← Chapters

ထောင်ချောက်တော့ ဆင်တာပဲ၊ လွဲတော့လည်း မီးစင်ကြည့်ကရုံပေါ့

Vol. 15 Ch. 160

ထောင်ချောက်တော့ ဆင်တာပဲ၊ လွဲတော့လည်း မီးစင်ကြည့်ကရုံပေါ့

Vol. 15 Ch. 160

ချီရှုံနှင့် လမ်းခွဲပြီးနောက် စုမိသားစုသည် တစ်ခုခု လုပ်ဆောင်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း စုန့်ဝမ် ရိပ်မိလာသည်။ သို့သော် ယခုအချိန်အထိ စုမိသားစုက သက်ရှည်ကျင့်စဥ် ကျင့်ကြံသူများကို ဖမ်းဆီးနေသည့် အကြောင်းရင်းကို စုန့်ဝမ် မသိရသေးပေ။ စုမိသားစု ဘာတွေပဲ ကြံစည်နေပါစေ၊ ၎င်းမှာ သူတို့အတွက် အလွန် အရေးကြီးကြောင်း ထင်ရှားလှသည်။ အကယ်၍ သူသာ ကြားဝင် ဖျက်ဆီးနိုင်ပါက စုမိသားစုအတွက် ကြီးမားသော ထိုးနှက်ချက် ဖြစ်ပေလိမ့်မည်။

စုမိသားစုနှင့် ပတ်သက်၍ လက်ရှိ သိထားသော အချက်များအရ၊ တာဝန်ခံ အကြီးအကဲများသာလျှင် ဤလျှို့ဝှက်ချက်ကို သိနိုင်မည် ဖြစ်သည်။ စုမိသားစု၏ အဓိကရာထူးရ အခြေတည် အလယ်အလတ်အဆင့် ကျင့်ကြံသူအချို့ပါ သိနိုင်သော်လည်း၊ ထိုသူများ မည်သူမည်ဝါဖြစ်ကြောင်း စုန့်ဝမ် မသိနိုင်ပေ။

ယခင်က စုမိသားစု၏ တတိယအကြီးအကဲ စုကျင့်ရှူးကို ဝိညာဉ်ရှာဖွေခြင်း ပြုလုပ်ရန် ကြိုးစားခဲ့သော်လည်း ဝိညာဥ်စွမ်းအင် မလုံလောက်သောကြောင့် ကျရှုံးခဲ့ရသည်။ ယခုအခါ သူ့ဝိညာဉ်စွမ်းအင်မှာ အခြေတည် အထွတ်အထိပ်အဆင့် ကျင့်ကြံသူကဲ့သို့ အားကောင်းနေပြီ ဖြစ်သဖြင့် အခြေတည် နောက်ဆုံးအဆင့် ကျင့်ကြံသူအပေါ် ဝိညာဉ်ရှာဖွေခြင်း ပြုလုပ်လျှင် အောင်မြင်နိုင်ခြေ ပိုမို မြင့်မားသည်။

စုမိသားစု အဓိက အကြီးအကဲ ငါးဦးကို နှိုင်းယှဉ်ကြည့်ရာ၊ မြောက်ဘက်စျေးကို စောင့်ကြပ်နေသော ပဉ္စမအကြီးအကဲ စုရှို့ယုံမှာ ပစ်မှတ်ထားရန် အလွယ်ကူဆုံး ဖြစ်သည်။ သို့သော် စုရှို့ယုံမှာ အလွန် သတိကြီးသူ ဖြစ်သည်။ မြောက်ဘက်စျေးမှာ ချင်းဖျင်တောင်နှင့် မိုင် ၅၀ ကျော်သာ ကွာဝေးသော်လည်း စုရှို့ယုံသည် အစီအရင်ဖြင့် ကာကွယ်ထားသော စုမိသားစု ဝိညာဉ်ဆေးပင်အရောင်းဆိုင်တွင်း၌သာ နေထိုင်တတ်သည်။ အတင်းအဓမ္မ ဝင်ရောက်စီးနင်းရန်မှာ အကောင်းဆုံး နည်းလမ်း မဟုတ်ပေ။ မြောက်ဘက်စျေးမှာ ချင်းဖျင်တောင်နှင့် နီးကပ်လွန်းလှသဖြင့် စုမိသားစု၏ စစ်ကူများမှာ အချိန်မရွေး ရောက်ရှိလာနိုင်သည်။

ထို့ကြောင့် စုရှို့ယုံကို အပြင်ဘက်သို့ ဆွဲထုတ်နိုင်မည့် နည်းလမ်းကို ရှာဖွေရမည်။ ထိုသို့ဆိုလျှင် ကိုင်တွယ်ရသည်မှာ ပို၍ လွယ်ကူပေလိမ့်မည်။ စုန့်ဝမ်သည် စုရှို့ယုံနှင့် ပတ်သက်၍ သိထားသော သတင်းအချက်အလက်များကို ပြန်လည် စဉ်းစားလိုက်သည်။ စုရှို့ယုံသည် အသက် ၁၅၃ နှစ် ရှိပြီဖြစ်ကာ၊ တစ်ခါက တာအိုလက်တွဲဖော်တစ်ဦး ရှိခဲ့သော်လည်း သူမမှာ အခြေတည်အဆင့် မတက်နိုင်ခဲ့ဘဲ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကပင် သက်တမ်းကုန်၍ သေဆုံးသွားခဲ့သည်။ သူ့မိဘများ ကွယ်လွန်သွားသည်မှာ ကြာပြီဖြစ်ကာ၊ သားသမီးလည်း မထွန်းကားခဲ့ပေ။

သူသည် အလွန်သတိကြီးကာ၊ ရင်းနှီးသော သွေးချင်းသားချင်း မရှိသလို အချိန်အများစုကို ဆေးဆိုင်အတွင်း၌သာ ကျင့်ကြံရင်း ကုန်ဆုံးစေတတ်သည်။ စုရှို့ယုံတွင် အားနည်းချက် မရှိသကဲ့သို့ ဖြစ်နေသဖြင့် မည်သည့်နေရာမှ စတင်ရမည်ကို စုန့်ဝမ် ဝေခွဲမရ ဖြစ်နေသည်။

“ဒီတစ်ကြိမ်တော့ စွန့်စားမှု တစ်ခုခု လုပ်ရတော့မယ် ထင်တယ်” ဟု စုန့်ဝမ်က သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။

ညနေစောင်း နေဝင်လုဆဲဆဲအချိန်တွင် အသက် ၃၀ ကျော်အရွယ်၊ ချီစုစည်းခြင်း ဒုတိယအဆင့်သာရှိသော လေလွင့်ကျင့်ကြံသူတစ်ဦး စုမိသားစု ဝိညာဉ်ဆေးပင်ဆိုင်အတွင်း လမ်းလျှောက်ဝင်လာသည်။

ထိုလေလွင့်ကျင့်ကြံသူ၏ စုတ်ပြတ်သတ်နေသော အဝတ်အစားများကို မြင်လိုက်ရသောအခါ ဆိုင်အကူ၏ မျက်နှာပေါ်မှ စိတ်အားထက်သန်မှုများမှာ ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။ ဤသူမှာ သိုလှောင်အိတ်ပင် မရှိသော ခပ်မွဲမွဲ လေလွင့်ကျင့်ကြံသူတစ်ဦးသာ ဖြစ်သည်!

"လူကြီးမင်းက ဘာဝယ်ချင်လို့လဲ"ဟု ဆိုင်အကူက ဝတ်ကျေတန်းကျေ မေးလိုက်သည်။

လေလွင့်ကျင့်ကြံသူသည် သူတစ်ပါးကို အလွယ်တကူ မပြနိုင်သော အဖိုးတန်ရတနာတစ်ခုခု ရှိနေသကဲ့သို့ ဘေးဘီကို ခိုးကြောင်ခိုးဝှက် ကြည့်လိုက်သည်။ အနီးအနားတွင် အခြားသူမရှိကြောင်း အတည်ပြုပြီးနောက် ဆိုင်အကူအနားသို့ တိုးကပ်ကာ တိုးတိုးလေး မေးလိုက်သည်။ "မင်းတို့ ဒီမှာ ဝိညာဉ်ဆေးပင်တွေ ဝယ်သလား"

ဆိုင်အကူမှာ ထိုမေးခွန်းကြောင့် ဇဝေဇဝါ ဖြစ်သွားသည်၊ ဝိညာဉ်ဆေးပင်တစ်ပင် ရောင်းရန် ဤမျှအထိ လျှို့ဝှက်နေဖို့ လိုအပ်သလား။ ဆိုင်အကူကလည်း ထိုလူ့လေသံအတိုင်း ခပ်တိုးတိုး ပြန်မေးလိုက်သည်။

"ဝယ်တာပေါ့။ ဘယ်လို ဝိညာဉ်ဆေးပင်မျိုး ရောင်းချင်လို့လဲ”

"အဲဒါ ဘာလဲဆိုတာ အတိအကျတော့ မသိဘူး၊ ဒါပေမဲ့ ဒုတိယအဆင့် ဝိညာဉ်ဆေးပင်ဆိုတာတော့ သေချာတယ်"

ဒုတိယအဆင့် ဝိညာဉ်ဆေးပင်၊ ချီစုစည်းခြင်း ဒုတိယအဆင့် လေလွင့်ကျင့်ကြံသူတစ်ဦးတွင် ဒုတိယအဆင့် ဝိညာဉ်ဆေးပင် မည်သို့ ရှိနိုင်မည်နည်း။ ပထမအဆင့် ရှားပါးဆေးပင်တစ်ပင်ကို တွေ့ရှိပြီး အတွေ့အကြုံ မရှိသဖြင့် ဒုတိယအဆင့်ဟု အထင်မှားနေခြင်း ဖြစ်နိုင်မလား။

ဆိုင်အကူက သူ့ကို မယုံကြည်သည်ကို မြင်သောကြောင့် ဖြစ်နိုင်သည်၊ လေလွင့်ကျင့်ကြံသူသည် ဘေးဘီကို သတိကြီးစွာ ကြည့်ရှုပြီးနောက် သူ့ဝတ်ရုံထဲသို့ လက်နှိုက်ကာ ကျောက်စိမ်းသေတ္တာလေး တစ်လုံးကို ထုတ်ယူလိုက်သည်။ ထို့နောက် သေတ္တာကို အက်ကြောင်းလေးဟရုံသာ ဖွင့်လိုက်ပြီး ဆိုင်အကူ၏ မျက်စိရှေ့သို့ ကပ်ပြလိုက်သည်။

"သေချာကြည့်၊ ဒါ ဒုတိယအဆင့် ဝိညာဉ်ဆေးပင် မဟုတ်ဘူးလား"

ဆိုင်အကူ၏ မျက်လုံးများမှာ ရုတ်တရက် တောက်ပသွားပြီး သူ့မျက်နှာပေါ်တွင် အံ့သြမှုနှင့် ဝမ်းသာမှုတို့ ရောယှက် ပေါ်လာသည်။ ဝိညာဉ်ဆေးပင်၏ ထောင့်စွန်းလေးကိုသာ မြင်ရသော်လည်း၊ ၎င်းမှာ သက်တမ်း ၃၀ ခန့်ရှိသော အဝါရောင်မှိုဖြစ်ကြောင်း သူ အတည်ပြုနိုင်သည်။ စုမိသားစုဝင်တစ်ဦးအနေဖြင့် မကြာသေးမီက အဝါရောင်မှိုများ အခိုးခံရသည့်ကိစ္စကို သူ သိရှိထားသည်။ လွန်ခဲ့သော ရက်အနည်းငယ်က အဝါရောင်မှို ခိုးယူသူ၏ သဲလွန်စကို ရှာရန် မြောက်ဘက်စျေးတစ်ခုလုံးကို ရှာဖွေခဲ့သော်လည်း ဘာမှ ရှာမတွေ့ခဲ့ပေ။

စုမိသားစု ရှာမတွေ့ခဲ့သော သဲလွန်စမှာ ယခုအခါ သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာခြင်း ဖြစ်သည်။ ဆိုင်အကူမှာ ကံကောင်းခြင်း လက်ဆောင်ကြီးတစ်ခုနှင့် တိုးနေသကဲ့သို့ ခံစားလိုက်ရသည်။ သူ့မျက်စိထဲတွင် သူ၏ တွေ့ရှိမှုအတွက် ကြီးမားသော ဆုလာဘ်များ ရရှိနေပုံကို မြင်ယောင်နေမိသည်။ သို့သော် သူသည် စိတ်လှုပ်ရှားမှုကြောင့် ဆင်ခြင်တုံတရား ပျောက်ကွယ်မသွားစေဘဲ၊ စိတ်ခံစားချက်ကို အတင်းအဓမ္မ ထိန်းချုပ်ကာ ဟန်မပျက် မေးလိုက်သည်။

"ဒီဆေးပင်ကို ဘယ်က ရတာလဲ"

လေလွင့်ကျင့်ကြံသူသည် ကျောက်စိမ်းသေတ္တာကို သူ့ဝတ်ရုံထဲ အမြန်ပြန်ထည့်ပြီး ဆိုင်အကူကို သတိကြီးစွာ ကြည့်လိုက်သည်။

"ဝယ်မှာလား၊ မဝယ်ဘူးလားပဲ ပြော"

"ဝယ်မှာပေါ့၊ ဒါပေမဲ့ ဒီဆေးပင်က အဖိုးတန်လွန်းလို့ ကျွန်တော် တစ်ယောက်တည်း စျေးမဖြတ်နိုင်ဘူး။ တာဝန်ခံ ကိုယ်တိုင်လာပြီး ဆွေးနွေးဖို့ လိုလိမ့်မယ်"

လေလွင့်ကျင့်ကြံသူက စိတ်မရှည်သလို ခေါင်းညိတ်ပြပြီး "ကောင်းပြီ၊ မြန်မြန်လုပ်" ဟု ဆိုသည်။

"ခဏလေး စောင့်ပါ၊ ကျွန်တော် တာဝန်ခံကို သွားအကြောင်းကြားလိုက်ပါ့မယ်"

ဤသို့ ပြောပြီးနောက် ဆိုင်အကူမှာ လေလွင့်ကျင့်ကြံသူ ထွက်သွားမည်ကို စိုးရိမ်သဖြင့် အနောက်ဘက်သို့ အမြန် ပြေးဝင်သွားသည်။ ထို့ပြင် ဆိုင်ရှိ အခြား ဆိုင်အကူ နှစ်ဦးကိုလည်း ထိုသူကို မျက်ခြေမပြတ် ကြည့်ထားရန် မျက်ရိပ်ပြခဲ့သည်။

ခဏအကြာတွင် စုမိသားစုမှ အခြေတည် အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦး အနောက်ဘက်မှ ထွက်လာသည်။ ဆိုင်အကူမှာလည်း သူ၏အနောက်မှ လိုက်လာသည်။

စုမိသားစုဝင် ကျင့်ကြံသူ၏ ဝိညာဉ်အာရုံသည် လေလွင့်ကျင့်ကြံသူအပေါ် လျင်မြန်စွာ ကျရောက်သွားပြီး မျက်​မှောင်ကြုတ်လိုက်မိသည်။ ချီစုစည်းခြင်း ဒုတိယအဆင့်မျှသာရှိသော လေလွင့်ကျင့်ကြံသူတစ်ဦးမှာ အဝါရောင်မှို ခိုးယူမှုတွင် မည်သို့ ပါဝင်နိုင်မည်နည်း။ ဤမျှ ကျင့်စဉ်နိမ့်ကျသောသူမှာ အမြောက်စာ လုပ်ရန်ပင် အရည်အချင်း မပြည့်မီပေ။

သံသယများရှိနေသော်လည်း စုမိသားစုဝင် ကျင့်ကြံသူသည် လေလွင့်ကျင့်ကြံသူအနားသို့ အမြန် ချဉ်းကပ်သွားသည်။

"မင်းမှာ ရောင်းဖို့ အဝါရောင်မှို ရှိတယ်ဆိုတာ ဟုတ်လား"

လေလွင့်ကျင့်ကြံသူမှာ ဇဝေဇဝါ ဖြစ်နေပုံရသည်။

"အဝါရောင်မှို .. အဲဒါ ဘာကြီးလဲ”

စုမိသားစုဝင် ကျင့်ကြံသူလည်း အံ့သြသွားသည်။ ထို့နောက်မှ ဤလေလွင့်ကျင့်ကြံသူသည် အဝါရောင်မှိုကို အမည်မသိဘဲ၊ ဒုတိယအဆင့် ဝိညာဉ်ဆေးပင် ဖြစ်ကြောင်းသာ သိထားသည်ကို သူ သတိပြုမိလိုက်သည်။

"မင်း ရောင်းချင်နေတဲ့ ဝိညာဉ်ဆေးပင်ကို ပြောတာ"

လေလွင့်ကျင့်ကြံသူသည် ချက်ချင်း နားလည်သွားကာ ကျောက်စိမ်းသေတ္တာကို သူ၏ အိတ်ထဲမှ ပြန်ထုတ်လိုက်သည်။

"ဪ၊ ဒါကို ပြောတာလား"

ဘာမှ မပြောတော့ဘဲ သန်မာသော ကျင့်ကြံသူသည် ကျောက်စိမ်းသေတ္တာကို ဆွဲယူကာ ဖွင့်ကြည့်လိုက်ရာ၊ သက်တမ်း နှစ်တစ်ရာကျော်ရှိသော အဝါရောင်မှိုတစ်ပင်ကို တွေ့လိုက်ရသည်။ ဤအဝါရောင်မှိုမှာ သာမန်မှိုများနှင့် အနည်းငယ် ကွဲပြားသည်၊ ၎င်းတွင် လူသား၏ သက်စောင့်စွမ်းအား အရိပ်အယောင် ပါဝင်နေသည်၊ ၎င်းမှာ စူးမိသားစု၏ အထူးထုတ်လုပ်ထားသာ အဝါရောင်မှိုများ၏ ထူးခြားချက် ဖြစ်သည်။

"ဘာလို့ ငါ့ပစ္စည်းကို လုယူတာလဲ"

လေလွင့်ကျင့်ကြံသူမှာ မကျေမနပ်ဖြစ်သွားပြီး ကျောက်စိမ်းသေတ္တာကို ပြန်ယူရန် လက်လှမ်းလိုက်သည်။

စုမိသားစုဝင် ကျင့်ကြံသူ၏ မျက်လုံးများမှာ အေးစက်သွားပြီး၊ သတ်ဖြတ်လိုစိတ်များမှာ ပေါက်ကွဲထွက်လာသည်။ လေလွင့်ကျင့်ကြံသူမှာ ထိုနေရာတွင်တင် တောင့်ခဲသွားပြီး၊ သွေးဆာနေသော သားရဲတစ်ကောင်၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

"ခင်ဗျား ဘာလုပ်ချင်တာလဲ၊ ကျွန်တော့်ဝိညာဉ်ဆေးပင်ကို မလိုချင်တော့ဘူး၊ ယူသွားပါ၊ ကျွန်တော့်ကို သွားခွင့်ပေးပါ"

"ပြောစမ်း၊ ဒါကို ဘယ်က ရတာလဲ" လေလွင့်ကျင့်ကြံသူ၏ တောင်းပန်တိုးလျှိုးမှုကို ဂရုမစိုက်ဘဲ စုမိသားစု ကျင့်ကြံသူက အေးစက်စွာ အမိန့်ပေးလိုက်သည်။

"ကျွန်တော်... ကျွန်တော် တွေ့တာပါ" လေလွင့်ကျင့်ကြံသူမှာ အလွန်အမင်း ထိတ်လန့်နေပုံရကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ဖြေလိုက်သည်။

"ဘယ်မှာ တွေ့တာလဲ”

"စျေးရဲ့ အနောက်ဘက်ခြမ်းမှာ..."

လေလွင့်ကျင့်ကြံသူသည် တစ်ခုခုကို ရုတ်တရက် သတိပြုမိသွားပုံရကာ စကားကို ရပ်လိုက်သည်၊ အံတင်းတင်းကြိတ်ကာ သတ္တိကို စုစည်းပြီး ပြောချလိုက်သည်။

"ကျွန်တော် မပြောဘူး၊ ပြောရင် ခင်ဗျား ကျွန်တော့်ကို သတ်လိမ့်မယ်"

အဆင့်နိမ့် လေလွင့်ကျင့်ကြံသူတစ်ဦးက အံတုသည်ကို မြင်သောအခါ၊ စုမိသားစု ကျင့်ကြံသူသည် သူ့အရှိန်အဝါ အပြည့်အဝကို ထုတ်လွှတ်လိုက်သည်။ ချက်ချင်းပင် စွမ်းအားလှိုင်းတစ်ခု ပေါ်လာကာ လေလွင့်ကျင့်ကြံသူထံသို့ တောင်ပြိုသကဲ့သို့ ကျရောက်သွားသည်။

လေလွင့်ကျင့်ကြံသူမှာ ကြိုးပြတ်သွားသော စွန်တစ်ကောင်ကဲ့သို့ လွင့်ထွက်သွားပြီး နောက်ရှိနံရံကို သွားဆောင့်ကာ ရပ်တန့်သွားသည်။ သို့သော် နံရံပေါ်မှ ပြုတ်မကျဘဲ၊ ကြီးမားသော စွမ်းအားတစ်ခုဖြင့် နံရံတွင် ကပ်ထားခြင်း ခံလိုက်ရသည်။ လေလွင့်ကျင့်ကြံသူ၏ ပါးစပ်မှ သွေးများ အန်ထွက်လာသည်။

ယခင်က ကြောက်လန့်နေသော လေလွင့်ကျင့်ကြံသူမှာ ယခုအချိန်တွင်မူ ခက်ထန် ကြမ်းတမ်းသွားသည်။

"ငါ့ကို သတ်လိုက်၊ ဒါဆိုရင် ဒီဆေးပင်တွေ ရှိတဲ့နေရာကို ဘယ်တော့မှ ရှာတွေ့မှာ မဟုတ်ဘူး၊ အဲဒီမှာ ဆေးပင်ပေါင်း တစ်ထောင်ကျော် ရှိတာ"

"ဟမ့် .. မင်းက သေချင်နေတာပဲ"

စုမိသားစု ကျင့်ကြံသူက လေလွင့်ကျင့်ကြံသူကို အချိန်မရွေး သတ်ပစ်ရန် ပြင်ဆင်ထားပုံရသည်။

လေလွင့်ကျင့်ကြံသူမှာ ရုတ်တရက် အေးစက်လှသော ချောက်ကမ်းပါးထဲသို့ ကျသွားသကဲ့သို့ ခံစားလိုက်ရပြီး၊ သူ သေရတော့မည်ဟု ထင်နေချိန်တွင် …

အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

"ရပ်လိုက်စမ်း"

မည်သည့်အချိန်က ရောက်လာသည်မသိ၊ အသက် ၄၀ ကျော်အရွယ်၊ အခြေတည် နှောင်းပိုင်းအဆင့်ရှိ အမျိုးသားကျင့်ကြံသူတစ်ဦး ဆိုင်ထဲတွင် ပေါ်လာသည်။

ရောက်လာသူမှာ အခြားသူမဟုတ်၊ စုမိသားစု၏ ပဥ္စမအကြီးအကဲ စုရှို့ယုံပင် ဖြစ်သည်။ စုရှို့ယုံက သူ့လက်ကို မြှောက်၍ ဝှေ့ယမ်းလိုက်ရာ၊ ဝိညာဉ်စွမ်းအင် လှိုင်းတစ်ခုသည် လေလွင့်ကျင့်ကြံသူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားပြီး ကမောက်ကမဖြစ်နေသော စွမ်းအင်များကို တည်ငြိမ်သွားအောင် ကူညီပေးလိုက်သည်။

လေလွင့်ကျင့်ကြံသူမှာ မြေပြင်ပေါ်သို့ ဖြည်းဖြည်းချင်း ကျဆင်းလာကာ၊ သူ့မျက်နှာအမူအရာမှာ သိသိသာသာ ပြန်လည်ကောင်းမွန်လာသည်။

စူးရှို့ယုံက ပြောလိုက်သည် "မိတ်ဆွေ၊ ငါ့လူက မဆင်မခြင် လုပ်မိသွားတယ်၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"

လေလွင့်ကျင့်ကြံသူမှာ ဘာပြောရမှန်း မသိသကဲ့သို့ မျက်လုံးအဝိုင်းသား ဖြစ်နေသည်။

စုရှို့ယုံက ရင်းနှီးဖော်ရွေသော လေသံဖြင့် ဆက်ပြောသည်။

"ငါက စုမိသားစုရဲ့ ပဉ္စမအကြီးအကဲ စုရှို့ယုံပဲ၊ မြောက်ပိုင်းစျေးရဲ့ ကိစ္စအားလုံးကို ငါ တာဝန်ယူထားတယ်။ စုမိသားစုနာမည်နဲ့ ငါ အာမခံတယ်၊ ဒီလိုမျိုး ကိစ္စ နောက်တစ်ခါ ထပ်မဖြစ်စေရဘူး။ အဝါရောင်မှိုတွေ ဘယ်မှာ ရှိသလဲဆိုတာကိုသာ ငါ့ကို ပြောပြပါ၊ မင်းကို ဝိညာဉ်ကျောက်တုံး ငါးထောင် ပေးမယ်"

၎င်းကို ကြားလိုက်ရသောအခါ လေလွင့်ကျင့်ကြံသူ၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပသွားပြီး၊ သိသိသာသာပင် စိတ်ယိုင်သွားပုံရသည်။

"ခင်ဗျား တကယ်ပြောလား?"

"မှန်တာပေါ့၊ စုမိသားစုရဲ့ ဂုဏ်သိက္ခာက ဝိညာဉ်ကျောက်တုံး ငါးထောင်လောက်တောင် တန်ဖိုး မရှိဘူးလား"

လေလွင့်ကျင့်ကြံသူ၏ မျက်လုံးများမှာ လှုပ်ရှားသွားပြီး၊ ခဏအကြာတွင် သူသည် မတ်တတ်ရပ်လိုက်သည်။

"မဟုတ်ဘူး၊ ဝိညာဉ်ကျောက်တုံး ငါးထောင်က နည်းလွန်းတယ်၊ အဲဒီမှာ ခုနကလို ဝိညာဉ်ဆေးပင် တစ်ထောင်ကျော် ရှိတာ"

"ရှစ်ထောင်...”

"မရဘူး၊ တစ်သောင်း... ခင်ဗျား ကျွန်တော့်ကို ဝိညာဉ်ကျောက်တုံး တစ်သောင်းပေးရင်၊ မှိုတွေ ရှိတဲ့နေရာကို ခေါ်သွားပေးမယ်"

စုရှို့ယုံက ပြုံးလိုက်ပြီး "ကောင်းပြီ" ဟု ဆိုသည်။

၎င်းကို ကြားသောအခါ လေလွင့်ကျင့်ကြံသူမှာ ဝမ်းသာသွားပြီး စည်းကမ်းချက်များကို ဆက်လက် တောင်းဆိုသည်။

"ကျွန်တော့်ကို ဝိညာဉ်ကျောက်တုံးတွေ အရင် ပေးရမယ်"

"ရတာပေါ့"

စူးရှို့ယုံသည် ဘေးနားရှိ ဆိုင်အကူကို လှည့်ကြည့်လိုက်သည်။ "ဝိညာဉ်ကျောက်တုံး တစ်သောင်းပါတဲ့ အိတ်တစ်အိတ် သွားယူခဲ့"

ခဏအကြာတွင် ဆိုင်အကူသည် သိုလှောင်အိတ်တစ်အိတ်နှင့်အတူ လမ်းလျှောက်လာသည်။

စုရှို့ယုံက ဆိုင်အကူကို သိုလှောင်အိတ်အား လေလွင့်ကျင့်ကြံသူထံ ပေးရန် မျက်ရိပ်ပြလိုက်သည်။

လေလွင့်ကျင့်ကြံသူသည် သိုလှောင်အိတ်ကို ယူကာ ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးနောက် ချက်ချင်းပင် ပြုံးပြုံးရွှင်ရွှင် ဖြစ်သွားသည်။ သိုလှောင်အိတ်ကို သူ၏ အဝတ်ထဲသို့ ထည့်ကာ အပြင်မှ မမြင်နိုင်အောင် သေချာ ပြင်ဆင်ပြီးနောက်၊ သူသည် ခေါင်းမော့ကာ စုစူးရှို့ယုံကို ပြောလိုက်သည်။

"သွားကြရအောင်၊ စီနီယာကို အဝါရောင်မှိုတွေ ရှိတဲ့နေရာ ကျွန်တော် ခေါ်သွားပေးမယ်"

စူးရှို့ယုံသည် လေလွင့်ကျင့်ကြံသူကို ပြန်မဖြေဘဲ၊ ဘေးနားရှိ သူ့လူကို လှည့်ကြည့်လိုက်သည်။

"စုယို ... သူနဲ့အတူ လိုက်သွားလိုက်"

စူးယိုးဟုခေါ်သော ကျင့်ကြံသူမှာ အပြင်သို့ ထွက်ရန် ပြင်ဆင်လိုက်စဉ် လေလွင့်ကျင့်ကြံသူက အော်ဟစ်လိုက်သည်။

"မဟုတ်ဘူး၊ သူ မလိုက်ရဘူး"

ထို့နောက် လေလွင့်ကျင့်ကြံသူသည် စုရှို့ယုံကို လက်ညိုးထိုးကာ ပြောလိုက်သည်။

"ခင်ဗျား ကျွန်တော်နဲ့ လိုက်ခဲ့။ သူ ကျွန်တော့်ကို ကလဲ့စားချေမှာ ကြောက်တယ်"

စုရှို့ယုံသည် လေလွင့်ကျင့်ကြံသူကို အသေအချာ စိုက်ကြည့်နေသည်၊ သူ ဘာမှမပြောသော်လည်း ကြီးမားသော ဝိညာဥ်စွမ်းအင်တစ်ခု စုဝေးလာသည်။

All Chapters