← Chapters

ရတနာများကို အားပါးတရ ရိတ်သိမ်းခြင်း

Vol. 20 Ch. 281

ရတနာများကို အားပါးတရ ရိတ်သိမ်းခြင်း

Vol. 20 Ch. 281

သူတို့သည် အနောက်မြောက်ဒေသသို့ ပျံသန်းထွက်ခွာလာခဲ့ကြသည်။

ရံဖန်ရံခါတွင် မကောင်းဆိုးဝါးစိတ်ဝိညာည်များ ပေါ်ထွက်လာတတ်ကြပြီး ယင်းတို့၏ ခွန်အားမှာလည်း ပိုမိုကာ သန်မာလာကြသည်။

ယခင်က မကောင်းဆိုးဝါးစိတ်ဝိညာဉ်အများစုသည် တာအိုခန္ဓာအဆင့်တွင်သာ ရှိကြသည်။ သို့သော်လည်း ယခုတွင်မူ တစ်ခါတစ်ရံတွင် စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့် မကောင်းဆိုးဝါး စိတ်ဝိညာဉ်ကိုပါ မြင်တွေ့ရလေသည်။

ဝှစ်

လျှပ်စီးတစ်ချက် လက်သွားပြီးနောက် အနက်ရောင်ဓားခုတ်ချက်တစ်ခု ထွက်ပေါ်လာကာ လက်ရှစ်ချောင်း မကောင်းဆိုးဝါးစိတ်ဝိညာဉ်အား နှစ်ပိုင်း ဖြတ်လိုက်သည်။

အန်လင်းမှာ အလွန်အစွမ်းထက်သည့် ကျင့်ကြံသူတစ်ဦး ဖြစ်နေလေပြီ။ စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့်  မကောင်းဆိုးဝါးစိတ်ဝိညာဉ်များသည်ပင်လျှင် သူ၏ သာမန်တိုက်ခိုက်မှုများအား မခံနိုင်ကြချေ။

ထိုအချိန်တွင် ယင်ယွီသည် အန်လင်း၏ စကားများအား ယုံကြည်လာခဲ့သည်။ သို့သော်လည်း သူမ နားမလည်နိုင်သည့်အရာ ရှိနေဆဲပင်။ သူမတို့ နှစ်ဦးစလုံးမှာ စိတ်ဝိညာဉ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ သို့တိုင်အောင် သူမတို့ကြား၌ မည်သည်ကြောင့် ထိုမျှလောက်အထိ ကွာခြားချက် ကြီးမားရသနည်း။

ထို့အပြင် သူမသည် နဂါးမျိုးနွယ်စု၏ မျိုးရိုးမှ ဆင်းသက်လာသည့် သွေးမျိုးဆက်အား ပိုင်ဆိုင်ထားသည့် ပါရမီရှင်တစ်ဦး ဖြစ်သည်။

အိုးးး ခဏလေ။ သူမအနေဖြင့် သူမကိုယ်သူမ ပါရမီရှင်တစ်ဦးဟု ညွှန်းဆိုနိုင်စွမ်း မရှိတော့ချေ။

ယင်ယွီမှာ စိတ်ပျက်အားငယ်နေမိသည်။

“ဟိုနေရာကို ကြည့်ပါဦး အန်ကော။ အဲဒါက ဧရာမအရိုးခေါင်းကြီးရဲ့ ဘေးမှာလေ။”

ရှောင်ချိုး၏မျက်လုံးများ တောက်ပလာပြီးနောက် သူတို့အ‌ရှေ့ရှိ နေရာတစ်ခုအား ညွှန်ပြလာသည်။ ထိုနေရာတွင် ပေ ၅၀-၆၀ ခန့်ရှိမည့် အနက်ရောင်အရိုးခေါင်းတစ်ခု ရှိနေလေသည်။

ထိုအရိုးခေါင်းမှာ လူသားဦးခွံများနှင့် သဏ္ဌာန်တူသည်။ သူ၏မှတ်ဉာဏ်ထဲရှိ ပုံရိပ်များအရ ယင်းအရိုးခေါင်းမှာ ခရမ်းကြယ်စင် မကောင်းဆိုးဝါးစိတ်ဝိညာဉ်တပ်နှင့် သက်ဆိုင်လေသည်။

အန်လင်း၏မျက်လုံးများ တလက်လက်တောက်ပလာသည်။ အရိုးခေါင်း၏နံဘေးတွင် ဆင်းသက်ကာဖြင့် အနောက်သို့ ၄၉ လှမ်း လျှောက်လိုက်သည်။ ထို့နောက်တွင် မြေပြင်အား ပြင်းထန်စွာ ဆောင့်နင်းလိုက်သည်။

ဝုန်း

မြေပြင်တုန်ခါလာပြီး အဖြူရောင်တံခါးပေါက်တစ်ခု ထွက်ပေါ်လာသည်။

ယင်ယွီသည် အန်လင်းအား မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်သည်။ “နင်တို့က ဒီကို ရောက်ဖူးကြတာလား။”

အန်လင်း ပြန်ဖြေခြင်း မပြုချေ။ ထို့အစား ဦးဆောင်ကာဖြင့် တံခါးပေါက်အတွင်းသို့ ခြေလှမ်းလိုက်သည်။

ယင်ယွီတုံ့ဆိုင်းနေပြီးနောက် အန်လင်း၏အနောက်သို့ ဒေါသတကြီး လိုက်ပါသွားသည်။

သူတို့၏ ပတ်ဝန်းကျင်မှာ တည်ငြိမ်မှုမရှိဘဲ ရုပ်တရက်ဆိုသလို ချီစွမ်းအင်ပေါကြွယ်ဝသည့် နေရာတစ်ခု ထွက်ပေါ်လာသည်။

ပေထောင်ကျော်ရှည်လျားမည့် ဧရာမအရိုးစုတစ်ခု မြေပြင်ပေါ်တွင် ရှိနေလေသည်။

ထိုအရိုးစုပေါ်တွင် မြက်များ ပန်းပင်များ ပေါက်ရောက်လျက်ရှိပြီး တောက်ပသည့် ချီစွမ်းအင်နှင့် သေဆုံးခြင်းစွမ်းအင်များ ရောနှောနေလေသည်။ ငြိမ်သက်လှပမှုအား ခံစားမိစေသည်။

“ဒါက တောင်ပံနဂါးရဲ့ အရိုးစုလား။” ယင်ယွီ၏မျက်လုံးများ ပြူးကျယ်လာပြီး သူမ၏အသံများ တုန်ယင်လာသည်။ သူမ၏ ပုံစံအား ထိန်းသိမ်းနိုင်စွမ်း မရှိတော့ချေ။

တောင်ပံနဂါးများသည် နဂါးမျိုးနွယ်စုတွင် အလွန်မြင့်မားသည့် အဆင့်အတန်း၌ ရှိကြသည်။ သူတို့အရှေ့တွင် လဲလျောင်းလျက်ရှိသည့် တောင်ပံနဂါးမှာ ရှေးဟောင်းတိုက်ပွဲတွင် သေဆုံးခဲ့ရသည့် အထွတ်အထပ်တစ်ဦးဖြစ်ပေလိမ့်မည်။

အန်လင်းသည် ထိုအရိုးစု၏နံဘေးသို့ လျှောက်လှမ်းသွားပြီးနောက် ဆောင့်ကြောင့်ထိုင်ကာ ကြည့်ရှုလိုက်သည်။ သူ၏မျက်နှာထက်တွင် ပျော်ရွှင်မှုတို့ ထင်ဟပ်လာသည်။

နဂါးဦးခေါင်းခွံ၏အောက်တွင် ရှေးဟောင်းနွယ်တစ်ခုအား တွေ့လိုက်ရသည်။ ထိုနွယ်သည် ခရမ်းရောင်တောက်ပနေပြီး နူးညံ့ချောမွေ့သည့်ဟန် ရှိသည်။

ယင်းမှာ သူရှာဖွေနေသော ရှေးဟောင်းခရမ်းနွယ် ဖြစ်သည်။

ရှေးဟောင်းခရမ်းနွယ်များသည် တောင်ပံနဂါးများထံမှ ယင်စွမ်းအင်များကို စုပ်ယူကြပြီး သူတို့၏ ဦးခေါင်းခွံများအောက်တွင် ကြီးထွားကြသည်။

နှစ်တစ်သောင်းကျော် ကြာမြင့်ပြီးသည့်နောက်တွင် ဤနေရာတွင် ယခင်ကထက် ပိုများသည့် ရှေးဟောင်းခရမ်းနွယ်များ ရှိနေလိမ့်မည်ဟု မျှော်လင့်မထားမိခဲ့ချေ။

အန်လင်းသည် နွယ်ပင်များအားလုံးကို ခူးယူကာဖြင့် သူ၏သိုလှောင်လက်စွပ်အတွင်းသို့ ထည့်သွင်းလိုက်သည်။

ထို့နောက်တွင် တောင်ပံနဂါ၏ ကျောရိုးဆီသို့ လျှောက်လှမ်းသွားလိုက်သည်။ စွမ်းအင်လှိုင်းတစ်လှိုင်းအား သုံးကာဖြင့် အပေါက်သေးတစ်ခု ဖောက်လိုက်သည်။ သွေး ၅၀၀ ဂရမ် ရရှိခဲ့သည်။ ထိုသွေးမှားမှာ အနီရောင်ဖြစ်ပြီး ရွှေရောင်ရောစပ်နေသည်။

တောင်ပံနဂါး၏ သွေးစစ်စစ်သည် တောင်ပံနဂါးများ၏ ကျောရိုးအတွင်း၌သာ ရှိတတ်ကြသည်။ ထိုသွေးများမှာ အင်မော်တယ်ဖြစ်သည့်အတွက် နှစ်ပေါင်း သောင်းချီအောင် ကြာညောင်းခဲ့သော်လည်း ယနေ့ထိတိုင်အောင် ကျန်ရစ်နေဆဲဖြစ်သည်။

“နင်.. နင်က ငါတို့ရဲ့ ဘိုးဘေးတွေကို စော်ကားနေတာပဲ။”

တောင်ပံနဂါး၏ အင်မော်တယ်သွေးများကို စုဆောင်းနေသည့် အန်လင်းအား မြင်သည့်အခါ ယင်ယွီမှာ ဒေါသတကြီး ခြေဆောင့်လေသည်။

အန်လင်း မျက်လုံးတေံကြည့်လိုက်သည်။ “စိတ်မပူပါနဲ့။ အထဲကို ချီစွမ်းအင်နဲ့ ကြည့်ပြီးပြီ။ အင်မော်တယ်သွေး ၁.၅ ကီလိုဂရမ်လောက် ရှိနေသေးတယ်။”

တောင်ပံနဂါး၏ သွေးစစ်စစ်သည် နဂါးမျိုးနွယ်စုဝင်များအတွက် တန်ဖိုးအရှိဆုံး အစိတ်အပိုင်း ဖြစ်သည်။ အလွန်အဖိုးတန်လှသည်။

သူမ၏ ဘိုးဘေး ကောင်းကင်နဂါးမယ် ရှန့်ယင်သည် ထိုစဉ်က အင်မော်တယ်သွေး ၅၀၀ ဂရမ်သာလျှင် ထုတ်ယူခဲ့သည်မှာ လေးစားဖွယ်ရာဖြစ်သည်။

အန်လင်းသည် ယင်ယွီ၏စကားများကို ကြားသည့်အခါ ခေတ္တမျှ စဉ်းစားလိုက်သည်။ သူ၏အပြုအမူများမှာ အမှန်တကယ်ကို မသင့်လျော်ဟု ခံစားမိသည်။

ကျောရိုးဆီသို့ လျှောက်သွားလိုက်ပြီး အင်မော်တယ်သွေး ၅၀၀ ဂရမ် ထပ်မံထုတ်ယူလိုက်ပြန်သည်။

ရှန့်ယင်က နဂါးမျိုးနွယ်စုဝင်လေ။ အဲဒီတော့ လေးစားမှုရှိသင့်တယ်။

ဒါပေမဲ့ ငါကတော့ လူသားလေ။ အဲတော့ နဂါးတွေအပေါ်မှာ ဘာလို့လေးစားမှုပြုနေရမှာတုန်း။

အင်း.. အင်မော်တယ်သွေး ၁ ကီလိုဂရမ်။ လိုရမယ်ရက ၅၀၀ ဂရမ်။

အန်လင်းသည် နောက်တစ်ဖန် သွေး ၅၀၀ ဂရမ်အား ထပ်မံထုတ်ယူလိုက်သည်ကို မြင်လိုက်ရသည့်အခါ ယင်ယွီမှာ ဒေါသထွက်လွန်းသဖြင့် သတိလစ်မတတ်ပင် ဖြစ်လာသည်။ သူမသည် စိတ်လှုပ်ရှားလွန်းသဖြင့် ရင်ဘတ်မှာ နိမ့်ချည် မြင့်ချည်ဖြင့် ရှိနေလေသည်။

“တခြားမျိုးနွယ်စုကလူတွေသာ ဒီအရိုးစုကို မြင်လိုက်ရင် အကုန်ယူသွားကြမှာ။ အရိုးတစ်ခုတောင် ချန်ထားရစ်မှာ မဟုတ်ဘူး။ ငါက နင့်ရဲ့ဘိုးဘေးတွေကို အတော်လေး လေးစားလွန်းလို့နော်။ နားလည်လား။” အန်လင်း လေးနက်စွာဖြင့် ပြောလိုက်သည်။

ယင်ယွီ၏ လှပသည့် မျက်နှာလေးမှာ နီရဲတွတ်လာသည်။ သူမသည် အလွန်ဒေါသထွက်နေသည့်အတွက် ပြောစရာစကားပင် ပျောက်ဆုံးနေရသည်။

သူတို့သည် လွတ်လပ်သောနယ်မြေအား လှည့်လည်သွားလာပြီးနောက် စိတ်ဝိညာဉ်အဆင့် ဆေးပင်အနည်းငယ်အား ခူးဆွတ်လိုက်ကြသည်။ ထိုဆေးပင်များမှအပ အဖိုးတန်သည့်အရာများ မရှိချေ။ ခေတ္တမျှ ကြာပြီးသည့်နောက်တွင် ထိုနယ်မြေမှ ထွက်ခွာလာခဲ့ကြသည်။

“ငါတို့က ရှေးဟောင်းခရမ်းနွယ်နဲ့ တောင်ပံနဂါးရဲ့ သွေးစစ်စစ်ကို ရပြီးပြီးဆိုတော့ သိုးသားရေမြေပုံပေါ်မှာ အမှတ်အသားပြုထားတဲ့ ရတနာတွေကို ရှာဖွေဖို့အချိန်ရောက်ပြီ။” အန်လင်းသည် ပျော်ရွှင်စွာဖြင့် သွားဖြီးလိုက်ပြီးနောက် သိုးသားရေမြေပုံအား ဖြန့်လိုက်သည်။

ထိုသို့ဖြင့် သူတို့သည် အနီးဆုံးနေရာမှ စတင်ရှာဖွေကြသည်။

သူတို့သည် သွေးကန်အတွင်းသို့ ဆင်းလိုက်ကြပြီး အဆင့် ၃ အင်မော်တယ် သစ်သီးဖြစ်သည့် သွေးအောက်သစ်သီးအား ရှာတွေ့ခဲ့သည်။

အံ့ဖွယ်မိစ္ဆာနယ်မြေသို့ စွန့်စားခဲ့ကြပြီး သုဿန်နယ်မြေပန်းပွင့်အား ရှာတွေ့ခဲ့သည်။

ကျောက်တုံးနက်တောအုပ်သို့ လျှောက်လှမ်းသွားပြီးသည့်နောက်တွင် ဗာဂျရာစိတ်ဝိညာဉ်အား ရရှိခဲ့သည်။

ထို့နောက်တွင် သူတို့သည် သိမ်မွေ့စိတ်ဝိညာဉ်အရိုး၊ မိစ္ဆာသွေးလုံး၊ အထွတ်အမြတ်ရေခဲကြာ နှင့် တစ္ဆေဖန်သံချပ်ကာ တို့ကိုပါ ရရှိခဲ့သည်။

ရတနာနယ်မြေ ၉ ခုအား ရှာဖွေပြီးစီးသည့်နောက်တွင် ၇ ခု၌ ရတနာများ ရှာဖွေတွေ့ရှိခဲ့ပြီး ၂ ခု မှာမူ မည်သည့်အရာမျှ ရှိမနေချေ။ ထို့ကြောင့် အန်လင်းသည် ထိုသူတော်စင်ဟူသည့် ပုဂ္ဂိုလ်အား ကြိမ်ဖန်များစွာ ပြစ်တင်ပြောဆိုတော့သည်။

အန်လင်းသည် ရတနာများအား ယူဆောင်ကာဖြင့် မကျေမချမ်း ညည်းတွားနေခြင်းကို မြင်တွေ့ရသည့်အခါ ယင်ယွဲ့၏ အသက်ရှုနှုန်းများ ဖောက်ပြန်လာတော့သည်။

ထို့နောက်တွင် မြေပုံပေါ်၌ နောက်ဆုံးအမှတ်အသားပြုထားသည့် နေရာအား သွားရောက်ရမည်ဖြစ်သည်။ ယင်းမှာ အဆင့် ၁ အင်မော်တယ်ပစ္စည်း ဖြစ်သည့် ပြန်လည်ဝင်စားနိုင်သော ဂျင်ဆင်း ဖြစ်လေသည်။

ထိုအင်မော်တယ်ပစ္စည်းမှာ ရတနာအားလုံးထဲတွင် အန္တရာယ်အများဆုံးအဖြစ် မှတ်သားထားသည်။ ထို့ကြောင့် အန်လင်းသည် ယင်းအား နောက်ဆုံးမှ ရှာဖွေရခြင်းဖြစ်သည်။

ပြန်လည်ဝင်စားနိုင်သောဂျင်ဆင်းသည် ရှေးဟောင်းတိုက်ပွဲပြင်၏ ဗဟိုချက်မအနီးတွင် ရှိလေသည်။ ထိုဒေသရှိလေဟာနယ်မှာ အလွန်တည်ငြိမ်မှု မရှိသည့်အပြင် မြေပြင်မှုလည်း အကြီးအကျယ် အက်ကွဲနေလေသည်။ မာယာများသည့် အဆုံးမဲ့ချောက်များစွာလည်းရှိပြီး ယင်းတို့သည် သက်ရှိအားလုံးကို နတ်ဆိုးပါးစပ်ကဲ့သို့ ဝါးမျိုပစ်လေသည်။

“သေခြင်းနဲ့ရှင်ခြင်းအကြား ပြန်မွေးဖွားခြင်းက သူ့ကို အဆင့် ၁ အင်မော်တယ်ပစ္စည်း ဖြစ်လာစေခဲ့တာပဲ။”

“လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀၀ အကြာတုန်းက ကောင်းကင်နဲ့ မြေပြင်ကို လှုပ်ခတ်သွားစေခဲ့တဲ့ တိုက်ပွဲတစ်ခု ဖြစ်ခဲ့တယ်။ နဂါးမင်းပိုင်နက်တစ်ခုလုံး ဖျက်ဆီးခံခဲ့ရပြီး အစွမ်းထက်သက်ရှိ သန်းနဲ့ချီပြီး သေဆုံးခဲ့ရတယ်။ ပြန်လည်ဝင်စားခြင်းဂျင်စင်း ကြီးထွားဖို့အတွက် လိုအပ်ချက်တွေထဲက တစ်ခုလေ။ သေဆုံးခြင်း ပေါ့။”

“ရှင်သန်ခြင်းအတွက်ကျတော့ကော။ ပြန်လည်ဝင်စားခြင်းဂျင်ဆင်း ကြီးထွားဖို့အတွက် လိုအပ်ချက်ထဲက တစ်ခုဟုတ်ဘူးလား။ အဲဒါကကော ဘယ်လိုသက်ရောက်တာလဲ။”

အန်လင်းသည် တပိုင်၏ကျောပေါ်တွင်ထိုင်ကာဖြင့် စဉ်းစားနေမိသည်။

အန်လင်းနားမလည်နိုင်သည့်အရာ ရှိနေပုံရသဖြင့် ယင်ယွီသည် ချက်ချင်းပင် စကားဖြတ်ပြောလေသည်။ “အဲဒါကို နင်နားမလည်နိုင်ဘူး ဖြစ်နေတာမလား။”

အန်လင်း၏ စပ်စုလိုသည့်အကြည့်အား မြင်လိုက်သည့်အခါတွင် သူမသည် ထုံထိုင်မဟုတ်တော့ဟု ခံစားလိုက်ရသည်။ အနည်းငယ် ကျေနပ်လာမိပြီးနောက် မနှေးမမြန်သည့်နှုန်းဖြင့် ရှင်းပြလေသည်။ “သေဆုံးခြင်းက သူ့ရဲ့အကန့်အသတ်ကို ရောက်ရှိသွားပြီဆိုရင် ရှင်သန်ခြင်းစတော့တာပဲ။ ဒါပေမဲ့လည်း အဲဒီ ရှင်သန်ခြင်းမှာ မကျေလည်မှုတွေ၊ အမုန်းတရားတွေနဲ့ မျှော်လင့်ချက်ပျက်သုဉ်းမှုတို့တွေ ပါဝင်နေတယ်။ အဲဒီအရာတွေက ပြန်လည်ဝင်စားခြင်းစက်ဝိုင်းထဲကို မဝင်ရောက်နိုင်ပေမဲ့ အဲဒီ မကောင်းတဲ့ စိတ်ခံစားချက်တွေက ထူးခြားတဲ့ ရှင်သန်ခြင်းကို မွေးဖွားစေနိုင်တယ်။”

အန်လင်း မျက်တောင်ခတ်ကာဖြင့် တွေးလိုက်မိသည်။ “အဲတော့ နင်ပြောတဲ့သဘောက အဲဒီ မကောင်းဆိုးဝါးစိတ်ဝိညာဉ်တွေ အရိုးသရဲတွေက ရှင်သန်ခြင်းရဲ့ ပုံရိပ်တွေပဲပေါ့။”

ယင်ယွီ ခေါင်းညိတ်လိုက်သည်။ “သူတို့ကို သက်ရှိတွေအဖြစ်နဲ့ ထည့်သွင်းစဉ်းစားလို့ရတယ်။ သူတို့က အသိဉာဏ်မရှိတဲ့ သက်ရှိတွေလေ။ သူတို့ ရှင်သန်လာကတည်းက ကောင်းကင်တာအိုရဲ့ စွန့်လွှတ်ခြင်းကို ခံခဲ့ကြရသည်။ သေဆုံးသွားရင်တောင်မှပဲ ပြန်လည်ဝင်စားခြင်းစက်ဝိုင်းထဲကို မဝင်နိုင်ကြတော့ဘူး။ အဲဒီတော့ သူတို့ရဲ့ မကျေလည်မှုတွေ အမုန်းတရားတွေက ကြီးမားပြီး အဆုံးမဲ့လာတော့တာပေါ့။ အဲဒါကြောင့် ဒီလောကကြီးထဲမှာ သူတို့ရဲ့ တည်ရှိမှုက ကွမ်တမ်အခြေအနေမှာ ရှိနေတယ်။။”

“က.. ကွမ်တမ်အခြေအနေ ဟုတ်လား။” အန်လင်း ရှုံ့မဲ့လာသည်။ ထိုထူးခြားသည့် အသုံးအနှုူံးအား ပထမဆုံးအကြိမ်အဖြစ် ကြားလိုက်ရခြင်းဖြစ်သည်။

“အာ.. နင့်ကြည့်ရတာ ကွမ်တမ်အခြေအနေရဲ့ သဘောတရားကို နားမလည်ပုံပဲ။” ယင်ယွီ၏မျက်လုံးများ အရောင်တာက်လာပြီး သူမသည် နယ်ပယ်အချို့တွင် ထူးချွန်သူတစ်ဦးဟု ခံစားနေမိပုံရသည်။ “ငါပြောပြမယ်။ သေးငယ်တဲ့အမှုန်လေးတွေ ပေါင်းစပ်လာပြီးတော့ အချိန်တွေ၊ လေဟာနယ်တွေနဲ့ ကမ္မသီအိုရီတွေအထိ ဖြစ်လာရတယ်။ တကယ်လို့ နင်နားမလည်ဘူးဆိုရင် နဂါးနန်းတော်ကို ပြန်ရောက်တဲ့အခါ ကွမ်တမ်သီအိုရီနဲ့ ပတ်သက်တဲ့စာအုပ်တွေပေးမယ်။ ငါက ဆရာမလုပ်ပြီး နင်က ကျောင်းသားလုပ်ပေါ့။”

သူမသည် အားဆေးထိုးသွင်းခံထားရသကဲ့သို့ အလွန်တက်ကြွလာလေသည်။ အန်လင်းအား ထိုအကြောင်းနှင့်ပတ်သက်၍ မရပ်မနား ရှင်းပြလေသည်။ သူမသည် အလွန်ပီတိဖြာလျက်ရှိသည်။

အန်လင်းသည် သူမ၏ အသိပညာများကြောင့် တုန်လှုပ်နေမိသည်။ နဂါးနန်းတော်က အဲဒီစာတွေအကြောင်း သုတေသနလုပ်နေတာတဲ့လား။ သူတို့မှာ စာအုပ်တွေတောင် ရှိနေသးတာလား။

ဝန်ခံရမည်မှာ နဂါးနန်းတော်အား အမှန်တကယ်ကို သွားရောက်လေ့လာလိုမိသည်။ ထိုစာအုပ်များအား မြင်တွေ့လိုမိသည်။

အတော်ကြာအောင် ပျံသန်းပြီးသည့်နောက်တွင် အနက်ရောင်မြူခိုးများ ရစ်ဝဲနေသည့် နေရာတစ်ခုသို့ ရောက်ရှိလာခဲ့ကြသည််။

“ရောက်လာခဲ့ပြီ။ အဲဒါက ဒီအနီးတဝိုက်မှာပဲ ရှိလိမ့်မယ်။”

အန်လင်းသည် မြေပုံအား ငုံ့ကြည့်ကာဖြင့် ပြောသည်။

ထိုအချိန်မှာပင် မကောင်းဆိုးဝါးစိတ်ဝိညာဉ်တစ်ခု မျောလွင့်လာသည်။ ထို့နောက်တွင် ယင်းသည် ရှောင်ချိုး၏ တိုက်ခိုက်ခြင်း ခံလိုက်ရလေသည်။

ဤနေရာတွင် မကောင်းဆိုးဝါးစိတ်ဝိညာဉ်နှင့် အရိုးသရဲတို့သည် မကျေလည်မှုများနှင့် အမုန်းတရားတို့မှ ဖြစ်ပေါ်လာပြီး လှည့်လည်သွားလာနေကြသည်။

ယင်းတို့၏ အော်ရာများမှာ အတော်လေး သန်မာအားကောင်းကြသည်။ စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူနှင့် ညီမျှသည့် ခွန်အားပိုင်ဆိုင်ထားသူများ အတော်လေး များပြားလှသည်။

အဆုံးမဲ့သည့်ချောက်များအတွင်းမှ အနက်ရောင်မြူခိုးများစွာ ထွက်ပေါ်လျက်ရှိပြီး ထိုကုန်းမြေအား လွှမ်းမိုးထားလေသည်။

“အန်ကောရေ ဟိုနားကို ကြည့်ပါဦး။ အဲဒီမှာ အနက်ရောင်အလုံးကြီး” ရှောင်ချိုး ပြောလေသည်။

အနက်ရောင်အလုံးကြီးသည် မီတာတစ်ထောင်အဝေးတစ်နေရာတွင် တိတ်ဆိတ်စွာ ထိုင်နေခြင်းဖြစ်သည်။

“သွားကြည့်ကြတာပေါ့။”

အန်လင်းဦးဆောင်ကာဖြင့် ထိုအနက်ရောင်အလုံးကြီးထံ ပျံသန်းသွားလေသည်။ မိစ္ဆာရှင်းဓားအား လက်ထဲတွင် တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။

ထိုအနက်ရောင်အလုံးကြီးထံ ရောက်ရှိသည့်အခါတွင် ယင်းမှာ အလွန်ချောမွတ်ပြီး ပြစ်ချက်တစ်ခုမျှ ရှိမနေသည်ကို တွေ့လိုက်ရသည်။ မျကနှာပြင်မှာ မှန်တစ်ချပ်ကဲ့သို့ ပြောင်လက်နေပြီး အချင်းမှာ ပေ ၃၀ ခန့် ရှိပေမည်။ ထိုမျှအပ အခြားထူးခြားသည့် လက္ခဏာများ မရှိပေ။

“ပြန်လည်ဝင်စားခြင်းဂျင်ဆင်းက ဒီအလုံးထဲမှာတော့ မဖြစ်နိုင်ပါဘူးနော်။” အန်လင်း မေးလိုက်သည်။

ယင်ယွီမှာလည်း မသေချာလှပေ။ သူမသည် ပြန်လည်ဝင်စားခြင်းဂျင်ဆင်းအား မြင်တွေ့ခဲ့ဖူးခြင်း မရှိချေ။ “ဘာလို့များ ခွဲပြီးမကြည့်ကြာတာဲ။”

ယင်းမှာ အတော်လေးကောင်းသည့် အကြံဖြစ်သည်။ ထို့ကြောင့် အန်လင်းမှာ တုံ့ဆိုင်းခြင်းမရှိ ပြုမူလိုက်သည်။ ဂမ်ဒမ် တစ်နှင့် ဂမ်ဒမ်နှစ်အား ထုတ်ယူလိုက်ပြီးနောက် ထိုအလုံးအား ဖွင့်ခိုင်းလိုက်သည်။

ယင်းအခိုက်အတံ့မှာပင် ထိုအလုံးနိုးထလာကာ စတင် အက်ကွဲလာလေတော့သည်။

***

All Chapters