← Chapters

ဆေးလုံးစမ်းသပ် ဖော်စပ်ရတာ မလွယ်ဘူးပဲ

Vol. 15 Ch. 159

ဆေးလုံးစမ်းသပ် ဖော်စပ်ရတာ မလွယ်ဘူးပဲ

Vol. 15 Ch. 159

အကြီးအကဲစုကျွင်းဟောင် တစ်ဖန် ပြန်ရောက်လာသည်ကို ကြည့်ရင်း စုန့်ဝမ် အံ့သြသွားသည်။ စုမိသားစုမှာ လက်မလျှော့သေးဘဲ ပြင်ပကျင့်ကြံသူများကို ဆက်လက် စုံစမ်းနေဆဲပင်။ ဘာကြောင့် စုမိသားစုက သူခိုးဟာ သူတို့ထဲမှာပဲ ပုန်းနေတယ်လို့ ဒီလောက် ခိုင်ခိုင်မာမာ ယုံကြည်နေရတာလဲ၊ သူတို့ တစ်ခုခုကို ရှာတွေ့သွားလို့လား။

“ဆေးပညာရှင် အားလုံး အပြင်ထွက်ခဲ့ကြ၊ စုမိသားစုရဲ့ စစ်ဆေးမှုကို ပူးပေါင်းဆောင်ရွက်ပါ”

လေထဲတွင် ဝေ့ဝဲနေသော စုကျွင်းဟောင်က အော်ဟစ် အမိန့်ပေးလိုက်သည်။

စုန့်ဝမ် အပါအဝင် ဆေးပညာရှင် ၈၀ ကျော် အိမ်များထဲမှ နောက်တစ်ကြိမ် ထွက်လာကြရသည်။

ယခုတစ်ကြိမ် စုမိသားစု၏ စုံစမ်းစစ်ဆေးမှုမှာ ယခင်ကထက် များစွာ ပိုမို အသေးစိတ်လှသည်။ ကိုယ်တိုင် ရှာဖွေရုံတင်မကဘဲ ဆေးပညာရှင်များ နေထိုင်သည့် အိမ်များကိုပါ မြေအောက် သုံးပေအထိ တူးဆွ စစ်ဆေးကြသည်။ဟပညာရှင် တစ်ဦးချင်းစီ၏ နေအိမ်များကို အကုန်ဖျက်ဆီးပစ်ကာ အိမ်ရှေ့၊ အိမ်နောက် မြေကွက်လပ်များပါ မချန် ပေအတော်များများ နက်သည်အထိ တူးဆွပစ်ကြသည်။ ထို့ပြင် တစ်ဦးချင်းစီ၏ လွန်ခဲ့သော ရက်အနည်းငယ်က လှုပ်ရှားမှုများကိုပါ အသေးစိတ် စုံစမ်းသည်။

ကံကောင်းသည်မှာ ဤရက်ပိုင်းအတွင်း စုန့်ဝမ်သည် ဆေးဖော်စပ်ဆောင်တွင် ပုံမှန်အလုပ်ဆင်းနေကြောင်း အလုပ်မှတ်တမ်း ရှိနေခဲ့သည်။ ပြဿနာဖြစ်သည့် ညများတွင်လည်း ဆေးဖော်ရင်း ဝိညာဉ်စွမ်းအင် ကုန်ခမ်းခြင်းကြောင့် ကျင့်ကြံရင်း ပြန်လည် အားဖြည့်နေရကြောင်း တာဝန်ခံစုဟွာယွဲ့က သက်သေခံပေးသဖြင့် အခက်အခဲမရှိ လွတ်မြောက်ခဲ့သည်။ ဆေးဖော်စပ်ခြင်းမှာ စိတ်စွမ်းအင် အလွန်ကုန်ခမ်းလှသဖြင့် သိစိတ်ပင်လယ် ထိခိုက်သွားသူများကို စုဟွာယွဲ့က သေချာမှတ်သားထားခြင်း ဖြစ်သည်။ သို့မှသာ လူကို မထိခိုက်စရန် အလုပ်တာဝန် ခွဲဝေပေးနိုင်မည် ဖြစ်သဖြင့် သူမက အထူးသတိပြုမှတ်သားခြင်း ဖြစ်သည်။ ထိုသို့ အနားယူနေသူမှာ စုန့်ဝမ် တစ်ဦးတည်း မဟုတ်ပေ။ ​ဆေးပညာရှင် ထက်ဝက်ကျော်မှာ အနားယူနေကြခြင်း ဖြစ်သဖြင့် စုမိသားစုအနေဖြင့် အားလုံးကို သံသယဝင်ရန် မဖြစ်နိုင်ပေ။ ယခု ရက်ပိုင်းအတွင်း ဆေးဖော်စပ်မှု အရှိန်တိုးမြှင့်ရန် မိသားစုခေါင်းဆောင် အမိန့်ပေးထားခြင်း၏ အကျိုးဆက်လည်း ဖြစ်နေသဖြင့် လက်ခံလိုက်ရသည်။

မိုးလင်းသောအခါ စုမိသားစုသည် စုံစမ်းစစ်ဆေးမှုများကို ရုတ်တရက် ရပ်ဆိုင်းလိုက်သည်။ အနည်းဆုံးတော့ အပေါ်ယံတွင် နောက်ထပ် ဘာစစ်ဆေးမှုမှ မရှိတော့ပေ။ ၎င်းမှာ မနေ့ညက ကြီးကျယ်လှသော စုံစမ်းစစ်ဆေးမှုကြီးကို ဟာသတစ်ခုကဲ့သို့ ဖြစ်သွားစေသည်။ ထောင်ထဲတွင် အကျဉ်းချခံထားရသော လေလွင့်ကျင့်ကြံသူ တစ်ဒါဇင်ကျော်လည်း ပြန်လည် လွတ်မြောက်လာသည်။ ဒဏ်ရာ အနည်းငယ်စီ ရကြသည်မှလွဲ၍ ကြီးကြီးမားမား ထိခိုက်မှု မရှိကြပေ။

နေ့လည်တွင် စုမိသားစုက ကြေညာချက်တစ်ခု ထုတ်ပြန်သည်။ ယမန်နေ့ညက ကိစ္စများအားလုံး ပြီးဆုံးသွားပြီဖြစ်ကြောင်းနှင့် စုံစမ်းစစ်ဆေးစဉ်အတွင်း ပျက်စီးသွားမှုများအတွက် စုမိသားစုက လျော်ကြေးပေးမည် ဖြစ်ကြောင်း။ ပြင်ပကျင့်ကြံသူများအနေဖြင့် မကျေနပ်မှုများကို ဘေးဖယ်ကာ ဆက်လက် အလုပ်လုပ်ပေးရန် စုမိသားစုက တောင်းဆိုခဲ့သည်။

၎င်းက ပြင်ပကျင့်ကြံသူ အများအပြားကို ဇဝေဇဝါ ဖြစ်သွားစေသည်။ စုမိသားစု အကြံအစည်ကို မည်သူမျှ မသိကြပေ။ သို့သော် စုန့်ဝမ်က စုမိသားစုတွင် တစ်ခုခု ဖြစ်တော့မည်ကို ရိပ်မိလိုက်သည်။ ထို့ကြောင့် ပြင်ပကျင့်ကြံသူများ မကျေမနပ် မဖြစ်စေရန် နှစ်သိမ့်ကာ ဤအကျပ်အတည်းကို ချောမွေ့စွာ ကျော်ဖြတ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။

မကြာမီမှာပင် သူ့သံသယ မှန်ကန်ကြောင်း စုန့်ဝမ် သေချာသွားသည်။ နောက်နေ့သည် စုဟွာယွဲ့ စီစဉ်ပေးထားသည့် စုန့်ဝမ်အတွက် အားလပ်ရက် ဖြစ်သည်။ အသစ်စီစဉ်ပေးသော အိမ်တွင် တစ်နေ့လုံး ကျင့်ကြံနေခဲ့သည်။ နေဝင်ရိုးရီ အချိန်ရောက်မှသာ အခန်းထဲမှ ထွက်လာပြီး စားသောက်ခန်းမသို့ သွားခဲ့သည်။

စားသောက်ခန်းမတွင် သွမ့်ကျား၊ ချီရှုံနှင့် အခြားသူများကို ထပ်မံ တွေ့ဆုံခဲ့သည်။

“ဒီနေ့ တာဝန်ခံစုဟွာယွဲ့ကို စုမိသားစုကနေ ထွက်ချင်တယ်လို့ ကျွန်မ ပြောခဲ့တယ်” ဟု ကောင်းယန် အမည်ရှိ အမျိုးသမီး ကျင့်ကြံသူက ပြောလိုက်သည်။

“ငါလည်း ထွက်စာ တင်ခဲ့တယ်” ဟု သွမ့်ကျားက ဆိုသည်။

စားပွဲတွင် ခုနစ်ဦး ထိုင်နေကြရာ ငါးဦးမှာ ယနေ့ နှုတ်ထွက်စာ တင်ခဲ့ကြကြောင်း ပြောကြသည်။ စုန့်ဝမ်နှင့် ချီရှုံ နှစ်ဦးသာ မတင်ရသေးပေ။

လူအများကြားတွင် ထူးခြားမနေစေရန် စုန့်ဝမ်က ဝင်ပြောလိုက်သည်။

“မင်းတို့အားလုံး ဒီနေ့ နှုတ်ထွက်စာ သွားတင်ကြတာလား။ မနေ့ညက ကိစ္စကတော့ ဒီအဘိုးကြီးကို သေမတတ် ကြောက်သွားစေတာပဲ။ ငါလည်း နှုတ်ထွက်ချင်တယ်၊ ဒါပေမဲ့ ဒီနေ့ အားလပ်ရက်ဖြစ်နေလို့ မတင်ရသေးတာ။ တာဝန်ခံစုက မင်းတို့ရဲ့ နှုတ်ထွက်စာကို လက်ခံလား”

ကောင်းယန်က ခေါင်းခါကာ ပြန်ဖြေသည်။

“မရသေးဘူး။ တာဝန်ခံစုက မနေ့ညကလိုကိစ္စမျိုး နောက်ထပ် မဖြစ်စေရဘူးလို့ အာမခံတယ်၊ ပြီးတော့ ငါတို့ကို ဆက်နေဖို့ လစာတောင် တိုးပေးမယ်လို့ ပြောသေးတယ်။ သူတို့က နှစ်သိမ့်လေ၊ ငါ ပိုပြီး စိတ်မလုံခြုံလေပဲ။ စုမိသားစုမှာ ကိစ္စကြီးတစ်ခုခု ဖြစ်တော့မယ်လို့ ငါ ခံစားနေရတယ်။ နောက် နှစ်ရက်ဆိုရင် လကုန်ပြီ။ လစာရတာနဲ့ စုမိသားစုက သဘောတူတူ မတူတူ ငါ ထွက်သွားတော့မယ်”

ကောင်းယန်က စိုးရိမ်တကြီး ပြောလိုက်ရာ အခြားသူများကလည်း ထောက်ခံကြသည်။ သူတို့အားလုံးသည် နောက်နှစ်ရက်တွင် လစာရသည်နှင့် သူမနှင့်အတူ ထွက်သွားရန် ဆုံးဖြတ်လိုက်ကြသည်။

“ချီရှုံ... မင်း ငါတို့နဲ့အတူ မလိုက်ဘူးလား” သွမ့်ကျားက မေးလိုက်သည်။

ချီရှုံသည် ဝေခွဲမရ ဖြစ်နေပုံရကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်ဖြေသည်။

“ငါ... ငါ ထွက်မသွားတော့ဘူး။ ဒီနေ့ တာဝန်ခံစုက ငါ့ကို အဆင့်ချိုးဖျက်ဆေး တစ်လုံး လက်ဆောင်ပေးတယ်၊ ငါကလည်း စုမိသားစုမှာ နောက်ထပ် ငါးနှစ် ဆက်နေပြီး တာဝန်ထမ်းဆောင်မယ်လို့ ကတိပေးလိုက်ပြီ”

အခြားသူများ သူ့ကို ထပ်မံ မတိုက်တွန်းကြတော့ပေ။ လူတိုင်းတွင် ကိုယ်ပိုင် ရွေးချယ်မှုများ ရှိကြသည်၊ ရလဒ်က ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ကိုယ်တိုင်သာ ရင်ဆိုင်ကြရမည် မဟုတ်ပါလား။

“ဒါဆိုရင်လည်း မင်းရဲ့ အဆင့်တက်မှု အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်။ မကြာခင်မှာ ချီစုစည်းခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာမယ်ဆိုတော့ ဂုဏ်ပြုပါတယ်”

အားလုံးက ချီရှုံကို ဂုဏ်ပြုစကား ပြောလိုက်ကြရာ သူ၏ ဆုံးဖြတ်ချက်မှာ ပိုမို ခိုင်မာသွားသည်။

သူတို့သည် လပေါင်းများစွာ ခင်မင်ခဲ့ကြသည့် သူငယ်ချင်းများ ဖြစ်ကြသော်လည်း လူတိုင်းတွင် ကိုယ်ပိုင်လမ်းစဉ်နှင့် ကိုယ်ပိုင် အခွင့်အလမ်းများ ရှိကြသည်။ ချီရှုံ၏ အခွင့်အလမ်းမှာ စုမိသားစုတွင် ရှိနေသဖြင့် ၎င်းကို သူ ဆုပ်ကိုင်ထားရမည် ဖြစ်သည်။

……

နောက်တစ်နေ့တွင် စုန့်ဝမ်သည် ဆေးဖော်စပ်ခန်းသို့ စောစော ရောက်ရှိလာသည်။ စုဟွာယွဲ့ထံမှ ဝိညာဥ်ဆေးပင် တစ်သုတ်ကို လက်ခံရယူပြီး ဆေးဖော်စပ်ခန်းအတွင်းသို့ ဝင်ခဲ့သည်။ ထို့နောက် ချီစုစည်းခြင်းဆေးလုံး ၃ စုံကို နာရီအနည်းငယ် အချိန်ယူ ဖော်စပ်လိုက်သည်။

ထို့နောက် ဝိညာဥ်ဖုံးကွယ်ခြင်းအစီအရင်ကို ပြင်ဆင်လိုက်ပြီး သွေးပေါက်ကွဲဆေးလုံးကို ဖော်စပ်ရန် ပြင်ဆင်တော့သည်။ ကိုယ်ပိုင် ဆေးမီးဖိုကို ထုတ်ယူကာ၊ ရုံကျင့်ယွမ်၏ ကျောက်စိမ်းပြားတွင် မှတ်တမ်းတင်ထားသော သွေးပေါက်ကွဲဆေးပြား ဖော်စပ်နည်းအတိုင်း ဝိညာဉ်ဆေးပင် အမျိုးမျိုးကို တစ်ခုချင်းစီ ဂရုတစိုက် ထည့်လိုက်သည်။

သွေးပေါက်ကွဲဆေးအတွက် အဓိက ဆေးပင်အဖြစ် စုလျှိုထံမှ ရရှိခဲ့သော နှစ်တစ်ရာသက်တမ်းရှိ အဝါရောင်မှိုကို သုံးသည်။ စုမိသားစု၏ ဝိညာဉ်စိုက်ခင်းမှ မှိုများစွာ ရရှိခဲ့သော်လည်း ၎င်းတို့၏ သက်စောင့်စွမ်းအားမှာ ထူးဆန်းနေသည်ဟု ခံစားရသဖြင့် ၎င်းတို့ကို ရဲရဲတင်းတင်း မသုံးစွဲသေးပေ။

အဓိကဆေးပင်ဖြစ်သော အဝါရောင်မှိုကို ထည့်သွင်းကာ ဆေးရည်အဖြစ် ဖော်စပ်လိုက်ပြီးနောက်၊ အရန်ဆေးပင်များနှင့် ပေါင်းစပ်ရန် ကြိုးစားသောအခါ ရုတ်တရက် ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့သည်။ ဆေးမီးဖိုအတွင်းမှ မီးခိုးမည်းများ ထွက်ပေါ်လာကာ ဆေးဖော်စပ်ခန်း တစ်ခုလုံး ပြည့်သွားသည်။ စုန့်ဝမ်လည်း ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ကာ ထိုမီးခိုးမည်းများကို သိမ်းဆည်းလိုက်ပြီးနောက် ကျောက်စိမ်းပြားကို ထုတ်ကာ သေချာပြန်ဖတ်ကြည့်သည်။

ခဏနေသော် အဝါရောင်မှိုနှင့် အရန်ဆေးပင်များ၏ အာနိသင်ချင်း ပဋိပက္ခဖြစ်မှုကြောင့် ပေါက်ကွဲရခြင်း ဖြစ်ကြောင်း သူ နားလည်သွားသည်။ ဤပြဿနာကို ဖြေရှင်းရန်အတွက် အဝါရောင်မှို၏ ဂုဏ်သတ္တိများကို ထိန်းညှိပေးနိုင်မည့် မှန်ကန်သော အရန်ဆေးပင်ကို ရှာဖွေရမည် ဖြစ်သည်။

အဝါရောင်မှိုမှာ ဒုတိယအဆင့် ဝိညာဉ်ဆေးပင် ဖြစ်သဖြင့် ကျောက်စိမ်းပြားထဲတွင် ၎င်းကို အသုံးပြုထားသော ဆေးနည်းများစွာ ရှိသည်။ ဆေးနည်းအားလုံးတွင် တူညီသော အချက်မှာ မြေကမ္ဘာမှိုဟုခေါ်သော အရန်ဆေးပင်ကို အသုံးပြုထားခြင်း ဖြစ်ကာ၊ ၎င်းမှာ အဝါရောင်မှို၏ ဂုဏ်သတ္တိကို ထိန်းညှိရန်အတွက် ဖြစ်ကြောင်း ထင်ရှားသည်။ ကံကောင်းသည်မှာ စုန့်ဝမ်လက်ထဲတွင် မြေကမ္ဘာမှိုအချို့ ရှိနေသည်။

ထို့ကြောင့် ဆေးမီးဖိုကို ပြန်လည် ပြင်ဆင်ကာ နောက်တစ်ကြိမ် ထပ်မံ ကြိုးစားသည်။ မှန်ကန်သည်ဟု ယူဆသော အချိုးအစားဖြင့် အဝါရောင်မှိုနှင့် မြေကမ္ဘာမှိုတို့ကို ထည့်သွင်းလိုက်သည်။ မှိုနှစ်မျိုးကို ပေါင်းစပ်ပြီးနောက် အခြားဝိညာဉ်ဆေးပင်များနှင့် ထပ်မံ ပေါင်းစပ်သောအခါ ယခုတစ်ကြိမ်တွင် ဆေးဖိုမှာ ပေါက်ကွဲခြင်း မရှိတော့ပေ။ ဆေးဖော်စပ်ခြင်း လုပ်ငန်းစဉ်မှာ ချောမွေ့လွန်းလှသဖြင့် စုန့်ဝမ်ပင်လျှင် မယုံနိုင်အောင် ဖြစ်သွားသည်။

သို့သော် ဆေးလုံးအဖြစ် စတင် စုစည်းရန် ကြိုးစားသောအခါ ဆေးဖိုအတွင်းရှိ ဆေးရည်မှာ ရုတ်တရက် ထိန်းချုပ်မရ ဖြစ်သွားပြီး ဆေးစွမ်းအင်များ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ မျက်စိတမှိတ်အတွင်းမှာပင် ဆေးမီးဖိုထဲတွင် စေးကပ်နေသော အမည်းရောင် အရည်ပျစ်ပျစ်များသာ ကျန်တော့သည်။

ဆေးလုံးဖော်စပ်မှု ကျရှုံးသွားသော်လည်း စုန့်ဝမ် စိတ်မပျက်ဘဲ ပို၍ပင် စိတ်လှုပ်ရှားလာသည်။ ကျရှုံးရခြင်းမှာ အဝါရောင်မှိုနှင့် အခြားသော အရန်ဆေးပင်များ ရောစပ်ရမည့် အချိုးအစား မမှန်ကန်မှုကြောင့် ဖြစ်သည်။ မှန်ကန်သော အချိုးအစားကို ရှာတွေ့နိုင်လျှင် ဆေးလုံးကို အောင်မြင်စွာ ဖော်စပ်နိုင်ပေလိမ့်မည်။ အချိန်နှစ်ရက် ကုန်ဆုံးသွားပြီ ဖြစ်သဖြင့် နောက်တစ်ကြိမ်ကို ချက်ချင်း မကြိုးစားတော့ပေ။ ဆေးဖော်စပ်ခန်းထဲ အချိန်အကြာကြီးနေလျှင် မလိုအပ်ဘဲ အာရုံစိုက်ခြင်းကို ခံရနိုင်သည်။

ဆေးမီးဖိုနှင့် အစီအရင်ကို သိမ်းဆည်းပြီးနောက် စုန့်ဝမ် ဆေးဖော်စပ်ခန်းထဲမှ ထွက်လာခဲ့သည်။ ခန်းမဆောင်သို့ ရောက်ပြီး စုဟွာယွဲ့ထံ ချီစုစည်းခြင်းဆေးများ သွားအပ်သောအခါ ဆေးပညာရှင် အများအပြား ထိုနေရာတွင် စုဝေးနေသည်ကို သူ တွေ့လိုက်ရသည်။

ယနေ့သည် လကုန်ရက်ဖြစ်သဖြင့် လစာ ထုတ်ပေးသောနေ့ ဖြစ်သည်။ ဆေးပညာရှင်များသည် သူတို့၏ လစာကို လာရောက် ထုတ်ယူကြခြင်း ဖြစ်သည်။ စုန့်ဝမ်လည်း အများနှင့်ရောပြီး လစာထုတ်ခဲ့လိုက်သည်။

လစာရပြီးနောက် စုန့်ဝမ်သည် ဆေးဖော်စပ်ရာ ခန်းမမှ ထွက်လာခဲ့သည်။ဟနေအိမ်သို့ ပြန်ရောက်သောအခါ ခြံဝန်းတွင်းရှိ ဆေးပညာရှင်များ၊ လက်နက်သန့်စင်သူများ၊ အဆောင်ဆရာများနှင့် အစီအရင်ဆရာများ၏ ထက်ဝက်ကျော်မှာ လစာရသည်နှင့် အုပ်စုဖွဲ့ကာ စုမိသားစုမှ ထွက်ခွာသွားကြသည်ကို မြင်လိုက်ရသည်။ စုမိသားစုက သူတို့ကို တားဆီးခြင်း မလုပ်ဘဲ ထွက်ခွာခွင့် ပေးထားသည်။ ၎င်းမှာ စုန့်ဝမ်အတွက် ထပ်မံ သံသယဖြစ်စရာ ဖြစ်လာသည်၊ စုမိသားစု၏ အပြုအမူမှာ ပုံမှန်မဟုတ်ဘဲ ထူးဆန်းနေသည်။

ထိုနေ့ နေ့လယ်၊ စုန့်ဝမ် စားသောက်ခန်းမသို့ ရောက်သောအခါ ချီရှုံနှင့် ဆုံခဲ့သည်။ လွန်ခဲ့သော နှစ်ရက်အတွင်း ချီရှုံသည် အဆင့်တက်ဆေးပြားကို သုံးစွဲကာ သူ၏ ကျင့်စဉ်အဆင့်ကို ချိုးဖျက်ရန် ကျင့်ကြံနေခဲ့ဟန် ရှိသည်။ ယခုအခါ သူသည် ချီစုစည်းခြင်း သတ္တမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

စုန့်ဝမ်ကို မြင်သောအခါ ချီရှုံ အံ့သြသွားသည်။

“ဆရာယွမ်... ခင်ဗျား တခြားလူတွေနဲ့အတူ ထွက်မသွားဘူးလား”

“တာဝန်ခံစုက ငါ့လစာကို ဝိညာဉ်ကျောက် ၅ တုံး တိုးပေးမယ် ပြောလို့ လောလောဆယ် စုမိသားစုမှာပဲ ဆက်နေဖို့ ဆုံးဖြတ်လိုက်တာ။ ငါလည်း အသက်ကြီးပြီဆိုတော့ ဒီမှာ ခိုကိုးရာ ရှာတွေ့တာကိုပဲ ကျေးဇူးတင်လှပါပြီ။ အများကြီး မမျှော်လင့်ရဲတော့ပါဘူး” ဟု စုန့်ဝမ်က လိမ်လည် ပြောဆိုလိုက်သည်။

အမှန်တကယ်တွင် သူသည် စုဟွာယွဲ့ထံသို့ နှုတ်ထွက်စာ သွားမတင်ခဲ့ပေ။ လစာတိုးပေးမည်ဟူသော ကိစ္စမှာလည်း အမှန်ပင်ဖြစ်ကာ၊ စုဟွာယွဲ့က ဆက်နေမည့် ဆေးပညာရှင် အားလုံးကို လစာ ဝိညာဥ်​ကျောက် ငါးတုံး ထပ်တိုးပေးမည်ဟု ကတိပေးထားခြင်း ဖြစ်သည်။

ချီရှုံက ခေါင်းညိတ် ထောက်ခံလိုက်သည်။

“စုမိသားစုက ဒီဒေသကို အုပ်စိုးနေတဲ့ ရှေးဟောင်း ရွှေအမြုတေအဆင့် မိသားစုကြီးပဲ။ အင်အားကြီးမားသလို၊ အခြေခံလည်း ခိုင်မာတယ်။ ဂိုဏ်းကြီးတွေကလွဲရင် ဘယ်သူက သူတို့ကို ရန်စရဲမှာလဲ။ သွမ့်ကျားတို့က စိုးရိမ်လွန်နေကြတာ၊ သူတို့က အမြင်ကျဉ်းလွန်းတယ်။ စုမိသားစုမှာ ဆက်နေဖို့ ရွေးချယ်လိုက်တဲ့ ကျွန်တော်တို့ ဆုံးဖြတ်ချက်က မှန်ပါတယ်။ သွမ့်ကျားတို့ကတော့ နောက်ကျရင် နောင်တရကြမှာပါ”

ချီရှုံ၏ စကားမှာ စုန့်ဝမ်ကို ပြောနေခြင်းထက်၊ စုမိသားစုတွင် ဆက်နေခြင်းမှာ မှန်ကန်သော ရွေးချယ်မှုဖြစ်ကြောင်း သူ့ကိုယ်သူ ယုံကြည်အောင် ပြောဆိုနေခြင်းနှင့် ပိုတူလှသည်။

“ခင်ဗျား ပြောတာ မှန်ပါတယ်” ဟု စုန့်ဝမ်က သဘောတူလိုက်သည်။

All Chapters