← Chapters

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

အခန်း။ ၁၀၇

“မဟုတ်တာ... ကျွန်တော် ထပ်ပြီး စဉ်းစားကြည့်ပါဦးမယ်”

လုံယီက တိုက်ရိုက်ပင် ငြင်းပယ်လိုက်သည်။

ဤအမျိုးသမီး၏ ဆွဲဆောင်မှုရှိသော အမူအရာအောက် မကျရှုံးသင့်ပေ။ သူမသည် သားရဲလိုက်လံရေးဌာနရှိ ထိုလေးဦးအနက် အင်အားအကောင်းဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ သူမနှင့် ထိပ်တိုက်မတွေ့ဘဲ သူမ၏ အစစ်အမှန်စွမ်းအားကို လုံယီ အတိအကျ မသိနိုင်သော်လည်း ချီစွမ်းအင်ပတ်လမ်းငယ်အဆင့်ထက် သာလွန်နေမည်မှာ အသေအချာပင်။

တစ်ဖက်လူက စေတနာအပြည့်နှင့် သူ့ကို တာဝန်အောင်မြင်အောင် ကူညီလိမ့်မည်ဟု လုံယီ လုံးဝမယုံကြည်ပေ။ သူသည် ထိုသူများကို ကျေးဇူးတင်စကားပြောကာ အခြေအနေကို ပိုမိုစုံစမ်းရန် ပြန်လှည့်လာခဲ့သည်။

“ဒါဆို မောင်လေးရော... အစ်မကြီး ကူညီတာကို လိုချင်လား”

“ဟင့်အင်း... မလိုပါဘူးခင်ဗျ”

ခေါင်းပေါင်းနှင့် ပိန်ပိန်ပါးပါး အမျိုးသားသည်လည်း အကြိမ်ကြိမ် ငြင်းပယ်ပြီးနောက် လုံယီနှင့်အတူ အခန်းထဲမှ ထွက်လာခဲ့သည်။ သူတို့နှစ်ဦးမှာ လမ်းတစ်လျှောက်လုံး တိတ်ဆိတ်စွာ လျှောက်လာခဲ့ကြ၏။

သားရဲလိုက်လံရေးဌာန၏ အဓိကတံခါးဝသို့ ရောက်သောအခါ ခေါင်းပေါင်းနှင့်လူက ရုတ်တရက် ပြောလိုက်သည်။

“မင်းရဲ့ သတိထားမှုက မှန်ကန်ပါတယ်”

“ဩော်... အစ်ကိုကြီးမှာ ဘာများ အကြံပေးစရာ ရှိလို့လဲခင်ဗျာ”

လုံယီက လက်အုပ်ချီ၍ စူးစမ်းလိုက်သည်။

“ငါတို့ ဆုံတွေ့ရတာ ကံပါလာလို့ ငါပြောပြပါ့မယ်”

ခေါင်းပေါင်းနှင့်လူက အသံကိုနှိမ့်၍ ပြောလိုက်သည်။

“ပထမဆုံးအချက်က သားရဲလိုက်လံရေးသမားတွေဟာ သားရဲတစ်ရာတောင်တန်းထဲမှာ ဝိညာဉ်သားရဲတွေကို အမဲလိုက်ရတာဖြစ်လို့ တစ်ယောက်တည်း ရပ်တည်ဖို့ ခက်ခဲတာတော့ အမှန်ပဲ။ ဒါကြောင့် အဖွဲ့ဖွဲ့ဖို့ လိုအပ်တယ်။ ဒါပေမဲ့ အသင်းဖော်ဆိုတာ တစ်ယောက်ကိုတစ်ယောက် ကောင်းကောင်းသိပြီး ကျောချင်းကပ် ယုံကြည်ရမယ့်သူတွေ ဖြစ်သင့်တာလေ။ ပထမဆုံးတွေ့တဲ့လူက အသင်းထဲဝင်ဖို့ ဖိတ်ခေါ်တာဟာ ထူးဆန်းတယ်လို့ မထင်ဘူးလား”

လုံယီက နားထောင်ရင်း ခေါင်းညိတ်လိုက်ပြီး ထိုသူ ဆက်လက်ပြောပြမည့် အချက်ကို စောင့်ဆိုင်းနေလိုက်သည်။ လုံယီ၏ ဇဝေဇဝါဖြစ်နေသော အမူအရာကို မြင်သောအခါ ထိုသူမှာ သူ့ကိုယ်သူ အထင်ကြီးစိတ် ဖြစ်ပေါ်လာပြီး ဆက်ပြောသည်။

“ငါကြားဖူးတာတော့ အချို့အဖွဲ့တွေက ပိုးမွေးတဲ့ နည်းလမ်းကို သုံးကြတယ်။ လူသစ်တွေကို အန္တရာယ်အရှိဆုံး အလုပ်တွေလုပ်ဖို့ လှည့်စားပြီးခိုင်းစေတတ်ကြတယ်။ အဲဒီကနေ အသက်ရှင်မှသာ သူတို့နဲ့အတူ တိုက်ခိုက်ဖို့ အရည်အချင်းပြည့်မီတယ်လို့ သတ်မှတ်ကြတာ”

တစ်နည်းအားဖြင့် အမြှောက်စာလုပ်ခိုင်းခြင်းပင်။

လုံယီအနေဖြင့် ထိုစဉ်က တစ်စုံတစ်ခု မှားယွင်းနေကြောင်း အာရုံခံမိသော်လည်း ဤခေါင်းပေါင်းနှင့်လူကဲ့သို့ အသေးစိတ် မသိရှိခဲ့ပေ။ ထို့ကြောင့် သူက ချီးကျူးလိုက်သည်။

“အစ်ကိုကြီးက တကယ်ကို ဗဟုသုတ ကြွယ်ဝတာပဲ”

“ဒါကတော့ ဒီလိုပါပဲ”

ထိုသူ၏ မျက်နှာတွင် ဂုဏ်ယူသော အမူအရာ ပေါ်လွင်လာသည်။

“ဒုတိယအချက်က အဲဒီအမျိုးသမီးက ဘာလို့ ငါတို့တာဝန်တွေကို ကူညီချင်ရတာလဲဆိုတာ မင်းသိလား”

“ဘာလို့လဲခင်ဗျ”

လုံယီက လိုက်လျောညီထွေ မေးပေးလိုက်သည်။

“ရှင်းရှင်းလေးပဲ... သူမက ဂုဏ်ပြုမှတ် တွေကို ကပ်စားချင်လို့ပေါ့”

ခေါင်းပေါင်းနှင့်လူက မကျေမနပ် ရေရွတ်သည်။

“လူသစ်တာဝန်ဆိုတာ သားရဲလိုက်လံရေးဌာနက ငါတို့ကိုပေးတဲ့ အခွင့်အရေးပဲ။ တာဝန်တွေက ရိုးရှင်းပြီး ဂုဏ်ပြုမှတ် ၁၀ မှတ်ဝန်းကျင် ရတတ်တယ်။ သူတို့က ကူညီပေးမယ်ဆိုပြီး အဲဒီအမှတ်တွေရဲ့ ထက်ဝက်ကို ဖြတ်ယူကြတာ။ လူသစ်ကာလ ပြီးသွားရင်တော့ တာဝန်တွေက ပိုခက်ခဲလာပြီး ဂုဏ်ပြုမှတ်ရဖို့ မလွယ်တော့ဘူးလေ”

“သာမန် ဝိညာဉ်သားရဲတစ်ကောင်ကို သတ်ဖို့ဆိုတာ အဖွဲ့နဲ့ စုပေါင်းလုပ်ဆောင်ရတာများတယ်။ ပြီးတော့ ရလာတဲ့ ဂုဏ်ပြုမှတ်တွေကို ခွဲဝေလိုက်ရင် တစ်ယောက်ကို တစ်မှတ်၊ နှစ်မှတ်လောက်ပဲ ရတော့တာ”

“တကယ်ပဲ အဲဒီလောက်တောင် ခက်ခဲတာလား”

လုံယီက ရှူးခနဲ အသက်ရှူသံပြုရင်း အံ့ဩဟန်ဆောင်လိုက်သည်။ သူ၏ ပိုပိုသာသာ အမူအရာမှာ ယခင်ဘဝက ဖူမျိုးရိုးနှင့် အမျိုးသမီးအားကစားသမားတစ်ဦး၏ အမူအရာနှင့်ပင် ဆင်တူနေသေးသည်။

“ဟုတ်တယ်... ဂုဏ်ပြုမှတ်ရဖို့ဆိုတာ မလွယ်ဘူး”

ခေါင်းပေါင်းနှင့်လူမှာ လုံယီကို ပို၍ပင် ခင်မင်သွားပြီး စိတ်အားထက်သန်စွာ ရှင်းပြတော့သည်။

“ငါ့အစ်မသာ မရှိရင် ငါလည်း ထောင်ချောက်ထဲ ဆင်းမိမှာပဲ။ သားရဲတစ်ရာတောင်တန်းကို အမြဲသွားပြီး သတ်ဖြတ်နေတဲ့သူတွေဟာ စိတ်နေစိတ်ထားက သာမန်လူတွေနဲ့မတူဘဲ နည်းနည်းတော့ လွဲနေတတ်ကြတယ်။ ဒါကြောင့် သူတို့နဲ့ ဆက်ဆံရင် သတိထားရမယ်”

သူတို့နှစ်ဦးမှာ စကားပြောရင်း ပို၍ပင် ရင်းနှီးလာကြပြီး ခင်မင်ရတာ နောက်ကျသွားသည်ဟုပင် ခံစားနေရသည်။

“ငါတို့ တစ်ခွက်လောက် သွားသောက်ကြမလား”

လုံယီက အကြံပြုလိုက်သည်။

“ကောင်းသားပဲ”

ခေါင်းပေါင်းနှင့်လူက ဝမ်းသာအားရ လက်ခံလိုက်၏။

သူတို့နှစ်ဦးသည် ကျိဟိုင်မျှော်စင်၏ ဆန့်ကျင်ဘက်ရှိ မုန်တိုင်းမျှော်စင်သို့ သွားကြပြီး ဒုတိယထပ်တွင် သီးသန့်ခန်းတစ်ခုကို လုံယီက ငှားလိုက်သည်။ မြေပဲတစ်ပွဲ၊ အရက်စိမ်း နှစ်အိုးနှင့် အမဲသားချက် သုံးပိဿာခန့်ကို မှာယူပြီးနောက် စိတ်အားထက်သန်စွာ စကားစမြည် ပြောဆိုကြတော့သည်။

“ငါက လျိုရှုပါ မြို့ပြင်ကလူပါပဲ။ မိသားစုရဲ့ အသက်ရှူကျင့်စဉ်ကို ကျင့်ရင်းနဲ့ ကံကောင်းထောက်မစွာ သိုင်းပညာရှင်အဆင့်ကို တက်လှမ်းနိုင်ခဲ့တာ...”

“ငါ့နာမည်က ရှီချင်းတပါ မင်း ငါ့ကို ရှီလေး လို့ပဲ ခေါ်လို့ရပါတယ်။ ငါ့မိသားစုက ချမ်းသာတယ်ဆိုရုံလောက်ပါပဲ။ သိပ်တော့ မကြီးကျယ်ပါဘူး...”

အရက်အချို့ သောက်ပြီးနောက် ခေါင်းပေါင်းနှင့်လူ၏ မျက်နှာမှာ နီမြန်းလာပြီး စကားများမှာလည်း တားမနိုင်ဆီးမရ ထွက်ပေါ်လာတော့သည်။

“ဝိညာဉ်သားရဲအသားတွေကို မြို့စားမင်းအိမ်တော်ကို အပ်ရင် ဂုဏ်ပြုမှတ် နည်းနည်းပိုရတယ်... ဘာလို့ ကိုယ့်ဘာသာမစားတာလဲလို့ မင်းမေးချင်မှာပေါ့။ ဟူး... ဝိညာဉ်သားရဲတစ်ကောင်လုံးရဲ့ အသားတွေက ချီစွမ်းအင်ကို မြှင့်တင်ပေးနိုင်တယ်လို့ မင်းထင်နေတာလား”

“တကယ့်တကယ်ကျတော့ အသားရဲ့ အစိတ်အပိုင်း အနည်းငယ်ပဲ အစွမ်းရှိတာ။ အဲဒါကို သေသေချာချာ ရွေးချယ်ဖြတ်တောက်ရတယ် ပြီးတော့ အဆိပ်တွေစင်အောင် အထူးစီမံထားတဲ့ ဆားရည်နဲ့ စိမ်ရသေးတယ်။ ဒါက ထင်သလောက် မလွယ်ဘူး”

“နောက်ပြီး မင်းတစ်ယောက်တည်းနဲ့ ကြီးမားတဲ့ သားရဲကြီးကို မြို့ထဲအထိ ဘယ်လိုသယ်မလဲ။ အဖွဲ့ထဲဝင်ထားရင်တော့ အဲဒီအတွက် သီးသန့်တာဝန်ယူမယ့်သူ ရှိတယ်လေ။ မင်း ဘာမှပူစရာမလိုတော့ဘူး”

“သားရဲလိုက်လံရေးအဖွဲ့ဆိုတာ နာမည်ကောင်းရှိပြီး လူသစ်တွေကို မနှိပ်စက်တဲ့ အဖွဲ့မျိုးကို ရွေးဝင်ရတယ်။ ငါတို့က အခုလို ခင်သွားကြပြီဆိုတော့ မင်း တခြားအဖွဲ့ ရှာမရရင် ငါ့ဆီကို တိုက်ရိုက်လာခဲ့။ ငါ့အစ်မက အသင်းခေါင်းဆောင်တစ်ယောက်ပဲ...”

ရှီချင်းတမှာ သောက်လေလေ စကားများမှာလည်း ပို၍ ရှုပ်ထွေးလာလေဖြစ်ကာ သူ၏မျက်လုံးများမှာလည်း ဝေဝါးလာတော့သည်။

လုံယီသည် သူ့ကို တွဲကူ၍ အရက်ဆိုင်ထဲမှ ထွက်လာခဲ့ပြီး မြင်းလှည်းတစ်စီး ခေါ်ကာ ရှီမိသားစု အပေါင်ဆိုင်ဟု အမည်ရသော ဆိုင်တစ်ဆိုင်၏ ရှေ့သို့ ပို့ဆောင်ပေးလိုက်သည်။ အစေခံနှစ်ဦးက လျင်မြန်စွာ ထွက်လာပြီး သူ့ကို တွဲယူသွားကြသည်။ လုံယီကို ကျေးဇူးတင်သည့်အနေဖြင့် ငွေစအချို့ ပေးသော်လည်း သူက ငြင်းပယ်ခဲ့၏။

“အပေါင်ဆိုင်ပိုင်ရှင်ဆိုတော့ သူပြောသလို တကယ်ပဲ ချမ်းသာတာပဲ”

လုံယီသည် ရှီချင်းတကို အပေါင်ဆိုင်အတွင်းသို့ ဂရုတစိုက် သယ်ဆောင်သွားသည်ကို ကြည့်ပြီးနောက် သိုင်းသင်တန်းကျောင်းသို့ ပြန်လာခဲ့သည်။ သူသည် သားရဲလိုက်လံရေးသမားများ၏ အကြောင်းကို ကျန်းဝေတထံတွင် ထပ်မံစုံစမ်းကာ ရှီချင်းတထံမှ ရရှိခဲ့သော အချက်အလက်များနှင့် နှိုင်းယှဉ်ကြည့်လိုက်သည်။

လုံယီ၏ စိတ်ထဲတွင် လာမည့်ကာလအတွက် အစီအစဉ်တစ်ခုကို ရေးဆွဲပြီးသား ဖြစ်သည်။ဂုဏ်ပြုမှတ်များကို စုဆောင်းရန်အတွက် သားရဲအမဲလိုက်ခြင်းကို အဓိကထား လုပ်ဆောင်မည်ဖြစ်ပြီး ၂ လ သို့မဟုတ် ၃ လအကြာတွင် ဂိုဏ်းအတွင်း၌ လူသိရှင်ကြား အဆင့်တက်ပြမည်။ ၎င်းမှတစ်ဆင့် အဝါရောင်အစွန်းရောက် အသက်ရှူခြင်းအတတ်၏ ဒုတိယအဆင့်ကို ရယူရန် ကြိုးစားမည်။ သိုင်းပညာရှင်တစ်ဦး ဖြစ်လာရန် ခြောက်လခန့် အချိန်ယူခြင်းမှာ အထင်ကြီးစရာကောင်းသော်လည်း သိသိသာသာကြီး ဖြစ်မနေသဖြင့် ဘေးကင်းမည်ဟု သူ ယူဆသည်။

ချီပေါင်ကို သတ်ခဲ့ခြင်းကြောင့် လေးလံသောဓားဂိုဏ်းကို ရန်စမိထားသည်မှာ အလွန်ပင် ပြင်းထန်သော ကိစ္စဖြစ်သည်။ အင်အားအလုံအလောက် မရှိသေးမီတွင် လူမသိသူမသိ နေထိုင်ခြင်းမှာ အကောင်းဆုံးပင်။ ဂုဏ်ပြုမှတ်များ လုံလောက်စွာ ရရှိလာပါက သူ၏ သိုင်းအတတ်များနှင့် ပါရမီများကို ဆက်လက်မြှင့်တင်နိုင်မည်ဖြစ်ရာ ၎င်းမှာ သူ၏ အစစ်အမှန် စွမ်းအားကို တိုးတက်စေမည် ဖြစ်သည်။

ရက်အနည်းငယ် ကြာပြီးနောက်တွင် လုံယီသည် သားရဲလိုက်လံရေးဌာနသို့ တစ်ခေါက် ပြန်သွားပြန်သည်။

ယခုတစ်ကြိမ်တွင်မူ သားရဲလိုက်လံရေးအဖွဲ့ဝင် လေးဦးအစား နှစ်ဦးသာ ရှိတော့သည်။ ထိုနှစ်ဦးမှာ အင်အားအကောင်းဆုံးဖြစ်သည့် နှာခေါင်းပွပွနှင့်လူနှင့် အနီရောင်ဝတ်စုံနှင့် ဆွဲဆောင်မှုရှိသော အမျိုးသမီးတို့ပင်။ လူမစုံသဖြင့် ဖဲကစား၍မရတော့သောကြောင့် ထိုနှစ်ဦးမှာ ပျင်းရိစွာ ထိုင်နေကြသည်။ အမျိုးသမီးမှာ သူမ၏ လက်သည်းများကို ပြင်ဆင်နေပြီး နှာခေါင်းပွပွနှင့်လူကမူ ရှေးဟောင်းစာအုပ်တစ်အုပ်ကို ဖတ်ရှုနေသည်။

“မင်းပဲကိုး”

နှာခေါင်းပွပွနှင့်လူက လုံယီကို ကောင်းကောင်းမှတ်မိနေပြီး “တာဝန်လာယူတာလား” ဟု မေးလိုက်သည်။

လုံယီက ခေါင်းညိတ်ပြကာ “လောလောဆယ် ဘယ်လို လူသစ်တာဝန်မျိုးတွေ ရှိသလဲဗျ” ဟု မေးမြန်းလိုက်၏။

နှာခေါင်းပွပွနှင့်လူ၏ မျက်လုံးများက အရောင်တစ်ချက် တောက်ပသွားပြီး “ငါအရင်က ပြောဖူးတဲ့ အကြံပြုချက်ကို မင်းစဉ်းစားပြီးပြီလား။ ငါတို့ရဲ့ နဂါးဝိညာဉ်အဖွဲ့က တကယ့်ကို သန်မာတယ်။ သားရဲလိုက်လံရေးအဖွဲ့တွေထဲမှာ ထိပ်ဆုံးစာရင်းဝင်ပဲ” ဟု ပြောလိုက်သည်။

လုံယီ၏ အမူအရာမှာ မပြောင်းလဲသည်ကို မြင်သောအခါ သူက အသံကိုနှိမ့်၍ “မကြောက်ပါနဲ့ မင်းကို တစ်ခုပြောပြမယ်... ငါတို့နောက်ကွယ်မှာ ရွှီမိသားစုရှိတယ်...” ဟု တီးတိုးပြောလိုက်သည်။

“ရွှီမိသားစုလား”

လုံယီအနေဖြင့် ရွှီမိသားစုကို ကောင်းကောင်းသိသည်။ ၎င်းမှာ ထိုင်မြို့၏ နံပါတ်တစ် မိသားစုဖြစ်ပြီး သိုင်းမဟာဆရာများ ကိုယ်တိုင် အုပ်ချုပ်နေသော မြို့စားမင်းအိမ်တော်ပြီးလျှင် အကြီးမားဆုံး အင်အားစု ဖြစ်သည်။ သို့သော် ထိုသူ၏ ရည်ရွယ်ချက်မှာ မရိုးသားကြောင်း သူသိထားပြီးဖြစ်သဖြင့် မည်သို့ပင်ဖြစ်စေ ထိုအဖွဲ့သို့ မဝင်ရန် ဆုံးဖြတ်ထားပြီးသားပင်။

“အားနာပါတယ် ကျွန်တော်က တစ်ယောက်တည်းပဲ အလုပ်လုပ်ရတာကို ပိုသဘောကျလို့ပါ”

လုံယီ၏ ပြတ်သားသော သဘောထားကို မြင်သောအခါ နှာခေါင်းပွပွနှင့်လူ၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားတော့သည်။

“မင်းဘာသာ မင်းပဲ ကြည့်တော့”

သူက အေးစက်စွာ ပြောကာ ကျောက်ပြားဖြူတစ်ခုကို ကောင်တာပေါ်သို့ ဖြန်း ခနဲ အသံမြည်အောင် ပစ်ချလိုက်သည်။ ဘေးနားရှိ အနီရောင်ဝတ်စုံနှင့် အမျိုးသမီးကမူ လုံယီကို စိုးစဉ်းမျှ ဂရုမစိုက်တော့ဘဲ လက်သည်းတိုက်ခြင်းကိုသာ အာရုံစိုက်နေတော့သည်။

ယခုတစ်ကြိမ် တာဝန်များမှာ အသစ်ဖြစ်နေပြီး စုစုပေါင်း သုံးခုရှိသည်။

ဆိတ်တစ္ဆေကုန်းစောင်း တာဝန်: ဆိတ်ဝိညာဉ်တစ်ကောင် သားဖွားထားသဖြင့် အားနည်းနေသည့် အခြေအနေတွင် ရှိသည်။ ၎င်းကို ရှင်းလင်းနိုင်ပါက ဂုဏ်ပြုမှတ် ၃၀ ရမည်။

မန်ကျေးရွာ တာဝန်: မြို့ပြင်ရှိ မန်ကျေးရွာမှ မိစ္ဆာအိမ်တစ်လုံးအတွင်း၌ ထူးဆန်းသော ငိုသံများ မကြာခဏ ထွက်ပေါ်နေသဖြင့် ရွာသားများကို ဒုက္ခပေးနေသည်။ ဤပြဿနာကို ဖြေရှင်းနိုင်ပါက ဂုဏ်ပြုမှတ် ၁၂ မှတ် ရမည်။

လမ်းကြောင်းစောင့်ရှောက်ရေး တာဝန်: သားရဲတစ်ရာတောင်တန်း၏ အနောက်ဘက် အစိုးရလမ်းမကြီးအတိုင်း ကုန်သည်အဖွဲ့တစ်ခုကို လိုက်ပါစောင့်ရှောက်ရမည်။ ကြာမြင့်ချိန်မှာ တစ်လထက် မပိုစေရဘဲ ဂုဏ်ပြုမှတ် ၁၅ မှတ် ရမည်။

လုံယီသည် ဤတာဝန်များကို သေသေချာချာ လေ့လာနေသည်။

ပထမတာဝန်ဖြစ်သော ဆိတ်တစ္ဆေကုန်းစောင်းအကြောင်းကို သူ ဆင်းရှန်းမြို့မှာရှိစဉ်ကတည်းက ကြားဖူးခဲ့ပြီး ၎င်းမှာ အလွန်ထူးဆန်းသောနေရာဖြစ်ကြောင်း သိထားသည်။ ထိုနေရာ၏ အဓိကတရားခံမှာ ဆိတ်ဝိညာဉ်တစ်ကောင်ဖြစ်နေလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။ ဂုဏ်ပြုမှတ် ၃၀ ပေးခြင်းက လုံယီကို ဆွဲဆောင်နိုင်သည်ထက် ဤတာဝန်၏ ခက်ခဲမှုကို ပိုမိုပေါ်လွင်စေသဖြင့် သူသည် ၎င်းကို အရင်ဆုံး ပယ်ဖျက်လိုက်သည်။

တတိယတာဝန်မှာ တစ်လခန့် အချိန်ကြာမြင့်မည်ဖြစ်ရာ သူ၏အစီအစဉ်များနှင့် မကိုက်ညီသဖြင့် ၎င်းကိုလည်း မရွေးချယ်ခဲ့ပေ။ ထို့ကြောင့် လုံယီသည် မိစ္ဆာအိမ်ဟု ခေါ်သော ဒုတိယတာဝန်ကို စုံစမ်းစစ်ဆေးရန် ရွေးချယ်လိုက်တော့သည်။

အခန်း။ ၁၀၈

ဤကမ္ဘာသို့ ရောက်ရှိလာပြီးကတည်းက...

လုံယီသည် အသက်ဝင်နေသော အလောင်းများနှင့် တွေ့ဖုံဖူးသလို မိစ္ဆာများကိုလည်း သတ်ဖြတ်ခဲ့ဖူးသည်။ သို့သော် မိစ္ဆာဖမ်းစားခြင်းဟု ခေါ်ဆိုကြသော အရာမျိုးကိုမူ သူ တစ်ခါမျှ မမြင်ဖူးသလို မြင်ဖူးသည်ဟု ပြောသူမျိုးကိုလည်း မကြုံဖူးသေးပေ။ ထို့ကြောင့် ထိုသို့သော ဆန်းကြယ်လှသည့် အရာများ တကယ်ရှိမရှိအပေါ် လုံယီက အတော်ပင် သံသယရှိနေမိသည်။

“ဆုံးဖြတ်ပြီးပြီဆိုရင်လည်း မှတ်တမ်းစာအုပ်ပေါ်မှာ မင်းရဲ့ တံဆိပ်ကို မြန်မြန်နှိပ်လိုက်တော့”

နှာခေါင်းပွပွနှင့်လူက အေးစက်စွာ ပြောလိုက်သည်။

“အခု မရွေးချင်သေးဘူးဆိုရင်လည်း နောက်ရက်အနည်းငယ်နေမှ ပြန်လာခဲ့။ တာဝန်အသစ်တွေ ထပ်တိုးလာနိုင်တယ်”

“ကျွန်တော် ဒုတိယတာဝန်ကိုပဲ ရွေးပါ့မယ်”

လုံယီက ပြောလိုက်သည်။

“မောင်လေး... လူသစ်တာဝန်ဆိုတိုင်း အန္တရာယ်ကင်းတယ်လို့ မထင်နဲ့ဦးနော်။ တကယ်လို့ ဘေးကင်းကင်းနဲ့ အောင်မြင်ချင်တယ်ဆိုရင် အစ်မကြီးကို အကူအညီတောင်းလို့ ရပါတယ်”

ထိုစဉ် အနီရောင်ဝတ်စုံနှင့် အမျိုးသမီးက ရုတ်တရက် ရှေ့သို့ တိုးကပ်လာရာ သူမ၏ ဟိုက်နေသော အင်္ကျီကြောင့် ဖြူဖွေးသော ရင်ဘတ်သားများမှာ ဆွဲဆောင်မှုရှိစွာ ပေါ်လွင်နေသည်။ သူမက လုံယီကို မျက်တောင်တဖျတ်ဖျတ် ခတ်ကာ မြှူဆွယ်လိုက်၏။

“ရပါတယ်... မလိုပါဘူး”

လုံယီသည် အမျိုးသမီး၏ အလှအပများကြောင့် စိုးစဉ်းမျှ တုန်လှုပ်ခြင်း မရှိပေ။ သူက အလှအပကို မနှစ်သက်ခြင်းမဟုတ်ဘဲ အလှပြင်လွန်းသော အမျိုးသမီးများကို စိတ်မဝင်စားခြင်းသာ။

လုံယီ ထွက်ခွာသွားပြီးနောက် ထိုနေရာတွင် အေးစက်သော ရယ်မောသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

“မင်းကတော့ တကယ့်ကို ရက်စက်တာပဲ။ လူတစ်ယောက်က မင်းအဖွဲ့ထဲ မဝင်ချင်တာနဲ့ အခက်ဆုံးတာဝန်တွေကို တမင်တကာ ထည့်ထားတယ်ပေါ့။ ဆိတ်ဝိညာဉ်ကိစ္စကို ထားလိုက်ဦး။ အဲဒါက ငါတို့တောင် လွယ်လွယ်နဲ့ မထိရဲတဲ့အရာပဲ။ ဒီမိစ္ဆာအိမ် ဆိုတာကလည်း အရင်က သွားခဲ့တဲ့အဖွဲ့တောင် အခုထိ တာဝန်မပြီးသေးဘူးလေ။ ကြည့်ရတာတော့ အခြေအနေ မဟန်ဘူးထင်တယ်...”

“ဟွန့်... ငါ့အတွက် အသုံးမဝင်တဲ့သူရဲ့ အသက်ရှင်ခြင်း၊ သေခြင်းကို ငါက ဘာလို့ ဂရုစိုက်နေရမှာလဲ”

နှာခေါင်းပွပွနှင့်လူ၏ မျက်လုံးများထဲတွင် ရက်စက်မှုများ ဖြတ်ပြေးသွားသည်။

“ဒီလျိုရှုဆိုတဲ့ကောင်အကြောင်းကို ငါ့အသိမိတ်ဆွေတွေဆီမှာ စုံစမ်းကြည့်ပြီးပြီ။ သူတို့မိသားစုထဲမှာ ဒီလိုလူမျိုး မရှိဘူး။ ကြည့်ရတာတော့ သူက မြို့ထဲကလူ မဟုတ်ဘူး လေလွင့်သိုင်းသမားတစ်ယောက်ပဲ ဖြစ်ရမယ်”

“မင်းလည်း သတိထားဦးနော်... ငါ့မှာ သားရဲဖဲကစားဖော် ရှာရတာ မလွယ်ဘူး”

“မဖြစ်နိုင်တာ”

နှာခေါင်းပွပွနှင့်လူက ယုံကြည်မှုအပြည့်ဖြင့် မဲ့ပြုံးပြလိုက်သည်။

“မြင်းတစ်ကောင် ဝယ်ခဲ့ပေး အဖြူရောင်တော့ မဖြစ်စေနဲ့”

သူငှားထားသော ခြံဝင်းသို့ ပြန်ရောက်သည်နှင့် လုံယီသည် လျိုယွမ်ကို မြင်သည်နှင့် ခိုင်းစေလိုက်တော့သည်။

“ကောင်းပါပြီဗျ”

လျိုယွမ်သည် လုံယီခိုင်းသည့် အလုပ်ကို လုပ်ဆောင်ရန် အလျင်အမြန် ထွက်ခွာသွားသည်။

မကြာသေးမီက လုံယီသည် လူမှုဆက်ဆံရေး နယ်ပယ်ချဲ့ထွင်ရန်အတွက် ရန်ပုံငွေများ ထောက်ပံ့ပေးထားသည်။ လျိုယွမ်သည် ငွေစများကို အသုံးပြု၍ မြစ်ဂိုဏ်းမှ ဂိုဏ်းခွဲခေါင်းဆောင်၊ ချင်းဖုန်းဘုရားကျောင်းမှ ရာထူးရှိသူများ၊ အိမ်နီတော်မှ မယ်မယ်ကြီးနှင့် အလွှာပေါင်းစုံမှ လူမျိုးစုံတို့နှင့် ရောနှောပေါင်းသင်းနေပြီး အတော်ပင် ဖြုန်းတီးသုံးစွဲနေသည်။

သို့သော်လည်း သူ၏ စွမ်းဆောင်ချက်မှာလည်း သိသာလှပေသည်။ သူသည် လုံယီအတွက် သေဆုံးသူများ၏ သတင်းများအပြင် ချင်းဖုန်းဘုရားကျောင်း၏ ယဇ်ပူဇော်ပွဲ အခမ်းအနား သတင်းများကိုပါ ရံဖန်ရံခါ ထောက်လှမ်းပေးနိုင်သည်။

လုံယီကတော့ ဂရုမစိုက်ပေ။

ငွေပြတ်သွားလျှင်လည်း ချင်းဖုန်းဘုရားကျောင်းသို့ သွား၍ ယူလိုက်ရုံပင်။ ယခင် အတွေ့အကြုံများအရ လုံယီသည် ထိုဘုရားကျောင်းမှ ငွေစများကို နှစ်ကြိမ်တိုင်တိုင် တိတ်တဆိတ် သွားရောက်ယူငင်ခဲ့ပြီးဖြစ်သည်။ ထိုကဲ့သို့ မသမာသောနည်းဖြင့် ရထားသည့် ငွေများမှာ သူ့အတွက် စွမ်းအင်ထုတ်ပေးရန် အကောင်းဆုံးပင်။

မြင်းအပြင် မြေပုံမှာလည်း အလွန်အရေးကြီးသည်။ မြို့မခရိုင်မှာ သေသေချာချာ ရှင်းလင်းထားသဖြင့် သားရဲများ လုံးဝမရှိသလောက် ဖြစ်သော်လည်း မြို့မမှသည် မြို့ပြင်သို့ သွားရာလမ်းတစ်လျှောက်တွင်မူ သားရဲအကြွင်းအကျန်အချို့ ရှိနေနိုင်သေးသည်။ လုံယီသည် မြို့ထဲရှိ အကြီးဆုံး စာအုပ်ဆိုင်သို့ သွားကာ ငွေတစ်ဆယ်အကုန်ခံ၍ နောက်ဆုံးထွက် မြေပုံကို ဝယ်ယူခဲ့သည်။

နောက်တစ်နေ့ အရုဏ်တက်ချိန်တွင် သူသည် လူ့အရေခွံမျက်နှာဖုံးကို စွပ်ကာ မြင်းနက်ကြီးကို စီး၍ မြို့ပြင်သို့ ထွက်ခွာခဲ့တော့သည်။ အစိုးရလမ်းမကြီးမှ ခွဲထွက်လိုက်သည်နှင့် သစ်ပင်သစ်တောများ တဖြည်းဖြည်း ထူထပ်လာပြီး ပိုးမွှားနှင့် ငှက်သံများ ပိုမိုဆူညံလာကာ ရံဖန်ရံခါ သားရဲဟောက်သံများကိုပါ ကြားနေရသည်။

လုံယီသည် မကြောက်မရွံ့ဘဲ ရဲရဲဝံ့ဝံ့ မြင်းစီးလာခဲ့သည်။ သူ၏ သိုင်းစွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းလှသဖြင့် သာမန်မိစ္ဆာများမှာ သူ့အတွက် အစာ သက်သက်သာ ဖြစ်သည်။ ယခင်ကကဲ့သို့ တစ်ကိုယ်လုံး လုံအောင်ထုပ်ပိုးမထားဘဲ ပေါ့ပေါ့ပါးပါးသာ ဝတ်ဆင်ထားသည်။ သူ ယခင်က သတိထားခဲ့ရသော အဆိပ်ရှိသည့် ပိုးမွှားနှင့် မြွေများမှာ ယခုအခါ သူ့အတွက် စိုးရိမ်စရာ မဟုတ်တော့ပေ။ သူ ငြိမ်ရပ်ပေးထားပြီး အကိုက်ခံလျှင်တောင် သူ၏ ခံစစ်ကို ဖောက်နိုင်လိမ့်မည် မဟုတ်ပေ။

နှစ်နာရီခန့်အကြာတွင်...

စိမ်းလန်းစိုပြည်ပြီး စနစ်တကျရှိသော လယ်ကွင်းပြင်ကြီးတစ်ခု သူ၏ရှေ့တွင် ပေါ်လာပြီး လယ်သမားများစွာ အလုပ်လုပ်နေကြသည်ကို တွေ့ရသည်။ အဝေးတစ်နေရာတွင်မူ အဝါရောင် ရွှံ့မြေအိမ်လေးများဖြင့် ဖွဲ့စည်းထားသော ကျေးရွာလေးကို မြင်နေရသည်။ မီးခိုးများ ကောင်းကင်သို့ လွင့်ပျံနေပြီး ရံဖန်ရံခါ ကြက်တွန်သံနှင့် ခွေးဟောင်သံများကိုပါ ကြားနေရသည်။

လုံယီသည် လယ်ကွင်းများကို ပတ်၍ ကျေးရွာ၏ အဝင်ဝသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။ အသက် ခုနစ်နှစ်၊ ရှစ်နှစ်ခန့်ရှိသော ကလေးငယ်အချို့မှာ ရွာထိပ်၌ ကိုယ်လုံးတီးဖြင့် ရွှံ့ပုတ်တမ်း ကစားနေကြသည်။

သူစိမ်းတစ်ယောက် မြင်းစီးလာသည်ကို မြင်သောအခါ ကောင်လေးများမှာ သူတို့၏ကစားပွဲကို ရပ်တန့်လိုက်ပြီး ကြောင်တောင်တောင်နှင့် စိုက်ကြည့်နေကြသည်။

“ဟေး... ကလေးတို့ နေကောင်းကြလား...”

လုံယီသည် မြင်းပေါ်မှ ဆင်းလိုက်ပြီး သူကိုယ်တိုင်ပင် ကြင်နာတတ်သည်ဟု ယူဆသော အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။

ကလေးများမှာ ဘာမှမသိနားမလည်သော ရုပ်ပုံကားချပ်များအလား ငြိမ်သက်နေပြီး မည်သည့်တုံ့ပြန်မှုမျှ မရှိပေ။

“မင်းတို့ မိစ္ဆာအိမ် ဘယ်မှာရှိလဲ သိကြလား”

လုံယီက လေသံအေးအေးဖြင့် မေးလိုက်သည်။

“ဟိုး... နောက်ထပ် လူစိမ်းတစ်ယောက် ရောက်လာပြန်ပြီဟေ့”

“ဒီလူစိမ်းက မင်းတို့ကို ဖမ်းခေါ်သွားပြီး ပိုက်ဆံနဲ့ ရောင်းစားလိမ့်မယ်”

“မင်းအမေကိုပဲ သွားရောင်းစားလိုက်”

လုံယီ၏ ရည်ရွယ်ချက်ကို ကြားသည်နှင့် ကောင်လေးများမှာ အော်ဟစ်ကာ ဟိုဟိုဒီဒီ ပြေးလွှားသွားကြသဖြင့် လုံယီမှာ ကြောင်အမ်းအမ်းဖြင့် ကျန်ရစ်ခဲ့တော့သည်။ သူသည် မြင်းကိုဆွဲကာ ကျေးရွာအတွင်းသို့ လှမ်းဝင်လိုက်၏။

အဝါရောင် ရွှံ့မြေသားလမ်းမှာ ချိုင့်ခွက်များဖြင့် ပြည့်နှက်နေပြီး ကျောက်ခင်းလမ်းဟူ၍ မရှိပေ။ ၎င်းက ဤကျေးရွာမှာ တကယ်ပင် ဆင်းရဲကာ သူယခင်က နေထိုင်ခဲ့သည့် အယ်ဟယ်ကျေးရွာထက်ပင် ပို၍ ဆင်းရဲကြောင်း ပြသနေသည်။

သိပ်မဝေးလှသော နေရာအရောက်တွင် ရွာသားငါးဦးမှာ မဖော်ရွေသော အမူအရာများဖြင့် လုံယီထံသို့ လျှောက်လှမ်းလာကြသည်။

“ကောင်လေး... မင်း မိစ္ဆာအိမ်ကို လာရှာတာလား”

“မိစ္ဆာအိမ်ဆိုတာ ငါတို့ရွာရဲ့ ပိုင်ဆိုင်မှုပဲ လူစိမ်းတွေ သဘောတိုင်း လာဝင်လို့မရဘူး”

“ကြေးပြား သုံးရာပေးရမယ်... အာ... မဟုတ်သေးဘူး ငါးရာ ထုတ်ပေးစမ်း”

သူ့ရှေ့ရှိ လူငါးဦးကို လုံယီ ကြည့်လိုက်မိသည်။ သူတို့အားလုံးမှာ အာဟာရချို့တဲ့ကာ မျက်နှာများ ဝါဖျော့နေကြပြီး သူတို့၏ ပေါင်လုံးများမှာ လုံယီ၏ လက်မောင်းလောက်တောင် မရှိကြပေ။ မျက်လုံးများမှာလည်း ဟိုကြည့်ဒီကြည့်နှင့် ဆံပင်များမှာ ငှက်သိုက်အလား ရှုပ်ပွနေကာ သူတို့၏ အဝတ်အစားများမှာလည်း ဖာရာအထပ်ထပ်နှင့် ဖြစ်နေသည်။

လုံယီမှာ ဘာပြောရမှန်းပင် မသိတော့ပေ။

ဒီလိုလူမျိုးတွေကများ တခြားလူတွေကို အတုယူပြီး ဓားပြ တိုက်ချင်နေကြတာလား။

ဘုန်း ဘုန်း ဘုန်း…

ဘုန်း ဘုန်း ဘုန်း…

“အား... သနားပါဦး သခင်ကြီးရယ်”

“ပိုက်ဆံ မယူတော့ပါဘူး မယူတော့ပါဘူး။ မရိုက်ပါနဲ့တော့”

မျက်တောင်တစ်ခတ်အတွင်းမှာပင် မန်ကျေးရွာမှ လူမိုက်ငါးဦးမှာ လုံယီ၏လက်ချက်ဖြင့် မြေပြင်ပေါ်တွင် လဲကျသွားပြီး တစာစာ အော်ဟစ်ငိုယိုနေကြတော့သည်။ အခြေအနေကို ချောင်းကြည့်နေသော အခြားရွာသားများမှာလည်း အိမ်ထဲသို့ အပြေးအလွှား ဝင်သွားကြပြီး သစ်သားတံခါးများကို ဒုန်းခနဲ အသံမြည်အောင် ပိတ်ကာ ဂျက်ထိုးလိုက်ကြသည်။ ထိုလုပ်ရပ်မှာ အလွန်ပင် ကျွမ်းကျင်လှသဖြင့် မြင်ရသူအဖို့ စိတ်မကောင်းစရာပင်။

“ငါ့မှာ မေးစရာ မေးခွန်းအချို့ ရှိတယ်။ မင်းတို့ သေသေချာချာ ဖြေနိုင်ရင်တော့ နောက်ထပ် အထိုးအကြိတ် ခံရမှာ မဟုတ်ဘူး”

လုံယီက ဆောင့်ကြောင့်ထိုင်လျက် ပြောလိုက်သည်။

“မေးပါ သခင်ကြီး... မေးပါ”

လူမိုက်များမှာ ဆန်အိတ်ထဲက ကြက်များအလား ခေါင်းကို တဗုန်းဗုန်း ညိတ်ပြကြသည်။

“မိစ္ဆာအိမ်က ဘယ်မှာလဲ”

“ရွာရဲ့ အနောက်ဘက် အစွန်ဆုံးမှာပါ သခင်ကြီး။ အနောက်ဘက်ကို ဆက်လျှောက်သွားလိုက်

ရင် လမ်းဆုံးမှာ တွေ့ရပါလိမ့်မယ်။ အဲဒီမှာ အိမ်တစ်လုံးတည်း ရှိတာပါ။ ဘေးနားမှာ တခြားအိမ်တွေ မရှိပါဘူး”

“အရင်ကရော တခြားလူတွေ လာကြည့်တာရှိလား”

“ရှိတယ် ရှိတယ်... လွန်ခဲ့တဲ့ သုံးရက်လောက်က ညဘက်မှာ အနီရောင်ဝတ်စုံနဲ့ အမျိုးသမီးတစ်ယောက် အဲဒီဘက်ကို သွားတာ ကျွန်တော် မြင်လိုက်တယ်”

လူမိုက်တစ်ဦးက ပြောလိုက်သည်။

“ကျွန်တော်ကျတော့ လူတစ်ယောက်ကို မြင်တယ်။သူက ကျွန်တော့်ထက်တောင် ရှည်တဲ့ ဓားကြီးတစ်လက်ကို ထမ်းထားတာ”

နောက်ထပ် လူမိုက်တစ်ဦးကလည်း ပြန်ပြော၏။

“ဒါဆိုရင် အနည်းဆုံး အဖွဲ့နှစ်ဖွဲ့တော့ ရောက်နေပြီပေါ့ ဘယ်သူမှလည်း ဖြေရှင်းနိုင်ပုံမရဘူး”

လုံယီက တွေးတောရင်း မိစ္ဆာအိမ် အပေါ် အနည်းငယ် ပို၍ သတိထားမိလာသည်။

ထို့နောက် သူသည် အခြားအသေးစိတ်အချက်အလက်များကို ထပ်မံမေးမြန်းရာ အသုံးဝင်သော သတင်းအချက်အလက်များစွာ ရရှိခဲ့သည်။ ဥပမာအားဖြင့် နေ့ခင်းဘက်တွင် ထိုအိမ်အတွင်းသို့ ဝင်ပါက ဘာမှမထူးခြားပေ။ ညဘက်ရောက်မှသာ အမျိုးသမီးတစ္ဆေ၏ ငိုသံများ ထွက်ပေါ်လာတတ်ပြီး အလွန်အန္တရာယ်များလှသည်။ ယခင်က မန်ကျေးရွာမှ ဒေသခံ သုံး၊ လေးဦးခန့်သည် စုံစမ်းရန် ညဘက်တွင် ဝင်သွားခဲ့ကြသော်လည်း မည်သူမျှ ပြန်ထွက်မလာခဲ့ကြသဖြင့် ယခုအခါ ထိုနေရာမှာ စွန့်ပစ်ခံထားရသောနယ်မြေဖြစ်နေပြီ ဖြစ်သည်။ ဒေသခံများမှာလည်း ထိုအိမ်နားသို့ မသွားဝံ့ကြတော့ဘဲ ရံဖန်ရံခါမှသာ လာရောက်ကြသော လူစိမ်းများကို တွေ့ရတတ်သည်။

“နေ့ခင်းဘက်မှာ အရင်သွားကြည့်ရမယ်။ တစ်ခုခုတော့ သဲလွန်စ ရှာတွေ့နိုင်ကောင်းပါရဲ့”

လုံယီ တွေးလိုက်သည်။

လုံယီ စဉ်းစားခန်းဝင်နေသည်ကို မြင်သောအခါ မြေပြင်ပေါ်ရှိ လူမိုက်များမှာ တိတ်ဆိတ်စွာ ဝပ်နေကြပြီး ဤဒုက္ခပေးမည့်သူ အမြန်ဆုံး ထွက်သွားပါစေရန်သာ ဆုတောင်းနေကြတော့သည်။ လုံယီသည် ထရပ်လိုက်ပြီး လှည့်ထွက်ရန် ပြင်လိုက်၏။

မြေပြင်ပေါ်မှ လူမိုက်များမှာ တောင်းပန်တိုးလျှိုးသော မျက်ဝန်းများဖြင့် သူ့ကို မော့ကြည့်နေကြသည်။ သူတို့မှာ အလွန်ပင် ပိန်လှီလွန်းလှပြီး မျက်နှာနှင့် လည်ပင်းတို့တွင် ရက်ပေါင်းများစွာ ရေမချိုးထားသဖြင့် ဂျီးများမှာ အထပ်ထပ် တက်နေတော့သည်။

ချွင်...

သူသည် ရင်ဘတ်အတွင်းမှ ကြေးပြားအိတ်ကို ထုတ်ယူကာ မြေပြင်ပေါ်သို့ ပစ်ချပေးလိုက်သည်။

“နောက်တစ်ခါ မိစ္ဆာအိမ် ကို လာရှာတဲ့သူတွေရှိရင် အဝေးကနေပဲ နေကြ။ မဟုတ်ရင် မင်းတို့ အသက်ပျောက်လိမ့်မယ်”

ဤသတိပေးချက်ကို ချန်ထားရစ်ခဲ့ပြီး လုံယီသည် ရွာ၏ အနောက်ဘက်သို့ ဦးတည်ထွက်ခွာလာခဲ့သည်။

လူမိုက်များမှာ တစ်ဦးကိုတစ်ဦး ကြောင်တောင်တောင် ကြည့်လိုက်ကြပြီးနောက် မြေပြင်ပေါ်မှ ကြေးပြားများကို ဗိုက်ဆာနေသော ခွေးအိုကြီးများအလား လုယက်ကောက်ယူကြတော့သည်။

“ဒါ ငါ့ဟာကွ ငါ့ဟာ”

“ငါက ခုနက မေးခွန်းတွေ ပိုဖြေခဲ့တာလေ”

ချိုင့်ခွက်ထူထပ်သော မြေသားလမ်းအတိုင်း အနောက်ဘက်သို့ လျှောက်လာခဲ့ရာ အတွင်းသို့ ရောက်လေလေ အိမ်ခြေများမှာ ကျဲပါးသွားလေဖြစ်ပြီး လမ်းတစ်လျှောက်မှာလည်း ပေါင်းပင်များ ဖုံးလွှမ်းလာသည်။

မကြာမီမှာပင် လုံယီသည် ပေါင်းပင်များ ဒူးဆစ်ခန့် မြင့်နေသော ခြံစည်းရိုးအတွင်း၌ တစ်ကိုယ်တည်း ထီးထီးကြီးရှိနေသည့် ကျောက်တုံးအုတ်အိမ်လေးကို မြင်လိုက်ရသည်။ သစ်သားတံခါးမှာ တစ်ဝက်ခန့်သာ ကျန်ရှိတော့ပြီး အနီရောင်ဆေးများမှာလည်း အကွက်လိုက် အကွက်လိုက် ကွာကျနေ၏။ လေတိုက်လိုက်တိုင်း ကျွီ... ကျွီ... နှင့် နားမခံသာသော အသံများ ထွက်ပေါ်နေသည်။

တံခါးခုံကို ကျော်ဖြတ်ဝင်လိုက်သည်နှင့် စတုရန်းမီတာ ၅၀၊ ၆၀ ခန့် ကျယ်ဝန်းသော ခြံဝင်းလေးတစ်ခု ရှိနေသည်။ ခြံဝင်းမှာ ပေါင်းပင်များဖြင့် ပိတ်ဖုံးနေပြီး ထောင့်တစ်နေရာတွင် ကျောက်ပြားဖြင့် ဖုံးအုပ်ထားသော ရေတွင်းလေးတစ်ခု ရှိနေသည်။

လုံယီသည် ရေတွင်းအနားသို့ တိုးသွားကာ ကျောက်ပြားကို ခြေထောက်ဖြင့် ခပ်ဖွဖွ ကန်ဖွင့်လိုက်ပြီးနောက် လျင်မြန်စွာ နောက်သို့ ခုန်ဆုတ်လိုက်သည်။ သူနှင့် ရေတွင်းကြားတွင် အကွာအဝေးတစ်ခု ထားရှိကာ အခြေအနေကို စောင့်ကြည့်နေခြင်းဖြစ်သည်။

ခဏကြာသည်အထိ ဘာမှထူးခြားမလာသောအခါမှ သူ ရှေ့သို့တိုး၍ စစ်ဆေးကြည့်လိုက်သည်။

“စွန့်ပစ်ထားတဲ့ ရေတွင်းအိုပဲလား”

ရေတွင်းထဲတွင် ကျောက်တုံးများနှင့် ပေါင်းပင်များသာ ပြည့်နေပြီး အတန်ကြာအောင် ကြည့်ရှုပြီးနောက်တွင်လည်း အတွင်း၌ အလောင်း ရှိသည့် အရိပ်အယောင်မျိုး မတွေ့ရပေ။ သူသည် ပိုမိုသေသေချာချာ သိရှိနိုင်ရန်အတွက် ရေတွင်းထဲသို့ ခုန်ဆင်းကြည့်လောက်အောင်လည်း မိုက်မဲသူမဟုတ်ပေ။

ထို့နောက် အဓိကအိမ်ဆောင်အတွင်းသို့ ဝင်ရောက်ကာ အပေါ်ယံမျှ ဝေ့ဝဲကြည့်လိုက်ရုံနှင့် အခန်းတွင်း အပြင်အဆင်များကို အကုန်မြင်လိုက်ရသည်။ ဖုန်များ ထူထပ်နေသော နတ်မင်းရှစ်ပါးစားပွဲကြီးပေါ်တွင် သံချေးတက်နေသော ဖယောင်းတိုင်ခုံအနီ နှစ်ခု၊ အပြာနှင့် အဖြူရောင် ပေါ့စလင်းပန်းကန်လုံး အနည်းငယ်နှင့် အဝတ်စုတ်အနက် တစ်ထည်ရှိနေသည်။

ဘေးနားတွင် ပင့်ကူအိမ်များဖြင့် ပြည့်နှက်နေသော သစ်သားခုတင်တစ်ခုရှိပြီး အိပ်ရာခင်းမှာ လိပ်တက်နေကာ ခုတင်ခေါင်းရင်းတွင် အနီရောင် ပန်းထိုးဖိနပ်တစ်စုံကို တင်ထားသည်။ အခြားပစ္စည်းများဖြစ်သည့် ဆန်အိုး၊ ရေအိုး၊ ထမ်းပိုး၊ ရေပုံးနှင့် လျှော်ကြိုးတို့မှာမူ အထူးတလည် ပြောနေစရာမလိုလောက်အောင် ရိုးရှင်းလှသည်။

အိမ်အတွင်းအပြင်ကို အကြိမ်ကြိမ် ပတ်ကြည့်သော်လည်း လတ်လတ်ဆတ်ဆတ် ထင်ကျန်နေသည့် ခြေရာအချို့မှလွဲ၍ ထူးခြားသောအရာ မတွေ့ရပေ။

“ညကျမှ ပြန်လာခဲ့မယ်”

ညရောက်သောအခါ ကောင်းကင်တွင် လမသာဘဲ ကြယ်အနည်းငယ်သာ ရှိတော့သည်။ မန်ကျေးရွာရှိ အိမ်ထောင်စုတိုင်းမှာ ဆီမီးခွက်များကို ငြိမ်းသတ်ထားကြသဖြင့် တစ်ရွာလုံး တိတ်ဆိတ်မှောင်မိုက်နေ၏။

လုံယီသည် သူ၏ရင်ဘတ်အတွင်း အနက်ရောင်သံမဏိပုဆိန်ကို ပိုက်လျက် ဤမိစ္ဆာအိမ်အတွင်းသို့ နောက်တစ်ကြိမ် ဝင်ရောက်လာခဲ့သည်။ ခြံဝင်းအတွင်း ခြေချလိုက်သည်နှင့် အပြင်ဘက်ထက် သိသိသာသာ ပို၍အေးစက်သော အအေးဓာတ်က သူ့ကို လွှမ်းခြုံသွားသည်။ သို့သော် လုံယီ၏ ခန္ဓာကိုယ်မှာ မီးဖိုတစ်ခုကဲ့သို့ သန်မာလှသဖြင့် ထိုအအေးဓာတ်ကို သူ ဂရုမစိုက်ပေ။

“ဟမ်...”

လုံယီ တစ်စုံတစ်ခုကို သတိထားမိသွားသည်။ ထောင့်ရှိ ရေတွင်းကို ဖုံးအုပ်ထားသော ကျောက်ပြားမှာ နေ့ခင်းက သူ သေသေချာချာ ပြန်ဖုံးခဲ့သော်လည်း ယခုအခါတွင်မူ အနည်းငယ် ရွေ့လျားနေပြီး ဟနေသည့် အပေါက်ငယ်တစ်ခု ပေါ်နေသည်။

All Chapters