← Chapters

ကယ်တင်ရှင်

Vol. 20 Ch. 275

ကယ်တင်ရှင်

Vol. 20 Ch. 275

မိစ္ဆာခုနစ်ဖော်နယ်မြေအတွင်း၌ ကျွန်းတစ်ခုရှိပြီး ယင်း၏ မြေကြီးမှနေ ခရမ်းရောင်အလင်းများ ထွက်ပေါ်လျက်ရှိကာ ကျွန်းတစ်ဝိုက်အား အဖြူရောင်မြူခိုးများဖြင့် ရစ်သိုင်းထားသည်။

ဧရာမခုံးဖြူကြီးတစ်ကောင်သည် အဖြူရောင်မြူခိုးများအား ထိုးဖောက်ကာ ဖြတ်သန်းလာပြီး ကျွန်းပေါ်သို့ ဆင်းသက်လိုက်သည်။

“အသင်္ချေလှိုင်းမိစ္ဆာအင်ပါယာ.. မင်းတစ်ယောက်တည်း ဘာလို့ ပြန်လာရတာလဲ။ ကျန်တဲ့သူတွေကော။” ခန္ဓာကိုယ်မှ အေးစက်စက်အော်ရာများ ထွက်ပေါ်နေသော အဖြူရောင်ဝက်ဝံကြီးတစ်ကောင်မှ မေးလေသည်။

ထိုဧရာမ ခုံးခွံကြီး ပွင့်လာပြီးနောက် အတွင်းမှ ကြီးမားသည့် အဖြူရောင်လိပ်ပြာကြီး ပျံသန်းထွက်ပေါ်လာသည်။

ယင်းသည် ယင်း၏အရှေ့တွင်ရှိနေသော အဖြူရောင်ဝက်ဝံနှင့် မီးလျှံနဂါးအား ကြည့်လိုက်ပြီးနောက် အေးစက်စွာဖြင့် ပြောလေသည်။ “အကုန် သေကုန်ကြပြီ။”

“လေးကောင်လုံးလား။” မီးလျှံနဂါး အလွန်တုန်လှုပ်သွားသည်။ “နဂါးမင်းပိုင်နက်က တစ်ယောက်ယောက်နဲ့ တွေ့လာတာလား။”

ဧရာမလိပ်ပြာကြီး ခေါင်းယမ်းလိုက်သည်။ “မဟုတ်ဘူး။ အစွမ်းထက်တဲ့ ချိုနဂါးတစ်ကောင်နဲ့ တွေ့ခဲ့ရတာတော့ ဟုတ်တယ်။ ဒါပေမဲ့ သူမတစ်ယောက်တည်းပဲ။ တိုက်ပွဲအခြေအနေကို လုံးဝ ပြောင်းပြန်လှန်ပစ်လိုက်တာက လူသားကျင့်ကြံသူတစ်ဦးပဲ။”

လိပ်ပြာကြီးသည် အန်လင်း၏ အပြုအမူတို့အား ပြန်ပြောစဉ် သူ၏နှလုံးသားထဲတွင် ကြောက်ရွံ့မှုတို့ ကြီးစိုးလာသည်။ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ရှိ စက်ရုပ်များအကြောင်း၊ အစွမ်းထက် ဓားနည်းစနစ်များအကြောင်းနှင့် စိတ်ဝိညာဉ်ပျိုးထောင်ခြင်း အလယ်အဆင့်မျှနှင့် ရဲရဲနီမိစ္ဆာအင်ပါယာနှင့် ဝေလငါးရှင်ကြီးတို့အား သတ်ဖြတ်ပစ်ခဲ့ပုံတို့အား ပြောလေသည်။

အဖြူရောင်ဝက်ဝံနှင့် မီးလျှံနဂါးတို့သည် လိပ်ပြာ၏ ပြောကြားချက်အား နားထောင်ပြီးသည့်နောက် တိတ်ဆိတ်သွားကြသည်။ ဘာလို့များ လူသားကျင့်ကြံသူတစ်ဦး ရှိနေရပါလိမ့်။

အချိန်အတော်ကြာ တိတ်ဆိတ်ပြီးသည့်နောက်တွင် အဖြူရောင်ဝက်ဝံမှ လေးနက်သည့်ဟန်ဖြင့် ပြောလာသည်။ “အဲဒီတော့ စိတ်ဝိညာဉ်ဆယ်မျိုးစတေးခံဝင်္ကပါ က အရေးအကြီးဆုံး အစိတ်အပိုင်းကို လိုနေသေးတာပေါ့။ စတေးခံပုလဲတွေ...”

မြေပြင်ပေါ်တွင် သွေးများနှင့် ပြုလုပ်ထားသော ကြီးမားသည့် ဝင်္ကပါတစ်ခု ရေးဆွဲထားပြီး ထူးခြားသည့်အလင်းတစ်ခု ထွက်ပေါ်နေလေသည်။

ထိုဝင်္ကပါသည် ကျွန်းတစ်ခုလုံးအား ခြုံငုံထားပြီး အလွန်ရှုပ်ထွေးသည့် ပုံစံများဖြင့် သွေးများစီးဆင်းနေလေသည်။ သွေးများသည် ကျွန်း၏ ခရမ်းရောင်မြေဆီလွှာအတွင်းသို့ ဖြတ်စီးသွားပြီး မည်သည့်အခါတွင်မျှ ခမ်းခြောက်မည့်ပုံ မရပေ။

လိပ်ပြာသည် နောင်တတရားအပြည့်နှင့် သက်ပြင်းရှိုက်လိုက်သည်။ “ရဲရဲနီမိစ္ဆာအင်ပါယာက ငါတို့အားလုံး အင်အားစုတွေစုပေါင်းပြီး စိတ်ဝိညာဉ်ဆယ်မျိုးစတေးခံဝင်္ကပါရဲ့ နောက်ဆုံးအဆင့်ကို ပြီးမြောက်နိုင်လိမ့်မယ်လို့ ထင်ခဲ့တာ။ ထူးခြားတဲ့လူသားကျင့်ကြံသူနဲ့ ရင်ဆိုင်ရမယ်လို့ ဘယ်သူက ထင်ခဲ့မိမှာလဲ။ ဒါက အဆုံးသတ်ပဲလား။”

“ဒါက နည်းနည်းပါးပါး ကံခေသွားတာပါ။ ကြယ်တာရာတွေ ချိန်သားကိုက်ပြီး အရှင်မင်းကြီး ပြန်လည်ရှင်သန်လာဖို့ ၁၅ ရက်တောင် ကျန်နေသေးတယ်လေ။ ကျုပ်တို့မှာ အခွင့်အရေး ရှိနေပါသေးတယ်။” မီးလျှံနဂါးမှ အသံနှိမ့်ကာဖြင့် ပြောသည်။ “ဒီတစ်ကြိမ်တော့ ကျုပ်သွားတာပေါ့။ သိုလှောင်ပုတီးစေ့ကို ယူသွားမယ်။ ပုလဲနိုင်ငံတော်က ကျပမ်းမြို့တွေကို ဝင်ပြီး ပုလဲလူမျိုး ၁၀၀၀၀ ကို သိုလှောင်ပုတီးစေ့ထဲ ထည့်ခဲ့မယ်။ မိုးကြိုးက နှစ်ခါမပစ်ပါဘူး။”

လိပ်ပြာနှင့် ဝက်ဝံဖြူတို့သည် ထိုအကြံအစဉ်အား ကြားလိုက်သည့်အခါ အတော်လေး စိတ်သက်သာရာ ရမိသည်။ မီးလျှံနဂါးသည် မိစ္ဆာခုနစ်ဖော်နယ်မြေရှိ မိစ္ဆာဘုရင်များ အားလုံးထဲတွင် အမြန်ဆုံးဖြတ်သည်။ ယင်း၏ အမြန်နှုန်းအား သိုလှောင်ပုတီးစေ့နှင့် ပေါင်းစပ်လိုက်မည်ဆိုလျှင် ထိုလုပ်ငန်းမှာ အလွန်ရိုးရှင်းလှပေသည်။

ပေါ်လန်မြို့အတွင်းတွင်မူ ထိုတိုက်ပွဲမှာ ပုလဲနိုင်ငံတော်၏ သမိုင်းစာအုပ်များတွင်ပင် မှတ်တမ်းတင်ရန် ထိုက်တန်သည့်အတွက် မှတ်တမ်းတင် ရေးထိုးပြီး ဖြစ်သည်။

ပေလျန်သည် ပုလဲဘုရင်၏ စံအိမ်သို့ ပြန်ရောက်သည့်အခါ သူမ၏ ကျောက်စိမ်းအဆောင်အား ချိုးဖြတ်ကာ ဆင့်ခေါ်ခဲ့သည့် ကောင်းကင်အစောင့်တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံလိုက်ရသည်။ ဤနေရာရှိ တိုက်ပွဲပြီးဆုံးသွားသော်လည်း ပေလျန်သည် အသင်္ချေလှိုင်းမိစ္ဆာအင်ပါယာအား ရှာဖွေရန်အတွက် ၎င်းတို့အား မိစ္ဆာခုနစ်ဖော်နယ်မြေသို့ စေလွှတ်လိုက်သည်။

နောက်တစ်နေ့တွင် ပုလဲနိုင်ငံတော် တစ်ခုလုံးသည် အန်လင်းနှင့် ပေလျန်တို့၏ သူရဲကောင်းဆန်သည့် အပြုအမူများအား သိရှိလိုက်ရသည့်အတွက် နိုင်ငံတစ်ဝှမ်း အလွန်ဝမ်းမြောက်နေကြလေသည်။

ဤသို့ဖြင့် အန်လင်းသည် နောက်ထပ်တဖန် ပုလဲနိုင်ငံတော်၏ သူရဲကောင်း ဖြစ်လာရပြန်သည်။

ထို့နောက်တွင် အန်လင်းနှင့် နဂါးမင်းသမီးတို့သည် “ပုလဲကယ်တင်ရှင်နှစ်ဦး” ဟူသည့် ဂုဏ်ပုဒ်အား ချီးမြှင့်ခြင်းခံလိုက်ရသည်။

ထိုဂုဏ်ပုဒ်မှာ မဆိုးလှဟု အန်လင်းခံစားမိသည်။ မည်သို့ပင်ဆိုစေကာမူ ‘အဆိပ်သခင်’ ဟူသည့် ဂုဏ်ပုဒ်ထက် များစွာကောင်းမွန်လှပြီး ဓားအင်မော်တယ်အန်လင်း ဟူသည့် ဂုဏ်ပုဒ်ပြီးနောက် ဒုတိယမြောက် အကောင်းဆုံးနေရာတွင် ရှိလေသည်။

အန်လင်းသည် ပုလဲဘုရင်၏ ခြံဝင်းထဲ၌ ပေလျန်နှင့် ဆုံတွေ့လိုက်ရသည်။ သူမသည် လူဖန်တီးထားသည့် ရေကန်ထဲတွင် ငါးများနှင့် ဆော့ကစားနေခြင်း ဖြစ်သည်။

“မင်္ဂလာပါ ပုလဲကယ်တင်ရှင်မလေး”

အန်လင်း သူမအား ပြုံးကာဖြင့် နှုတ်ဆက်လိုက်သည်။

ပေလျန်သည် သစ်ကိုင်းခြောက်အား အသုံးပြုကာ ရေကန်ထဲရှိ ရွှေငါးများနှင့် ကစားလျက်ရှိပြီး အန်လင်းအား ပြုံးကာဖြင့် မော့ကြည့်လေသည်။ သူမ၏ ချယ်ရီရောင်နှုတ်ခမ်းပါးအား ဖွင့်ဟကာဖြင့် ရေကန်ထဲသို့ လေမှုတ်ထုတ်လိုက်သည့်အခါ ရွှေငါးများ၏ အထက်ရှိ ရေများ လှိုင်းထသွားသည်။

သို့သော်လည်း ရွှေငါးများသည် သူမ၏ အပြုအမူအား ကြောက်ရွံ့သည့်ပုံ မပေါ်ချေ။ အများစုသည် ထိုနေရာသို့ပင် တက်လာကြသေးသည်။

“ခင်ဗျားက အတော်လေး လူကြိုက်များပုံပဲ။ ငါးတွေတောင် သဘောကျနေတယ်။” အန်လင်းသည် သူမနံဘေးသို့ လျှောက်လှမ်းသွားပြီး မှတ်ချက်ပြုလိုက်သည်။

ပေလျန် မည်သို့မျှ တုံ့ပြန်ခြင်း မပြုဘဲနှင့် သူမ၏ သစ်ကိုင်းခြောက်ဖြင့်သာ ဆက်လက်ဆော့ကစားနေလေသည်။

အန်လင်းသည်လည်း ရေထဲသို့ လေဖြင့်မှုတ်သွင်းလိုက်သည့်အခါ ချက်ချင်းဆိုသလို ငါးအချို့ ထွက်ပြေးသွားသည်။ “ဟင်.. သူတို့က ကျွန်တော့်ကို မကြိုက်ပုံပဲ။ ခံတွင်းနံ့ဆိုးနေလို့လား။ အခုလေးတင် သွားတိုက်လာတာကို။”

ပေလျန်၏နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားပြီးနောက်တွင် တုံ့ပြန်စကားဆိုလေသည်။ “ငါးတွေအားလုံးက နဂါးမျိုးနွယ်စုဝင်တွေကို သဘောကျကြတယ်လေ။ ဒါနဲ့ ရှင်က ဘာလို့ ကျွန်မကို ပုလဲကယ်တင်ရှင်လို့ ခေါ်ရတာလဲ။”

“ပုလဲနိုင်ငံတော်မှာ အဲဒီစကားက အရမ်းနာမည်ကြီးနေတယ်လေ။ လူတိုင်းက ကျွန်တော်တို့ကို ပုလဲကယ်တင်ရှင်နှစ်ဦးလို့ ခေါ်နေကြတာ။ အဲဒါကြောင့် ခင်ဗျားကို ပုလဲကယ်တင်ရှင်မလေး လို့ ခေါ်တာပေါ့။”

ပေလျန် ခေါင်းညိတ်လိုက်သည်။ “ဒီပုလဲလူမျိုးတွေက အရမ်းကြင်နာတတ်တဲ့ မျိုးနွယ်စုပဲ။ သူတို့ရဲ့ လုံခြုံမှုအတွက် တိုက်ခိုက်နိုင်ခဲ့တာ တကယ်ပျော်မိတယ်။”

“ပုလဲနိုင်ငံတော်ရဲ့ ဘုရင်ကြီးက ပစ္စည်းကောင်းလေးတွေ ချီးမြှင့်လိုက်တယ်လို့ ကြားထားတယ်။ တစ်ရက် နှစ်ရက်အတွင်း ရောက်လာလိမ့်မယ်တဲ့။” အန်လင်းသည် ပေလျန်အား ခေါင်းလှည့်ကြည့်လိုက်သည်။

ပေလျန်၏ မျက်နှာလှလှလေးမှာ အသက်မဲ့လျက်ရှိသည်။

အန်လင်း ဆက်ကာဖြင့် “မနေ့ညက ကျွန်တော့်ရဲ့အသက်ကို ကယ်ပေးခဲ့တာကြောင့် နောက်တစ်ကြိမ်ကျရင် လက်ဆောင်အကြီးကြီး ပေးမယ်။”

ပေလျန် ခေါင်းယမ်းကာဖြင့် ငြင်းပယ်လိုက်သည်။ “အဲလိုလုပ်ဖို့ မလိုပါဘူး။ ကျွန်မတို့က တိုက်ပွဲနေစဉ်မှာတော့ ရဲဘော်ရဲဘက်တွေပဲလေ။ တိုက်ပွဲပြင်မှာ ရဲဘော်ရဲဘက်အချင်းချင်း ကူညီရိုင်းပင်းတာက ပုံမှန်ပါပဲ။”

အန်လင်းသည် သူမ၏ တုံ့ပြန်မှုအား မျှော်လင့်ထားပြီး ဖြစ်သည့်အတွက် ဖိအားမပေးတော့ချေ။ ထို့အစား သူ၏ အသံလွှင့်ကျောက်တုံးကိုသာ ထုတ်ယူလိုက်သည်။ “အဲဒါဆိုရင် ကျွန်တော့ဆီမှာ အသံလွှင့်ကျောက်တုံးတစ်ခု ချန်ထားရစ်ခဲ့ပေး။”

ပေလျန်သည် အန်လင်းအား အံ့အားသင့်စွာဖြင့် ကြည့်လေသည်။ “ဘာလို့လဲ။”

“ဟမ် အဲဒါမှ နောက်များကျ ပြန်တွေ့လို့ ရမှာပေါ့။”

“ကောင်းပြီလေ။”

ပေလျန်သည် အခြားအမျိုးသားတစ်ဦးနှင့် အသံလွှင့်ကျောက်တုံးချင်း လဲလှယ်ဖူးခြင်း မရှိခဲ့ပါ။ ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက်တွင် ထိုလူတောင်းဆိုသည့်အတိုင်း အသံလွှင့်ကျောက်တုံး လဲလှယ်ရန် ဆုံးဖြတ်လိုက်သည်။

အောင်မြင်စွာဖြင့် အသံလွှင့်ကျောက်တုံး လဲလှယ်ပြီးသည့်နောက်တွင် အန်လင်းမှာ စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်သည်။ သူ၏ အကြံအစည်အတွက် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်နိုင်ပြီ မဟုတ်ပါလား။

သူ၏အခန်းသို့ ပြန်ရောက်သည့်အခါတွင် လိုအပ်သည့်အရာများအား စာရင်းပြုစုလိုက်သည်။

“နှစ်တစ်ထောင်လမျိုသစ်၊ ရှေးဟောင်းခရမ်းနွယ်၊ တောင်ပံနဂါး၏ သွေးစစ်စစ်၊ မဟူရာရေခဲကျောက်၊ အထီးကျန်မီးတောက်ရိုးများ၊ နတ်ဆေးပင်ဖြူ”

အန်လင်း၊ တပိုင်နှင့် ရှောင်ချိုးတို့သည် ထိုစာရင်းတွင်ပါဝင်သည့် ပစ္စည်းများကို ကြည့်ကာ ရှာဖွေတွေ့ရှိနိုင်မည့် နေရာများအား ပြန်လည်တွေးတောလိုက်ကြသည်။

တပိုင်သည် အနည်းငယ် မချင့်မရဲ ဖြစ်ကာဖြင့် “ကျွန်တော်တို့အားလုံး ရှန့်ယင်ရဲ့ မှတ်ဉာဏ်တွေကို မြင်တွေ့ခဲ့ပြီးကြပေမဲ့ အဲဒါတွေအားလုံးက အပိုင်းပိုင်းအစစတွေချည်းပဲ။ သွေးမျိုးဆက် သန့်စင်ခြင်းက ရှန့်ယင်အတွက် အရေးကြီးတာမို့ သူမရဲ့ မှတ်ဉာဏ်တွေက အတော်လေး အသေးစိတ်တယ်။ ဒါပေမဲ့လည်း နှစ်တွေအများကြီး ကြာခဲ့ပြီးတာမို့ အဲဒီဟာတွေက သူမမှတ်မိခဲ့တဲ့ နေရာတွေမှာ ရှိချင်မှ ရှိတော့မှာ။”

အန်လင်းသည်လည်း အသက်ပြင်းပြင်းရှိုက်ကာဖြင့် ခေါင်းညိတ်လိုက်သည်။ “ဘာပဲဖြစ်ဖြစ်လေ ငါတို့မှာ နေရာအညွှန်းရှိနေပြီးသား ဆိုတော့လည်း ကြိုးစားကြည့်ရမှာပေါ့။ စာရင်းထဲမှာပါတဲ့ ပစ္စည်းအကုန် ရှာမတွေ့နိုင်ဘူး ဆိုရင်လည်း ဝယ်ဖို့ ကြိုးစားကြည့်ကြမယ်လေ။ အဲလိုမှ မရရင်တော့ ပေလျန်ကို ကူရှာပေးဖို့အတွက် ပြောရမှာပဲ။”

သူ၏အသက်ကို ကယ်ဆယ်နိုင်ရန်အတွက် ပေလျန်သည် ကြီးမားသည့် ပေးဆပ်မှုအား ပြုခဲ့သည်။ ထို့ကြောင့် အန်လင်းအနေဖြင့် ပေလျန်၏ အကူအညီကို တောင်းခံရမည်ထက် သူ၏ ကိုယ်ပိုင်အစွမ်းအစနှင့်သာ ပြန်လည်ပေးချေလိုခဲ့သည်။

ထိုစာရင်းတွင်ပါဝင်သည့် အရာများမှာ အလွန်အမင်း အဖိုးတန်လှသည်။ လေလံစံအိမ်များ သို့တည်းမဟုတ် ရတနာကျောင်းတော်များတွင် ရှာဖွနိုင်လေသည်။ သူ၏ လတ်တလော ကြွယ်ဝမှုနှင့်တော့ ထိုအရာများအား တတ်နိုင်ဦးမည် မဟုတ်ချေ။

နောက်တစ်နေ့တွင် ပုလဲနိုင်ငံတော်မှ ဆုလာဘ်များ ရောက်ရှိလာခဲ့သည်။

စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်း၊ ရှားပါးဆေးပင်များ၊ သတ္တုများနှင့် အဖိုးတန်ကျောက်မျက်ရတနာများ ဖြစ်သည်။

အန်လင်းသည် ထိုအရာများ အားလုံးကို ပုလဲဘုရင်ထံသို့ ရောင်းချခဲ့သည်။

စိတ်ဝိညာဉ်ကျောက်တုံး ၁.၁ သန်းဖြင့် တန်ကြေးဖြတ်လိုက်ပြီးနောက် သူ၏ ညှိုးရော်သွေ့ခြောက်နေသော ပိုက်ဆံအိတ်အား ဖြည့်တင်းလိုက်သည်။

အကြမ်းဖျဉ်း တွက်ချက်မည်ဆိုလျှင် စုစုပေါင်း စိတ်ဝိညာဉ်ကျောက်တုံး ၄.၇ သန်း ရှိနေပြီဖြစ်သည်ကြောင့် အတော်လေးများပြားသည့်ပမာဏဟု ဆိုရမည်ပင်။

အချိန်အနည်းငယ်ခန့် အနားယူပြီးသည့်နောက်တွင် ပေလျန်သည် အန်လင်းအား လာရောက်နှုတ်ဆက်လေသည်။

“ဘယ်ကိုမှ မသွားတော့ဘဲ နဂါးမင်းပိုင်နက်ကိုပဲ ပြန်တော့မယ်။”

“ကောင်းပြီလေ။ ဒါဆိုလည်း သိပ်မကြာခင် နဂါးမင်းပိုင်နက်မှာ လာရှာပါ့မယ်။”

သူမ၏ ခရီးစဉ်ကို ရပ်တံ့လိုက်ရခြင်း၏ နောက်ကွယ်မှ အကြောင်းအရင်းကို သိနေသည့်အတွက် အန်လင်းသည် သူမအား ပြုံးကာဖြင့် နှုတ်ဆက်စကား ဆိုလိုက်သည်။

ပေလျန်သည် စနောက်ကျီဆယ်သည့်ဟန်ဖြင့် ခေါင်းယမ်းလိုက်သည်။ သူမ၏ နူးညံ့သည့် သွင်ပြင်လေးမှာ ဆောင်းရာသီတွင်ပွင့်သည့် ဆီးပန်းပွင့်လေးကဲ့သို့ပင် လှပနေလေသည်။ “နဂါးမင်းပိုင်နက်ကို မလာနဲ့နော်။ ကျွန်မက ရှင်နဲ့ မပတ်သက်ချင်ဘူး။”

အန်လင်း : “…”

ဤသို့ဖြင့် သူတို့နှစ်ဦး လမ်းခွဲနှုတ်ဆက်ခဲ့ကြသည်။

အန်လင်းသည်လည်း စာရင်းတွင်ပါဝင်သည့် ပစ္စည်းများအား စုဆောင်းဖို့ရန် ခရီးစလေတော့သည်။

***

All Chapters