အခန်း (၁၁၉-၁၂၀)
Vol. 12 Ch. 119-120
အခန်း။ ၁၁၉
ထိပ်နီငှက်သည် တောကြက်နှင့် ဆင်တူသော်လည်း တစ်ကိုယ်လုံး မည်းနက်နေပြီး ၎င်း၏ ဦးခေါင်းပေါ်ရှိ အမောက်မှာ ဦးခေါင်းခွံထက်ပင် ပို၍ကြီးမားသည်။ ထိုအမောက်မှာ နီရဲပြီး တစ်ပိုင်းတစ်စ ကြည်လင်နေကာ ကျောက်သံပတ္တမြားတစ်ခုအလား တလက်လက် တောက်ပနေ၏။
ဤအမောက်သည် သွေးစွမ်းအင်ကို အားကောင်းစေပြီး အာဟာရဖြစ်စေသည့် သဘာဝ နတ်ဘုရားပစ္စည်း တစ်ခုဖြစ်ရာ သာမန်သိုင်းပညာရှင်များအတွက် နောက်တစ်ဆင့်သို့ အဆင့်တက်ရန် ဘေးထွက်ဆိုးကျိုးမရှိဘဲ များစွာအထောက်အကူပြုသည်။ ထိပ်နီငှက်ဝိညာဉ်၏ အမောက်မှာမူ သာမန်ထက် ပို၍အစွမ်းထက်မည်မှာ မြေကြီးလက်ခတ်မလွဲပေ။ ၎င်းသည် ချီစွမ်းအင်ပတ်လမ်းကြီးအဆင့်သို့ တက်လှမ်းရန်ပင် အကျိုးပြုနိုင်သည်။
ရှီချိုင်ဖုန်း စိတ်လှုပ်ရှားသွားသည်မှာ မဆန်းပေ။
သူမသည် ချီစွမ်းအင်ပတ်လမ်းငယ် အဆင့်၏ အထွက်အထိပ်မှာပင် တစ်နှစ်ကျော်ကြာ ပိတ်မိနေခဲ့သည်။ ချီစွမ်းအင်ပတ်လမ်းငယ်နှင့် ချီစွမ်းအင်ပတ်လမ်းကြီးကြားရှိ ကွာဟချက်မှာ အလွန်ပင် ကြီးမားလှသည်။ ချီစွမ်းအင်ပတ်လမ်းငယ်အဆင့်မှာ ဂိုဏ်းတစ်ခု၏ ကျောရိုးနှင့် အမာခံတပည့်များ ဖြစ်ကြသော်လည်း ချီစွမ်းအင်ပတ်လမ်းကြီးအဆင့်မှာမူ အဆင့်အတန်း လုံးဝကွာခြားသွားသည့် အကြီးအကဲများ ဖြစ်ကြသည်။
သို့သော် ထိပ်နီငှက်မှာ အလွန်ပင် လျင်မြန်လှပြီး ငှက်မျိုးနွယ်များထဲတွင် အမြန်ဆုံးစာရင်းဝင်သည်။ သာမန်ထက်ပင် ပိုမိုမြန်ဆန်သော ထိုငှက်ဝိညာဉ်ကို ဖမ်းဆီးရန်မှာ အလွန်ပင် ခက်ခဲလှပေလိမ့်မည်။
“ဖုန်းဖုန်းလေးရေ... ငါတို့နှစ်ဖွဲ့ ပူးပေါင်းကြစို့လေ။ ဘယ်သူပဲ ဖမ်းမိဖမ်းမိ ဖမ်းမိတဲ့သူက အများကြီးယူပေါ့။ ငါ့အတွက်တော့ တစ်ယောက်စာလောက်ပဲ ချန်ပေးရင် ရပါပြီ။ ဘယ်လိုလဲ”
လျိုယွဲ့သည် ရှီချိုင်ဖုန်း၏ ဘေးတွင် ထိုင်ကာ သူမ၏ နားနားသို့ အသာအယာ လေမှုတ်ရင်း မြူဆွယ်လိုက်သည်။
ရှီချိုင်ဖုန်းမှာ တစ်ကိုယ်လုံး တုန်တက်သွားပြီး နားရွက်များပင် နီရဲလာတော့သည်။
“ကျွန်မက မမယွဲ့ကို ကူညီရင် မမကရော ဘာပြန်ပေးမှာလဲ”
ရှီချိုင်ဖုန်းက လျိုယွဲ့ကို ရမ္မက်ခိုးဝေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
“ဖမ်းမိတဲ့အခါကျမှပဲ တို့နှစ်ယောက် တိုင်ပင်ကြတာပေါ့”
လျိုယွဲ့က တခိခိ ရယ်မောကာ ရှီချိုင်ဖုန်း၏ နှာဘူးလက်ကို ကျွမ်းကျင်စွာ ရှောင်တိမ်းလိုက်ပြီး ယိမ်းနွဲ့နေသော တင်ပါးများဖြင့် ထွက်ခွာသွားတော့သည်။
လျိုယွဲ့ ထွက်သွားပြီးနောက် ရှီချိုင်ဖုန်း၏ အကြည့်များမှာ ချက်ချင်းပင် ပြန်လည် ကြည်လင်သွားပြီး တဲအတွင်းရှိ လူများကို မေးလိုက်သည်။
“အားလုံး ဘယ်လိုထင်ကြလဲ”
“မကူညီသင့်ဘူးလို့ ကျွန်မထင်တယ် အဲဒီမိန်းမက မရိုးသားဘူး”
ဝမ်ယီဝမ်က သဝန်တိုစွာဖြင့် နှာခေါင်းရှုံ့လိုက်သည်။
“ကူညီတာ မကူညီတာက သိပ်အရေးမကြီးပါဘူး။ လျိုယွဲ့က ကျွန်တော်တို့ဆီ လာတယ်ဆိုတာ သူလည်း အခြားသူတွေရဲ့ နောက်ကျောကို ဓားနဲ့ထိုးတာ ခံရမှာ ကြောက်လို့နေမှာပါ။ ဘာပဲဖြစ်ဖြစ် အသင်းခေါင်းဆောင်က ဒီစခန်းမှာ စိတ်ထားအကောင်းဆုံးလူဆိုတာ ဘယ်သူမသိဘဲ နေမလဲ”
ကျန်းချန်ယွီက မှတ်ချက်ပေးသည်။
သိုင်းပညာရှင်များ စုဝေးရာ ဤစခန်းတွင် အသေးအဖွဲ ရန်ပွဲများ ခဏခဏ ဖြစ်လေ့ရှိသော်လည်း ရှီချိုင်ဖုန်းမှာ အားနည်းသူကို ဘယ်သောအခါမျှ အနိုင်မကျင့်သဖြင့် နာမည်ကောင်း ရထားသူဖြစ်သည်။ အခြားသူများက ဘာမှဝင်မပြောသဖြင့် ရှီချိုင်ဖုန်းမှာ စဉ်းစားခန်း ဝင်နေတော့သည်။
“အမ... အမသာ ချီစွမ်းအင်ပတ်လမ်းကြီးအဆင့်ကို တက်နိုင်ရင် ငါတို့တွေ ဒီစခန်းမှာ ဘယ်သူ့မျက်နှာမှ ကြည့်စရာမလိုတော့ဘူး။ အိမ်ပြန်ရင်လည်း ဖေဖေက အမေကို အထင်ကြီးသွားမှာ”
ထိုအရေးကြီးသော အချိန်တွင် သူမ၏မောင်ဖြစ်သူ ရှီချင်းတ၏ စကားက ရှီချိုင်ဖုန်း၏ ဆုံးဖြတ်ချက်ကို ခိုင်မာစေခဲ့သည်။
“ကောင်းပြီ... လုပ်မယ်ဟေ့”
သူမက ပေါင်ကို အားပါပါ ပုတ်ကာ အော်ဟစ်လိုက်တော့သည်။
တစ်ဖက်တွင်မူ လျိုယွဲ့သည် သူမ၏ တဲဆီသို့ ပြန်ရောက်လာသည်။ ရုတ်တရက် အနက်ရောင် အရိပ်တစ်ခုက သူမ၏ အနောက်ဘက်မှနေ၍ အသာအယာ ဖိကပ်လိုက်သဖြင့် သူမ တစ်ကိုယ်လုံး တုန်ရင်သွားတော့သည်။
“ကဲ... သူ သဘောတူလိုက်ပြီလား”
“ကျွန်မ ကိုယ်တိုင် သွားပြောတာပဲ။ အဲဒီ ယောကျ်ားလျာမလေးက မရူးသွပ်ဘဲ နေပါ့မလား” လျိုယွဲ့က ဆွဲဆောင်မှုရှိသော အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
"ယောကျ်ားလျာမလေး ဟဲဟဲ... အဲဒီလို မိန်းမမျိုးက ဘယ်လိုအရသာရှိမလဲဆိုတာ ငါမြည်းစမ်းကြည့်ချင်သားပဲ"
ထိုအနက်ရောင်အရိပ်က ပြောရင်း လျိုယွဲ့၏ ပုခုံးပေါ်သို့ လက်တင်ကာ သူမ၏ ရင်ဘတ်ဟိုက်ဟိုက်အတွင်းသို့ တိုက်ရိုက်နှိုက်ယူလိုက်သည်။
"အင်း..."
လျိုယွဲ့သည် ခပ်တိုးတိုး ညည်းတွားလိုက်ပြီး သူမ၏ မျက်နှာမှာ ချက်ချင်းပင် နီမြန်းသွားတော့သည်။
...
နောက်တစ်နေ့ နေထွက်ချိန်တွင် ရှီချိုင်ဖုန်းသည် သူမ၏ အဖွဲ့ဝင်အများစုကို ဦးဆောင်ကာ ထွက်ခွာလာခဲ့သည်။ သားရဲပြုပြင်သူ အဘိုးကြီးယဲ့ တစ်ဦးတည်းကိုသာ စခန်းတွင် ချန်ရစ်ခဲ့၏။ ထိပ်နီငှက်မှာ အရွယ်အစားသေးငယ်သဖြင့် တစ်ကောင်လုံးကို သယ်ဆောင်လာနိုင်ပြီး အဘိုးကြီးယဲ့မှာလည်း အသက်ကြီးပြီဖြစ်ရာ တောင်ပေါ်သို့ လိုက်ရန်မလိုတော့ပေ။
တောင်ကုန်းငယ်နှစ်ခုကို ကျော်ဖြတ်ပြီးနောက် သူတို့သည် အမည်မသိ အနီရောင်တောင်ပန်းများ ဖုံးလွှမ်းနေသော မင်ရှားတောင်ခြေရင်းသို့ ရောက်ရှိလာကြသည်။ လျိုယွဲ့နှင့် အခြားအမျိုးသားနှစ်ဦးမှာ ထိုနေရာတွင် ကြိုတင်စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။ ထိုအမျိုးသားနှစ်ဦးမှာ အသက် ၃၀ ခန့်ရှိပြီး ရုပ်ရည်မှာ သာမန်ပင်ဖြစ်သော်လည်း သူတို့၏ အရှိန်အဝါအရ ချီစွမ်းအင်ပတ်လမ်းငယ်အဆင့်များ ဖြစ်ကြသည်။
သို့သော် ချီစွမ်းအင်ပတ်လမ်းငယ်အဆင့်ချင်း တူသော်လည်း ကွာဟချက်မှာ ကြီးမားလှသည်။ ရှီချိုင်ဖုန်းကဲ့သို့ ပဉ္စမအဆင့်ချီစွမ်းအား အဆင့်ရှိသူမှာ ချီစွမ်းအင်ပတ်လမ်းကြီးအဆင့်ကိုပင် စိန်ခေါ်နိုင်စွမ်းရှိရာ ထိုသုံးယောက်လုံးကို တစ်ယောက်တည်း ရင်ဆိုင်နိုင်သည်။
ရှီချိုင်ဖုန်း၏ အနောက်မှ လူအုပ်ကို မြင်လိုက်ရသည့်အခါ လျိုယွဲ့က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"လူတွေ အရမ်းများနေတယ် ဒါက ထိပ်နီငှက်ဝိညာဉ်ကို လန့်ပြီး ထွက်ပြေးသွားစေလိမ့်မယ်"
ရှီချိုင်ဖုန်း စဉ်းစားကြည့်ရာ မှန်ကန်သည်ဟု ယူဆသဖြင့် ဝမ်ယီဝမ်နှင့် ကုယွီ နှစ်ဦးကိုသာ သူမနှင့်အတူ ခေါ်ဆောင်သွားတော့သည်။ ကုယွီ၏ ခြေလှမ်းမှာ သူမပြီးလျှင် အမြန်ဆုံးဖြစ်ပြီး ဝမ်ယီဝမ်၏ လေးအတတ်မှာလည်း အံ့ဩစရာကောင်းလှသည်။ သူတို့နှစ်ဦးလုံးသည် ထိပ်နီငှက်ဝိညာဉ်ကို ခြိမ်းခြောက်နိုင်စွမ်း ရှိကြသူများပင်။
ဒုတိယအသင်းခေါင်းဆောင် ကျန်းချန်ယွီမှာမူ မမျှော်လင့်ထားသော အခြေအနေများကို ကိုင်တွယ်ရန် ကျန်ရှိသောအဖွဲ့ဝင်များနှင့်အတူ အပြင်ဘက်တွင် စောင့်ဆိုင်းနေခဲ့သည်။ ထိုခြောက်ဦးမှာ ကြမ်းတမ်းသော တောင်လမ်းလေးအတွင်းသို့ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည့်အခါ လုံယီသည် မြေပြင်ပေါ်တွင် ပျင်းရိစွာ ထိုင်နေလိုက်တော့သည်။ သူကတော့ ပါဝင်ရသည်ဖြစ်စေ မပါဝင်ရသည်ဖြစ်စေ ဂရုမစိုက်ပေ။ နောက်ပိုင်းတွင် အလောင်းများဆီမှ စွမ်းအင်များကိုသာ လိုက်လံစုဆောင်းရန် သူ စိတ်ကူးထားသည်။
မင်ရှားတောင်ပေါ်တွင် သစ်ပင်ချုံနွယ်များ အလွန်ထူထပ်လှပြီး အနီရောင်နှင့် အစိမ်းရောင်တို့ ရောယှက်နေသော မြင်ကွင်းမှာ လှပလှသည်။
"ဒီနားပဲ"
ကြိုတင်စူးစမ်းထားသော လျိုယွဲ့သည် ရှီချိုင်ဖုန်းနှင့် အဖွဲ့သားများကို သူတို့၏ ပစ်မှတ်ရှိရာသို့ ဦးဆောင်ခေါ်သွားသည်။
နောက်ဆုံးတွင် ထိုခြောက်ဦးလုံးမှာ ခြေလှမ်းကို ဖြည်းဖြည်းချင်း လျှော့ချလိုက်ပြီး ထိပ်နီငှက် လန့်မသွားစေရန် အသံတိတ် လျှောက်လှမ်းကြတော့သည်။ နေရာတစ်ခုသို့ ရောက်သောအခါ အားလုံးမှာ တစ်ပြိုင်နက်တည်း ရပ်တန့်သွားကြ၏။
ပေအနည်းငယ်အကွာရှိ မြက်ခင်းပြင်တစ်ခုပေါ်တွင် လူတစ်ရပ်နီးပါး မြင့်မားကာ တစ်ကိုယ်လုံး မည်းနက်နေသော ကြက်ဖကြီးတစ်ကောင်မှာ ဖောင်းကားနေသော ဝမ်းဗိုက်နှင့်အတူ အေးအေးဆေးဆေး လမ်းလျှောက်နေသည်။ ရံဖန်ရံခါတွင် ၎င်း၏နှုတ်သီးမှာ မြက်ခင်းထဲသို့ ထိုးဝင်သွားပြီး အစိမ်းရောင် ပိုးကောင်ကြီးတစ်ကောင်ကို ဆွဲထုတ်စားလိုက်သည်။
ဤကြက်ဖကြီး၏ ဦးခေါင်းပေါ်တွင် တစ်ပိုင်းတစ်စ ကြည်လင်နေသော အနီရောင်အမောက်ကြီးမှာ စိမ်းလန်းသော နောက်ခံကြားတွင် အထင်အရှား ပေါ်လွင်နေ၏။ ၎င်း၏ ခြေထောက်နှစ်ဖက်မှာ သာမန်ငှက်များထက် များစွာ တောင့်တင်းလှသည်။ ဒူးဆစ်တစ်ဝိုက်တွင် ရစ်ခွေနေပြီး ဖောင်းကြွနေသော ကြွက်သားကွင်းများကို ခြောက်ကွင်း သို့မဟုတ် ခုနစ်ကွင်းခန့် အထင်အရှား မြင်နေရသည်။
"မိသွားပြီဟေ့"
ရှီချိုင်ဖုန်းက ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
"စီစဉ်ထားတဲ့အတိုင်းပဲ လုပ်ကြစို့"
လျိုယွဲ့၏ မျက်နှာတွင်လည်း အပြုံးများ ပြည့်နှက်နေသည်။
သူတို့၏ နည်းဗျူဟာကို စတင်လိုက်ပြီဖြစ်သည်။ ဝမ်ယီဝမ်နှင့် လျိုယွဲ့တို့၏ အဖွဲ့မှ အမျိုးသားနှစ်ဦးမှာ လူခွဲလိုက်ကြပြီး ကျောပေါ်မှ လေးရှည်များကို ထုတ်ကာ မြှားတင်၍ အားကုန်ဆွဲလိုက်ကြသည်။ ရှီချိုင်ဖုန်းနှင့် ကုယွီတို့ကမူ တိတ်ဆိတ်စွာဖြင့် ဘေးဘက်မှနေ၍ ပိတ်ဆို့ရန် ဝိုင်းပတ်သွားကြ၏။
'ရှူး... ရှူး... ရှူး'
မြှားသုံးစင်မှာ တစ်ပြိုင်နက်တည်း ပစ်လွှတ်ခြင်း ခံလိုက်ရသည်။ ထိပ်နီငှက်ဝိညာဉ်မှာ လန့်ဖျန့်သွားပြီး ရှောင်တိမ်းရန် ၎င်း၏ အတောင်ပံများကို အသည်းအသန် ခတ်လိုက်သည်။ သို့သော်လည်း အတောင်ပံတစ်ဖက်မှာ မြှားမှန်သွားသဖြင့် နာကျင်စွာ အော်ဟစ်လိုက်ရတော့သည်။
"ဒီမှာပဲ နေစမ်း"
ကုယွီသည် အံ့ဩစရာကောင်းသော ကိုယ်ဖော့သိုင်းဖြင့် တစ္ဆေတစ်ကောင်အလား ထိပ်နီငှက်၏ ရှေ့မှောက်သို့ ရောက်ရှိလာသည်။
'ဝူး'
သူ၏ လှံရှည်မှာ ပြင်းထန်စွာ ထိုးထွက်သွားပြီး ငှက်၏ ခန္ဓာကိုယ်ကို ထိမှန်တော့မည့်ဆဲဆဲ ထိပ်နီငှက်၏ ကျော်ကြားလှသော အရှိန်အဟုန်မှာ အတောင်ပံပေါ်တွင်သာ မူတည်နေသည်မဟုတ်ပေ။ ၎င်းသည် ခြေထောက်နှစ်ဖက်ကို ကွေးညွတ်လိုက်ရာ ဒူးဆစ်ရှိ ရစ်ခွေနေသော ကြွက်သားများမှာ လျင်မြန်စွာ ကျုံ့ဝင်သွားသည်။
ထို့နောက် စပရိန်တစ်ခုအလား ရုတ်တရက် ဆန့်ထုတ်လိုက်ရာ ၎င်း၏ ကိုယ်ထည်မှာ ရှူး'ခနဲ လွင့်ပျံထွက်သွားပြီး သာမန်မျက်စိဖြင့် ကြည့်လျှင် အနက်ရောင်အရိပ်တစ်ခုသာ မြင်လိုက်ရတော့သည်။ ၎င်းသည် လူအားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်တော့မည့်ဆဲဆဲတွင် ထိပ်နီငှက်ဝိညာဉ်၏ တောက်ပသော မျက်လုံးများထဲ၌ ဂုဏ်ယူဝင့်ကြွားသော အရိပ်အယောင်များ ဖြတ်ပြေးသွား၏။
သို့သော် ထိုခဏ၌ပင် အေးစက်သော အလင်းတန်းနှစ်ခု ဖြတ်သန်းသွားသည်။
"သေစမ်း"
ရှီချိုင်ဖုန်းသည် တောအုပ်နောက်ကွယ်တွင် ကြိုတင်ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။ သူမသည် လမ်းခုလတ်မှနေ၍ ကြားဖြတ်တိုက်ခိုက်လိုက်ရာ ငွေရောင်ချိတ်တစ်စုံမှာ ထိပ်နီငှက်ဝိညာဉ် ပျံသန်းလာသည့် လမ်းကြောင်းအတည့်သို့ ရောက်ရှိသွားတော့သည်။
'ဖတ်'
ငွေရောင်ချိတ်များမှာ ထိပ်နီငှက်ဝိညာဉ်၏ ခန္ဓာကိုယ်အတွင်းသို့ စိုက်ဝင်သွားပြီး သွေးစွမ်းအင်များ ပြည့်လျှံနေသော ရှီချိုင်ဖုန်းသည် ၎င်းကို မြေပြင်ပေါ်သို့ ပြင်းထန်စွာ ဖိချလိုက်တော့သည်။ အရှိန်အဟုန်ကို ဖယ်ထုတ်လိုက်လျှင် ထိပ်နီငှက်ဝိညာဉ်၏ တိုက်ခိုက်နိုင်စွမ်းမှာ သာမန်သားရဲများလောက်ပင် မရှိပေ။
"ရပြီ"
ရှီချိုင်ဖုန်းသည် ချီစွမ်းအင်ပတ်လမ်းကြီး အဆင့်သို့ တက်လှမ်းနိုင်တော့မည်ဟု ခံစားရသဖြင့် အလွန်အမင်း ဝမ်းမြောက်သွားတော့သည်။
သို့သော် ထိုခဏ၌ပင် ရုတ်တရက် အခြေအနေများ ပြောင်းလဲသွားတော့သည်။
ဝူး... ဝူး... ဝူး
စက်ကိရိယာများ ပွင့်ဟသွားသည့် အသံများ ထွက်ပေါ်လာသည်။ ကောင်းကင်ယံမှ သံကွန်ရက်ကြီးများ ကျဆင်းလာပြီး ရှီချိုင်ဖုန်း ရှိနေသည့် နေရာကို လွှမ်းခြုံကာ သူမကို အမိအရ ပတ်မိသွားတော့သည်။
“ဒါ ဘာဖြစ်တာလဲ”
ရှီချိုင်ဖုန်းက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
ထိုသံကွန်ရက်များမှာ အလွန်ခိုင်ခံ့ရုံသာမက စေးကပ်သော အရာများဖြင့်လည်း သုတ်လိမ်းထားသဖြင့် သူမအနေဖြင့် ချက်ချင်း ရုန်းထွက်ရန် အလွန်ခဲယဉ်းနေသည်။ လှည့်ကြည့်လိုက်သည့်အခါ လျိုယွဲ့နှင့် အခြားသူများကို မည်သည့်နေရာတွင်မျှ မတွေ့ရတော့ပေ။
ကျွီ...
ကြောက်မက်ဖွယ်ကောင်းပြီး နာကျင်လှသော ငှက်အော်သံကြီး တစ်ခု ထွက်ပေါ်လာသည်။ ခုနက ထိပ်နီငှက်ဝိညာဉ်ထက် ၃ ဆ၊ ၄ ဆခန့် ပိုမိုကြီးမားသော ငှက်ကြီးတစ်ကောင်မှာ အဝေးမှနေ၍ အရှိန်အဟုန်ဖြင့် ပြေးဝင်လာနေသည်။ ၎င်း၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေ၏။
၎င်း၏ အမောက်မှာ နီလွန်းသဖြင့် မည်းနက်နေပြီး ဝမ်းဗိုက်အောက်ရှိ ခြေထောက်များမှာ သားရဲတစ်ကောင်အလား တောင့်တင်းလှသည်။ ဒူးဆစ်ရှိ ရစ်ခွေနေသော ကြွက်သားများမှာ ၁၀ ထပ်မက ရှိနေ၏။ ခုန်ချက်တစ်ချက်စီတိုင်းမှာ ပေပေါင်းများစွာ ကွာဝေးလှပြီး သာမန်သိုင်းပညာရှင်များထက် အဆပေါင်းများစွာ ပိုမိုမြန်ဆန်လှသည်။
ကုယွီသည် လှံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ ထိုငှက်ကြီး၏ ရှေ့တွင် ပိတ်ရပ်လိုက်ပြီး ရှီချိုင်ဖုန်းအတွက် အချိန်ဆွဲပေးရန် ကြိုးစားလိုက်သည်။ သို့သော် မမျှော်လင့်ဘဲ ထိုငှက်ကြီးက ခြေထောက်ဖြင့် ကန်ထုတ်လိုက်ရာ သူ၏ ရင်ဘတ်တည့်တည့်ကို ထိမှန်သွားတော့သည်။
ဂျွတ်
ကုယွီ၏ အရိုးများမှာ ထိုခဏချင်းမှာပင် အစိတ်စိတ်အမြွှာမြွှာ ကျိုးပဲ့သွားပြီး သွေးများ ပန်းထွက်ကာ အနောက်သို့ လွင့်စင်သွားတော့သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ငှက်ကြီးသည် ရှီချိုင်ဖုန်း၏ အထက်သို့ ရောက်ရှိလာသည်။ ၎င်း၏ အတောင်ပံများသည် သိပ်မကြီးသော်လည်း အနက်ရောင် အမွှေးအမျှင်များမှာ သတ္တုကဲ့သို့ အေးစက်သော အလင်းတန်းများ ထွက်ပေါ်နေ၏။
ထို့နောက် အတောင်ပံများ၏ ဦးတည်ချက်မှာ ချက်ချင်းပြောင်းလဲသွားပြီး ချွန်ထက်သော ဓားတစ်လက်အဖြစ် ပြောင်းလဲကာ ကွန်ရက်အောက်ရှိ ရှီချိုင်ဖုန်းကို ပိုင်းဖြတ်သတ်ဖြတ်တော့မည့်ဆဲဆဲပင်။
ထိုအရေးကြီးသော အချိန်ခဏလေးအတွင်းမှာပင် သေးငယ်သော ပုံရိပ်တစ်ခုသည် ငှက်နှင့် လူကြားတွင် ဝင်ရောက်ပိတ်ဆို့လိုက်ရာ ထိုချွန်ထက်သော အတောင်ပံဓား၏ ရက်စက်စွာ ပိုင်းဖြတ်ခြင်းကို ခံလိုက်ရတော့သည်။
“အား...”
ရှီချိုင်ဖုန်းသည် သူမ၏ တစ်ကိုယ်လုံးရှိ သွေးများ ဆူပွက်လာသည်ကို ခံစားလိုက်ရသည်။ ဘိုးဘွားစဉ်ဆက် အသက်ရှူနည်းစနစ်ကို အစွမ်းကုန် အသုံးချလိုက်ပြီး လျှို့ဝှက်သွေးများကို ခန္ဓာကိုယ်အတွင်း လျင်မြန်စွာ လှည့်ပတ်စေလိုက်ရာ သူမ၏ အရေပြားမှာ သွေးရောင်အလား နီရဲလာပြီး အလင်းတောက်ပနေသော လူတစ်ယောက်အဖြစ် ပြောင်းလဲသွားတော့သည်။
“ငါနဲ့အတူ သေစမ်း”
ဝုန်း….
တောင်ခြေတွင်ရှိနေသော ကျန်းချန်ယွီနှင့် အခြားသူများသည် တောင်ခါးပန်းမှ ထွက်ပေါ်လာသော အသံကြီးကြောင့် ခေါင်းကို ချက်ချင်းလှည့်ကြည့်လိုက်ကြပြီး အားလုံး ထိတ်လန့်သွားကြသည်။
“တစ်ခုခုတော့ မှားနေပြီ”
“အသင်းခေါင်းဆောင်ကို သွားကယ်ကြစို့”
သူတို့သည် အသံထွက်ပေါ်လာရာ အရပ်သို့ အသက်လု၍ ပြေးဝင်သွားကြတော့သည်။
အခန်း။ ၁၂၀
လူတိုင်း အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာကြသည့်အခါ သူတို့၏ မျက်နှာများမှာ ချက်ချင်းပင် ပျက်ယွင်းသွားကြတော့သည်။
ကုယွီမှာ မြေပြင်ပေါ်တွင် လဲကျနေပြီး အသက်ရှင်သလား သေသလားပင် မသိရပေ။ ရှီချိုင်ဖုန်းမှာမူ တစ်ကိုယ်လုံး သွေးများဖြင့် ရဲရဲနီနေပြီး သူမ၏ လက်ထဲတွင် ခန္ဓာကိုယ်မှာ အရေပြားမျှသာ ဆက်နေတော့သည့် အမျိုးသမီးတစ်ဦးကို ပွေ့ဖက်ကာ ရှိုက်ကြီးတငင် ငိုကြွေးနေသည်။
အနီးနားရှိ မြက်ခင်းပြင်ပေါ်တွင်လည်း အတွင်းကလီစာများ၊ အသားစများနှင့် အမွှေးအမျှင်များ ပြန့်ကျဲနေသည်မှာ မြင်ရသူအပေါင်းကို တုန်လှုပ်ချောက်ချားစေသည်။ ရှီချိုင်ဖုန်းနှင့် မလှမ်းမကမ်းတွင် ထိပ်နီငှက်ဝိညာဉ် အလောင်းနှစ်လောင်း ရှိနေ၏။ တစ်ကောင်မှာ သေးငယ်ပြီး အခြားတစ်ကောင်မှာမူ ပေ ၂၀ ခန့် နီးပါး ရှည်လျားကာ အလွန်ပင် ကြီးမားလှသည်။
ထိုငှက်ကြီး၏ မျက်လုံးများမှာ ကြက်ဥထက်ပင် ပိုမိုကြီးမားပြီး ခြေထောက်နှစ်ဖက်မှာ သစ်ပင်ကြီးများအလား တောင့်တင်းလှသည်။ အသက်ရှူသံမှာလည်း ပန်းပဲဖိုမှ လေမှုတ်အိတ်အလား ပြင်းထန်နေဆဲဖြစ်ရာ သေဆုံးခါနီးအချိန်တွင်ပင် ၎င်း၏ ဇီဝစွမ်းအားမှာ မည်မျှ ကြီးမားကြောင်း သက်သေပြနေသည်။
“အမ…”
“ယီဝမ်... သတိထားပါဦး”
“ဝမ်ဝမ်”
အဖွဲ့ဝင်များသည် ရှီချိုင်ဖုန်း၏ အနားသို့ ပြေးဝင်သွားကြပြီး မျက်လုံးမှိတ်နေပြီဖြစ်သော ဝမ်ယီဝမ်ကို ကြည့်ကာ ဝမ်းနည်းပူဆွေးမှုများဖြင့် မျက်နှာများ ညှိုးငယ်ကုန်ကြသည်။
“ဒီမှာ ဘာတွေဖြစ်ခဲ့တာလဲ”
ကျန်းချန်ယွီက ထိတ်လန့်ဒေါသထွက်စွာဖြင့် အော်ဟစ်လိုက်သည်။
“ငါ့ကြောင့်ပါ... အားလုံး ငါ့အပြစ်တွေပါ”
ရှီချိုင်ဖုန်းက ထိန်းမနိုင်သိမ်းမရ ငိုကြွေးရင်း “ရမ္မက်နောက်လိုက်မိလို့ ကံဆိုးတာပဲ။ ငါ ထောင်ချောက်ထဲကို ဆင်းသွားမိခဲ့တယ်”
ဒုန်း ဒုန်း ဒုန်း
ထိုစဉ် တောအုပ်နောက်ကွယ်မှ လူပုံရိပ်တစ်ဒါဇင်ခန့် ရုတ်တရက် ထွက်ပေါ်လာသည်။ သူတို့ကို ဦးဆောင်လာသော အရပ်ရှည်ရှည် လူကြီးမှာ လျိုယွဲ့ကို တင်းကျပ်စွာ ဖက်ထားရင်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“ရှီချိုင်ဖုန်း... နင်လည်း ဒီလိုနေ့မျိုး ကြုံရတာပဲလား”
သူသည် ငွေရောင်ခေါင်းစည်းကို ပတ်ထားပြီး အသားမှာ ညိုမည်းနေသည်။ သူ၏ ကြွက်သားအဆက်အသွယ်များမှာ သိသိသာသာ ထွက်မနေသော်လည်း လူသားပုံသဏ္ဌာန်ရှိသော သံမဏိကျောက်တုံးတစ်ခုအလား အလွန်ပင် မာကျောကျစ်လျစ်သည့် ခံစားချက်ကို ပေးစွမ်းနေသည်။
“ရှားဟူ…လျိုယွဲ့”
ရှီချိုင်ဖုန်းသည် အက်ကွဲနေသောအသံဖြင့် အော်ဟစ်လိုက်သည်။ သူမသည် လက်ထဲမှ အလောင်းကို အသာအယာ ချလိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် အတိုင်းအဆမဲ့သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေ၏။
“ကျစ်... ဖုန်းဖုန်းလေးရယ် အဲဒီလောက်ကြီး စိတ်မလှုပ်ရှားပါနဲ့ဦး”
လျိုယွဲ့က ခပ်တိုးတိုး ရယ်မောလိုက်ရင်း “နင် အစွမ်းကုန် ထုတ်သုံးလိုက်ရတော့ ဒဏ်ရာတွေက တော်တော်ပြင်းမှာပဲ။ အခုရော အားရှိသေးရဲ့လား။ ငါနဲ့အတူ သခင်ကြီးရှားဟူကို လာအလုပ်အကျွေးပြုပါလား။ သူက တကယ့်ကို... တကယ့်ကို သန်မာတာနော်”
လျိုယွဲ့သည် ရှားဟူ၏ ရင်ခွင်ထဲသို့ မှီနွဲ့ကာ သူ၏ မာကျောသော ရင်ဘတ်ကို အသာအယာ ပွတ်သပ်နေသည်။ သူမ၏ မျက်လုံးများထဲတွင် စွဲလမ်းမှုများ ပြည့်နှက်နေပြီး မျက်နှာတွင် ပျော်ရွှင်ရိပ်များ ပေါ်လွင်နေ၏။
ရှားဟူက ရမ္မက်ဇောဖြင့် ရယ်မောလိုက်သည်။
“ရှီချိုင်ဖုန်း... မိန်းမချင်း တွဲနေလို့ ဘာထူးမှာလဲ”
“စစ်မှန်တဲ့ သာယာမှုဆိုတာ ဘာလဲဆိုတာ ငါ မင်းကို ပြပေးရမှာပေါ့”
“သေစမ်း”
ရှီချိုင်ဖုန်းသည် ထပ်မံ၍ သည်းမခံနိုင်တော့ဘဲ သူမ၏ ခန္ဓာကိုယ်မှာ တစ္ဆေတစ်ကောင်အလား လှုပ်ရှားသွားပြီး ရှားဟူနှင့် လျိုယွဲ့တို့၏ ရှေ့မှောက်သို့ ရောက်ရှိသွားသည်။ သူမသည် လက်ထဲရှိ ငွေရောင်ချိတ်များဖြင့် ဒေါသတကြီး ပိုင်းဖြတ်လိုက်တော့သည်။
ကျန်းချန်ယွီမှာလည်း ရှီချိုင်ဖုန်း၏ ဘေးကင်းမှုကို စိုးရိမ်သဖြင့် ဓားရှည်ကို ဆွဲထုတ်ကာ အတူတကွ တိုက်ခိုက်သည်။
ချွမ်းးး….
ရှားဟူသည် သူ၏လက်နက်ကို ထုတ်ဖော်လိုက်သည်။ ၎င်းမှာ သူ၏လက်တွင် ဝတ်ဆင်ထားသော ကြေးဝါ ကျားလက်သည်း နှစ်ဖက်ပင်။ သူသည် ရှီချိုင်ဖုန်းနှင့် ကျန်းချန်ယွီတို့၏ တိုက်ခိုက်မှုများကို လွယ်ကူစွာပင် ပိတ်ဆို့လိုက်သည်။
ချွမ်း..ချွမ်းး
အပြန်အလှန် အကြိမ်အနည်းငယ် တိုက်ခိုက်ပြီးနောက် ကျန်းချန်ယွီမှာ ပထမဆုံး အထိုးခံလိုက်ရပြီး လွင့်စင်သွားကာ သစ်ပင်ကြီးတစ်ပင်ကို ဝင်တိုက်မိတော့သည်။ သူ၏ ရင်ဘတ်မှာ သွေးချင်းချင်းနီကာ အသားစများပင် ပဲ့ထွက်ကုန်၏။
ခဏအကြာတွင် ရှီချိုင်ဖုန်းမှာလည်း ထပ်တူပင် ခံလိုက်ရသည်။ သူမ၏ ခန္ဓာကိုယ်မှာ လေထဲတွင် ဝိုက်တက်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျကာ သွေးများကို အမြောက်အမြား အန်ထုတ်လိုက်ရတော့သည်။ သူမ၏ အရေပြားပေါ်တွင် သွေးမြူများ ဖုံးလွှမ်းနေ၏။
ဤသည်မှာ ခုနက ထိပ်နီငှက်ဝိညာဉ်ကြီးနှင့် တိုက်ခိုက်စဉ်က အစွမ်းကုန် ပေါက်ကွဲခဲ့သည့် နောက်ဆက်တွဲဆိုးကျိုးပင်။ ယခုအခါ သူမ၏ သွေးကြောများမှာ ပျက်စီးနေပြီး ချွေးပေါက်များမှ သွေးများ ထွက်နေကာ သူမ၏ ခွန်အားမှာ အထွက်အထိပ်အချိန်၏ ၃၀ ရာခိုင်နှုန်းပင် မရှိတော့ပေ။
သူတို့အဖွဲ့တွင် အသန်မာဆုံးနှစ်ဦး ရှုံးနိမ့်သွားသည်ကို မြင်လိုက်ရသည့်အခါ ချိုင်ဖုန်းအဖွဲ့ဝင်များ၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားကြသည်။ ဗိုက်ဆာနေသောကျား အဖွဲ့သားများကလည်း သူတို့ကို အရပ်မျက်နှာ အသီးသီးမှ ဝိုင်းရံထားကြပြီဖြစ်ရာ အားလုံးကို အပြတ်ရှင်းရန် ရည်ရွယ်ထားကြောင်း သိသာလှသည်။
“ငါ နင့်ကို အမြဲပြောခဲ့သားပဲ... ဒဏ်ရာမရစေနဲ့။ ငါ့ကို အခွင့်အရေး မပေးမိစေနဲ့လို့”
ရှားဟူက သူ၏နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်သည်။ ရှီချိုင်ဖုန်း၏ အရပ်ရှည်ရှည် ကိုယ်လုံးကိုယ်ပေါက်နှင့် ကျန်းမာသန်စွမ်းသော ဂျုံရောင်အသားအရေကို ကြည့်ကာ သူ၏မျက်လုံးထဲတွင် ရမ္မက်ရိပ်များ ဖြတ်ပြေးသွား၏။
“တောက်”
ရှီချိုင်ဖုန်းက မတ်တပ်ရပ်ရန် ကြိုးစားစဉ် လက်တစ်ဖက်က သူမကို အသာအယာ ပြန်ဖိချလိုက်သည်။
“ကျွန်တော်ပဲ ဆက်ကိုင်တွယ်လိုက်ပါ့မယ်”
လုံယီက ပြောလိုက်သည်။
ခုနက ရှီချိုင်ဖုန်းနှင့် ကျန်းချန်ယွီတို့မှာ အလွန်လျင်မြန်စွာ တိုက်ခိုက်ခဲ့ကြသဖြင့် သူ တားချိန်ပင် မရခဲ့ပေ။
“မလုပ်နဲ့... မင်း သူ့ရဲ့ပြိုင်ဘက်မဟုတ်ဘူး”
ရှီချိုင်ဖုန်းက အားမရှိသောအသံဖြင့် တိုးတိုးလေးပြောသည်။
“ငါ ရှားဟူကို တားထားပေးမယ် မင်းတို့တွေ လွတ်အောင်ပြေးဖို့ အခွင့်အရေးရှာကြ”
“အို... ဒါက လူသစ်လေး မဟုတ်လား။ မင်းသမီးလေးကို ကယ်တင်မယ့် သူရဲကောင်း လုပ်
ချင်နေတာလား”
လျိုယွဲ့က ပါးစပ်ကို လက်ဖြင့်အုပ်ကာ တခစ်ခစ် ရယ်မောလိုက်သည်။
“ကောင်လေး... ငါ မင်းကို အရင်က သတိပေးခဲ့ပြီးသားနော်။ နောင်တမရစေနဲ့”
ရှားဟူ၏ မျက်နှာမှာ ရက်စက်ယုတ်ညံ့သော အမူအရာအဖြစ် ပြောင်းလဲသွားပြီး တိုက်ခိုက်ရန် အသင့်ပြင်လိုက်တော့သည်။
“အစ်ကိုကြီးဟူ... ဒီလို အကောင်ပေါက်လေးအတွက် အစ်ကိုကြီး ကိုယ်တိုင် လက်ညစ်ခံနေစရာ မလိုပါဘူး။ ကျွန်တော့်ကိုပဲ လွှတ်လိုက်ပါ”
အဖြူရောင်ဝတ်ထားသည့်ဗလတောင့်တောင့် လူတစ်ယောက်က ရှေ့ကို ထွက်လာ၏။ သူက လုံယီ့ဆီကို တစ်လှမ်းချင်း လျှောက်လာရင်း လှောင်ပြောင်လိုက်သည်။
“အရင်တစ်ခေါက်က ငါ့ကို လစ်တော့လို့ ပြောခဲ့တာ မင်းမလား”
“ဘယ်လို လစ်ရမလဲဆိုတာ မင်းကိုယ်တိုင် အရင်ပြစမ်းပါဦး။ ဒါဆိုရင်တော့ မင်းအသက်ကို ငါ ချမ်းသာပေးကောင်း ပေးနိုင်လိမ့်မယ်”
သူက သူ၏ သွေးစွမ်းအင်တွေကို လှုံ့ဆော်လိုက်ရာ ထွက်ပေါ်လာသည့် အရှိန်အဝါက ချီစွမ်းအင်ပတ်လမ်းငယ်အဆင့်မှာ ရှိနေသည်။
ထိုလူသည် ရှီချိုင်ဖုန်းနှင့် ကျန်းချန်ယွီတို့မှလွဲလျှင် လုံယီတို့အဖွဲ့အတွင်းရှိ မည်သူ့ထက်မဆို ပိုမိုသန်မာသော အနေအထား၌ ရှိနေသည်။
“ကောင်းပြီလေ လာပြီး သင်ပေးစမ်းပါဦး”
လုံယီက သူ့အား လက်ယပ်၍ ခေါ်လိုက်သည်။
ထိုသူက မျက်မှောင်ကြုတ်လိုက်ကာ သူ၏ သွေးစွမ်းအင်များကို အရှိန်မြှင့်လိုက်ရာ လက်မောင်းနှစ်ဖက်စလုံးမှာ သွေးရောင်အလား နီရဲလာတော့သည်။
ဝှစ်…
သူသည် ဓားမကြီးကို လုံယီ၏ လည်ပင်းဆီသို့ ပြင်းထန်စွာ ဝှေ့ယမ်း၍ ပိုင်းချလိုက်သည်။ သို့သော် နောက်တစ်စက္ကန့်တွင်မူ သူ၏ မျက်လုံးများမှာ ပြူးထွက်မတတ် အံ့ဩသွားရတော့သည်။ ဓားမကြီး၏ အသွားကို လုံယီက လက်ချောင်း သုံးချောင်းတည်းဖြင့် အသာအယာ ညှပ်ဖမ်းထားလိုက်ခြင်းကြောင့်ပင်။ တောင်ကြီးတစ်လုံးကို သွားရောက်ခုတ်မိသကဲ့သို့ ဓားမှာ တုပ်တုပ်မျှ မလှုပ်နိုင်တော့ပေ။
“ပျော့လိုက်တာ... သိပ်ပျော့လွန်းတယ်”
လုံယီ၏ မျက်နှာမှာ အေးစက်မြဲ အေးစက်နေဆဲပင်။ ရန်သူက ကြောင်အသွားသည့် ခဏအတွင်းမှာပင် လုံယီ၏ ကျန်ရှိသော လက်တစ်ဖက်မှာ ရန်သူ့ခေါင်းပေါ်သို့ တိတ်တဆိတ် ရောက်ရှိသွားပြီး မှဲ့ရိုက်တံဖြင့် ရိုက်သကဲ့သို့ အောက်သို့ ဖိချလိုက်တော့သည်။
အဖြူရောင်ဝတ် လူသား၏ ဦးခေါင်းမှာ ရင်ဘတ်အတွင်းသို့ တစ်ခုလုံး စိုက်ဝင်သွားပြီး ခန္ဓာကိုယ်မှာလည်း အောက်သို့ ဆက်လက်ဖိသိပ်ခံလိုက်ရသဖြင့် ခြေထောက်များပါ ကျိုးပဲ့ကာ ခေါက်ထွက်သွားသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူသည် အသားတုံးတစ်တုံးအဖြစ်သို့ ပြောင်းလဲသွား၏။
လုံယီက ထိုအလောင်းကို ခြေထောက်ဖြင့် ခတ်ထုတ်လိုက်ရာ ရှားဟူ၏ ခြေရင်းနားသို့ လိမ့်သွားသည်။
“ဒီလို လိမ့်ရတာက တော်တော် ခက်တာပဲ။ ကျွန်တော်တော့ ဘယ်လိုမှ သင်လို့မရဘူးဗျာ”
လုံယီက ချီးကျူးဟန်ဖြင့် ခေါင်းခါယမ်းလိုက်သည်။
အခင်းဖြစ်ပွားရာ နေရာရှိ လူတိုင်း ဆွံ့အသွားကြသည်။ ချီစွမ်းအင်ပတ်လမ်းငယ်အဆင့် သိုင်းပညာရှင်
တစ်ဦးကို ဤကဲ့သို့ အလွယ်တကူ သတ်ဖြတ်လိုက်ခြင်းပင်။ သူ ပြသနေသော သွေးစွမ်းအင်မှာ ပထမချီစွမ်းအားအဆင့်မျှသာ…..
“အို... ဒီလူငယ်လေးမှာ မွေးရာပါ နတ်ဘုရားခွန်အားရှိလိမ့်မယ်လို့ ငါ မထင်ထားမိဘူး။ အလယ်ပိုင်းဒေသမှာပဲ ဒီလို ပါရမီရှင်တွေ ရှိတယ် ထင်နေတာ”
လျိုယွဲ့က အံ့ဩတကြီး ရေရွတ်ရင်း လုံယီ့ကို သတိကြီးစွာ စိုက်ကြည့်နေတော့သည်။
သူမဘေးရှိ ရှားဟူကမူ ဒေါသအလိပ်လိပ် ထွက်ပေါ်လာပြီး ထပ်မံ သည်းမခံနိုင်တော့ဘဲ
“သေစမ်း...” ဟု အော်ဟစ်လိုက်တော့သည်။
ရှားဟူ၏ သွေးစွမ်းအင်များ အရှိန်အဟုန်ဖြင့် မြင့်တက်လာပြီး လူသားပုံသဏ္ဌာန်ရှိသော သားရဲတစ်ကောင်အလား ရှေ့သို့ ပြေးဝင်လာသည်။ လုံယီသည် ဘာစကားမှမဆိုဘဲ အနက်ရောင်သံမဏိပုဆိန်ကို တိတ်ဆိတ်စွာ ဆွဲထုတ်လိုက်သည်။
ချွမ်း..ချွမ်း….
မျက်တောင်တစ်ခတ်အတွင်းမှာပင် သူတို့နှစ်ဦး အပြန်အလှန် တိုက်ခိုက်မိကြသည်။ ပုဆိန်နှင့် ကျားလက်သည်းတို့ ပြင်းထန်စွာ ထိတွေ့မှုကြောင့် စူးရှသော အသံများထွက်ပေါ်ကာ မီးပွင့်များ လွင့်စင်သွား၏။
တိုက်ပွဲကြာလာသည်နှင့်အမျှ ရှားဟူသည် ပို၍ ထိတ်လန့်လာတော့သည်။ သူ့ရှေ့က ကောင်လေးသည် ပထမချီစွမ်းအားအဆင့်ရှိသော သွေးစွမ်းအင်ကိုသာ ပြသနေသော်လည်း၊ သူ၏ ချီစွမ်းအင်ပတ်လမ်းကြီးအဆင့် ပြင်းထန်သော တိုက်စစ်အောက်တွင် အားမသာဘဲ တန်းတူရင်ဆိုင်နေနိုင်ခြင်းကြောင့်ပင်။
“အရှိန်မြှင့်ရတော့မယ်”
“ကျားနတ်ဆိုး”
ရှားဟူ၏ ခန္ဓာကိုယ်အတွင်းရှိ လျှို့ဝှက်သွေးများသည် ၁၀၀ ဒီဂရီရှိသော ရေပူအလား ဆူပွက်လာပြီး ပုံမှန်ထက် ဆယ်ဆမက မြန်ဆန်သော အရှိန်ဖြင့် လှည့်ပတ်စီးဆင်းကာ သူ့တစ်ကိုယ်လုံးကို နီရဲကာ တောက်ပသွားစေသည်။ သူ၏ လက်တွင် ဝတ်ဆင်ထားသော ကြေးဝါကျားလက်သည်းများမှာလည်း နက်မှောင်သော အလင်းတန်းများ ထွက်ပေါ်လာ၏။
“တောင်ဖြိုခွန်အား”
တစ်ဖက်တွင်လည်း လုံယီသည် အသံနိမ့်နိမ့်ဖြင့် အော်လိုက်သည်။ သူ၏ ကြွက်သားအားလုံးသည် မြစ်ရေအလား ညာဘက်လက်မောင်းဆီသို့ စုပြုံစီးဝင်သွားပြီး သူ၏ တစ်ခုတည်းသော လျှို့ဝှက်သွေးသည်လည်း ညာဘက်လက်မောင်းကို အစွမ်းကုန် အားဖြည့်ပေးလိုက်ရာ သူ၏ ခွန်အားမှာ ချက်ချင်းပင် အထွက်အထိပ်သို့ ရောက်ရှိသွားတော့သည်။ တစ်ချိန်တည်းမှာပင် မြင်တွေ့နိုင်စွမ်းမရှိသော စွမ်းအင်လှိုင်းများမှာလည်း လွင့်ပျံထွက်လာ၏။
ချွမ်း….
ပြင်းထန်လှသော သတ္တုချင်းရိုက်ခတ်သံကြီးကြောင့် ပတ်ဝန်းကျင်ရှိ ငှက်များနှင့် ပိုးမွှားများပင် မြေပြင်ပေါ်သို့ လွင့်ကျကုန်သည်။ တိုက်ခိုက်နေသူ နှစ်ဦးလုံး၏ မျက်နှာပေါ်တွင် ဇဝေဇဝါဖြစ်နေသော အမူအရာများ ပေါ်လာ၏။
ထိုခဏ၌ လုံယီ၏ အိတ်ကပ်အတွင်းရှိ ဖြူရောင်နှင့် ခရမ်းရောင် ရတနာပုလဲနှစ်လုံးမှာ အလင်းတောက်ပလာပြီး သူ၏ စိတ်ကို လက်ရှိအခြေအနေသို့ ပြန်လည်ရောက်ရှိစေခဲ့သည်။
“မကောင်းတော့ဘူး”
အေးစက်သော လေပြင်းတစ်ခု တိုးဝင်လာသည်ကို ခံစားလိုက်ရသဖြင့် လုံယီသည် ဘေးသို့ အမြန်ရှောင်တိမ်းလိုက်သည်။ သို့သော် ထိုအေးစက်သော လေပြင်း၏ ပစ်မှတ်မှာ သူမဟုတ်ဘဲ သူ၏ လက်ထဲရှိ အနက်ရောင်သံမဏိပုဆိန်ပင်။
ဂျွတ်….
လျိုယွဲ့သည် အရိုးဆူးများပါသော အနက်ရောင်နှင်တံကို အသုံးပြု၍ လုံယီ၏ ပုဆိန်ကို ကျွမ်းကျင်စွာ သိမ်းယူလိုက်သည်။ သူမ၏ ဖြူဝင်းသော လက်ထဲတွင် လုံယီ၏ ငွေရောင်ပုဆိန်ကြီး ရောက်ရှိနေသည်ကို ကြည့်ကာ သူမက ကျေနပ်အားရသော အမူအရာကို ပြသလိုက်၏။
“ဒါက တကယ်ပဲ အနက်ရောင်သံမဏိနဲ့ လုပ်ထားတာပဲ။ ဒီလူငယ်လေးက ချမ်းသာတဲ့ မိသားစုက လာပုံရတယ်နော်”
“ဟွန်း မင်းကို ငါ အထင်သေးမိသွားတယ်”
ရှားဟူ၏ မျက်နှာမှာ ခါးသီးနေသည်။
“မင်းက အဆင့်မြင့် သိုင်းပညာတွေကိုလည်း ကျင့်ထားလိမ့်မယ်လို့ ငါ မထင်ထားဘူး”
“အို... လူငယ်လေးမှာ မွေးရာပါ နတ်ဘုရားခွန်အား ရှိလိမ့်မယ်လို့လည်း ငါ မထင်ထားဘူး။ အလယ်ပိုင်းဒေသမှာပဲ ဒီလိုပါရမီရှင်တွေ ရှိတယ် ထင်နေတာ”
လျိုယွဲ့က သူမ၏ ပါးစပ်ကို လက်ဖြင့်အုပ်ကာ လုံယီ့ကို အလွန်သတိကြီးစွာ ကြည့်နေတော့သည်။ သို့သော် သူမဘေးရှိ ရှားဟူမှာမူ ဒေါသများ အလိပ်လိပ်ထွက်နေပြီး ထပ်မံ သည်းမခံနိုင်တော့ပေ။