← Chapters

အခန်း (၃၄၇-၃၄၈)

Vol. 32 Ch. 347-348

အခန်း (၃၄၇-၃၄၈)

Vol. 32 Ch. 347-348

အခန်း (၃၄၇)။

ဟုန်ယွိသည် အလင်းကွင်းအတွင်းသို့ ဝင်ရောက်သည်နှင့် အလယ်ဗဟိုသို့ ရောက်ရှိရန် ခြေလှမ်းနှစ်လှမ်း လှမ်းလိုက်သည်။ ထို့နောက် သူက လက်ကို ဆန့်ထုတ်လိုက်ရာ စစ်နတ်ဘုရား ပုံရိပ်သည် အရပ်မြင့်မြင့်နှင့် ရွှေရောင်တောက်ပသော ဗုဒ္ဓရုပ်ပွားတော်ကြီး အဖြစ် ပြောင်းလဲသွားတော့သည်။ ၎င်းမှာ အခြားမဟုတ်၊ အတိတ်ဗုဒ္ဓကြီးပင် ဖြစ်သည်။

အတိတ်ဗုဒ္ဓကြီးသည် တာအိုသခင်ကျန်းခုန်း၏ အလင်းကွင်းများဆီသို့ လက်လှမ်းကာ ဆုပ်ကိုင်လိုက်ပြီး လေထဲသို့ မြှောက်တင်လိုက်သည်။

တဖျစ်ဖျစ်နှင့် ကွဲအက်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ၎င်းမှာ တာအိုသခင် ကျန်းခုန်း၏ ဝိညာဉ်နှင့် ဆက်နွှယ်နေသော အလင်းကွင်း ၈ ခုသည် သူ၏ ဝိညာဉ်နှင့် အတင်းအဓမ္မ ခွဲထုတ်ခံရသဖြင့် ထွက်ပေါ်လာသော အသံများ ဖြစ်သည်။

ဟုန်ယွိသည် အတိတ်ဗုဒ္ဓကြီး ပုံသဏ္ဌာန်ဖြင့် တာအိုသခင်ကျန်းခုန်း၏ ဝိညာဉ်မှ အလင်းကွင်း ၈ ခုကို ဆွဲခွာလိုက်ရာ ၎င်းတို့မှာ တာအိုသခင်ကျန်းခုန်း၏ ထိန်းချုပ်မှု အောက်မှ လွတ်မြောက်သွားတော့သည်။

“မင်း... မင်းက ဒိုင်ဇင်ဘုရားကျောင်းရဲ့ အနက်နဲဆုံး မှော်ပညာဖြစ်တဲ့ အတိတ်ကျမ်းစာကို ကျင့်ကြံထားတာလား။ မင်းက နတ်ဘုရားဝိညာဉ်တွေရဲ့ စွမ်းအားတွေကို မကြောက်ဘူး လား....” တာအိုသခင်ကျန်းခုန်းသည် တစ်ခုခုလုပ်ရန် ပြင်လိုက်သော်လည်း အချိန်နှောင်း သွားပြီ ဖြစ်သည်။

ဟုန်ယွိ၏ အလင်းကွင်းများက သူ့ကို ဝန်းရံထားသဖြင့် မည်သည့် တာအိုပညာရပ်ကိုမျှ ထုတ်ဖော်နိုင်ခြင်း မရှိတော့ပေ။

ဟုန်ယွိ၏ အလင်းကွင်းများသည် အမှောင်နတ်ဘုရားကိုယ်ပွားကို စုပ်ယူပြီးနောက်တွင် တာအိုသခင် ကျန်းခုန်းထက် များစွာပိုမို အားကောင်းနေပြီး သူ့ကို လုံးဝ ဖိနှိပ်ထားနိုင် သည်။

“ဟွန့်…၊ မင်း သိသွားတာ ကောင်းပါတယ်။ ဒါပေမဲ့ အရင်ဆုံး မင်းရဲ့ ဝိညာဉ်ကို ပိတ်ဆို့ ထားလိုက်ဦးမယ်။ နောက်မှ ငါ မင်းကို ပြောစရာရှိတာ ပြောမယ်။” ဟုန်ယွိသည် တာအို သခင်ကျန်းခုန်း၏ အော်ဟစ်သံကို ကြားသော်လည်း အနည်းငယ်မျှ သနားညှာတာခြင်း မရှိပေ။ အလင်းကွင်း ၈ ခုကို ဆုပ်ကိုင်လိုက်ရာ ၎င်းတို့မှာ ရောင်စုံအလင်းလုံးအဖြစ် ပြောင်းလဲသွားပြီး သူ၏ လက်ဝါးထဲတွင် လည်ပတ်နေတော့သည်။

တစ်ချိန်တည်းမှာပင် ဟုန်ယွိ၏ လက်ထဲတွင် အတွေးအမျှင်တန်းများ ပေါ်ထွက်လာသည်။ ထိုအတွေးအမျှင်တန်း တစ်ခုချင်းစီမှာ လျှပ်စီးများကဲ့သို့ တောက်ပနေပြီး တာအိုသခင် ကျန်းခုန်း၏ နဖူးအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

တာအိုသခင်ကျန်းခုန်း၏ မျက်လုံးများမှာ ဝေဝါးသွားပြီး မြေပြင်ပေါ်သို့ ခွေကျသွားတော့ သည်။

“အတွေးမှ လျှပ်စီးဖြစ်ပေါ်ခြင်း။ အတွေးမှ လျှပ်စီးဖြစ်ပေါ်ခြင်း။ မင်းက မိုးကြိုးကပ်ဘေး နှစ်ကြိမ်တောင် ကျော်ဖြတ်ပြီးပြီပေါ့။ ငါ နောက်ဆုံးတွေ့တုန်းက မင်းရဲ့ စိတ်ဝိညာဉ်က သန့်စင်တဲ့ ယန်စွမ်းအားအဆင့်ပဲ ရှိသေးတာလေ။ အဲဒီတုန်းကနေ အခုချိန်အထိဆို ဘယ်နှရက်မှတောင် မကြာသေးဘူး။ မင်းရဲ့အတွေးက လျှပ်စီးကို ထုတ်လွှတ်နိုင်နေပြီ။ မင်းက မိုးကြိုးကပ်ဘေး နှစ်ကြိမ် ကျော်ဖြတ်ပြီးပြီပဲ။ မင်းက ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးတွေရဲ့ အဆင့်ကို ရောက်ဖို့ နီးစပ်နေပြီပဲ။”

ယန်လျန်ဟွာက ရုတ်တရက် အော်ပြောလိုက်သည်။

ထိုမိန်းမစိုးပညာရှင်သည် ဟုန်ယွိ၏ အတွေးများ ပျံထွက်လာပြီး သလင်းကျောက် အလင်းတန်းများ အရပ်မျက်နှာ အသီးသီးသို့ ဖြာထွက်လာကာ တာအိုသခင်ကျန်းခုန်း၏ ဝိညာဉ်အတွင်းသို့ ဝင်ရောက်ပြီး၊ ချုပ်နှောင်လိုက်သည်ကို မြင်သောအခါ သူ၏ အံ့သြ တုန်လှုပ်မှုကို မထိန်းနိုင်တော့ပေ။

“မင်းက မိန်းမစိုးတစ်ယောက် ဖြစ်ပေမဲ့ ဗဟုသုတတော့ တော်တော်ရှိသားပဲ။ ငါ့ရဲ့ အတွေးတွေက လျှပ်စီးကို ထုတ်လွှတ်နိုင်တယ်ဆိုတာကို မင်း တကယ် သိနေတာပဲ။ ဒါဟာ မိုးကြိုးကပ်ဘေး ဒုတိယအဆင့်ရဲ့ လက္ခဏာပဲ။ ဒီအဆင့်မှာ ငါ့ရဲ့ အတွေးတွေက ကျောက်စိမ်းလို ကြည်လင်နေပြီး တဖျတ်ဖျတ် လင်းလက်နေတယ်။ ဘယ်လို စိတ်အနှောင့်အယှက်မျိုးကမှ အဲဒါကို မညစ်နွမ်းစေနိုင်ဘူး။ သိုင်းသူတော်စင်ရဲ့ အသက် စွမ်းအားနဲ့ သွေးစွမ်းအားတွေကိုလည်း ကြောက်စရာ မလိုတော့ဘူး။ လူသားအင်မော်တယ် တွေလောက်ပဲ ဒါကို ဟန့်တားနိုင်လိမ့်မယ်။”

ဟုန်ယွိသည် ယန်လျန်ဟွာကို ဂရုမစိုက်ဘဲ အလင်းကွင်း ၈ ခုကို ပြန်လည် ဆွဲယူလိုက်ကာ သူ၏ ဦးခေါင်းနောက်ကွယ်တွင် ထားလိုက်သည်။ ယခုအခါတွင် သူသည် စစ်နတ်ဘုရား ပုံရိပ် မဟုတ်တော့ဘဲ မတ်တပ်ရပ်နေသော အတိတ်အမိတ္တဗုဒ္ဓကြီးအဖြစ် ရှိနေသည်။

“ငါက မင်းကို နွေဦးထက် ပိုမနေစေရဘူးလို့ ပြောခဲ့ပေမဲ့ အခုလောလောဆယ်တော့ မင်းကို အသက်ရှင်ခွင့် ပေးထားဦးမယ်။ ငါ မင်းဆီကနေ ဖန်တီးခြင်းတာအိုရဲ့ လက်သီး ပညာရပ်တွေကို မေးမြန်းစရာ ရှိသေးတယ်၊ အထူးသဖြင့် မင်းပါးစပ်က ထွက်လာတဲ့ အနှိုင်းမဲ့ ‘ဝိညာဉ်ကြွက် ဆီပူအိုးတွင်းလှုပ်ရှားမှု” နည်းစနစ်ကိုပေါ့။ ငါ့ရဲ့ သိုင်းပညာ အနှစ်သာရတွေ ကြွယ်ဝလာဖို့, အဲဒါတွေကို မရရအောင် ယူရမှာပဲ။”

ဟုန်ယွိက ယန်လျန်ဟွာကို ကြည့်ရင်း ပြောလိုက်သည်။ ထို့နောက် မြေပြင်ပေါ်တွင် သေဆုံးနေသော အနက်ရောင်ဝတ် သိုင်းသူတော်စင်ကို ကြည့်လိုက်သည်။ အရိုးလှံက သူ့ကို ထိုးဖောက်ထားသော်လည်း သွေးထွက်ခြင်း မရှိပေ။ သို့သော် သူ အသက်မရှူတော့ ပေ။ မကြာမီမှာပင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ အရိုးလှံမှာ တဖျတ်ဖျတ် တောက်ပနေသော အတွေးစတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ဘုန်း!

ထိုအတွေးသည် ခုန်တက်သွားပြီး ယန်လျန်ဟွာ၏ နဖူးအတွင်းသို့ ဝင်ရောက်သွားသည်။

မိန်းမစိုးကြီး ယန်လျန်ဟွာသည် မခုခံရဲပေ။ သူသည် မတ်မတ်ရပ်နေသော်လည်း အတွေး ၏ ရိုက်ခတ်မှုကို ခံရပြီးနောက် တာအိုသခင်ကျန်းခုန်းကဲ့သို့ပင် လဲကျသွားတော့သည်။

“မိုးကြိုးကပ်ဘေး ပထမအဆင့်က နတ်ဘုရား စိတ်ဝိညာဉ်အတွေးတွေကို သန့်စင်ပေးပြီး သန့်စင်တဲ့ ယန်စွမ်းအားကို ဖြစ်ပေါ်စေတယ်။ မိုးကြိုးကပ်ဘေး ဒုတိယအဆင့်ကတော့ အတွေးတွေကို လျှပ်စီးအလင်းတန်းများ ထုတ်လွှတ်စေနိုင်ပြီး သိုင်းသူတော်စင်များရဲ့ အသက်စွမ်းအား၊ သွေးစွမ်းအားနဲ့ လက်သီးဆန္ဒတွေက အဲဒီအပေါ်မှာ ဘာသက်ရောက်မှုမှ မရှိတော့ဘူး။ လွန်ခဲ့တဲ့ အနှစ် ၃၀ က ဥဒေါင်းဘုရင်ဟာ မိုးကြိုးကပ်ဘေး နှစ်ကြိမ် ကျော်ဖြတ်ထားသူအဖြစ်နဲ့ ဘုန်းတော်ကြီးယန်ယွဲ့နဲ့ တိုက်ခိုက်ခဲ့ဖူးတယ်။ သူဟာ အသာစီး မရခဲ့ပေမဲ့ အဲဒါက မိုးကြိုးကပ်ဘေး ဒုတိယအဆင့်ရဲ့ အတွေးစွမ်းအားက ဘယ်လောက် ကြီးမားတယ်ဆိုတာ သက်သေပြဖို့ လုံလောက်ခဲ့တယ်။ ဒီအနှစ် ၃၀ အတွင်းမှာ ဥဒေါင်းဘုရင်ဟာ မိုးကြိုးကပ်ဘေး သုံးကြိမ်လောက်တော့ ကျော်ဖြတ်ပြီးလောက်ပြီ။ မိုးကြိုးကပ်ဘေး တတိယအဆင့်ကို ဖြတ်ကျော်ပြီးရင် သူ့ရဲ့ စိတ်ဝိညာဉ်အတွေးက ဘယ်အဆင့်အထိ ရောက်နေမလဲဆိုတာ ငါ သိချင်မိတယ်။ အဲဒီအဆင့်မှာဆိုရင် ကမ္ဘာငယ်လေးတစ်ခုကို ခေတ္တမျှ ဖန်တီးနိုင်လိမ့်မယ်... ”

ပထမအဆင့် မိုးကြိုးကပ်ဘေးသည် ဝိညာဉ်အား ‘ယင်’ မှ ‘ယန်’ သို့ ပြောင်းလဲပေးရုံသာ ရှိသေးသည့် အထွတ်အထိပ်အဆင့်ဖြစ်သည်။

ဒုတိယအဆင့် မိုးကြိုးကပ်ဘေးမှာမူ ဒဏ္ဍာရီအဆင့်တစ်ခု ဖြစ်သွားပြီ။

တတိယအဆင့် မိုးကြိုးကပ်ဘေး နောက်ပိုင်း ကျင့်ကြံမှု အဆင့်များကို တာအိုကျမ်းစာများ တွင် မှတ်တမ်းတင်ထားခြင်း မရှိတော့ပေ။ ဟုန်ယွိသည် စကြာဝဠာအိတ်အတွင်းရှိ ဒိုင်ဇင် ဘုရားကျောင်းမှ ကျမ်းစာများစွာကို ဖတ်ဖူးသော်လည်း မိုးကြိုးကပ်ဘေး ကျော်ဖြတ်ပြီး နောက် နတ်ဘုရား စိတ်ဝိညာဉ်အတွေးများ၏ ထူးခြားသော လက္ခဏာများနှင့် စွမ်းရည် အချို့ကိုသာ ရှာဖွေတွေ့ရှိခဲ့သည်။

အဘယ်ကြောင့်ဆိုသော် တစ္ဆေအင်မော်တယ်အဆင့်အထိ ကျင့်ကြံနိုင်သူမှာ အလွန်တရာ နည်းပါးပြီး မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်နိုင်သူမှာမူ တစ်ထောင်လျှင် တစ်ယောက်ပင် မရှိသောကြောင့် ဖြစ်သည်။ ဒုတိယအဆင့် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်နိုင်သူများမှာမူ အလွန်ပင် ရှားပါးလှ၏။ ထိုအဆင့်နှင့် အထက်အဆင့်သို့ ကျော်ဖြတ်နိုင်သူများမှာ လက်ချိုး ရေ၍ ရနိုင်သဖြင့် မည်သို့ မှတ်တမ်းမှတ်ရာများ ရှိနိုင်မည်နည်း။

“မင်းက ဘယ်သူလဲ။ မင်းက ပိုင်ဇိယွဲ့ရဲ့ မိတ်ဆွေလား။ ငါ့ကို လာကယ်တာလား။”

မျက်စိတစ်မှိတ်အတွင်းမှာပင် ဟုန်ယွိသည် အနက်ရောင်ဝတ် သိုင်းသူတော်စင်ကို သတ်ပစ်လိုက်ပြီး တာအိုသခင်ကျန်းခုန်းနှင့် ယန်လျန်ဟွာတို့ကို ထိန်းချုပ်လိုက်သည်။ မြို့တော်ဝန် အိမ်တော်အတွင်းရှိ ပိုင်ကျိချိုးသည် ဤဖြစ်ပျက်ကို မြင်သောအခါ အလွန် ဝမ်းသာသွားပြီး မတ်တပ်ရပ်လိုက်သော်လည်း သူ၏ရှေ့မှ ရောင်စုံအလင်းတန်းများက သူ့လမ်းကို ပိတ်ဆို့ထားသည်။

သို့သော် ဟုန်ယွိက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ထိုပိတ်ဆို့ထားသော မှော်ပညာကို ဖျက်ဆီးလိုက်ရာ သူသည် လွတ်လပ်စွာ လှုပ်ရှားနိုင်သွားသည်။

“မင်းက ဝက်ဝံမြို့တော်ရဲ့ မြို့တော်ဝန်၊ ယွမ်တူးနိုင်ငံ ပိုင်မျိုးနွယ်စုရဲ့ သတ္တမမြောက်သား ပိုင်ကျိချိုး မဟုတ်လား။ မင်းရဲ့ ကျင့်ကြံမှုက မဆိုးပါဘူး၊ စာပေရော သိုင်းပညာမှာပါ ကျွမ်းကျင်တာပဲ။ တချို့ဂိုဏ်းချုပ်တွေနဲ့ ယှဉ်ရင်တောင် မင်းက မနိမ့်ကျပါဘူး။”

ဟုန်ယွိသည် ပိုင်ကျိချိုးကို ကြည့်လိုက်ရာ သူ၏ သိုင်းပညာမှာ မဟာဆရာသခင်အဆင့်သို့ ရောက်ရှိနေသော်လည်း ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ် တစ်သားတည်း ဖြစ်မှုနှင့် လက်သီး ဆန္ဒတို့ မရှိသည်ကို တွေ့ရသည်။ သူသည် တာအိုပညာရပ်များကို အဓိက ကျင့်ကြံထား ကြောင်း ဟုန်ယွိ သိလိုက်သည်။

သို့သော် ယခုအချိန်တွင် သူ၏စိတ်ဝိညာဉ်သည် ခန္ဓာကိုယ်အတွင်းမှာပင် ရှိနေသဖြင့် ဟုန်ယွိသည် သူ့တာအိုကျင့်ကြံမှု အဆင့်ကို သာမန်မျက်စိဖြင့် မမြင်နိုင်ပေ။

ဟုန်ယွိအနေဖြင့် အလွန်ရိုးရှင်းပါသည်။ အကယ်၍, သူ မမြင်ရလျှင် စစ်ဆေးကြည့်ရုံသာ ရှိပါသည်။

သူက လက်ချောင်းတစ်ချက် တောက်ထုတ်လိုက်ရာ အတွေးစတစ်ခုမှာ ခုန်ထွက်သွားပြီး ပိုင်ကျိချိုး၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားကာ၊ သူ၏ စိတ်ဝိညာဉ်အခြေအနေကို စစ်ဆေး လိုက်သည်။

“အော်... ရုပ်လုံးဖော်ခြင်းနယ်ပယ် မဟာပြီးပြည့်စုံခြင်းအဆင့်အထိ ရောက်နေပြီပဲ။ သူက ခန္ဓာကိုယ်သိမ်းပိုက်ခင်းအဆင့်ကို တက်လှမ်းနိုင်တော့မှာပဲ။” ဤအနေထားကို သိလိုက်ရ သဖြင့် ပိုင်ကျိချိုး၏ တာအိုပညာရပ်မှာ ရုပ်လုံးဖော်ခြင်းနယ်ပယ်၏ မဟာပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိနေသူတစ်ကြောင်း ဟုန်ယွိ သိရှိသွားသည်။

ဤမျှ စွမ်းအားရှိလျှင် မြို့တစ်မြို့ကို အမှန်တကယ် အုပ်ချုပ်နိုင်ပါသည်။

မဟာဆရာသခင်အဆင့် သိုင်းပညာနှင့် ရုပ်လုံးဖော်ခြင်းနယ်ပယ် တာအိုပညာတို့ကို ပေါင်းစပ်လိုက်လျှင် သူတို့သည် မခန့်မှန်းနိုင်လောက်အောင် အစွမ်းထက်ပြီး မြို့တစ်မြို့ လုံးရှိ လူများ၏ စိတ်ကို ထိန်းချုပ်ရန် နည်းလမ်းမျိုးစုံ သုံးနိုင်ပေလိမ့်မည်။

ရွတ်…၊ ပိုင်ကျိချိုးသည် ဟုန်ယွိ ဝင်လာပြီး လက်တစ်ချက်တောက်ကာ အတွေးစတစ်ခု ထုတ်လွှတ်လိုက်သည်ကို မြင်သောအခါ အစပိုင်းတွင် လန့်သွားသော်လည်း မကြာမီမှာပင် သူ၏ ဝိညာဉ်မှာ ဖုန်မှုန့်များ ဆေးကြောခံလိုက်ရသကဲ့သို့ ကြည်လင်ကာ ပိုမို ကြည်လင် လာသလို ခံစားလိုက်ရသည်။ ကျင့်ကြံစဉ်အတွင်း သူ ဖယ်ရှား၍ မရသော စိတ်အနှောင့် အတွေးများနှင့် စွဲလမ်းမှုများမှာ လုံးဝ ပျောက်ကွယ်သွားပုံရသည်။

“လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ။” ပိုင်ကျိချိုးက အလျင်အမြန် ဦးညွှတ်လိုက်သည်။

“ငါက ကြင်ယာတော်ယွမ်ရဲ့ မိတ်ဆွေပါ။ ဒီတစ်ခေါက် ပိုင်ဇိယွဲ့ကို အစစ်မှန် ခုနှစ်ကြယ် ဂိုဏ်းရဲ့ ဂိုဏ်းချုပ်နေရာရရှိအောင် ကူညီဖို့ သူမရဲ့ ဖိတ်ကြားချက်အရ လာခဲ့တာပဲ။ ဒီလို လုပ်ရအောင်၊ အခု ငါ ချန်ပီယံမြို့စားရဲ့ လူတွေကို ရှင်းလင်းလိုက်မယ်၊ မင်းက တစ်မြို့လုံး ကို ပြန်ပြီး ထိန်းချုပ်လိုက်ပါ။ ပြီးရင် မြို့ပြင်မှာရှိတဲ့ ငါ့လူတွေကို လျှို့ဝှက်စွာ ကြိုဆိုဖို့ စစ်သည်အချို့ကို လွှတ်လိုက်ပါ။ ငါတို့ မြို့ထဲကို အတူတူ ဝင်ကြမယ်။” ဟုန်ယွိက တည်ငြိမ်စွာ ပြောလိုက်သည်။ “အစီအစဉ်တွေကို သေသေချာချာ လုပ်ပါ။ ခုနက ပညာရှင် သုံးယောက် ပြောစကားအရဆို ချန်ပီယံမြို့စားရဲ့ လူတွေ မြို့ထဲမှာ အများကြီး ရှိနေသေး တယ်။ အပေါက်အကြား မရှိစေနဲ့။”

“သူ့မှာ ဒီလောက် အားကောင်းတဲ့ စစ်ကူတွေ ရှိနေတာပဲ...” ဟုန်ယွိ၏ စကားကို ကြားပြီး နောက် ပိုင်ကျိချိုးသည် ရွှေရောင်ဗုဒ္ဓအဖြစ် ပြောင်းလဲထားသော ဤသူမှာ ကြင်ယာတော် ယွမ် ဖိတ်ခေါ်ထားသည့် အစွမ်းထက် စစ်ကူတစ်ဦးဖြစ်ကြောင်း သိလိုက်ရသဖြင့် အလွန် ဝမ်းသာသွားသည်။

“စိတ်ချပါ စီနီယာ။ ဝက်ဝံမြို့တော်က ကျွန်တော့်လက်ထဲမှာပဲ ရှိနေပါသေးတယ်။ ဒီအတားအဆီး သုံးခုကို ဖယ်ရှားပြီးပြီဆိုရင် ကျန်တဲ့ နောက်လိုက်တွေက ပြဿနာ မဟုတ်တော့ပါဘူး။” ထိုသို့ပြောပြီးနောက် ပိုင်ကျိချိုးသည် စားပွဲအောက်သို့ ပြေးသွားကာ ဓားတစ်လက်ကို ဆွဲထုတ်လိုက်သည်။ ထို့နောက် ဓားကို လေထဲတွင် မြှောက်ကာ ငြိမ်သက်စွာ ထိုင်လိုက်သည်။ သူ၏စိတ်ဝိညာဉ်မှာ ခန္ဓာကိုယ်အတွင်းမှ ထွက်သွားပြီ ဖြစ်ကြောင်း ထင်ရှားနေသည်။

အခန်း (၃၄၈)။

ဓားသည် လေထဲသို့ ရောက်သည်နှင့် ချက်ချင်းပင် အဖြူရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လေထဲတွင် အလွန်လျင်မြန်စွာ ပျံဝဲနေတော့သည်။ ထိုအဖြူရောင် အလင်းတန်းသည် မထင်မှတ်ထားသော ထောင့်များဆီသို့ ပျံသန်းသွားရာ၊ ထိုဓား ပျံသန်း သွားသည့် နေရာတိုင်း တရွှပ်ရွှပ် အသံများနှင့်အတူ သွေးများ နေရာအနှံ့ စဉ်ထွက်သွား သည်။ ထိုသုံးယောက်ကို မြို့ထဲပေးဝင်ခဲ့သော ကင်းစောင့်များ အားလုံး သတ်ဖြတ်ခံလိုက် ရသည်။

ထို့နောက် ပိုင်ကျိချိုးသည် သူ၏ နေရာသို့ ပြန်ရောက်လာပြီး အလျင်အမြန် အပြင်သို့ ထွက်သွားသည်။ ခဏအကြာတွင် သူသည် လူတစ်စုနှင့်အတူ ပြန်လာသည်။

“နေရာယူကြစမ်း။ ငါ့အမိန့်ကို နားထောင်။ တပ်ရင်းငါးခုကို အခုချက်ချင်း ဦးဆောင်ပြီး တစ်မြို့လုံးကို ပိတ်ဆို့ထား။ သူပုန်တွေကို ရှင်းလင်းပစ်စမ်း။” ပိုင်ကျိချိုးသည် ရင်ပြင်တွင် ရပ်ကာ သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် အော်ဟစ်နေသည်ကို မြင်သောအခါ သူသည် တော်ရုံတန်ရုံ လူစားမျိုး မဟုတ်ကြောင်း ဟုန်ယွိ သိလိုက်သည်။

ခြောက်နာရီအကြာတွင် ကောင်းကင်မှာ မှောင်လာခဲ့သည်။ မြို့တော်တစ်ခုလုံး သွေးညှီ အနံ့များ ဖုံးလွှမ်းနေသည်။ မြင်းတပ်သားများစွာကို စုစည်းစေပြီး လေးသည်တော် တပ်ရင်း ကလည်း မြင်းတပ်သားများကို ကူညီကာ သူပုန်များကို ဖမ်းဆီးသတ်ဖြတ်နေကြသည်။

အပြင်ဘက်တွင် ရုန်းရင်းဆန်ခတ် ဖြစ်နေသော်လည်း ဤအချိန်တွင် ဟုန်ယွိသည် မြို့တော်ဝန် အိမ်တော်၏ ခန်းမဆောင်ကြီးအတွင်း၌ တည်ငြိမ်စွာ ထိုင်နေသည်။ သူနှင့် အတူ ချန်ယင်းရှာ၊ ရွှေပင့်ကူ၊ ချီဇီယန်နှင့် အခြားသူများလည်း ရှိနေကြသည်။ ဤလူအုပ်စု သည် မြို့တော်ဝန် အိမ်တော်အတွင်းသို့ လျှို့ဝှက်စွာ ဝင်ရောက်လာကြသဖြင့် မည်သည့် အနှောင့်အယှက်မျှ မဖြစ်ပေါ်ခဲ့ပေ။

မြို့တော်ဝန် အိမ်တော်အတွင်းမှာ နွေးထွေးနေသော်လည်း မီးခိုးငွေ့နံ့ လုံးဝ မရှိပေ။ အိမ်တော်ရှိ မီးဖိုမှာ နံရံများအတွင်း၌ လောင်ကျွမ်းနေခြင်း ဖြစ်ပြီး တည်ဆောက်ပုံမှာ အလွန်ပင် စိတ်ဝင်စားဖို့ ကောင်းလှသည်။

“ယင်းရှာ... ဒါက ငါ တာအိုသခင်ကျန်းခုန်းဆီကနေ သိမ်းယူခဲ့တဲ့ နတ်ဘုရား ဝိညာဉ် စွမ်းအား ရှစ်ခုပဲ။ မင်းလည်း အတိတ်ကျမ်းစာကို ကျင့်ကြံထားတာဆိုတော့ ဒါကို အလင်းကွင်းတွေအဖြစ် ပြန်လည် သန့်စင်ပြီးရင် မဟာလေဟာနယ်လက်ဝါးကို ဖန်တီးလို့ ရတယ်။ အကောင်းဆုံးကတော့ ဒီအလင်းကွင်း ၈ ခုနဲ့ဆိုရင် မင်း မိုင်ပေါင်းများစွာကို တခဏအတွင်း ပျံသန်းနိုင်ပြီး လျှပ်စီးလို လျင်မြန်သွားလိမ့်မယ်။ မူလကတော့ ငါ ဒီအလင်းကွင်းတွေကို ငါ့ရဲ့ နတ်ဘုရားအလင်းကွင်း ၉ ခုအဖြစ် ပြောင်းမလို့ပဲ၊ ဒါပေမဲ့ ဒီစွမ်းအားက နည်းနည်း လိုနေသေးတယ်။ မဟာဖျက်ဆီးခြင်းနတ်ဘုရားရဲ့ ကိုယ်ပွားကို မျှားခေါ်ပြီးမှ အဲဒါကို ပြန်ပြီး သန့်စင်တော့မယ်။ ပြီးတော့ အစစ်မှန် ခုနှစ်စဉ်ကြယ်ဂိုဏ်းမှာ ဂိုဏ်းချုပ် အပြောင်းအလဲ ဖြစ်တော့မှာဆိုတော့ ပညာရှင်တွေ အများကြီး ရှိနေလိမ့်မယ်။ စကြာဝဠာအိတ်ကို လုတုန်းကထက် အများကြီး ပိုပြီး အန္တရာယ်များလိမ့်မယ်။ ငါ တစ်ယောက်တည်း ထိုက်ကျင့်မြို့ကို သွားမယ်။ မင်းက ဒီမှာနေပြီး အခြေအနေကို ထိန်းသိမ်းထားပေးပါ။”

ဟုန်ယွိသည် သူ သိမ်းဆည်းရမိသော အလင်းကွင်း ၈ ခုကို ချန်ယင်းရှာထံသို့ ပေးလိုက် သည်။ သူမအနေဖြင့် ၎င်းတို့ကို သူမ၏ အကာကွယ် နတ်ဘုရားဝိညာဉ်အဖြစ် ပြောင်းလဲ နိုင်မည် ဖြစ်သည်။

“မင်းက ဒီလူတွေကို ဝက်ဝံမြို့တော်မှာ ထားခဲ့ပြီး ပိုင်ကျိချိုးရဲ့ နာမည်ကို သုံးကာ အခြားမြို့တွေရဲ့ အာဏာကို သိမ်းပိုက်ဖို့ စီစဉ်နေတာလား။” ချန်ယင်းရှာက ဟုန်ယွိ၏ လက်ကျောကို ထိရင်း ပြောလိုက်သည်။

“မင်းက ဒီကမ္ဘာ့ရဲ့ မဟာနတ်ဆိုးအင်မော်တယ်ရှစ်ပါးထဲ တစ်ပါးအပါဝင်ဖြစ်တဲ့ ငွေငါးမန်း လေး ပီသပါပေတယ်။” ဟုန်ယွိက နောက်ပြောင်လိုက်သည်။ ထို့နောက် သူ့ဘေးတွင် ထိုင်နေသော ပိုင်ကျိချိုးကို မေးလိုက်သည် “ပိုင်ကျိချိုး၊ အခု ယွမ်တူးနိုင်ငံရဲ့ အခြေအနေက ဘယ်လိုရှိလဲ ငါ့ကို ပြောပြဦး။”

ပိုင်ကျိချိုးက အလျင်အမြန် မတ်တပ်ရပ်ကာ ယဉ်ကျေးစွာ ပြောလိုက်သည် “အခုက ယွမ်တူးနိုင်ငံမှာ ခေါင်းဆောင် မရှိသလို ဖြစ်နေပါတယ်။ ကျွန်တော်တို့ရဲ့ဘုရင် ယွမ်ရှန်းက အစစ်မှန် ခုနှစ်စဉ်ကြယ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်နေရာ လုပွဲမှာပဲ အာရုံအပြည့် ရောက်နေတယ်။ မြို့ ၁၃ မြို့က ပညာရှင်တွေ အားလုံးလည်း ထိုက်ကျင့်မြို့ကို သွားနေကုန်ကြပြီ။ သတင်းတွေအရတော့ ဒီလ ၁၅ ရက်နေ့ လပြည့်ညမှာ ဂိုဏ်းရဲ့ မဟာအကြီးအကဲ ကိုးဦးက ဂိုဏ်းချုပ်နေရာအတွက် အရည်အချင်း ပြည့်မှီသူတွေကို ဟုန်လင်းနှင်းတောင်ရဲ့ ဓားသွား တစ်သောင်းနှင်းတောင်ထိပ်မှာဆုံးဖြတ်ကြလိမ့်မယ်။ ဂိုဏ်းချုပ်ရာထူးအတွက် အရည်ချင်း ပြည့်မှီသူတွေက တာအိုပညာချင်း ယှဉ်ပြိုင်ရလိမ့်မယ်။”

“အော်…” ဟုန်ယွိက မေးလိုက်သည် “ဘယ်သူတွေ ယှဉ်ပြိုင်ကြမှာလဲ။”

“ပထမဆုံး ကျွန်တော်တို့ ပိုင်မျိုးနွယ်စုက ပိုင်ဇိယွဲ့၊ အရင်ဂိုဏ်းချုပ် ပိုင်ဖေးရှန်းရဲ့ သမီး ရေခဲမြစ်နတ်သမီး ပိုင်ချင်းချင်းနဲ့ ‘လေဟာနယ်လမင်းသခင်’ ပိုင်ယွိကုန်းတို့ ဖြစ်ပါတယ်။ သူတို့အပြင် ယွမ်မျိုးနွယ်စုရဲ့ မဟာဝိညာဉ်သခင် ယွမ်ရှီကျုနဲ့ တော်ဝင်ချန်နိုင်ငံရဲ့ ချန်ပီယံ မြို့စားတို့ ဖြစ်ပါတယ်။ ဒီငါးယောက်က ဂိုဏ်းရဲ့ မဟာအကြီးအကဲ ကိုးဦးဆီကနေ ခွင့်ပြုချက် ရထားပြီးပါပြီ။ သူတို့ ငါးယောက်ဟာ ဒီလ ၁၅ ရက်နေ့ လပြည့်ညမှာ ယှဉ်ပြိုင် ကြပါလိမ့်မယ်။ အနိုင်ရတဲ့သူကို မဟာအကြီးအကဲ ကိုးဦးက ဂိုဏ်းချုပ်အဖြစ် ခန့်အပ်မှာ ဖြစ်ပြီး ဂိုဏ်းရဲ့ မဟာဝိညာဉ်တာအိုကျမ်းနဲ့ ဂိုဏ်းရဲ့ ဓမ္မရတနာဖြစ်တဲ့ ‘ကောင်းကင် ခုနှစ်စဉ်ကြယ် မြေနတ်ဆိုးတံဆိပ်’ကို ပေးအပ်ပါလိမ့်မယ်။ ဂိုဏ်းတစ်ခုလုံးက အဲဒီလူရဲ့ အမိန့်ကို နားထောင်ရမှာပါ။”

ပိုင်ကျိချိုးက လက်ရှိ အခြေအနေကို စကားအနည်းငယ်ဖြင့်ပင် ရှင်းလင်းစွာ ခွဲခြမ်းစိတ်ဖြာ ပြခဲ့သည်။

“ချန်ပီယံမြို့စားက ဘယ်လိုလုပ် အရည်အချင်း ပြည့်မီတာလဲ။” ဟုန်ယွိက မေးလိုက် သည်။

“သူက ပိုင်ချင်းချင်းနဲ့ စေ့စပ်ထားတာပါ။ သူက ပိုင်ချင်းချင်းကို ဂိုဏ်းချုပ်နေရာရအောင် ကူညီပေးပြီးရင် သူတို့နှစ်ယောက်က ဇနီးမောင်နှံ ဖြစ်လာကြမှာပါ။ ဒါဟာ ပိုင်ချင်းချင်းတို့ သားအမိနှစ်ယောက်က ပိုင်ဇိယွဲ့ကို ဆန့်ကျင်ပြီး ဂိုဏ်းချုပ်နေရာကို ရယူဖို့ ကြိုးစားတဲ့ နည်းလမ်း တစ်ခု ဖြစ်ပါတယ်။ နောက်ဆုံးတော့ ပိုင်ဇိယွဲ့ဟာ မျောက်ဝံဖြူဘုရင် ပြန်လည် ဝင်စားသူဖြစ်ပြီး မိုးကြိုးကပ်ဘေးကို တစ်ကြိမ် ကျော်ဖြတ်ထားသူဆိုတော့ ပိုင်ချင်းချင်း အနေနဲ့ သူ့ကို ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူးလေ။” ပိုင်ကျိချိုးက ရိုသေသေ ပြောလိုက် သည်။

“ဘာ ဂိုဏ်းချုပ်နေရာ လုပွဲလဲ။ ဒါက အရမ်းရှုပ်လွန်းတယ်။ အားယွိဂိုဏ်းချုပ်က လွဲရင် ကျန်တဲ့သူတွေ အားလုံးက အမှိုက်တွေပဲ။ ငါတို့ အားလုံးကို အတူတူ သတ်ပစ်ရအောင်၊ မဟာအကြီးအကဲ ကိုးဦးကိုသတ်ပြီး မဟာဝိညာဉ်တာအိုကျမ်းကို လုယူရအောင်။” ရွှေပင့်ကူက အော်ဟစ်လိုက်သည်။

“မဟာဝိညာဉ်တာအိုကျမ်းကို ကိုးပိုင်း ခွဲထားတာပါ၊ အဲဒါက မဟာအကြီးအကဲ ကိုးဦးရဲ့ လက်ထဲမှာ ရှိနေတာ။ တကယ်လို့, အခြေအနေ မဟန်တော့ဘူးဆိုရင် သူတို့က အဲဒီ အနှိုင်းမဲ့ ကျမ်းစာကို ဖျက်ဆီးပစ်နိုင်တယ်။ အဲဒီအပြင် သူတို့မှာ ‘ကောင်းကင် ခုနှစ်စဉ်ကြယ် မြေနတ်ဆိုးတံဆိပ်’ ရှိသေးတယ်၊ အဲဒါက အသေးမွှား မဟုတ်ဘူး။ သူတို့ရဲ့ အစစ်မှန် ခန္ဓာကိုယ်တွေက ကြယ်စင်တိုက်ပွဲကမ္ဘာထဲမှာ ရှိနေကြပြီး ဂိုဏ်းရဲ့ ကျမ်းစာတွေ ကို စောင့်ရှောက်ရင်း ဂိုဏ်းရဲ့ ကမ္ဘာငယ်လေးကို တည်ငြိမ်အောင် လုပ်နေကြတာ။”

ပိုင်ကျိချိုးက ဆက်ပြောသည်။

“ကြယ်စင်တိုက်ပွဲကမ္ဘာကလည်း ကမ္ဘာငယ်လေးတစ်ခုပဲ။ ဒါပေမဲ့ ဒီကမ္ဘာငယ်လေးက မဟာအကြီးအကဲ ကိုးဦးက အမြဲစောင့်ရှောက်နေရပြီး သူတို့ရဲ့ စိတ်ဝိညာဉ် စွမ်းအားတွေနဲ့ အမြဲတမ်း အားဖြည့်ပေးဖို့ လိုအပ်တယ်။ တကယ်လို့, မဟာအကြီးအကဲ တစ်ဉီးဉီးသာ မရှိတော့ရင် အဲဒီကမ္ဘာငယ်လေးက ပြိုကွဲလာလိမ့်မယ်။” ဟုန်ယွိသည် အစစ်မှန် ခုနှစ်စဉ် ကြယ်ဂိုဏ်း၏ လျှို့ဝှက်ချက်အချို့ကို သိထားပြီးသား ဖြစ်သည်။

“ဘိုးဘေးဟုန်လင်းကရော ဘယ်သူလဲ။” ဟုန်ယွိက ထပ်မံ မေးလိုက်သည်။

“ဘိုးဘေးဟုန်လင်းကတော့ ပိုင်ဖေးရှန်ရဲ့ တာအိုလက်တွဲဖော်ဖြစ်သူ ရေခဲမြစ်နတ်သမီးရဲ့ ဆရာပါ။ ဒီလူက နှစ်ပေါင်းများစွာ ကြာအောင် ကျင့်ကြံနေခဲ့တာ။ သတင်းတွေအရတော့ သူက ခန္ဓာကိုယ်ပျက်ဆီးပြီး ခုနစ်ကြိမ်တိုင်တိုင် ပြန်လည်ဝင်စားခဲ့ဖူးတယ်။ သူက လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ ကတည်းက နာမည်ကြီးခဲ့တာ။ သူက ရေခဲကျောက်စိမ်းကန် အောက်ခြေမှာရှိတဲ့ ရေအောက်နန်းတော်မှာ ပုန်းအောင်းကျင့်ကြံနေတာ။ သူကလည်း လျှို့ဝှက်ဆန်းကြယ်သူ တစ်ယောက်ပဲ။ သူ မိုးကြိုးကပ်ဘေး ဘယ်နှစ်ကြိမ် ကျော်ဖြတ် ထားလဲဆိုတာ မသိရဘူး။” ပိုင်ကျိချိုးက ပြောသည်။

“နှစ် ၃၀၀ အတွင်း ခန္ဓာကိုယ်ပျက်ဆီးပြီး ခုနစ်ကြိမ်တောင် ပြန်ဝင်စားခဲ့တယ် ဟုတ်လား။ သူက သိပ်ပြီး အစွမ်းမထက်လောက်ဘူး ထင်တယ်။ တိုင်ရှန်တာအိုဂိုဏ်းရဲ့ ဂိုဏ်းချုပ် မိုနိုဂါတာရီတောင် နှစ် ၃၀၀ အတွင်းမှာ ခန္ဓာကိုယ် သုံးကြိမ်ပဲ ပျက်ဆီးဖူးတယ်။” ချန်ယင်းရှာက ဝေဖန်လိုက်သည်။

“အဲဒါတော့ သေချာပါတယ်။ ဒါပေမဲ့ ဒီအဘိုးကြီးက နှစ် ၃၀၀ က လူတစ်ယောက်ဆိုတော့ သူ့ကိုယ်ပိုင် လျှို့ဝှက်ချက်တွေ ရှိမှာပဲ။” ဟုန်ယွိက ပြောသည်။ “ငါ အခု ထိုက်ကျင်းမြို့ကို သွားမယ်။ ယင်းရှာ... မင်းက ဒီမှာနေပြီး သူတို့ကို ကြည့်ထားပေးပါ။ ပိုင်ကျိချိုး... အခု ငါ့ရဲ့ လက်အောက်ငယ်သားတွေ အားလုံးက မင်းရဲ့ လူတွေကြားထဲမှာ ပုန်းအောင်းနေကြ လိမ့်မယ်။ ဒီအခွင့်အရေးကို သုံးပြီး မြို့အချို့ကို ထပ်ပြီး ထိန်းချုပ်လိုက်ပါ။ အချိန်တန်ရင် ငါတို့ နှင်းတောင်ထိပ်မှာ ဆုံကြတာပေါ့။”

ထိုသို့ပြောပြီးနောက် ဟုန်ယွိသည် တံခါးအပြင်သို့ ထွက်သွားကာ လေထဲသို့ ခုန်တက် လိုက်သည်။ ရောင်စုံအလင်းကွင်း ၈ ခုက သူ့ကို ဝန်းရံလိုက်ပြီး သူသည် ကောင်းကင်ယံသို့ ပျံတက်သွားကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။

“ရွှေပင့်ကူဘုရင်က အခု ထိုက်ကျင်းမြို့မှာ ရှိနေမလား သိချင်မိတယ်။ အရင်ဆုံး ပိုင်ဇိယွဲ့နဲ့ တွေ့တာ အကောင်းဆုံးပဲ။”

ယခုအခါ ဟုန်ယွိသည် တစ်ဦးတည်း ဖြစ်နေသဖြင့် မည်သည့် စိုးရိမ်ပူပန်မှုမျှ မရှိတော့ပေ။ သူသည် တိမ်တိုက်များအတွင်းသို့ တိုးဝင်သွားပြီးနောက် မြောက်ဘက်စွန်းဒေသသို့ အရှိန် အဟုန်ဖြင့် ပျံသန်းသွားတော့သည်။

သူသည် သူ၏ ရုပ်ခန္ဓာကိုယ်ဖြင့် ပျံသန်းနေခြင်း ဖြစ်သည်။ သူ အမှောင်နတ်ဘုရား ကိုယ်ပွားကို သန့်စင်ပြီးကတည်းက နတ်ဘုရားရှစ်ပါး၏ စွမ်းအားမှာ အလွန်တရာ ကြီးမား လာခဲ့သည်။ သူ၏ခန္ဓာကိုယ်ကို ဝန်းရံလျက် သူသည် မိုင်ပေါင်းများစွာကို တခဏအတွင်း ဖြတ်ကျော်နိုင်သည်။

“ဒီတိမ်တိုက်တွေထဲမှာ လေထုက တကယ်ကို ပြင်းထန်တာပဲ။ ကံကောင်းလို့ ငါ့မှာ နတ်ဘုရားရှစ်ပါးရဲ့ အစောင့်အရှောက် ရှိနေတာ။”

ဟုန်ယွိသည် တိမ်တိုက်များကြားတွင် ပျံသန်းနေသည်။ ပတ်ဝန်းကျင်မှာ မှောင်မည်းနေပြီး ပြင်းထန်သော လေများက သူ့ပတ်ပတ်လည်တွင် တိုက်ခတ်နေသည်။

“ဆရာ... ညဉ့်နက်သန်းခေါင် ဒီလောက် မြန်မြန်ကြီး ဘယ်ကို ပျံသန်းနေတာလဲ။” ဟုန်ယွိ သည် အရှိန်ပြင်းပြင်းဖြင့် ပျံသန်းနေစဉ်မှာပင် သူ၏ နားအနီး၌ အသံတစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။

“ဘယ်သူလဲ။”

ဟုန်ယွိ အံ့အားသင့်သွားသည်။ ဤအရာမှာ အသေးမွှားကိစ္စ မဟုတ်ပေ။ သူ၏ တာအိုပညာ မှာ အလွန်နက်နဲပြီး မိုးကြိုးကပ်ဘေး တစ်ကြိမ်ကို ကျော်ဖြတ်ထားသူ ဖြစ်သည်။ ယခုကဲ့သို့ အရှိန်အဟုန်ဖြင့် ပျံသန်းနေစဉ်မှာပင် အသံတစ်ခုကို ကြားလိုက်ရသော်လည်း မည်သူ မည်ဝါ ဖြစ်ကြောင်း သူ မသိနိုင်ခဲ့ပေ။

“ဒီပညာရှင်က ဘယ်သူလဲ။ ထွက်လာခဲ့ပြီး ကိုယ်ထင်ပြပါ။” ဟုန်ယွိသည် သူ၏ ခန္ဓာကိုယ် ကို ရုတ်တရက် ရပ်တန့်လိုက်ပြီး ဘယ်ညာ ဝှေ့ယမ်းကြည့်လိုက်သည်။ သူသည် လေထဲ တွင် တည်ငြိမ်စွာ ရပ်နေပြီး ရောင်စုံအလင်းတန်းများ တောက်ပနေစဉ် သူ၏ မျက်လုံးများ က အဝေးက မှောင်မည်းနေသော ဟင်းလင်းပြင်ကို စိုက်ကြည့်နေ၏။

“ထွက်ခဲ့စမ်း။”

“အင်း... မင်းရဲ့ တာအိုပညာရပ်က တကယ်ပဲ ဒီလောက်တောင် မြင့်မားနေတာလား။” ဟုန်ယွိ အော်ဟစ်လိုက်သည်နှင့် သူ့ရှေ့ရှိ မှောင်မည်းနေသော ဟင်းလင်းပြင်ထဲမှ အနက်ရောင် ဝတ်ဆင်ထားပြီး ဆံပင်နက်နက်နှင့် သွယ်လျသော အမျိုးသမီးတစ်ဦး ရုတ်တရက် လမ်းလျှောက် ထွက်လာသည်။ သူမ၏ မျက်လုံးများမှာ ကြယ်စင်စုအလင်း တန်းများ ထည့်ထားသကဲ့သို့ တောက်ပနေသည်။

ထိုအမျိုးသမီးသည် တစ်ကိုယ်လုံး အနက်ရောင် ဝတ်ဆင်ထားသော်လည်း သူမ၏ အဝတ် အစားများမှာ ရေကဲ့သို့ပင် ချောမွေ့လှ၏။ သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ လှပတင့်တယ် လှပြီး သူမ၏ ခန္ဓာကိုယ်က ပတ်ဝန်းကျင်မှ အမှောင်ထုနှင့် လုံးဝ တစ်သားတည်း ဖြစ်နေသည်။

ထိုအမျိုးသမီးကို မြင်သောအခါ ဟုန်ယွိသည် ရုတ်တရက် သတိရှိရှိဖြင့် အသင့်ပြင်လိုက် ပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “ဒီကမ္ဘာလောကကြီးမှာ အတားအဆီး မရှိ လှည့်လည်သွားလာနေတဲ့ ဒဏ္ဍာရီလာ ကောင်းကင်မြွေဘုရင်မ ရှင်းမိုက မြောက်ဘက်စွန်း ဒေသကို တကယ် ရောက်လာလိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ။ ခင်ဗျား ဘာလို့ ကျွန်တော့်လမ်းကို ပိတ်ပြီး နောက်ပြောင်နေရတာလဲ။”

ဟုန်ယိသည် ရယ်မောနေသော်လည်း စိတ်ကို အစွမ်းကုန် တင်းထားလိုက်သည်။ ဤအမျိုးသမီးသည် အတိုင်းအဆမရှိ နက်နဲကြောင်း သူ သိလိုက်ရ၏။ သူမသည် ဟုန်ရွှန်ကျိနှင့် ရင်ဆိုင်နေရသကဲ့သို့ ဖိအားပေးနိုင်စွမ်း ရှိသည်။ ဤလောကတွင် ဤမျှ အစွမ်းထက်သည့် အမှောင်စွမ်းအားပိုင်ရှင် အမျိုးသမီးမှာ တစ်ဦးတည်းသာ ရှိသည်။

၎င်းမှာ ကောင်းကင်မြွေဘုရင်မ ရှင်းမိုပင် ဖြစ်သည်။

All Chapters