← Chapters

အခန်း (၇၅-၇၆)

Vol. 8 Ch. 75-76

အခန်း (၇၅-၇၆)

Vol. 8 Ch. 75-76

အခန်း။ ၇၅

ရက်အနည်းငယ်သာ ရှိသေးသည့် ဤလူသစ်အား စီနီယာအစ်ကိုကြီးချန်က ဘယ်လိုဖြစ်လို့ သတိထားမိသွားတာလဲဆိုသည်ကို လုံယီ နားမလည်နိုင်အောင် ဖြစ်နေရသည်။ သို့သော် ခဏမျှ စဉ်းစားကြည့်ပြီးနောက် သူ သဘောပေါက်သွားခဲ့သည်။

သူသည် သ၏ အရည်အချင်းကို ဖုံးကွယ်ထားလိုသော်လည်း တစ်နေ့လျှင် ၁၀ နာရီခန့် လက်သီးသိုင်း ကျင့်ကြံနေသူဖြစ်ရာ အမြဲတမ်း အမူအရာပျက်အောင် ဟန်ဆောင်နေရန်မှာ မဖြစ်နိုင်သလို သူကိုယ်တိုင်ကလည်း ထိုသို့ ဟန်ဆောင်နေရသည်ကို ပျင်းရိလှသည်။ ထူးကဲသော ခွန်အားရှိသည့် ချန်မုကျူအနေဖြင့် လုံယီ၏ ထူးခြားမှုကို စောစီးစွာ သတိပြုမိသွားခြင်းမှာ မဆန်းပေ။

လုံယီသည် ရှေ့သို့ တိုးထွက်လိုက်ပြီး အစပြုအနေအထားကို ယူကာ လက်သီးများကို တစ်ဆက်တည်း ထိုးထုတ်လိုက်ရာ ကြည့်ရှုနေသူများမှာ မျက်တောင်မခတ်နိုင်အောင် ဖြစ်သွားကြသည်။ သို့သော် နောက်ဆုံးကွက်သို့ ရောက်သောအခါ သူသည် ဆက်မထိုးတော့ဘဲ ရပ်တန့်လိုက်သည်။

“ဘာလို့ ဆက်မထိုးတာလဲ”

ချန်မုကျူက နားမလည်နိုင်စွာ မေးမြန်းလိုက်သည်။

“ကျွန်တော် မကျွမ်းကျင်သေးလို့ပါ အဲဒီ နောက်ဆုံးလက်သီးသံကို မထွက်အောင် မတတ်

နိုင်သေးပါဘူး။ နောက်ထပ် လေ့ကျင့်ဖို့ လိုပါသေးတယ်”

လုံယီက အကြောင်းပြချက် ပေးလိုက်သည်။

“ငါ့အမြင်အရတော့ မင်းက အဲဒီအဆင့်ကို မရောက်သေးဘူးဆိုရင်တောင် ရောက်ဖို့ အများကြီး မလိုတော့ဘူး”

ချန်မုကျူသည် သံသယမဝင်ဘဲ မျိုးရိုးအမည် ဟွမ်ဟုခေါ်သော လူငယ်ဘက်သို့ လှည့်ကာ “မင်းတို့ နှစ်ယောက်ကြားက ကွာခြားချက်ကို မြင်ပြီလား” ဟု မေးလိုက်သည်။

မျိုးရိုးအမည် ဟွမ်နှင့် လူငယ်မှာ မျက်နှာပျက်သွားပြီး ဘာမျှ ပြန်မပြောနိုင်ဘဲ ဖြစ်နေသည်။

“အဲဒါက စီးဆင်းမှုပဲ။ သူရဲ့ လှုပ်ရှားမှုတိုင်းက တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေပြီး အစအဆုံး တစ်သားတည်း ဖြစ်နေတယ်။ မင်းရဲ့ လက်သီးတွေက ပိုပြီး ကြောက်စရာကောင်းပုံရပေမဲ့ ကြားထဲမှာ ဟာကွက်တွေ ရှိနေတယ်။ အဲဒါကြောင့်လည်း အဲဒီအသံကို မထွက်နိုင်တာပဲ”

ချန်မုကျူက အပြင်သို့ လျှောက်လှမ်းရင်း ဆက်ပြောသည်။

“မင်းမှာ ကောင်းမွန်တဲ့ မိသားစုနောက်ခံနဲ့ အခြေခံတွေ ရှိတယ် တခြားလူတွေထက်လည်း စောပြီး အစပြုနိုင်ခဲ့တယ်။ ဒါပေမဲ့ မင်း လုံလုံလောက်လောက် မလေ့ကျင့်ဘူးဆိုရင်တော့ နောက်ဆုံးမှာ တခြားလူတွေရဲ့ ကျော်တက်တာကို ခံရလိမ့်မယ်”

ချန်မုကျူ ထွက်သွားပြီးနောက် လေ့ကျင့်ရေးကွင်းတစ်ခုလုံး ခဏတာ တိတ်ဆိတ်သွားသည်။ ခန္ဓာကိုယ် သွယ်လျသော လူငယ် ဟွမ်လုံကန်း၏ မျက်နှာမှာ မည်းမှောင်နေသဖြင့် မည်သူမျှ စကားမပြောရဲကြပေ။

“ဟားဟား... ဟွမ်လုံကန်း ငါ ပြောသားပဲ... ဘေးဝင်းက တပည့်တွေထဲမှာလည်း ပညာရှင်တွေ ရှိတယ်ဆိုတာ အခုတော့ ယုံပြီလား”

လှောင်ပြောင်သံစွက်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုသူမှာလည်း ပင်မဝင်းမှ တပည့်တစ်ဦးပင်။ သူ၏ ဆံပင်တွင် ထိုးထားသော ဆံထိုးမှာ ဆင်စွယ်ဖြင့် ပြုလုပ်ထားရာ ကျောက်စိမ်းဖြူထက်ပင် ပို၍ တန်ဖိုးကြီးလှသည်။ သူ၏ ဖိနပ်များမှာ အဆင့်မြင့် ကြံ့သားရေဖြင့် ပြုလုပ်ထားပြီး ဝတ်စုံမှာလည်း ဟွမ်လုံကန်း၏ မိသားစုထက် မနိမ့်ကျသော နောက်ခံရှိကြောင်း ပြသနေသည်။

သို့သော် သူ၏ ရုပ်ရည်မှာ သာမန်မျှသာဖြစ်ပြီး မျက်လုံးကြီးကြီးနှင့် မေးစေ့ကျယ်ကျယ် ရှိသည်။ သူသည် အဆင့်မြင့်ပုံပေါက်အောင် ခေါက်ယပ်တောင်ဖြူတစ်ချပ်ကို ခတ်နေသော်လည်း ကြည့်ရသည်မှာ ရယ်စရာကောင်းနေသည်။

“မင်းကိုယ်တိုင် ထိုးပြလိုက်ရသလိုမျိုး ပြောမနေနဲ့”

ဟွမ်လုံကန်းက ယပ်တောင်ကိုင်ထားသူကို နှာခေါင်းရှုံ့ကာ ပြန်ပြောလိုက်သည်။ ထို့နောက် သူသည် လေ့ကျင့်ရေးကွင်းထဲသို့ တစ်ကိုယ်တည်း လျှောက်လှမ်းသွားတော့သည်။

ခဏချင်းမှာပင် လူတိုင်းမှာ လူစုခွဲလိုက်ကြပြီး သူတို့၏ လက်သီးသိုင်းများကို ကိုယ်စီ လေ့ကျင့်ကြတော့သည်။ ဘာမျှ မဖြစ်ခဲ့သကဲ့သို့ပင်။

သို့သော် လုံယီ သတိပြုမိသည်မှာ သူနှင့်အတူ လက်သီးအမြဲ လေ့ကျင့်လေ့ရှိသော အခန်းဖော် နွီဖန်နှင့် အနီးနားရှိ လူအချို့မှာ သူ့ထံမှ မသိမသာ ခပ်ခွာခွာ နေလာကြခြင်း ဖြစ်သည်။

သာမန်လူတွေရဲ့ သူ့ကိုယ်သူ ကာကွယ်ချင်တဲ့ အကျင့်ပဲ။

လုံယီက စိတ်ထဲမှ ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်လိုက်မိသည်။

ဟွမ်လုံကန်းသည် မြို့မ၏ သြဇာကြီးမားသော မျိုးနွယ်စုများထဲမှ တစ်ခုဖြစ်သည့် ဟွမ်မိသားစုမှ ဆင်းသက်လာသူ ဖြစ်သည်။ သို့သော် ထိုအချက်မှာ အရေးမကြီးလှပေ။

အရေးကြီးသည်မှာ သူသည် အငြိုးအတေး ထားတတ်ပုံရခြင်းပင်။ လက်သီးသိုင်း နှိုင်းယှဉ်မှုတွင် လုံယီကို ရှုံးနိမ့်သွားခြင်းက သူ့ကို အစာမကျေ ဖြစ်စေနိုင်ပြီး လုံယီနှင့် နီးစပ်သူများကိုပါ ထိခိုက်လာနိုင်ပေသည်။ လုံယီကမူ ထိုဟွမ်မိသားစု သခင်လေးကို အမှန်တကယ် ကြောက်ရွံ့ခြင်း မရှိဘဲ စိတ်ထဲမှပင် ထုတ်ပယ်လိုက်ကာ သူ၏ လက်သီးကျင့်စဉ်ကိုသာ ဆက်လက် လေ့ကျင့်နေတော့သည်။

သူ လေ့ကျင့်နေစဉ်အတွင်း ပတ်ဝန်းကျင်မှ ခိုးကြည့်နေသော အကြည့်များကို ရံဖန်ရံခါ ခံစားနေရသည်။ ချန်မုကျူ၏ ချီးကျူးစကားကြောင့် လူတိုင်းက လုံယီ၏ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုသွားကြပုံရသည်။ သို့သော် သူတို့ မည်မျှပင် စေ့စေ့စပ်စပ် ကြည့်ရှုစေကာမူ လုံယီ၏ နည်းစနစ်များတွင် ထူးခြားသည့် အချက်ကိုမူ ရှာမတွေ့နိုင်ကြပေ။

“အစ်ကိုကြီးယီ... တံခါးဝမှာ တစ်ယောက်ယောက်က လာရှာနေတယ်ဗျ”

အစောင့်တစ်ဦးက လေ့ကျင့်ရေးကွင်းသို့ ပြေးလာကာ အသိပေးသည်။

“ကျေးဇူးပဲ”

လုံယီက အစောင့်ကို အကြွေစေ့အချို့ ပေးကပ်လိုက်ပြီး လေ့ကျင့်ရေးကွင်းမှ ချက်ချင်း ထွက်ခွာခဲ့သည်။

အစွန်းရောက်လက်သီးဂိုဏ်း၏ ပင်မတံခါးဝ အပြင်ဘက်တွင်မူ လျူယွမ်သည် မြက်ခင်းပြင်တစ်ခုပေါ်၌ လဲလျောင်းကာ နေပူစာလှုံရင်း ဇိမ်ခံနေသည်။

“မင်းကတော့ စိတ်ကြည်နေတာပဲလား”

လုံယီက ရယ်မောရင်း “သတင်းတစ်ခုခု ရပြီလား” ဟု မေးလိုက်သည်။

“ဒီနေ့ ထူးထူးဆန်းဆန်း တစ်ခု ကြုံခဲ့ရတယ်ဗျ”

လျူယွမ်က ပြုံးစစဖြင့် ပြောလိုက်သည်။

“ကျွန်တော် ကြာပန်းမျှော်စင်ဆီကို အပျော်သွားတုန်းက အသက် ၇၀၊ ၈၀ အရွယ် အဘိုးကြီးတစ်ယောက် ရောက်လာပြီး အလှဆုံး မိန်းကလေးကို တောင်းဆိုတယ်ဗျာ... ခဏနေတော့ အော်သံတစ်ခု ထွက်လာပြီး အဘိုးကြီးက အဲဒီမိန်းကလေးပေါ်မှာတင် လေဖြတ်ပြီး သေသွားပါလေရော...”

လုံယီကမူ ထိုသူ သေဆုံးရသည့် အကြောင်းရင်းကို စိတ်မဝင်စားဘဲ “အဲဒီအဘိုးကြီး အခု ဘယ်မှာလဲ” ဟုသာ မေးလိုက်သည်။

“ကြာပန်းမျှော်စင်မှာပဲ ရှိသေးတယ် အဘိုးကြီးရဲ့ မိသားစုက အလောင်းကို လာမယူဘဲ ပြဿနာရှာနေကြလို့ အစိုးရရုံးကလူတွေတောင် ရောက်နေပြီ”

လုံယီသည် လျူယွမ်နောက်သို့ လိုက်ပါကာ ကြာပန်းမျှော်စင်၏ ဘေးတံခါးမှတစ်ဆင့် အတွင်းသို့ ဝင်ရောက်ခဲ့သည်။ ပုံမှန်ဆိုလျှင် သီချင်းသံ ကသံများဖြင့် စည်ကားနေမည့် နေရာမှာ ယခုအခါ တိတ်ဆိတ်လျက်ရှိသည်။ အနီရောင် မီးအိမ်များ ပန်းပုလက်ရာများနှင့် လှပသော ကုလားကာများမှာ သက်မဲ့အရာများကဲ့သို့ ရှိနေတော့သည်။

လုံယီသည် သူ၏ ပေါ့ပါးသောကိုယ်ခံပညာ ကို အသုံးချကာ သေဆုံးသူရှိရာ အခန်းထဲသို့ မသိမသာ ဝင်ရောက်ပြီးနောက် တိတ်တဆိတ် ပြန်ထွက်လာခဲ့သည်။

စွမ်းအင်မှတ် တစ်မှတ်သာ ရရှိခဲ့သည်။

သို့သော် ယခုအခါ သူ စုဆောင်းထားသော စွမ်းအင်မှာ အမှတ် ၂၀ ပြည့်သွားပြီဖြစ်ရာ သူ၏ တစ်ခုတည်းသော ကိုယ်ခံပညာဖြစ်သည့် ပေါ့ပါးသောကိုယ်ခံပညာကို အဆင့်မြှင့်တင်ရန် လုံလောက်သွားပြီ ဖြစ်သည်။

လုံယီသည် သူ၏ အိမ်ငှားလေးသို့ ပြန်လာကာ ကုတင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်လျက် အဆင့်မြှင့်တင်ခြင်းကို စတင်လိုက်သည်။

[ပေါ့ပါးသော ကိုယ်ခံပညာ (ကျွမ်းကျင် ၀/၂၀) → ပေါ့ပါးသော ကိုယ်ခံပညာ (နှံ့စပ်ကျွမ်းကျင် ၀/၆၀)]

ဆန်းကြယ်သော မှတ်ဉာဏ်များ သူ၏ ဦးနှောက်အတွင်းသို့ ရောက်ရှိလာသည်။

ရှေးဦးသစ်တောကြီးတစ်ခုနှင့် မီးဝံပုလွေမျိုးနွယ်စု...

အသားညိုညိုနှင့် လုံယီနှင့် ငါးပုံပုံလျှင် သုံးပုံခန့် ဆင်တူသော လူငယ်တစ်ဦးသည် ခြေဗလာဖြင့် သစ်လုံး ၃၆ လုံးဖြင့် ပြုလုပ်ထားသော မက်မွန်ပွင့် လေ့ကျင့်ရေးတိုင်ပေါ်သို့ အသာအယာ ခုန်တက်လိုက်သည်။ သူ၏ ကျောတွင် တောဟင်းသီးဟင်းရွက်နှင့် ဆေးမြစ်များ ပြည့်နေသော ဝါးခြင်းတောင်းကို လွယ်ထားပြီး ဒူးနှစ်ဖက်တွင်မူ ကျောက်ခဲများ ထည့်ထားသည့် အိတ်နှစ်အိတ်ကို ချည်နှောင်ထားသည်။

သစ်လုံးများပေါ်တွင် ဘယ်ညာ လျင်မြန်စွာ လှုပ်ရှားနေစဉ် လေးလံသော ဝါးခြင်းတောင်းနှင့် လွှဲခါနေသော အိတ်များက သူ၏ ဟန်ချက်ကို အမြဲတစေ ပျက်ပြားစေရန် ခြိမ်းခြောက်နေသဖြင့် ပြုတ်ကျလုနီးနီး အခြေအနေသို့ အကြိမ်ကြိမ် ဆိုက်ရောက်နေရသည်။

သို့သော်လည်း ထိုကောင်လေးသည် အံကြိတ်ကာ ဇွဲမလျှော့ဘဲ ပြုတ်ကျတိုင်း ပြန်လည်ထရပ်ခဲ့သည်။ ကျရှုံးမှုတိုင်းကို ပြန်လည်သုံးသပ်ရင်း ဤသို့သော လေ့ကျင့်မှုကို ငါးနှစ်တိုင်တိုင် တစ်ရက်မပျက် လုပ်ဆောင်ခဲ့သည်။

နောက်ပိုင်းတွင် ကျောပိုးခြင်းတောင်းမှာ ပိုမိုကြီးမားလာပြီး ခြေထောက်ရှိ အိတ်များမှာလည်း ကျောက်ခဲများအစား သံမှုန့်များဖြင့် အစားထိုးလိုက်သော်လည်း သူသည် မက်မွန်ပွင့်တိုင်များပေါ်တွင် မြေကြီးနှင့်မထိဘဲ လျင်မြန်စွာ လျှောက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။ ထိုအချိန်တွင် ပြင်ပအား သို့မဟုတ် အရာဝတ္ထုတစ်ခုခုက သူ၏ ခြေလှမ်းတည်ငြိမ်မှုနှင့် အရှိန်အဟုန်ကို မည်သို့မျှ မလွှမ်းမိုးနိုင်တော့ပေ။

လုံယီ မျက်လုံးဖွင့်လိုက်သောအခါ ရင်းနှီးနေသော နွေးထွေးသည့် စွမ်းအင်များက ဟင်းလင်းပြင်မှတစ်ဆင့် သူ၏ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာပြီး ကြွက်သားနှင့် အရိုးအဆစ်များကို ဖြည်းဖြည်းချင်း သန်မာလာစေသည်။ အရေးအကြီးဆုံးအချက်မှာ ခြေထောက်၊ ခါး၊ ကျောကုန်း၊ ဝမ်းဗိုက်နှင့် လည်ပင်းတို့ရှိ ကြွက်သားများ၏ မှတ်ဉာဏ်ပင်။

လုံယီသည် အိမ်အပြင်ဘက်ရှိ တစ်လံကျော်မြင့်သော တံတိုင်းနားသို့ လျှောက်သွားလိုက်သည်။ သူသည် ရှိသည့်နေရာမှပင် အသာအယာ ခုန်လိုက်ရာ တံတိုင်းပေါ်သို့ လွယ်ကူစွာ ရောက်ရှိသွားတော့သည်။ ယခင်ကဆိုလျှင် ခုန်တက်နိုင်သော်လည်း ယခုလောက် မလွယ်ကူဘဲ လက်ဖြင့် အားပြုတွန်းတင်ရန် လိုအပ်ပေလိမ့်မည်။

သူ၏ လှုပ်ရှားမှုများမှာ တစ္ဆေတစ်ကောင်ကဲ့သို့ ဖမ်းရဆုပ်ရ ခက်လှပြီး သာမန်လူများဆိုလျှင် သေချာပင် မြင်တွေ့နိုင်မည် မဟုတ်ပေ။

ယခုဆိုလျှင် နေဝင်တောင်တန်း၏ ခေါင်းဆောင် ရှူးရှီးနှင့် ရင်ဆိုင်ရပါက သူ၏ ခြေလှမ်းစွမ်းရည်တစ်ခုတည်းဖြင့်ပင် ကစားရုံဖြင့် အနိုင်ယူနိုင်သည်။ သာမန် ဒုတိယသွေးကြောအဆင့်သိုင်းသမားများမှာ သူ့အတွက် ခြိမ်းခြောက်မှု မဟုတ်တော့ပေ။

လုံယီသည် စွမ်းရည်ပြမျက်နှာပြင်ကို တစ်ချက်ကြည့်လိုက်သည်။

[အမည်: လုံယီ]

[အသက်: ၁၉ / ၅၅]

[အဆင့်: မရှိသေးပါ]

[ကျင့်စဉ်: ဟူမိသားစု အသက်ရှူကျင့်စဉ် (အခြေခံ ၀/၁၀)]

[လုံမိသားစု ပုဆိန်သိုင်း (နှံ့စပ်ကျွမ်းကျင် ၀/၁၀၀)]

[အစွန်းရောက် လက်သီးသိုင်း (ကျွမ်းကျင် ၀/၃၀)]

[ခဲပစ်စွမ်းရည် (နှံ့စပ်ကျွမ်းကျင် ၀/၃၀)]

[ပေါ့ပါးသော ကိုယ်ခံပညာ (နှံ့စပ်ကျွမ်းကျင် ၀/၆၀)]

[အခြေခံ လှံသိုင်း (အခြေခံ ၀/၆)]

[လျှို့ဝှက်စွမ်းရည်: နဂါးဖောက်ထွင်းခြင်း နည်းစနစ် အပိုင်းအစ (၁)]

[ပါရမီ: ကျောက်သားအဖြစ် ပြောင်းလဲခြင်း (အခြေခံ ၀/၂၀ + ကျောက်တုံးဝိညာဉ် ၁ ခု)]

[စွမ်းအင်မှတ်: ၀]

သူ၏ ခြေလှမ်းကျင့်စဉ် အဆင့်တက်သွားပြီးနောက် စွမ်းအင်မှတ်မှာ သုည ဖြစ်သွားသည်။ လက်ရှိတွင် စွမ်းအင်မှတ် စုဆောင်းနိုင်မှုနှုန်းမှာ သူ၏ ခွန်အားတိုးတက်မှုနှုန်းကို မမီတော့ပေ။ စွမ်းအင်ကို မည်သို့ ပိုမိုရရှိအောင် လုပ်ဆောင်ရမည်မှာ ပြဿနာတစ်ခု ဖြစ်လာသည်။

လုံယီသည် ဖြေရှင်းနည်းကို စဉ်းစားရင်း သိုင်းသင်တန်းကျောင်း၏ ဘေးဝင်းသို့ ပြန်လာခဲ့သည်။

“ဟေ့... မင်းက ဘာလို့ အခုမှ ပြန်လာတာလဲ”

ပင်မဝင်းမှ ဖြစ်ကြောင်း သိသာလှသော ပိုးဦးထုပ်အနီ ဆောင်းထားသည့် လူငယ်တစ်ဦးသည် လုံယီ၏ အခန်းတံခါးဘောင်ကို မှီရပ်လျက် လုံယီကို မြင်သည်နှင့် စိတ်မရှည်စွာ မေးမြန်းလိုက်သည်။

“ဘာကိစ္စရှိလို့လဲ”

“သခင်လေးဟွမ်က မင်းကို သိုင်းလေ့ကျင့်ရေးကွင်းကို လာခဲ့ဖို့ ပြောတယ်။ လက်ရည်စမ်းကြမလို့တဲ့”

“လက်ရည်စမ်းမယ်”

လုံယီက ခေါင်းခါယမ်းလိုက်ပြီး “မအားဘူး” ဟု ပြတ်ပြတ်သားသား ပြောလိုက်တော့သည်။

“အိုး... သခင်လေးဟွမ်က ဘယ်သူလဲဆိုတာ မင်းမသိဘူးလား ထိုင်မြို့ထဲက အရက်သေစာရောင်းတဲ့ဆိုင် ထက်ဝက်ကျော်က သူ့မိသားစုပိုင်တာ”

ပိုးဦးထုပ်နီဆောင်းထားသော လူငယ်က ခပ်အေးအေးပင် ပြောလိုက်သည်။

“ဒါက မင်းအတွက် သြဇာရှိတဲ့သူတစ်ယောက်နဲ့ ရင်းနှီးခွင့်ရမယ့် အခွင့်အရေးကောင်းပဲ။ အကယ်၍ သခင်လေးဟွမ်ရဲ့ ကျောထောက်နောက်ခံကိုသာ ရရင် မင်း ဂိုဏ်းကနေ ထုတ်ပယ်ခံရရင်တောင် အလုပ်အကိုင်ရှာဖို့က ကိစ္စအသေးအမွှားလေးပဲ”

လုံယီသည် ထိုသူ၏ အဓိပ္ပာယ်မရှိသော စကားများကို နားထောင်ရန် စိတ်မပါတော့ပေ။ သူသည် အခန်းထဲသို့ ခပ်သွက်သွက် လျှောက်ဝင်သွားပြီး သူ၏ကျောပြင်ကျယ်ကြီးကိုသာ ထိုသူအား ပြသထားတော့သည်။

လက်ရည်စမ်းဖို့ လာဖိတ်တာကို ဒီလောက်တောင် ဘဝင်မြင့်နေကြတာလား။ မင်းကိုယ်မင်း ဧကရာဇ်မင်းမြတ်လို့ ထင်နေတာလား။

“လျူယီ... အဲဒီမှာတင် ရပ်လိုက်စမ်း”

ပိုးဦးထုပ်နီနှင့်လူငယ်မှာ လုံယီက သူ့ကို ဤမျှအထိ လျစ်လျူရှုလိမ့်မည်ဟု မထင်ထားသဖြင့် မျက်နှာတစ်ခုလုံး ပျက်သွားတော့သည်။ အခန်းထဲရှိ ကျန်အခန်းဖော်လေးဦးမှာလည်း သူတို့၏ စကားပြောသံကို ကြားနေရပြီး တစ်ဦးစီတွင် ထူးခြားသော မျက်နှာအမူအရာများ ရှိနေကြသည်။

“ဒါက သခင်လေးဟွမ်ကို စော်ကားသလို ဖြစ်သွားလိမ့်မယ်”

ကျင်းဖုန်းက စိုးရိမ်တကြီး အကြံပေးသည်။

“ဟွမ်မိသားစုက မြို့ထဲမှာ တကယ်ကို သြဇာကြီးတာ။ အစွန်းရောက်လက်သီးဂိုဏ်းတောင် သူတို့ကို မျက်နှာသာပေးရတယ်”

စီးပွားရေးမိသားစုမှလာသူ ဟဲယွီက တိုးတိုးလေး ပြောလိုက်သည်။

“ငါတို့မှာ ငွေကြေးအသင့်အတင့် ရှိတယ်ဆိုပေမဲ့ သူတို့ရှေ့မှာတော့ ငါတို့က ဘာမှမဟုတ်ဘူး”

လုံယီသည် ဂရုမစိုက်သကဲ့သို့ ရှိနေသော်လည်း သူတို့၏ စေတနာကို နားလည်သဖြင့် “ငါသိပါတယ်” ဟုသာ ပြန်ဖြေလိုက်သည်။

အခြားတစ်ဖက်တွင်မူ ပိုးဦးထုပ်နီနှင့်လူငယ်က လုံယီ၏ ငြင်းဆိုမှုကို ဟွမ်လုံကန်းထံ သွားရောက်တင်ပြခဲ့သည်။

“ဒီကောင်က ဘယ်လိုတောင် ရိုင်းရိုင်းစိုင်းစိုင်း လုပ်ရဲတာလဲ”

အပေါင်းအပါတစ်ဦးက ဒေါသတကြီး ပြောလိုက်သည်။

ဟွမ်လုံကန်းကမူ နှာခေါင်းရှုံ့လျက် ခပ်မဲ့မဲ့ရယ်လိုက်ပြီး “သူ့ရဲ့ အဆင့်အတန်း အစစ်အမှန် ပေါ်သွားမှာ ကြောက်နေလို့နေမှာပေါ့။ ငါနဲ့သာ လက်ရည်စမ်းလိုက်ရင် သူ ဘယ်လောက် အဆင့်ရှိလဲဆိုတာ ပေါ်သွားမှာလေ” ဟု ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ အားလုံးက သဘောပေါက်သွားသလို ခေါင်းညိတ်ကြတော့သည်။

နောက်တစ်နေ့ သိုင်းလေ့ကျင့်ရေးကွင်းတွင်...

ချန်မုကျူသည် ခွန်အားတိုးတက်စေမည့် နည်းစနစ်အချို့ကို ရှင်းပြနေသည်။ ၎င်းမှာ လုံယီ၏ ယခင်ဘဝက အားကစားရုံတွင် လေ့ကျင့်ခန်းလုပ်ခြင်းနှင့် ဆင်တူပြီး ခန္ဓာကိုယ်သန်မာစေရန် အထောက်အကူပြု ကိရိယာများကို အသုံးပြုခြင်း ဖြစ်သည်။

ကွင်း၏ အလယ်ဗဟိုတွင် ကျောက်သော့ခလောက်များ သံကွင်းများ ကျောက်ပြားများနှင့် ကျောက်တူများကဲ့သို့သော သက်မွေးသိုင်းကျင့် ကိရိယာများစွာ ရှိနေသည်။

နည်းပြဆရာ ထွက်သွားပြီးနောက် ထိုကိရိယာ အများစုကို ပင်မဝင်းတပည့်များက ဗိုလ်ကျစိုးမိုးကာ အသုံးပြုကြပြီး ဘေးဝင်းတပည့်များကိုမူ ကွင်း၏ အစွန်အဖျားရှိ သဲအိတ်များ သစ်သားတုံးများနှင့် ကျောက်ခဲများဖြင့်သာ လေ့ကျင့်စေသည်။

လုံယီက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ အချို့သော အလေးချိန်စီးသည့် ကိရိယာများကို မည်သူမျှ အသုံးမပြုသည်ကို တွေ့လိုက်ရသည်။ သူသည် ပင်မဝင်းတပည့်များ၏ နယ်မြေထဲသို့ ဝင့်ကြွားစွာ လျှောက်ဝင်သွားပြီး ကျောက်သော့ခလောက်တစ်ခုကို အသာအယာ မလိုက်

သည်။ လက်ဖြင့် ဆွဲကြည့်သောအခါ အလေးချိန် ၅၀၊ ၆၀ ကီလိုဂရမ်ခန့် ရှိမည်ဟု ခန့်မှန်းရသည်။

သို့သော် လက်ရှိ လုံယီအတွက်မူ ၎င်းမှာ ကလေးကစားစရာမျှသာ ဖြစ်သည်။ လုံယီက ၎င်းကို သေချာပင် မကြည့်ရသေးခင် နောက်ဘက်မှ အမိန့်ပေးသံတစ်ခု ထွက်ပေါ်လာသည်။

“အဲဒါကို အောက်ချလိုက်”

ဟွမ်လုံကန်းသည် လုံယီ၏နောက် ငါးပေခန့်အကွာတွင် မောက်မာစွာ ရပ်နေသည်။

“အဲဒါ ငါ့ဟာပဲ။ အပြင်က သဲအိတ်တွေဆီ သွားဆော့ချေ”

ကွင်းထဲရှိ လူအားလုံး၏ အကြည့်များမှာ ထိုနေရာသို့ ရောက်ရှိလာကြသည်။ အချို့က ရယ်ချင်သလို ကြည့်နေကြပြီး အချို့ကမူ ဂရုမစိုက်ကြပေ။ သူစိမ်းတစ်ယောက်အတွက် မည်သူမျှ ရှေ့ထွက်ကာကွယ်ပေးမည် မဟုတ်ပေ။

“ကောင်းပြီလေ”

လုံယီက တုံ့ပြန်လိုက်သည်။

လုံယီက ဤမျှလွယ်လွယ်ကူကူ အလျှော့ပေးလိုက်သည်ကို မြင်သောအခါ အများစု၏ မျက်နှာတွင် အထင်အမြင်သေးသည့် အရိပ်အယောင်များ ပေါ်လာသည်။ ဟွမ်လုံကန်းသည်လည်း ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်မိသည်။

သို့သော် ထိုစဉ်မှာပင် လုံယီက ကျောက်သော့ခလောက်ကို သူ့ထံသို့ ပေါ့ပေါ့ပါးပါး ပစ်

ပေးလိုက်သည်။

“ရော့... ဖမ်းလိုက်ဦး”

ဟွမ်လုံကန်းသည် ကျောက်သော့ခလောက်ကို ဖမ်းယူလိုက်စဉ်မှာပင် သူ၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားတော့သည်။

ဒုန်း... ဒုန်း... ဒုန်း...

သူသည် နောက်သို့ ခြေလှမ်းအနည်းငယ် ယိမ်းယိုင်သွားပြီး နောက်ဆုံးတွင် အလေးချိန်ကို မထိန်းနိုင်တော့ဘဲ မြေပြင်ပေါ်သို့ ဗုန်းခနဲ လဲကျသွားတော့သည်။ ကွင်းပြင်တစ်ခုလုံး၏ လေထုမှာ ခဏချင်းပင် တင်းမာသွားတော့သည်။

အခန်း။ ၇၆

“ဟားဟား…”

နောက်ဆုံးတွင် တစ်စုံတစ်ဦးက မအောင့်နိုင်တော့ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။

ဟွမ်လုံကန်း၏ မျက်နှာမှာ ချက်ချင်းပင် ဝက်အသည်းရောင်ကဲ့သို့ နီမြန်းသွား၏။

“မင်းကို ငါသတ်မယ်”

သူသည် ရင်ဘတ်ထဲမှ အနုစိတ်ပြုလုပ်ထားသော ရွှေရောင်ဓားမြှောင်တစ်စင်းကို ဆွဲထုတ်လိုက်ပြီး လုံယီထံသို့ ပြေးဝင်ရန် ပြင်လိုက်သည်။

“သခင်လေးဟွမ်… လေ့ကျင့်ရေးကွင်းထဲမှာ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာကို တားမြစ်ထားတယ်လေ”

ကျားဟုန်၏ အသံမှာ နွေဦး၏ နွေးထွေးမှုကဲ့သို့ ထွက်ပေါ်လာပြီး သူ့ကို သတိပေးလိုက်သည်။

“ဟွမ်လုံကန်း… မင်း အစွန်းရောက်လက်သီးဂိုဏ်းရဲ့ စည်းကမ်းတွေကို မေ့သွားပြီလား တပည့်အချင်းချင်း အချင်းချင်း အနာတရဖြစ်အောင် မလုပ်ရဘူးလေ။ ဒါမှမဟုတ် မင်းက ဂိုဏ်းကနေ အထုတ်ခံချင်နေတာလား ဒါမှမဟုတ် ဟွမ်မိသားစုကမို့လို့ မင်းမှာ အထူးအခွင့်အရေးရှိတယ်လို့ ထင်နေတာလား”

ကျန်းဝေတက ယပ်တောင်ဖြူကို ရင်ဘတ်ရှေ့တွင် ဟန်ပါပါခတ်ရင်း ကွဲအက်အက်အသံဖြင့် လှောင်ပြောင်လိုက်သည်။

အခြားတစ်ဖက်တွင်မူ လုံယီသည် ကျောခိုင်း၍ လှည့်ထွက်သွားခဲ့သည်။ ဟွမ်လုံကန်းက နောက်ကနေ ခိုးတိုက်ခိုက်မည်ကိုပင် စိုးရိမ်ပုံမရပေ။ ဟွမ်လုံကန်း၏ မျက်နှာမှာ အမျိုးမျိုး ပြောင်းလဲနေသော်လည်း နောက်ဆုံးတွင်တော့ ဒေါသကို အောင့်သိပ်မြိုချလိုက်ရတော့သည်။

“စိတ်ဝင်စားစရာပဲ”

ကျန်းဝေတက လုံယီ၏ ကျောပြင်ကို စိတ်ဝင်တစား ကြည့်နေခဲ့သည်။

“ဒီဗျောက်အိုးသံတွေ ဘယ်တော့မှ ထွက်လာမှာလဲမသိဘူး ငါတော့ ရူးတော့မှာပဲ”

“သွေးစွမ်းအားတိုးတက်ဖို့ကလည်း ခက်လိုက်တာ။ ငါတို့က ပင်မဝင်းက လူတွေလို နောက်ခံလည်းမကောင်း အာဟာရဖြည့်စွက်စာတွေနဲ့ ဝိညာဉ်သားရဲအသားတွေကိုလည်း စားနိုင်တာမဟုတ်ဘူး”

“ဟေ့… ငါတော့ စောစောစီးစီး အထုတ်ခံရတာကိုပဲ ပိုသဘောကျတယ်။ အိမ်ပြန်ပြီး မိသားစုလုပ်ငန်းကိုပဲ စောစောစီးစီး ဆက်ခံချင်တော့တယ်ဗျာ”

နွီဖန်၊ ဟဲယွီ၊ ကျဲပိုင်နှင့် ကျင်းဖုန်းတို့သည် လေ့ကျင့်ရေးကွင်းမှအပြန် ဘေးဝင်းသို့ လျှောက်လာရင်း နောက်ပြောင်ရယ်မောနေကြသည်။

သို့သော် သူတို့၏ အခန်းထဲသို့ ဝင်လိုက်သည်နှင့် လုံယီက ခုတင်ပေါ်တွင် တင်ပလ္လင်ခွေလျက် တစ်ကိုယ်တည်း ထိုင်နေသည်ကို မြင်လိုက်ရသောအခါ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး စကားစဖြတ်လိုက်ကြသည်။

အခန်းတွင်း လေထုမှာ ချက်ချင်းပင် လေးလံသွားတော့သည်။

ယခင်က လုံယီကို မကြာခဏ လက်ရည်စမ်းရန် စိန်ခေါ်ခဲ့သော နွီဖန်သည် ယခုအခါ လုံယီနှင့် မျက်လုံးချင်း မဆုံမိအောင် ရှောင်နေသည်။ ပွင့်လင်းလှသော ကျင်းဖုန်းပင်လျှင် အရင်ကကဲ့သို့ စကားဖောင်ဖွဲ့ခြင်း မရှိတော့ပေ။

လုံယီသည် ခဏမျှ စဉ်းစားပြီးနောက် သူ၏ လက်ရှိအခြေအနေကို နားလည်သွားခဲ့သည်။ သူသည် ဟွမ်လုံကန်းကို ပြင်းပြင်းထန်ထန် စော်ကားခဲ့မိပြီဖြစ်ရာ လက်စားချေမှုမှာ ရှောင်လွှဲ၍မရနိုင်တော့ပေ။

သူ၏ အခန်းဖော်များမှာ သာမန်နောက်ခံရှိသူများသာ ဖြစ်ကြပြီး ကျားနှင့်ဆင် ဆွဲကြရာတွင် ဆိတ်ကြားက မခံနိုင်ဆိုသကဲ့သို့ ကြားညှပ်မည်ကို စိုးရိမ်သဖြင့် ခပ်ခွာခွာနေကြခြင်းမှာ သဘာဝပင်။

အပြင်ထွက်နေဖို့ အချိန်တန်ပြီ။

လုံယီ တွေးလိုက်သည်။

ဤနေရာတွင် ဇွတ်အတင်း ဆက်နေနေခြင်းမှာ အဓိပ္ပာယ်မရှိပေ။ သူကိုယ်တိုင်ရော အခြားသူများအတွက်ပါ စိတ်အနှောင့်အယှက် ဖြစ်စေရုံသာ ရှိလိမ့်မည်။ လုံယီသည် ခုတင်အောက်ထပ်ရှိ သူ၏ အဝတ်အစားများကို သိမ်းဆည်းကာ သူနေထိုင်ခဲ့သည်မှာ မကြာသေးသော ထိုအခန်းထဲမှ ပြတ်ပြတ်သားသား ထွက်ခွာခဲ့တော့သည်။

လုံယီ ထွက်သွားပြီးနောက် ကျင်းဖုန်းက သက်ပြင်းချကာ “ဘာလို့ ဒီလိုတွေ ဖြစ်ကုန်ရတာလဲဗျာ” ဟု ရေရွတ်လိုက်သည်။

“ငါတို့မှာ တခြားရွေးချယ်စရာ မရှိဘူးလေ”

မျက်လုံးမှေးမှေးနှင့် နွီဖန်က အားကိုးရာမဲ့စွာ ပြောလိုက်သည်။

“တချို့လူတွေက ကိုယ့်အခြေအနေကိုယ် မသိဘူး။ အာဏာလည်းမရှိ နောက်ခံလည်းမရှိဘဲနဲ့မှ ဟန်ထုတ်ချင်နေကြတာ”

တတိယမြောက်လူဖြစ်သူ ဟဲယွီက မှတ်ချက်ပေးလိုက်သည်။

နေရောင်ခြည် ဖြာကျလာသည်နှင့်အမျှ ကောင်းကင်ကြီးမှာ လင်းပွင့်လာခဲ့သည်။ ထိုင်မြို့ တောင်ဘက်မြို့ဆင်ခြေဖုံးရှိ အိမ်လေးတစ်အိမ်...

“မင်္ဂလာပါ အစ်ကိုကြီးယီ”

လုရန်က မိုးကုတ်ပင်ခက်နှင့် ဆားကြမ်းကို သုံး၍ သွားတိုက်နေရင်း လုံယီကို နှုတ်ဆက်သည်။

“မင်္ဂလာပါ”

လုံယီက ခပ်အေးအေးပင် ပြန်နှုတ်ဆက်ရင်း “လျူယွမ်ကရော မနေ့ညက ပြန်မလာဘူး ထင်တယ်” ဟု မေးလိုက်သည်။

“အဲဒီကောင်ကတော့ ဘယ်မိန်းကလေးရဲ့ ရင်ခွင်ထဲမှာ သွားပြီး ပွေရှုပ်နေတယ်ဆိုတာ ဘယ်သူသိမှာလဲ”

လုရန်က ညည်းတွားလိုက်သည်။

“လုရန်… လူကွယ်ရာမှာ အတင်းပြောတာ မကောင်းဘူးနော်”

အစိမ်းရောင် ဝတ်စုံရှည် ဝတ်ဆင်ထားသော ရုပ်ဖြောင့်ဖြောင့် လူငယ်တစ်ဦး ဝင်းထဲသို့ ဝင်လာသည်။ သူ၏ ပုံစံမှာ ခန့်ညားသယောင်ရှိသော်လည်း လူမိုက်ဆန်သော အငွေ့အသက်အချို့ ပါဝင်နေသည်။ သူသည် တစ်ညလုံး အပြင်ထွက်နေခဲ့သည့် လျူယွမ်ပင်။

“အစ်ကိုကြီးယီ… ကျွန်တော် ဒီရက်ပိုင်း မြစ်ဂိုဏ်းက လူတွေနဲ့ သွားရောနေတာပါ။ အလုပ်မလုပ်ဘဲ ပျင်းနေတာ မဟုတ်ပါဘူး”

သူက အသံကို နှိမ့်လိုက်ပြီး “အစ်ကိုကြီး တစ်ခုခု သိချင်တယ်ဆိုရင် ဒီဒေသခံ လူမိုက်တွေက သတင်းကွန်ရက် အကျယ်ဆုံးနဲ့ အမြန်ဆုံးပဲဗျ”

လုံယီက ခေါင်းညိတ်လိုက်ပြီး “သတင်းရတာနဲ့ အစွန်းရောက်လက်သီးဂိုဏ်းဆီ လာအကြောင်းကြားလိုက်”

အချိန်ကာလများ ပြောင်းလဲလာသည်နှင့်အမျှ သင်္ချိုင်းမှ စွမ်းအင်မှတ်များကိုသာ အားကိုးနေခြင်းမှာ သူ၏ စွမ်းအားတိုးတက်မှု အရှိန်အဟုန်ကို မမီတော့ပေ။ လုရန်နှင့် နှိုင်းယှဉ်လျှင် လျူယွမ်မှာ ပို၍ အစွမ်းအစရှိပြီး သတင်းအချက်အလက် စုဆောင်းရာတွင် တကယ့် ပညာရှင်တစ်ဦး ဖြစ်သည်။

မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီးနောက် လုံယီသည် အိမ်ဝင်းထဲမှ ထွက်လာကာ တောင်ဘက်မြို့၏ အစည်ကားဆုံး ကုန်သွယ်ရေးလမ်းမကြီးဆီသို့ ဦးတည်ခဲ့သည်။ နံနက်စောစောစီးစီးပင် ဈေးသည်များ၏ အော်ဟစ်သံများနှင့် ဈေးဆစ်သံများကြောင့် လမ်းမကြီးမှာ ဆူညံပွက်လောရိုက်နေတော့သည်။

“ပေါက်စီ… ပူပူနွေးနွေး ပေါက်စီ ရမယ်”

“ကြက်သွန်မြိတ် ဆီကြော်မုန့်… နှစ်ပေါင်းတစ်ရာသက်တမ်း လက်ရာနော် လာမြည်းကြည့်ကြပါဦး”

“ထိုင်မြို့ရဲ့ နံနက်ခင်းလက်ဖက်ရည်ဟာ လောကမှာ အတုမရှိဘူး။ ဧကရာဇ်မင်းမြတ်ကိုယ်တိုင်တောင် ချီးကျူးခဲ့ရတာဗျ”

လုံယီသည် ပေါက်စီဆိုင်တစ်ဆိုင်သို့ ဝင်ပြီး အသီးအရွက်ပေါက်စီတစ်လုံးနှင့် အသားပေါက်စီနှစ်လုံး ဝယ်လိုက်သည်။ လက်ဝါးခန့်ရှိသော ထိုပေါက်စီများကို အဆင့်မြင့်ဂျုံမှုန့်ဖြူဖြင့် ပြုလုပ်ထားသဖြင့် နူးညံ့ပြီး အရသာမှာ အလွန်ပင် ကောင်းမွန်လှသည်။

သို့သော် ဈေးနှုန်းမှာမူ အတော်လေး မြင့်မားလှသည်။ အကြွေစေ့ ၃၀ တိတိ ကျသင့်ရာ ၎င်းမှာ သူအရင်က သစ်ခုတ်သည့်အလုပ်ဖြင့် သုံးရက်တိုင်တိုင် ရှာဖွေရသော လုပ်အားခနှင့် ညီမျှသည်။ မြို့မ၏ ကုန်ဈေးနှုန်းမှာ အပြင်မြို့ထက် များစွာ သာလွန်နေတော့သည်။

အမှန်စင်စစ် ဤပေါက်စီလေးများမှာ လုံယီ၏ ဗိုက်ကို မဝစေနိုင်ပေ။ သူသည် ခဲပစ်စွမ်းရည်ဖြင့် ဖမ်းဆီးထားသော တောရိုင်းတိရစ္ဆာန်အသားများနှင့် အိမ်ငှားတွင် ဝယ်ယူစုဆောင်းထားသော အသားခြောက်များကိုသာ အဓိက အားကိုးနေရခြင်းဖြစ်သည်။ ဤပေါက်စီများမှာ အာသာပြေ စားသုံးခြင်းမျှသာ ဖြစ်သည်။

နံနက်စာ စားနေစဉ်မှာပင် အနီးနား၌ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

“သားရဲသတ်တပ်ဖွဲ့ အလုပ်လုပ်နေတယ် လမ်းသွားလမ်းလာတွေ အမြန်ဖယ်ပေးကြ”

“ဝိညာဉ်သားရဲ… ဟာ တကယ့် ဝိညာဉ်သားရဲကြီးပါလား”

“ဝါး… အသားတွေ အများကြီးပဲ ငါတို့မိသားစု တစ်သက်စာလောက် စားလို့ရတယ်”

ကျွီ… ကျွီ… ကျွီ…

လုံယီသည် လူအုပ်ကြားမှ တိုးဝှေ့ကြည့်လိုက်ရာ လက်နက်ကိုယ်စီ ကိုင်ဆောင်ထားသော လူတစ်စုက လှည်းကြီးတစ်စီးကို မြို့လယ်ဘက်သို့ ခြံရံခေါ်ဆောင်သွားသည်ကို တွေ့လိုက်ရသည်။ အရပ်ရှည်ရှည် မြင်းနက်ကြီး လေးကောင်က ဆွဲလာသော ထိုလှည်းပေါ်တွင် ကြီးမားလှသော ဝိညာဉ်သားရဲ အလောင်းကြီး တစ်ခု ပါလာသည်။

ထိုဝိညာဉ်သားရဲမှာ အဆောက်အဦးတစ်ခုခန့် မြင့်မားပြီး ညိုဝါရောင် အမွေးအမှင်များမှာ ပြောင်းပင်များအလား ဖားလျားကျနေသည်။ မြင်းခေါင်းထက် အဆပေါင်းများစွာ ကြီးမားသော ၎င်း၏ ဦးခေါင်းမှာ အနက်ရောင် အကြေးခွံများဖြင့် ဖုံးလွှမ်းနေသည်။ ဟင်းလင်းပွင့်နေသော ပါးစပ်အတွင်းမှ ကြောက်မက်ဖွယ် သွားများကို မြင်တွေ့နေရပြီး ရံဖန်ရံခါတွင် သွေးစိမ်းရှင်ရှင်နှင့် ပြည်ဝါများ စိမ့်ထွက်နေဆဲဖြစ်သည်။

“ဒါ မြင်းဝိညာဉ်ပဲ တောမြင်းကနေ ဝိညာဉ်သားရဲ ဖြစ်လာတာ သိသာတယ် ဟူး… ခေါင်းကြီးက ကြိတ်ဆုံကျောက်တုံးထက်တောင် ကြီးသေးတယ်။ သွားတွေက ပြောင်းဖူးဖတ်တွေလောက် ရှိတာပဲ…”

“သာမန်မုဆိုးတွေဆိုရင်တော့ အနားတောင် ကပ်ရဲမှာမဟုတ်ဘူး။ သားရဲသတ်တပ်ဖွဲ့ လို သန်မာတဲ့ သိုင်းပညာရှင်တွေမှသာ ဒါကို နှိမ်နင်းနိုင်တာ”

“ဝိညာဉ်သားရဲကို ထိတွေ့နိုင်ရင် ကံကောင်းတယ်တဲ့။ ပိုးမွှားကိုက်တာတွေ ကင်းဝေးပြီး ကလေးတွေ ဆီးမခွဲတော့ဘူးဆိုပဲ…”

“ငါ ဝိညာဉ်သားရဲကို တစ်ခါမှ မကိုင်ဖူးဘူး သူ့အရေခွံက ငါ့အိမ်က ကုတင်ပျဉ်ချပ်ထက် ပိုမာမလား သိချင်တာ”

လူအုပ်ကြီးသည် ဝိညာဉ်သားရဲကို ထိတွေ့ရခြင်း၏ အကျိုးကျေးဇူးများကို တိုးတိုးဖော်ဖော် ပြောဆိုရင်း မြင်းဝိညာဉ်ကြီးကို ဝိုင်းဝန်းကိုင်တွယ်ရန် လက်လှမ်းလိုက်ကြသည်။ သားရဲသတ်တပ်ဖွဲ့ဝင်များက အော်ဟစ်တားဆီးပြီး မျက်မှောင်ကြုတ်နေကြသော်လည်း တိုးဝှေ့လာသော လူအုပ်ကြီးကို မရပ်တန့်နိုင်ကြပေ။

လုံယီသည်လည်း ရုတ်တရက် စိတ်ကူးပေါက်လာပြီး လူအုပ်ကြားထဲ တိုးဝင်ကာ တစ်ချက် ထိတွေ့လိုက်သည်။

ထိုခဏမှာပင် ရင်းနှီးနေသော အဝါရောင် စာလုံးလေးများ ပေါ်လာသည်။

စွမ်းအင် +၃ စုပ်ယူမလား

“စုပ်ယူမယ်”

သူ၏ စွမ်းရည်ပြမျက်နှာပြင်တွင် စွမ်းအင် ၃ မှတ် တိုးလာသည်ကို မြင်လိုက်ရသောအခါ လုံယီသည် စွမ်းအင်ရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်းကို ရှာတွေ့သွားပြီဟု ခံစားလိုက်ရသည်။

“အစ်ကိုကြီး... သားရဲသတ်တပ်ဖွဲ့ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ သိပါရစေ”

မီးခိုးရောင်ဝတ်စုံဝတ်ကာ ဆံပင်ကို အဝတ်စဖြင့် စည်းထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် တစ်စုံတစ်ဦးက သူ့ပုခုံးကို ပုတ်လိုက်သဖြင့် လှည့်ကြည့်လိုက်ရာ လုံယီ၏ ခင်မင်ဖွယ်ရာ အပြုံးကို တွေ့လိုက်ရသည်။

“လူငယ်လေး... မင်းက တခြားအရပ်က လာတာလား”

“ကျွန်တော်က မြို့ပြင်ကပါ မြို့ထဲကို ရောက်တာ ရက်ပိုင်းပဲ ရှိပါသေးတယ်”

“အော်... သားရဲသတ်တပ်ဖွဲ့ဆိုတာ အင်အားကြီးပြီး အဆက်အသွယ်လည်း တောင့်တယ်ကွ။ ငါအကြံပေးချင်တာကတော့ သူတို့ကို သွားမစတာ အကောင်းဆုံးပဲ...”

ထိုအမျိုးသားနှင့် စကားစမြည်ပြောဆိုပြီးနောက် လုံယီသည် သားရဲသတ်တပ်ဖွဲ့နှင့် ပတ်သက်သော အခြေခံအချက်အလက်အချို့ကို သိရှိခဲ့ရသည်။

ထိုင်မြို့ တည်ရှိရာ ဝမ်ကျန်းခရိုင်သည် ဝေနိုင်ငံ၏ အရှေ့တောင်ဘက် အစွန်အဖျားတွင် တည်ရှိပြီး တောင်တန်းကြီးများဖြင့် ကာဆီးထားသဖြင့် အလယ်ပိုင်းဒေသများနှင့် ဆက်သွယ်ရန် ကုန်သည်လှည်းအဖွဲ့များကိုသာ အဓိက အားကိုးနေရသည်။

ဤကမ္ဘာတွင် သစ်တောများ ထူထပ်ပြီး လူသူနည်းပါးသည့် နေရာတိုင်း၌ တောသားရဲများ သောင်းကျန်းတတ်ကြပြီး ဝိညာဉ်သားရဲများ ပေါ်လာခြင်းမှာလည်း မဆန်းပေ။ ဝမ်ကျန်းခရိုင်ကို အလယ်ပိုင်းဒေသနှင့် ခြားနားထားသည့် တောင်တန်းကြီးများမှာ အလွန်ထူးခြားပြီး အခြားနေရာများထက် ဝိညာဉ်သားရဲ အရေအတွက် ပိုမိုများပြားသဖြင့် ၎င်းကို သားရဲတစ်ရာ တောင်တန်းဟု ခေါ်ဆိုကြသည်။

ဝိညာဉ်သားရဲများကို အချိန်မှန် ရှင်းလင်းပေးရန် လိုအပ်သည်။ မဟုတ်ပါက ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ဆို့သွားမည်ဖြစ်ပြီး ဝမ်ကျန်းခရိုင်မှာလည်း ဖွံ့ဖြိုးတိုးတက်မှု ရပ်တန့်သွားပေလိမ့်မည်။ ထို့ကြောင့် ဝမ်ကျန်းခရိုင်အောက်ရှိ ထိုင်မြို့၊ ကျန်းမြို့နှင့် ယန်မြို့ကဲ့သို့သော မြို့တိုင်းတွင် မြို့တော်ဝန်ရုံး၏ လက်အောက်၌ သားရဲသတ်ဗျူရိုကို ထားရှိကာ သားရဲတစ်ရာ တောင်တန်း ရှိ ဝိညာဉ်သားရဲများကို ရှင်းလင်းရန် အဓိက တာဝန်ပေးထားခြင်း ဖြစ်သည်။

တရားဝင် သားရဲသတ်တပ်ဖွဲ့ဝင်တစ်ဦး ဖြစ်လာရန်မှာ နယ်ပယ်ကျော်ဖြတ်ခြင်း အဆင့်ရှိသော သိုင်းပညာရှင်တစ်ဦး ဖြစ်ရမည့်အပြင် တိုက်ခိုက်ရေး စစ်ဆေးမှုများကိုပါ အောင်မြင်ရမည်ဖြစ်ရာ သတ်မှတ်ချက်မှာ အလွန်မြင့်မားလှသည်။ သို့သော် အပြန်အလှန်အားဖြင့် သားရဲသတ်တပ်ဖွဲ့ဝင်များသည် ဂုဏ်သိက္ခာရှိသော နေရာကို ရရှိကြပြီး ခံစားခွင့်များလည်း အလွန်ကောင်းမွန်ကြသည်။

ထိုခံစားခွင့်များ၏ အသေးစိတ်ကိုမူ ထိုမြို့ခံက သေချာမပြောနိုင်ပေ။ သို့သော် လုံယီအတွက်မူ ဤသတင်းအချက်အလက်မှာပင် လုံလောက်လှပြီ ဖြစ်သည်။ သူသည် အနာဂတ်တွင် သားရဲသတ်တပ်ဖွဲ့ဝင်တစ်ဦး ဖြစ်လာရန် ရည်မှန်းချက် ချမှတ်လိုက်သည်။

ဤသည်မှာ စွမ်းအင်မှတ်များ ရရှိရန်အတွက်သာမက ပိုမိုဆန်းကြယ်သော ပါရမီများအတွက်လည်း ဖြစ်သည်။ ကျောက်သားမျောက်ဝံက သူ့ကို ကျောက်သားအဖြစ် ပြောင်းလဲခြင်း ပါရမီကို ပေးအပ်နိုင်ခဲ့လျှင် အခြားသော ဝိညာဉ်သားရဲများဆီကနေရော ဘယ်လိုပါရမီမျိုးများ ရရှိနိုင်မလဲ။

All Chapters