အခန်း (၇၉-၈၀)
Vol. 8 Ch. 79-80
အခန်း။ ၇၉
“ဟုတ်ပါတယ် ဒီကျောက်တုံးဝိညာဉ်က ရွှေငွေတွေလောက် တန်ဖိုးမကြီးဘူးဆိုပေမဲ့ ရှာရတာ အရမ်းခက်တာပါ။ သခင်မလေးက အစ်ကို့အတွက် ဒါကိုရဖို့ အများကြီး ကြိုးစားခဲ့ရတာနော်”
ရှောင်ချန်းက သူမ၏သခင်မလေးဘက်မှ မြှောက်ပင့်ပြောလိုက်သည်။
သူမက လှည့်ထွက်သွားရန် ပြင်လိုက်သော်လည်း လုံယီက လှမ်းတားလိုက်သည်။
“ငါ မင်းတို့ သခင်မလေးကို တွေ့ချင်ရင် ဘယ်လိုလုပ်ရမလဲ”
ထျန်းစူးရှီးကို ရှာရန်အတွက် စူးမိသားစု၏ ပင်မတံခါးကြီးဆီသို့ တိုက်ရိုက်သွား၍ ရသော်လည်း ထိုသို့လုပ်ခြင်းက လူအများအာရုံစိုက်မှုကို ခံရနိုင်လွန်းသည်။ လုံယီ မေးမြန်းနေသည်မှာ လျှို့ဝှက်ဆက်သွယ်နိုင်မည့် နည်းလမ်းကို ဖြစ်သည်။
ရှောင်ချန်းက ခဏမျှ စဉ်းစားပြီးနောက် သူမ၏ ရင်ဘတ်ထဲမှ ပန်းရောင် အမွှေးနံ့သာအိတ်လေး တစ်လုံးကို ထုတ်ပေးလိုက်သည်။
“မြို့အနောက်ဘက်က ရှန်းလုံလက်ဖက်ရည်ဆိုင်ဟာ သခင်မလေးရဲ့ ကိုယ်ပိုင်ပစ္စည်းပါ။ ဒါကတော့ အသိအမှတ်ပြု တိုကင်ပေါ့”
“ကောင်းပြီ”
လုံယီက အိတ်လေးကို လှမ်းယူလိုက်သည်။
ထို့နောက် သူသည် ရင်ဘတ်ထဲမှ အဖြူရောင် ကျောက်စိမ်းတုံးလေး တစ်တုံးကို ထုတ်ယူလိုက်သည်။ ၎င်းမှာ ဆီးနှင်းကဲ့သို့ ဖြူဖွေးနေပြီး မျက်နှာပြင်ပေါ်တွင် သဘာဝအတိုင်း ဖြစ်ပေါ်နေသော အနီရောင်အစင်းကြောင်း အနည်းငယ်က တောက်လောင်နေသည့် မီးလျှံများအလား ယှက်နွယ်နေသည်။
“ဒီကျောက်စိမ်းတုံးလေးကို မင်းတို့သခင်မလေးဆီ ပြန်ပေးပေးပါဦး”
“အစ်ကိုက တကယ့်ကို စိတ်ရင်းမှန်ရှိတာပဲ”
ရှောင်ချန်းက လုံယီကို မျက်စောင်းလေးတစ်ချက်ထိုးကာ ကျီစယ်လိုက်ပြီးနောက် ဝိညာဉ်
အသက်ရှူကျောက်စိမ်းကို ဝမ်းသာအားရ လက်ခံလိုက်သည်။
ထိုကျောက်စိမ်းမှာ ထျန်းစူးရှီးက သူမ၏ သွေးအဆီအနှစ်ဖြင့် နှစ်ရှည်လများ ပြုစုပျိုးထောင်ထားသော တန်ဖိုးကြီးပစ္စည်းဖြစ်ပြီး ထိုစဉ်က လုံယီ၏ ယုံကြည်မှုကို ရရှိရန်အတွက် ပေးအပ်ထားခဲ့ခြင်း ဖြစ်သည်။ အကြိမ်ကြိမ် ဆက်ဆံပြီးနောက် လုံယီသည် ထျန်းစူးရှီး၏ စရိုက်ကို အတိုင်းအတာတစ်ခုအထိ နားလည်သွားပြီဖြစ်ရာ ဤတန်ဖိုးကြီးပစ္စည်းကို ပိုင်ရှင်ထံ ပြန်လည်လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်။ ဤလုပ်ရပ်က တစ်ဖက်လူ၏ နှစ်သက်မှုကို ရရှိစေရုံသာမက သူတို့၏ မဟာမိတ်ဖြစ်မှုကိုလည်း ပိုမိုခိုင်မာသွားစေသည်။
အခန်းထဲသို့ ပြန်ရောက်သောအခါ လုံယီသည် တံခါးကို လုံခြုံအောင် ပိတ်လိုက်သည်။ သူ၏ စွမ်းရည်ပြမျက်နှာပြင်ကို ကြည့်လိုက်ရာ ယခုရက်ပိုင်းအတွင်း စုဆောင်းထားသော စွမ်းအင်မှာ အမှတ် ၂၀ ပြည့်ရန် အနည်းငယ်သာ လိုတော့သည်။ ယခုရရှိလာသော ကျောက်
ဝိညာဉ်နှင့်ဆိုလျှင် ပါရမီမြှင့်တင်ရန် သတ်မှတ်ချက်များနှင့် ကွက်တိကိုက်ညီသွားပြီ ဖြစ်သည်။
ကဲ… ဒါဆိုလည်း အဆင့်မြှင့်ကြတာပေါ့။
လုံယီသည် ကျောက်တုံးဝိညာဉ်ကို ခိုင်မြဲစွာ ဆုပ်ကိုင်လိုက်ပြီး စိတ်ထဲမှ ခွန်အားများကို စုစည်းကာ ပါရမီ၏နောက်က အပေါင်းသင်္ကေတကို နှိပ်လိုက်သည်။ ချက်ချင်းပင် လက်ထဲရှိ ကျောက်တုံးဝိညာဉ်မှာ သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် ကျုံ့ဝင်သွားတော့သည်။ ခဏချင်းမှာပင် လုံယီ၏ လက်ထဲ၌ နှမ်းစေ့ခန့်ရှိသော မီးခိုးရောင် အကြွင်းအကျန် အမှုန်အချို့သာ ကျန်ရစ်တော့သည်။
တစ်ပြိုင်နက်တည်းမှာပင် ဆန်းကြယ်သော မှတ်ဉာဏ်များ လုံယီ၏ ဦးနှောက်ထဲသို့ တိုးဝင်လာခဲ့သည်။
လုံယီသည် နေနှင့်လ၏ အဆီအနှစ်များကို စုပ်ယူနိုင်သော ထိုမျောက်အဖြစ်သို့ နောက်တစ်ကြိမ် ကူးပြောင်းသွားပြန်သည်။
နေ့ဘက်တွင် သူသည် မျောက်အုပ်စုကို ဦးဆောင်ကာ အသီးနှံများ ရှာဖွေခြင်း ဝံပုလွေအုပ်များကို မောင်းထုတ်ခြင်းနှင့် မျိုးနွယ်စု သန်မာကြီးထွားလာစေရန် ဆောင်ရွက်ခြင်းတို့ဖြင့် အချိန်ကုန်ဆုံးစေသည်။ ညဘက်တွင်မူ ချိုင့်ဝင်နေသော ကျောက်တုံးကြီးပေါ်၌ လဲလျောင်းကာ တောက်ပသော လရောင်အောက်တွင် ရေချိုးရင်း လမင်း၏ အဆီအနှစ်များကို စုပ်ယူသည်။
တစ်ရက်ပြီးတစ်ရက် တစ်နှစ်ပြီးတစ်နှစ်...
အချိန်မည်မျှ ကုန်လွန်သွားသည်မသိ မျောက်မင်း၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ပိုမိုသန်မာလာပြီး ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိသွားတော့သည်။ အသွင်ပြောင်းလဲပြီးနောက် သူ၏ အမွေးအမှင်နှင့် အရေပြားအရောင်မှာ မူလ မီးခိုးဖြူရောင်မှ ပိုမိုတောင့်တင်းခိုင်မာသော ကြွေဖြူရောင်သို့ ပြောင်းလဲသွားခဲ့သည်။
ယခင်က သူ့ကို ယှဉ်ပြိုင်နိုင်ခဲ့သော တောဘုရင် ဝက်ဝံကြီးနှင့် ကျားမင်းတို့မှာ ယခုအခါတွင်မူ သူ၏ ကိုက်ခဲမှုကိုပင် မခံနိုင်ကြတော့ဘဲ မျောက်မင်း၏ နယ်မြေအတွင်းမှ အားလုံး မောင်းထုတ်ခြင်း ခံလိုက်ရတော့သည်။
မှတ်ဉာဏ်များ အဆုံးသတ်သွားသောအခါ လုံယီ မျက်လုံးဖွင့်လိုက်သည်တွင် သူ၏ ခန္ဓာကိုယ်အတွင်း၌ နူးညံ့သိမ်မွေ့သော စွမ်းအင်စီးကြောင်းကြီးတစ်ခု စီးဆင်းနေသည်ကို ခံစားလိုက်ရသည်။ သူ၏ ကြွက်သား အရိုးနှင့် အင်္ဂါအစိတ်အပိုင်းတိုင်းမှာ အာဟာရရည်ထဲတွင် စိမ်ထားရသကဲ့သို့ သက်သောင့်သက်သာရှိပြီး ပေါ့ပါးချောမွေ့နေကာ ကုဋေကုဋာမကသော ဆဲလ်များမှာ အာဟာရများကို ရူးသွပ်စွာ စုပ်ယူနေကြသည်။
သူသည် စွမ်းရည်ပြမျက်နှာပြင်ကို ကြည့်လိုက်သည်။
[အမည်: လုံယီ]
[အသက်: ၁၉ / ၅၆ (အသက် ၁ နှစ် တိုးလာသည်)]
[အဆင့်: မရှိသေးပါ]
[ကျင့်စဉ်: ဟူမိသားစု အသက်ရှူကျင့်စဉ် (အခြေခံ ၀/၁၀)]
[လုံမိသားစု ပုဆိန်သိုင်း (နှံ့စပ်ကျွမ်းကျင် ၀/၁၀၀)]
[အစွန်းရောက် လက်သီးသိုင်း (ကျွမ်းကျင် ၀/၃၀)]
[ခဲပစ်စွမ်းရည် (နှံ့စပ်ကျွမ်းကျင် ၀/၃၀)]
[ပေါ့ပါးသော ကိုယ်ခံပညာ (နှံ့စပ်ကျွမ်းကျင် ၀/၆၀)]
[အခြေခံ လှံသိုင်း (အခြေခံ ၀/၆)]
[လျို့ဝှက်စွမ်းရည်: နဂါးဖောက်ထွင်းခြင်း နည်းစနစ် အပိုင်းအစ (၁)]
[ပါရမီ: ကျောက်သားအဖြစ် ပြောင်းလဲခြင်း (ကျွမ်းကျင် ၀/၆၀ + ကျောက်တုံးဝိညာဉ် ၃ ခု + ဖီးနစ်သွေးကျောက် ၁ တုံး)]
[စွမ်းအင်မှတ်: ၀]
ကျောက်သားအဖြစ် ပြောင်းလဲခြင်း ပါရမီမှာ ကျွမ်းကျင် အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သော်လည်း နောက်တစ်ဆင့်သို့ မြှင့်တင်ရန်မှာ စွမ်းအင်မှတ် ၆၀ သာမက ကျောက်တုံးဝိညာဉ် ၃ ခုနှင့် ဖီးနစ်သွေးကျောက်တစ်တုံးပါ လိုအပ်မည်ဖြစ်သည်။ လုံယီသည် ဖီးနစ်သွေးကျောက်ကို မကြားဖူးသော်လည်း ၎င်းမှာ ကျောက်တုံးဝိညာဉ်ထက် များစွာ ပို၍ တန်ဖိုးကြီးမည်မှာ သေချာသည်။
သို့သော် လုံယီ၏ အာရုံမှာ ပါရမီမှသည် အသက်မျဉ်းဆီသို့ ပြောင်းလဲသွားခဲ့သည်။ သူ၏ သက်တမ်းမှာ မကြုံစဖူး ထူးကဲစွာဖြင့် တစ်နှစ် တိုးလာခဲ့သည်။
သက်တမ်းဆိုတာ ပုံသေသတ်မှတ်ထားတာ မဟုတ်ဘူး။ တကယ်ကို မြှင့်တင်လို့ ရတာပဲ။
ဒီအတောအတွင်း စိတ်ထဲမှာ တိတ်တဆိတ် စိုးရိမ်ပူပန်နေခဲ့ရသမျှကို နောက်ဆုံးတော့ အကုန်
စွန့်လွှတ်နိုင်ခဲ့ပြီ။ ငါ ကံကြမ္မာကို ဆန့်ကျင်ပြီး ဘဝကို ပြောင်းလဲနိုင်ပြီ။
သို့သော် ပါရမီမြှင့်တင်ခြင်းမှ ရရှိသော သက်တမ်းတိုးမှုမှာ အလွန်နည်းပါးလှသည်။ အဓိကအားဖြင့်မူ အသက်ရှူကျင့်စဉ်အပေါ်မှာသာ မူတည်လိမ့်မည်ဟု လုံယီ တွေးလိုက်သည်။
လုံယီသည် အဆင့်တက်သွားသော ကျောက်သားအဖြစ် ပြောင်းလဲခြင်း ပါရမီကို စတင်လေ့လာကြည့်သော်လည်း ရှင်းလင်းချက်မှာ ပြောင်းလဲခြင်း မရှိသေးပေ။
ကျောက်သားအဖြစ် ပြောင်းလဲခြင်းသည် အချိန်နှင့်အမျှ ခန္ဓာကိုယ်၏ ကြံ့ခိုင်မှုမှာ တဖြည်းဖြည်း တိုးတက်လာမည်ဖြစ်ကာ ခန္ဓာကိုယ်၏ မျက်နှာပြင်ဧရိယာအချို့ကို ခေတ္တမျှ ကျောက်သားအဖြစ် ရွေးချယ်ပြောင်းလဲနိုင်သည်။ ပါရမီအဆင့် မြင့်မားလာသည်နှင့်အမျှ ကျောက်သားဖြစ်နိုင်သည့် ကြာချိန်နှင့် ဧရိယာမှာ ပိုမိုကျယ်ပြန့်လာမည်။
“ကျောက်သားအဖြစ် ပြောင်းလဲခြင်း”
လုံယီ စိတ်ထဲမှ တိတ်တဆိတ် ရွတ်ပြောလိုက်သည်။
ခဏအကြာတွင် သူ၏ ညာလက်မောင်း တစ်ခုလုံးနှင့် လက်ဝါးမျက်နှာပြင်မှာ မီးခိုးဖြူရောင်သို့ ပြောင်းလဲသွားသည်။ အစောပိုင်းအဆင့်တုန်းကဆိုလျှင် လက်ဝါးမျက်နှာပြင် အနည်းငယ်ကိုသာ ဖုံးလွှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
ဒဏ်ရာခံနိုင်ရည်နှင့် ပတ်သက်၍မူ ယခင်ကထက် များစွာထူးခြားသွားခြင်း မရှိသေးပေ။ လုံယီသည် သာမန်ဓားတစ်စင်းဖြင့် စမ်းသပ်ကြည့်ရာ ယခင်ကထက် ခွန်အား ၅၀ ရာခိုင်နှုန်းခန့် ပိုစိုက်မှသာ အရေပြားကာကွယ်မှုကို ဖောက်ထွက်နိုင်သည်ကို တွေ့ရသည်။
“ဒါဆို ငါ့ကိုယ်ငါ ချီလင်လက်မောင်းတစ်ဖက် ဖန်တီးလိုက်တာပေါ့လေ”
လုံယီ တစ်ယောက်တည်း ပြုံးမိသွားသည်။
အကယ်၍ တစ်နေ့တွင် လက်နက် လက်လွှတ်လိုက်ရပါက ဤလက်မောင်းသည် သူ၏ ဒုတိယလက်နက် ဖြစ်လာပေလိမ့်မည်။ ဤသည်မှာ နှံ့စပ်ကျွမ်းကျင်အဆင့်သာ ရှိသေးခြင်းဖြစ်သည်။ အကယ်၍ ကျွမ်းကျင်မှုအဆင့်သို့မဟုတ် အောင်မြင်မှုအဆင့်သို့ ရောက်ရှိသွားပါက တစ်ကိုယ်လုံးကို ကျောက်သားရုပ်တုငယ်လေးအဖြစ် ဖုံးလွှမ်းနိုင်မည်မှာ သေချာသည်။
ထိုစဉ် မှတ်ဉာဏ်ထဲမှ မျောက်မင်း၏ ကြွေဖြူရောင် အမွေးအမှင်များကို သတိရလိုက်ပြီး လုံယီ စိတ်ကူးတစ်ခု ရသွားသည်။ လက်မောင်းပေါ်ရှိ အဖြူရောင်များမှာ ရေလှိုင်းအလား ပြန်လည်ဆုတ်ခွာသွားပြီး နောက်ဆုံးတွင် လက်ဝါးပေါ်၌သာ အကွက်ငယ်လေးတစ်ခု ကျန်ရစ်သည်။ သို့သော် ထိုအကွက်မှာ မီးခိုးဖြူရောင်မှ ကြွေဖြူရောင်သို့ ပြောင်းလဲသွားခဲ့သည်။
လုံယီသည် ဓားတစ်စင်းကို ထုတ်ယူကာ ဓားသွားဖြင့် ထိုနေရာကို တောက်ကြည့်လိုက်သည်။
တိန်…
မာကျောသော အရာဝတ္ထုနှစ်ခု ရိုက်ခတ်မိသည့် ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ လုံယီက ဆက်တိုက် စမ်းသပ်ကြည့်ရာ မီးပွင့်များပင် ထွက်လာတော့သည်။
“ဒီခံစစ်က သာမန်သံမဏိနဲ့တောင် ယှဉ်လို့ရနေပြီ”
လုံယီ တစ်ယောက် ဝမ်းသာအားရ ဖြစ်သွားသည်။
အကယ်၍သာ ဤ ကြွေဖြူရောင် ကျောက်သားအသွင်ပြောင်းလဲခြင်းကို ကောင်းကောင်းအသုံးချနိုင်လျှင် ချီလင်လက်မောင်းထက်ပင် ပိုမိုစွမ်းအားကြီးနိုင်ပေသည်။ အကြောင်းမှာ ကျောက်သားအဖြစ် ပြောင်းလဲမည့် နေရာကို သူ့စိတ်ကြိုက် အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲနိုင်သောကြောင့် ဖြစ်သည်။
လုံယီသည် ပါရမီ၏ အလုပ်လုပ်နိုင်စွမ်း ကြာချိန်ကို ထပ်မံစမ်းသပ်ကြည့်ရာ ဝင်သက်
ထွက်သက် ၃၊ ၄ ကြိမ်ခန့် သာ ခံသော်လည်း ၎င်းမှာ တိုက်ပွဲတစ်ခု၏ အလှည့်အပြောင်းကို ဖန်တီးရန် လုံလောက်လှသည်။ ပါရမီ အဆင့်တက်သွားသည်နှင့်အမျှ လုံယီသည် ယုံကြည်မှုများ ပြည့်ဝလာပြီး တတိယအဆင့်သွေးစွမ်းအားသိုင်းပညာရှင်တစ်ဦးကိုပင် စိန်ခေါ်နိုင်တော့မည်ဟု ခံစားနေရသည်။
သို့သော် အသေးစားစက်ဝိုင်း အဆင့်ရှိသူ၏ တိုက်ခိုက်မှုကို ကိုယ်တိုင်မမြင်ဖူးသေးသဖြင့် ၎င်းမှာ သူ၏ ခန့်မှန်းချက်မျှသာ ဖြစ်သည်။ ယခုအခါ မူလပြဿနာဖြစ်သော စွမ်းအင်မှတ် လိုအပ်ချက်မှာ ပိုမိုကြီးမားလာသည်။ သူသည် သားရဲသတ်တပ်ဖွဲ့ ထဲသို့ အမြန်ဆုံးဝင်ရန် လိုအပ်နေသည်။ သားရဲတစ်ရာ တောင်တန်းရှိ ဝိညာဉ်သားရဲများကသာ သူ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပေလိမ့်မည်။
တခြား နည်းလမ်းကောင်းတွေများ ရှိဦးမလား။
လုံယီ၏ မျက်လုံးများမှာ အကြံတစ်ခုရသွားသဖြင့် တောက်ပလာသည်။
အစွန်းရောက်လက်သီးဂိုဏ်း သိုင်းလေ့ကျင့်ရေးကွင်း...
ထောင့်တစ်နေရာတွင် လုံယီနှင့် ကျန်းဝေတတို့ မြေပြင်ပေါ်၌ ထိုင်ကာ စကားစမြည် ပြောနေကြသည်။
“ဝိညာဉ်သားရဲအသားကို ဘယ်မှာဝယ်လို့ရမလဲ ဟုတ်လား”
ကျန်းဝေတက သိချင်စိတ်ဖြင့် မေးသည်။
“မင်းက အသက်ရှူကျင့်စဉ် တောင် မသင်ရသေးတာ ဒါတွေက လိုလို့လား”
“နေရာကိုပဲ ပြောပြပါဦး”
“ဒါမျိုးတွေက ဆေးဆိုင်ကြီးတွေမှာ အလွယ်တကူ ရပါတယ်။ ဒါပေမဲ့ ဈေးတော့မချိုဘူးနော်” ကျန်းဝေတက သူ၏ အင်္ကျီလက်ထဲမှ လက်သည်းခွံခန့်ရှိသော အသားခြောက်အမည်းတုံးလေးတစ်တုံးကို ထုတ်ကာ လုံယီထံ ပစ်ပေးလိုက်သည်။
“မြည်းကြည့်လိုက်ဦး”
လုံယီက ပါးစပ်ထဲထည့်ကာ ဝါးကြည့်ရာ ဝက်သားခြောက်နှင့် ဆင်သော်လည်း ပို၍မာပြီး ဝါးရခက်ကာ အချိုဓာတ် အနည်းငယ် ပါဝင်သည်။ စားပြီးပြီးချင်းမှာပင် သူ၏ ဝမ်းဗိုက်အတွင်း၌ သိသာသော နွေးထွေးမှုတစ်ခု ထွက်ပေါ်လာသည်။
“ဒီလောက် အပိုင်းအစလေးကိုတောင် အကြွေစေ့ ၁၀၀ ကျော်ပေးရတာကွ”
ကျန်းဝေတက ခေါင်းခါယမ်းလိုက်သည်။
“သိုင်းပညာရှင်အဆင့်ရဲ့ ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေကို ထိန်းသိမ်းဖို့ဆိုရင် တစ်နေ့ကို အမဲသား ဒါမှမဟုတ် ဆိတ်သား ပိဿာချီ စားရမယ်။ အဲဒါကလည်း ခန္ဓာကိုယ်က စုပ်ယူဖို့ မလွယ်သလို အဆိပ်အတောက်တွေ ပြန်ထုတ်ရတာကလည်း အလုပ်ရှုပ်တယ်လေ”
“အဲဒီပြဿနာတွေကို ရှောင်ချင်ရင် ဝိညာဉ်သားရဲအသားကို စားရမယ်။ ဒါပေမဲ့ အမဲသားထက် အဆပေါင်းများစွာ ဈေးကြီးတယ်။ တစ်ပိဿာကို ငွေပြား အနည်းငယ်ပေးရတာဆိုတော့ သာမန်အိမ်ထောင်စုတွေ မတတ်နိုင်ကြဘူး”
သူက စကားပြောပြီးနောက် လုံယီကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။
“ဒါပေမဲ့… မင်းသာ ငါတို့ကျဲမိသားစုရဲ့ ဧည့်ခံအကြံပေးအဖြစ် ဝင်မယ်ဆိုရင်တော့ ဝိညာဉ်သားရဲအသားကို ဗိုက်ပြည့်တဲ့အထိ အန်ချင်လာတဲ့အထိ စားချင်သလောက် စားလို့ရတယ်နော်”
“ဪ... မင်းက ငါ့ကို အကဲခတ်နေတာ ကြာပြီပေါ့လေ”
လုံယီက ရယ်မောလိုက်သည်။
“ဒါပေမဲ့ ငါက အသားခြောက်ကို မလိုချင်ဘူး။ လတ်လတ်ဆတ်ဆတ် ဝိညာဉ်သားရဲအသားကိုပဲ လိုချင်တာ။ ဖြစ်နိုင်ရင် သားရဲတစ်ကောင်လုံးကို အကောင်းတိုင်း လိုချင်တာ။ မင်း စီစဉ်ပေးနိုင်မလား”
ကျဲမိသားစုမှာ ဆေးဝါးကုန်သည်ကြီးများ ဖြစ်ကြပြီး ဝိညာဉ်သားရဲအသားမှာလည်း အာဟာရဖြစ်စေသဖြင့် သူတို့၏ အဓိက ထုတ်ကုန်တစ်ခု ဖြစ်သည်။
“လတ်လတ်ဆတ်ဆတ်နဲ့ တစ်ကောင်လုံး တော်တော်ထူးဆန်းတဲ့ တောင်းဆိုချက်ပဲ”
ကျန်းဝေတက ဇဝေဇဝါ ဖြစ်သွားသည်။
“ဒါကတော့ သားရဲသတ်တပ်ဖွဲ့က တစ်ကောင်ဖမ်းလာတဲ့အချိန်နဲ့ မင်းနဲ့ ကွက်တိတိုးမှပဲ ရမှာ။ မဟုတ်ရင်တော့ မင်း မှောင်ခိုဈေးမှာပဲ ကံစမ်းကြည့်ရလိမ့်မယ်”
“မှောင်ခိုဈေး”
လုံယီက မျက်ခုံးပင့်ကာ မေးလိုက်သည်။
အခန်း။ ၈၀
“မှောင်ခိုဈေးဆိုတာက ဝင်ချင်တိုင်း ဝင်လို့ရတဲ့နေရာ မဟုတ်ဘူးဗျ။ အဲဒီကို ဝင်ခွင့်ရဖို့ဆိုရင် သီးသန့် တိုကင်တစ်ခု ရှိရမယ်။ ပြီးတော့ အဲဒီ တိုကင်တွေကို သိုင်းပညာရှင်တွေ ဒါမှမဟုတ် အဆက်အသွယ် အရမ်းကောင်းတဲ့ မိသားစုဝင်တွေကိုပဲ ထုတ်ပေးတာ။ ကျွန်တော့်တောင် အခုထိ တစ်ခုမှ မရသေးဘူး”
ကျန်းဝေတက ပြောလိုက်သည်။
“အဲဒီလောက်တောင် ခက်ခဲတာလား”
လုံယီ အံ့အားသင့်သွားသည်။
ကျန်းဝေတနှင့် စကားပြောဖြစ်ရာမှ မှောင်ခိုဈေး၏ အခြေခံအခြေအနေကို သူ ရှင်းလင်းစွာ သိရှိခဲ့ရသည်။ မှောင်ခိုဈေးသည် ထိုင်မြို့၏ အနောက်ဘက်ဆင်ခြေဖုံးရှိ လူသူကင်းဝေးသော စံအိမ်ကြီးတစ်ခု၏ မြေအောက်တွင် တည်ရှိပြီး ၎င်း၏ နောက်ခံမှာ အလွန်ရှုပ်ထွေးလှသည်။ အချို့က မြို့တော်ဝန်ရုံးနှင့် ပတ်သက်သည်ဟု ဆိုကြပြီး အချို့ကမူ ထိုင်မြို့၏ နံပါတ်တစ် မိသားစုဖြစ်သော စူးမိသားစုနှင့် ဆက်နွှယ်နေသည်ဟု ဆိုကြသည်။
ထိုစံအိမ်ကြီးကိုယ်တိုင်က ဘာမျှမရောင်းချပေ။ သူတို့သည် ဖလှယ်မှုနှင့် အရောင်းအဝယ်များ ပြုလုပ်နိုင်ရန် နေရာတစ်ခုကိုသာ ဖန်တီးပေးထားခြင်း ဖြစ်သည်။ ဝင်ကြေးအဖြစ် တစ်ကြိမ်
ဝင်လျှင် ငွေတစ်ပြားပေးဆောင်ရသည်။ ထို့ပြင် အရောင်းအဝယ်တိုင်းတွင် ကော်မရှင်ခ ပေးဆောင်ရပြီး ၎င်းကို အရောင်းအဝယ်ပမာဏအပေါ် မူတည်၍ မှောင်ခိုဈေး၏ ကိုယ်ပိုင်တွက်ချက်နည်းဖြင့် တွက်ချက်ယူသည်။
မှောင်ခိုဈေးရှိ ကုန်ပစ္စည်းများမှာ အမည်နှင့်လိုက်အောင်ပင် ရှားပါးပစ္စည်းများ သို့မဟုတ် ရင်းမြစ်မသဲကွဲသော ပစ္စည်းများ ဖြစ်ကြသည်။ သိုင်းပညာရှင်သုံး လက်နက်များ ကောင်းကင်နှင့် မြေကြီး၏ ရတနာများ ဝိညာဉ်သားရဲ အရေခွံများနှင့် လျှို့ဝှက်သိုင်းကျမ်းများမှာ ထိုနေရာ၌ မကြာခဏ တွေ့ရတတ်သော ပစ္စည်းများဖြစ်သည်။
တကယ့် နေရာကောင်းပဲ။
လုံယီ တွေးလိုက်သည်။
ဝိညာဉ်သားရဲ တစ်ကောင်လုံး၏ အလောင်းဖြစ်စေ သူ၏ ကျောက်သားအဖြစ် ပြောင်းလဲခြင်း ပါရမီ အဆင့်မြှင့်ရန် လိုအပ်သော ဖီးနစ်သွေးကျောက် ဖြစ်စေ ထိုနေရာတွင် ကံစမ်းရှာဖွေကြည့်သင့်သည်။ ယခုလောလောဆယ်တွင် ကျန်းဝေတမှာ အားကိုး၍ မရသေးသဖြင့် လုံယီသည် အစေခံမလေး ရှောင်ချန်း ပေးခဲ့သော နံ့သာအိတ်ကို ယူဆောင်ကာ မြို့အနောက်ဘက်ရှိ ရှန်းလုံ လက်ဖက်ရည်ဆိုင်သို့ မြင်းလှည်းဖြင့် ချက်ချင်း ထွက်ခွာခဲ့တော့သည်။
ရှန်းလုံ လက်ဖက်ရည်ဆိုင်မှာ မြို့အနောက်ဘက်၏ အစည်ကားဆုံး လမ်းမပေါ်တွင် တည်ရှိပြီး လက်ဖက်ရည်သောက်သူများဖြင့် အတော်လေး စည်ကားလှသည်။
“လူတစ်ယောက်ကို ရှာချင်လို့ပါ”
လုံယီက ပန်းရောင် နံ့သာအိတ်လေးကို ဆိုင်မန်နေဂျာအား ကမ်းပေးလိုက်သည်။
မန်နေဂျာက အိတ်ကို တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် သူ၏ မျက်နှာအမူအရာမှာ တည်ကြည်သွားပြီး “ဂုဏ်သရေရှိ ဧည့်သည်တော် ခေတ္တခဏ စောင့်ဆိုင်းပေးပါ” ဟု ပြောလိုက်သည်။
သူသည် အစေခံတစ်ဦးကို လုံယီအား သီးသန့် အခန်းကောင်းတစ်ခုသို့ လိုက်ပို့ခိုင်းလိုက်သည်။ အခန်းအတွင်းရှိ ကြမ်းပြင်ကို သစ်သားဝါများဖြင့် ခင်းထားပြီး နံရံများတွင် ကဗျာလက်ရေးမူများနှင့် ပန်းချီကားများကို ချိတ်ဆွဲထားသည်။ ထွင်းထုထားသော တံခါးနှင့် ပြတင်းပေါက်များမှာ အလွန်ပင် လက်ရာမြောက်လှပြီး အခန်း၏ လေထုမှာ အေးချမ်းဆိတ်ငြိမ်ကာ ခန့်ညားလှသည်။
သစ်သားစားပွဲပေါ်တွင် လက်ရာမြောက်သော အစိမ်းရောင် လက်ဖက်ရည်အိုးတစ်လုံးရှိပြီး ၎င်း၏ ပတ်ပတ်လည်တွင် တစ်လက်မခန့်သာ အချင်းရှိသော အစိမ်းရောင် လက်ဖက်ရည်ခွက်ငယ် ခုနစ်ခွက်စီထားကာ ခွက်တိုင်းတွင် လက်ဖက်ရည်များ ဖြည့်ထားလေသည်။
လုံယီသည် ခွက်တစ်ခွက်ကို ခပ်ပေါ့ပေါ့ပင် ကောက်ယူကာ ပါးစပ်ထဲ မော့ထည့်လိုက်သည်။ အရသာမှာ ခါးသက်သက်နှင့် ဖန်တောက်တောက်နိုင်လှသဖြင့် သူ လုံးဝ အနုစိတ် မခံစားတတ်ပေ။
သူ လက်ဖက်ရည်တစ်အိုးလုံး ကုန်အောင် သောက်ပြီးချိန်တွင် ပန်းရောင်ဝတ်စုံနှင့် အစေခံမလေး ရှောင်ချန်း ရောက်လာတော့သည်။ သူမသည် အပြေးအလွှား လာခဲ့ရပုံရပြီး မျက်နှာလေးမှာ နီမြန်းနေ၏။ သူမ၏ ချစ်စရာကောင်းသော နှာခေါင်းဖျားတွင် ချွေးစက်လေးများ စိုရွှဲနေပြီး ရင်ဘတ်လေးမှာလည်း မောဟိုက်မှုကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်မှာ အာရုံစိုက်စရာပင်။
“ဘာကိစ္စများ အရေးကြီးလို့လဲ သခင်လေးလုံရယ်”
ရှောင်ချန်း၏ လေသံတွင် အပြစ်တင်သံ အနည်းငယ် ပါနေသည်။ လုံယီ၏ အလောတကြီး လုပ်ရပ်ကို သူမက စိတ်မရှည်သလို ငေါ့တော့တော့ ပြောလိုက်ခြင်း ဖြစ်သည်။
“မင်းတို့ သခင်မလေးက ငါ့အတွက် မှောင်ခိုဈေးဝင်ခွင့် တိုကင် တစ်ခု ရအောင် ကူညီပေးနိုင်မလား”
လုံယီသည် စကားကို ပတ်ချွဲမနေတော့ဘဲ လိုရင်းကိုသာ တိုက်ရိုက် မေးလိုက်သည်။
“တိုကင်လား ရှင်က သိုင်းပညာရှင် ဖြစ်သွားပြီမို့လို့လား”
“မဖြစ်သေးဘူး ဒါပေမဲ့ မကြာခင် ဖြစ်တော့မှာပါ”
“ဒါကတော့ သခင်မလေးကို ပြန်မေးကြည့်ရဦးမှာပဲ။ ရှင်ကတော့ သခင်မလေးကို အမြဲတမ်း ခက်ခဲတဲ့ ပြဿနာတွေပဲ ပေးနေတာပဲနော်”
ရှောင်ချန်းက စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
“ဟဲဟဲ... ဒါဆိုလည်း အားကိုးပါရစေဦးဗျာ”
သူတို့နှစ်ဦး လမ်းခွဲပြီးနောက် ရှောင်ချန်းသည် လက်ဖက်ရည်ဆိုင်နောက်ကွယ်တွင် ဝှက်ထားသော မြင်းလှည်းကို စီးကာ မြို့ထဲသို့ အမြန်ပြန်လာခဲ့သည်။ မကြာမီမှာပင် သူမသည် အနီရောင် တံခါးကြီးတစ်ခု၏ ရှေ့သို့ ရောက်ရှိသွားသည်။
တံခါး၏ ဝဲယာရှိ အဖြူရောင် နံရံကြီးများမှာ ၁၃ ပေခန့် မြင့်မားပြီး တံခါးဝ၏ ဘေးတစ်ဖက်တစ်ချက်တွင် ကြီးမားလှသော ကျောက်ဖြူခြင်္သေ့ရုပ်ကြီး နှစ်ရုပ် ရှိလေသည်။ ထိုရုပ်တုများမှာ အလွန်ပင် အသက်ဝင်လှပြီး နေ့စဉ် သုတ်သင်ထားသဖြင့် ပြောင်လက်စင်ကြယ်နေသည်။ တံခါးအထက်တွင်မူ တန်ဖိုးကြီး လှပသော သစ်သားဆိုင်းဘုတ်ပေါ်၌ ရွှေရောင်စာလုံးကြီးနှစ်လုံးဖြင့် စူးမိသားစုဟု ရေးထိုးထားသည်။
တံခါးစောင့် လေးဦးသည် မြင်းလှည်းကို မြင်သည်နှင့် တံခါးကို ဖွင့်ပေးလိုက်ကြသည်။ တံခါး၏ အနောက်ဘက်တွင် ကျောက်ဖြူခင်းထားသော ရင်ပြင်ကျယ်ကြီးရှိပြီး အဝေးတွင် ဝင့်ကြွားသော အဆောင်အဦးများနှင့် ကွေ့ကောက်နေသော စင်္ကြံလမ်းများကို မြင်တွေ့နိုင်သည်...
ရှောင်ချန်းသည် ကျယ်ဝန်းလှသော စုစံအိမ်ကြီးအတွင်း ဘယ်ကွေ့ညာကွေ့ဖြင့် လျှောက်လှမ်းလာပြီးနောက် တိတ်ဆိတ်ငြိမ်သက်သော ဝင်းတစ်ခုအတွင်းသို့ ရောက်လာသည်။ ထိုဝင်းအတွင်းရှိ ကျောက်တောင်အတုများ ရေကန်နှင့် ပန်းမန်များမှာ ပြောမပြနိုင်လောက်အောင် လှပလှသည်။ အသက် ၂၀ ကျော်ခန့်ရှိမည့် အဝါနုရောင် ဝတ်စုံဝတ် အမျိုးသမီးတစ်ဦးသည် ကျောရိုးကို မတ်မတ်ထားကာ စာဖတ်နေသည်ကို တွေ့ရသည်။ နေရောင်အောက်တွင် သူမ၏ အသားအရေမှာ ကျောက်စိမ်းထက်ပင် ပိုမိုဝင်းလက်တောက်ပနေတော့သည်။
“သူ့ကို တွေ့ခဲ့လား သူ ဘာပြောလဲ”
“သခင်မလေး... သူက မှောင်ခိုဈေးဝင်ခွင့် တိုကင် လိုချင်လို့တဲ့”
“ငါ့ရဲ့ တတိယဦးလေးကို သွားမေးပေးလိုက်ပါ သူဆိုရင် နည်းလမ်းရှိမှာပါ”
အဝါရောင်ဝတ်စုံနှင့် အမျိုးသမီးသည် ခေါင်းကို လှည့်လိုက်စဉ် ရှောင်ချန်း၏ ဇဝေဇဝါဖြစ်နေသော မျက်နှာကို မြင်သွားသည်။
“ငါ ဘာလို့ သူ့ကို ကူညီနေရတာလဲလို့ မေးချင်လို့လား”
“ဟုတ်ပါတယ် သခင်မလေး။ သူက ဓားပြခေါင်းဆောင်တစ်ယောက်ပဲလေ။ သူ ကျွန်မတို့ကို လိုက်ပို့ပေးခဲ့တယ်ဆိုပေမဲ့ ကျွန်မတို့ဘက်ကလည်း ထိုက်ထိုက်တန်တန် ပြန်ပေးခဲ့ပြီးပြီပဲ။ သူ့အပေါ် ဘာမှ အကြွေးမတင်တော့ဘူးလို့ ထင်တာပဲ”
“သူက သိုင်းပညာသင်ဖို့အတွက် အသက်အရွယ်လည်း အတော်ကြီးနေပြီ အလားအလာကလည်း အကန့်အသတ်ရှိတာပဲ။ သူ့လိုလူမျိုးနဲ့ ဘာလို့ မဟာမိတ်ဖွဲ့နေရတာလဲ ကျွန်မ မသိတော့ဘူး”
ရှောင်ချန်းက နှုတ်ခမ်းဆူကာ စိတ်မရှည်စွာ ပြောလိုက်သည်။
“ဒါ့အပြင် မိသားစုထဲမှာ သခင်မလေးကို မကြည်တဲ့သူတွေကလည်း အများကြီးပဲ။ ရှိတဲ့အရင်းအမြစ်တွေကို ချွေချွေတာတာ သုံးသင့်တယ်လို့ ထင်ပါတယ်”
“သူက အဆင့်မကျော်ဖြတ်ရသေးခင်မှာတင် ဒုတိယအဆင့်သွေးစွမ်းအား သိုင်းပညာရှင်
တစ်ယောက်ကို သတ်နိုင်ခဲ့တာ။ ဒီလိုလူမျိုးကို သာမန်စံနှုန်းတွေနဲ့ တိုင်းတာလို့မရဘူး”
အဝါရောင်ဝတ်စုံနှင့် အမျိုးသမီး ထျန်းစူးရှီးက ရှောင်ချန်းကို တစ်ချက်ကြည့်ကာ အေးဆေးစွာပင် ပြောလိုက်သည်။
“ငါက ဒီမိသားစုမှာ တစ်ကိုယ်တည်း အားကိုးရာမဲ့နေတာလေ။ ဒီလိုလူမျိုးတွေရဲ့ ထောက်ပံ့မှုကို ငါက ပိုတောင်လိုအပ်သေးတာ မဟုတ်လား”
“သခင်မလေးရဲ့ အမြင်က တကယ်ကို နက်ရှိုင်းပါတယ်”
ရှောင်ချန်းမှာ ဆက်၍ မငြင်းရဲတော့ဘဲ နာခံစွာသာ ပြန်ပြောလိုက်တော့သည်။
တစ်ဖက်တွင်မူ လုံယီသည် အစွန်းရောက်လက်သီးဂိုဏ်းသို့ ပြန်ရောက်သောအခါ သင်ကြားမှုပြီးဆုံး၍ ထွက်ခွာတော့မည့် ချန်မုကျူထံသို့ ချဉ်းကပ်လိုက်သည်။
“မင်း စစ်ဆေးမှု ခံယူဖို့ လာပြောတာမလား”
ချန်မုကျူက လုံယီ၏ ရည်ရွယ်ချက်ကို ကြိုတင်ခန့်မှန်းပြီးသား ဖြစ်သည်။
“ဟုတ်ပါတယ် စီနီယာအစ်ကိုကြီး... ကျွန်တော့်အတွက် စီစဉ်ပေးပါဦး”
“လာမယ့်လ ၃ ရက်နေ့အထိ စောင့်လိုက်ဦး။ အဲဒီနေ့ကျရင် ဂိုဏ်းအကြီးအကဲတစ်ယောက် ရှိနေလိမ့်မယ်။ မင်းအပြင် တခြား လျှောက်ထားတဲ့သူ အနည်းငယ်လည်း ရှိသေးတယ်”
လုံယီမှာ အံ့သြခြင်းမရှိပေ။ လေ့ကျင့်ရေးကွင်းရှိ လူအများစုမှာ ကြားဖြတ်ဝင်လာသော သူ့ထက်စော၍ ရောက်နေကြသူများဖြစ်ရာ ဆက်တိုက်လက်သီးသိုင်းကို တတ်မြောက်နေကြခြင်းမှာ သဘာဝပင်။
သို့သော် ဤသတင်းကို ကျန်းဝေတအား ပြောပြလိုက်သောအခါ ကျန်းဝေတမှာ အမြီးနင်းမိသော ကြောင်တစ်ကောင်အလား တုန်လှုပ်သွားပြီး ခုန်တက်မတတ် ဖြစ်သွားသည်။
“မဖြစ်ဘူး မဖြစ်နိုင်တာ ငါ ဒီကိုရောက်တာ သုံးလနီးပါး ရှိနေပြီ။ မင်းတို့အားလုံးက အတွင်းစည်းကို ရောက်သွားပြီး ငါက ကျန်ခဲ့မယ်ဆိုရင် ငါ့မျက်နှာ ဘယ်နားသွားထားရမလဲ”
ကျန်းဝေတသည် ဟိုဟိုဒီဒီ လမ်းလျှောက်နေရင်း လုံယီဘက်သို့ ရုတ်တရက်လှည့်ကာ တည်ကြည်စွာ ပြောလိုက်သည်။
“အာယီ... မင်း ငါ့ကို ကူညီမှဖြစ်မယ်”
“လက်သီးကျင့်ဖို့ ကူညီရမှာလား ပြဿနာမရှိပါဘူး”
ဤအတောအတွင်း ကျန်းဝေတသည် သခင်လေးတို့၏ ဆိုးရွားသော စရိုက်များမရှိဘဲ ခင်မင်စရာကောင်းသူဖြစ်ကြောင်း လုံယီ သိရှိထားသဖြင့် သူငယ်ချင်းအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။
“မင်းက တကယ့်ကို သစ္စာရှိတဲ့သူပဲ”
ကျန်းဝေတက ဝမ်းသာအားရ ပြောလိုက်သည်။
“ငါလည်း မင်းကို အလကား ခိုင်းမှာမဟုတ်ပါဘူး။ ငါနဲ့ လက်ရည်စမ်းပေး ငါက မင်းကို ဆုလာဘ်အဖြစ် ဝိညာဉ်သားရဲ အသားခြောက် ပေးမယ် ဘယ်လိုလဲ”
“သဘောတူတယ်”
လုံယီက ပြုံးလျက် ပြန်ဖြေလိုက်သည်။
အပြင်ပန်းကြည့်လျှင် နှစ်ဦးနှစ်ဖက် အကျိုးရှိသော သဘောတူညီချက်ဟု ထင်ရသော်လည်း သေချာတွက်ကြည့်လျှင် လုံယီကသာ ကျန်းဝေတအပေါ် အခွင့်အရေးယူနေခြင်း ဖြစ်သည်။ အကြောင်းမှာ ကျဲမိသားစု၏ အရှိန်အဝါဖြင့် ကျန်းဝေတသည် လက်ရည်စမ်းရန် မည်သူ့ကိုမဆို ရှာနိုင်သောကြောင့် ဖြစ်သည်။
သိုင်းပညာရှင် အဆင့်ဆင့်ကိုပင် ရှာနိုင်ပါလျက်နှင့် အဆင့်မကျော်ဖြတ်ရသေးသော လုံယီကိုမှ ဘာကြောင့် ရွေးရတာလဲ။
ကြည့်ရသည်မှာ ကျန်းဝေတသည် လုံယီ၏ စိတ်ထဲတွင် အားနာမှု သို့မဟုတ် အတားအဆီးများ မဖြစ်စေရန်အတွက် စပွန်ဆာ ပေးသည့် ပုံစံမျိုးဖြင့် ပါးပါးနပ်နပ် ကူညီပေးနေခြင်းသာ ဖြစ်ပေလိမ့်မည်။ ဤကျန်းဝေတမှာ ထင်ထားသည်ထက် ပို၍ စိတ်ထားနူးညံ့ပြီး စဉ်းစားဉာဏ်ရှိသူပင်။
သဘောတူညီချက်ရရှိပြီးနောက် သူတို့နှစ်ဦးသည် သိုင်းလေ့ကျင့်ရေးကွင်းတွင် လက်ရည်မစမ်းဘဲ သိုင်းကျောင်းနှင့် မလှမ်းမကမ်းရှိ သီးသန့်နေအိမ်တစ်လုံးသို့ သွားခဲ့ကြသည်။
ထိုအိမ်မှာ လုံယီငှားထားသောအိမ်ထက် များစွာကျယ်ဝန်းပြီး ခြံဝင်းအတွင်း၌ပင် စတုရန်းပေ တစ်ထောင်ခန့် ရှိသည်။ ခြံထဲတွင် လှပသော အစေခံမလေးနှစ်ဦးနှင့် ဓားတစ်လက်ကို ကိုင်ဆောင်ထားကာ မျက်နှာသေနှင့်ရှိနေသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို တွေ့ရသည်။
“ဦးလေးဖန်… ဒါက ကျွန်တော့်သူငယ်ချင်း လျူယီ တဲ့”
ကျန်းဝေတက တက်ကြွစွာ မိတ်ဆက်ပေးသည်။
“သူက ကျွန်တော်နဲ့ လက်ရည်စမ်းပေးဖို့ လာတာ”
“မင်္ဂလာပါ ဦးလေးဖန်”
လုံယီက နှုတ်ဆက်လိုက်ရာ ဦးလေးဖန်ဟု ခေါ်သူက ယဉ်ကျေးစွာ ခေါင်းညိတ်ပြသည်။ ထိုသူပေးသော ခံစားချက်မှာ ချန်မုကျူနှင့် ဆင်တူသဖြင့် စက်ဝိုင်းအဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်နိုင်ခြေ အလွန်များသည်။ ဦးလေးဖန်သည် လုံယီကို တစ်ချက်ကြည့်ပြီးနောက် အိမ်ထဲသို့ ပြန်ဝင်သွားခဲ့သည်။ သို့သော် လုံယီအနေဖြင့် ဦးလေးဖန်မှာ အမှန်တကယ် ထွက်သွားခြင်းမဟုတ်ဘဲ ရုတ်တရက် အန္တရာယ်တစ်ခုခု ဖြစ်လာပါက ဝင်ရောက်တားဆီးရန် အနီးအနားမှ စောင့်ကြည့်နေကြောင်း သိနေသည်။
“မင်း ဒီမှာ အလှလေးတွေကို ဝှက်ထားတာ ငါမသိဘူးပဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းဦးနော်”
လုံယီက အဖြူရောင်ဝတ် အစေခံမလေးနှစ်ဦးကို လက်ညှိုးထိုးပြရင်း နောက်ပြောင်လိုက်သည်။
“သွားစမ်းပါကွာ… ငါက လူပျိုစစ်စစ်ပါ”
ကျန်းဝေတက လှောင်ပြုံးဖြင့် ပြန်အော်ကာ အင်္ကျီလက်ကို လိပ်တင်လိုက်ပြီး လုံယီထံသို့ ပြေးဝင်လာသည်။
“အလျှော့မပေးနဲ့နော် လာမယ့်လ ၃ ရက်နေ့မှာ ငါ အဆင့်ကျော်ဖြတ်နိုင်ဖို့ လိုတယ်”
“ကောင်းပြီ”
လုံယီက ကျန်းဝေတ၏ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုကို အလွယ်တကူ ကာကွယ်လိုက်ပြီး လက်နှစ်ဖက်ဖြင့် တည့်တည့်တွန်းထုတ်လိုက်ရာ ကျန်းဝေတမှာ ဘောလုံးတစ်လုံးကဲ့သို့ လွင့်ထွက်သွားသည်။
“ကိုယ့်ကိုယ်ကိုယ် သတိထားဦး”
လုံယီက သတိပေးလိုက်သည်။ ကျန်းဝေတ၏ အကူအညီအတွက် ကျေးဇူးတင်သောကြောင့် လုံယီသည် အလျှော့မပေးဘဲ ကျန်းဝေတ၏ အလားအလာများ ထွက်ပေါ်လာစေရန် ပြင်းပြင်းထန်ထန် တွန်းအားပေးရန် ဆုံးဖြတ်လိုက်သည်။
“မင်းသာ သတိထားစမ်းပါ ငါ့မိသားစုရဲ့ ကိုယ်ဟန်နဲ့ ခြေကွက်တွေက… အား”
ကျန်းဝေတ၏ ကြွားဝါမှုမှာ လုံယီ၏ နံရိုးအောက် လက်ဝါးချက်ကြောင့် အော်ဟစ်သံနှင့်အတူ ပြတ်တောက်သွားသည်။ သူက ဒေါသတကြီး လက်သီးဖြင့် ပြန်ထိုးသော်လည်း လက်သီးမှာ လမ်းတစ်ဝက်ပင် မရောက်သေးခင် လုံယီ၏ လက်သီးက သူ၏ဝမ်းဗိုက်ကို ထိမှန်သွားသဖြင့် အသက်ရှူပင် ရပ်မတတ် ဖြစ်သွားရသည်။
ထို့နောက်တွင်မူ ခြံဝင်းအတွင်း၌ ဝက်သတ်သံကဲ့သို့ အော်ဟစ်သံများသာ ဟိန်းထွက်နေတော့သည်။
“မင်း လက်ချက်က နည်းနည်း ပြင်းမနေဘူးလား”
“ဟိုး… ဟိုး… မင်း တကယ်ကြီး ထိုးနေတာလား”
“တော်ပြီ… တော်ပါပြီ… တောင်းပန်ပါတယ်။ ကောင်းပြီ ကောင်းပြီ… ငါ သွားတော့မယ်။ တောက် ပြေးခွင့်တောင် မပေးဘူး…”
ခြံထောင့်ရှိ အစေခံမလေးနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ “သခင်လေးရဲ့ သူငယ်ချင်းက ဘာလို့ ဒီလောက်တောင် ကြမ်းရတာလဲ” ဆိုပြီး ဇဝေဇဝါ ဖြစ်နေကြသည်။
တစ်ဖက်တွင်မူ အစက ဂရုမစိုက်သလို နေနေသော ဦးလေးဖန်မှာ အချိန်ကြာလာသည်နှင့်အမျှ မျက်နှာထား တည်ကြည်လာခဲ့သည်။
ရှောင်တဖွဲ့ထားတဲ့ ဒီသူငယ်ချင်းက သာမန်လူတော့ မဟုတ်ဘူးပဲ။
နာကျင်စွာ အော်ဟစ်သံများမှာ ညနေစောင်းအထိ ဆက်လက်ထွက်ပေါ်နေခဲ့သည်။ လုံယီမှာမူ စိတ်ကျေနပ်ပုံရပြီး မြေပြင်ပေါ်တွင် ဖရိုဖရဲ ထိုင်နေသော လူကို ကြည့်ကာ ခေါင်းညိတ်ပြသည်။ “မနက်ဖြန် ထပ်လာခဲ့ဦးမယ်”
ကျန်းဝေတသည် ဖူးရောင်နေသော မျက်နှာကြီးကို မော့ကြည့်ရင်း လုံးဝ စိတ်ပျက်အားငယ်နေတော့သည်။ အချိန်များမှာ လျင်မြန်စွာ ကုန်ဆုံးသွားပြီးနောက် လာမယ့်လ ၃ ရက်နေ့သို့ ရောက်ရှိလာခဲ့သည်။