← Chapters

အိပ်မက်များ ပြိုကွဲရခြင်း

Vol. 20 Ch. 279

အိပ်မက်များ ပြိုကွဲရခြင်း

Vol. 20 Ch. 279

အန်လင်း လှည့်ကြည့်လိုက်သည်။ အရိုးသရဲအုပ်သည် သူတို့အား ဖမ်းဆီးရန် မဖြစ်နိုင်တော့ချေ။

ထိုအခါမှသာ စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချနိုင်တော့သည်။ “ဖွီးးးး အရူးတွေမှပဲ အဲဒီ အရိုးသရဲတွေကို ထိပ်တိုက်ရင်ဆိုင်မှာ။ မင်းသားချီဝူက သူ့ရဲ့အဖွဲ့သားတွေကို စတေးပြီး ငါတို့ထက်မြန်အောင် ထွက်ပြေးလိမ့်မယ်လို့ တကယ်ကို ထင်မထားဘူး။”

“သူက နဂါးမျိုးနွယ်စုဝင်ဆိုတော့ သူတို့က မင်းသားလို့ ခေါ်ကြတယ်။ သူက နဂါးမင်းပိုင်နက်က မင်းသားတစ်ယောက်ယောက်များလား မသိဘူးနော်။ ဝုတ်” တပိုင်သည် ပျံသန်းနေရင်းဖြင့် ပြောလာသည်။

အန်လင်း ခေါင်းညိတ်လိုက်သည်။ “အင်း နဂါးမင်းပိုင်နက်က မင်းသားတစ်ယောက် ဖြစ်ဖို့များသည်။ ဘာပဲဖြစ်ဖြစ် နဂါးမင်းဆီမှာ သားသမီးတွေ အများကြီးရှိတယ်လေ။ သူ့ရဲ့ သားသမီးတွေကို ပေါင်းလိုက်ရင် ဘောလုံးအသင်း နှစ်သင်းစာလောက်တောင်ရှိတယ်။ အဲတော့ သူက မင်းသားတစ်ပါး ဖြစ်နေရင်တော့ အံ့ဩစရာကို မရှိတာ။ ဘာပဲဖြစ်ဖြစ် ငါတို့ကို ဘာမှမလုပ်နိုင်ဘူးလေ။ ငါတို့အခု အသည်းအသန် ရှာရမှာက လွတ်လပ်သောနယ်မြေကိုပဲ။”

သူတို့သည် ပျံသန်းရင်းဖြင့် လေဟာနယ်အပျက်အစီးများအနီးတွင် ဆင်းသက်ကြသည်။ ထိုလေဟာနယ် အပျက်အစီးများထံမှ ထွက်ပေါလာသည့် လေဓားသွားများကြောင့် ထိခိုက်ဒဏ်ရာ မရလိုကြပေ။ ပျံသန်းနေရင်းနှင့် အရိုးသရဲအချို့နှင့်လည်း တွေ့ရသေးသည်။ သို့သော်လည်း ယင်းတို့မှာ အုပ်လိုက်မဟုတ်သည်ကြောင့် အန်လင်း ရှင်းပစ်နိုင်သည်။

“အဲဒီနယ်မြေရဲ့ ဝင်ပေါက်က ဒီအပျက်အစီးပုံရဲ့ အနောက်မြောက်ဒေသမှာ ရှိတာကွ။” အန်လင်းသည် သူ၏ မှတ်ဉာဏ်ထဲရှိ ပုံရိပ်များအား ပြန်ဖော်ကာဖြင့် ပြောလေသည်။ “အဲဒါက ဧရာမ အရိုးခေါင်းကြီးရဲ့ ဘေးမှာပဲ။”

“အန်ကောရေ.. ကျွန်တော်တို့က ဒီနေရာမှာ ဘာလို့များ ရတနာမုဆိုးမလုပ်တာလဲ။” တပိုင်၏မျက်လုံးများ အရောင်လက်လာပြီး စိတ်အားထက်သန်စွာဖြင့် မေးလေသည်။

အန်လင်းသည် သူ၏မေးအား ပွတ်ကာဖြင့် ခေါင်းညိတ်လိုက်သည်။ “အဲလို လုပ်လို့တော့ ရပါတယ်။ ဒါပေမဲ့လည်း ရှေးဟောင်းခရမ်းနွယ်နဲ့ တောင်ပံနဂါးရဲ့ သွေးစစ်စစ်ကို ရှာတွေ့တာနဲ့ ထွက်ခွာရလိမ့်မယ်။”

ဆောင်းနဂါးသင်္ချိုင်းအတွင်း၌ အမွေအနှစ်များအား စွန့်လွှတ်ခဲ့ရမှုသည် သူတို့အတွက် အချိန်ကြာမြင့်သည့်တိုင်အောင် ခြောက်လှန့်နေဆဲ ဖြစ်သည်။ ထို့ကြောင့် အခွင့်အရေးကောင်းများ ရှာဖွေလိုနေခြင်း ဖြစ်သည်။

အတော်ကြာ ပျံသန်းပြီးသည့်နောက်တွင် ဤနယ်မြေအတွင်း၌ အလင်းဖျော့ဖျော့ ထွက်ပေါ်လာသည်။

ဝုန်း

အဝေးမှ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သည့်အသံ ထွက်ပေါ်လာသည်။ ယင်းအသံမှာ သားရဲရိုင်းတစ်ကောင်၏ ဒေါသတကြီး ဟိန်းဟောက်သံနှင့် တူလေသည်။

“ဂရုစိုက်ကြဟေ့ အရှေ့မှာ ယင်စွမ်းအင်က အရမ်းအားကောင်းနေတယ်။” အန်လင်း သတိပေးရင်းဖြင့် သူ၏ မိစ္ဆာရှင်းဓားအား ဆွဲထုတ်လိုက်သည်။

များမကြာမီတွင် အရိုးစုနှင့်တူသော မကောင်းဆိုးဝါးစိတ်ဝိညာဉ်တစ်ခု မျောလွင့်လာသည်။

ယင်းသည် နှစ်ပိုင်းကွဲနေပြီး အန်လင်းမှ ပေ ၃၀ အကွာအတွင်းသို့ပင် ရောက်ရှိလာလေသည်။

သို့သော်လည်း ယင်းမှာ အစမျှသာလျှင်ဖြစ်သည်။ များမကြာမီတွင် မကောင်းဆိုးဝါးစိတ်ဝိညာဉ် ၆ ခု ရောက်ရှိလာပြန်သည်။

ထိုအခိုက်အတံ့တွင် လေဓားသွားများနှင့် မဟူရာများတောက်များသည် ထိုမကောင်းဆိုးဝါး စိတ်ဝိညာဉ်များအား တိုက်စားသွားပြီး ခန္ဓာကိုယ်များအား အပိုင်းပိုင်း ဆုတ်ဖြဲပစ်လိုက်သည်။

“ရှန့်ယင်လာပြီးကတည်းက ဒီနေရာမှာ မကောင်းဆိုးဝါးစိတ်ဝိညာဉ်တွေ မရှိတော့ပါဘူးဆို။ ဝုတ်” အဆုံးမသတ်နိုင်သည့် လှိုင်းလုံးများသဖွယ် ရောက်ရှိလာသည့် မကောင်းဆိုးဝါးစိတ်ဝိညာဉ်များအား မြင်တွေ့ရသည့်အါ တပိုင်ညည်းညူလေတော့သည်။

“နှစ်ပေါင်းတစ်သောင်းလောက်တောင် ကြာသွားပြီလေကွာ။ နည်းနည်းပါးပါး ပြောင်းလဲတာကတော့ ပုံမှန်ပါပဲ။” အန်လင်း ဂရုမစိုက်ဟန်ဖြင့် ပြောသည်။

ဤအခြင်းအရာနှင့် ပတ်သက်၍ ထူးဆန်းခြင်းမရှိဟု ခံစားနေမိသည်။

ထိုအချိန်တွင် ရှောင်ချိုးသည် အဝေးရှိ အပင်တစ်ပင်အား သတိပြုမိလိုက်သည်။ “ဟိုးနားကို ကြည့်ပါဦး။ ဟိုကျောက်တုံးကြီးရဲ့ ဘေးမှာလေ။ အဲဒီမှာ အပြာရောင်အလင်းတွေထွက်နေတဲ့ ရွက်ချွန်းမြက် တစ်ပင်ရှိနေတယ်။”

“ဟဟ.. အဖိုးတန်တဲ့ တစ်ခုခုပဲ ဖြစ်ရမယ်။” အန်လင်းမျက်လုံးများ အရောင်တောက်လာသည်။

အဝေးမှနေ၍ပင် ထိုရွက်ချွန်းမြက်ကြောင့် စွမ်းအင်အတက်အကျများ ဖြစ်ပေါ်နေသည်ကို အာရုံခံမိသည်။

အန်လင်း တုံ့ဆိုင်းမနေတော့ချေ။ ထိုအပြာရောင်မြက်ထံသို့ ပျံသန်းသွားပြီးနောက် မြေပြင်မှ ဆွဲနှုတ်လိုက်သည်။

နတ်ဘုရားစစ်ဆေးခြင်းနည်းစနစ်။

“အေးငြိမ်းမြက် _ ယင်ဓာတ်ပေါများသည်။ သေဆုံးခြင်းချီထူထပ်သည့်နေရာများတွင် ရှင်သန်ပေါက်ရောက်သည်။ ယင်း၏အမြစ်မှ မိစ္ဆာသွေးများ ဖြစ်ပေါ်လာနိုင်သည်။ နှစ် ၃၀၀ ကြာပြီးသည့်နောက်တွင် ကနဦးအောင်မြင်ခြင်းအဆင့်သို့ ရောက်ရှိနိုင်သည်။ နှစ် ၃၀၀၀ ကြာပြီးသည့်နောက်တွင် ဖြစ်စဉ်ပြောင်းလဲနိုင်သည်။ ၎င်းမှာ ဖြစ်စည်ပြောင်းလဲထားခြင်းဖြစ်သည်။ အဆင့် ၁ အင်မော်တယ်မြက် ဖြစ်သည်။”

အန်လင်း၏မျက်လုံးများ လွန်စွာတောက်ပလာပြီး စိတ်လှုပ်ရှားမှုတို့ ပြည့်လာသည်။

အဆင့် ၁ အင်မော်တယ်မြက်တဲ့လား။ ရွှေကြောနဲ့ တွေ့တာပဲ။

တုံ့ဆိုင်းမနေဘဲနှင့် ချက်ချင်းဆိုသလိုပင် အေးငြိမ်းမြက်အား သိုလှောင်လက်စွပ်အတွင်းသို့ ထည့်သိမ်းလိုက်သည်။

ထို့နောက်တွင် အနီးပတ်ဝန်းကျင်အား ဝေ့ဝဲကြည့်လိုက်သည်။ “ဟမ်.. မိုးခြိမ်းသံက ဟိုးဘက်က လာနေပုံပဲ။ အရမ်း အရမ်းကို ရှားပါတဲ့ ရတနာ ဖြစ်ပေါ်နေပုံရတယ်။”

အာရုံစိုက်ခြင်းမခံရစေရန်အတွက် အန်လင်း၊ တပိုင်နှင့် ရှောင်ချိုးတို့သည် လမ်းလျှောက်သွားရန် ဆုံးဖြတ်လိုက်ကြသည်။

သူတို့အရှေ့ရှိ မြင်ကွင်းအား မြင်တွေ့လိုက်ရသည့်အခါ အသက်ပြင်းပြင်းရှူလိုက်မိသည်။

ဘုရားရေ...

“ဘာလို့များ အဲဒီမှာ သောက်မကောင်းဆိုးဝါးစိတ်ဝိညာဉ်တွေ အဲဒီလောက်တောင် များနေရတာလဲ။” အန်လင်း အံ့အားသင့်စွာ ရေရွက်မိလိုက်သည်။

ရှောင်ချိုး ရှုံ့မဲ့ကာဖြင့် “အနည်းဆုံး သောင်းနဲ့ချီတယ်။”

သူတို့၏ရှေ့တွင် ရဲရဲနီနေသည့် ကုန်းမြေတစ်ခု ရှိသည်။

ထိုကုန်းမြေတွင် မကောင်းဆိုးဝါးစိတ်ဝိညာဉ်များ အလွန်ထူထပ်များပြားစွာ ရှိနေလေသည်။ သူတို့သည် ထိုကုန်းမြေပေါ်တွင် ရွေ့လျားသွားနေကြပြီး ပြင်းထန်ဆိုးယုတ်သည့် အော်ရာများအား ထုတ်ဖော်ထားလေသည်။ ထိုမြင်ကွင်းမှာ ကြက်သီးထလောက်စရာပင် ဖြစ်သည်။

“အန်ကောရေ ဟိုနေရာကို ကြည့်ပါဦး။ အဲဒီမှာ အပြာရောင်ရောင်ခြည်စက်ဝန်းတစ်ခုရှိပြီး လျှပ်စီးတွေ ထွက်နေပုံပဲ။ ဝုတ်” တပိုင်သည် သူ၏ မျက်လုံးများဖြင့် လှည့်ပတ်ကြည့်လိုက်သည်။

အန်လင်းသည် ထိုနီရဲနေသော ကုန်းမြေ၏ အရှေ့မြောက်အရပ်သို့ ကြည့်လိုက်သည်။ ထိုနေရာတွင် မကောင်းဆိုးဝါးစိတ်ဝိညာဉ်များ အလွန်သိပ်သည်းစွာ ရှိနေကြပြီး အနက်ရောင်အချပ်များ လူးလွန့်နေကြသည်နှင့်ပင် တူလေသည်။ ထိုနေရာရှိ မကောင်းဆိုးဝါးစိတ်ဝိညာဉ်များအကြားတွင် နေရာလပ်ပင် မရှိကြချေ။

သို့သော်လည်း ထိုမကောင်းဆိုးဝါးစိတ်ဝိညာဉ်အုပ်အား ကျော်ဖြတ်ကာဖြင့် လျှပ်စီးများ ထွက်ပေါ်နေသည့် အပြာရောင် ရောင်ခြည်စက်ဝန်းအား ကြည့်လိုက်လေသည်။

“တစ်ယောက်ယောက် ပိတ်မိနေပုံပဲ။” အန်လင်း ရေရွတ်လိုက်သည်။

“သူတို့ကို သွားကယ်မှာလား။” ရှောင်ချိုး မေးလာသည်။

အန်လင်း နှုတ်ခမ်းတင်းတင်းစေ့လိုက်သည်။ “သူတို့က ဆွေမျိုးမိတ်ဆွေတွေ မဟုတ်ဘူးလေ။” သူ၏ခေါင်းအား ခါယမ်းကာဖြင့် ပြောသည်။ “ဘာကိစ္စနဲ့ ကယ်ရမှာလဲ။”

ထို့နောက်တွင် တစ်စုံတစ်ခုအား ရှာတွေ့လိုက်သည်ကြောင့် မျက်လုံးများ အရောင်လက်လာသည်။ “ဟိုဘက်ကို ကြည့်စမ်း။ အပြာရောင်ရောင်ခြည်စက်ဝန်းရဲ့ မြောက်ဘက် မီတာ ၃၀၀ အကွာမှာလေ။ ရတနာတစ်ခု ရှိပုံပဲ။”

ရှောင်ချိုးနှင့် တပိုင်တို့လည်း ကြည့်လိုက်ကြသည်။ ရဲရဲနီသည့် မီးတောက်များ လောင်ကျွမ်းနေသော သစ်ပင်ငယ်တစ်ခုအား မြင်တွေ့လိုက်ရသည်။

“ဂမ်ဒမ် တစ် နဲ့ ဂမ်ဒမ် နှစ် က ဦးဆောင်မယ်။ ရှောင်ချိုးနဲ့ တပိုင် မင်းတို့က ငါ့ကို ကာကွယ်ပေးကြ။ မကောင်းဆိုးဝါးစိတ်ဝိညာဉ်က အဲဒီ အပြာရောင်စက်ဝန်းကို စိတ်ဝင်စားနေကြတာဆိုတော့ ဒါကို အခွင့်ကောင်းယူပြီး အဲဒီသစ်ပင်ကို ရအောင်ယူရမယ်။ ပြီးတာနဲ့ ထွက်ပြေးကြမယ်။” အန်လင်းသည် အလွန်တက်ကြွလျက်ရှိသည်။

ရှောင်ချိုးနှင့် တပိုင်တို့မှာ အတော်လေး ဆွံ့အနေမိကြပြီး ခေါင်းညိတ်လိုက်ကြသည်။ သူတို့၏ သခင်ဖြစ်သူမှာ ပိုမိုကာ အောက်တန်းကျလာသည်ဟု ခံစားနေမိသည်။

ထိုအချိန်မှာပင် အပြာရောင်စက်ဝန်းအတွင်း၌။

အဖြူရောင်ဝတ်စုံအား ဝတ်ဆင်ထားသော လှပသည့် အမျိုးသမီးငယ်လေးတစ်ဦးသည် လျှပ်စီးလုံးတစ်ခုအား တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး အကာအကွယ်အစီအရင်အား အကောင်းဆုံးဖြစ်စေရန် ကြိုးစား ထိန်းသိမ်းနေလေသည်။

သူမ၏ဘေးတွင် မိန်းမငယ်နှစ်ဦးရှိနေပြီး အနက်ရောင်အစေခံဝတ်စုံများအား ဝတ်ဆင်ထားလေသည်။ ယင်းတို့မှာ ကြောက်ရွံ့မှုကြောင့် ဖြူဖျော့လျက်ရှိပြီး သူတို့၏ မျက်လုံးများထဲတွင် စိတ်အားငယ်မှုတို့ ပြည့်နှက်နေလေသည်။

“ကျွန်မတို့ အခုဘာလုပ်ကြရမှာလဲ မင်းသမီး ယင်ယွီ” အနက်ရောင်အစေခံဝတ်စုံနှင့် တစ်ဦးမှ မေးလေသည်။ “ထူးကဲလျှပ်စီးအစီအရင်မှာပါတဲ့ စွမ်းအင်က လေးနာရီလောက်ပဲ ခံနိုင်တာ။ အခု အချိန်စေ့တော့မယ်။”

အစီအရင်တွင်ပါဝင်သည့် စွမ်းအင်ကုန်ခမ်းသွားသည်နှင့် သူတို့အား အမဲဖြတ်ရန် မကောင်းဆိုးဝါးစိတ်ဝိညာဉ်များစွာမှ စောင့်ကြိုနေလေသည်။ ယင်းမှာ သေဆုံးရမည်ထက် ပိုမိုကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ အစီအရင် ပြိုကွဲသွားသည်နှင့် သက်သေပစ်ရန် ရွေးချယ်ခြင်းမှာ အကောင်းဆုံးဖြစ်လေသည်။

အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးသည် အံကြိတ်ကာဖြင့် ကျန်ရှိနေသည့် စွမ်းအားများအား အကောင်းဆုံး အသုံးပြုနေလေသည်။ “မစိုးရိမ်ပါနဲ့။ ငါ့ရဲ့အစ်ကိုကြီးက သေချာပေါက် လာကယ်မှာပါ။ နည်းနည်းလောက် ပိုပြီးတော့ စောင့်ကြတာပေါ့။ သူတို့ရောက်တော့မယ် ထင်ပါတယ်။”

“ကျွန်မတို့ ဒီနေရာမှာ ပိတ်မိနေတာ သူအစောကတည်းက သိနေတာလေ။ ဒါပေမဲ့ အခုထိ လာမကယ်သေးဘူး။ သူက တကယ်ကို သူရဲဘောကြောင်တာ။ ဒီကိုလာဖို့ သူ့အသက်ကို မစွန့်စားရဲဘူးလေ။” အနက်ရောင်ဝတ်စုံနှင့် အစေခံမှ ပြောလေသည်။

ယင်ယွီ ခေါင်းယမ်းလိုက်သည်။ မျှော်လင့်ချက်အား မစွန့်လွှတ်လိုသေးချေ။ “ဖြစ်နိုင်တာက ငါတို့ကို ကယ်ဖို့အတွက် နည်းလမ်းစဉ်းစားနေတာပဲ ဖြစ်မှာပါ။”

ထိုအချိန်မှာပင် အပြာရောင်စက်ဝန်းအား လေဆာရောင်ခြည် ထိမှန်လာသည်။

ဝုန်း

ထိုလေဆာရောင်ခြည်နှင့် ထိမိသမျှ မကောင်းဆိုးဝါးစိတ်ဝိညာဉ်အားလုံး ပြာအဖြစ်သို့ ပြောင်းလဲသွားကြသည်။

အပြာရောင်စက်ဝန်းအတွင်းရှိ မိန်းမငယ်သုံးဦး တဆတ်ဆတ်တုန်ယင်လာကြသည်။ သူတို့သည် လေဆာရောင်ခြည် ထွက်ပေါ်လာသည့်နေရာအား ကြည့်လိုက်ကြသည်။

“ငါပြောသားပဲ ဟုတ်တယ်မလား။” ယင်ယွီ ရှိုက်လိုက်သည်။ “ချီဝူကောကော က သေချာပေါက် လာကယ်မှာပါလို့။”

ရှင်သန်နိုင်မည့် လမ်းစနှင့် အသက်စွန့်ပြီး လာရောက်ကယ်တင်ပေးသည့် အစ်ကိုဖြစ်သူအား မြင်တွေ့လိုက်ရသည့်အခါ ယင်ယွီသည် သူမ၏ စိတ်ခံစားချက်များအား ထိန်းချုပ်မထားတော့ချေ။ သူမ၏ ပါးပြင်တွင် မျက်ရည်များ စီးကျလာလေပြီ။

ဝုန်း

လေဆာရောင်ခြည်တန်းတစ်ခု ထပ်မံထွက်ပေါ်လာပြန်သည်။

မရှေးမနှောင်းမှာပင် သူမ၏ရှေ့တွင် ဓားဝှေ့ယမ်းနေသည့် ပုံရိပ်နှစ်ခု ထွက်ပေါ်လာသည်။

ထိုငွေရောင်ပုံရိပ်နှစ်ခု၏နောက်တွင် ခန့်ညားချောမောသည့် အမျိုးသားတစ်ဦး၊ ခွေးတစ်ကောင်နှင့် မျက်နှာဖုံးတပ်ဆင်ထားသည့် မျောက်တစ်ကောင်တို့ ရှိလေသည်။

ထိုပုံရိပ်များအား မြင်တွေ့လိုက်ရသည့်အခါ အမျိုးသမီးသုံးဦးမှာ နောက်တစ်ဖန် မှင်သက်သွားမိကြပြန်သည်။

ဘာတွေဖြစ်နေတာလား။ မင်းသားချီဝူ မဟူတ်ဘူးလား။

မင်းသမီးယင်ယွီ၏မျက်လုံးများ အရောင်တောက်လာပြီး သူမ၏ စိတ်ထဲတွင် ထင်မြင်ချက်များစွာ ထွက်ပေါ်လာသည်။

သူတို့က ချီဝူကောကော ခေါ်လာတဲ့ အကူအညီတွေလား။ ဒါမှမဟုတ် ငါတို့ပိတ်မိနေတာကို မြင်ပြီးတော့ ကယ်တင်ပေးဖို့အတွက် ရောက်လာခဲ့ကြတဲ့ ကြင်နာတတ်တဲ့ ကျင့်ကြံသူတွေလား။

ဘယ်လိုပဲပြောပြေ သူတို့က တကယ်ကို စွမ်းအားကြီးကြတယ်။ မကောင်းဆိုးဝါးစိတ်ဝိညာဉ်တွေကိုတောင် ရှင်းထုတ်နိုင်ကြတယ်။ ပြီးတော့ အလယ်မှာရှိတဲ့ ဓားကိုင်ထားတဲ့သူက အတော်လေး ချောလိုက်တာ။ ဟိ

ယင်ယွီ၏မျက်နှာလေး ရှက်သွေးဖြာလာသည်။ ရန်သူများစွာကို တိုက်ခိုက်နေသည့် ထိုသူရဲကောင်း၏ ပုံရိပ်သည် သူမ၏ စိတ်ထဲတွင် နက်ရှိုင်းစွာ စွဲထင်နေလေပြီ။

သို့သော်လည်း သူတို့၏ ဦးတည်ရာမှာ အနည်းငယ်....

မရှေးမနှောင်းမှာပင် ငွေရောင်စက်ရုပ်များ၊ ဓားအင်မော်တယ်အမျိုးသား၊ ခွေးနှင့် မျောက်တို့သည် အပြာရောင်စက်ဝန်းအား ကျော်ဖြတ်သွားကြသည်။ ထိုအမျိုးသမီးသုံးဦးအား တစ်ချက်လေးမျှပင် ကြည့်မသွားကြချေ။ ထို့အစား မြောက်ဘက်သို့သာ ဦးတည်နေကြလေသည်။

အပြာရောင်စက်ဝန်းအတွင်း၌ အမျိုးသမီးသုံးဦးသည် မျက်လုံးများပြူးကျယ်ကာဖြင့် တုန်လှုပ်လျက်ရှိကြပြီး အချိန်ကြာမြင့်စွာ တိတ်ဆိတ်သွားကြလေသည်။

မင်းသမီးယင်ယွီ တိတ်ဆိတ်မှုအား ဖြိုခွင်းလိုက်သည်။ သူမ၏နှလုံးသားလေး နာကျင်နေလေပြီ။ အသက်ရှုသံများ မမှန်တော့ချေ။ “သူတို့ရဲ့ ရည်ရွယ်ချက်က မီးနတ်သွေးသစ်ပင်လား။”

အစေခံနှစ်ဦး ခေါင်းညိတ်လိုက်ကြသည်။ သူရဲကောင်းသည် သောကဗျာပါပွေနေသည့် မိန်းမပျိုများအား ကယ်တင်ခြင်းမရှိချေ။

ထိုလူများ၏ ရည်ရွယ်ချက်မှာ သူမတို့နှင့် တူညီပေသည်။ သူမတို့သည်လည်း မီးနတ်သွေးသစ်ပင်အား လိုချင်ခဲ့ကြသည်။

သူတို့၏ ခံစားချက်များမှာ မိုးပျံရထားစီးနေသကဲ့သို့ နိမ့်ချည်မြင့်ချည် ဖြစ်နေလေသည်။

ထိုလူများ ရောက်ရှိလာစဉ်က သူမတို့ထံ၌ မျှော်လင့်ချက်များ ရှင်သန်လာကြသည်။ ထိုအမျိုးသမီးများသည် မကောင်းဆိုးဝါးစိတ်ဝိညာဉ်များစွာအား ဆွဲဆောင်ထားနိုင်ကြသည်။ ယင်းအား အခွင့်ကောင်းယူပြီး သူတို့သည် ရတနာအား ယူဆောင်ရန် ကြိုးပမ်းလိုခြင်းဖြစ်သည်။

မင်းသမီးယင်ယွီ စိတ်ဓာတ်ကျခြင်း မရှိချေ။ သူမ၏ နောက်ဆုံးသော မျှော်လင့်ချက်မှာ ကယ်တင်ခြင်းခံရရန် ဖြစ်သည်။

“ကျွန်မတို့ကို ကယ်ပါဦး ကျင့်ကြံသူတို့။ တောင်းပန်ပါတယ်။ ဆုလာဘ်ကြီးကြီး ပေးပါ့မယ်။”

သူမ၏ အသံမှာ လွန်စွာကျယ်လောင်လှသည်။ အဝေးမှနေပင် ကောင်းစွာကြားနိုင်လေသည်။

အန်လင်းသည် သူမ၏ အကူအညီတောင်းသံအား ကြားနေရသည်။ သို့သော်လည်း ထိုမကောင်းဆိုးဝါး စိတ်ဝိညာဉ်များအလယ်တွင် သူတို့ ကိုယ်တိုင်၏ လုံခြုံရေးကိုပင် အာမ မခံနိုင်ပေ။ ထို့ကြောင့် ထိုအမျိုးသမီးများအား မည်သည်ကြောင့် ကယ်တင်ရမည်နည်း။ အန်လင်းသည် ထိုမီးသစ်ပင်ထံ ပြေးသွားကာ အားကုန်ဆွဲနှုတ်လိုက်သည်။

၈ ဘာလို့များ ဆွဲမရတာတုန်း။

သူမ၏ စကားများအား လျစ်လျူရှုထားပြီး တစ်ချက်ကလေးမျှပင် လှည့်ကြည့်မလာသည်ကို မြင်တွေ့လိုက်ရသည်။ သူတို့သည် မီးနတ်သွေးသစ်ပင်အား အမြစ်ဖော်ရန်သာ အာရုံစိုက်ထားကြလေသည်။

မည်သို့မျှ တုံ့ပြန်ခြင်း မရှိကြချေ။ သူမအနေဖြင့် ဘာလုပ်နိုင်မည်နည်း။

မင်းသမီးယင်ယွီသည် မျှော်လင့်ချက်မဲ့မှုဦ မထီမဲ့မြင်ပြုမှုတို့နှင့် ရင်ဆိုင်ရသည့်အခါ အလွန်ဒေါသထွက်မိသည်ကြောင့် မျက်ရည်ကျလုမတတ်ပင် ဖြစ်လာသည်။

ထိုအချိန်တွင် အန်လင်းတို့မှာမူ သစ်ပင်အား ဆွဲနှုတ်ရန်သာ ကြိုးစားနေကြလေသည်။

***

All Chapters