုမိသွားပြီး မျက်လုံးများ အရောင်တောက်ကာ အနားသို့ ရောက်လာသည်။

“လျှောက်လုပ်နေတာပါဗျာ”

လုံယီက ရယ်မောရင်း ပြန်ဖြေလိုက်သည်။

“ဟုတ်လို့လား ဒါဆို ငါတို့ လက်ရည်စမ်းကြည့်ကြမလား”

ထိုလူငယ်က အကြံပြုလာသည်။

“ကောင်းပြီလေ”

လုံယီက မငြင်းဘဲ လက်ခံလိုက်သည်။

သူတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင်၍ တိုက်စစ် ခုခံစစ်များ ဖလှယ်ကာ လက်ရည်စမ်းကြတော့သည်။ တစ်ချက်ချင်းစီတိုင်းမှာ တိကျသေချာပြီး အားပါပုံရသော်လည်း အမှန်တကယ်တွင်မူ လုံယီက သူ၏ စွမ်းအားကို အတော်လေး ထိန်းထားခြင်း ဖြစ်သည်။ ခဏအကြာတွင် မျက်လုံးမှေးနှင့် လူငယ်မှာ စိတ်ပျက်လက်ပျက်ဖြင့် ရပ်လိုက်တော့သည်။

“တော်ပြီ တော်ပြီ။ မင်းက ငါ့ထက် အများကြီး သန်မာမယ် ထင်နေတာ ကြည့်ရတာ ငါနဲ့ သိပ်မထူးပါလား။ ငါ့ဘာသာငါပဲ ဆက်လေ့ကျင့်တော့မယ်”

“ကျွန်တော်က အခုမှ ရောက်တာလေ အစ်ကို့ထက် ဘယ်လိုလုပ် ပိုသန်မာနိုင်မှာလဲ”

လုံယီက ပြောလိုက်သည်။

သူတို့ကို စောင့်ကြည့်နေကြသော လူစုမှာလည်း စိတ်ဝင်စားမှုမရှိတော့ဘဲ အကြည့်များကို ပြန်လည်လွှဲဖယ်သွားကြသည်။ ပင်မဝင်းမှ တပည့်များ၏ လှောင်ပြောင်ရယ်မောသံကိုပင် လုံယီ ကြားလိုက်ရသော်လည်း သူကတော့ ဂရုမစိုက်ခဲ့ပေ။

“မိန်းကလေးကျား... ဟိုလူအနှစ်ယောက်ကို ကြည့်စမ်းပါ။ အခုမှ လက်သီးစကျင့်တာကို ပညာရှင်ကြီးတွေလို ဟန်လုပ်နေကြတာ တကယ်ကို ရယ်စရာကောင်းတယ် ဟားဟားဟား”

စောစောက လက်သီးသိုင်း ခက်ခဲကြောင်း ညည်းတွားခဲ့သည့် အသားဖြူဖြူ လူငယ်လေးမှာ ယခုအခါ အမျိုးသမီးတပည့် ကျားဟုန်ရှေ့တွင် လုံယီတို့ဘက်ကို လက်ညှိုးထိုးပြကာ နှာခေါင်းရှုံ့လျက် ပြောနေခြင်း ဖြစ်သည်။

“သူတို့က အရင်က လက်သီးသိုင်းနဲ့ မထိတွေ့ဖူးတော့ သဘောတရားကို နားမလည်ကြတာ သဘာဝပါပဲ။ မိသားစုအစဉ်အဆက် လက်ဆင့်ကမ်းလာတဲ့ သိုင်းပညာတွေရှိပြီး သိုင်းလောကအကြောင်း နှံ့စပ်တဲ့ သခင်လေးဟွမ်နဲ့ ဘယ်ယှဉ်နိုင်ပါ့မလဲ”

ကျားဟုန်က သူမ၏ နှုတ်ခမ်းနီနီရဲရဲလေးကို အသာဟကာ ချိုသာသော အသံဖြင့် ပြောလိုက်ရာ ကြားရသူအဖို့ နွေးထွေးမှုကို ခံစားရစေသည်။

မျိုးရိုးအမည် ဟွမ်ဟု ခေါ်သော ထိုလူငယ်မှာ ထိုစကားကို ကြားသောအခါ အလွန်ဝမ်းသာသွားသော်လည်း ဟန်ကိုယ်ဖို့ဖြင့် “မိန်းကလေးကျားက ကျွန်တော့်ကို အမွှန်းတင်လွန်းနေပါပြီ။ ကျွန်တော်က အဲဒီလောက် မတော်သေးပါဘူး။ ကြည့်ပါဦး... ကျွန်တော်တောင် အစွန်းရောက်လက်သီးသံထွက်အောင် မထိုးနိုင်သေးဘူးလေ” ဟု ပြောလိုက်သည်။

“သခင်လေးဟွမ်ရဲ့ အရည်အချင်းနဲ့ဆိုရင် မကြာခင် အောင်မြင်လိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်”

“ဟားဟား... ဒါဆိုရင်တော့ ကျွန်တော် ကြိုးစားမှဖြစ်တော့မယ် မိန်းကလေးကျားရဲ့ မျှော်လင့်ချက်တွေကို အပျက်မခံနိုင်ဘူးလေ”

ထိုလူငယ်မှာ အားဆေးတစ်ခွက် သောက်လိုက်ရသကဲ့သို့ တက်ကြွသွားကာ ဘေးတွင် အားတက်သရော လက်သီးကျင့်တော့သည်။

သိုင်းလေ့ကျင့်ရေးကွင်းကြီးမှာ ကျယ်ဝန်းလှသော်လည်း တပည့်များမှာ နေရာနှစ်ခု သိသိသာသာ ကွဲပြားနေသည်။ ဘေးဝင်းမှ တပည့် ၃၀၊ ၄၀ ခန့်မှာ အနောက်ဘက်ခြမ်းတွင် တိုးဝှေ့နေကြပြီး ပင်မဝင်းမှ တပည့် ၁၀ ဦးအောက်နှင့် အမျိုးသမီးတပည့် အနည်းငယ်မှာမူ အရှေ့ဘက်ခြမ်းကို ကျယ်ကျယ်ဝန်းဝန်း အသုံးပြုနေကြသည်။

အတန်ကြာ လေ့ကျင့်ပြီးနောက် လုံယီမှာ အနည်းငယ် ပျင်းရိလာသည်။ သူ၏ အစစ်အမှန် ပါရမီမှာ အလွန်ပင် သာမန်မျှသာ ဖြစ်ပြီး လေ့ကျင့်မှုအပေါ်တွင်သာ အခြေခံထားခြင်း ဖြစ်သည်။ ထို့ကြောင့် ဆယ်ရက် ဆယ်ည လေ့ကျင့်နေလျှင်ပင် သူ၏ စွမ်းရည်ပြမျက်နှာပြင်မှာ ပြောင်းလဲချင်မှ ပြောင်းလဲမည်ဖြစ်သည်။

သို့ဖြစ်ရာ သူသည် အခွင့်ကောင်းကို စောင့်ကာ လေ့ကျင့်ရေးကွင်းမှ ထွက်လာပြီး ဂိုဏ်း၏ အပြင်ဘက်သို့ လျှောက်လာခဲ့သည်။ အပြင်သို့ ရောက်သောအခါ မလှမ်းမကမ်းတွင် စောင့်ဆိုင်းနေသော ရင်းနှီးသည့် ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။

“လုရန်…”

အခန်း။ ၇၄

လုံယီက အနားသို့ လျှောက်သွားပြီး “ရောက်နေတာ ကြာပြီလား” ဟု မေးမြန်းလိုက်သည်။

“နှစ်နာရီလောက် ရှိပြီ။ အစောင့်တွေကို အစ်ကိုကြီးဆီ သတင်းပို့ခိုင်းမလို့ပဲ ဒါပေမဲ့ အဲဒီကောင်တွေက ကျွန်တော့်ကို လုံးဝ အရေးမလုပ်ဘူးဗျာ”

“ဒါက သဘာဝပါပဲ။ ငါက အခုထိ တရားဝင်တပည့် မဟုတ်သေးတော့။ ဘယ်သူက ငါ့အတွက် အောက်ခြေသိမ်း အလုပ်လုပ်ပေးပါ့မလဲ”

လုံယီက ဂိုဏ်းတံခါးဝကို လှမ်းကြည့်ကာ ရယ်မောလိုက်ပြီး “ဒီကိစ္စကို ငါ့ဘာသာငါ ကိုင်တွယ်ပါ့မယ် နောက်ဆိုရင် မင်း ဒါတွေအတွက် စိတ်ပူနေစရာ မလိုတော့ဘူး”

“ဆရာကြီး... ကျွန်တော် အိမ်ရှာတွေ့ပြီဗျ”

“ဒီမှာ ငါ့ကို ဆရာကြီးလို့ မခေါ်ပါနဲ့ အစ်ကိုကြီးယီလို့ပဲ ခေါ်ပါ”

လုံယီက ကျေနပ်စွာဖြင့် ပြောလိုက်သည်။

“အိမ်က ဘယ်နားမှာလဲ ငါ့ကို လိုက်ပြဦး”

သူသည် လုရန်၏နောက်သို့ လိုက်ပါကာ လမ်းအကွေ့အကောက်များစွာကို ဖြတ်ကျော်ခဲ့ပြီးနောက် သိုင်းသင်တန်းကျောင်းနှင့် တစ်မိုင်ခန့်ဝေးသော လူနေရပ်ကွက်တစ်ခုသို့ ရောက်ရှိလာခဲ့သည်။

လုရန်နှင့် လျူယွမ်တို့ ရှာဖွေထားသော အိမ်မှာ အလွန်အမင်း မကျယ်ဝန်းလှပေ။

အိပ်ခန်း ၃ ခန်းနှင့် စတုရန်းမီတာ ၅၀ ၆၀ ခန့်ရှိသော ဝင်းတစ်ခု ပါဝင်သည်။ ဝင်း၏ ဘေးတစ်ဖက်တစ်ချက်တွင် အဝါရောင်နှင့် အနီရောင် ပန်းမျိုးစုံ စိုက်ပျိုးထားသည့် ပန်းခင်းလေးများ ရှိသည်။ အိမ်မှာ လူနေရပ်ကွက်၏ အတွင်းပိုင်း အနက်ဆုံးနေရာတွင် တည်ရှိပြီး ဘေးအိမ်နှစ်အိမ်မှာလည်း လူမရှိသဖြင့် အလွန် ဆိတ်ငြိမ်ပြီး လုံခြုံမှုရှိလှသည်။

“ကောင်းတယ်... တစ်နှစ်ကို ဘယ်လောက်လဲ”

“ကျွန်တော်တို့ တော်တော်လေး ဈေးဆစ်လိုက်ရတယ် နောက်ဆုံးတော့ ငွေပြား ၁၀ တုံး နဲ့ ရခဲ့ပါတယ်”

“တစ်လကို ငွေပြားတစ်တုံးတောင် မပြည့်ဘူးပေါ့ မဆိုးပါဘူး”

လုံယီက ခေါင်းညိတ်လိုက်သည်။

“ငါကတော့ ခဏတဖြုတ် ပြန်လာနေဖြစ်မှာ မဟုတ်ဘူး။ မင်းတို့နှစ်ယောက်ကရော ဘာလုပ်ဖို့ စိတ်ကူးထားလဲ”

“ကျွန်တော်ကတော့ သားသတ်ဆိုင်တစ်ခုမှာ အလုပ်ရပြီဗျ။ အလုပ်ဟောင်းပဲ ပြန်လုပ်တော့မယ်”

လုရန်က ပြောလိုက်သည်။

“ကျွန်တော်ကတော့ ဘာလုပ်ရမလဲ မဆုံးဖြတ်ရသေးဘူး”

လျူယွမ်က အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။ သူသည် အရင်ကတည်းက လေလွင့်နေသူဖြစ်ရာ အတည်တကျ အလုပ်အကိုင် မရှိခဲ့ပေ။

“အလောမကြီးပါနဲ့ ဖြည်းဖြည်းချင်း စဉ်းစားပေါ့”

လုံယီက သူ၏ အင်္ကျီလက်စွပ်ထဲမှ ငွေစက္ကူအချို့ကို ထုတ်ယူကာ သူတို့နှစ်ဦးအား ကမ်းပေးလိုက်သည်။

“စားတာ၊ သောက်တာနဲ့ နေထိုင်တာအတွက် ဝန်မလေးကြနဲ့”

“ငါ ဒီမှာ ခြေကုပ်ရပြီဆိုတာနဲ့ မင်းတို့ကို သိုင်းသင်တန်းကျောင်းထဲခေါ်ပြီး သိုင်းသင်ပေးဖို့ဆိုတာ မဖြစ်နိုင်တာ မဟုတ်ဘူး”

လုံယီ၏ ကတိစကားကြောင့် သူတို့နှစ်ဦး၏ မျက်ဝန်းများမှာ မျှော်လင့်ချက်များဖြင့် တောက်ပသွားကြတော့သည်။

“ဒါနဲ့... မတော်တဆ သေဆုံးတဲ့ သတင်းတွေရှိရင် ငါ့ကို သတိထားကြည့်ပေးထားဦး”

ထိုသို့ထူးဆန်းသည့် အကူအညီတောင်းမှုကို ကြားရသောအခါ သူတို့နှစ်ဦးမှာ ဇဝေဇဝါ ဖြစ်သွားကြသည်။ ထို့နောက် လုံယီသည် အိမ်ပြင်သို့ ထွက်လာကာ လမ်းသွားလမ်းလာများအား သင်္ချိုင်းတည်နေရာကို စုံစမ်းမေးမြန်းလိုက်သည်။

“မြို့တောင်ဘက်မှာ သင်္ချိုင်း နှစ်ခုရှိတယ်။ တစ်ခုက ဒီကနေ ငါးမိုင် ခြောက်မိုင်လောက် ဝေးတယ်...”

ထိုညတွင် လုံယီသည် သင်္ချိုင်းအသစ်တစ်ခုဆီသို့ အပြေးအလွှား သွားခဲ့သည်။ မြို့ပြရှိ သင်္ချိုင်းမှာ ဆင်းရဲသားရပ်ကွက်က သင်္ချိုင်းနှင့် တကယ့်ကို ကွာခြားလှသည်။

မြေပုံတစ်ခုချင်းစီမှာ သပ်ရပ်စွာ တန်းစီနေပြီး အရွယ်အစားနှင့် အရောင်အသွေးတူညီသော ကျောက်တိုင်များ စိုက်ထူထားသည်။ ထိုကျောက်တိုင်များပေါ်တွင် သေဆုံးသူ၏ အမည် အသက်နှင့် သင်္ဂြိုဟ်သည့်ရက်စွဲတို့ကို အသေအချာ ရေးထိုးထားသည်။

“ဒါက ပိုတောင် လွယ်သွားသေးတယ်”

လုံယီသည် ဝမ်းသာအားရ ဖြစ်သွားသည်။ ဤသို့ဆိုလျှင် သူသည် နောက်ဆုံးတန်းရှိ အသစ်စက်စက် မြေပုံများကိုသာ ရှာဖွေရန် လိုတော့သည်။ ယခင်ကကဲ့သို့ ရမ်းသန်းရှာဖွေနေရခြင်းမျိုး မဟုတ်တော့သဖြင့် လုပ်ငန်းတွင်မှုမှာ သိသိသာသာ တိုးတက်လာသည်။

သို့သော် ကျောက်တိုင်ပေါ်ရှိ ရက်စွဲများအရ လွန်ခဲ့သော သုံးရက်အတွင်း သင်္ဂြိုဟ်ထားသော မြေပုံ နှစ်ခုကိုသာ သူ တွေ့ရှိခဲ့သည်။ ထိုမြေပုံများကို တူးဖော်ကြည့်သောအခါ ဘာမျှမရရှိခဲ့ပေ။ သူတို့မှာ သဘာဝအတိုင်း အိုမင်း၍ သေဆုံးကြသူများဖြစ်ကြောင်း ထင်ရှားလှသည်။ မြို့တော်ကြီးမှာ ငြိမ်းချမ်းနေသည်မှာ ကြာပြီဖြစ်သလို တောရိုင်းတိရစ္ဆာန် ဘေးအန္တရာယ်လည်း မရှိသဖြင့် ကျေးလက်တောရွာများနှင့်ယှဉ်လျှင် မတော်တဆ သေဆုံးမှုနှုန်းမှာ အလွန်နည်းပါးလှသည်။

လုံယီသည် အခြားသင်္ချိုင်းတစ်ခုသို့ ဆက်သွားသော်လည်း ရလဒ်မှာ အတူတူပင် ဖြစ်နေသည်။

ငါ တစ်ခုခုတော့ ကြံစည်မှဖြစ်မယ်။

လုံယီ တစ်ကိုယ်တည်း တွေးတောမိသည်။ စွမ်းအင်မှတ်သည် သူ၏ ခွန်အားအရင်းအမြစ်ဖြစ်ရာ ၎င်းမရှိဘဲ မည်သည့်အရာကိုမျှ ပြီးမြောက်အောင် ဆောင်ရွက်နိုင်မည် မဟုတ်ပေ။

ထိုညတွင် လုံယီ သိုင်းသင်တန်းကျောင်းသို့ ပြန်ရောက်သောအခါ အခန်းဖော် လေးဦးမှာ ခုတင်ရှည်ကြီးပေါ်တွင် လဲလျောင်းနေကြပြီ ဖြစ်သည်။

“မင်းကတော့ တကယ့်ကို သတ္တိခဲပဲ။ လက်သီးကျင့်စဉ်ကိုတောင် အဆုံးထိ မလေ့ကျင့်ဘဲ ထွက်သွားရဲတယ်နော်။ တကယ်လို့ ထူးထူးခြားခြား အောင်မြင်မှုမပြနိုင်ရင် ဂိုဏ်းက ထုတ်ပယ်ခံရလိမ့်မယ်”

ကျင်းဖုန်းက စေတနာဖြင့် သတိပေးလိုက်သည်။

“ဟေ့... လူတိုင်းက မင်းလို အူကြောင်ကြောင်မှ မဟုတ်တာ။ ဒီကညီလေးက တစ်ကွက်နှစ်

ကွက်လောက်နဲ့တင် တတ်သွားတာလည်း ဖြစ်နိုင်တာပဲ”

မျက်လုံးမှေးနှင့် လူငယ်က ဘေးမှနေ၍ နောက်ပြောင်လိုက်သည်။

သူ၏အမည်မှာ နွီဖန်ဖြစ်ကြောင်း လုံယီ သိလိုက်ရသည်။

“သူငယ်ချင်းတစ်ယောက်က အကူအညီတောင်းလို့ သွားပေးရတာပါ”

လုံယီက ပြုံးလျက် ပြောလိုက်သည်။

“နောက်လည်း ကျွန်တော် မကြာခဏ အပြင်ထွက်ဖြစ်မှာပါ”

လုံယီက ဂရုမစိုက်သကဲ့သို့ ပြောနေသဖြင့် ကျင်းဖုန်းမှာ မျက်မှောင်ကြုတ်သွားသော်လည်း ထပ်၍ ဘာမျှမပြောတော့ပေ။

“အစ်ကိုကြီးကျင်းရယ်... လူတိုင်းမှာ ကိုယ်စီရည်မှန်းချက်တွေ ရှိကြတာပဲ။ ငါ့အဖေကသာ အတင်းအကျပ် လွှတ်လိုက်လို့ပေါ့ မဟုတ်ရင် ငါလည်း ဒီလက်သီးသိုင်းတွေကို ကျင့်နေမှာ မဟုတ်ဘူး”

မြောက်ဘက်နံရံဘေးတွင် အိပ်သောသူက ခံစားချက်ပါပါဖြင့် ဝင်ပြောသည်။

သူ့အမည်မှာ ဟဲယွီဖြစ်ပြီး ချမ်းသာသော စီးပွားရေးလုပ်ငန်းရှင် မိသားစုမှ လာသူဖြစ်သည်။ လုံယီ မရောက်လာမီက သူသည် အပျင်းဆုံးသူ ဖြစ်ခဲ့သည်။ ယခုအခါ သူ့ထက် ပို၍ ပျင်းပုံရသော လုံယီကို မြင်သောအခါ သူသည် လုံယီအပေါ် အလိုအလျောက် သံယောဇဉ် ဖြစ်သွားတော့သည်။

“ဒါနဲ့ လျူယီ... မင်းက ဒီထဲကို ဘယ်လိုဝင်လာတာလဲ။ ငွေပေးပြီး ဝင်တာလား ဒါမှမဟုတ် အဆက်အသွယ်နဲ့လား”

လုံယီမှာ ခဏတာ မှင်သက်သွားပြီးနောက် “ကျွန်တော်ကတော့ သူငယ်ချင်းတစ်ယောက်ရဲ့ အဆက်အသွယ်နဲ့ ဝင်ခဲ့တာပါ” ဟု ပြန်လည်ဖြေကြားလိုက်သည်။

“ဝါး... မင်းရဲ့အဆက်အသွယ်က တကယ်ကို တောင့်တင်းပုံရတယ်”

ဟဲယွီက ခါးသီးစွာ ပြုံးလျက် ပြောလိုက်သည်။

“ငါ့အဖေဆိုရင် ဒီဂိုဏ်းက အုပ်ချုပ်ရေးမှူးတစ်ယောက်ကို ရှာပြီး အပိုငွေ ငွေပြား ၅၀ တောင် ပေးခဲ့ရတာ။ အဲဒါတောင် ဘေးဝင်းထဲမှာပဲ နေရသေးတယ်”

“သင်တန်းကြေးကလည်း တစ်နှစ်ကို ငွေပြား ၅၀ ဆိုတော့ စုစုပေါင်း ၁၀၀ တောင် ကုန်သွားတာပေါ့”

ဟဲယွီ၏ စကားကို ကြားသောအခါ လုံယီ အံ့သြသွားမိသည်။ သူသည် သင်တန်းကြေး တစ်ပြားတစ်ချပ်မှ မပေးခဲ့ရသလို မည်သူကမျှလည်း သူ့ကို မတောင်းခဲ့ကြပေ။ ကြည့်ရသည်မှာ သိုင်းသင်တန်းကျောင်းက စူးမိသားစု၏ မျက်နှာကို အတော်လေး ထောက်ထားပုံရသည်။

“ငါ့ရဲ့ ဒုတိယဒေါ်လေးရဲ့ ဝမ်းကွဲဦးလေးက ဒီဂိုဏ်းရဲ့ အကြီးအကဲ တစ်ယောက်ပဲ။ အဲဒါတောင် ငါ ၇၀ ပေးခဲ့ရတယ်”

နွီဖန်က မကျေမနပ် ဝင်ပြောသည်။

“ဘာလို့ ငါက မင်းထက် ၂၀ ပိုပေးရတာလဲ”

“လူချင်းမတူရင် လာဘ်ထိုးရတဲ့ ဈေးနှုန်းချင်းလည်း မတူဘူးပေါ့”

တောင်ဘက်နံရံဘေးမှ လူက အေးစက်စွာ ပြောလိုက်သည်။

သူသည် လုံယီကို ခုတင်နေရာအတွက် သတိပေးခဲ့သူ ကျဲပိုင်ဖြစ်ပြီး အမြဲတစေ တစ်ကိုယ်တည်းနေကာ စကားနည်းသူဖြစ်သည်။

“အစွန်းရောက်လက်သီးဂိုဏ်းက ဈေးအသက်သာဆုံးလို့တောင် ပြောလို့ရတယ်။ လေးလံသောဓားဂိုဏ်းရဲ့ ကြေးက ဒီထက် နှစ်ဆမက ပိုများတယ်လို့ ငါကြားဖူးတယ်”

“တကယ်လို့ လေးလံသောဓားဂိုဏ်းထဲသာ ဝင်လိုက်ရင် ငါတို့က အစွန်းရောက်လက်သီးဂိုဏ်းနဲ့ ရန်သူတွေ ဖြစ်ကုန်မှာပေါ့”

အခန်းဖော် ငါးဦးမှာ ခုတင်ရှည်ကြီးပေါ်တွင် တိုးဝှေ့ရင်း စကားဖောင်ဖွဲ့နေကြသည်။ ဂိုဏ်းဝင်စည်းကမ်းများမှစ၍ အခြားတပည့်များအကြောင်း ပင်မဝင်းတပည့်များနှင့် ဂိုဏ်းအတွင်းရှိ လူကုံထံများအကြောင်းအထိ သူတို့၏ စကားဝိုင်းမှာ စုံလင်လှရာ လုံယီအတွက် ဗဟုသုတများစွာ ရရှိခဲ့သည်။

သို့သော် ထိုသို့ စကားပြောကောင်းခဲ့ကြသဖြင့် နောက်တစ်နေ့ နံနက်တွင် လုံယီမှလွဲ၍ ကျန်လူများမှာ မျက်ခွံများ တွဲကျကာ လုံးဝ အားအင်ကုန်ခမ်းနေသည့် အသွင် ဖြစ်နေကြသည်။

“ဒီညတော့ ငါ စကားမပြောတော့ဘူး စောစောအိပ်မှဖြစ်မယ်”

ကျဲပိုင်က နောင်တရစွာ ပြောလိုက်သည်။ ဘေးရှိ နွီဖန်နှင့် ကျင်းဖုန်းတို့မှာလည်း အဆက်မပြတ် ခေါင်းညိတ် ထောက်ခံနေကြတော့သည်။

နောက်ရက်များတွင် လုံယီသည် နေ့ဘက်၌ သိုင်းလေ့ကျင့်ရေးကွင်းတွင် လက်သီးကျင့်ပြီး ညဘက်တွင်မူ သင်္ချိုင်းသို့သွား၍ မြေပုံတူးသည့်အလုပ်ကို လုပ်ကိုင်ခဲ့သည်။

သူသည် အခန်းဖော်များနှင့် တဖြည်းဖြည်း ရင်းနှီးလာခဲ့သည်။ အထူးသဖြင့် စိတ်ရင်းမှန်ပြီး ရင့်ကျက်သည့် ကျင်းဖုန်း၊ ကောက်ကျစ်သလိုရှိသော်လည်း စိတ်မပုပ်သည့် နွီဖန်တို့နှင့် ပို၍ ခင်မင်လာသည်။

လုရန်သည် သားသတ်ဆိုင်တစ်ခုတွင် အရိုးဖြတ်သည့်အလုပ် ရရှိသွားပြီး သူ၏ အတတ်ပညာဟောင်းကို ပြန်လည် အသုံးချနေသည်။

လျူယွမ်မှာလည်း မြို့ထဲရှိ လမ်းဘေးများ ပြည့်တန်ဆာရပ်ကွက်များနှင့် လက်ဖက်ရည်

ဆိုင်များတွင် လှည့်လည်သွားလာနေရင်း လုံယီအတွက် ပုံမှန်မဟုတ်သော သေဆုံးမှုသတင်းတစ်ခုကို ရှာဖွေပေးနိုင်ခဲ့သည်။

လုံယီသည် ပေါ့ပါးသောကိုယ်ခံပညာကို အသုံးချကာ ထိုသူ၏အိမ်အတွင်းသို့ မသိမသာ ဝင်ရောက်ပြီး စွမ်းအင်အချို့ကို စုဆောင်းခဲ့သည်။ သို့သော် စွမ်းအင်ရရှိမှုနှုန်းမှာ အလွန်နှေးကွေးနေသဖြင့် သူသည် နည်းလမ်းသစ်များကိုလည်း ရှာဖွေနေခဲ့သည်။

ယနေ့ သိုင်းလေ့ကျင့်ရေးကွင်းတွင်...

သင်ကြားပေးသူမှာ ယခင်အတိုင်းပင် ချန်မုကျူ ဖြစ်သည်။ ထိုလေးထောင့်ကျကျ မျက်နှာနှင့် အတွင်းစည်းတပည့်မှာ ကိုယ်ဟန်အနေအထားနှင့် လက်သီးသိုင်းနည်းစနစ်များကို သရုပ်ပြသပြီးနောက် အားလုံးကို မိမိဘာသာ လေ့ကျင့်စေသည်။ သူသည် ကွင်းပြင်အတွင်း လှည့်လည်ကြည့်ရှုရင်း လိုအပ်သည်များကို လိုက်လံထောက်ပြနေ၏။

“တင်ပါးကို နိမ့်ထားစမ်း ခြေထောက်တွေက သစ်ပင်အမြစ်တွေလို မြေကြီးထဲမှာ ခိုင်ခိုင်မြဲမြဲ ရှိနေရမယ်”

ချန်မုကျူက နွီဖန်၏ ပုခုံးကို အသာအယာ ပုတ်လိုက်ရာ နွီဖန်မှာ အနည်းငယ် ယိမ်းယိုင်သွားသည်။

“မင်းရဲ့ ခါးနဲ့ ခြေထောက်က အားတွေအားလုံး ဒူးဆစ်ပေါ်မှာပဲ စုနေတယ်။ အဲဒါကြောင့် အောက်ခြေက မခိုင်တာပဲ”

“ခါးကို မတ်ထား ပုခုံးကို လျှော့ထား... အားအင်တွေက ကျောရိုးကနေတစ်ဆင့် အပေါ်ကို စီးဆင်းသွားရမယ်”

ချန်မုကျူက ကျင်းဖုန်း၏ ခါးကို ထပ်မံညွှန်ပြသည်။

“မင်းက တောင့်တင်းမနေသင့်ဘူး နည်းနည်းလောက် လျှော့ချလိုက်ဦး”

အမျိုးသမီးတပည့်များရှိရာသို့ ရောက်သောအခါ ချန်မုကျူသည် ကိုယ်ထိလက်ရောက် သင်ကြားခြင်းထက် နှုတ်ဖြင့်သာ အကြံပေးတော့သည်။

“စီနီယာအစ်ကိုကြီးချန်... ကျွန်မကို အားထုတ်ပုံလေး သင်ပေးပါဦးလား။ လက်သီးထိုးတဲ့အခါ အားမပါသလို ခံစားနေရလို့ပါ”

ဝဝဖိုင်ဖိုင်နှင့် မျက်နှာဝိုင်းဝိုင်း အမျိုးသမီးတပည့်တစ်ဦးက သူမ၏ လက်မောင်းကို ညွှန်ပြရင်း မျှော်လင့်တကြီး မေးမြန်းသည်။

“အဟမ်း...”

ချန်မုကျူက လက်ကာပြလိုက်ပြီး “ကျားမဆိုတာ သင့်တင့်တဲ့ အကွာအဝေးမှာ နေသင့်

တယ်လေ” ဟု ပြောလိုက်ရာ အားလုံးထံမှ ရယ်သံများ ထွက်ပေါ်လာတော့သည်။

လုံယီသည်လည်း ဤစီနီယာအစ်ကိုကြီးချန်မှာ ရုပ်ရည်တည်ကြည်ရုံတင်မကဘဲ တရားမျှတပြီး တာဝန်ယူမှုရှိကြောင်း စကားဖြင့်ရော လက်တွေ့ဖြင့်ပါ သင်ကြားပေးတတ်ကြောင်း သတိပြုမိလိုက်သည်။ ကံဆိုးသည်မှာ သူသင်ကြားပေးနေသည်မှာ အခြေခံလက်သီးသိုင်းများသာ ဖြစ်ပြီး လုံယီအတွက်မူ ယခုလောလောဆယ် မလိုအပ်သေးပေ။

“စီနီယာအစ်ကိုကြီးချန်... ကျွန်တော့်ကိုလည်း လမ်းညွှန်ပေးပါဦးလားခင်ဗျာ”

လက်သီးသံမထွက်သဖြင့် ညည်းတွားနေခဲ့သည့် အသားဖြူဖြူဖြင့် သခင်လေးဟွမ်က ရုတ်တရက် ပြောလိုက်သည်။

“ကောင်းပြီ... မင်းရဲ့ လက်သီးသိုင်းကို တစ်ချက် ပြစမ်း ငါ ကြည့်ပေးမယ်”

ချန်မုကျူက ပြောလိုက်သည်။

သခင်လေးဟွမ်သည် မျက်နှာကို တည်ကြည်အောင် လုပ်လိုက်ပြီး ခြေထောက်နှစ်ဖက်ကို ခပ်ကျယ်ကျယ် ခွဲရပ်ကာ ဘယ်ဘက်လက်ဝါးကို ရှေ့သို့ ထောင်ထားသည်။ ထို့နောက် ညာဘက်လက်သီးကို နံဘေးမှနေ၍ ဖြည်းညှင်းစွာ တွန်းထုတ်လိုက်သည်။

“ဟား”

သူသည် ညာဘက်လက်သီးကို ရှေ့သို့ လွှဲထိုးလိုက်ပြီး ခါးကို သွက်လက်စွာ လိမ်ချိုးလိုက်သည်။ ထို့နောက် ညာလက်ကို ပြန်ရုပ်ကာ ဘယ်လက်သီးကို ချက်ချင်း ရှေ့သို့ ထိုးထုတ်လိုက်ရာ လေတိုးသံသဲ့သဲ့ ထွက်ပေါ်လာသည်။ ခြေလှမ်းများကို ရှေ့တိုးနောက်ငင် လှုပ်ရှားရင်း လက်သီးများကို ထပ်ကာထပ်ကာ ထိုးပြနေသည်။

သူ၏ ခါးနှင့် ဝမ်းဗိုက်လှုပ်ရှားမှုမှာ ရေကူးနေသည့် ငါးတစ်ကောင်၏ အမြီးခတ်ပုံနှင့် ဆင်တူလှသည်။ နောက်ဆုံးတွင် ၄၅ ဒီဂရီ အထက်သို့ ပင့်လက်သီးတစ်ချက် ထိုးလိုက်ရာ ဗုန်းဟူသော အသံတိုးတိုး ထွက်ပေါ်လာတော့သည်။

“သခင်လေးဟွမ်က တကယ်တော်တာပဲ လက်သီးသံတောင် ထွက်နေပြီ”

အနီးနားရှိ လူအချို့က ချီးကျူးကြသည်။

သို့သော် သခင်လေးဟွမ်မှာ မကျေနပ်သည့်အသွင်ဖြင့် ခေါင်းခါယမ်းကာ “အသံထွက်ပေမယ့် ဗျောက်အိုးဖောက်သံနဲ့တော့ အဝေးကြီး လိုပါသေးတယ်။ ဘာတွေ လိုအပ်နေလဲဆိုတာ ကျွန်တော် တကယ်ကို ဇဝေဇဝါ ဖြစ်နေလို့ပါ စီနီယာအစ်ကိုကြီးချန် လမ်းညွှန်ပေးပါဦး” ဟု ခပ်ကျယ်ကျယ် ပြောလိုက်သည်။

ထိုသို့ ပြောနေစဉ်မှာပင် သူသည် မျက်စောင်းထိုးတွင်ရှိသော ကျားဟုန်၏ မျက်နှာအမူအရာကို ခိုးကြည့်နေခဲ့သည်။

“မင်းရဲ့ ခြေလက်တွေမှာ အားရှိတယ် လှုပ်ရှားမှုတွေကလည်း စံချိန်မီပါတယ်”

ချန်မုကျူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“ဒါပေမဲ့ စီးဆင်းမှု အားနည်းနေသေးတယ်။ အရိုးအဆစ်တွေနဲ့ ကြွက်သားတွေရဲ့ ပေါင်းစပ်မှုက မပြည့်စုံသေးဘူး”

“ကဲ... မင်း သူတို့ကို လက်သီးသိုင်း တစ်ချက်လောက် ပြလိုက်စမ်း”

ရုတ်တရက် ချန်မုကျူက လုံယီကို လက်ညှိုးထိုးညွှန်ပြလိုက်ရာ အားလုံး အံ့အားသင့်သွားကြတော့သည်။

All Chapters